United Till I Die

United Till I Die

Share

Our page update Manchester United's Latest news

25/07/2025

ယူနိုက်တက်ကို Amorin ဘယ်လိုပုံဖော်နေလဲ

24/07/2025

Training Sessions In Chicago

24/07/2025
15/04/2025

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ🤍
===================================
ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်တယ်ဗျ။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ္ပါယ်လည်းပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့ကောင်ဘဲ ဘာမှသုံးစားမရတဲ့ကောင်ပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........

တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲ”တဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး” လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည်စွာနဲ့ပဲ ခြင်းကြားကို ယူခဲ့တယ်"ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေး”လို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အဖ်ိုးခိုင်းတဲ့အတိုင်းဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန်'မ'လိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေး”လို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းပဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူသေးလားလို့”မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါပဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူပဲပေါ့ မြေးလေးရဲ့” တဲ့ခင်ဗျာ။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ် စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ် အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ်” စာအုပ်တအုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တခါဆေးကျောခြင်း ဖြစ်ပါတယ် ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်းနေစေခဲ့ပါတယ်....🤍

စာအုပ်လေးတွေဝယ်ချင်ရင်တော့ Diary By Ah Hninမှာဝယ်ယူနိုင်ပါတယ်ရှင်🤍

#မူရင်းရေးသားသူအားလေးစားလျှက်

06/01/2025

#အတာ

အပိုင်း(၂၂)(ဇာတ်သိမ်းပိုင်း)

“ကျွန်တော် ကျောင်းထွက်လိုက်ပြီ ဒေါ်ဒေါ်”

“ဟင်”

ဒေါ်ဒေါ်သန်းတို့ ညီအစ်မတစ်စုတွင် ထိုမျှသာ ရေရွတ်နိုင်တော့လျက် အတန်ကြာအောင် အံ့အားသင့်နေကြပြီးမှ
“ဟဲ့ ဘာပြုလို့တုံး အတာ”ဟု ဒေါ်ဒေါ်သန်းက ဝမ်းနည်းသံကြီးဖြင့် မေးလိုက်သည်ကို

“ကျွန်ပညာ မသင်ချင်လို့ ဒေါ်ဒေါ်”

အတာ့အမူအရာသည် ယခင်အခါများကလို ကျိုးကျိုးနွံနွံမဟုတ်တော့ဘဲ သူ့ကျေးဇူးရှင်များက မည်သို့သော အကြံပေးပေး တစ်ရွေးသားမျှ လက်မခံ၊ ပြတ်ပြတ်သားသားပင် အန်တုတော့မည့် အသွင်မျိုး ဆောင်နေ၏။

“ဟဲ့ ဘာပြောတယ် အတာ”

“ဟုတ်တယ် ဒေါ်ဒေါ်၊ ဒီ ကျွန်ပညာကို ကျွန်တော် မသင်ချင်တော့ဘူး”

“နေစမ်းပါဦး၊ မင်း နိုင်ငံရေးသမားတွေနဲ့ ပေါင်းပြီး နိုင်ငံရေးစကားတွေနဲ့ ဒေါ်ဒေါ်သန်းကို လာပြောနေသလား အတာ၊ ဒေါ်ဒေါ် နားမလည်ဘူးကွဲ့၊ ဘာလဲ၊ ကျွန်ပညာ ဟင်၊ ဒေါ်ဒေါ်တို့ကတော့ ကျောင်းနေတယ်၊ စာသင်တယ်၊ ဒါပဲသိတယ် အတာ၊ မင်း ဘာအရူးထတာလဲ”

"မဟုတ်ပါဘူး၊ ကျွန်တော် ဒီပညာကို မသင်ချင်တော့လို့ပါ"

အတာကား ခပ်တင်းတင်းပင် ပြောနေသေး၏။

"မဟုတ်သေးဘူး အတာ၊ မင်း ဘာလို့ မိုက်ချင်ရတာလဲ၊ သူများတွေမှာ စာသင်ချင်လို့ သင်နိုင်သလား၊ ကျောင်းနေချင်လို့ နေရရဲ့လား၊ မင်း လိမ်မာမှပေါ့ကွဲ့၊ ဘာပူစရာရှိသလဲ မင့်မှာ ဟင်၊ အချိန်တန်ရင် အဝတ်အစားဆိုလဲ သူဋ္ဌေးသားတွေနဲ့ တန်းတူဝတ်ရတယ်၊ ကျောင်းစရိတ်ဆိုလဲ မင်းမျက်နှာရှိအောင် တစ်နှစ်တွက် တစ်ခါထဲ ပေးထားခဲ့တယ်၊ ဟင် ဒီလို အခွင့်အရေးမျိုးကို ဒိပြင် ဘယ်သူပေးမလဲ၊ ဘယ် ကျောင်းသားကော ရနိုင်မလဲ အတာ"

အတာ ဘာမျှမပြော မတုန်မလှုပ်ပင် မှုန်ကုတ်ကုတ် ငြိမ်နေ၏။

"ဟုတ်သားပဲ ငါ့မြေးရယ်၊ မင်း မိုက်ရှုးရဲမလုပ်ချင်စမ်းပါနဲ့၊ ကဲ ကဲ ပြီးတာပဲ ပြီးပစေပေါ့၊ နက်ဖြန် ကျောင်းပြန်တက်၊ ဟုတ်လား"

ဘွားဘွားကလည်း ဝမ်းနည်းသံဖြင့် ချော့ချော့မော့မော့ ဝင်ပြောလိုက်သေး၏။ သို့သော် အတာကမူ ဘာတစ်ခွန်းမျှ ကတိမပေးသေး။

"လိမ္မာစမ်းပါ အတာရယ်၊ မင့်ဉာဏ်ကလေးကို မမရင်တို့ နှမြောလွန်းလို့ပါ၊ အေး မင်း ခုလို တရားလိုက်ဟောချင်ရင် နိုင်ငံရေးဘာတွေလုပ်ချင်ရင် မလုပ်နဲ့လို မဆိုဘူး၊ ပညာကို သင်ဦး၊ အနည်းဆုံး ဘီအေလောက်ဖြစ်ဖြစ် တတ်အောင် သင်ပြီးမှ မင်း လုပ်ချင်ရာလုပ်၊ မမတို့ မပြောဘူး၊ ကဲ ဟုတ်ပလား အတာ"

ခေါင်းညိတ်ခေါင်းခါ အတာ ဘာမျှလုပ်ဖော်မရသေး။ သူ၏သံမဏိဆုံးဖြတ်ချက်ကိုသာ မမှိတ်မသုန် ယုံယုံကြည်ကြည် လက်ခံဆုပ်ကိုင်ထားတော့မည့်အသွင်ဖြင့် ဘာတစ်ခုမှ နားမဝင်သလို တွေနေ၏။

"ငါ့တူက မြော်မြင် ဆင်ခြင်တတ်တဲ့ အသ်ိဉာဏ်ရှိပြီးသားပဲလေ၊ ဒီလောက် နားဝေးမယ် မဟုတ်ပါဘူးနော်၊ ကဲ ကဲ ဒေါ်ဒေါ်သန်းတို့က တကယ့်စေတနာနဲ့ ချစ်လို့ပြောတာကို မင်း နားထောင်ပါ အတာရယ် ဟုတ်လား၊ ကဲ ကဲ နက်ဖြန် ကျောင်းပြန်တက် ကျောင်းဝင်ကြေးတို့ ဘာတို့ ထပ်ပေးရမယ်ဆိုလဲ လာယူနော်၊ မင့်ဦးနှောက်မျိုးနဲ့ဆိုရင် ဘီအေအောင်ဖို့ဆိုတာ အလွယ်ကလေးပါကွယ်၊ ဒီမှာ အတာ၊ မင်းသာ သင်ချင်တယ်ဆိုရင်လေ ဘိလပ်ကိုသွားမလား၊ အမေရိကန်ကို သွားမလား၊ ဂျာမနီ သွားမလား၊ မင်း သွားချင်ရာကို ပို့ပေးမယ်၊ သင်ချင်တဲ့ပညာကိုသင် ဒေါ်ဒေါ်သန်းတို့ ထောက်ပံ့မယ်၊ အဲဒါ မင်းဆီက တစ်ပြားသားစားချင်လို့ ပြောနေတာမဟုတ်ဘူး အတာ၊ ကုသိုလ်လဲရ ပညာပါရမီလဲဖြစ်၊ မင့်ကိုလဲ သနားလို့ ချစ်လို့ကွဲ့ သိလား။ မင့်ကို ဒေါ်ဒေါ်တို့ပေးတဲ့ ပညာဟာ မင့်ဖို့ပဲ၊ ဒါမှ မင့်မိဘနဲ့ မင့်ညီမလေးတို့ကို ချမ်းချမ်းသာသာ ရှာကျွေးနိုင်မှာ"

သို့လျှင် တတွတ်တွတ်တရားပြ၍ နားချနေသော ဒေါ်ဒေါ်သန်းအသံမှာ မသိမသာတုန်နေ၏။ မျက်နှာထား အသွင်အပြင်မှာလည်း မျက်ရည်မကျရုံတစ်မည်သာ ကျန်တော့၏။ ထိုမျှလောက် စေတနာထား၍ ပြောနေသည်တိုင်အောင် အတာ ခေါင်းမညိတ်သေး။ သူ့ဆုံးဖြတ်ချက် လွတ်မသွားအောင် ချုပ်ထားသကဲ့သို့ လက်သီးနှစ်ဖက်ကိုလည်း အတာသည် ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။

"ကဲ ကဲ သွားတော့ အတာ၊ တစ်ကြိမ်တစ်ခါမှားတာတော့ မှားပစေပေါ့၊ ဒေါ်ဒေါ်တို့ ခွင့်လွှတ်ပါတယ်၊ အေး ငါ့တူက အလိမ္မာအခြေခံ ကောင်းပြီးသားပဲကွယ်၊ ပြင်လိုက်ရင် ခဏပေါ့၊ သွား သွား"

မျက်ရည်မကျရုံတစ်မည် တဖွဖွတောင်းပန်လိုက်သော ကျေးဇူးရှင်များ၏စကားကို အတာ နားမဝင်၊ ထိုနေ့ ညရထားနှင့်ပင် မော်လမြိုင်သို့ ထွက်သွားတော့၏။ ထိုသတင်းကို ကြားလိုက်ရသည်နှင့် သူ့ဒေါ်ဒေါ်သန်းတို့ ညီအစ်မတစ်စုနှင့်တကွ ဘွားဘွားပါမကျန် ဝမ်းနည်းပက်လက်နှင့် မျက်ရည်ဥပြီး ရင်ထုမနာနှင့် မျက်ရည်ဖြာကြရတော့၏။

ဤလိုအချိန်၌ အတာမှာမူ မော်လမြိုင်ရှိ ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံကာ သူ့ဓာတ်ပုံနှင့် သူ့ဟောပြောချက်များပါဝင်သည့် သတင်းစာများကို ပြရင်း တဖွဖွ အသားယူနေ၏။ နိုင်ငံရေး ထိပ်သီးများဖြစ်သော မည်သူမည်ဝါနှင့် သူ အဘယ်မျှရင်းနှီးကြောင်း၊ နောက်နောင် အရေးအခင်းပေါ်က စာရေးခေါ်လျှင် သူ အဘယ်မျှ စွမ်းစွမ်းတမံ လာရောက်ကူညီမည်ဖြစ်ကြောင်းတို့အပြင်
"ခုလဲ ကျွန်တာ် ကျောင်းထွက်လိုက်ပြီလေ၊ ဘာလုပ်မလဲ ဒီကျွန်ပညာကို ဆက်သင်နေလို့ အပိုပေါ့ဗျာ၊ ဟုတ်ဖူးလား။ ကျွန်တော့်အဒေါ်တွေကတောင် ငိုလားယိုလားနဲ့ ကျောင်းမထွက်ဖို့ တားကြသေးတယ်၊ ဘာရမလဲ၊ ခေတ်နောက်ကျပြီး ဆွေးမြည့်နေပြီဖြစ်တဲ့ သူတို့ရဲ့အယူအဆဟောင်းတွေဟာ ကျွန်တော်ရဲ့တိုးတက်နေတဲ့ အသိဉာဏ်ကို ဘယ်လွှမ်းမိုးနိုင်မှာလဲ၊ ခု ကျွန်တော် ပြန်ရင် နိုင်ငံရေးထဲ ခြေစုံပစ်ဝင်တော့မယ်လေ"

သူ့ဒေါ်ဒေါ်သန်းတို့တွင် ရင်ကွဲပက်လက်နှင့် သူ၏ထက်မြက်လှသော ဉာဏ်ကလေးကို နှမြောတသနေခိုက် အတာကမူ သို့လျှင် ဝင့်ကြွားရင်း တမြမြနှင့် အရသာခံနေ၏။

တစ်ပတ်ခန့်ကြာ၍ အတာ ပြန်ရောက်လာပြီကို သိလျှင်သိချင်း သံယောဇဉ်ဖြစ်၍ ချစ်နေသေးသော အတာအား အမြန်ဆုံး အခေါ်လွှတ်တော့၏။

"မင်း ဘယ်လိုဖြစ်တာလဲ အတာ၊ ဘာလဲ မင်းကျောင်းကို နေချင်စိတ်မရှိတော့ဘူးလား"

"ဟုတ်ကဲ့"

မာဆတ်ဆတ်ကလေးပင် အတာ ဖြေလိုက်၏။
"အေးလေ ဒီလိုဆိုလဲ မင်းသဘောပေါ့၊ ဒါပေမဲ့ အချိန်တော့ရှိသေးတယ် အတာ၊ မင်း စဉ်းစားဦး၊ ခု အတောအတွင်းဖြစ်ဖြစ် နောင်နှစ်ခါဖြစ်ဖြစ်၊ ဘယ်တော့ ဖြစ်ဖြစ်ပေါ့ကွယ် နော်၊ ကျောင်းပြန်နေချင်တဲ့စိတ်ပေါ်လာရင် ဒေါ်ဒေါ်တို့ကို ချက်ချင်းလာပြော၊ ဒေါ်ဒေါ်တို့ ပြန်ထားမယ် ဟုတ်လား"

ဤလို သဘောထားပြည့်ဝ၍ ဤမျှစိတ်ရှည်ပြီး ဤကဲ့သို့သော ကြက်သီးထဖွယ်ရာ စကားမျိုးဖြင့် လိုက်လိုက်လျောလျော စေတနာထားသည့် ကျေးဇူးမျိုးကို အတာ ဘယ်နေရာတွင် သွားရှာမည်နည်း၊ ရှာ၍လည်း ရနိုင်မည်လား။

