04/01/2026
ပုံမှန်မတင်ဖြစ်ပေမယ့် YTK ပုံမှန်ကန်ဖြစ်ပါတယ်ခင်ဗျာ...
ဒီတစ်ပတ်ရဲ့ စူပါစနေနေ့မှာတော့ YTK FC အသင်းဟာ မန္တလေးမြို့ရဲ့ လူငယ်ကစားသမားအများအပြားနဲ့ ဖွဲ့စည်းထားပြီး ခြေစွမ်းကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်တဲ့ Unity Union FC အသင်းနဲ့ ခြေစမ်းပွဲလေး ကစားဖြစ်ခဲ့ပြီး YTK FC ( 3 - 2 ) Unity Union FC ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်...
အသင်းအတွက် ဂိုးတွေကိုတော့ အလွတ် က တစ်ယောက်တည်း သုံးဂိုးစလုံးကို သွင်းယူပေးခဲ့ပါတယ်....
ပွဲကစားချိန်အတွင်း ထိမိခိုက်မိတာများရှိခဲ့လျှင်လည်း ကျွန်တော်များ YTK FC အသင်းဘက်မှ တစ်ဖက်အသင်း UNITY UNION FC အသင်းအား အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ..... ။
01/11/2025
ဒီအပတ်ရဲ့ စူပါစနေနေ့မှာတော့
YTK FC တို့ဟာ အာမချောင်နိုင်တော့ပဲ
အောင်မြင်စွာ ရှုံးနိမ့်ခဲ့ပါတယ်.... :3
အသင်းကစားသမား အယောက် ၂၀ ကျော်ရှိပေမယ့်
တစ်ပွဲတစ်ပွဲကို လာတဲ့ ကစားသမား ၄ / ၅ / ၆ ယောက်လောက်နဲ့ အရပ်ကူပါ လူဝိုင်းပါ လူစုံဖြည့်ကန်နေရတဲ့ အခြေအနေနဲ့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး... ဒိုင်ကူလိုနာလို ဒိုင်က မကူတော့လည်း ပင်နယ်တီလည်း မရခဲ့သလို ရခဲ့တဲ့ သုံးဂိုးစလုံးဟာလည်း ရည်ရွယ်ချက်မရှိပဲ ရခဲ့တဲ့ အဆင့်အတန်းမြင့်တဲ့ သုံးဂိုးဖြစ်ခဲ့ပါတယ်.... :3
ခေါင်းကြီးတို့ ဘာတွေမျှော်လင့်... :3
ဟုတ်ကဲ့ ယနေ့ နောက်ဆုံးရ သတင်းအချက်အလက်နဲ့ ဝိုင်တီကေ အားကစား ကဏ္ဍပဲ ဖြစ်ပါတယ်.... ။
ပွဲကစားချိန်အတွင်း ထိမိခိုက်မိတာများရှိခဲ့လျှင်လည်း
တစ်ဖက်အသင်း GYM VIBEZ FC ကစားသမားများအား ကျနော်များ YTK အသင်းသားများမှ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ.... ။
26/10/2025
ဒီတစ်ပတ် စူပါစနေနေ့မှာတော့
YTK FC တို့ဟာ အသင်းကောင်းတစ်သင်းဖြစ်တဲ့
Victory FC အသင်းနဲ့ ခြေစွမ်းပွဲကစားခဲ့ပြီး
3 ဂိုး 2 ဂိုးဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်....
YTK FC အသင်းအတွက် အဖွင့်ဂိုးကို
ကွင်းလယ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို
ကျောနံပါတ် ၂၀ ဝါရင့်တိုက်စစ်ကစားသမား
တင်နိုင်စိုး မှ တစ်ဖက်နောက်တန်း Marking ကပ်ထားတဲ့ကြားက လှလှပပဆွဲထွက်ကျော်ဖြတ်ပြပြီး
ကျောနံပါတ် ၉ တိုက်စစ်ကစားသမား ရန်နောင်စိုးရဲ့
ပြေးလမ်းကြောင်းထဲကို ကွက်တိချပေးခဲ့တဲ့ ဘောလုံးကို တစ်ဖက်နောက်တန်း ကစားသမား လျှောထိုးဖြတ်ထုတ်မှုကို ထပ်မံကျော်ဖြတ်ကာ ဂိုးသမားရဲ့ ဘယ်ဘက်ထာင့်ထဲကို ညာခြေဖြင့် အသာဖဲ့သွင်းကာ အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်....
