18/08/2021
❓: Raffle Ticket(ရတ်ဖယ်တစ်ကက်) ဆိုတာ ဘာလဲ။
🙋♀️: ကံစမ်းမဲလက်မှတ်သဘောပါပဲ။ လက်မှတ်တစ်စောင်စီကို ကံစမ်းမဲနံပါတ် တစ်ခုစီရပါမယ်။ ကိုယ့် ကံစမ်းမဲနံပါတ်က မဲပေါက်ရင် တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ ပန်းချီကားတွေ၊ အခြား အမှတ်တရပစ္စည်းတွေရပါမယ်။
❓: ရတ်ဖယ်တစ်ကက် တစောင်ကို ဘယ်လောက်လဲ။
🙋♀️: တစောင်ကို မြန်မာငွေ ၁၀၀၀၀ ကျပ်ပါခဗျ။
❓: တစောင်ပဲ ဝယ်လို့ရတာလား။
🙋♀️: အကန့်အသတ်မရှိ ဝယ်လို့ရပါတယ်။
❓: ရတ်ဖယ်တစ်ကက် နဲ့ နွေဦးထီ တူသလား။
🙋♀️: မတူပါဘူး။ သက်သက်စီပါနော်။ နွေဦးထီက CDM တွေအတွက် လုပ်ပေးတာဖြစ်ပြီး ရတ်ဖယ်တစ်ကက် ကတော့ ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ခေါင်မိုးပြင်ဖို့ အတွက်ပါ။
❓: နွေဦးထီလို လတိုင်း ဝယ်လို့ရမှာလား။
🙋♀️: မရနိုင်ပါဘူး။ ဩဂုတ်လ တစ်လတည်း ဝယ်လို့ရမှာဖြစ်ပါတယ်။
❓: ပြည်တွင်းက လူတွေပဲ ဝယ်လို့ရတာလား။
🙋♀️: မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းက မည်သူမဆို ဝယ်လို့ရပါတယ်။ ကိုယ့် region အလိုက် သက်ဆိုင်ရာ fundraiser တွေရှာလို့ရပါတယ်။
တစ်စောင် ၁၀၀၀၀ ပိုက်ပိုက်အပြည့်မရှိသေးဘူးဆိုရင် နွေဦး FM page မှာ စပ်ပီးဝယ်လို့ရပါတယ်
ရတ်ဖယ်တစ်ကက် အစောင်ရေ 5 သိန်း မှာ
7သောင်းပြည့်အောင်တောင်
မရောင်းရသေးပါဘူးတဲ့။
လူသိနည်းတာရယ်
ဝယ်ယူနည်းမသိတာရယ် ကြောင့် ဖြစ်မယ်။
ဝိုင်းဝန်းပြီး တွန်းရအောင်ဗျာ။
Raffle Ticket(ရတ်ဖယ်တစ်ကက်) ဆိုတာ ဘာလဲ?
https://www.facebook.com/101176172128315/posts/158463239732941/
Raffle Ticket(ရတ်ဖယ်တစ်ကက်) ဒီမှာ ဝယ်ပါ။
https://www.facebook.com/101176172128315/posts/160951616150770/
နွေဦး FM pageမှာလဲ စုပေါင်းစပ်ပေါင်းပြီး ဝယ်ယူအားပေးလို့ရပါတယ်ခဗျာ။
https://www.facebook.com/NwayOoFM/
crd
22/02/2021
22.2.2021
4 : 00 PM နောက်ဆုံးထားပြီး
အားလုံး အိမ်ပြန်ခဲ့ကြပါ။ အထိအခိုက်မရှိဘဲ အိမ်ပြန်လာခဲ့ကြပါ။ UN Meeting စနေပါပြီ။ ကမ္ဘာကို ပေးချင်တဲ့ သတင်စကားပေးနိုင်ခဲ့ပါပြီ။
( ၂ ) ငါးလုံး အရေးတော်ပုံ အောင်မြင်ဖို့ နာရီပိုင်းသာ လိုတော့သည်။
ချက်ချင်း ဖြန့်ဝေပေးကြပါ။
Crd
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အထိခိုက်မခံနိုင်ပါ အိမ်ပြန်အနားယူကြပါတော့နော်
03/02/2021
ကျောင်းသားသမဂ္ဂနှင့်အတူ ပြင်းထန်စွာရှုံ့ချပါသည်
တရားမဝင် စစ်အာဏာသိမ်းမှုသည် နိုင်ငံတော်ပုန်ကန်မှုပင်ဖြစ်သည်။
စစ်တပ်၏ တရားမဲ့လုပ်ဆောင်မှုနှင့် ထိုလုပ်ရပ်ကိုထောက်ခံသူများ၊ ပြည်သူနှင့် အမှန်တရားဘက်မှ ရပ်တည်ခြင်းမရှိသူများကိုလည်း မိမိတို့ကျောင်းသားသမဂ္ဂမှ ပြင်းပြင်းထန်ထန် ရှုတ်ချသည်။
နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့် စစ်အစိုးရ၏ယန္တရားတွင် လုံးဝပါဝင်ခြင်းမရှိပဲ လက်ရှိလုပ်ဆောင် လျက်ရှိသော အစိုးရရုံးလုပ်ငန်းဆောင်တာများ ရပ်တန့်စေခြင်းဖြင့် စုပေါင်းဆန္ဒထုတ်ဖော်ကြပါရန် အလေးအနက်ပြု တိုက်တွန်းပါသည်။
ကျွန်ုပ်တို့၏ ခေါင်းဆောင်
ကျွန်ုပ်တို့၏ သမ္မတ
ကျွန်ုပ်တို့၏ အစိုးရ
ပြန်ပေးဆွဲမှုဆန့်ကျင့်ကြ။
စစ်အစိုးရဆန့်ကျင့်ကြ။
စစ်အာဏာကိုတွန်းလှန်ကြ။