သို့သော် အတာ လုံးဝနားမဝင်၊ သတိတရားလည်း မရသေး။ နိုင်ငံရေးနယ်ပယ်ထဲသို့သာ တစ်ကိုယ်လုံး ပစ်၍ ဝင်လိုက်တော့၏။ အလွန်သွက်လက်သော အတာ၊ အလွန်အကင်းပါးသော အတာ၊ အလွန်ဉာဏ်ထက်သော အတာ၊ သူမတူအောင် ဖျတ်လတ်သော အတာသည် ပါတီတွင် အလွန်ခိုင်း၍ကောင်းသော သတ္တဝါကလေး ဖြစ်နေတော့၏။ သို့သော် သူ့အဆင့်အတန်းကား အဘယ်နည်း။ သာမန်ပါတီဝင်တစ်ယောက်မျှသာ ဖြစ်၏။
နိုင်ငံရေးဆိုသည်မှာ အတာ ဘာသိသနည်း။ ရှင်းရှင်းဆိုသော် သူဘာမျှမသိ။ "ကျွန်ပညာ အလိုမရှိ"ဟူ သော စကားကိုပင် မည်သို့အဓိပ္ပာယ်ကောက်ရမှန်း မသိဘဲ မိုက်ရူးရဲနှင့် ကျောင်းမှ ထွက်ခဲ့သော အတာ သည် ယနေ့ထိ ငါဘာကောင်ဟု မသိ။ ယောင်ချာချာပင် ရှိနေသေး၏။

ဤလိုဘဝနှင့် ပထမဆုံးကြုံတွေ့ရသော သူ့အခက်အခဲမှာ မုန့်ဖိုးပြဿနာပင်ဖြစ်၏။ သူ ထင်ရာ လျှောက်လုပ်နေသဖြင့် ကိုထွန်းအောင်ကလည်း မုန့်ဖိုးမပေးတော့ပေ။ ပါတီကလည်း မုန့်ဖိုးအဖြစ် သီးသန့်မပေးနိုင်။ ခေါင်းဆောင်ကြီးများပင် အငတ်ခံရသည်ကို အတာ သိ၏။ သူတို့စားလျှင် စားခြင်း၊ သူတို့ ငတ်လျှင် ငတ်ရခြင်းတည်းဟူသော ဒဏ်ကို အတာ လက်တွေ့ခံနေရပြီဖြစ်၏။ သို့သော် သူမဖြုံ။ တုန်လည်း မတုန်လှုပ်၊ နိုင်ငံရေးဟူသည် အသက်ပင် စွန့်ရသေးသည် မဟုတ်ပါတုံလော။
ဤလိုနှင့် နှစ်နှစ်မျှသော အချိန်သည် ကုန်မှန်းမသိ ကုန်ခဲ့ပြီဖြစ်၏။ အတာတွင်လည်း နံနက်မိုးလင်းသည်နှင့် ပါတီသို့သွားကာ လုပ်စရာရှိသည်တို့ကို လုပ်ကိုင်ပေးလျက် ညနေဘက်တွင်မူ အရပ်ထဲသို့ ပြန်လာကာ ကလေးစိတ်မကုန်သေးသည့်အရွယ် သဘာဝအတိုင်း သူငယ်ချင်းများနှင့် ကစား၏။ စကားစမြည် ပြော၏။

သူ့သူငယ်ချင်းများက ယခင်နည်းတူပင် ချစ်မြဲ ချစ်၍ ခင်ခင်မင်မင် ဆက်ဆံကြသော်လည်း တစ်ခါက သူ့အား အလွန်မြတ်နိုးခဲ့သည့် တစ်ယောက်သောသူကမူ ယခု ခပ်တန်းတန်းအသွင်သို့ ပြောင်းသွား၏။ ထိုတစ်ယောက်သောသူကား ခင်စိုးလှပင် ဖြစ်၏။ ယခင် ဝရန်တာအသီးသီးတွင် ထွက်ရပ်၍ မျက်နှာချင်းဆိုင်မိတိုင်း ချစ်စဖွယ် ပြုံးပြတတ်သော ခင်စိုးလှသည် ယခုသော်မူကား ပြုံးပြရန်မဆိုထားဘိ၊ ကြာကြာပင် လှည့်၍ ကြည့်ဖော်မရတော့ပေ။ မတော်တဆ အကြည့်ချင်းဆုံသွားသောအခါများ၌လည်း ခပ် တည်တည် အမူအရာကလေးဖြင့် မလွှဲသာ၍ ပြုမူရသလို မေးကလေးတစ်ချက်မျှ ဆတ်ကာ ဖျတ်ခနဲ လှည့်ဝင်သွားတတ်သေး၏။ ယခင် ခင်စိုးလှ သူ့ကိုလိုက်စဉ်က ထိုအကြောင်း ဤအကြောင်းထောက်ထားကာ ရှောင်ဖယ်ဖယ် ပြေးခဲ့သော အတာသည် ယခု ခင်စိုးလှက သိသိသာသာ ပြေးနေသောအခါ၌ အတာသည် ကပျာကသီနှင့် သူ အမီလိုက်ချင်နေပြီဖြစ်၏။

"အစိုး ဘယ်လိုဖြစ်သွားတာပါလိမ့်"ဟူ၍လည်း စိတ်ထဲတွင် မရိုးမရွဖြစ်လာ၏။ မခံချင်စိတ်လည်း တရိပ်ရိပ် ဝင်လာ၏။ သို့နှင့် ချက်ချင်းဆိုသလိုပင် စာတစ်စောင် ကောက်ရေးပြီး အေးချိုမှတစ်ဆင့် အပေးခိုင်းလိုက်တော့၏။

အစိုး/

ခုတစ်လော အစိုး အမူအရာတွေ သိပ်ပြောင်းလဲနေတယ်၊ ဘယ်လိုဖြစ်တာလဲ၊ ကိုတာ သိခွင့် မရှိဘူးလား ဟင်၊ ကိုတာ့အပေါ်မှာ အစိုး ဘာတွေ သဘောမကျဘူးဆိုတာ အမြန်ဆုံး သိပါရစေ။

/ခင်မင်သော
အတာ

ထိုစာကလေး ရေးပို့လိုက်ပြီးနောက် မိနစ်ခုနစ်ဆယ်လောက်အကြာမှာပင် ခင်စိုးလှထံမှ စာတစ်စောင် ပြန်ရောက်လာ၏။

ကိုတာ/

ပေးစာကိုဖတ်ရလို့ ဝမ်းသာပါတယ်၊ တစ်ကြိမ်တုန်းက အခု ကိုတာ့စိတ်ထဲမှာ ခံစားနေရသလိုပဲ ကိုတာဟာ ဘာကြောင့် ငါ့အပေါ်မျက်နှာထားတင်းနေပါလ်ိမ့်ဆိုပြီး ရင်ထဲမှ တစ်မျိုးပဲ ခံစားခဲ့ရဖူးလို့ အစိုး ကိုယ်ချင်းစာမိပါတယ်။ လိုရင်းပြောရရင်မယ်ဆိုရင် ဟိုတုန်းက အစိုး နေတာထိုင်တာ ဝတ်တာ စားတာ ဣနြေ္ဒမရလို့ ကိုတာ သဘောမကျခဲ့သလို ခုလဲ ကိုတာရဲ့နေပုံထိုင်ပုံ အပြုအမူကို သဘောမကျဖြစ်နေပါတယ်။ ဟိုတုန်းက ကိုတာဟာ ယဉ်ကျေးသိမ်မွေ့တယ်၊ လူကြီးသူမများကို ရိုသေ လေးစားတတ်တယ်၊ ပြီးတော့ ပညာထူးချွန်တယ်၊ ဖေဖေတို့ကတောင် "ရှေ့ကို အများကြီး အလားအလာရှိတဲ့သူငယ်"လို့ ချီးကျူးခဲ့ရတာကို အစိုး နားနဲ့ဆတ်ဆတ် ကြားခဲ့ရတယ်၊ မေမေက ဆိုရင်တော့ပြီးရော၊ ကိုတာ့အကြောင်း ချီးကျူးရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါပဲ၊ အဲဒီတုန်းကဆို အစိုးလဲ ကိုတာ့ကို အင်မတန် လေးစားမိသပေါ့၊ အိုလေ ဘယ်လိုစိတ်မျိုးနဲ့ အစိုး လေးစားခဲ့တယ်ဆိုတာ ကိုတာလဲ သိမှာပေါ့။ ခုတော့ ဘွင်းဘွင်းပဲ ဖွင့်ပြောရရင် အစိုး ကိုတာ့ကို သာမန်မိတ်ဆွေတစ်ယောက် ခင်မင်ရုံ ခင်မင်တာက လွဲလို့ ဒိပြင် ဘယ်လိုစိတ်မျိုးနဲ့မှ အစိုး မလေးစားချင်တော့ဘူး၊ ကိုတာ့အကြောင်းတွေ ကြားရတာလဲ စိတ်မကောင်းဘူး၊ ခု ကိုတာ ဘယ်အခြေမှာ ရှိနေသလဲ ကိုတာ ပြန်စဉ်းစားကြည့်ပါ၊ တကယ်လို့ ခုနေ ကိုတာ မိန်းမယူမယ်ဆိုပါတော့၊ ကိုတာ ဘာလုပ်ကျွေးမလဲ ဟင်၊ ပညာ ဘယ်လောက်တတ်သလဲ၊ လခ ဘယ်လောက်ရနိုင်မလဲ၊ ဒါလောက်ပြောရင် ကိုတာ ရိပ်မိလောက်ရောပေါ့ နော်။ အစိုး မကျေနပ်တာတွေကတော့ ဒါပါပဲ၊ ပညာ ဆက်ပြီးမသင်တာရယ်၊ ကိုတာ့အမူအရာ (စိတ်မဆိုးနဲ့နော်) ဆောင့်ကြွားကြွားဖြစ်နေတာရယ်၊ ပြီးတော့ ဒါလဲ ကိုတာ သိပါတယ်လေ၊ အရင်ကနဲ့ ခု ကိုတာ့ အနေအထိုင် အပြုအမူတွေ ဘယ်လိုကွာခြားနေတယ်ဆိုတာ၊ ဒီတော့ အစိုး ကိုတာ့ကို ဘယ်မှာလေးစားနိုင်တော့မလဲ၊ ဘယ်လို အားကိုးရမလဲ၊ ကဲ ဟင်၊ ဒါပေမဲ့ ကိုတာ မကြိုက်တဲ့အချက်တွေကို အစိုးပြုပြင်ခဲ့သလို အခု အစိုးမကျေနပ်တာတွေလဲ ရေးလိုက်ပါပြီ၊ ကိုတာက အချိန်မှီ ပြုပြင်နိုင်မယ် ဆိုရင်တော့
ခင်မင်စွာပါပဲ

/အစိုး

ထိုစာကို ဖတ်၍ဆုံးသည်နှင့် အတာသည် ဖြုန်းခနဲ ထရပ်လိုက်၏။ ခင်စိုးလှတို့အိမ်ဘက်သို့လည်း မယောင်မလည် လှည့်ကြည့်လိုက်၏။ အဆင်သင့်သလို အတာ့ဘက်သို့ မျက်နှာမူ၍ ရပ်နေသော ခင်စိုးလှကလေးကို မြင်လိုက်ရသည်နှင့် အတာလည်း လက်ထဲမှ စာရွက်ပြာကလေးကို ခင်စိုးလှ မြင်လောက်အောင် ထောင်တည့်ကာ အစိတ်စိတ်အမြွှာမြွှာ ဆွဲဆုတ်လုံးထွေးပြီး ခပ်ဆောင့်ဆောင့်ကလေး လွှင့်ပစ်လိုက်တော့၏။ နောက် ချာခနဲ အခန်းထဲသို့ လှည့်ဝင်လာရင်းက
"လူပါးဝလို့ ဟင်း၊ အချစ်ကို နိုင်ငံရေးနဲ့ လဲမယ့်အကောင်များ မှတ်နေသလား မသိဘူး၊ ထွီ"

ဤသို့ပင် မာန်နှင့်ဒေါနှင့် ပြောဆိုရေရွတ်ရင်း လက်သီးနှစ်ဖက်ကိုပါ ခပ်တင်းတင်း ဆုပ်လိုက်လေသေး၏။ ချက်ချင်းဆိုသလို အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး သူ့ဒေါ်ဒေါ်သန်းထံဝင်ကာ
"ဘာခိုင်းစရာရှိသေးလဲ ဒေါ်ဒေါ်"

သူ နိုင်ငံရေးလျှောက်လုပ်နေသည်မှာ တခြား၊ သို့သော် ဤလိုစိတ်ထားကလေးကား သူ့ကျေးဇူးရှင်များအပေါ်တွင် ရှိနေသေး၏။

"အေးကွယ်၊ ခိုင်းစရာမရှိပါဘူး၊ မင့်ကြည့်ရတာ တယ်ပိန်သကွယ်၊ အိပ်ပျက် သိပ်မခံနဲ့ကွဲ့"

"မခံပါဘူး ဒေါ်ဒေါ်"

"အေး အေး သွားစရာရှိ သွား"

အတာလည်း ရည်ရွယ်ချက်မရှိဘဲနှင့် ခြေဦးတည့်ရာသို့ လျှောက်လာခဲ့၍ တိုက်သုံးလေးလုံး ကျော်လာသည်နှင့် ငွေနှင်းတောင် သိုးမွှေးတိုက်အတွင်းမှ
"ဟေး အတာ လာစမ်းပါဦးကွ" ဟု ခင်စိုးလှတို့ဖေဖေက လှမ်းခေါ်လိုက်သဖြင့် အတာလည်း ချာခနဲ လှည့်ကြည့်ရင်း တိုက်ထဲသို့ လှမ်းဝင်သွားတော့၏။

"ဘာလဲကွ လတ်လျားလတ်လျားနဲ့ ဒီလိုပဲ အချိန်ကုန်နေတော့မှာလားကွ ဟင်"

မပြောစဖူး ထူးထူးခြားခြား မာန်လိုက်သောကြောင့် အတာတွင် ရုတ်တရက် ဘာပြောရမည် မသိဘဲ ခေါင်းကလေး ငုံ့ကာ အငိုင်သားတွေသွားစဉ်
"မင်း တော်တော်မိုက်တဲ့ သူငယ်ပဲ၊ မသန်းတို့က မင့်အပေါ် ဘယ်လောက်ကောင်းသလဲ ဟင်၊ မင်း သူတို့စကား နားမထောင်ဘူး၊ ကျောင်းက ထွက်ပစ်တယ်"

ထိုစကားမှ ရှေ့ဆက်လျှင် သူ၏ယုံကြည်ချက်ကို ထိခိုက်လာတော့မည်ဟု အတာ တွက်ထား၏။ အကယ်၍ သူ၏နိုင်ငံရေးစိတ်ဓာတ်ကို ထိခိုက်လာလျှင်လည်း အဆင်သင့် ချေပရန် အကြံထုတ်ရင်း စကားလုံး ရှာနေမိ၏။

"အေးလေ ပြီးတာလဲ ပြီးပြီပဲ၊ ကဲ မင်း အလုပ်လုပ်မလား အတာ၊ ဦးလေး အလုပ်ပေးမယ်၊ ထွေထွေ ထူးထူးတော့ မလုပ်ရပါဘူး၊ ဝယ်သူလာရင် ဝိုင်းရောင်းရုံပဲ၊ အေး စာတိုက်လဲ တစ်နေ့တစ်ခေါက် သွားပေးရမယ်၊ အဲဒါ တစ်လကို အစိတ်ပေးမယ် ဟုတ်လား"

