22/07/2024
ဆေးဝါးတက္ကသိုလ်၊ မန္တလေး၊ ကျောင်းသားများသမဂ္ဂ (UOPMSU) အား ၂၀၂၀ ခုနစ်တွင် ဖွဲ့စည်းခဲ့ပြီး ၎င်းနှစ်ထဲတွင် IPSF ၏ Member in Association အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။
University of Pharmacy, Mandalay, Students’ Union (UOPMSU) was established in 2020 and became a member (Member in Association) of IPSF in 2020.
၂၀၂၁ခုနစ်တွင် Contact Person အဖြစ် တာဝန်ယူထားသော ဒုဥက္ကဌနှင့် အဖွဲ့ဝင် တစ်ဦးမှ Online ဖြင့် ကျင်းပသည့် ၂၃ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသတွင်းဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့သည်။
In 2021, CP and one of the members of UOPMSU attended the 23rd online Regional Assembly.
၂၀၂၂ ခုနစ်တွင် ကျင်းပသော ၂၄ကြိမ်မြောက် နှင့် ၂၀၂၃ခုနစ်တွင် ကျင်းပသော ၂၅ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသတွင်းဆိုင်ရာ ညီလာခံအား UOPMSU မှ တက်ရောက်ခဲ့ခြင်း မရှိပါ။
UOPMSU didn’t attend the 24th (2022) and 25th Regional Assembly (2023).
၂၀၂၄ခုနစ်တွင် Contact Person မှ The Pharmaceutical Students’ Association, Thailand မှ ချင်းမိုင်မြို့တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပသော Leader In Training, ၂၆ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသတွင်းဆိုင်ရာ ညီလာခံ နှင့် ၂၃ကြိမ်မြောက် အာရှ-ပစိဖိတ် ဆေးဝါးဖက်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကို တက်ရောက်ခဲ့သည်။
In 2024, CP attended Leader in Training, 26th regional assembly and 23rd Asia Pacific Pharmaceutical Symposium which were hosted by The Pharmaceutical Students’ Association, Thailand in Chiang Mai , Thailand.
အာရှ-ပစိဖိတ် ဒေသတွင်းဆိုင်ရာ ညီလာခံတွင် Contact Person မှ နှစ်ပတ်လည် အစီရင်ခံစာ အား အောင်မြင်စွာ တင်သွင်းနိုင်ခဲ့သည်။
CP of UOPMSU successfully submitted the Annual Report at the Regional Assembly.
ညီလာခံတွင် Contact Person မှ လက်ရှိ မြန်မာနိုင်ငံမှ ကျောင်းသားများ ကြုံတွေ့နေရသော အခက်အခဲများကိုပါ တင်ပြခဲ့သည်။
At the Regional Assembly, the Contact Person also reported on the difficulties currently faced by Myanmar students.
15/05/2024
FYI
▪️▪️မေ့ဆေး အထူးကု ဆရာဝန် ( anesthesiologist) ၊ ဆေးဝါးပညာရှင် ( Pharmacist ) များနှင့် သူနာပြုဆရာ/ဆရာမ (Nurse) များအားဖိတ်ခေါ်ခြင်း ▪️▪️
လွတ်မြောက်ဒေသတခုရှိ ဆေးရုံသစ်တွင် မေ့ဆေး အထူးကု ဆရာဝန်၊ ဆေးဝါးပညာရှင် များ နှင့် သူနာပြု ဆရာဆရာမများ အရေးပေါ်လိုအပ်လျှက်ရှိနေပါသည်။
တာဝန်ထမ်းဆောင်လိုသော ပညာရှင် ဆရာဆရာများအနေဖြင့် အသေးစိတ်သိရှိလိုပါက page message box သို့ ဆက်သွယ်နိုင်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
☑️ နေရာထိုင်ခင်း နှင့် အစားအသောက်
☑️ လစဉ်ဂုဏ်ပြုချီးမြှင့်ငွေများ
တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
09/10/2022
Hi တို့ရေ
အခုလို သီတင်းကျွတ် မုန့်ဖိုးတွေ ရတဲ့အချိန်ကာလမှာ
ကနေ လုပ်တဲ့
ပေါက်လည်းယူ မပေါက်လည်းလှူ လို့ရတဲ့
“ခြေနဲ့လှေလှော် AK နဲ့ဆော် ကမ်ပိန်း”
ဆိုတဲ့ ကမ်ပိန်းမှာ ပါဝင်ကံစမ်း ကူညီ အားဖြည့် ပေးနိုင်ကြောင်း သတင်းကောင်း ပါးပါရစေနော်
😉😉😉
Good luck 👍🍀
