Zizawarsoe

Directions

Zizawarsoe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zizawarsoe, Mandalay.

I am a Cyclist, UCI Lvevl 2 Cycling Coach, PN 2 Nutrition Master Coach , ISSA CPT , Nutritionist , Corrective Exercise Specialist, Specialist in Strength and Conditioning

02/11/2026

ထမင်းစားပြီးတိုင်း မျက်ခွံက ခါကာဘိုရာဇီတောင်တစ်လုံးဖိထားသလို လေးနေပြီး အိပ်ငိုက်နေတတ်ရင် .. အစားပိုင်းမှာ ဒီ ၃ နေရာပြင်ကြည့်ပါ ။ သိသိသာသာပေါ့ပါးလာပါလိမ့်မယ် 😍





အဆီချနေသူတချို့က အရိုးဟင်းရည်က Calories နည်းတယ်၊ Protein နဲ့ Collagen အများကြီးရတယ် ဆိုပြီး နေ့တိုင်းသောက်နေတာမှန်လားလို...
01/11/2026

အဆီချနေသူတချို့က အရိုးဟင်းရည်က Calories နည်းတယ်၊ Protein နဲ့ Collagen အများကြီးရတယ် ဆိုပြီး နေ့တိုင်းသောက်နေတာမှန်လားလို့မေးလာတယ်။
အရိုးဟင်းရည်က သောက်လို့ကောင်းတဲ့ အစားအစာတစ်မျိုးဖြစ်ပေမဲ့ နေ့တိုင်း မဖြစ်မနေသောက်ဖို့ မလိုပါဘူး။

အာဟာရရှုထောင့်က ကြည့်မယ်ဆိုရင် ..

✅ ၁။ Protein အဓိကရင်းမြစ် မဟုတ်ဘူး။
အရိုးဟင်းရည်မှာ Gelatin နဲ့ Collagen ကနေ ရရှိတဲ့ Protein ပါနိုင်ပေမဲ့ ပါဝင်ပမာဏက ချက်ပြုတ်ပုံပေါ် မူတည်ပါတယ်။ ကြွက်သားထိန်းသိမ်းဖို့နဲ့ Protein လိုအပ်ချက်ပြည့်မီဖို့ အသား၊ ငါး၊ ဥ၊ တိုဖူးတို့ကို ဦးစားပေးပါ။

✅ ၂။ Calories အမြဲနည်းတယ်လို့ မယူဆပါနဲ့။
အရိုးကပ်အဆီ၊ အသားနဲ့ အရေခွံတွေ ပါဝင်မှုများရင် Calories ပိုတက်လာနိုင်ပါတယ်။ အဆီဖယ်ပြီး သောက်ရင်လည်း ပမာဏကိုလည်း ထိန်းပါ။

✅ ၃။ Gout ရှိသူတွေ သတိထားပါ။
အသားနဲ့အရိုးကနေ Purine ဓာတ်တချို့ ဟင်းရည်ထဲ ရောက်နိုင်ပါတယ်။ Gout ရှိသူတွေက အသားပြုတ်ရည်၊ အသားအနှစ်များတဲ့ ဟင်းရည်တွေကို အလွန်အကျွံ မသောက်သင့်ဘူး။

✅ ၄။ Collagen ရဖို့ မဖြစ်မနေသောက်စရာ မလိုပါ။
အရိုးဟင်းရည်မှာ Collagen ကနေ ဖြစ်လာတဲ့ Gelatin နဲ့ Amino acids တွေ ပါနိုင်ပါတယ်။ ဒါပေမဲ့ အရိုးဟင်းရည်သောက်ခြင်းက အရေပြား၊ အဆစ်နဲ့ အရိုးကျန်းမာရေးကို အထူးကောင်းမွန်စေတယ်ဆိုတဲ့ သက်သေကတော့ မလုံလောက်သေးဘူး။

✅ ၅။ Sodium ပမာဏကိုလည်း သတိထားပါ။
ဆား၊ ဟင်းခတ်မှုန့်နဲ့ အရသာမှုန့်တွေ အများကြီးထည့်ချက်ထားရင် Sodium များနိုင်ပါတယ်။ သွေးတိုးရှိသူတွေအနေနဲ့လည်း သတိထားသင့်ပါတယ်။