အတာ မဖြေသေး။ တွေလျက်ပင် စဉ်းစားနေသေး၏။ သူ့တွင် လောလောဆယ် ဝင်ငွေဆို၍ တစ်ပြားမှ မရှိ။ ပါတီသို့ပင် အမြဲလိုလို ခြေကျင်လျှောက်၍ သွားနေခဲ့ရ၏။ တစ်လ အစိတ်ဆိုသောစကားကို ကြားလိုက်ရသည်နှင့် မျက်နှာထားကလေး ကြည်လာစဉ်
"မင်း ငြင်းမယ်တော့ မကြံနဲ့နော်၊ ငယ်ထိပ်ကို ပိတ်ထိုးလိုက်မယ် သိလား၊ အမှန်တော့ လူလိုလို့ မင့်ကို ခေါ်တာ မဟုတ်ဘူးကွ၊ ခုလို ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေတာ ဦးလေး မကြည့်ချင်လို့၊ သိလား"

လုပ်ချင်နေပြီဖြစ်သော အတာကလည်း ဆတ်ခနဲ ခေါင်းညိတ်လိုက်၏။

"အေး၊ ဒါပေမဲ့ ပြောရဦးမယ်၊ မင်းက အရင် တို့အလုပ်သမားတွေကို သပိတ်မှောက်ဖို့ မြှောက်ပေးဖူးတဲ့ သတ္တဝါကလေးမို့ ဟဲ ဟဲ အလကား ဦးလေးက ရယ်စရာပြောတာပါကွာ၊ အေး တနင်္ဂနွေနေ့က အလုပ် ပိတ်ပေးမယ် ကြားလား အတာ၊ ကဲ သွားတော့ နက်ဖြန်ကစပြီး အလုပ်ဆင်းပေတော့"

ခင်စိုးလှတို့ဖေဖေကောင်းမှုကြောင့် အတာ ဣနြေ္ဒကလေးရနေပြီဖြစ်၏။ သို့တိုင်အောင်လည်း သူ့နိုင်ငံရေးကိုကား သူ မစွန့်သေး။ အားလပ်ခွင့်ရသော တနင်္ဂနွေနေ့တိုင်း ပါတီဌာနချုပ်သို့ သွားမြဲသွားနေသေး၏။ တစ်ခါတစ်ရံ အရေးကြီးသောကိစ္စမျိုးရှိလာကလည်း ခင်စိုးလှတို့ဖေဖေထံ ခွင့်ပန်၍ သွားတတ်၏။ ဦးလှဆောင်ကလည်း ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုလေ့ရှိ၏။

အချိန်မှာ ညနေ ငါးနာရီခန့်ဖြစ်၏။ အတာ့မေမေက အမဲအူပြုတ်များ ဆယ်ပေးသည်ကို ကိုထွန်းအောင်နှင့် အမာကလေးတို့က ထိုအမဲအူများကို ဓားကိုယ်စီဖြင့် တဗျစ်ဗျစ် ခြစ်နေကြ၏။ ထိုအခိုက်တွင် အတာ ရောက်လာပြီး
"ဟောဒီမှာ ဧည့်သည်တစ်ယောက်က အဖေထွန်းနဲ့ မေမေ့ကို တွေ့ချင်လို့တဲ့"

အတာလည်း လှေကားဝတွင် ရပ်လျက် တံခါးတစ်ဖက်ကို ကိုင်ထားရင်းက သို့ပြောလိုက်သောကြောင့်
"ဘယ်သူများပါလိမ့်"

မသိန်းမေလည်း သို့ ရေရွတ်ရင်း လက်ထဲမှ အမဲအူတို့ကို ချ၍ လက်ဆေးလိုက်၏။ ထိုနည်းတူ ကိုထွန်း အောင်ပါ လက်ဆေးသုတ်သင်ပြီး နှစ်ယောက်ပြိုင်တူ ထွက်လာကြ၍ တံခါးပေါက်အနီးရောက်သည်နှင့်
"အလကားပြောတာပါ မေမေ၊ မေမေတို့ကို ကျွန်တော် ကန်တော့ချင်လို့ လိမ်ခေါ်တာပါ၊ မလာမှာ စိုးလို့"

အတာလည်း ပြောပြောဆိုဆို ဆောင့်ကြောင့်ကလေးထိုင်ကာ အလွန်လျှင် ထူးခြားတုန်လှုပ်သော အမူအရာကလေးဖြင့် မိဘနှစ်ပါးအား သုံးလီသုံံးကြိမ်စီ ဦးနှိမ်ရိုကျိူးနှင့် ရှိခိုးနေသောကြောင့် ကိုထွန်းအောင်ရော မသိန်းမေပါ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ယောင်ချာချာ ဖြစ်နေကြတော့၏။

"ဟေ့ကောင် မင်း ဘယ်သွားဦးမလို့လဲ"

ယခင် မော်လမြိုင်သွားစဉ်ကလည်း ဤလိုပင် ဦးချခဲ့ဖူးသောကြောင့် ကိုထွန်းအောင်က ကောက်ကာငင်ကာ မေးလိုက်သည်ကို
"မသွားပါဘူး"

သို့ ဖြေရင်း အတာ ထရပ်ကာ လက်ထဲတွင်ကိုင်ထားသော စက္ကူအိတ်ကလေးကို သူ့မေမေအား လှမ်းပေးလိုက်ရင်းက
"အဲဒါ ကျွန်တော် အလုပ်လုပ်လို့ရတဲ့ ပထမဆုံးလခ မေမေ၊ မေမေ သုံးချင်တာ သုံးပေါ့၊ ကျွန်တော် ကန်တော့ပါတယ်"

သို့ အတာပြောနေစဉ်မှာပင် မသိန်းမေက စာအိတ်ကလေးကို ဖွင့်ကြည့် ဆွဲထုတ်လိုက်သည်နှင့် ဆယ်တန်နှစ်ရွက်နှင့် ငါးကျပ်တန်တစ်ရွက် ထွက်လာသည်ကို တွေ့ရ၏။

မိဘနှစ်ပါးစလုံးပင် အတန်ကြာသည်တိုင်အောင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တွေနေကြ၏။ နောက် စက္ကန့်ပိုင်းလောက်အတွင်းမှာပင် ကိုထွန်းအောင် မျက်ရည်ဝေလာ၏။ မသိန်းမေတွင်မူ ဝေရုံသာမက မျက်ရည်တို့သည် တသွင်သွင် စီးကျတော့၏။

"သား အတာ သားလေး"

မသိန်းမေကလည်း သို့လျှင် ရေရွတ်မိရာမှ ရှေ့ဆက်၍ပြောရန် သူကြိုးစား၏။ သို့သော် နှုတ်ခမ်းသာ တရွရွ လှုပ်နေသည်၊ စကားဆို၍ ဘာတစ်ခွန်းမျှ ထွက်မလာတော့ဘဲ နောက်ဆုံး၌ မျက်ရည်ကလေး တလည်လည်နှင့် ငေးနေသော အတာကိုသာလျှင် သိမ်းကျုံးပွေ့ဖက်ကာ ပါးပါးချင်း ပွတ်လျက် မျက်ရည်ချင်းနှောကာ အတောမသတ် ရှိုက်နေလေတော့၏။

ကိုထွန်းအောင်တွင်မူ မျက်ရည်ပင် လည်နေသော်လည်း ပါးစပ်ကမူ ပြုံးပြုံးကြီးကြည့်ရင်း ခေါင်းတညိတ်ညိတ် ဖြစ်နေ၏။ အတာ့ညီမလေး အမာမှာလည်း မျက်ရည်ကလေး အရွှဲသားနှင့် ဝမ်းနည်း ဝမ်းသာကလေး ငေးနေရှာ၏။

"သားလေး အတာ၊ မင့်အပေါ် မေမေ စိတ်ထားဆိုးခဲ့သမျှ ခုတော့ မေမေ ရင်ကွဲပြီ သားရယ်၊ မေမေ အသည်းကွဲပြီ"

သို့ပြောလိုက် အတာကလေးအား ဖက်၍ နမ်းလိုက်ဖြင့် မသိန်းမေတွင် သည်းအူပြတ်မျှ နောင်တကြီးရနေတော့၏။

"မှားခဲ့ပြီ၊ မေမေ မှားခဲ့တာဟာ နည်းနည်းလေးမဟုတ်ဘူး သားရယ်၊ နည်းနည်းလေး မဟုတ်ဘူး၊ သားလေးဟာ ဟိုတုန်းက မလိမ္မာရင် ခုနေ သူခိုးဖြစ်နေမလား၊ ခါးပိုက်နှိုက်ပဲ ဖြစ်နေမလား မသိဘူး၊ အဲသလောက် မေမေ ဆိုးခဲ့တယ်၊ ငါ့သားအပေါ်မှာ မေမေ .."

အားပါးတရ ဖက်လိုက်ပြန်၏။ ရက်ရက်ရောရော နမ်းနေပြန်၏။ ထိုအခိုက်တွင် လမ်းမဆီမှ ရွှီခနဲ မှုတ် လိုက်သော လေချွန်သံနှင့်အတူ "အတာကြီး ဟေ၊ ဟေး အတာ"ဟူသော မောင်မောင်တို့အသံ ပေါ်လာသောကြောင့်
"ကဲ အတာ၊ သွား သွား၊ ဟိုမှာ မင့်သူငယ်ချင်းတွေ လာခေါ်နေပြီ သွားလေကွာ"

ကိုထွန်းအောင်လည်း အတာအား ဤလိုပြောလိုက်မှပင် မသိန်းမေအား မျက်စိမှိတ်ပြလိုက်၏။ အတာ ဆင်းသွားလျှင် ဆင်းသွားချင်း ကိုထွန်းအောင်လည်း ခေါင်းတညိတ်ညိတ်နှင့် မသိန်းမေအား ကြည့်နေပြီးမှ
"ကဲ ဘယ့်နဲ့လဲ မသိန်းမေ၊ ကျုပ် အစကမပြောဘူးလား၊ ပြောတော့ ခင်ဗျား စိတ်ဆိုးတယ်၊ ခင်ဗျားဟာ စာလည်း မတတ်ဘူး၊ စာမတတ်တော့ ဗဟုသုတမရှိဘူး၊ ဒီတော့ ဘယ်လိုပြောလို့မှ ခင်ဗျား နားမဝင်ဘူး၊ ဟုတ်တယ် မဟုတ်လား"

သူ့အမှား သူ ဝန်ခံသလို မသိန်းမေကလည်း ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ကိုထွန်းအောင်ကိုသာ တွေကြည့်ရင်း နားစွင့်နေ၏။

"သူတို့ကြီးလာလို့ အလုပ်အကိုင်ရရင် သူတို့သားမယား ရှာကျွေးမှာဆိုတဲ့ စကားနဲ့ပဲ အကြောင်းပြပြီး ခင်ဗျား ဒီကောင်လးကို လျစ်လျုရှုထားခဲ့တယ်၊ ရက်စက်ခဲ့တယ်"

သို့လျှင် ပြင်းပြင်းထန်ထန်ကလေး ပြောလိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရသလိုဖြင့် ကိုထွန်းအောင် မျက်နှာထားပြောင်းသွားကာ "အေးလေ အမှန်ကတော့ ခင်ဗျားအပြစ်ချည့်လဲ မဟုတ်ဘူး၊ တရားတော်နဲ့ ကြည့်မယ်ဆိုရင် သူ့ အကုသိုလ်ကလဲ တော်တော်ပဲ ကြီးမားပုံရတယ် မသိန်းမေ၊ ခု ကြည့်ပါလား၊ ဒီကောင် အမျိုးမျိုးဒုက္ခရောက်ရပြီးမှ သူ့ကို မသန်းသန်းတို့က ဘယ်လောက်ချစ်သလဲ၊ ဘယ်လောက် အရေးပေးသလဲ၊ နိုင်ငံခြားတောင်ပို့ပြီး ပညာသင်မယ်လို့ ပြောထားရက်နဲ့ ဒီကောင့် အကုသိုလ်က မကုန်သေးတော့ ကြံဖန်ပြီး ဒီကောင် ပျက်စီးရတယ်"

"မဆိုင်ပါဘူးရှင်၊ ဒီကောင် ဒီလိုဖြစ်ရတာဟာ ဟိုနိုင်ငံရေးသမားတွေ မြှောက်ပေးလို့ပါ"

ဤတစ်ချီတွင် မသိန်းမေက စောဒကတက်ပုံ အချက်ပိုင်သွားတော့၏။

"ကဲ ထားပါတော့လေ၊ အရေးကြီးတာက သားသမီးရယ်လို့ ဖြစ်လာပြီဆိုရင် သူတို့ကို တတ်နိုင်သလောက် ပညာပေးဖို့က မိဘဝတ္တရား၊ သူတို့က အလုပ်အကိုင်ရလို့ ကျွေးတာ မကျွေးတာက သူတို့ဝတ္တရား၊ အေး ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ စားရကောင်းစေ၊ ပေးရကောင်းစေဆိုတဲ့ သဘောမျိုး ဘယ်တော့မှ မထားနဲ့ မသိန်းမေ၊ ကျုပ်ကိုကြည့်၊ ကျုပ်မိဘကို တစ်နှစ်နေလို့ တစ်ဆယ် မထောက်ပံ့နိုင်ခဲ့ဘူး၊ ထောက်နိုင်လောက်အောင်ပဲ ဝင်ငွေက မပြည့်စုံဘဲကိုး၊ ဒါဟာ လောကဓမ္မတာပဲ၊ မိဘဖြစ်သူက သား သမီးလုပ်စာကို စားရကောင်းစေဆိုတဲ့စိတ်နဲ့ မျှော်လင့်ပြီး မစားရရင် ဘာဖြစ်မလဲ၊ စိတ်ဆင်းရဲမယ်၊ ငါ့ကို မကျွေးလေခြင်း၊ မပေးလေခြင်းဆိုပြီး အဲသလို စိတ်ထားမျိုးထားနေသမျှ သားသမီးမှာ ထိခိုက်တတ်တယ်"

ဤတစ်ကြိမ်သာလျှင် ကိုထွန်းအောင်၏တရားကို မသိန်းမေ နာဖော်ရ၏။ သို့အလျောက်လည်း ကိုထွန်းအောင် က ဆက်လက်၍
"ခုနပြောသလို သဘောမထားဘဲ အေးလေး သူတို့ကကျွေးလဲ စားရတာပေါ့၊ မကျွေးလဲ မရေးမကြီးပါဘူး ဆိုတဲ့ စိတ်မျိုးသာထား၊ အင်မတန် စိတ်ချမ်းသာတယ်၊ သူတို့မပေးလဲ ကိုယ်ဘာမှ စိတ်မထိခိုက်ဘူးပေါ့၊ ဒါပေမဲ့လဲ ကဲကြည့်၊ အတာလို သိတတ်တဲ့ သားသမီးလိုဟာမျိုးကျတော့ ပြောနေစရာ လိုသေးသလား၊ သူ့ဟာသူ သိပြီး သူ့ဟာသူ လာကန့်တော့သွားပြီ မဟုတ်လား "

ဤတွင် မသိန်းမေ၌ မျက်ရည်ကလေး တစမ်းစမ်းဖြစ်လာပြန်၏။

"ဒီကောင် သိပ်လိမ္မာတယ်နော် သိလား၊ ခင်ဗျား ဥပေက္ခာထားပုံနဲ့ဆို တော်ရုံကလေးသာဖြင့် တစ်ခါထဲ အဖတ်ဆယ်လို့တောင် ရမှာမဟုတ်တော့ဘူး။ ခု ကြည့်စမ်း၊ ခင်ဗျား သူ့အပေါ် ဘယ်လောက်ဆိုးခဲ့သလဲ၊ ဒါပေမဲ့ မိဘဆိုးကို မွေးကျေးဇူးကို သူမမေ့ဘူး၊ သူရတာတစ်လအစိတ်၊ ခု တစ်ပြားမှ မလျော့ဘူး၊ လာကန်တော့သွားတယ်"