စုပေါင်းဆန့်ကျင်တိုက်ထုတ်ကြ။
02/02/2021
ကျွန်တော်တို့အသင်းသည်မန္တလေးနည်းပညာတက္ကသိုလ် မေဂျာစုံကျောင်းသားများစုပေါင်းထားသော အားကစားအသင်းဖြစ်ပါသည်။
Civil Disobedience လုပ်ကြသော ပြည်သူ့၀န်ထမ်းအားလုံးနှင့်အတူ ရပ်တည်သွားပါမည်။
စစ်အာဏာရှင်စနစ် မုချ ကျဆုံးပါစေ။
ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားပါစေ။
02/02/2021
သဘောထားထုတ်ပြန်ကြေညာချက် (၃/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အဓမ္မအာဏာသိမ်းယူ၍ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော စစ်အစိုးရအဖွဲ့ ဖွဲ့စည်းကာ ဝန်ကြီးများ ခန့်အပ်ခဲ့ပါသည်။
ဒီမိုကရေစီနည်းလမ်းဖြင့် စနစ်တကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရသည်သာ ပြည်သူ့အစိုးရ အစစ်အမှန် ဖြစ်သောကြောင့် မိမိတို့ကျောင်းသားသမဂ္ဂသည် ယခုအသစ်ဖွဲ့စည်းသော အစိုးရအဖွဲ့ဝင်များကို လုံးဝ အယုံအကြည်မရှိ လက်မခံပါ။
နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း အစိုးရသစ်၏ ယန္တရားတွင် လုံးဝပါဝင်ခြင်း မရှိဘဲ မိမိတို့၏အိမ်တွင်းသာ နေထိုင်ခြင်း၊ အစိုးရရုံးများတွင် လက်ရှိ လည်ပတ်လျက်ရှိသော လုပ်ငန်း ဆောင်တာများအား ရပ်တန့်ထားခြင်းနှင့် အခြားသင့်လျော်သော အစီအစဉ်များကို အသုံးပြု၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်ကြရန် အလေးအနက်ပြု တိုက်တွန်း အပ်ပါသည်။
-----------------------------------------------------------------
Statement
(2nd February, 2021)
On 1st February, 2021, the military seized power forcibly. That junta has formed an illegal government appointing new cabinet ministers by means which oppose the will of the citizens.
Meanwhile, the democratically elected government is the only real people’s government, we, at Mandalay Technological University Students’ Union, do not trust the sham government.
We respectfully urge all civil servants across the country to oppose the military dictatorship by participating in stay-at-home movement without involving in the coup mechanism.
Students’ Union
Mandalay Technological University
27/06/2020
Coming soon ⚽⚽⚽
Hostle
Stadium
vs
Ready!!!🤩🤩🤩
27/06/2020
မတင်ရတာကြာလို့ ပျင်းနေကြတဲ့ဘော်ဘော်တွေအတွက်
Super Saturdayအစီအစဥ်လာပါပြီ🤩
MTU 3rd Batchရဲ့ဆရာကြီးတွေဖြစ်ကြတဲ့ Shadow နဲ့ Picoတို့ရဲ့ တစ်ဦးချင်း ခြင်းစိန်ခေါ်ပြိုင်ပွဲဖြစ်ပါတယ်😜
ခနနေLive လွှင့်ပေးမှာမို့အားပေးကြပါဦးနော ဘော်ဘော်တို့🥳 ကြိုက်ကြလား😁
31/01/2020
2019-2020 မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ၌ နေရာပေါင်းစုံအလိုက်အကောင်းဆုံးဆုရရှိခဲ့တဲ့ 3rd Batchမှ ညီအစ်ကိုတွေအတွက် ချီးကျူးဂုဏ်ပြုအပ်ပါတယ် ဆက်လက်ကြိုးစားကြပါ👏😍
🏆အကောင်းဆုံးဂိုးသမားဆု- ကျော်ဇင်ထူး (Mechanical)
🏆အကောင်းဆုံးအလယ်တန်းဆု- စိုင်းခန့်ဇော် (Mechanical)
🏆အကောင်းဆုံးရှေ့တန်းဆု-
ဇွဲနိုင်၀င်း (Civil)
11/07/2019
ညနေ 4:30နာရီ တတိယနေရာအတွက် ပွဲကျန်သေးပါတယ်...