Bone Broth က မကောင်းတဲ့အစားအစာ မဟုတ်ပါဘူး။ ဒါပေမဲ့ Weight Loss နဲ့ Collagen အတွက် နေ့တိုင်းမဖြစ်မနေ သောက်ရမယ့် အထူးအာဟာရရည်လည်းမဟုတ်ဘူး🤩
ဘာစားစား ပမာဏကို သတိထားစားပါရှင် 😍

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




ကျနော်တို့အဖွဲ့စကားတွေအပြန်အလန်ပြောနေတာ သဘောကျလို့ …😄A : စက်ဘီးကို Zone 2 နဲ့စီးနေတာ အဆီကိုလောင်ကျွမ်းအသုံးပြုနေတာပဲ ဘာလ...
01/11/2026

ကျနော်တို့အဖွဲ့စကားတွေအပြန်အလန်ပြောနေတာ သဘောကျလို့ …😄
A : စက်ဘီးကို Zone 2 နဲ့စီးနေတာ အဆီကိုလောင်ကျွမ်းအသုံးပြုနေတာပဲ ဘာလို့အဆီမကျသေးတာလဲ
B : Zone 2 နဲ့စီးပြီး Zone 6 နဲ့စားနေတော့ဘယ်ကျမလဲ 😂

အဖြေက ရိုးရိုးလေးနဲ့ သိပ်မှန်နေတယ်။

လေ့ကျင့်ခန်းလုပ်နေချိန်မှာ အဆီကို အသုံးပြုနေတာနဲ့ ခန္ဓာကိုယ်အဆီ စုစုပေါင်းလျော့ကျနေတာနဲ့ တိုက်ရိုက်ဆက်စပ်မနေဘူး။

အဆီကျဖို့က စက်ဘီးပေါ်က Zone 2 တစ်ခုတည်းမဟုတ်ဘူး။ ထမင်းစား ၊ မုန့်စားတဲ့အချိန်က Zone ကိုလည်း သတိထားရပါမယ် 😅

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




သူတစ်ပါးရဲ့ အပြုအမူတွေကို အမြဲအပြစ်မြင်တာ၊ အောင်မြင်မှုတွေကို မနာလိုဖြစ်တာ၊ အရာရာကို အပျက်သဘောနဲ့ တွေးတဲ့သူတွေမှာ ကျန်းမ...
31/10/2026

သူတစ်ပါးရဲ့ အပြုအမူတွေကို အမြဲအပြစ်မြင်တာ၊ အောင်မြင်မှုတွေကို မနာလိုဖြစ်တာ၊ အရာရာကို အပျက်သဘောနဲ့ တွေးတဲ့သူတွေမှာ ကျန်းမာရေးမကောင်းနိုင်ဘူး🤩…

ဒီလို အဆိုးမြင်စိတ်တွေနဲ့ အမြဲနေထိုင်ခြင်းက စိတ်ကျန်းမာရေးရော ၊ ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

သိပ္ပံနည်းကျ လေ့လာချက်တွေအရ …

၁။ စိတ်ဖိစီးမှုဟော်မုန်းများခြင်း
ဒေါသ၊ စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေ မကြာခဏဖြစ်နေပါက Cortisol နဲ့ Adrenaline တို့ရဲ့ တုံ့ပြန်မှုတွေ ပိုများလာပြီး ရေရှည်မှာ သွေးပေါင်ချိန်နဲ့ နှလုံးသွေးကြောကျန်းမာရေးကို ထိခိုက်လာပါတယ်။

၂။ ခုခံအားစနစ်ပေါ် သက်ရောက်မှု
သူများအပေါ်မကောင်းမြင်ဝန်တိုတာသည် ကိုယ့်ကိုယ်ကို စိတ်ဖိစီးမှုဖြစ်စေတယ်။ ရေရှည်စိတ်ဖိစီးမှုက ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ရောင်ရမ်းမှုဖြစ်စဉ်တွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

၃။ အိပ်စက်မှုအရည်အသွေး ကျဆင်းခြင်း
အတွေးများခြင်း၊ ဒေါသနဲ့ စိတ်ပူပန်မှုတွေက အိပ်ပျော်ဖို့ခက်ခဲစေပြီး အိပ်စက်မှုအရည်အသွေးကို ကျဆင်းစေပါတယ်။

၄။ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှု
အဆိုးမြင်အတွေးတွေကို အမြဲပြန်တွေးနေခြင်း (Rumination) ဟာ စိတ်ပူပန်မှုနဲ့ စိတ်ကျရောဂါလက္ခဏာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