မသိန်းမေလည်း ကိုင်ထားသော ငွေအစိတ်ကို ငုံ့တွေ တွေကြည့်နေပြီးမှ
"ကျွန်မ မသုံးရက်တော့ပါဘူးရှင်၊ သားလေးကိုပဲ ပြန်ပေးလိုက်မယ်၊ သူပဲ သုံးပါစေတော့"

"ဟား ဒီလိုဆိုရင် ခင်ဗျားမှားသွားလိမ့်မယ်၊ သုံးပါ၊ သူပေးတာကို ခင်ဗျားမသုံးရက်ရင် အလှူတစ်ခုခု လုပ်လိုက်၊ အေး သူ့ကို ပေးချင်သပဆို သတ်သတ် ခင်ဗျားပိုက်ဆံထဲက ပေးပေါ့"

"ဟုတ်ပါတယ် ကိုထွန်းအောင်၊ ရှင်ပြောသလို ကောင်းတယ် ပြီးတော့"

မသိန်းမေသည် စကားကို ရှေ့မဆက်သေးဘဲ လက်သူကြွယ်တွင်၀တ်ထားသော နှစ်ပါးသွား စိန်လက်စွပ်ကလေးကို ချွတ်လျက်
"ကိုထွန်းအောင် ရော့၊ အတာ့ကို သွားပေးချည်ပါ၊ ၀တ်ထားလို့နော်၊ ခုပဲ သွားပေးပါရှင်၊ ကျွန်မသားလေး ချက်ချင်းလက်ငင်း ၀မ်းသာသွားစေချင်လို့ပါ"

မသိန်းမေ၏အသံတွင် မိဘမေတ္တာအပြည့်ပါသကဲ့သို့ ကိုထွန်းအောင် ၀မ်းမြောက် ရွှင်လန်းခြင်းဖြစ်ရသည်မှာလည်း အနှစ်ချည်းသက်သက်ဆိုသလို တစ်မျက်နှာလုံး ချိုသွားလေတော့၏။

* * * * *

အတာ အလုပ်၀င်ခဲ့ပြီးသည့်နောက် ဆယ့်လေးငါးရက်လောက်အတွင်းမှာပင် ခင်စိုးလှဖေဖေသည် အတာ့၏ စိတ်နေသဘောထားကို နည်းအမျိုးမျိုးဖြင့် စမ်းခဲ့၏။ ကျပ်ပြည့်ရိုးသားသော အတာ၏ကိုယ့်ကျင့်တရားကို စိတ်ချသလောက်အောင် သိခဲ့သည့်နေ့မှစ၍ ဦးလှအောင် အပြင်သွားစရာရှိက အတာသာလျှင် ပိုက်ဆံသေတ္တာ ကိုင်ရ၏။

ယနေ့လည်း အခြားအလုပ်သမားများ လက်ဖက်ရည်သောက်သွားနေခိုက်နှင့် ဦးလှဆောင် ထမင်းပြန်စားခိုက် ကြုံကြိုက်နေသောကြောင့် ဆိုင်တွင် အတာတစ်ယောက်တည်းသာ ရှိ၏။ ကုလားထိုင်တစ်လုံးတွင် တစ်စုံတစ်ရာသော အတွေးတွင် ငိုင်နေခိုက် ရုတ်တရက် ဖိနပ်သံတစ်ခု ပေါ်လာသောကြောင့် အတာလည်း ဖျတ်ခနဲ မော်ကြည့်လိုက်၏။

မမျှော်လင့်ဘဲ ရောက်လာသူမှာ ခင်စိုးလှဖြစ်နေသည်ကို တွေ့ရသည်နှင့် အတာလည်း ပျာပျာသလဲပင် မျက်နှာကို ပြန်ငုံ့ပစ်လိုက်၏။

"ဘာလဲ ကိုတာ၊ အစိုးကို မုန်းသွားပြီလား"

ဤတွင် အတာ ချက်ချင်း ပြန်မော့လာ၏။ မြင်လိုက်ရသော အစိုး၏မျက်နှာကလေးမှာ ကြည်ကြည်နှင့် သန့်သလောက် တည်တည်နှင့် ခန့်လှတော့၏။ အတာသဘောကျသည်မှာလည်း ဤလို ဣနြေ္ဒမျိုးပင် ဖြစ်၏။

"ဘယ်သူက မုန်းတယ်ပြောလို့လဲ၊ ဒီမှာ အစိုး၊ အဲဒီစကားတွေမပြောကြရင် ကောင်းမယ်ထင်တယ်၊ ခု ကိုတာက အစိုးတို့ဖေဖေရဲ့ အလုပ်သမားဖြစ်နေပြီ၊ သူ့အရိပ်ခိုရင် သူ့အခက်ကို"

"နေပါဦး ကိုတာ၊ ဘာလဲ ချစ်တယ် မုန်းတယ်ဆိုတဲ့ စကားနှစ်ခုက ချစ်တယ်ဆိုရင် သမီးရည်းစား စကား၊ မုန်းတယ်ဆိုရင် သမီးရည်းစား ခွဲပြဲတဲ့သဘောရယ်လို့ ဒီနှစ်မျိုးပဲ အဓိပ္ပာယ်ထွက်သလား ဟင်"

အတာ ဘာမျှ မဖြေနိုင်။ တစ်ခါတည်း မှိုင်ကျသွားတော့၏။

"အစိုး ကတော့ ဘွင်းဘွင်းပဲ၊ လူတစ်ယောက်ကို ဘယ်လိုအဓိပ္ပာယ်နဲ့ပဲဖြစ်ဖြစ် ချစ်မိရင်လဲ မုန်းခဲတယ်၊ မုန်းမိပြီဆိုလဲ ပြန်ချစ်ခဲတယ်၊ ကိုတာ့ကိုတော့ ဟိုစာထဲပါတဲ့အတိုင်းပဲ ဆိုပါတော့၊ အင်း ဒါပေမဲ့ အစိုးဟာ ကိုတာ့လိုတော့ အချစ်နဲ့အမုန်းကို အဓိပ္ပာယ်တစ်မျိုးထဲထားပြီး"

"တော်တော့ အစိုး၊ ကိုတာ နားလည်ပြီ၊ ကိုယ်ကလဲ အစိုးကို အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေအနေနဲ့ အခင်အမင် မပျက်ဘူး၊ ပြီးတော့ ဟိုနေ့က စာဆုတ်ပစ်တဲ့ အပြုအမူအတွက်လဲ ...."

"အစိုး ခွင့်လွှတ်ပြီးသားပါ ကိုတာ"

* * * * *

အလုပ်၀င်ခဲ့ပြီးသည့် နှစ်လမြောက်သောနေ့သည် တနင်္ဂနွေနေ့နှင့် ဆုံနေသောကြောင့် ဆိုင်ပိတ်၏။သို့သော် ဒေါ်ဒေါ်အေးက တိုက်ပေါ်သို့ခေါ်၍ အတာ့အတွက် ထည့်ထားသော လခငွေအစိတ် ပါသည့်စာအိတ်ကို လှမ်းပေးရင်း
"အဲဒါ မင့်ဦးလေးက မင့်အတွက် စပါယ်ရှယ်ပေးသွားတာကွဲ့၊ ဒီပြင်အလုပ်သမားတွေတော့ နက်ဖြန်မှ လခရကြလိမ့်မယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောပါ ဒေါ်ဒေါ်"

"အောင်မလေးကွယ်၊ ကျေးဇူးတင်စရာလိုတဲ့ လူတွေမှ မဟုတ်တာ၊ သြ ဒါနဲ့ ဒီနှစ်သင်္ကြန်မှာ မင့်နှမက ကားနဲ့လျှောက်လည်ချင်သတဲ့၊ မင်းတာ၀န်ခံပြီး လိုက်ပို့ပေးနိုင်ပါ့မလား အတာ"

အတာလည်း အတန်ကြာ တွေနေပြီးမှ "ဒေါ်ဒေါ်အေးသိတဲ့အတိုင်းပါပဲလေ၊ အကျွေးအမွေးကိစ္စက ကျွန်တော်ရှိမှ ပြီးမှာမဟုတ်လား၊ ဒါပေမဲ့ တစ်ရက်လောက်တော့ဖြင့််"

"အေးပါ။ တစ်ရက်တည်းပဲ ဒေါ်ဒေါ်အေး ပြောပါတယ်"

"ဟုတ်ကဲ့ ပို့ပေးပါ့မယ်"

ထိုတိုက်ပေါ်မှ ဆင်းလာခဲ့သော အတာလည်း သူ့အိမ်ပေါ်ရောက်သည်နှင့် သူ့မေမေအား ငွေအစိတ်စလုံး ပေးအပ်ရင်း ကန်တော့လိုက်ပြီးမှ "ကျွန်တော်သုံးဖို့ ငါးကျပ်လောက် မေမေ" ဟု ပြောရာမှ မော်ကြည့်လိုက်သည်၌ မသိန်းမေတွင် မျက်ရည်များဝေနေသည်ကို တွေ့ရပြန်၏။

"ယူပါ သားရယ်၊ မင်းပဲ အကုန်သုံးပါ၊ မေမေ့မှာ ပိုက်ဆံရှိပါတယ်၊ ခု မေမေ မြင်းမလောင်းတော့ဘဲ စာတိုက်မှာ စုထားတာတောင် ငွေနှစ်ထောင်ကျော်နေပြီ၊ ငါ့သားပဲ ယူသွား၊ သုံး"

သို့သော် အတာက မယူ၊ ငါးကျပ်တန် ကလေးတစ်ရွက်သာ ဆွဲ၍ အခန်းထဲမှ လှည့်ဆင်းသွားတော့၏။

ထိုနေ့သည် တနင်္ဂနွေနေ့ အတာတို့ပါတီဌာနချုပ်မှ ဖိတ်ထားသောနေ့ဖြစ်၏။ အကြောင်းရင်းကား နာဖျားမကျန်းရှိ၍ ခွင့်ယူထားသော ဌာနချုပ် အထွေထွေအတွင်းရေးမှုးနေရာတွင် နောက်ထပ် ရွေးချယ်လိုက်သည့် အတွင်းရေးမှုးသစ်နှင့် မိတ်ဆက်ပေးရန်ဖြစ်သောကြောင့် ထိုထိပ်သီးခေါင်းဆောင်သစ်နှင့် အမြန်ဆုံး ရင်းနှီးမှုရရန်မှာ အတာတွင် အလွန်အရေးကြီး၏။ သို့မှလည်း သူနှင့် အကျွမ်း၀င်သည်ဟူ၍ အခြားလူများအပေါ်တွင် လျှာအရသာခံနိုင်မည်မဟုတ်ပါလော။

ဖိတ်ထားသည့်အချိန်နှင့် တစ်နာရီသာသာလောက် စော၍ရောက်လာသော အတာသည် ဌာနချုပ်ထဲသို့ လှမ်း၀င်လိုက်သည်နှင့်
"ဟေး အတာ၊ ဟာ မင်းကိုတွေ့ရတာ ငါ၀မ်းသာလိုက်တာကွာ၊ ခု မင်း ဘယ်မှာလဲ ဟင်"

သို့လျှင် ရွယ်တူလူရွယ်တစ်ယောက်က ရုတ်တရက်ဆိုသလို တစ်ဆက်တည်း မေးလိုက်သောကြောင့်
"ငါလား အရင်လမ်းထဲမှာပေါ့ကွ၊ ဒါနဲ့ချစ်အောင် မင်း ဘာလာလုပ်တာလဲ၊ ဒီကို"

"ဌာနချုပ် အထွေထွေအတွင်းရေးမှုးအဖြစ် ငါ့ကို ရွေးကြလို့လေ"

"ဟာ မင်းလား၊ အေး နာမည်တော့ ပါသား၊ ငါမတွေးမိဘူးကွာ၊ ကြည့်စမ်း ကြားရတာ ငါသိပ်၀မ်းသာတာပဲ၊ ငါလဲပါတီ၀င်ပေါ့"

"ဟော ငါလဲ မင်းလိုပဲဟေ့၊ တရားဟောတိုင်းပါတာ မင်းကိုး၊ လက်စသတ်တော့ဟင်၊ မင်းက ငယ်ရုပ်နဲ့ သိပ်မတူဘူး၊ အတော်ပြောင်းသွားတယ်၊ ဒါနဲ့ မင်း ကောလိပ်မရောက်ဘူးနော်၊ ဘယ်အတန်းက ထွက်လိုက်သလဲ"

"ဟိုက်စကူး ကိုတန်းကပေါ့"

"ငါတော့ ဗုဒ္ဓဘာသာကျောင်းကနေပြီး မြို့မကို ကူးတယ်၊ ခြောက်လနဲ့ချည်း မှန်မှန်တက်သွားတာ သုံးနှစ်ခွဲနဲ့ ကောလိပ်ရောက်သွားတာပဲ၊ ခု ငါ ဘီအေ အောင်ခဲ့ပြီလေ"

အတာ ဆက်၍ မကြားလိုတော့ပေ၊ ဥာဏ်ချင်း ယှဉ်လိုက်လျှင် အမြဲတမ်း ထိပ်ဆုံးက နေခဲ့သော အတာသည် ယခု ကိုးတန်းသမား၊ မကြာခဏ သူကပင် စာပြပေးခဲ့ရသော ချစ်အောင်ကမူ ယခု ဘီအေ၊ အတာ့စိတ်လေး ထွေသွားပြီးဖြစ်၏။ ရှက်လည်း ရှက်နေရှာ၏။

သို့နှင့် မိတ်ဆက်ပွဲပြီးသည်ဆိုလျှင် အတာလည်း သုတ်ခြေတင်တော့မည်ဟု ခြေလှမ်းပြင်လိုက်သည်နှင့် ဥက္ကဌကြီး က လှမ်းခေါ်ပြီး ချစ်အောင်နှင့်အတာကို ပိုမိုရင်းနှီးအောင် မိတ်ဆက်ပေးသလိုဖြင့်
"သူကတော့ ဌာနချုပ်မှာ အလုပ်လုပ်ဆုံးပဲ၊ တနင်္ဂနွေနေ့တိုင်း သူလာလိမ့်မယ်၊ အဲဒါအတွင်းရေးမှူးက ခိုင်းချင်တာ ခိုင်းပေါ့နော်၊ ပါတီအတွက်ဆို ပိုစတာကပ်ခိုင်းလဲ သူကပ်တာပဲ၊ ဒီလောက် ပါတီကို ချစ်တယ်၊ စိတ်ဓာတ်လဲ "

"ဘာလဲ ဥက္ကဋ္ဌကြီးက သူ့ကိုမသိဘူးထင်လို့လား၊ ကျောင်းနေဘက်လေ"ဟု ချစ်အောင်က ကြားဖြတ်ပြောလိုက်မှ

"ဟာ မသိဘူးမှတ်လို့ မိတ်ဆက်ပေးနေတာ"ဟုပြောရင်း ဥက္ကဋ္ဌကြီးက အတာအား ပခုံးပုတ်၍ ရယ်လိုက်ပြီးမှ