"ခြေနဲ့လှေလှော် AK နဲ့ဆော် ကမ်ပိန်း"
< AKသုံးလက်ကူ iphone 14 ယူ >
ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂနှင့် Fundraising Cranes for U (FCU) တို့ ပူးပေါင်းပြီး "ခြေနဲ့လှေလှော် AK နဲ့ဆော်" ကမ်ပိန်းဆောင်ရွက်ရာ ယနေ့မှာ ကမ်ပိန်း (၆)ရက်မြောက်နေ့ဖြစ်ပါတယ်။ ဤကမ်ပိန်းမှ ရရှိမည့် မဲလက်မှတ်ရောင်းရငွေများကို ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 1009 တပ်ရင်း (ယခင် IPDF) အား လက်နက်အင်အားဖြည့်တင်းနိုင်ရန် ပေးပို့ထောက်ပံ့သွားမှာဖြစ်ပါတယ်။
AK မောင်းပြန်သုံးလက်ဝယ်ယူနိုင်ရန် သိန်း(၃၀၀)ကျပ်တိတိ မျှော်မှန်းထားရာ ကျွန်ုပ်တို့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂနှင့် FCU တို့မှ ယနေ့ထိ ကံစမ်းမဲလက်မှတ်ပေါင်း (၃၃၈)စောင် ရောင်းချပြီးဖြစ်ပါတယ်။
i phone 14 တစ်လုံးမဲဖောက်ပေးမယ့် ကမ်ပိန်းမဲလက်မှတ်များကို အောက်တိုဘာလ (၁၃)ရက်ထိ ရောင်းချပေးသွားမှာမလို့ မဲလက်မှတ်တစ်စောင်လျှင်
- 15,000 ကျပ် (KBZpay နှင့် Wavepay)
- 15,000 DMMK (NUGPay)
- 10 USD / 10 USDT (Paypal, Cryptocurrency)
တို့ဖြင့် လာရောက်ဝယ်ယူနိုင်ပါတယ်။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 1009 တပ်ရင်းမှ အောင်ပွဲများဆက်လက်ရယူနိုင်ရန် ထောက်ပို့ပြည်သူ့အင်အားဖြင့် AK မောင်းပြန်သုံးလက် ထောက်ပံ့ပေးရင်း iphone 14 တစ်လုံး ကံစမ်းနိုင်ဖို့ ကျွန်ုပ်တို့မှ အသိပေးဖိတ်ခေါ်လိုက်ပါတယ်။
14/08/2022
" ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားသမဂ္ဂများအဖွဲ့မှ သြဂုတ်လအတွက် အလှူငွေကောက်ခံခြင်း "
မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းများသည် ယနေ့အချိန်အထိ ကိုယ်စီနိုင်ရာတာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်စစ်တပ်၏ စစ်အာဏာရှင်စနစ်ကို စိတ်ဓာတ်ပြင်းပြစွာ ဆန့်ကျင်တော်လှန်နေကြဆဲဖြစ်ပါသည်။
မိမိတို့အနေဖြင့် ဤနွေဦးတော်လှန်ရေးတိုက်ပွဲတွင် တော်လှန်ရေးကဏ္ဍအသီးသီးမှ ပါဝင်လျက်ရှိရာ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုပေးနိုင်ရန်နှင့် အခြားသောတော်လှန်ရေးကဏ္ဍများတွင် အသုံးပြုနိုင်ရန် အလှူငွေများ လိုအပ်နေပါသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားပြီး ပြည်သူတစ်ရပ်လုံးအလိုရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်ရန်အတွက် ကျောင်းသားပြည်သူများအနေဖြင့်လည်း မိမိတို့ တတ်အားသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အလှူငွေများကို သြဂုတ်လ 14 ရက်နေ့မှ 20 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။
အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရရှိလာသောအလှူငွေများအား တော်လှန်ရေးအတွက်အထောက်အကူဖြစ်စေရန်သာ အသုံးပြုသွားမည်ဖြစ်ပါကြောင်း ကတိပြုအပ်ပါသည်။
14/07/2022
ဇူလိုင်လအတွက် အလှူငွေကောက်ခံခြင်း
အကြမ်းဖက်စစ်အာဏာရှင်တို့၏ အဓမ္မအာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ခွဲပင် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ထိုတစ်နှစ်ခွဲကြာကာလအတွင်း စစ်အာဏာရှင်တို့အား မယိမ်းမယိုင်ဘဲ ပြည်သူ့ဘက်မှ ရုန်းကန်လှုပ်ရှား တော်လှန်ခဲ့ကြရာတွင် မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းများသည်လည်း တက်ကြွစွာ ပါဝင်ခဲ့ကြသည်ဖြစ်ပါသည်။ဆက်လက်၍လည်း ပါဝင်လှုပ်ရှားနေကြဆဲဖြစ်ပါသည်။
သို့ရာတွင် မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့ရန်၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
တစိုက်မတ်မတ် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။
ထို့ကြောင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်သို့ အမှန်တကယ်ရောက်နိုင်ရန်၊ စစ်အာဏာရှင်တို့ အပြီးတိုင် ချုပ်ငြိမ်းသွားစေရန်အတွက် ကျောင်းသားပြည်သူများအနေဖြင့် မိမိတို့ တတ်နိုင်သရွေ့ အလှူငွေနည်းများမဆို ပါဝင်ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အလှူငွေများကို July -14 ရက်နေ့မှ July -20 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။
အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။
အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရရှိလာသောအလှူငွေများအား အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ အဖိတ်အစင်မရှိစေကဘဲထိထိရောက်ရောက်အသုံးပြုပေးသွားမည်ဖြစ်ပါသည်။
19/06/2022
ရက်စွဲ။ ။ ၂၀၂၂ခုနစ်၊ ဇွန်လ၊ ၁၉ရက်
အကြောင်းအရာ။ ။ သတိပေးစာထုတ်ပြန်ချက်
အထက်ပါအကြောင်းရာနှင့် ပတ်သက်၍ ဆေးဝါးတက္ကသိုလ်၊ မန္တလေး ဆေးဝါးဖော်စပ်ရေးဗေဒဌာနမှ CDM တွင်ပါဝင်သည့် တွဲဖက်ပါမောက္ခ ဒေါက်တာစန်းစန်းဝေသည် ကျွန်ုပ်တို့ ဆေးဝါးပညာရပ် အသိုင်းဝိုင်းမှ လက်ခံ၍ မရသော ကိစ္စရပ်များကို ပြုလုပ်နေသည်ကို ကျွန်ုပ်တို့ သမဂ္ဂမှ လက်ပိုက်ကြည့်မနေနိုင်၍ ယခု သတိပေးထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပါသည်။
ပုံ
ဆေးဝါးတက္ကသိုလ်၊ မန္တလေး ကျောင်းသားများသမဂ္ဂ
15/06/2022
ဇွန်လအတွက် အလှူငွေကောက်ခံခြင်း
အကြမ်းဖက်စစ်ကောင်စီကို စတင်တော်လှန်ခဲ့ကြသည့် အချိန်မှစ၍ မိမိတို့ ဆေးနှင့်ဆေးနှီးနွယ်ကျောင်းများသည် ပြည်သူ့ဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ကာ CDM လှုပ်ရှားမှုတွင် သာမက တခြားသော နွေဦးတော်လှန်ရေးအတွက် လိုအပ်သော ကဏ္ဍအသီးသီးတွင်လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြဆဲဖြစ်ပါသည်။
ထို့အပြင် မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့် ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့ရန်၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
တစိုက်မတ်မတ် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ချင်သော၊ ဖယ်ဒရယ်ဒီမိုကရေစီကို အမှန်တကယ်လိုလားကြသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အလှူငွေများကို June -15 ရက်နေ့မှ June -21 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။
အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။
အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရရှိလာသောအလှူငွေများအား တစ်ပြားတစ်ချပ်မကျန်အောင် အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ ထိထိရောက်ရောက်အသုံးပြုပေးသွားမည်ဖြစ်ပါသည်။
24/05/2022
ပေါ့ဆမှုကြောင့် အမည်ပျက်စာရင်းမှားယွင်းဖော်ပြမိသည့်အတွက် ပြန်လည်တောင်းပန်ခြင်း
ရက်စွဲ။ ။ ၂၀၂၂ခုနစ်၊ မေလ၊ ၂၄ရက်
24/05/2022
စစ်ကောင်စီမှဖွင့်လှစ်နေသော တရားမဝင်သင်တန်းများကို တက်ရောက်နေသူစာရင်းအား ကြေညာခြင်း (part 2)
ရက်စွဲ။ ။ ၂၀၂၂ ခုနှစ်၊ မေလ၊ ၂၄ရက်
24/05/2022
ထုတ်ပြန်ချက်။
ကြေညာချက်အမှတ် ၊ ၊ ဆကသ ၀၂/၂၂
ရက်စွဲ ၊ ၊ ၂၄/၀၅/၂၂
15/05/2022
မေလအတွက် အလှူငွေကောက်ခံခြင်း
