06/10/2025
Facebook စကားဝှက်မေ့နေရင် အလွယ်တကူပြန်ရှာနည်း
Facebook Password မေ့နေတဲ့အခါ စိတ်မပူပါနဲ့။ ဒီနည်းလမ်းတွေနဲ့ လွယ်လွယ်ကူကူ ပြန်ရှာလို့ရပါတယ်။
အဆင့်ဆင့် Password ပြန်ရှာနည်း
နည်းလမ်း ၁: ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်နဲ့ ရှာနည်း
1. Facebook Login စာမျက်နှာကိုသွားပါ
2. "Password forgotten?" သို့မဟုတ် "Forgot Password?" ကိုနှိပ်ပါ
3. သင့်ရဲ့ဖုန်းနံပါတ်၊ အီးမေးလ် သို့မဟုတ် အမည် ထည့်ပါ
4. "Search" ကိုနှိပ်ပါ
နည်းလမ်း ၂: Recovery Options ရွေးချယ်ခိုင်းခြင်း
1. Facebook က သင့်ရဲ့ recovery options တွေကိုပြပါလိမ့်မယ်
2. သင့်အနေနဲ့ရွေးချယ်နိုင်တာတွေ:
· SMS code ပို့ခိုင်းတာ (ဖုန်းနံပါတ်ဆိုရင်)
· Email code ပို့ခိုင်းတာ (အီးမေးလ်ဆိုရင်)
· Google Account နဲ့ပြန်ဝင်ခိုင်းတာ
· Security questions မေးခိုင်းတာ
နည်းလမ်း ၃: Code ရယူပြီး Password အသစ်ထားနည်း
1. သင့်ဖုန်းကို SMS ရောက်လာရင် 6 လုံးနံပါတ်ကိုရယူပါ
2. သို့မဟုတ် အီးမေးလ်ထဲက code ကိုရယူပါ
3. Facebook မှာ code ကိုထည့်ပါ
4. Password အသစ်ထည့်ဖို့ခိုင်းပါလိမ့်မယ်
5. Password အသစ်ထည့်ပါ (အနည်းဆုံး 6 လုံး - ခိုင်းခံရင် အကြီးအသေး၊ ဂဏန်းနဲ့ သင်္ကေတပါထည့်ပါ)
Recovery Options မရှိရင် ဘာလုပ်မလဲ?
နည်းလမ်း ၄: မိတ်ဆွေသူငယ်ချင်းတွေကိုအကူအညီတောင်းနည်း
1. "No longer have access to these?" ကိုနှိပ်ပါ
2. Facebook က trusted contacts တွေကိုမေးပါလိမ့်မယ်
3. သင့်မိတ်ဆွေ ၃ ယောက်ကနေ recovery code တွေရယူပါ
4. ရလာတဲ့ code တွေကို Facebook မှာထည့်ပါ
နည်းလမ်း ၅: Google Account နဲ့ပြန်ဝင်နည်း
· သင့် Facebook က Google Account နဲ့ချိတ်ထားရင်
· "Continue with Google" ကိုနှိပ်ပါ
· Google password နဲ့ဝင်ပါ
Password အသစ်ထားတဲ့အခါ သတိထားရမယ့်အချက်များ
✅ အနည်းဆုံး ၈ လုံးပါပါစေ
✅ အကြီးစာလုံး၊ အသေးစာလုံး ရောပါပါစေ
✅ ဂဏန်းတစ်လုံးထည့်ပါ
✅ သင်္ကေတတစ်ခုခုထည့်ပါ (ဥပမာ - !, @, #, $)
✅ မိသားစုနာမည်၊ မွေးနေ့ မထည့်ပါနဲ့
နောက်ထပ်မမေ့ရအောင် ဘယ်လိုမှတ်ထားမလဲ?
· Password Manager App သုံးပါ
· စာရွက်ပေါ်မှတ်ထားပါ (လုံခြုံတဲ့နေရာမှာ)
· Trusted device ထဲမှာသိမ်းထားပါ
· Regularly ပြောင်းတတ်တဲ့အကျင့်လုပ်ပါ
အရေးပေါ်အခြေအနေအတွက်
ဘာမှမရတော့ရင်:
· Facebook Help Center ကိုသွားပါ
· "Login Help" ကဏ္ဍကိုရွေးပါ
· Facebook Support Team ကိုဆက်သွယ်ပါ
ကာကွယ်နည်းများ - နောက်ထပ်မဖြစ်ရအောင်
🔒 Recovery email and phone number အသစ်ထည့်ပါ
🔒 Trusted contacts သတ်မှတ်ထားပါ
🔒 Two-factor authentication ဖွင့်ထားပါ
🔒 Password manager သုံးပါ
Password မေ့တိုင်း ဒီနည်းလမ်းတွေသုံးပြီး အလွယ်တကူပြန်ရှာလို့ရပါတယ်။ စိတ်ရှည်ရှည်နဲ့ အဆင့်ဆင့်လုပ်ကြည့်ပါနော်!
30/09/2025
🤖 AI ခေတ်၏ အစွမ်းထက်ဆုံးသော့ချက်- Prompt Engineering ဆိုတာဘာလဲ???
🤖 ယနေ့ခေတ် AI (Artificial Intelligence) နည်းပညာတွေဟာ ကျွန်ုပ်တို့ရဲ့ အလုပ်လုပ်ပုံ၊ ဖန်တီးပုံနဲ့ တွေးခေါ်ပုံတွေကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါပြီ။
🤖 ChatGPT, Gemini, Midjourney လို AI တွေကို "ဘာမေးမေး ဖြေနိုင်တဲ့ မှော်သေတ္တာ" တစ်ခုလို လူအများက မြင်ကြပါတယ်။
🤖 ဒါပေမဲ့ အဲ့ဒီမှော်သေတ္တာထဲက အကောင်းဆုံးရတနာတွေကို ထုတ်ယူနိုင်ဖို့အတွက် သော့ချက်တစ်ခု လိုအပ်ပါတယ်။
🤖 အဲ့ဒီ သော့ချက်ကတော့ Prompt Engineering ပါပဲ။
🤖 Prompt Engineering ဆိုတာ အတိအကျ ဘာကိုပြောတာလဲ???