YTK FC အတွက် ဒုတိယဂိုးကိုလည်း
ပွဲစပွဲဆုံး တောက်လျှောက်ခြေစွမ်းပြနေတဲ့
တင်နိုင်စိုး မှပဲ ကွင်းလယ်က ကန်တင်ပေးပို့မှုကို
တစ်ဖက်နောက်တန်းတွေကြားထဲကနေ ထပ်မံကျော်ဖြတ်ပြကာ လှလှပပ သွင်းယူပေးခဲပါတယ်...
YTK FC အတွက် တတိယဂိုးကတော့ တစ်သင်းလုံးရဲ့
Team work ကောင်းမှုကို အသိအမှတ်ပြုရမှာဖြစ်ပြီး
အထူးသဖြင့် တိုက်စစ်မှာ တွဲဖက်ညီညီ ခြေစွမ်းပြနေကြတဲ့ ကျောနံပါတ် ၂၀ တင်နိုင်စိုး နဲ့ ကျောနံပါတ် ၉ ရန်နောင်စိုးရဲ့ 1-2 တွဲလုံးကနေ ရယူခဲ့ပြီး ရန်နောင်စိုးရဲ့ pass ကို တင်နိုင်စိုး မှ နောက်ပေါက်နဲ့ one touch လှလှပပ ရန်နောင်စိုးရဲ့ ပြေးလမ်းကြောင်းထဲကို ကွက်တိပြန်ပေးမှုကနေ ရန်နောင်စိုးမှ အပိုင်ပိတ်သွင်းရယူနိုင်ခဲ့ပါတယ်....
ပွဲကစားချိန်အတွင်း ထိမိခိုက်မိတာများရှိခဲ့လျှင်လည်း
တစ်ဖက်အသင်း Victory FC အသင်းကစားသမားများအား ကျွန်တော်များ YTK FC အသင်းမှ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ....
04/10/2025
MATCHDAY
SUPER SUNDAY
🛑 Warning 🛑
မနက်ဖြန် ပွဲရှိသည်... ⚽⚽⚽
29/09/2025
ဒီတစ်ပတ်ရဲ့ စူပါဆန်းဒေးမှာတော့
2BROTHERS FC အသင်းနဲ့
ခြေစွမ်းပွဲ ကန်ဖြစ်ခဲ့ပြီး
4 - 2 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်...
တိုက်စစ်မှူးစစ်စစ်ဆိုတာ
ဘယ်လိုမျိုးလဲ ပြသခဲ့တဲ့ ပွဲစဥ်တစ်ပွဲဖြစ်ခဲ့ပြီး
YTK FC ရဲ့ ကျောနံပါတ် 9 တိုက်စစ်မှူး
ရန်နောင်စိုးက Hat-trick သွင်းယူပေးခဲ့ပြီး
ဧည့်သည်ကစားသမားလေး ဖိုးချစ်က
တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်....
YTK FC ဟာ အခုနောက်ပိုင်းပွဲစဥ်တွေမှာ
အသင်းသား မစုံလင်တဲ့အခြေအနေ
အသင်းသားများ လာရာက်ပူးပေါင်းခြင်းမရှိတဲ့
အခြေအနေတွေကို အပတ်တိုင်းရင်ဆိုင်နေရပြီး
ပွဲစဥ်တိုင်းမှာ ရလာဒ်ကောင်းဖို့
ဆက်တိုက်ရုန်းကန်နေရဆဲဖြစ်ပါတယ်...