သူတစ်ပါးကို အကောင်းမြင်ပေးနိုင်ခြင်း၊ ကိုယ့်စိတ်ကို အပြုသဘောဆောင်အောင် ထိန်းသိမ်းနိုင်ခြင်းဟာလည်း ကျန်းမာတဲ့ဘဝတစ်ခုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
စိတ်ချမ်းသာမှ ကိုယ်ကျန်းမာပါမယ်ရှင် … ❤️

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




အဆီချမယ်ဆိုတာနဲ့  ၉၉% သော လူတွေက 'လေ့ကျင့်ခန်း သွားလုပ်မယ်' ကနေ စကြတယ်...တကယ်တော့ လေ့ကျင့်ခန်းထက် ပိုအရေးကြီးတဲ့ အုတ်မြစ...
31/10/2026

အဆီချမယ်ဆိုတာနဲ့ ၉၉% သော လူတွေက 'လေ့ကျင့်ခန်း သွားလုပ်မယ်' ကနေ စကြတယ်...

တကယ်တော့ လေ့ကျင့်ခန်းထက် ပိုအရေးကြီးတဲ့ အုတ်မြစ်တွေကိုအရင် ခိုင်အောင်တည်ဆောက်ရတယ်။

✅ ပထမ က အိပ်စက်ခြင်း
အိပ်ရေးဝမှ ခန္ဓာကိုယ်က ပြန်လည် အားဖြည့်နိုင်မှာဖြစ်ပြီး အဆီကျစေတဲ့ ဟော်မုန်းတွေ စနစ်တကျ အလုပ်လုပ်မှာပါ။

✅ဒုတိယက Nutrition ဆိုတဲ့ အစားအသောက်
စားလိုက်တဲ့ အာဟာရက ခန္ဓာကိုယ်ရဲ့ပုံစံ (ပိန်သည် ၊ ဝသည်) နဲ့ ကျန်းမာရေးကို ၈၀% အထိ အဓိက ဆုံးဖြတ်ပေးတာပါ။

✅တတိယ မှ လေ့ကျင့်ခန်း
အိပ်ရေးနဲ့ အာဟာရ ပြည့်စုံမှ လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို ကျစ်လျစ်လှပအောင် ကူညီပေးတာပါ။

(၁) နဲ့ (၂) ကို သေချာ ဂရုမစိုက်နိုင်ဘဲ လေ့ကျင့်ခန်း ပိုင်းမှာပဲ အလွန်အကျွံ ဖိလုပ်လေလေ... ခန္ဓာကိုယ် ပျက်စီးပြီး ဆေးရုံနဲ့ ပိုနီးလာလေလေပါ။
ကျန်းမာစွာအဆီကျချင်တယ်ဆိုရင် အိပ်ရေးနဲ့အစားကို အရင်ဦးဆုံးဂရုစိုက်ရပါမယ်။
ကျန်းမာစွာအဆီကျဖို့ နေထိုင်စားသောက်မှုပုံစံနဲ့ ခန္ဓာကိုယ်အဆီပမာဏပေါ်မူတည်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လို အဟာရ အချိုးနဲ့စားရမလဲဆိုတဲ့ အသေးစိတ်သင်ကြားမယ့် FLM Batch 11 ကို Nov 19th မှာစပါမယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




30/10/2026

ကြာစွယ်ကြိုက်သူများ 😋

လွယ်မှလွယ် ..
အစပ်ကြိုက်လို့ ငရုတ်သီးလေးထည့်လိုက်ရင် တကယ့်မာလာမွှေးမွှေးလေးဖြစ်သွားမယ် 😋




ဒီရှမ်းခေါက်ဆွဲတစ်ပွဲက ကျနော့ကို အားပြန်ပြည့်သွားစေတယ်😋ဒီမနက် Training ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်။ မစခင် Oats နဲ့ ငှက်ပ...
30/10/2026

ဒီရှမ်းခေါက်ဆွဲတစ်ပွဲက ကျနော့ကို အားပြန်ပြည့်သွားစေတယ်😋

ဒီမနက် Training ပြင်းပြင်းထန်ထန် လုပ်ခဲ့တယ်။ မစခင် Oats နဲ့ ငှက်ပျောသီး စားထားပေမဲ့ ၂ နာရီလောက် စက်ဘီးစီးပြီးချိန်မှာ Training မပြီးခင်ကတည်းက ဗိုက်ဆာလာတယ်။

ခေါက်ဆွဲဆိုင်ရောက်တော့ ရှမ်းခေါက်ဆွဲတစ်ပွဲနဲ့ ကြက်ဥ ၂ လုံးမှာစားလိုက်တယ်။

ဒီနေ့ ဘာကြောင့် ဒီလိုအစားအစာမျိုးကို ရွေးချယ်တာလဲဆိုတော့ ..