🤖 ရိုးရှင်းစွာပြောရရင် Prompt Engineering ဆိုတာ AI ဆီကနေ ကိုယ်လိုချင်တဲ့ အတိကျဆုံး၊ အထိရောက်ဆုံးနဲ့ အဖန်တီးနိုင်စွမ်းအရှိဆုံး အဖြေကိုရဖို့အတွက် မေးခွန်းတွေ၊ ညွှန်ကြားချက်တွေ (Prompts) ကို အနုပညာဆန်ဆန်နဲ့ သိပ္ပံနည်းကျကျ ဖန်တီးတည်ဆောက်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်
🤖 ဒါဟာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်ကို သူလိုချင်တဲ့ဇာတ်ကွက်အတိုင်း အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ ညွှန်ကြားပေးတာနဲ့ တူပါတယ်။
🤖 သင်ညွှန်ကြားချက် (Prompt) ကောင်းလေ၊ AI ရဲ့ သရုပ်ဆောင်မှု (Output) က ပိုကောင်းလေပါပဲ။
🤖 ဘာကြောင့် Prompt Engineering က အရေးကြီးတာလဲ?
🤖 သာမန်မေးခွန်းတစ်ခုမေးတာနဲ့ ကောင်းမွန်တဲ့ Prompt တစ်ခုတည်ဆောက်တာရဲ့ ကွာခြားချက်က ကြီးမားပါတယ်
🤖 သာမန် Prompt: "မြန်မာ့သမိုင်းအကြောင်းရေးပေးပါ။"
🤖 ရလဒ်: ယေဘုယျကျပြီး ဘယ်ခေတ်ကို အဓိကထားမှန်းမသိတဲ့ အကြောင်းအရာတစ်ခု ရလာပါမယ်။
🤖 ကောင်းမွန်သော Prompt (Engineered Prompt):
"သင်ဟာ မြန်မာ့သမိုင်းကို အထူးပြုလေ့လာနေတဲ့ တက္ကသိုလ်ပါမောက္ခတစ်ယောက်ပါ။ ပုဂံခေတ် အနော်ရထာမင်းရဲ့ အုပ်ချုပ်ရေး၊ ဘာသာရေးနဲ့ စစ်ရေးပြုပြင်ပြောင်းလဲမှုတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့တယ်ဆိုတာကို အထက်တန်းကျောင်းသားတွေ နားလည်လွယ်အောင် အချက်အလက်ခိုင်မာစွာနဲ့ ဆောင်းပါးတစ်ပုဒ်ရေးပေးပါ။"
🤖 ရလဒ်: တိကျတဲ့ ရှုထောင့်၊ ပစ်မှတ်ထားတဲ့ ပရိသတ်နဲ့ ရှင်းလင်းတဲ့ အကြောင်းအရာတွေပါဝင်တဲ့ အရည်အသွေးမြင့် ဆောင်းပါးတစ်ပုဒ်ကို ရရှိပါလိမ့်မယ်
🤖 ဒီပညာရပ်ဟာ Content ရေးသားသူတွေ၊ စျေးကွက်ရှာဖွေသူတွေ၊ Developer တွေ၊ သုတေသီတွေနဲ့ ကျောင်းသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှု (Skill) တစ်ခု ဖြစ်လာနေပါပြီ။
🤖 ထိရောက်တဲ့ Prompt တစ်ခုတည်ဆောက်ခြင်းရဲ့ အခြေခံမူများ
🤖 AI ဆီကနေ အကောင်းဆုံးရလဒ်တွေရဖို့ ဒီအချက်တွေကို သင့်ရဲ့ Prompt မှာ ထည့်သွင်းတည်ဆောက်နိုင်ပါတယ်
🗝 (Persona) သတ်မှတ်ပေးခြင်း: ~ AI ကို ဘယ်သူ့နေရာကနေ ဖြေစေချင်တာလဲဆိုတာ ပြောပြပါ။ ဥပမာ - "သင်ဟာ ခရီးသွား Blogger တစ်ယောက်ပါ"၊ "သင်ဟာ Senior Marketing Manager တစ်ယောက်အနေနဲ့..."