3rd Batch vs 6th Batch
ပရိသတ်တွေကိုလည်းအားနာပေမယ့်နောက်ဆုံးပွဲလေးမို့ လာအားပေးကြပါဦး😍...
are 3rd Batch❤❤❤
09/07/2019
👉 ဒီနေ့ညနေ 4:30အချိန်မှာ ကျွန်တော်တို့ 3rd Batchအသင်းရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် 5th Batch အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်
👉 Finalပွဲစဉ်ကိုတက်ရောက်နိုင်ဖို့အတွက် ကစားအားစုစည်းမာကျောတဲ့ 5th Batchအသင်းကို အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ဖို့ ကြိုးစားအားထုတ်ကြရမှာပါ
👉 အကောင်းဆုံးကစားနိုင်ဖို့ ကစားသမားတွေရဲ့ကြိုးစားမှုသာမက ပရိသတ်တွေရဲ့အားပေးမှုတွေလည်း လိုအပ်တဲ့အတွက် ညနေပွဲစဉ်မှာလည်းလာရောက်အားပေးကြပါဦး😍
👉 3rd Batchအသင်းညနေပွဲမှာ စုစုစည်းစည်းညီညီညွတ်ညွတ်ကစားပြီး အနိုင်ရလာဒ်နဲ့ နောက်ဆုံးဖိုင်နယ်ပွဲကိုတက်ရောက်နိုင်ပါစေ💪👏❤
are 3rd Batch❤❤❤
27/06/2019
ကျွန်တော်တို့ MTU 3rd Batchအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲမှာ 6th Batchအသင်းကို 4-1 ဂိုးရလာဒ်နဲ့အနိုင်ရရှိပြီး Batchပြိုင်ပွဲတစ်လျှောက်ပထမဆုံးအကြိမ် အုပ်စုတက်ပြီး ဆီမီးဖိုင်နယ်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်😍...
3rd Batchအတွက်ဂိုးတွေကိုတော့
ဇွဲနိုင်ဝင်း - ⚽⚽
ဂျွန်စောဟိန်း - ⚽
စိုင်းခန့်ဇော် - ⚽
တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်👏..
ဆီမီးဖိုင်နယ်ပွဲစဉ်ကို 9.7.2019ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်...
လာရောက်အားပေးကြတဲ့ပရိသတ်တွေ အအေးဖျော်တိုက်တဲ့အဖွဲ့တွေ ကြိုးစားကြတဲ့ကစားသမားတွေ ကစားသမားတွေအတွက်ကူညီပေးတဲ့ကြက်ခြေနီအဖွဲ့အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်❤❤❤...
are 3rd Batch❤❤❤
26/06/2019
"Match Day - 2"
3rd Batch vs 6th Batch
👉 မနက်ဖြန်27.6.2019ရက်နေ့
👉 ညနေ 4:30နာရီ အချိန်မှာ
ကျွန်တော်တို့ MTU 3rd Batchအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် 6th Batchအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်...
ကျွန်တော်တို့ 3rd Batchအသင်းအနေနဲ့ အုပ်စုတက်ဖို့သေချာသလောက်ရှိနေပေမယ့် 6th Batchအသင်းကလည်း စုစည်းမာကျောတဲ့အသင်းဖြစ်တဲ့အတွက် မနက်ဖြန်ပွဲမှာမပေါ့လျော့ပဲ ကစားကွက်ကောင်းကောင်းနဲ့သေချာအာရုံစိုက်ကစားကြရမှာဖြစ်ပါတယ်💪...
ပရိတ်သတ်များကိုလည်းမနက်ဖြန်ပွဲမှာလာရောက်အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်😍...
ိကျွန်တော်တို့3rd Batchအသင်း မနက်ဖြန်ပွဲမှာ အကောင်းဆုံးခြေစွမ်းနဲ့ရလာဒ်ကောင်းရရှိနိုင်ပါစေ❤💪...
are 3rd Batch❤❤❤