လေ့ကျင့်ခန်းနဲ့ အာဟာရဆိုင်ရာ သိပ္ပံအရ …

✅Glycogen ပြန်ဖြည့်ဖို့လိုတယ်။
ပြင်းထန်ပြီး ကြာရှည်တဲ့ Training လုပ်တဲ့အခါ ကြွက်သားနဲ့ အသည်းထဲက Glycogen ( စွမ်းအင်) တွေ လျော့နည်းလာပါတယ်။ ခေါက်ဆွဲက စွမ်းအင်ကို အမြန် ပြန်ဖြည့်ပေးနိုင်တယ်။

✅ကြွက်သားပြန်လည်ပြုပြင်ဖို့ Protein လိုတယ်။
ကြက်သားနဲ့ ကြက်ဥမှာပါတဲ့ Protein က လေ့ကျင့်ခန်းကြောင့် ဖြစ်လာတဲ့ ကြွက်သားပြုပြင်မှုနဲ့ ပြန်လည်တည်ဆောက်မှုကို အထောက်အကူပြုတယ်။

✅ကျန်းမာတဲ့အစားအစာတိုင်းက Training အတွက် အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ဘူး။

ပြောင်းဖူး၊ ကြက်ဥ၊ ထောပတ်သီးတွေဟာ ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ အစားအစာတွေပါ။
ဒါပေမဲ့ ထောပတ်သီးမှာ အဆီဓာတ်အဓိကပါဝင်ပြီး ကြက်ဥမှာ Protein အဓိကပါဝင်တယ်။ ပြောင်းဖူးမှာကာဗိုဟိုက်ဒရိတ်နဲ့ Fiber ပါဝင်ပါတယ်။
ဒီအစားအစာတွေက အာဟာရတန်များပေမဲ့ ဒီနေ့ ပြင်းထန်တဲ့ Training အပြီး လျော့နည်းသွားတဲ့ Glycogen ကို ပြန်ဖြည့်ဖို့ လိုအပ်တဲ့ Carbohydrate ပမာဏကို လုံလောက်အောင် မရနိုင်ဘူး။

Endurance Training လုပ်သူတွေအတွက် မှတ်ထားဖို့ ..
✅၁ နာရီကျော် ပြင်းထန်စွာ လေ့ကျင့်ရင် တစ်နာရီကို ကာဗိုဟိုက်ဒရိတ် 30–60 g လောက် ဖြည့်ပေးဖို့ စဉ်းစားသင့်ပါတယ်။
✅Training ပြီးရင် Carbohydrate နဲ့ Protein နှစ်မျိုးလုံး ပါဝင်တဲ့ အစားအစာကို စားပေးပါ။
✅ရေဓာတ်နဲ့ ဆုံးရှုံးသွားတဲ့ Electrolytes တွေကိုလည်း ပြန်ဖြည့်ပေးဖို့ လိုပါတယ်။

အရေးကြီးတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာဆိုတာ တစ်မျိုးတည်း မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့ Training အမျိုးအစား၊ ပြင်းအားနဲ့ ကြာချိန်ပေါ်မူတည်ပြီး အာဟာရကို ရွေးချယ်တတ်ဖို့ပါ။

အဆီချနေသူတွေအတွက် လုံလောက်အောင်စားပြီး အစားအသောက်နဲ့ သွေးတွင်းသကြားဓါတ်ထိန်းချင်သူ ၊ လေ့ကျင့်ခန်းလုပ်သူ၊ မလုပ်သူနဲ့ လုပ်တဲ့ပြင်းအားပေါ်မူတည်ပြီး အစားအစာတွေကို ဘယ်လိုရွေးချယ်စားသောက်ရမလဲဆိုတာ Nov 19 မှာ ဖွင့်လှစ်မယ့် FLM Batch 11 မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ 💚

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




ရွာငံဘက်မှာ စက်ဘီးနင်းတုန်းက လမ်းမှာ ဓာတ်ကြိုးတွေ သွယ်နေကြတဲ့ အလုပ်သမား အုပ်စုတစ်စုတွေ့ခဲ့တယ်။ စက်ဘီးနင်းရင်း သူတို့ကို ...
30/10/2026

ရွာငံဘက်မှာ စက်ဘီးနင်းတုန်းက လမ်းမှာ ဓာတ်ကြိုးတွေ သွယ်နေကြတဲ့ အလုပ်သမား အုပ်စုတစ်စုတွေ့ခဲ့တယ်။
စက်ဘီးနင်းရင်း သူတို့ကို ငေးကြည့်မိပြီး နေပူထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာကို ကိုယ်ချင်းစာ သနားမိလိုက်ပါတယ်။
ကျနော်တို့ဖြတ်သွားတာကိုကြည့်ပြီး သူတိုအချင်းချင်း ပြောနေတာက ..
"အဲလောက် နေပူကြီးထဲမှာ ဘာလို့ စက်ဘီးနင်းပြီး ကိုယ့်ကိုကိုယ် ဒုက္ခရှာနေကြလဲ မသိဘူး" တဲ့လေ 😄

ကိုယ်က သူတို့ကို တစ်ဖက်က စာနာသနားနေမိချိန်မှာ သူတို့လည်း ကိုယ့်ကို စက်ဘီးနင်းပြီး နေပူထဲ ဒုက္ခရောက်နေတယ်ဆိုပြီး ပြန်သနားနေကြတယ်😄
လူတွေရဲ့ ဘဝဖြတ်သန်းပုံချင်း၊ ရှုထောင့်ချင်း မတူကြပေမဲ့ တကယ်တော့ သူ့ဟာသူအဆင်ပြေနေကြတာပါပဲ🤩
လေ့ကျင့်ခန်းမလုပ်သူက လေ့ကျင့်ခန်းလုပ်သူတွေကို ဘာလို့အဲလောက်ပင်ပန်းခံပြီးကိုယ့်ကိုယ်ကိုနှိပ်စက်နေလဲ လို့ ထင်နေကြသလိုပေါ့ 😄

ဇီဇဝါစိုး



မနက်စာ စားပြီး အိပ်ငိုက်တတ်သူတွေ၊ စားပြီး ခဏနဲ့ ဗိုက်ပြန်ဆာလာသူတွေ မနက်စာ စားသောက်ပုံလေးကို အခုလို ပြောင်းစားကြည့်ပါ...မ...
29/10/2026

မနက်စာ စားပြီး အိပ်ငိုက်တတ်သူတွေ၊ စားပြီး ခဏနဲ့ ဗိုက်ပြန်ဆာလာသူတွေ မနက်စာ စားသောက်ပုံလေးကို အခုလို ပြောင်းစားကြည့်ပါ...
မနက်စာမှာ ကြက်ဥ၊ နွားနို့ ( can choose low fat) ၊ ထောပတ်သီး စတဲ့ Protein နဲ့ Healthy Fats တွေကို အဓိကထား စားပေးပါ။ ဒါတွေကို စားပြီးလို့မှ တစ်ခုခု ထပ်စားချင်သေးတယ်ဆိုရင် ပြောင်းဖူး၊ ကန်စွန်းဥ၊ အုတ်ဂျုံ စတဲ့ Good Carbs လေးတွေကို အနည်းငယ် ဖြည့် စားပေးနိုင်ပါတယ်။ အရင်ကထက် လန်းဆန်းလာပြီး ခဏခဏ ဗိုက်ဆာတတ်တာတွေ သိသိသာသာ သက်သာလာတာတွေ့ရပါလိမ့်မယ်။

ဒီလိုဖြစ်ရတဲ့ နောက်ကွယ် Science က…
သွေးတွင်း သကြားဓာတ် မတည်ငြိမ်ခြင်း (Blood Sugar Spikes) ကြောင့်ဖြစ်ဖို့များပါတယ်။