ရှင်းလင်းတိကျမှု (Clarity and Specificity): သင်ဘာကိုလိုချင်လဲဆိုတာ တိတိကျကျ ပြောပါ။ ယေဘုယျစကားလုံးတွေကို ရှောင်ပြီး အသေးစိတ်အချက်အလက်တွေ ထည့်ပေးပါ။🎯
🗝 နောက်ခံအကြောင်းအရာ (Context) ထည့်သွင်းပေးခြင်း: ~ သင့်မေးခွန်းနဲ့သက်ဆိုင်တဲ့ နောက်ခံအချက်အလက်တွေ၊ အခြေအနေတွေကို AI ကို ကြိုတင်ပြောပြထားခြင်းက ပိုမှန်ကန်တဲ့အဖြေကို ရရှိစေပါတယ်။🎯
🗝 ပုံစံ (Format) ကိုသတ်မှတ်ခြင်း: ~ သင့်အဖြေကို ဘယ်လိုပုံစံနဲ့လိုချင်လဲဆိုတာ ကြိုပြောပါ။ (ဥပမာ - အချက်အလက်စာရင်း (bullet points)၊ အီးမေးလ်ပုံစံ၊ ဇယားကွက် (table)၊ ကဗျာ)
လေသံ (Tone) ကိုညွှန်ကြားခြင်း: Professional ဆန်ဆန်၊ ပေါ့ပေါ့ပါးပါး၊ ဖော်ရွေစွာ၊ စိတ်အားထက်သန်စွာ စတဲ့ လေသံတွေကို သင်စိတ်ကြိုက်ညွှန်ကြားနိုင်ပါတယ်။🎯
🗝 ဥပမာများ (Examples) ပေးခြင်း: သင်လိုချင်တဲ့ ရလဒ်နဲ့ဆင်တူတဲ့ ဥပမာတစ်ခု ဒါမှမဟုတ် နှစ်ခုကို ထည့်ပေးခြင်းက AI ကို ပိုမိုနားလည်လွယ်စေပါတယ်။🎯
⚙ Prompt Engineering ဆိုတာ နည်းပညာအသစ်တစ်ခုကို အသုံးပြုရုံသက်သက်မဟုတ်ပါဘူး။
🤖 ဒါဟာ AI နဲ့ လူသားကြားက ဆက်သွယ်ရေးတံတားကို ပိုမိုခိုင်မာအောင် တည်ဆောက်ခြင်းဖြစ်ပြီး၊ စက်ပစ္စည်းတစ်ခုရဲ့ အကန့်အသတ်မရှိတဲ့ အစွမ်းအစကို လူသားရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ပေါင်းစပ်ပြီး အမြင့်မားဆုံးအကျိုးကျေးဇူးကို ရယူခြင်းဖြစ်ပါတယ်။🤝
🤖 AI ခေတ်မှာ နောက်ကျကျန်နေခဲ့သူတစ်ယောက် မဖြစ်ချင်ဘူးဆိုရင်၊ သင့်ရဲ့ စိတ်ကူးတွေကို အကောင်းဆုံးအကောင်အထည်ဖော်ပေးနိုင်မယ့် AI ရဲ့ အစွမ်းကို အပြည့်အဝသော့ဖွင့်ချင်တယ်ဆိုရင် Prompt Engineering ကို အခုပဲ စတင်လေ့လာလိုက်ပါ။
🤖 ဒါဟာ သင့်ရဲ့ အနာဂတ်အလုပ်အကိုင်နဲ့ ဖန်တီးမှုတွေအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာ အသေအချာပါပဲဘဲခင်ဗျာ 🙏🙏🙏
*** Note ~ လွှတ်လပ်စွာ Share နိုင်ပါသည် / ကူးယူဖော်ပြခွင့်မပြုပါခင်ဗျာ*** 🙏🙏🙏
01/06/2024
မန္တလေး မိုး။
၁-၆-၂၄
(၃:၀၀)pm
မြန်မာပြည်ကြီး အေးချမ်းသာယာပါစေ။
05/07/2023
#ရင်မောင်နဲ့ပေစိ-အပိုင်း(၁၄)
"ဝုန်း ဒိုင်း ဒုန်း ဂလွမ်း"
ညအချိန်မှာ ကျယ်လောင်တဲ့ မြည်သံကြောင့် ရင်မောင်နဲ့ပေစိ အိပ်နေရာက ငေါက်ကနဲ့ ထထိုင်မိကြသည်။
"ဘာသံလဲဟ
ဟာ ဟိုလူ မီးဖိုခန်းထဲမှာ"
လို့ပေစိပြောပြီး နှစ်ယောက်သား ကသုတ်ကရက်ထကာ ပြေးလာကြသည်။မီးဖိုခန်းထဲ ပန်းကန်တွေပြန့်ကျဲကာ ကြမ်းပြင်ထက် တုန်လှုပ်နေသော လှမောင်ကိုတွေ့လိုက်ရသည်။ရင်မောင် အနားကိုသွားကာ ဆွဲထူပေးပြီး
"အကို ဘာဖြစ်တာလဲ
ဘာဖြစ်လို့လဲ"
မီးဖိုခန်းရဲ့အထွက်နေရာ ရေချိုးကန်ရှိရာဘက်ကိုလက်ညှိုးထိုးပြီး မျက်လုံးကိုမှိတ်ထားကာ
"ဘာကြီးလဲ မသိဘူး
အဲ့ဘက်ကိုဝင်သွားတယ်
ကြောက်စရာကြီး"
ရင်မောင်နဲ့ပေစိ လှမောင်ညွှန်ပြရာဘက်ကို ကြည့်ပြီး တယောက်ကိုတယောက်ကြည့်မိကြသည်။ပေစိက ထိုနေရာကိုသွားကာ လှည့်ပတ်ကြည့်ပြီး နှုတ်ကနေလည်း မတိုးမကျယ်လေသံဖြင့် လှမောင်မကြားအောင် ခပ်တိုးတိုးပြောသည်။
"ဒေါ်လေးလား
မျက်ပြူးတို့လား
တညတည်းခိုခွင့်တောင်းတဲ့ ဧည့်သည်တွေပါ
မခြောက်ကြပါနဲ့နော်
တအားလန့်နေပြီ"
ပေစိကထိုသို့ပြောကာ အသိပေးသည်။တကယ်က ဒေါ်နန်းမြိုင်မဟုတ်ပေ။လျှာရှည်နဲ့အရှည်ကြီးတို့က လှမောင်ကိုကျီစယ်ခြင်းဖြစ်သည်။လှမောင်ကတော့ ဒူးတွေတဆတ်ဆတ်တုန်ကာ မတ်တပ်ပင်မရပ်နိုင်တော့ပေ။
"ဘာသံလဲ သမီးသွန်း"
ဒေါ်နန်းကြိုင်က အခန်းတခုထဲက ကုတင်ထက်မှာ အိပ်ရာကိုဖုန်ခါရင်း အိပ်ဖို့ပြင်ဆင်နေရာက သွန်းဆက်မြိုင်ကိုလှမ်းမေးသည်။သွန်းဆက်မြိုင်က ခြင်ထောင်တွေချနေရင်းက
"ပန်းကန်တွေ အိုးတွေပြုတ်ကျသံပဲ အမေကြီး"
သူမတို့နေဖို့ပြင်နေတဲ့အခန်းက ဦးအုပ်စိုးဝင်ဖို့ကြိုးစားတုန်းက ဒေါ်နန်းမြိုင်ဝင်ခွင့်မပေးခဲ့သော အခန်းဖြစ်သည်။ဒေါ်နန်းကြိုင်က စပ်စုစွာ အပြင်ဘက်တချက်ထွက်သွားသည်။သွန်းဆက်မြိုင်တယောက်ထဲ အခန်းထဲကျန်နေခဲ့သည်။အခန်းကိုလှည့်ပတ်ကြည့်ရင်း
"ဒီအိမ်မှာ အရင့်အရင်နေခဲ့သူတွေက အတော်ချမ်းသာတာပဲ"
ရှေးလက်ရာ ကျွန်းကုတင်၊ကျွန်းဘီဒို ၊ကုလားထိုင်နဲ့တကွ ပန်းပုလက်ရာ အရုပ်တွေက တန်ဖိုးကြီးမှန်းသိသာ၍ပါ။အခန်းက ကျယ်လည်းအတော်ကျယ်သည်။မရှိတဲ့သူတွေရဲ့ အိမ်တအိမ်စာရှိသည်။ဒီလောက်အခန်းကျယ်ကြီးထဲ ဘယ်လိုများနေပါလိမ့်သူမတွေးနေမိသည်။သွန်းဆက်တို့က လူအဆင့်အတန်းမှီမှီနေနိုင်ပေမဲ့ ဒီအခန်းတခုထဲနဲ့တင် ကြွယ်ဝမှုကိုပြနေသော ဒီအိမ်ရှင်တွေရဲ့ချမ်းသာမှုကိုတော့ မမှီပေ။အမေကြီးကတော့ ပြောဖူးသည်။အရင်တုန်းက ဆွေမျိုးအဆက်ဆက် သုံးမကုန်အောင်ချမ်းသာဖူးသည်တဲ့။မကောင်းသော လက်အောက်ငယ်သားလူယုံကြောင့် ဆုံးရှုံးမှုတွေအများကြီးကြုံပြီး ခုလို လူအဆင့်မှီရုံဘဝလေးနဲ့ဆက်ရပ်တည်နေရသည်လို့ ပြောတာကြားဖူးသည်။
အခန်းမှန်ပြတင်းကိုကာထားတဲ့ လိုက်ကာနားမှာ အမျိုးသမီးတယောက်ရပ်နေသလိုပင်။မှန်ပြတင်းဆိုတာထက် သဘာဝအလင်းဝင်အောင် သစ်သားနံရံတွေကြား မှန်သားနံရံကိုညှပ်ထည့်ထားပြီး လိုက်ကာကာထားခြင်းဖြစ်သည်။ရှေးကအိမ်ဆိုပေမဲ့ လက်ရာကဒီဘက်ခေတ်ကိုမှီသည် ဆိုရမည်။မီးအလင်း ရောင်ကလည်း နီကျင်ကျင်။သွန်းဆက် သိချင်စိတ်ဖြင့် ထိုနားသွားတော့ အရိပ်က ပျောက်ကွယ်သွားသည်။သွန်းဆက် လိုက်ကာကို ဆွဲဖယ်ကာ ရှာကြည့်ပေမဲ့ ဘယ်သူတဦးတယောက်မျှရှိမနေပေ။မရှာတော့ပဲ အိပ်တော့မည်အတွေးနဲ့ပြန်အလှည့် ခြေထောက်က တစုံတခုကို တိုက်မိသွားသည်။
"အ"
ခြေသည်းနာကျင်သလိုဖြစ်သွား၍ ငုံ့ကြည့်လိုက်ရာ
အဝတ်ရှုံ့ကြိုး ပုံစံအိတ်လေး။အရွယ်အစားက ဗလာစာအုပ် အရွယ်အစားဖြစ်သည်။သွန်းဆက် ကောက်ယူကြည့်တော့ အထုပ်က လေးနင့်နေသည်။ထိုအချိန် ဒေါ်နန်းကြိုင်ဝင်လာကာ
"လက်ထဲကဟာက ဘာလဲ သမီးသွန်း"
"ဟိုလိုက်ကာနားကတိုက်မိပြီးကောက်ခဲ့တာ
ဘာလဲတော့ မသိဘူး
လေးတော့ အတော်လေးတယ်"
ဒေါ်နန်းကြိုင်က သွန်းဆက်မြိုင်ဆီကနေဆွဲယူလိုက်ပြီးအိတ်ကိုဖွင့်ကာကြည့်တော့ မျက်လုံးပြူးသွားသည်။ ကုတင်နားက စားပွဲပေါ်မှာ အထုပ်ကိုသွန်ချလိုက်သည်။နှစ်ယောက်သားမျက်လုံးတွေကျိန်းစပ်သွားသည်။မီးရောင်အောက်မှာတဖျတ်ဖျတ်လင်းလက်နေသောစိန်အလုံးစီးတွေ။ရှေးအခေါ် မုန့်ဖက်ထုပ်ပုံစံတလုံးစိန်လုံးတွေ။မရှိဘူးဆို ပြည်တောင်းတတောင်းစာရှိသည်။ငွေကြေးချမ်းသာသူတွေ စိန်ကိုပြည်တောင်းနဲ့ကိုရှိတယ်ဆိုတဲ့စကား လက်ခံမိသွားတော့သည်။ဒေါ်နန်းကြိုင် ဒါတွေကြည့်ပြီး အံ့သြကာ
"ဒါတွေရှိနေတုန်းလား
ရှာတုန်းက မတွေ့ပဲ
ခုမှ ဘယ်လိုဖြစ်တာပါလိမ့်"
"အမေကြီး ဘာပြောတာလဲ"
ဒေါ်နန်းကြိုင် စိန်တွေကိုအိတ်ထဲပြန်ထည့်ကာ သူမကိုင်ထားတဲ့ ပိုက်ဆံအိတ်အကြီးကြီးထဲထည့်ဖို့ပြင်တော့
"အမေကြီးဘာလုပ်တာလဲ
သူများပစ္စည်းကို
ပြန်ထားလိုက်ပါ"
"ညည်းမသိရင်တိတ်တိတ်နေ
ဒါ တို့ဘိုးဘွားပိုင်ပစ္စည်း
ခုမှပြန်တွေ့တာ ပျောက်နေလို့
ဆုံးပြီထင်ထားတာ
ဥစ္စာရင်းမှန်လို့ ပြန်ရတာပဲ
ဒါကြောင့် ဒီရှေ့မှာ ကားတမင်ပျက်လေသလားပဲ"
သွန်းဆက်မြိုင် ဒေါ်နန်းကြိုင်ပြောတာတွေ တခုမှနားမလည်ပေ။သူမ သိတာ ခုနေနေတာ သူများအိမ်။ဒီအိမ်ထဲကပစ္စည်းဟာ သူများဟာ။ဒါကို ကိုယ့်ဘိုးဘွားပိုင်ပစ္စည်းဆိုပြီး အမေကြီးကအိတ်ထဲကောက်ထည့်နေခြင်းဖြစ်သည်။
"သွန်း နားမလည်တော့ဘူးအမေကြီး"
"နောက်ပြောပြမယ်
ခုအိပ်ရအောင်
မနက်ရောက်ရင် ဆရာတော်ဆီသွားကြမယ်"
အမေကြီးစကား မပယ်ရှားဝံ့တာမို့ သွန်းဆက် ဘာမှအထွန့်မတက်ရဲတော့ပေ။ဒေါ်နန်းကြိုင်စိန်ထုပ်ကိုအိတ်ထဲထည့်ပြီး ထိုအိတ်ကို သူမနားထားကာ ပွေ့အိပ်လေသည်။သွန်းဆက်လည်း နားမလည်ခြင်းတွေနဲ့အတူတူ အိပ်ရာဝင်ခဲ့ရသည်။
"အမေကြီး"
"ဘာလဲ သွန်း
မအိပ်သေးဘူးလား"
"ခုနဘာဖြစ်တာလဲ သိချင်လို့ပါ"
"လှမောင်ရယ်လေ
ဘာဖြစ်လဲ မသိပါဘူး
တဆတ်ဆတ်တုန်ပြီး ကြောက်နေတာ
သူ မအိပ်ရဲလို့ အစောင့်ကောင်လေးတယောက် အဖော်လာအိပ်ပေးနေလေရဲ့
အမေကြီးကိုလဲ ထူးထူးဆန်းဆန်းဆွေကြုံရင်
သူတို့ကိုခေါ်တဲ့
ဘာမှမကြုံဘူးလို့ စကားအပြတ်ဖြတ်ပြောခဲ့တယ်"
သွန်းဆက်နားထောင်ပြီးစိတ်ထဲတမျိုးဖြစ်သွားသည်။ဘာကိုဆိုလိုချင်တာပါလိမ့်။ခုနက သူမရိပ်ကနဲ တွေ့လိုက်ရတာမျိုးလား။ဘာမှန်းမသိပဲ ဘယ်လိုပြောမလဲ နော်။ဒေါ်နန်းကြိုင်က
"အိပ်တော့ သမီး
မနက်ရောက်ရင် စောစောထပြီး
စောစောသွားရအောင်"
သူမ စိန်တွေကို စိတ်မချစိတ်ဖြင့် ဒေါ်နန်းကြိုင်စိတ်လောနေသည်။အမဖြစ်သူ သတ်သေသွားပြီးနောက် ပျောက်ဆုံးနေသောစိန်ထုပ်ကြီး။လက်ဝတ်လက်စားတချို့ကိုတွေ့ပေမဲ့ အမဖြစ်သူ စုဆောင်းထားတတ်သည့် စိန်ထုပ်နဲ့ကျောက်မျက်ထုပ်တို့ကို ရှာမတွေ့ခဲ့ပေ။လူမမယ်သမီးသွန်းကိုခေါ်ပြီး ဒီအိမ်ကြီးကနေ ဆင်းခဲ့ရသည်။အပေါင်ဆုံးသွားပြီဆိုကာ အမတို့ရဲ့လူယုံ ညွန့်လှိုင်ဆိုတဲ့ကောင်က အပိုင်သိမ်းသွားခြင်းပါ။အမဖြစ်သူက ညွန့်လှိုင်ကိုအင်မတန်ယုံကြည်ခဲ့သည်။အရာအားလုံးစိတ်ချရသည်ဆိုကာ ခင်ပွန်းဆုံးပါးထဲက လုပ်ငန်းအားလုံးညွန့်လှိုင်ကိုဦးစီးစေခဲ့သည်။ညွန့်လှိုင်ပြောသမျှယုံကာ...ဘာတခုမှသံသယမရှိခဲ့ပေ။ဒီအချက်က ကိုယ့်မိသားစုအပေါ် လူယုတ်မာအကောက်ကြံဖို့အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။အားလုံး သိချိန်မှာ ပိုင်ဆိုင်မှုတချို့က လူယုတ်မာညွန့်လှိုင်လက်ထဲသို့ ရောက်သွားတော့သည်။