ယနေ့ပွဲစဥ်အနိုင်ရရှိမှုဟာလည်း
အသင်းသားစစ်စစ် ကစားသမား
၆ယောက် ၇ယောက်လောက်နဲ့
ဧည့်သည်ကစားသမားလေးတွေရဲ့ အတူတကွ
ကြိုးစားမှုကြောင့်သာ အနိုင်ရလာဒ်ကို
ရရှိခဲ့ပေမယ့် လွယ်ကူတဲ့ ပွဲစဥ်တော့ မဟုတ်ခဲ့ပါဘူး
တစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ပွဲချိန်ပြည့်
ကာကွယ်မှုများ ပြုလုပ်ခဲ့ရပြီး
ရရှိလာတဲ့အခွင့်အရေးတွေကို
အကောင်းဆုံးအသုံးချနိုင်ခဲ့လိုသာ
ပေးဂိုးများ ခွင့်မပြုခဲ့ရပဲ
အနိုင်ရလာဒ်ကို ထိန်းထားနိုင်ခဲ့ခြင်းဖြစ်ပါတယ်....
ပွဲကစားချိန်အတွင်း ထိမိခိုက်မိတာများရှိခဲ့လျှင်လည်း
ကျနော်များ YTK FC အသင်းမှ
2BROTHERS FC အသင်းကစားသမားများအား
အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ..... ။
19/08/2025
အရင်လို စူပါဆန်းဒေးမဟုတ်ခဲ့တဲ့
YTK FC ရဲ့ ကြေကွဲတနင်္ဂနွေပါပဲ...
ဒီအပတ်ရဲ့ တနင်္ဂနွေမှာတော့
YTK FC တို့ဟာ အကောင်းဆုံးပုံစံရဖို့အတွက်
အကောင်းဆုံးရုန်းကန်ခဲ့ကြပြီး
လစ်လပ်သွားတဲ့နေရာအတွက်လည်း
အကောင်းဆုံးပေးဆပ်ကစားခဲ့ကြပါတယ်
တစ်ဖက်အသင်းကစားပုံဟာလည်း
မြန်ဆန်ကောင်းမွန်လွန်းတဲ့အတွက်
YTK တို့အနေနဲ့ ဦးဆောင်ဂိုးတွေကို
ဆက်တိုက်ပေးခဲ့ရပြီး
YTK တို့ ထုံးစံအတိုင်း
ပွဲပြီးချိန်အထိ တစ်သင်းလုံး
တိုက်ပွဲဝင်ခဲ့ကြလို့သာ
သရေရလာဒ်ကို ပြန်လည် ရရှိခဲ့ပါတယ်...
အသင်းအတွက် ဂိုးတွေကိုတော့
ဖိနပ် fitting ကျသွားကတည်းက
တောက်လျှောက်ခြေစွမ်းပြနေတဲ့
ကျောနံပါတ် ၉ တိုက်စစ်မှူး
ရန်နောင်စိုးက စူပါ ဟက်ထရစ်သွင်းယူခဲ့ပြီး
အသင်းရဲ့ ကျောနံပါတ် ၁၇
ကွင်းလယ်ကစားသမား
တုံးတိုက်တိုက် ကျားကိုက်ကိုက် ထက်မြတ်က
တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်....
ပွဲကစားချိန်အတွင်း ထိမိခိုက်မိတာများရှိခဲ့လျှင်လည်း
ကျနော်များ YTK FC အသင်းမှ တစ်ဖက်အသင်းအား
အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ....။
.............................................................
Rest in peace Thura Ko
We'll always miss you!