✅ခေါက်ဆွဲ၊ ပေါက်ဆီလို Carbs သီးသန့်သကြားဓာတ် များတာတွေ စားတဲ့အခါ သွေးတွင်း သကြားဓာတ်က ရုတ်တရက် တက်သွားပြီး အင်ဆူလင်တွေ အများကြီး ထွက်လာတာကြောင့် ခဏအတွင်း သကြားဓာတ် ပြန်ထိုးကျသွားပါတယ်။ ဒါကြောင့် မနက်စာ စားပြီးနောက် ခေါင်းမကြည်ဘဲ အိပ်ငိုက်တာ၊ ခဏလေးနဲ့ ဗိုက်ပြန်ဆာပြီး အချိုတွေ ပိုတောင့်တလာတာ ဖြစ်လာပါတယ်။
✅Protein နဲ့ Fats ကို ဦးစားပေး စားတဲ့အခါအစာအိမ်ထဲမှာ အစာချေဖျက်နှုန်းကို နှေးစေပြီး သွေးတွင်း သကြားဓါတ် ဖြည်းဖြည်းနဲ့ ပုံမှန် တည်ငြိမ်နေစေပါတယ်။
✅Protein နဲ့ Healthy Fats တွေက ကြာရှည်ဗိုက်ပြည့်စေပါတယ်။

ဒီလိုလူအုပ်စုတွေအတွက် မနက်စာမှာ သကြားဓာတ်နဲ့ Carbs လွန်ကဲတာတွေကို လျှော့ပြီး Protein နဲ့ Healthy Fats တွေကို အခြေခံ စားပေးခြင်းက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး တစ်နေ့လုံး လန်းဆန်းစေပါတယ် 💪

ခန္ဓာကိုယ်ရဲ့အခြေအနေ အဆီပမာဏပေါ်မူတည်ပြီး သိပ္ပံနည်းကျကျ စားတတ်မှသာလျှင် ကျန်းမာပေါ့ပါးစေမှာပါ။ ဒီအကြောင်းအရာတွေအားလုံး Nov 19th မှာ ဖွင့်လှစ်မဲ့ FLM Batch 11 မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




ဈေးမကြီးဘဲ ရိုးရှင်းတဲ့ အရာတွေက တကယ်တော့ ဘဝမှာ တန်ဖိုး အရမ်း ရှိတာပါ...🍀လက်ဝတ်ရတနာတွေက ဈေးအရမ်းကြီးပြီး ဝတ်လိုက်ရင်လှပေမ...
28/10/2026

ဈေးမကြီးဘဲ ရိုးရှင်းတဲ့ အရာတွေက တကယ်တော့ ဘဝမှာ တန်ဖိုး အရမ်း ရှိတာပါ...
🍀လက်ဝတ်ရတနာတွေက ဈေးအရမ်းကြီးပြီး ဝတ်လိုက်ရင်လှပေမဲ့ စားလို့၊ သောက်လို့ မရဘူး။
🍀ဆန်၊ ဆီ၊ ဆားနဲ့ ရေလို အခြေခံကျတဲ့အရာတွေက လက်ဝတ်ရတာနာလိုဈေးမကြီးပေမဲ့ မရှိရင် အသက်ဆက်ရှင်လို့ မရနိုင်ဘူး။

✅စျေးကြီးတဲ့ အဝတ်အစား၊ အိတ်နဲ့ အသုံးအဆောင်တွေထက် ကိုယ်တိုင်လှုပ်ရှားနိုင်တဲ့ ခန္ဓာကိုယ်က ပိုတန်ဖိုးရှိပါတယ်။

✅စျေးကြီးတဲ့ အားဖြည့်ဆေးတွေထက် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရမျှတစွာစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းတို့က ကျန်းမာရေးအတွက် အခြေခံအကျဆုံး အလေ့အကျင့်တွေပါ။

✅ဈေးကြီးတဲ့ Diet Plan တွေ၊ အမျိုးမျိုးသော ဝိတ်ချဆေးတွေ၊ ဘောင်ခတ်ထားတဲ့ Diet အစားအစာတွေထက်... တကယ့် ကျန်းမာရေးကို ပေးစွမ်းနိုင်တာက "အိမ်မှာ အလွယ်တကူ ချက်ပြုတ်စားနေတဲ့ ရိုးရှင်းတဲ့ အိမ်ချက် ထမင်းဟင်း" ပါ။

တခါတလေ စျေးမကြီးတဲ့အရာတွေက တကယ်တော့ အစားထိုးမရတဲ့ တန်ဖိုးအရမ်းကြီးတဲ့အရာတွေပါ 💪

ကျန်းမာအောင်နေထိုင်စားသောက်ပြီးအဆီချဖို့ ဆိုတဲ့ ကျန်းမာရေးအတွက် တန်ဖိုးကြီးတဲ့အရာကိုလေ့လာဖို့ Nov 19th မှာ FLM Batch 11 ဖွင့်ပါမယ်😍

ကျန်းမာပါစေရှင်

ဇီဇဝါစိုး




Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Zizawarsoe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share