"ဘာပြောတယ်ညွန့်လှိုင်
အလုပ်တွေအရှုံးပေါ်တယ်ဆို နင်ငါ့ကိုပြောရမှာလေ
မပြောပဲနင်လုပ်ချင်ရာ လုပ်ရအောင်
နင့်ပစ္စည်းလား နင့်ပိုင်ဆိုင်မှုလား
နင့်ဟာတွေမှမဟုတ်တာ လုပ်ချင်သလိုလုပ်ရအောင်
ငါ့ကိုမေးပြီးတိုင်ပင်ရမှာလေ
နင့်အပေါ် ယုံကြည်ပေးထားတာ နင်လုပ်ချင်တာလုပ်ဖို့မဟုတ်ဘူး"
တည်ငြိမ်အေးချမ်းတဲ့ဒေါ်နန်းမြိုင်ဟာ ညွန့်လှိုင်ကို စိတ်ပျက်ခြင်း မယုံနိုင်ခြင်း..ခံပြင်းခြင်းတွေဖြင့်မေးကာ စူးစိုက်ကြည့်သည်။ညွန့်လှိုင်သည် မခန့်သည့်အမူအရာဖြင့်
"မမမြိုင်ပဲ မင်းအဆင်ပြေသလိုဦးစီးပေးဆို
ကျုပ်က စေတနာထားပြီးကြိုးစားပေးတာပဲ
ကံမလိုက်တော့ ဒီလိုကြုံရတာပဲ
ရနိုင်လေမလား ဒီလိုလုပ်ကြည့်မိတာ
ဆုံးရှုံးမှ အပြစ်တင်တာတော့ဘယ်တရားမလဲ
အဆင်ပြေနေစဥ်တုန်းက ပြုံးပြီးယူခဲ့ကြတာပဲလေ"
ဒေါ်နန်းမြိုင်သည် ညွန့်လှိုင်စကားတွေကို မယုံနိုင်ဖြစ်ရသလို အလွန်လဲဒေါသထွက်သည်။မိန်းမသားတွေပဲဆိုသည့်အသိနဲ့ သူ့ပုံစံက အတော်မခန့်မှန်းသိရသည်။
"ဒီတော့ အိမ်ကိုဘယ်သူ့မှာအပေါင်ထားထားတာလဲ
ငါပြန်ရွေးမယ် ငါ့အိမ်ကို
ငါ့ယောကျ်ားကြိုးစားဆောက်ခဲ့တဲ့အိမ်
ငါအဆုံးရှုံးမခံနိုင်ဘူး"
"အိမ်ကဆုံးသွားပြီ မမမြိုင်
အိမ်စာရွက်စာတမ်းတွေမရနိုင်တော့ဘူး
အပေါင်ခံသမားက တလအတွင်း အိမ်ရွေ့ဖို့
ကျုပ်ကိုပြောခိုင်းလိုက်တယ်"
"ဟင်
ဟဲ့ ရလား..အဲ့လိုရလား
ပိုင်ရှင်ကဘာတခုမှမသိပဲ
သိမ်းချင်သလို သိမ်းလို့ရလား
မတရားလာမလုပ်နဲ့
ငါပြန်ရွေးမယ်ပြောနေတာကို
ဘာကြောင့် မတရားသိမ်းချင်နေတာလဲ
ငွေလိုက်ရမယ်ဆို ငါထပ်လိုက်မယ်"
"ဒါကကျုပ်ကို အပြစ်ပြောလို့မရဘူးမမမြိုင်
အကိုကြီးရှိစဥ်ထဲက .ငွေလိုသလောက်ယူလို့ရအောင်
အိမ်စာချုပ်ပေးပြီး.အပေါင်ခံထားတာလေ
ပိုင်ရှင်မသိဘူးဆိုတဲ့စကား ပြောလို့မရဘူး
အကိုကြီးကိုယ်တိုင် ကြည်ကြည်ဖြူဖြူ ပေါင်ခဲ့တာ
ကျုပ်က ကြားကနေ လုပ်ပေးတဲ့လူ"
"နင်ဘာလို့ ဒါတွေငါ့ကိုမပြောတာလဲညွန့်လှိုင်
ငါ့ကိုပြောပါလား
ငါ့ယောကျ်ားလိုတဲ့ပိုက်ဆံ
ငါထုတ်ပေးမှာပေါ့
ခုလိုသူများမှာပေါင်စရာမလိုဘူး"
ညွန့်လှိုင်ကပမာမခန့်ပြုံးကာ
"အကိုကြီးကမပြောနဲ့လို့တားထားတာ
ကျုပ်ကဘယ်လိုပြောမလဲ
သူဘာအတွက်ငွေလိုလဲ သူအသိဆုံးပဲ
မမမြိုင်က ကိုယ့်ယောကျ်ားကို သိပ်ယုံပြီးလွှတ်ထားတာကိုး"
"နင့်စကားက ဘာလဲညွန့်လှိုင်
ငါသိအောင် ရှင်းရှင်းပြောစမ်း"
"ကျုပ်ပြောခွင့်မရှိဘူး
ကျုပ်လဲ ဒီအနေအထားမျိုးနဲ့ဒီမှာဆက်လုပ်လို့အဆင်မပြေဘူး
ကျုပ်မိသားစုရှိသေးတယ်
အိမ်ဖယ်ဖို့က ကျုပ်တာဝန်မို့ သိအောင်လာပြောပြတာ
ဒီလုပ်ရပ်ရဲ့လက်သည်က မမမြိုင်ယောကျ်ားအကိုကြီးပဲ
အပြစ်တင်ချင်ရင်တော့ သူ့ပဲတင်မမမြိုင်
ကျုပ်ကခိုင်းသလိုလုပ်ရတာ"
အင်မတန် မခိုးမခန့်နိုင်သောမျက်နှာဖြင့် ထိုစကားပြောကာ ညွန့်လှိုင်ပြန်သွားသည်။ထိုရက်ထိုကာလအတွင်း ညွန့်လှိုင် သူတို့အိမ်ရောက်မလာသလို ၊ဒေါ်နန်းမြိုင်လည်း မိသားစုနေဖို့အတွက် အိမ်တလုံးရှာဖွေနေရသည်။တလအချိန်ပေးထားပေမဲ့ ၁၅ရက်ခန့်ဝန်းကျင်မှာ ညွန့်လှိုင် ထပ်ရောက်လာပြီး အကြီးအကျယ်စကားများကြသည်။ညွန့်လှိုင်နဲ့ စကားများပြီး ဒေါ်နန်းမြိုင်တယောက် အခန်းထဲကထွက်မလာပေ။နေကုန်တဲ့ထိ ထွက်မလာလို့ဝင်ကြည့်ချိန်မှာတော့ ကြိုးဆွဲချကာ သေဆုံးနေသော ဒေါ်နန်းမြိုင်ကိုတွေ့ရလေသည်။
ဒီသေမှုသေခင်းအတွက် ညွန့်လှိုင်ကိုသံသယဖြင့် ထိန်းသိမ်းခဲ့ပေမဲ့ ဘယ်လိုဖြစ်သည်မသိပေ။ခိုင်လုံမှုမရှိဆိုသည့်အချက်ဖြင့် ညွန့်လှိုင်လွတ်မြောက်ခဲ့သည်။ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုဖြင့် အမှုကိုပိတ်သိမ်းခဲ့သည်။အမဖြစ်သူရဲ့ ပစ္စည်းတွေကိုသိတဲ့ဒေါ်နန်းကြိုင်က အိမ်နေရာမရွေ့ခင် နေရာအနှံ့ရှာပေမဲ့ မတွေ့ခဲ့ပေ။ရွှေငွေလက်ဝတ်လက်စားတချို့သာ ရခဲ့ပြီး ရက်ပြည့်တော့ လူမမယ်သမီးလေးသွန်းဆက်မြိုင်ကိုခေါ်ကာ တနယ်တကျေးကိုထွက်လာခဲ့သည်။အဖြစ်ဆိုးတွေနဲ့ကြုံခဲ့ရတဲ့ ဒီအရပ်ဒီဒေသမှာ သမီးလေးကို မကြီးပြင်းစေချင်၍ဖြစ်သည်။အိမ်တွေ လုပ်ငန်းတွေအသိမ်းခံလိုက်ရပေမဲ့ အမဖြစ်သူထားခဲ့တဲ့ရွှေထည်တွေကမနည်းတာကြောင့် တရပ်တရွာမှာ သူတို့တင့်တောင်းတင့်တယ် အခြေမပျက်နေနိုင်ခဲ့သည်။
နောက်ပိုင်းစကားတွေအရ ထိုအိမ်ကိုညွန့်လှိုင်က ပြန်ဝယ်လိုက်သလိုလိုသတင်းတွေကြားရသည်။လုပ်ငန်းတွေလည်း အသိမ်းခံရသည်ဆိုပေမဲ့ တခြားသူကိုထိုးရောင်းကာ ညွန့်လှိုင်ကိုယ်ပိုင်လုပ်ငန်း ထူလိုက်သည်ဆိုတာ နန်းကြိုင်ရိပ်မိသည်။လူယုတ်မာနဲ့ပြိုင်မနိုင်၍ ဇာတ်မြှုပ်ကာ တိတ်တဆိတ်နေခဲ့သည်မှာ သမီးလေးသွန်းတသက်ပင်ရှိနေပါရော့လား။သမီးသွန်းကတော့ ဒါတွေဘာတခုမှမသိပေ။ခုလည်း ဆရာတော်ကခေါ်၍ လာခဲ့ခြင်းဖြစ်သည်။ဆရာတော်ဆိုတာ သူမတို့နဲ့ငယ်စဥ်ထဲက အလွန်ရင်းနှီးခင်မင်ခဲ့သည့် သူငယ်ချင်းသက်အောင်ပင်။ငယ်စဥ်ထဲက သာသနာ့ဘောင်ဝင်ဖို့သာစိတ်ရှိပြီး လောကီအရေးတွေ စိတ်မဝင်စားသူတဦးလည်းဖြစ်သည်။ဒီရွာမှာ သူမ အဆက်အသွယ်လုပ်သော တဦးတည်းသော သူဆိုရင်လဲ မမှားပေ။ခုလည်း.ဘာအကြောင်းကိစ္စရှိသည် မသိရပေ။လာခဲ့ဖို့ခေါ်တာကြောင့် အိမ်ကကားနဲ့ထွက်လာခဲ့ခြင်းပါ။
ဖြစ်ချင်တော့ ကားကဒီအရှေ့တည့်တည့်မှပျက်သွားသည်။အဟောင်းတွေအသစ်မဖြစ်ချင်သောသူမ။ဒီရှေ့ကနေ မြန်မြန်သွားချင်ပေမဲ့ မကုန်နိုင်သောရေစက်ရှိသည်ထင်သည်။ဒီအိမ်ကြီးထဲ တညအိပ် ဝင်တည်းခိုရတော့သည်။အိမ်ရှင်တွေမရှိဘူးဆိုတဲ့စကားကြောင့် အနည်းငယ်စိတ်သက်သာရာရခဲ့သည်။မမြင်ချင်သော မျက်နှာတွေကို မမြင်လို၍ပါ။
ခုတော့ ကားပျက်တာသွေးရိုးသားရိုးဟုတ်ရဲ့လားတောင် သံသယဖြစ်မိသည်အထိပင်။မမများ သူမတို့ကိုပစ္စည်းပေးချင်လို့ ဒီနေရာမှာ ကားကပျက်လေသလား။အတွေးတွေနဲ့ ဒေါ်နန်းကြိုင်အိပ်ပျော်သွားသည်။မနက်လင်းတော့ သမီးသွန်းက အရင်နိုးကာ ပြင်ဆင်ပြီးနေချေပြီ။လှမောင်ကကားကိုအဝတ်တခုနဲ့သုတ်ကာ သွားဖို့အဆင်သင့်စောင့်နေသည်။ဟိုအစောင့်ကောင်လေးတွေကို မတွေ့ရပေ။ဒေါ်နန်းကြိုင် သူမနေခဲ့ဖူးသော အိမ်မို့ အမေးအမြန်းမရှိ ရေသုံးရာကိုသွားကာ သန့်ရှင်းရေးလုပ်သည်။အိမ်အနောက်ဘက်ကိုသန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးမြင်လိုက်ရ၍ ယောကျ်ားလေးဖြစ်ပေမဲ့ အနေအထိုင်တော်သောထိုကလေးတွေကို စိတ်ထဲကနေကြိတ်ကာ ချီးကျူးမိသည်။သွန်းဆက်မြိုင်က ဘာတခွန်းမှမမေးပဲ ကိုယ့်အိမ်လိုသွားလာနေသော ဒေါ်နန်းကြိုင်ရဲ့အနောက်ကနေလိုက်လာရင်း
"အမေကြီး"
မျက်နှာကိုရေနဲ့သန့်စင်နေရင်းက
"ပြောလေ သမီးသွန်း"
",အမေကြီးပုံစံက ဒီအိမ်မှာနေနေကျလူလိုပဲ"
ဒေါ်နန်းကြိုင် ဆတ်ကနဲဖြစ်သွားသည်။ဟုတ်ပေသားပဲ။သူမပုံစံက ကိုယ့်အိမ်ကိုယ့်ရာလိုဖြစ်နေတာကိုး။သမီးသွန်းအံ့သြတာလည်း အလွန်မဟုတ်ပေ။
"ဒီလိုပါပဲ
နောက်မှပြောပြမယ်သမီး
ပြီးရင် သွားရအောင်"
"မနက်စာ စားဦးလေ
ဟိုအကိုတွေ ကောက်ညှင်းပေါင်းနဲ့ငါးခြောက်ဖုတ်လုပ်ခဲ့ပေးတယ်
အကြမ်းတအိုးလဲနှပ်ခဲ့ပေးတယ်"
"ဟုတ်လား
သူတို့က ဘယ်သွားကြလဲ
နိုးထဲကမတွေ့ဘူး"
"စျေးရောင်းသွားတယ်"
"အော်"
ကြိုးစားကြတဲ့ကလေးတွေလို့ မှတ်ချက်ချမိသည်။ဧည့်ဝတ်လဲကျေပွန်သလို သူတို့ပုံစံတွေက တခြားသူတွေလိုမျိုးမဟုတ်ပေ။ညစောင့်အလုပ်အပြင် တနိုင်တပိုင်စျေးရောင်းခြင်းကိုလည်း မပျင်းမရိလုပ်ကိုင်ကြသည်။ခုတောင် အစောကြီးရှိသေးတာ။ဘယ်အချိန်ထဲက ထသွားပါလိမ့်။
"ဘယ်တုန်းက ထွက်သွားကြတာလဲ"
"အာရုဏ်အချိန်ထဲက အမေကြီး"
ဒေါ်နန်းကြိုင်ခေါင်းညိတ်ပြကာ သွန်းဆက်မြိုင်အဖုံးဇကာဖွင့်ကာ.ကျွေးသော ကောက်ညှင်းပေါင်းနဲ့ငါးခြောက်ဖုတ်ကို အဆာပြေစားသည်။ရေနွေးကြမ်းတအိုးနှင့်ကောက်ညှင်းငါးခြောက်ကလိုက်ဖက်လွန်းသည်။စားသောက်ပြီး ကားပေါ်တက်ကာ ငယ်သူငယ်ချင်းဖြစ်သည့် ဆရာတော်ကျောင်းသို့ထွက်လာခဲ့သည်။လှမောင်က
"အမေကြီးကို ထူးဆန်းတာပြောရမယ်သိလား"
"ဘာလဲလှမောင်"
"ညက ကားကိုပြင်တာ
ဘယ်လိုပြင်ပြင် မရဘူးအမေကြီး
ဒီမနက်စက်ပြင်ဆရာခေါ်ဖို့စဥ်းစားထားတာ
မနက်ကအစမ်းနှိုးကြည့်တော့ ရသွားတယ်အမေကြီး
မထူးဆန်းဘူးလား"
"ဟင် ဟုတ်လား
မင်းပြောသလိုဆို ထူးဆန်းတာအမှန်ပဲ"
ဒေါ်နန်းကြိုင် ဒီအဖြစ်ကိုတိုက်ဆိုင်မှုလို့ မထင်တော့ပေ။ဒီအဖြစ်ကို ငယ်သူငယ်ချင်းဖြစ်သူ ဆရာတော်ကိုပြောပြဖို့ သူမတေးထားလိုက်သည်။ကား ကျောင်းဝင်းထဲဝင်လာတော့ သူမတို့ရောက်မှာကြိုသိနေသည့်အလား ဆရာတော်ဟာ ကျောင်းလှေကားရင်းမှာ တံမြက်စည်းလှည်းရင်း စောင့်ကြိုနေခဲ့သည်။
ဆက်ရန်
မာန်(စက်မှု)