အကြမ်းဖက်စစ်ကောင်စီမှ မတရားစစ်အာဏာသိမ်းခဲ့သည်မှာ ၁နှစ်ပင်ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ထို၁နှစ်ကျော် ကာလအတွင်း စစ်အာဏာရှင်တို့၏ လူမဆန်စွာ သော ယုတ်မာရက်စက်မှုများကို ပြည်သူများသည် ကြံ့ကြံ့ခံတွန်းလှန်တော်လှန်၍ ဖယ်ဒရယ်ဒီမိုကရေစီပန်းတိုင်ဆီသို့ ရှေ့ဆက်လှမ်းနေကြဆဲ ဖြစ်ပါသည်။
ထိုသို့ မိမိတို့၏ဦးတည်ရာ ရည်မှန်းချက်သို့ ရောက်ရန်မှာ တော်လှန်ရေး၏ အဓိကထောက်တိုင်များ
(အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၊ လက်နက်ကိုင်တော်လှန်ရေး၊ Digital Strike များ,...) ကို ဆက်လက်၍ ပံ့ပိုးကူညီဖို့ လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများသမဂ္ဂအနေဖြင့်လည်း ကျန်းမာရေး CDM ဝန်ထမ်းများအား ထောက်ပံ့မှု၊ တော်လှန်ရေးရဲဘော်များအတွက်ကျန်းမာရေးစောင့်ရှောက်မှုများ၊ စစ်ဘေးရှောင်ပြည်သူများအတွက်ဆေးဝါးထောက်ပံ့မှုများနှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်
အစဥ်တစိုက် ပါဝင်ကူညီထောက်ပံ့ပေးနိုင်ပါရန် အလှူငွေများလိုအပ်လျက်ရှိပါသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ချင်သော၊ ဖယ်ဒရယ်ဒီမိုကရေစီကို အမှန်တကယ်လိုလားကြသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့ တတ်စွမ်းသမျှ အလှူငွေနည်းများမဆို ပါဝင်ကူညီထောက်ပံ့ပေးကြပါရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။
အလှူငွေများကို May -15 ရက်နေ့မှ May -21 ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပါသည်။
အလှူရှင်များအနေဖြင့် kpay, wave, paypal စသည့်နည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်။
အလှူငွေလှူဒါန်းလိုပါက page chatbox တွင် လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရရှိလာသောအလှူငွေများအား အမှန်တကယ်လိုအပ်နေသောနေရာများတွင်သာ ထိထိရောက်ရောက်အသုံးပြုသွားမည်ဖြစ်ပါသည်။
16/04/2022
ဧပြီလအတွက် အလှူငွေကောက်ခံခြင်း
အကြမ်းဖက်စစ်ကောင်စီမှ 2021 ခုနှစ် ဖေဖော်ဝါရီလ 1 ရက်နေ့၌ မတရားစစ်အာဏာသိမ်းခဲ့ချိန်မှစ၍ မိမိတို့ဆေးနှင့်ဆေးနှီးနွယ်ကျောင်းသားများအားလုံးသည်အာဏာရှင်စနစ်ကိုတော်လှန်သော နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင် ယနေ့ချိန်ထိ တက်ကြွစွာပါဝင်လှုပ်ရှားလျက်ရှိပါသည်။
ထို့အပြင်လည်း ကျန်းမာရေး CDM ဝန်ထမ်းများကိုထောက်ပံ့ရန်၊ တော်လှန်ရေးရဲဘော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ စစ်ဘေးရှောင်ပြည်သူများအတွက်ရိက္ခာနှင့်ဆေးဝါးထောက်ပံ့ပေးနိုင်ရန်နှင့် အခြားသောတော်လှန်ရေးကဏ္ဍများအတွက်လည်း အားစိုက်ကူညီလျက်ရှိရာ ကျောင်းသားပြည်သူတို့၏အလှူငွေများကို လိုအပ်လျက်ရှိပါသည်။
( မိမိတို့၏လှူဒါန်းခဲ့မှုများအား သက်ဆိုင်ရာ certificate များဖြင့်လည်း တရားဝင်အသိပေးထားပြီးဖြစ်ပါသည် )
သို့ဖြစ်ပါ၍ စစ်အာဏာရှင်စနစ်ကို ရွံမုန်းသော၊ ဖက်ဒရယ်ဒီမိုကရေစီအောင်ပွဲကို အမြန်ရောက်လိုသော ကျောင်းသားပြည်သူများအနေဖြင့် တော်လှန်ရေးအတွက် မိမိတို့တတ်စွမ်းသမျှ နည်းများမဆိုပါဝင်ကူညီလှူဒါန်းပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်လိုပါသည်။
အလှူငွေများကို April 16 ရက်နေ့မှ April 22 ရက်နေ့အထိ Kpay, Wave, Paypal အစရှိသည့် payment များဖြင့် လက်ခံသွားမည်ဖြစ်ပါသည်။
အလှူငွေလှူဒါန်းလိုပါက page chatbox တွင် အချိန်မရွေးလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ရရှိလာသောအလှူငွေများအား တစ်ပြားတစ်ချပ်မှအလေအလွင့်မဖြစ်စေရဘဲ ထိထိရောက်ရောက် အသုံးပြုသွားမည်ဖြစ်ပါသည်။