15/08/2025
ငါတို့ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်
ငါတို့ အသင်းရဲ့ ကွင်းလယ်အင်ဂျင်
ငါတို့ အသင်းကို ရောက်လာခဲ့တဲ့ တစ်နှစ်ကျော်အတွင်း
အသင်းကို အကောင်းဆုံးပေးဆပ်ခဲ့တဲ့ မင်း
အခုတော့ ငါတို့အသင်းရဲ့ အဝေးကို
အပြီးထွက်ခွာသွားပြီတဲ့လားကွာ
ဒီနေ့ မင်းရဲ့ ခရီးကို ငါတို့တွေ နောက်ဆုံးအဖြစ်
အတူလိုက်ပို့ခဲ့ကြ
မင်း စိတ်မကောင်းဖြစ်မှာစိုးတဲ့စိတ်
နောက်ဆံတင်းတဲ့စိတ်တွေဖြစ်မှာစိုးတဲ့စိတ်တွေနဲ့
ငါတို့တွေ မငိုခဲ့ကြဘူး
ဒါပေမယ့် ငါတို့မှာ
ပြောစရာစကားလုံးတွေတော့ ပျောက်ဆုံးနေခဲ့တယ်
ငါတို့ ကိုယ်တိုင်
မင်း လွတ်လပ်စွာ ကောင်းရာမွန်ရာကို
သွားလာနိုင်ဖို့အတွက်
ငါတို့လက်နဲ့ အမိန့်ပြန်တမ်းထုတ်ခဲ့ရ
ငါတို့နှုတ်ကနေ မင်းကို အသင်းကနေ
အပြီးအပိုင် ထုတ်ပယ်ကြောင်း
ရွတ်ဖတ်ခဲ့ရ
ဒါပေမယ့် ငါတို့ရင်ထဲမှာတော့
မင်း သူရကို ခေါ် မွှေးပြာ
ကျောနံပါတ် ၈/၇၇ ကို ဝတ်ဆင်ထားတဲ့
ကွင်းလယ်အင်ဂျင်အဖြစ်
ငါတို့နဲ့အတူ
ဒီမြက်ခင်းစိမ်းတွေပေါ်မှာ
အမြဲတမ်းရှင်သန်နေမှာ.....။
ကောင်းရာမွန်ရာကို
ဖြောင့်ဖြောင့်သွားနိုင်ပါစေ ညီလေးရေ.......
29/07/2025
ဒီတစ်ပတ်ရဲ့ စူပါဆန်းဒေးမှာတော့
မန္တလေးမြို့ရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့
Soccer Mate FC အသင်းနဲ့
ချစ်ကြည်ရေးခြေစမ်းပွဲလေးကစားခဲ့ပြီး
3-2 ဂိုးရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်....
ပွဲကစားချိန်အတွင်း ထိမိခိုက်မိတာများရှိခဲ့လျှင်လည်း
ကျနော်များ YTK FC အသင်းမှ
တစ်ဖက်အသင်းကစားသမားများအား
အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ..... ။
22/07/2025
That's how we're come back!
ကြားထဲ ပွဲလေးတွေ အက်ဒမင်မအားလို့ မတင်ဖြစ်သွားလို့ပါ...
ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ကန်ခဲ့တဲ့
ပွဲရလာဒ်လေးပါ...
လာရောက်ကန်ပေးတဲ့ DOME FC အသင်းအား
အထူးကျေးဇူးပါခင်ဗျာ...
ထိမိခိုက်မိတာများ ရှိခဲ့လျှင်လည်း
ကျနော်များ YTK FC အသင်းမှ
အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ.... ။
22/04/2025
ငလျင်ဒဏ်သင့် ပြည်သူများအတွက်
ပြည်သူမှ ပြည်သူသို့
ကူညီထောက်ပံ့ရန်အတွက်
တတိယအကြိမ်အဖြစ် ( 11/4/2025 )
YTK Family နှင့် အများကောင်းမှု စုပေါင်း၍
စိတ္တရရွာ (ပလိပ်) သို့
သွားရောက် ကူညီလှူဒါန်းခဲ့ကြပါသည်..... ။
07/04/2025
ငလျင်ဒဏ်သင့် ပြည်သူများအတွက်
ပြည်သူမှ ပြည်သူသို့
ကူညီထောက်ပံ့ရန်အတွက်
ဒုတိယအကြိမ်အဖြစ် ( 5/4/2025 )
YTK Family နှင့် အများကောင်းမှု စုပေါင်း၍
မင်းကွန်းတောင်ရိုးဘက် သို့
သွားရောက် ကူညီလှူဒါန်းခဲ့ကြပါသည်..... ။