FootballxPauk Faw

FootballxPauk Faw

Share

မိတ်ဆွေတို့အတွက် အလျော်အစားမှန်ကန်ပြီး
ငွေကြေးစိတ်ချယုံကြည်ရမှု 100 % နဲ့ ဝန်ဆောင်မှုပေးနေတဲ့
အေးဂျင့်ပေါက်ဖော် 🤝🤝🤝 555mix / Ibet 789

19/06/2024

၁၆သင်းအဆင့်ကို အစောဆုံးရောက်နင့်သွားတဲ့ ဂျာမနီ

25/05/2024

မန်စီးတီး ကြေးကြီးက ဆာတာပေါ့ 🤡🤡🤡

27/04/2024

ပွဲစဥ်ပြီးဆုံးဖို့ နစ်ပွဲအလိုမှာပဲ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာတဲ့ ချန်ပီယံဟောင်းများ

25/04/2024

2️⃣0️⃣2️⃣4️⃣ ခုနှစ်အတွင်း
---------------------------------


⚽⚽⚽ ဖိုဒန် ( 1️⃣5️⃣ ဂိုး) ထက်ပိုပြီး မည်သည့်ပရီးမီးယားလိဂ်ကစားသမားကမှ ဂိုးပိုသွင်းယူထားနိုင်ခြင်းမရှိပါဘူး ။

🤝🤝🤝 ကီဗင်ဒီဘရိုင်းအနေနဲ့ ဂိုးဖန်တီးမှု 1️⃣2️⃣ ကြိမ်ပြုလုပ်ထားပြီး ပရီးမီးယားလိဂ် ကစားသမားတွေ အားလုံးထဲမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ် ။

⚽⚽⚽ G+A ဂိုးပါဝင်ပတ်သက်မှုအများဆုံးစာရင်းမှာလည်း ဖိုဒန် (1️⃣7️⃣ကြိမ်) နဲ့ ဒီဘရိုင်း ( 1️⃣8️⃣ ကြိမ်) တို့ထက် သာလွန်တဲ့ သူဆိုလို့ ရာသီအစကမှ မန်စီးတီးကနေ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့သွားတဲ့ လူငယ်ကစားသမား ကိုးလ်ပါးမား ( 2️⃣2️⃣ကြိမ်) တယောက်တည်းသာရှိပါတယ် ။

◼ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ပွဲစဥ် 4️⃣ပွဲ ကျန်နေသေးပြီး မန်စီးတီးအသင်းကတော့ ပွဲကျန်တပွဲအပါ စုစုပေါင်း 5️⃣ပွဲ ကစားရမှာပါ ။
ဖိုဒန်နဲ့ဒီဘရိုင်းတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ပွဲကျန်တပွဲကို အနိုင်ယူပြီး ရာသီအကုန်မှာ မန်စီးတီးအသင်းပဲ ဗိုလ်စွဲသွားဦးမလားဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါတယ် ။

25/04/2024

ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရပြီးနောက် မန်စီးတီးနည်းပြ Guardiola က -

🗣🗣🗣🗣🗣🗣

- ချန်ပီယံလမ်းကြောင်းပေါ်မှာ မန်စီးတီး နဲ့ အာဆင်နယ်နစ်သင်းပဲကျန်တော့တယ်လို့ ကျွန်တော်မထင်ပါဘူး ။ လီပါပူးလ်အသင်းအနေနဲ့ နစ်ပွဲဆက်တိုက်ရှုံးတယ်. ဒါကဘောလုံးမှာဖြစ်နေကျပါပဲ ။ ရာသီမကုန်ခင်မှာ ဒီလိုရလဒ်မျိုး အာဆင်နယ်လည်းကြုံရနိုင်သလို ကျွန်တော်တို့အသင်းလည်း ကြုံရကောင်းကြုံရနိုင်ပါတယ် ။

- လက်ရှိအချိန်ထိ ကျွန်တော်တို့ ဒီအဆင့်မှာရှိနေသေးတာ အလွန်အရေးကြီးပါတယ် ။ ပြိုင်ပွဲက မပြီးသေးပါဘူး ။ ပွဲတွေအများကြီး ကျန်ပါသေးတယ် ။

25/04/2024

မက်ဆီရဲ့စံချိန်ကိုပါ ချိုးဖို့တာဆူနေတဲ့ အိုနာနာ
---------------------------------------------------

🚨🚨မနေ့ညက အိုးထရက်ဖို့ဒ်မှာ ပေးဂိုးနစ်ဂိုးခွင့်ပြုခဲ့ရပြီးနောက်
ဂိုးသမား အိုနာနာအနေနဲ့ လီယိုနယ်မက်ဆီရဲ့ တရာသီအတွင်း ၇၃ ဂိုးစံချိန်ကို လိုက်မီသွားခဲ့ပါတယ် ။

- မတူတာကတော့ မက်ဆီ က ဂိုးသွင်းခဲ့တာဖြစ်ပြီး
သူကတော့ ဂိုးပေးရတာပါ 😂

18/03/2024

4 မှတ်လျော့ခံရတဲ့ နော်တင်ဟမ်
------------------------

- FIFA ဂိမ်းကစားသလို တွေ့ကရာလူ လိုက်ဝယ်နေတဲ့ နော်တင်ဟမ်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဥ်းတွေကိုပါ ချိုးဖောက်မိခဲ့တဲ့နောက် 4 မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ် ။