"ကဲ ကိုချစ်အောင်၊ ရှေ့နေ့ဆီပေးဖို့စာကို တစ်ခါတည်း ပေးလိုက်ပါလား၊ တနင်္ဂနွေနေ့ကျတော့ အတာ သွားပို့ပေးလိမ့်မယ်၊ သူသွားနေကျပဲ"ဟု ဆက်၍ပြောလိုက်သည်နှင့် ချစ်အောင်လည်း ရုံးသုံးစာအိတ်ရှည်တစ်ခုကို သွားယူလာပြီး အတာ့လက်သို့ လှမ်းပေးလိုက်သဖြင့် အတာလည်း ချက်ချင်းပင် ကိစ္စရှိ၍ ဟူသောအကြောင်းပြချက်ပင် သုတ်သုတ်ကလေး လှည့်ထွက်လာတော့၏။

ပါတီအတွက်ဆိုရင် ပိုစကာကပ်ခိုင်းလဲ သူကပ်တာပဲ၊ ဒီလောက် ပါတီကိုချစ်တယ်၊ အဲဒါ သူ့ကို ခိုင်းချင်တာခိုင်းပေါ့၊ ဟုတ်လား... ။
ယခင်က ဥက္ကဋ္ဌကြီး ဤလိုချီးကျူးလိုက်တိုင်း အတာသည် မှိုရသောအမှုအ

06/01/2025

အတာ (သာဓု)
___________

အပိုင်း (၂၁)

“မမစိုးက ပြောနေတယ်၊ ဒီလမ်းထဲက လူပျိုတွေဆိုရင် သူ့ကို အားလုံး စာပေးဖူးကြတာချည့်ပဲတဲ့။ ကိုတာတစ်ယောက်သာ မပေးတာတဲ့၊ ကိုတာကကော ဘာပြုလို့ မပေးတာလဲ၊ ဟင်”

“ငါ သူ့ကို ဘာပြုလို့ စာပေးရမှာလဲ၊ သူ့ကိုမှ ငါမကြိုက်တာ”

ပထမပိုင်းသော အတာဝတ္ထုတွင် အတော်ကလေး စုံစုံလင်လင် ဖော်ပြခဲ့သည့်အတိုင်း ခုနစ်တန်းစာမေးပွဲပင် နီးကပ်လာပြီဖြစ်သောအချိန်၌ အတာသည် တစ်ဆယ့်ခြောက်နှစ်အရွယ် လူပျိုပေါက်ကလေးတစ်ယောက်ဖြစ်နေလေပြီ။ ခင်စိုးလှမှာလည်း ထို့အတူပင်။ အေးချိုမှတစ်ဆင့် ခင်စိုးလှပြောလိုက်သည့် စကားသည် မှန်၏။ မောင်မောင်၊ ဘဆွေ၊ နီတွတ်၊ စိုးမြင့် အစ ကျင်စွိနှင့်ဂနီတည်းဟူသော တရုတ်ကုလား လူပျိုပေါက်ကလေးများပါမကျန် ခင်စိုးလှအား မေတ္တာစာ ပေးဖူးကြသည်ချည်း ဖြစ်၏။ ထိုအထဲတွင် အတာမပါ၊ အတာ ဘာကြောင့် မေတ္တာစာပေး၍ ချစ်ရေးမဆိုခဲ့သနည်း။ အဖြေမှာ ပထမပိုင်းတွင် ဆိုခဲ့သည့်အတိုင်း ခင်စိုးလှ၏အနေအထိုင်နှင့် အဆင့်အတန်း ခွဲခြားတတ်သည့် စိတ်နေသဘောထားကို မနှစ်သက်သောကြောင့်ပင် ဖြစ်၏။

အပျိုချော ပေါလှသော ထိုအရပ်ထဲတွင် အတာ နှစ်သက်လောက်သည့် မိန်းမပျို မရှိသလောက်ရှား၏။ အတာ့စိတ်ထဲ၌ ကြိတ်၍ မြတ်နိုးနေသူနှစ်ယောက်ရှိ၏။ သို့သော် အတာ ချစ်ရေးမဆိုခဲ့၊ စာပေးရန် ဝေးစွ၊ အမူအရာဖြင့်ပင် ချစ်ရိပ်ချစ်ရောင် မပြစဖူး။
အကြောင်းရှာသော် အတာသည် ဤအပြုအမူမျိုးကို ပညာသင်ချိန်၌ ရှောင်ကြဉ်သင့်သည်ဟု သူ ယူဆ၏။ အထူးသဖြင့် ဤလို အပျိုလူပျိုကိစ္စမျိုး၌ ရိုးသားသည်ဟူသော ဂုဏ်ကို အတာ အလွန်မက်မော၏။ သို့အလျောက်လည်း သူ လုံးလုံးရှောင်၏။ သို့လျှင် အချစ်ကိစ္စ၌ သန့်သန့်ရှင်းရှင်းနှင့် ရိုးသားခဲ့သောကြောင့်လည်း အတာသည် အရပ်ထဲ၌ အတော်ကလေး သတင်းမွှေးခဲ့၏။

“ဟဲ့ ဘယ်သွားကြမလို့လဲ”

အရပ်ထဲတွင် အတာကိုယ်တိုင် တွဲဘက်အတွင်းရေးမှူးအဖြစ် ပါဝင်သော အရုဏ်ဆွမ်းတော်အသင်း ရှိ၏။ ထိုအသင်းသည် တနင်္ဂနွေနေ့ နံနက်တိုင်း ရွှေတိဂုံစေတီတော်တွင် အရုဏ်ဆွမ်းကပ်၏။ အခါကြီး ရက်ကြီးနေ့များ၌မူ ရှင်လူရဟန်းတို့ကိုပါ အကျွေးအမွေးတစ်ခုခုဖြင့် ဧည့်ခံလေ့ရှိသည်ဖြစ်ရာ အရပ်ထဲရှိ အိမ်တိုင်းစေ့လိုလို ပျိုအိုမကျန် ဝိုင်းဝန်းကူညီ ဧည့်ခံလုပ်ကိုင်ပေးတတ်ကြ၏။

အကျွေးအမွေးကိစ္စပြီးသည်နှင့် မိန်းမပျိုများရော လူငယ်တစ်သိုက်ပါ အနီးပတ်ဝန်းကျင်သို့ လျှောက်လည်တတ်ကြ၏။ ဤလို စုစုဝေးဝေးနှင့် သွားကြရဟန်ပြင်တိုင်း မိန်းမပျို၏မိဘများက
“ဟဲ့ ဘယ်သွားကြမလို့လဲ”ဟု သမီးဖြစ်သူများ ခွင့်မပန်မီ ကြိုကြိုတင်တင် မေးတတ်ကြ၏။

“လိပ်ကန်ကို မေမေ၊ ငါးတွေ အစာသွားကျွေးကြမလို့ပါ၊ ကိုတာကြီးလဲ ပါပါတယ်”

“အေး အေး သွားကြ”ဟူ၍လည်းကောင်း၊

“ဖေဖေ သမီးတို့ ဘုရားစျေး ခဏသွားမယ်နော်၊ စိပ်ပုတီးဝယ်ချင်လို့”

“သမီးတို့ချည်း သွားလို့ ဘယ်ဖြစ်မလဲ လူကြီးမပါဘဲနဲ့၊ သြော် ဒီလိုလုပ်၊ အတာကို လိုက်ပို့ခိုင်း။ သူ လိုက်ပို့မယ်ဆိုရင် သွားကြ၊ ဟုတ်လား”ဟူ၍ လည်းကောင်း

သမီးပျိုရှင် မိခင် ဖခင်များကိုယ်တိုင်ကပင် အတာပါလျှင် အရာရာစိတ်ချ၏။ မိန်းမပျိုများကလည်း အတာ့ကို ယုံကြည်ကြ၏။ သူ၏တည်ကြည်ရိုးသားမှုကို နှစ်သက်ကြ၏။ အတာနှင့်သာဆိုလျှင် အဘယ်လိုခရီးမျိုးကိုပင် သွားရသည်ဖြစ်စေ မကြောက်မရွံ့ သွားဝံ့၊ လိုက်ဝံ့ကြ၏။ အတာကလည်း သစ္စာစောင့်၏။

တစ်ခါကလည်း အပျိုလူပျိုတစ်သိုက် တစ်စုတစ်ဝေးကြီး တိရစ္ဆာန်ရုံသွားကြရာ၌ ဘဆွေတွင် ကင်မရာတစ်လုံး ပါလာ၏။ တပျော်တပါး ဓာတ်ပုံရိုက်ကြတော့မည်ရှိစဉ် အတာလည်း မိန်းမပျိုတစ်ယောက်အား ခပ်လှမ်းလှမ်းသို့ မျက်ရိပ်ပြ၍ ခေါ်သွားကာ
“ဒီမှာ မြင့်မြင့်၊ နင်တို့ မိန်းကလေးတွေ အားလုံးကိုပြောပြ၊ ဓာတ်ပုံရိုက်ရင် တစ်ယောက်ထဲ အရိုက်မခံနဲ့ ကြားလား၊ အနည်းဆုံး သုံးယောက်လောက် တွဲပြီးရိုက်ကြလို့ ပြော၊ မိန်းကလေးဟာ ဓာတ်ပုံဆိုင်မှာ မဟုတ်ဘဲနဲ့ တစ်ယောက်တည်း ဓာတ်ပုံအရိုက်ခံတာ မကောင်းဘူး၊ အရှုပ်အရှင်းဖြစ်လာတတ်တယ်၊ အဲဒါ နင်တို့ချင်း ကြိတ်ပြီး သတိပေးလိုက်၊ ဟုတ်လား”

“ဟုတ်ကဲ့ ကျွန်မတော့ အရိုက်မခံပါဘူး၊ ဘဆွေကို ကျွန်မ မုန်းတယ်”

“အေးလေ၊ ဒါတော့ နင့်ဟာနင် လိမ္မာသလို ကြည့်ပြီးရှောင်နေပေါ့”

မိန်းမပျိုများလည်း အတာပြောသည့်အတိုင်းပင် အတွဲလိုက် အပြုံလိုက်သာ ဓာတ်ပုံအရိုက်ခံကြ၏။

ထိုအထဲတွင် မြင့်မြင့်မပါ။ ဘဆွေလည်း မြင့်မြင့်ကို အလွန်ဓာတ်ပုံရိုက်ချင်၏။ နည်းအမျိုးမျိုးဖြင့် အခွင့်ကောင်းရှာ၏။ မြင့်မြင့်ကလည်း အကင်းပါးစွာဖြင့် ရှောင်ရှားနေခဲ့သော်လည်း ဘဆွေက တဖြည်းဖြည်း အတင့်ရဲလာကာ ခပ်ပြောင်ပြောင်ပင် မရမက လိုက်၍ရိုက်နေသောကြောင့် မြင့်မြင့်တွင် သည်းမခံနိုင်တော့ဘဲ
“ကိုတာ ဘဆွေကိုပြောရင် ပြောထားနော်၊ ကျွန်မကိုချည်း ဓာတ်ပုံလိုက်လိုက်ရိုက်နေတယ်၊ အဲဒါ နောက်တော့သာ ကျွန်မကို အဆိုးမဆိုနဲ့နော်”ဟု ဒေါသတကြီးနဲ့ လာတိုင်သောအခါ၌မူ အတာတွင် မနေသာတော့သည့်အတိုင်း ဘဆွေအား တစ်ယောက်ချင်းခေါ်၍ အကျိုးအကြောင်းရှင်းပြရင်း

“သူက မကျေနပ်ဘူးတဲ့ကွာ၊ မလုပ်ပါနဲ့၊ တကယ်ဆိုတော့ ဒီလိုကိစ္စတွေမှာ ငါလဲ ဝင်မပြောချင်ပါဘူး၊ ဒါပေမဲ့ သူက လာတိုင်တော့လဲ”

“အေးပါ အတာ၊ ဒီလိုဆိုလဲ ငါ မရိုက်တော့ပါဘူး”

အတာတွင် ဤလိုလည်း နှစ်ဖက်စလုံးက ကျေနပ်စေရန် သိမ်မွေ့သောနည်းဖြင့် ကိစ္စပြီးအောင် ဆောင်ရွက်ရသေး၏။

“အတာလား၊ ဒီကောင်လေးတော့ မပြောနဲ့၊ မိန်းကလေးတွေနဲ့ ပတ်သက်ရင် အရှုပ်အရှင်းတော့ အင်မတန်ကို ကင်းတဲ့ သူငယ်ပဲရှင့်”

“ကိုတာနဲ့သာဆိုရင်လား နုနုတော့ ဘယ်ကိုဖြစ်ဖြစ် သွားရဲတယ်”

ဤလို ဂုဏ်ပြုသံများကို နာခံရသည်မှာ အတာအဖို့၌ ဧရာမအရသာပင်ဖြစ်၏။ တစ်နည်းအားဖြင့် အလွန်မွန်မြတ်သော စောင့်စည်းခြင်းဟူ၍လည်း အတာ ယူဆ၏။ ထို့ကြောင့်လည်း ယခုထိ သူ့သစ္စာရှိမှု သတင်းကလေးသည် အရပ်ထဲ၌ မွှေးဆဲပင် ရှိနေသေး၏။ သို့သော် ခင်စိုးလှ၏ပေးစာကို ရသည့်နေ့မှစ၍ အတာတွင် နေမထိထိုင်မထိဖြစ်နေ၏။ အချစ်ဟူသည် ကိုယ်က စိတ်ထိန်းနိုင်သလောက် တည်ငြိမ်နေမည်ဖြစ်သော်လည်း တစ်ဖက်က စလာလျှင် မရိုးမရွနှင့် လှုပ်ရှားထကြွလာတတ်၏။

ယခု သူ့အား စလာသူမှာလည်း သာမန်မိန်းကလေးမဟုတ်။ ရုပ်ရည်အားဖြင့်ကြည့်သော် အရပ်ထဲတွင် အလှဆုံး၊ ငွေကြေးဘက်တွင်လည်း ပြောစရာမရှိအောင် ချမ်းသာသူ မိဘနှစ်ပါး၏တစ်ဦးတည်းသော သမီးကလေးဖြစ်သည့်ပြင် အကယ်တမ်း တစ်ယောက်နှင့်တစ်ယောက် ရိုးရိုးခင်ရာမှ ယခုလို စလာသည် ဆိုလျှင် အတာ၌ ထိုမျှလှုပ်ရှားလိမ့်မည်မဟုတ်။ ယခုသော် သူ့ကိုကြည့်မရအောင် မုန်းနေပါသည်ဆိုသော မိန်းကလေးက ထိုကဲ့သို့သော စကားအဆန်းဖြင့် အံ့ဖွယ်ဘနန်း ချစ်စကား ကမ်းလှမ်း လာခြင်းကြောင့် အတာတွင် ပို၍ အစဉ်းစားရကြပ်သွား၏။ အမျိုးမျိုးအဖုံဖုံ နည်းလမ်း ကုန်သလောက် စဉ်းစားလိုက်ပြီးမှ
“သူဟာ ငါ့လိုအကောင်နဲ့ မတန်ပါဘူးလေ”

ထိုသို့သော ရေရွတ်သံနှင့် အတာ နောက်ဆုံးကြံစည်ခဲ့၏။ ဆုံးဖြတ်ခဲ့၏။ ထို့နောက် မောင်မောင်တို့ရှိရာ မဟာဗန္ဓုလပန်းခြံသို့ လိုက်သွားကာ တပျော်တပါး ကစားပြီး၍ ပြန်လာသောအခါ၌မူ သူ့ခေါင်းထဲသို့ ခင်စိုးလှပြဿနာသည် မသိမသာ ဝင်လာပြန်၏။ ချော၍လှပြီး လှသလောက်လည်း ကျက်သရေရှိရှိ ချစ်စရာကောင်းသော ခင်စိုးလှကို မြင်ယောင်လာ၏။ ရုတ်တရက်ဆိုသလို ဆံပင်ကလေး ဖားလျားချကာ ချစ်စရာမျက်နှာပေးဖြင့် ပြုံးပြုံးကလေး ထွက်လာသော ခင်စိုးလှကို အတာသည် ယခု ထင်ထင်ရှား ရှား မြင်နေရပြီဖြစ်၏။

စောစောက မြင်ယောင်နေသည်ထက် ခင်စိုးလှသည် ပို၍ချောနေ၏။ ယခင်ကဆိုလျှင် ခင်စိုးလှ ဤလိုထွက်လာသည့်အခိုက် အတာ့ကိုမြင်လိုက်သည်ဆိုသည်နှင့် မျက်နှာကလေး ရှစ်ခေါက်ချိုးကာ ဆိုးဆိုးဆတ်ဆတ် ပြန်ဝင်သွားတတ်၏။ ဝင်မသွားသည့် တိုင်အောင်လည်း နှုတ်ခမ်းကလေး တစူစူနှင့် အတာ့ဘက် ကျောပေး၍သော်လည်း နေတတ်၏။ ယနေ့သော် ထူးထူးခြားခြား အတာ့ကိုမြင်လိုက်သည်နှင့် သွားကလေး ပေါ်လာသည်အထိပင် ပြုံးပြလိုက်ချေသေး၏။
အတာ မတုန်လှုပ်ဘဲ ခံနိုင်ပါမည်လော။

ဤလိုအပြုံးကလေးဖြင့် အတာ၏စိတ်ဓာတ်ကို ဆွဲငင်လိုက်ရုံသာမကသေး။ အတာ မျက်စိနောက်သည်ဟု ဆိုခဲ့သော ဂါဝန်ကားကားနှင့် ဖားဖားကြီးသည် ခင်စိုးလှ ကိုယ်ပေါ်တွင် မရှိတော့ဘဲ မြန်မာပီပီ ပဒုမ္မာအင်္ကျီ ဇင်းမယ်ထဘီကလေးဖြင့် ထူးထူးခြားခြား အသွင်ပြောင်းနေသည်ကို မြင်လိုက်ရပြန်သောကြောင့် အတာတွင် ပို၍ချောက်ချားသွား၏။ တစ်ဖန်လည်း ခင်စိုးလှသည် “ခု ကျွန်မ ကိုတာမကြိုက်တဲ့ ဂါဝန်ကြီးကို မဝတ်တော့ဘူးလေ၊ ကဲ သဘောကျတော်မူပလား”ဟူသော မျက်နှာပေးကလေးဖြင့် ပြုံးကြည့်ပြန်၏။

အတာသည် ဘာမို့ ခံနိုင်လေမည်နည်း။ သူ့စိတ်သည် ယိုင်သွားပြီဖြစ်၏။ ဘယ်သောအခါကမှ မိန်းမပျိုတစ်ယောက်ကို မျက်တောင်တစ်ခတ်ထက် ပို၍ကြာအောင် ကြည့်လေ့မရှိခဲ့သော အတာသည် ယခု ခင်စိုးလှဆီတွင်သာ အာရုံစိုက်နေမိပြန်၏။ သူ့စိတ်တွင် ကြည်နူးသလိုလိုလည်း ရှိနေ၏။

ခင်စိုးလှလည်း ဝရန်တာသို့ထွက်လာသည့်အချိန်မှ ယခုထိသော ရှစ်မိနစ်ခန့်အတွင်း တစ်ကြိမ်လောက်သော်မျှ မျက်နှာလွှဲမသွားသေး။ သူ၏တောက်ပကြည်လင်သော မျက်လုံးဝိုင်းဝိုင်းကလေးများသည် အတာ့ဆီတွင် တွေနေ၏။ စိုက်နေ၏။ သူသည် ဂါဝန်ဝတ်ကျောင်းထွက်ပီပီ အပြောအဆိုလည်း ရဲတင်း၏။ အပြုအမူလည်း ရဲတင်း၏။ မောင်မောင်၊ ဘဆွေ၊ နီတွတ်စသော ရွယ်တူယောက်ျားကလေးများနှင့် ဆက်ဆံရာတွင်လည်း ခြေတို့လက်တို့ဖြင့် ရဲတင်းလွန်းလှသောကြောင့် အတာကိုယ်တိုင်ပင် အကြိမ်ကြိမ် ကြက်သီးထခဲ့မိဖူး၏။ ယခုသော် အတာ၌ ကြက်သီးထရုံသာမဟုတ်တော့ဘဲ ရိုးတွင်းခြင်ဆီပါ စိမ့်နေပြီဖြစ်၏။

ခင်စိုးလှကလည်း ခပ်ရဲရဲပင် ပြုံးနေရာမှ ရယ်ပြလိုက် ခေါင်းကလေးငုံ့၍ ကနွဲ့ကလျကြည့်လိုက် ဝရန်တာမှ နောက်သို့ ဆုတ်သွားကာ ဘေးလူမမြင်နိုင်သည့် အတွင်းတံခါးပေါက်နားရောက်သည်နှင့်
“အစိုး မလှဘူးလား ဟင်၊ ကိုတာ မြတ်နိုးတဲ့ မြန်မာပီပီ အဝတ်အစားကလေးနဲ့လေ”

ဤလိုအဓိပ္ပာယ်ရသော အမူအရာကလေးဖြင့် ပဒုမ္မာအင်္ကျီကလေးကိုလည်းကောင်း၊ ဇင်းမယ်ထဘီကလေးကိုလည်းကောင်း ကိုယ်ဟန်လေးနွဲ့ကာလှည့်ကာ ကိုင်၍ကိုင်၍ ပြနေပြန်၏။ အတာ မခံနိုင်။ ခေါင်းတညိတ်ညိတ်ဖြင့် အငိုင်သား ပြုံးနေမိ၏။ ငေးနေမိ၏။ တစ်ဖန် ခေါင်းလျော်ပြီးစဖြစ်၍ ဆံပင်ကလေး ဖားလျားချကာ ဇက်ပိုးရင်းမှ သိုင်းစု၍ နဖူးနုနု အထက်ပိုင်းကျကျထိ လှလှကလေး ထိန်းချည်ထားသော ဖဲပြားနီနီကလေးကို ဖြူဖွေးသော လက်ညှိုးညက်ညက်ဖြင့် ခင်စိုးလှက သွက်သွက်ကလေး ထောက်ပြနေပြန်၏။

“ဒါကိုကော သဘောကျရဲ့လား”ဟူသော မျက်နှာပေးဖြင့် မေးကလေးဆတ်၍ ထင်မြင်ချက် တောင်းနေပြန်၏။ ဤတွင်လည်း အတာက ပြုံးပြလိုက်၏။ သို့သော် ခင်စိုးလှက မဲ့ပြသည် အထင်ဖြင့်
“ကိုတာ မကျေနပ်လဲ ဖြုတ်ပစ်လိုက်မယ်လေ”

ဤလိုအဓိပ္ပာယ်ဆောင်သော မျက်နှာထားကလေးဖြင့် ခင်စိုးလှလည်း သူ့ခေါင်းမှ ဖဲပြားကလေး၏ အပွင့်ဖော်ထားသည့်အစကို ဆတ်ခနဲ ဆွဲဖြုတ်လိုက်သောကြောင့် အတာတွင် “အို”ဟူ၍ပင် ရေရွတ်မိကာ မျက်နှာလည်း သိသိသာသာပျက်သွား၏။ ခင်စိုးလှက ဘာဆိုလိုသည်ကိုလည်း ရိပ်မိလိုက်သဖြင့်
“ဟုတ်ဖူးလေ အဲဒီ ဖဲပြားကလေးနဲ့က လှတယ်”ဟူသော အရိပ်လက္ခဏာဖြင့် အတာက ခေါင်းကလေး ခါပြလိုက်၏။ ဤတွင် ခင်စိုးလှကလည်း “နေဦး”ဟု လက်ဝါးကလေး ဆန့်ထောင်ပြရင်း အတွင်းခန်းသို့ ပြေးဝင်သွား၏။

ပြန်ထွက်လာသောအခါတွင်မူကား လှလှကလေး စည်းထားသော ဖဲပြားမှာ စောစောကအနီကလေး မဟုတ်တော့ဘဲ သူ့အသားကလေးနှင့် ဟပ်နေသည့် ရေညှိရောင် ဖန့်ဖန့်ကလေး ဖြစ်နေသည်ကို တွေ့ရ၏။

“ဒီလိုက ပိုမလှဘူးလား ဟင်” ဟူသောအသွင်ဖြင့် ခင်စိုးလှက မေးကလေး ဆတ်ပြနေပြန်၏။ အတာကလည်း သဘောကျသွားသလိုပြုံးကာ မသိမသာ ခေါင်းကလေး ညိတ်လိုက်မိစဉ် ရွှီခနဲ လေချွန်၍ ခေါ်လိုက်သော မောင်မောင့်အသံကြောင့် အတာတွင် မဆင်းချင်ဆင်းချင်နှင့် ဆင်းသွားရတော့၏။

အတာတွင် ဘေးဒုက္ခအပေါင်းတို့မှ ကောင်းကောင်းကြီး လွတ်ကျွတ်ခဲ့ပြီဟု ဆိုရန်ရှိရုံသာမက ကုသိုလ်ကံကလေးလည်း ထလာပြီဟု အတိအကျပင် ဗေဒင်မဟောရဘဲ သိသာနေပြီဖြစ်၏။ ကျောင်းစရိတ် အပြည့်အစုံသာမက အဝတ်အစားကိုပါ သူဋ္ဌေးသားများဖြစ်သော မောင်မောင်တို့နှင့် ယှဉ်နိုင်အောင် သူ့ဒေါ်ဒေါ်သန်းတို့က လိုလေသေးမရှိ ဆင်ခဲ့၏။ အိမ်တွင်လည်း ယခင်ကလို ထမင်းကိစ္စတွင် ဝိုင်းမကူရတော့ဘဲ သူ့ညီမလေး အမာသည် အတာလုပ်ရမည့်အလုပ်ဟူသမျှ ဒိုင်ခံ၍ ကူလုပ်ပေး၏။ တစ်ခါတစ်ရံဆိုသလိုသာ တိုတိုထွာထွာဖြစ်သော ငရုတ်သီးစိမ်း နံနံပင်စသည်တို့ကို အတာ သွားဝယ်ပေးရ၏။

သို့သော် မကြာမီပင် ဆိုင်ထွက်ဆိုင်သိမ်းပစ္စည်းသယ်ရန် ဂေါ်ရင်ဂျီကုလားကလေးတစ်ယောက်ကို မသိန်းမေ ငှားလိုက်သဖြင့် အတာ ဝမ်းသာသွား၏။ သို့သော် ထိုကုလားကလေးမှာ မြန်မာစကား မတတ်သောကြောင့် အတိုအထွာတစ်ခုခု လိုတိုင်း အတာပင် စျေးသို့ပြေးနေရပြန်၏။ သို့သော် ကံကလည်း ကောင်းလာပြီ။ ဉာဏ်ကလေးလည်း အခက်နှင့် အညွန့်နှင့်ဆိုသလို ဖြတ်ထိုးဉာဏ်သွက်သူဖြစ်သည့်အတိုင်း တစ်နေ့တွင် ထိုကုလားကလေးကိုပါ စျေးသို့ခေါ်သွားပြီး နံနက်တိုင်းလိုလို သူ သွားဝယ်ရတတ်သော ဟင်းသီးဟင်းရွက်များကိုပြကာ သူတို့ဘာသာ အခေါ်အဝေါ်ကိုမေး၍ ရေးမှတ်ထားလိုက်၏။

ဤနည်းကိုသုံးကာ သူ့မေမေက မန်ကျည်းသီးဝယ်ခိုင်းလျှင် ရေးမှတ်ထားသော စာကိုကြည့်လျက် ဒန်ပ ပန်ဒူးဟု ပြော၍ ကုလားကလေးကိုပင် အဝယ်ခိုင်း၏။ နံနံပင်ဆိုလျှင် ကိုတီးဖီးရားကူး၊ ရုံးပတီသီးဆိုလျှင် ဗန်ဒကိုင်းယား၊ ကြက်သွန်မြိတ်ကို ဝန်လုပန်သု၊ ခရမ်းချဉ်သီးကို ပွန်လွန်းကိုင်းယား စသဖြင့် စာရွက်ကိုကြည့်၍ ဘာသာပြန်ကာ ကုလားကလေးကိုပင် ခိုင်းနိုင်ခဲ့သောကြောင့် သူ့တွင် အစစ သက်သာနေတော့၏။ ဤသည်လည်း တစ်နည်း ကံကောင်းခြင်း (ဝါ) သူ ဉာဏ်ထွင်၍လုပ်တတ်သော အလုပ်၏ ကောင်းခြင်းပင်ဖြစ်၏။

သို့လျှင် အဖက်ဖက်က ကုသိုလ်ကလေးထူးပြီး တစ်ဦးတည်းသော သူဌေးသမီးကလေး ခင်စိုးလှကပါ ချစ်မေတ္တာစကားမျိုး စလာရသည်အထိ သိသိသာသာ ဇာတာကလေး အရောင်ထွက်ခဲ့ရာမှ တစ်နေ့သော် .......