- အခုပြစ်ဒဏ်ဟာ နော်တင်ဟမ်တို့အတွက်တော့ နူရာဝဲစွဲ သလို ဖြစ်ခဲ့ရပြီး ကစားသမားအသစ်တွေ နဲ့ ကစားကွက် အသားကျဖို့ရုန်းကန်နေရတဲ့အပြင် ရှိစုမဲ့စု အမှတ်ပါလျှော့ခံလိုက်ရတာကြောင့် တန်းဆင်းဇုန်ထဲထိ သက်ဆင်းသွားခဲ့ရပါတယ် ။

18/03/2024

FA Cup ဆီမီးဖိုင်နယ်
--------------------------

⬛ ကိုဗင်ထရီ - မန်ယူနိုက်တက်

⬛ မန်စီးတီး - ချယ်လ်ဆီး

အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဥ်တွေကိုတော့ လာမယ့် ဧပြီလ တတိယပါတ်မှာ ကစားကြမှာပဲဖြစ်ပါတယ် ။

18/03/2024

မန်ယူအသင်း​ တောင်ပံကစားသမား အန်တိုနီဟာ BiG Game Player တယောက်လား? ??? :3

Scored vs Man city
Scored vs arsenal
Scored vs barca
Scored vs liverpool
🇧🇷🔥❤️

15/03/2024

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်
-------------------------------

UCL ကွာတားထိုင်နယ် အဆင့်မဲခွဲ ​ပြီးပါပြီ ။

⬛ အသလက်တီကို - ဒေါ့မွန်
⬛ မက်ဒရစ် - မန်စီးတီး
⬛ PSG - ဘာကာ
⬛ အာဆင်နယ် - ဘိုင်ယန်မြူးနစ်ချ်

- တို့ ဆုံတွေ့နေပြီး လတ်တလော မှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အာဆင်နယ်တို့အနေနဲ တချိန်က ပြိုင်ဘက်ကြီး ဘိုင်ယန် ကို ဆယ်စုနစ်တွေဆီက သမိုင်းကြွေး ပြန်ဆပ်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ ..

15/03/2024

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် စပါး
----------------------------------------------------------------------

၂၀၂၃ / ၂၄ ရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းက အဆင့် ၁ ဖြစ်ပြီး လီပါပူးလ်အသင်းနဲ့ အမှတ်တူပေမယ့် ဂိုးကွာခြားချက်အရ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ် ။ သူတို့နှစ်သင်းရဲ့နောက်မှာတော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက တစ်မှတ်အကွာ နဲ့ကပ်လိုက်နေတာပါ ။ပွဲစဥ် ၂၈ ပွဲကစားပြီးချိန်မှာ အခုလိုမျိုး ချန်ပီယံဆုအတွက် အပြိုင်အဆိုင်အဖြစ် ၃ သင်းတိတိရှိနေတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီတွေနဲ့မတူဘဲ ဒီနှစ်မှာတော့ နောက်ဆုံးပွဲစဥ်အထိ ရေကုန်ရေခမ်း ပြိုင်ဆိုင်သွားရမယ့်အခြေအနေမှာရှိနေပါတယ် ။ ရာသီသိမ်းပွဲစဥ်တွေထဲမှာမှ စပါး အသင်းက အထူးခြားဆုံးအဖြစ် အဆိုပါ ဗိုလ်လုဘက် ၃သင်းနဲ့ ပွဲစဥ် ၃၄ ၊ ၃၅ ၊ ၃၆ တို့မှာ ဆက်တိုက်ကစားရမှာပါ ။ တနည်းဆိုရ ရင် ဒီနှစ်ပရီးမီးယားလိဂ်ရဲ ချန်ပီယံရွေးပွဲမှာ စပါးအသင်းအသင်းအနေနဲ့ အဆုံးအဖြတ်ပေးမယ့် ဒိုင်လူကြီးနေရာကို ရောက်နေတဲ့ သဘောပါပဲ.😎😎.

14/03/2024

ချန်ပီယံလိဂ် Round of 16 (ဒုတိယအကျော့)ပွဲစဉ်တွေအပြီးမှာ ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်တဲ့အသင်း(၈)သင်း ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

■ ရီးရယ်လ်မက်ဒရစ်
■ ဘိုင်ယန်မြူးနစ်
■ မန်စီးတီး
■ PSG
■ အာဆင်နယ်
■ ဘာစီလိုနာ
■ အက်သလက်တီကို
■ ဒေါ့မွန်

ဒီအသင်းတွေရဲ့ကွာတားဖိုင်နယ်အဆင့်မဲခွဲပွဲကို မနက်ဖြန်(မတ်လ ၁၅ ရက်) သောကြာနေ့ မြန်မာစံတော်ချိန် ညနေ(၅း၃၀)နာရီမှာ ကျင်းပသွားမှာဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုသာမက ဆီမီးဖိုင်နယ်အတွဲအဖက်တွေကိုပါ တစ်ပါတည်း မဲခွဲသွားမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ဧပြီ(၉/၁၀)၊ ဒုတိယအကျော့ပွဲစဉ်တွေကို ဧပြီ(၁၆/၁၇)ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ဧပြီ(၃၀/ မေ ၁)၊ ဒုတိယအကျော့ပွဲစဉ်တွေကို မေ(၇/၈)ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ၂၀၂၄ ဇွန်လ (၁)ရက်နေ့မှာ ကျင်းပသွားမှာပါ။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay
05061

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00