ထိုနေ့သည် ကိုအောင်ကျော် အပါအဝင် ကျောင်းသူကျောင်းသားများ အတွင်းဝန်ရုံးကို ဝိုင်းကြသောနေ့ ဖြစ်၏။ နယ်ချဲ့သမားလက်ချက်ဖြင့် ကိုအောင်ကျော် သေဆုံးသွားရ၏။ အများအပြား ဒဏ်ရာအပြင်းအထန်ဖြင့် နယ်ချဲ့သမားတို့၏ဖိနှိပ်မှုကို ခံလိုက်ရ၏။ ဤသည်ကို အကြောင်းပြု၍ တစ်နိုင်ငံလုံးရှိ ကျောင်းသားများ အုံကြွလာ၏။ နယ်ချဲ့သမားတို့၏အပြုအမူကို ရှုတ်ချသောအားဖြင့် ကျောင်းဟူသမျှ သပိတ်မှောက်ကြ၏။

အတာတို့ကျောင်းလည်း ပါ၏။ မည်သည့်ကိစ္စ အရေးအခင်းမျိုးတွင်မဆို သူများထက် ထူးအောင် ဆောင်ရွက်ရမှ၊ အခွင့်အရေးရလျှင် ကိုယ်တိုင်ဝင်၍ ခေါင်းဆောင်ရမှ ကျေနပ်သော အတာသည် သူတို့ ကျောင်းသပိတ်ကိစ္စတွင်လည်း တစ်ယောက်သော ခေါင်းဆောင်အဖြစ် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့၏။ သပိတ်တားရာတွင်လည်း မားမားမတ်မတ် ရှေ့ဆုံးမှရပ်ခဲ့၏။ ဤလို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ဂုဏ်သတင်းကြောင့်လည်း ထိုကျောင်းသား အရေးတော်ပုံ နောက်ပိုင်းမှ အခါတော်ပေး ဦးပုညလုပ်နေကြသော ထိပ်သီးနိုင်ငံရေးခေါင်းဆောင်များသည် အတာ့အား အထူးအရေးပေးကြ၏။ အတာ၏ဇွဲသတ္တိကို ချီးကျူးကြ၏။ မြှောက်စားကြ၏။

အဖြစ်အပျက် ဥဿုံကို အကုန်ခြုံကြည့်သော် နယ်ချဲ့သမားတို့၏ရက်စက်မှု၊ ဖိနှိပ်မှုကို ကန့်ကွက် ရှုတ်ချသောအားဖြင့် သပိတ်မှောက်သည်မှာ မှန်၏။ ကျောင်းသားများ အသိဉာဏ်နုသေး၍ နိုင်ငံရေးသမားတို့က နောက်ပိုင်းမှ အကြံပေးဉာဏ်ပေးလုပ်သည်မှာလည်း လွတ်လပ်ရေး ကြိုးပမ်းနေကြရသည့် အခိုက်အခါဖြစ်၍ အခြေအနေအရ မှန်၏။ ထိုအရေးတော်ပုံလည်း ပြီးဆုံးသွားလေပြီ။ တစ်နိုင်ငံလုံးရှိ ကျောင်းသားကျောင်းသူအပေါင်းတို့သည်လည်း အခါအားလျော်စွာ ထကြွပြင်းထန်ခဲ့သော နိုင်ငံရေးစိတ်ဓာတ်မှသည် ပညာရေးစိတ်ဓာတ်သို့ ကူးပြောင်းတည်ငြိမ်လာကြပြီဖြစ်၏။

အတာကား မငြိမ်သေး။ အကြိမ်ကြိမ် အခါခါ သူ့ဓာတ်ပုံပါလာဖူးသည့် သူသိမ်းဆည်းစုဆောင်းထားသော သတင်းစာများကိုသာ မကြာခဏလှန်ကြည့်ရင်း သွေးကြွနေ၏။ သဘောကျနေ၏။ သို့သော် သူ့ဓာတ်ပုံထက် အကြိမ်ပေါင်းများစွာ နေ့စဉ်လည်းပါတတ်သော ဗိုလ်အောင်ကျော်၏ပုံကို မြင်လိုက်ရတိုင်း သူ့စိတ်တွင် တစ်မျိုးတစ်မည် ဖြစ်သွားတတ်၏။

“တောက် ငါသာ ဗိုလ်အောင်ကျော်ဆိုရင်”

ဤလိုလည်း အားမလိုအားမရဖြင့် စိတ်ထဲမှ ရေရွတ်နေတတ်ချေသေး၏။ နောက်တစ်ကြိမ်သာ ဤလို အရေးတော်ပုံမျိုး ပေါ်လာက သူသည် ဗိုလ်အောင်ကျော်ကဲ့သို့ နိုင်ငံကျော်သွားအောင် အသက်စွန့်လိုက်မည် ဟူ၍လည်း သူရဲကောင်းဆန်သော စိတ်ကလေးဖြင့် ကြိတ်၍ ကြုံးဝါးနေမိသေး၏။ သပိတ်ကိစ္စအတွင်းက ရင်းနှီးခဲ့ဖူးသော ထိုထိုနိုင်ငံခေါင်းဆောင်တို့ထံသို့လည်း အတာသည် မကြာခဏ သွားလေ့ရှိ၏။ အဆိုပါ နိုင်ငံရေးသမားများကလည်း အတာ ရောက်လာပြီဆိုလျှင် သတင်းစာတိုက် များသို့ ဆုံးဖြတ်ချက် ပို့ခိုင်းတတ်၏။ ကြော်ငြာလည်း ဝေခိုင်းတတ်၏။ ပိုစတာကပ်ရန်လည်း တာဝန်ပေးတတ်၏။

အတာလည်း မငြင်း။ တိုင်းပြည်လွတ်လပ်ရေးအတွက်ဆိုက အသက်ပင် စွန့်ရသေးသည်ဖြစ်ရာ ဤလို ပိုစတာကပ် ကြော်ငြာဝေရသောအလုပ်သည် မျိုးချစ်စိတ် တကယ်ရှိသော လူတစ်ယောက်အဖို့၌ ဘာမျှ ရှက်စရာမလိုဟု အတာ ယူဆခဲ့၏။ သူ့အား ဤလိုခိုင်းကြသည်ကိုပင် အရပ်ထဲမှ သူငယ်ချင်းများအား ဝမ်းသာအားရ ဂုဏ်ယူပြောဆိုတတ်သေး၏။ သို့ ပြောတိုင်းလည်း သူနှင့်ရင်းနှီးသော ထိပ်သီးနိုင်ငံရေး ခေါင်းဆောင်များ၏အမည်ကို ထုတ်ဖော်ပြောဆိုကာ “ငါ သူတို့နဲ့ သိတယ်ကွ”ဟူ၍ တမြမြ အရသာခံတတ်လေသေး၏။

သို့ဖြင့် ကျောင်းတွင်လည်း နိုင်ငံရေးစိတ်၊ အိမ်တွင်လည်း နိုင်ငံရေးစိတ်ဖြင့် စဉ်းစားတွေးတောကာ ငေးမောစရာအလုပ်တစ်ခုသည် သူ့တွင် ပိုနေရသည့်အထဲ၌ ခင်စိုးလှပြဿနာကလည်း တစ်မှောင့် ဆိုသလို ဖြစ်နေပြန်ရာ အတာသည် စာကိုပင် မေ့မေ့လျော့လျော့ ရှိလာတော့၏။

ခင်စိုးလှနှင့်ပတ်သက်၍ တွေးမိတိုင်း အတာသည် သူ့ဦးလေးက ရေးကူးပေးလိုက်သော သူ့ဘိုးဘိုး၏ ဆုံးမစာများပါသည့် ကော်ပီစာအုပ်ကလေးကို ထုတ်၍ ထုတ်၍ ဖတ်မိတတ်သည်။
“ခင်စိုးလှဟာ ငါလိုအကောင်နဲ့လဲ မတန်ပါဘူးလေ”ဟူသော စကားကို အတာသည် မကြာခဏ ပြောခဲ့ဖူး၏။

ဤသည်မှာ အခြားကြောင့်မဟုတ်။ သူ့ဘိုးဘိုး သတိပေးဆုံးမခဲ့သော စကားများတွင် အိမ်ထောင်ဘက် ရွေးချယ်ရာ၌ “မမီသည့်ပန်းကို တုံးခု၍ မလှမ်းနှင့်” ဟူသော ရှေးလူကြီးပီပီ ရှေးကျကျစကားနှင့်အတူ “ကိုယ့်ထက် ချမ်းသာတဲ့မိန်းမ၊ ကိုယ့်ထက် ပညာတတ်တဲ့ မိန်းမကို ငါ့မြေး ဘယ်တော့မှမလှမ်းလေနဲ့” ဟူ၍ အသေးစိတ် သတိပေးခဲ့၏။

“ဟုတ်တယ်။ ငါ့ညီမလေးကို ဦးလေးချစ်တို့ခိုင်းထားတဲ့ကောင်လေးက ရည်းစားစာပေးတာတောင် ငါ ဘယ်လောက် စိတ်ဆိုးသွားလဲ၊ ဒီအတိုင်းပဲ ခင်စိုးလှတို့ မိဘတွေကလဲ ငါလိုကောင်နဲ့ သူ့သမီးကို ဘယ်လိုနည်းနဲ့မှ သဘောတူမှာ မဟုတ်ဘူး၊ ဒီတော့ သူရော ငါပါ စိတ်ဆင်းရဲရရုံပဲရှိမယ်”

ဤလိုလည်း သူ့ဘိုးဘိုးပြောသွားသည့် အသေးစိတ် စကားအတိုင်းပင် အတာ သဘောပေါက်လာ၏။ သို့အလျောက်လည်း ခင်စိုးလှနှင့်ပတ်သက်၍ အတာသည် တတ်နိုင်သလောက် စိတ်ကို ချုပ်တည်းခဲ့၏။ ခင်စိုးလှကလေး ဝရန်တာထွက်နေလျှင် မျက်နှာချင်းမဆိုင်မိအောင် အတာ ရှောင်နေလိုက်၏။ မလွှဲသာ မရှောင်သာ ဒေါ်ဒေါ်အေးခေါ်၍ အိမ်ပေါ်တက်ရသောအခါများ၌လည်း ခင်စိုးလှ ဘာမျှ မပြောသာအောင် လူမြင်ကွင်းဖြစ်သော ဝရန်တာသို့ထွက်ကာ ခပ်တည်တည်ရပ်နေတတ်၏။

သို့နှင့် မကြာမီပင် ခါသင်္ကြန်ပွဲဆင်နွှဲရန် အချိန်ဆိုက်လာပြန်သောကြောင့် အတာတို့ လူငယ်တစ်စုမှာ သူ့တာဝန်နှင့်သူ အလုပ်ဖြင့် ရှုပ်နေကြရပြန်တော့၏။ နှစ်စဉ်နှစ်တိုင်း သင်္ကြန်အခါဆိုလျှင် ဣနြေ္ဒရှင်ကလေးလုပ် ၍ တိုက်ပေါ်တွင်သာ ကုပ်နေလေ့ရှိသော ခင်စိုးလှသည် ယခုသော်ကား မိုးလင်းသည်နှင့် မဏ္ဍာပ်တွင်းသို့ ရောက်လာတော့၏။

“ကိုတာ အစိုး ဘာလုပ်ပေးရမလဲ ဟင်”

အပြောအဆိုရော အဆက်အဆံပါ ရဲတင်းသူကလေးဖြစ်သည့်အတိုင်း အတာနှင့် ထိလုနီးပါး ကပ်ကာ တစာစာ မေးလေ့ရှိ၏။

“မြင့်မြင့်တို့ အေးအေးတို့တောင် ဘယ်သူမှမရောက်ကြသေးဘူး၊ အစိုးလဲ အိမ်ခဏပြန်နေပါဦးလား ဟင်၊ စောပါသေးတယ်”

“ဘာလဲ၊ ကိုတာက အစိုးလာတာ မကြိုက်လို့လား ပြောစမ်း၊ အစိုးက ဘွင်းဘွင်းသမား သိလား၊ လာတာ၊မကြိုက်ဘူးဆိုရင် ခုပြော၊ တစ်ခါထဲ ထွက်သွားမယ်၊ နောက်လဲ မလာဘူး”

မျက်ရည်ကလေး တဝေ့ဝေ့ဖြင့် သို့လျှင် မထေ့တထေ့ကလေး ပြောလိုက်သောကြောင့်
“အစိုး ဒီလို မပြောနဲ့လေ၊ ကိုတာက ဘယ်လိုစေတနာနဲ့ ပြောတယ်ဆိုတာ နားလည်မှပေါ့၊ အရင် အစိုး ဂါဝန်တကားကားနဲ့ ခုန်ပေါက်သွားလာပြီး ဣနြေ္ဒမရဖြစ်နေတာကို ကိုတာ သဘောမကျဘူးဆိုတာ အစိုး သိတော့ ခု ဆင်ခြင်လိုက်တယ် မဟုတ်လား”

“အင်းလေ၊ ဒါကြောင့် ခု မြန်မာပီပီပဲ အစိုး ဝတ်တယ်၊ ဣနြေ္ဒရရ သွားတယ်၊ လာတယ်”

“ကဲ ဘယ်လောက်ကျက်သရေရှိသလဲ၊ အရပ်ထဲကတောင် ပြောနေကြပြီ၊ ခင်စိုးလှ ဣနြေ္ဒရှိမဲ့ ရှိသွားတော့လဲ ဗိုင်းကောင်းကျောက်ဖိပါလားတဲ့၊ အစိုးလဲ ကြားမှာပေါ့”

“ကြားသားပဲ”

“အဲ ဒါပေမဲ့ အစိုးမှာ တစ်ခုလိုနေသေးတယ် ပြုပြင်စရာ၊ အဲဒါ တခြားမဟုတ်ဘူး၊ အစိုးဟာ အပြောအဆို ရဲတင်းလွန်းအားကြီးတယ်၊ ရွယ်တူယောက်ျားကလေးတွေနဲ့ ဆက်ဆံရာမှာလဲ ခြေတို့လက်တို့နဲ့ အဲဒါလဲ ကိုတာ မကြိုက်ဘူး၊ မိန်းကလေးတစ်ယောက်အဖို့ ဣနြေ္ဒသိက္ခာဟာ အရေးအကြီးဆုံးပဲ၊ အဲဒါ အစိုး နားလည်စမ်းပါကွယ်၊ ကိုတာ အစိုးကိုခင်လို့ ပြောနေတာပါ၊ မိန်းကလေး မပြောနဲ့ ကိုတာကို ကြည့်၊ ယောက်ျားလေးချင်း မပြောနဲ့ အရပ်ထဲက မိန်းကလေးတွေကပါ”

“အစိုး နားလည်ပါပြီ ကိုတာ၊ မြင့်မြင့်တို့ နုနုတို့ကဆို ကိုတာ ဣနြေ္ဒကြီးတာကို အမြဲချီးကျူးကြတာပဲ၊ အစိုးလဲ ကြားသပေါ့”

“ဒီလိုဆိုရင် မိန်းကလေးအဖို့ ဣနြေ္ဒသိက္ခာဟာ ပိုလို့ အရေးမကြီးဘူးလား၊ ဒါကြောင့် ကိုတာက ပြောတာ၊ နောက် တစ်နာရီလောက်ဆို မြင့်မြင့်တို့ မခင်မြတို့ ရောက်လာကြမှာလေ၊ အဲဒီတော့မှ အစိုးလဲ ဆင်းလာပေါ့နော်။ ခုတော့ စောလွန်းအားကြီးသေးတယ်၊ ဒိပြင်မိန်းကလေးအဖော်တွေရှိရင်တော့ ကိုတာ မပြောပါဘူး၊ ဒါနဲ့ ခု အစိုးဆင်းလာတာကော ဒေါ်ဒေါ်အေး သိရဲ့လား”

“သိသားပဲ၊ မဏ္ဍာပ်ထဲသွားမယ်လို့ ပြောတော့ မေမေက အတာရှိရဲ့လား ကြည့်ဦး၊ အတာရှိမှ သွား တဲ့”

“အဲဒါ ကိုတာ သိက္ခာရှိလို့ ဒေါ်ဒေါ်အေးက ကိုတာ့ဆိုရင် စိတ်ချတယ်ဆိုတဲ့ သဘောမဟုတ်လား၊ အစိုး ဟင်၊ ကဲ ဒီတစ်ခါလဲ ကိုတာ့စကား နားထောင်လိုက်ဦးနော်၊ ရှစ်နာရီလောက်မှ ဆင်းလာပေါ့ ဟုတ် လား”

“အင်းလေ၊ ဒါဖြင့် အစိုး သွားမယ်နော်”

ဤလို သိမ်မွေ့လှသော အတာ့ကိုယ်ကျင့်တရားကလေးများကြောင့် ခင်စိုးလှတွင် ပို၍ ကြည်ညိုသွား၏။ လေးစားမိ၏။

* * * * *

ယခုနှစ်တွင်လည်း အတာ စာမေးပွဲအောင်၏။ သို့သော် ယခင်တစ်ကြိမ်များနည်းတူ ပထမမချိတ်တော့ဘဲ အမှတ် ၇ အထိ စံချိန်ကျသွားပြီဖြစ်သောကြောင့် သူ မျက်နှာမမော်နိုင်။ ခေါင်းကလေး အငုံ့သားနှင့် သူ့ဒေါ်ဒေါ်သန်းတို့အား အစီရင်ခံရာ၌
“စာမေးပွဲအောင်တယ်ဆို ပြီးတာပါပဲကွယ်၊ အမြဲတမ်းတာ့ ပထမချည်း ဘယ်ရနိုင်ပါ့မလဲ၊ ဝမ်းမနည်းပါနဲ့ ကွယ်”

ဤတွင်မှ အတာ စိတ်သက်သာရာရသွားတော့၏။ သို့တိုင်အောင် သူ့အမှားကို သူ မမြင်သေး။ နိုင်ငံရေးသမားများနှင့်ပေါင်းကာ စွာတာတာ သတ္တဝါကလေးအဖြစ် စခန်းသွားနေဆဲပင် ရှိနေသေး၏။ အမျိုးသားအောင်ပွဲနေ့ လှည့်လည်ရာတွင် အတာ ရှေ့ဆုံးမှပါလာသည်ကို တွေ့ရမည်ဖြစ်၏။

ရိုးရိုးမဟုတ်။ လည်ပင်းမှ အကြောများထအောင် အသံကုန်ဟစ်၍ သံချပ်တိုင်လာတတ်၏။ ရပ်ကွက်အနှံ့ လည်၍ တရားဟောရာတွင်လည်း အတာပါသည်ကို တွေ့ရမည်ဖြစ်၏။ သို့ တရားဟောရာတွင်လည်း နိုင်ငံရေးထိပ်သီးများပင် မသုံးဝံ့ မပြောဝံ့သော စကားလုံးများဖြင့် ပြင်းပြင်းထန်ထန် ဟောလေ့ရှိ၏။ လက်ခုပ်သံတဖြောင်းဖြောင်းနှင့် သြဘာပေးလိုက်တိုင်း အတာတွင် ကျောစိမ့်အောင် အရသာရှိသွား၏။

ထို့ထက်ပို၍ သူအလိုအရှိဆုံးအရာမှ အစိုးရက သူ့ကိုဖမ်းရန်၊ နောက် ရုံးတင်တရားစွဲရန်၊ နောက် ထောင် ချပစ်ရန် ဖြစ်၏။ ဤလို ဖမ်းဆီးတရားစွဲ ထောင်အချခံရလျှင် နာမည်ကြီးလာမည်။ ဗိုလ်အောင်ကျော်၊ ကျောင်းသားအာဏာရှင် ကိုလှရွှေတို့ကဲ့သို့လည်း နိုင်ငံကျော်သွားမည်။ ဤသည်တို့မှာ အတာ အလိုလားဆုံးသော အချက်များဖြစ်၏။ သို့သော် သူ အဖမ်းမခံရ။ သို့ အဖမ်းမခံရလေ စိတ်ထဲ၌ အားမလို အားမရ ဖြစ်လေသာ ရှိနေခဲ့ပြီး နောက်ဆုံးမူ သတင်းစာအချို့တွင် ပါလာကာ
“အလွန်တရားအဟောကြမ်းသည့် ကျောင်းသားတစ်ဦး”ဟူသည့် သတင်းကိုဖတ်ရင်း သူ့စိတ်သူဖြေ၍ ထိုမျှနှင့်ပင် ကျေနပ်လိုက်ရတော့၏။

သို့ တရားဟောရသည့် အခွင့်အရေးနှင့် စီတန်းလှည့်လည်ရာတွင် ထိပ်ဆုံးမှ ကြွေးကြော်ရသည့် အခွင့်ကောင်းမျိုးကို တစ်နှစ်တစ်ကြိမ်ကျင်းပရသော အမျိုးသားအောင်ပွဲနေ့ကျမျှ ကြုံရဆုံရသည်ဖြစ်၍ အတာ တင်းမတိမ်။ တရားဟောခွင့် ဆူပူကြွေးကြော်ခွင့်ရမည့် လှုပ်ရှားမှု၊ အုံကြွမှုများကိုသာ အတာ တောင့်တနေမိ၏။

“ဟေ့ အောင်ဒင်၊ မင်းတို့ဘော်ဒါတွေ ထမင်းဟင်းကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်နေကြတယ်ဆို ဟုတ်လားကွ”

“အေး ထမင်းကိစ္စတင် မဟုတ်ဘူး၊ ညဘက်မှာ ရုပ်ရှင်သွားမကြည့်ရဘူးဆိုတဲ့ အမိန့်ကိုလဲ ဘယ်သူမှ မကျေနပ်ကြဘူး”

“ဒီလိုဆို မင်းတို့ သပိတ်မှောက်ပါလား”

“ခုတော့ ဒါကို မစဉ်းစားသေးဘူး၊ တုိ့ဘော်ဒါ ခေါင်းဆောင်တွေကတော့ ဆရာကြီးနဲ့တွေ့ပြီး ဆွေးနွေးခွင့်တောင်းဖို့ စီစဉ်နေကြတယ်ကွ”

“အေး ဒီလိုပျော့ပျော့ ပျော့ပျော့လုပ်နေလို့ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ထစ်ခနဲရှိရင် သပိတ်မှောက်၊ မကျေနပ်မှုတစ်ခုပေါ်လာရင် သပိတ်မှောက်၊ ဒီလိုမှ ချက်ချင်း အောင်မြင်မှာကွ”

အတာသည် ဤလိုမြှောက်ထိုးပင့်ကော် သတ္တဝါကလေးဖြစ်နေလေပြီ။ အဖြစ်အပျက်နှင့် အကြောင်းအရာ အခြေအနေကို သုံးသပ်ရန်မှာ သူ့အလုပ်မဟုတ်။ သပိတ်မှောက်လျှင် (ဝါ) ဆူဆူပူပူဖြစ်လျှင် သူ ခေါင်းဆောင်ခွင့်ရလာမည်။ တရားဟောခွင့်ရမည်။ သတင်းစာတွေထဲတွင် ပါလာမည်။ နာမည်ကြီးလာမည်။ ဤသည်တို့သာလျှင် သူ၏တောင့်တချက်များ ဖြစ်၏။

ယင်းသို့သော ဆန္ဒကြောင့်လည်း အတာသည် အောင်ဒင်ကိုသာမဟုတ်ဘဲ အခြားသော ဘော်ဒါခေါင်းဆာင်များနှင့် တွေ့ဆုံကာ အမျိုးမျိုးသောနည်းဖြင့် သပိတ်မှောက်ရန်သာ တိုက်တွန်းတော့၏။ သို့ဖြင့် နောက်တစ်နေ့ ကျောင်းတက်လုလုအချိန်တွင် အတာနှင့်တကွသော ဘော်ဒါကျောင်းသား လေးငါးယောက်တို့သည် “သပိတ် သပိတ် မှောက်မှောက်”ဟူသော ကြွေးကြော်သံများဖြင့် တစ်ကျောင်းလုံးအနှံ့ လျှောက်အော်လေတော့၏။

“ဟေ့ ကျောင်းမတက်ကြနဲ့ အိမ်ပြန်ကြတော့၊ ဒီနေ့ သပိတ်မှောက်တယ်”

အတာတို့လူသိုက်လည်း အသံကုန်ဟစ်၍ လှည့်လည် ကြွေးကြော်ရုံသာမက ကျောင်းတက်ရန်လာသော ကလေးများကိုလည်း ကျောင်းဝင်းဝမှ ဆီးကြိုကာ ဤလိုလည်း ပြောဆိုတားမြစ်ကြပြန်၏။ ထိုခေတ်က ကျောင်းသားလောကသည် သပိတ်မှောက်ဟူသော ကြွေးကြော်သံကြားလျှင် မှောက်လိုက်ကြ၏။ နောက်မှ ဘာကြောင့်မှောက်ရသည်ကို စုံစမ်းကြ၏။ တစ်နည်းအားဖြင့်လည်း သပိတ်မှောက်ရမည့်အကြောင်းအရင်း ခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ် စေ သပိတ်မှောက်သူတို့သည် လူနည်းစုပင်ဖြစ်စေ၊ လူများစုက ကျောင်းမတက်ဝံ့။ အငြိုးထားမည်ကို ကြောက်၏။ ရန်မူမည်လားဟု စိုးရိမ်ကာ အိမ်သို့ပင် ပြန်သွားတတ်ကြ၏။ ယင်းသည့် အကြောင်းအချက်သည်ပင် အတာတို့သပိတ်ကိစ္စအတွက် အထောက်အပံ့တစ်ကွက်လို ဖြစ်သွားတော့၏။

သို့သော် ဆိုင်ရာလူကြီးများနှင့် တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးကြသောအခါတွင်ကား အတာတို့သပိတ်သည် သပိတ်မှားဖြစ်နေတော့၏။ သပိတ်မှောက်ရလောက်အောင်လည်း ကြီးကျယ်သော ပြဿနာမဟုတ်။ သို့နှင့် ဘော်ဒါတစ်ဝက်တစ်ပျက်သာပါသော အတာတို့သပိတ်မှာလည်း ထိုတစ်ရက်နှင့်ပင် ရုတ်သိမ်းလိုက်ကြရတော့၏။ အတာတွင်လည်း ထိုတစ်နေ့တည်းသာ တရားဟောခွင့် ကြွေးကြော်ခွင့် ရလိုက်သောကြောင့် သူ့တွင် ကြိုးပမ်းရကျိုးမနပ် ဖြစ်သွားရတော့၏။

နောက်ဆုံး၌ ဤသပိတ်သည် အတာ၏လှုံ့ဆော်မှုကြောင့်ဟူ၍ သိလာကြရသောအခါတွင်လည်း ဘဝတူ ကျောင်းသားများကပါ အတာကို ငြိုငြင်လာကြတော့၏။ သို့သော် အတာက မဖြုံ။ သတင်းစာတွင် ပါလာသော ဓာတ်ပုံကိုကြည့်ကာ ပီတိပင်ဖြစ်နေသေးတော့၏။

ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်သည် ဗိုလ်အောင်ကျော်အဖြစ် ကျော်ကြားလာစေလိုသော ရည်ရွယ်ချက်ဖြင့် ကျောင်းသားအရေးတွင် ပါဝင်ခဲ့သည်မဟုတ်။ အလွန်သန့်ရှင်းသော နိုင်ငံချစ်စိတ် အမျိုးသားစိတ်ဖြင့် ဝင်ရောက်ကူညီရင်း နယ်ချဲ့သမားလက်ချက်ဖြင့် ကျဆုံးခဲ့ရသည်ဖြစ်ရာ သူ့စေတနာအလျောက် တိုင်းပြည်က မြှောက်စားဂုဏ်ပြုခဲ့ခြင်းသာဖြစ်၏။ အတာတွင်ကား ဗိုလ်အောင်ကျော်လို ကျော်ကြားချင်၍ ကျောင်းသားအပေါင်းတို့၏ အလေးပြုခံချင်၍သာ ကျောင်းသားများကို လှုံ့ဆော်နေခြင်းဖြစ်၏။ သူ နာမည်ကြီးချင်နေ၏။ ကျောင်းသားအာဏာရှင် ကိုလှရွှေလို နိုင်ငံကျော်ချင် ထင်ပေါ်ချင်နေ၏။ သို့အလျောက်လည်း သူ့ကျောင်းအရေးတွင်သာမဟုတ်ဘဲ အခြားသောကျောင်းများက သပိတ်သံပေးလာလျှင်လည်း သူ အပြေးကလေး ရောက်သွားတတ်၏။ မြှောက်ထိုးပင့်ကော် လုပ်တတ်၏။ ဆူဆူပူပူဖြစ်အောင်လည်း လှုံ့ဆော်၏။

ကျောင်းအားသည့်နေ့များတွင်လည်း အတာသည် နိုင်ငံရေးသမားများထံ ရောက်နေတတ်၏။ ၎င်းတို့ စေရာသို့ သွားပြီးခိုင်းသည်ကို လုပ်ရင်း အချိန်ကုန်နေတတ်၏။ နိုင်ငံရေးဆရာတို့က နက်ဖြန် အရေးကြီးသော ကိစ္စရှိသည်ဆိုလျှင် အတာ ကျောင်းမတက်တော့ပေ။ ဤလိုဖြင့် ခြောက်လပတ် စာမေးပွဲတွင် သုံးဘာသာတိတိ ကျွမ်းထိုးမှောက်ခုံ ကျခဲ့၏။ အတန်းတင်စာမေးပွဲကြီးတွင်လည်း လုံးလုံးလျားလျား ရှုံးနိမ့်ခဲ့၏။

“အေး ဒီနှစ်မအောင်လဲ နောက်နှစ်ပေါ့ကွယ်၊ ဒါပေမဲ့ ခုလို စာမေးပွဲရှုံးတာ အခြားကြောင့် မဟုတ်ဘူး၊ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး ဟိုစပ်စပ် ဒီစပ်စပ် လျှောက်လုပ်နေလို့ပဲ၊ ဟုတ်တယ် မဟုတ်လား၊ ဟို လိုက်တရားဟော ဒီလိုက်တရားဟောနဲ့ ကျောင်းနေတုန်းမှာ ဒါတွေလျှောက်လုပ်နေတာ ဒေါ်ဒေါ်တို့ မကြိုက်ဘူးကွဲ့၊ ပညာသင်ချိန်မှာ ပညာကို တတ်အောင်သင်၊ ကြိုးစား၊ ပညာကို လုံလောက်အောင် တတ်ပြီဆိုတော့ မင်း လုပ်ချင်တာလုပ်၊ နိုင်ငံရေးမကလို့ ဘာပဲလုပ်လုပ် မင်းသဘောပဲ၊ ခုနေအခါမှာတော့ ပညာကို ဖိကြိုးစားစမ်းပါ အတာ၊ မင့်ဉာဏ်ကလေးက တို့နှမြောလွန်းလို့ပါ”

“ဟုတ်ကဲ့ ဟုတ်ကဲ့”နှင့် ခေါင်းညိတ်ခဲ့သော အတာသည် ကွယ်ရာသို့ရောက်သည်နှင့် “အလကား သူတို့ ဘာသိသလဲ၊ ခေတ်နောက်ကျနေတဲ့ ရှေးလူကြီးတွေ၊ နိုင်ငံရေးမလုပ်နဲ့ ဘာညာနဲ့ မျိုးချစ်စိတ်ဆိုတာ သူတို့နားမှလည်ရဲ့လား မသိဘူး”

ဤသို့ထိအောင်ပင် ကျေးဇူးရှင်များကို ရေရွတ်မြည်တမ်းကာ ကျေးဇူးကန်းလာပြီဖြစ်၏။

“အတာ မင်း တို့ဆီမှာ အဝင်အထွက်နည်းနည်းလျှော့လိုက်ရင် ကောင်းမယ်ထင်တယ်၊ ခဏခဏ မလာနဲ့၊ မင့်နောက်ကို စုံထောက်ဘက်က လိုက်နေတယ်”

နိုင်ငံရေးသမားများက သူ့အား ဤလိုသတိပေးလိ

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay