04/09/2026
🇲🇲 Premier League ပွဲစဉ် - Ipswich နဲ့ Liverpool တို့ရဲ့ ဂိုးပြိုင်သွင်းပွဲ ဖြစ်လာမလား
📝 Premier League ပွဲစဉ် ၃ မှာတော့ Ipswich Town နဲ့ Liverpool တို့ ရင်ဆိုင်ကစားသွားကြတော့မှာပါ။ Ipswich ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ Manchester United ကို ၅-၂ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမဲ့ ပထမပိုင်းမှာ တိုက်စစ်အားသာချက်တွေ ပြသနိုင်ခဲ့သလို အိမ်ကွင်း နောက်ဆုံး ၆ ပွဲမှာ ၆၇ ရာခိုင်နှုန်းအထိ နိုင်ပွဲရထားပြီး တစ်ပွဲကို ပျမ်းမျှ ၂.၃၃ ဂိုးအထိ သွင်းယူထားနိုင်တာတွေ့ရပါတယ်။ တစ်ဖက်က Liverpool ကလည်း Nottingham Forest နဲ့ ၂-၂ သရေကျခဲ့ပေမဲ့ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပျမ်းမျှ ဂိုးပေါင်း ၃.၆၀ ဂိုးအထိ ထွက်ပေါ်ထားတာကြောင့် တိုက်စစ်အရှိန်အဟုန်ကောင်းနေတာ သေချာပါတယ်။
Ipswich ဘက်မှာ ရလဒ်ကောင်းပြန်ရှာဖို့အတွက် Julio Enciso နဲ့ Daizen Maeda တို့ ပွဲထွက်လာဖို့ ရှိနေပြီး Matusiwa၊ Taylor နဲ့ Philogene တို့တော့ လွဲချော်ဦးမှာပါ။ Liverpool ကတော့ Forest နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ Jeremie Frimpong အစား ခေါ်ယူထားတဲ့ Bradley Barcola ကို ပွဲထုတ်လာနိုင်ပြီး Alexander Isak ကလည်း ဂိုးသွင်းယူပေးဖို့ အဓိကမျှော်လင့်ခံထားရပါတယ်။ နှစ်သင်းလုံးရဲ့ နောက်ဆုံး ၁၀ ပွဲစတာတေအရ ပျမ်းမျှ ၃.၄ ဂိုးအထက် ရှိနေတာကြောင့် ဂိုးပေါ်နဲ့ နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်မှုကို ပိုမိုအားသာနေပါတယ်။
Ipswich ဟာ အိမ်ကွင်းမှာ ဂိုးသွင်းအားကောင်းပေမဲ့ ခံစစ်ပိုင်း လှုပ်ခတ်နေသလို Liverpool ကလည်း တိုက်စစ်မှာ အခွင့်အရေးတွေ လွဲချော်နေတာကြောင့် ဒီပွဲမှာ အပြန်အလှန် ဂိုးသွင်းယူကြမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒီပွဲအတွက် ခန့်မှန်းရလဒ်ကတော့ Ipswich 2 - 2 Liverpool ဖြစ်ပါတယ်။ ဘောလုံးဘောမမှာ သေချာတွက်ချက်ပြီးမှ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကစားကြဖို့ တိုက်တွန်းချင်ပါတယ်။
နေ့စဉ် ဘောလုံးသတင်းတွေနဲ့ ပွဲကြိုသုံးသပ်ချက်ပေါင်းများစွာကို အချိန်နဲ့တပြေးညီ ဖတ်ရှုနိုင်ဖိူ့အတွက် ကျွန်တော်တို့ရဲ့ တယ်လီဂရမ်ချန်နယ် ို အခမဲ့ Join ထားလို့ရပါတယ်။
📌📌Online ကနေ မောင်း/ဘော်ဒီ ဆော့ကစားမယ့်သူများအတွက်📌📌
555Mix-1Unit=1Ks(new Acc 10%ဘောနပ်)
ငွေ 5000ကျပ်မှစပြီး အကောင့်သစ်ဖွင့် ကစားလို့ရပါတယ်
KPay, WavePay, AyaPay တို့နဲ့ ၂၄နာရီ ငွေသွင်းငွေထုပ် ဝန်ဆောင်မှုပေးပါတယ်
Viber-09448687497နဲ့ Telegram-ေပြီး ဆက်သွယ်စုံစမ်းလို့ရပါတယ်
16/07/2025
အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလိုက်တဲ့ လီဗာပူးလ်
__________________________
လီဗာပူးလ်ဟာ နယူးကာဆယ်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ နယူးကာဆယ်အသင်းကို ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်
လီဗာပူးလ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှူး ဒါဝင်နူးနက်ဟာ အသင်းပြောင်းရွှေ့နိုင်ခြေရှိနေတာကြောင့် တိုက်စစ်မှူးတစ်ယောက် ထပ်မံခေါ်ယူလိုနေပီး အီဆက်ခ်ကို ခေါ်ယူလိုကြောင်း နယူးကာဆယ်အသင်းကို တရားဝင်ဆက်သွယ်ခဲ့တာဖြစ်ပါတယ်
နယူးကာဆယ်အသင်းဟာ အီဆက်ခ်ကို ပေါင်သန်း 150သတ်မှတ်ထားပီး လီဗာပူးလ်အသင်းဘက်ကတရားဝင်ကမ်းလှမ်းမှု မရှိသေးပေမဲ့ သူတို့အနေနဲ့ အီဆက်ခ်အတွက် ပရီးမီးယားလိဂ်သမိုင်းတလျှောက် တန်းကြေးအမြင့်ဆုံးဖြစ်တဲ့ ပေါင်သန်း 120 အထိပေးချေဖို့ ရှိတယ်လို့ သိရပါတယ်
နယူးကာဆယ်ဟာ တောင့်တင်းတဲ့အင်အားစုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့အသင်း ဖြစ်ပြီး 2028ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ အီဆက်ခ်ကို ရောင်းချလိုခြင်းမရှိပါဘူး
လီဗာပူးလ်အသင်းဟာ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတီကီ ကိုလည်း ခေါ်ယူဖို့ ချိန်ရွယ်ထားပေမယ့် ပရီးမီးယားလိဂ်နဲ့ အံ့ဝင်ပြီးသားဖြစ်နေတဲ့ အီဆက်ခ်ကိုပဲပိုမို အာရုံကျနေတာဖြစ်ပါတယ်
____________________________________
゚viralシ
15/07/2025
မော်စကွီရာကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ အာဆင်နယ်
_______________________________________
အာဆင်နယ်ဟာ ဗလင်စီယာအသင်းက စပိန်နောက်ခံလူ ခရစ္စသီယန်မော်စကွီရာကို ပြောင်ရွှေးကြေး ယူရိုသန်း 20နဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်
မော်စကွီရာဟာ ဗလင်စီယာလူငယ်အကယ်ဒမီက ထွက်ပေါ်လာသူဖြစ်ပြီး လွန်ခဲ့တဲ့ 2နှစ် 2023-2024ရာသီကစပြီး ဗလင်စီယာအသင်းရဲ့အဓီကနောက်ခံကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်
အသက် 23နှစ်ရှိပီဖြစ်တဲ့ စပိန်နောက်ခံလူ မော်စကွီရာကို ခေါ်ယူဖို့ အာဆင်နယ်ဟာ ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုကို ရရှိခဲ့ပြီဖြစ်သလို၊ ဗလင်စီယာအသင်းကိုလည်း ကနဦးပြောင်းရွှေ့ကြေးယူရို 15သန်းနဲ့ ထပ်ပေါင်းဆုကြေး ယူရို 5သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်
စာချုပ်ပိုင်းဆိုင်ရာအချက်အလက်တချို့ ကျန်နေသေးပေမယ့် စပိန်နောက်ခံကစားသမားကို ဒီရက်ပိုင်းအတွင်းမှာ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကာရက်စ်နဲ့ ချယ်လ်ဆီးတောင်ပံကစားသမား မာဒူကီတို့ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုတွေရရှိထားပီဖြစ်ပီး မကြာခင်အချိန်မှာပဲ ဒီကစားတွေဟာ အမ်းမရိတ်ကိုရောက်ရှိတလာတော့မှာဖြစ်ပါတယ်
__________________________________
゚viralシ
14/07/2025
ထိုက်တန်တဲ့ ခြေစွမ်းနဲ့ 2025 FIFAကလပ်ကမ္ဘာ့ဖလားကိုသိမ်းပိုက်ခဲ့တဲ့ ချဲလ်ဆီး
____________________________________
2025 FIFAကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းဖြစ်တဲ့ PSG အသင်းကို နည်းပြမာရက်စ်ကာရဲ့ အကောင်းဆုံးနည်းဗျူဟာနဲ့ သုံးဂိုးပြတ်သွင်းယူကာ ကလပ်ကမ္ဘာ့ဖလား ပုံစံသစ်ရဲ့ ပထမဆုံးချန်ပီယံဖြစ်လာခဲ့ပါပီ
PSGဟာ ချဲလ်ဆီးရဲ့ ကျစ်လစ်တဲ့ကွင်းလယ်ကစားဟန်ကို ဘယ်လိုမှမယှဉ်နိုင်ခဲ့တဲ့ ပထမပိုင်းမှာတင် 3-0 ဆိုတဲ့ရလာဒ်ရဲ့ ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ရတာပါ
ပထမပိုင်းပွဲချိန် 22မိနစ်မှာ ဂူစတိုဖန်တီးပေးတာကို ပါးမားက PSGဂိုးသမား ဒွန်နာရမ်မာရဲ့ ညာဘက်ဒေါင့်ထဲ့ကို လှလှပပသွင်းယူကာ ချဲလ်ဆီးအသင်းအတွက် ပထမဦးဆောင်ဂိုးကိုရယူပေးခဲ့ပါတယ်
ဒုတိယဦးဆောင်ဂိုးကိုလည်း PSGတောင်ပံ
ကစားသမား ဒမ်ဘီလီရဲ့ အမှားကနေ ကိုးလ်ဝဲလ်
ဖန်တီးပေးတာကို ပါးမားကလှလှပပ ဆွဲယူပီး ပထမဦးဆောင်ဂိုးအတိုင်း သွင်းယူပေးခဲ့တာပါ
ပထမပိုင်း ပွဲချိန်မိနစ် 30အတွင်း ဦးဆောင်ဂိုးနှစ်ဂိုးပေးလိုက်ရတဲ့ PSGဟာ ပြာယာခက်သွားခဲ့ပီး ခြေပဂိုးပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တမ်းဂိုးရသွားတဲ့ အသင်းက ချဲလ်ဆီးအသင်းပဲဖြစ်ခဲ့ပီး 43မိနစ်မှာ ပါးမားဖန်တီးပေးတာကို တိုက်စစ်မှုးသစ်ဂျာအို ပက်ထရို ဂိုးသမားကိုကျော်ကာ လှလှပပအဆုံးသတ်ပြခဲ့တာဖြစ်ပါတယ်
ဒီပွဲမှာ ချဲလ်ဆီးအသင်းရဲ့ ကိုးလ်ပါးမားဟာကိုယ်တိုင်နှစ်ဂိုး သွင်းကာဂျာအိုပက်ဒရိုအတွက် သွင်းဂိုးကိုလည်း ဖန်တီးပေးခဲ့ပြီး ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တဲ့အပြင် 2025ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်
ချဲလ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံနှစ်ကြိမ်ဖြစ်ခဲ့တဲ့ ပထမဆုံးအင်္ဂလန်ကလပ်ဖြစ်ခဲ့ပီး ဥရောပဘုရင်ကြီး PSGရဲ့ ဖလား6လုံးအိမ်မက်ကတော့ အဆုံးသတ်သွားခဲ့ရပါပီ
゚viralシ
13/07/2025
ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်များကိုလွဲချော်မယ့် အိုနာနာ
____________________________________________
မန်ချက်စတာယူနိုက်တက် ဂိုးသမားအိုနာနာဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကြိုခြေစမ်းခရီးစဉ်ကို လွဲချော်မှာဖြစ်ပါတယ်
အိုနာနာရဲ့ဒဏ်ရာဟာ 4ပတ်ကနေ 6ပတ်အထိ အနားယူရဖို့ရှိတဲ့အတွက် ယူနိုက်တက်အသင်းရဲ့ ပ
ရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေဖြစ်တဲ့ အာဆင်
နယ်နဲ့ ဖူလ်ဟမ်တို့ပွဲစဉ်ကို လွဲချော်ဖို့ ရာခိုင်နှုန်းများသွားခဲ့ပီဖြစ်ပါတယ်
အသက် 29နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကင်မရွန်းလက်ရွေးစင် အိုနာနာဟာ ယူနိုက်တက်အသင်းနဲ့အတူ အမေရိကန်ခြေစမ်း ခရီးစဉ်ကို လိုက်ပါမှာဖြစ်ပေမဲ့ ဆေးကုသမှုခံယူရမှာဖြစ်တာကြောင့် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်တို့နဲ့ပွဲအပြင် ဇူလိုင် 19ရက်ကျရင် ကစားဖို့ရှိတဲ့ လိဒ်စ်အသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲနဲ့ အိုးလ်ထရက်ဖို့ဒ်မှာကစားမဲ့ ဖီအိုရင်တီးနားနဲ့ ရာသီကြိုနောက်ဆုံးပွဲတွေကိုလည်း လွဲချော်ဦးမှာဖြစ်ပါတယ်
ဆေးစစ်ချက်အဖြေအရ အိုနာနာရဲ့ ဘယ်ဘက်တံကောက်ကြော စုတ်ပြဲသွားတာ ဖြစ်တယ်လို့ သိရပြီး လာမဲ့ခြေစမ်းပွဲတွေကျရင် ဘေယင်ဒီယာနဲ့ တွမ်ဟီတန်တို့ ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်
အိုနာနာရဲ့ဒဏ်ရာဟာ ယူနိုက်တက်အတွက် ထိုးနှက်ချက်ဖြစ်စေနိုင်ပြီး ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဂိုးသမားတစ်ဦး ခေါ်ဖို့ လို၊ မလိုကို ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်
゚viralシ
12/07/2025
ဘရန့်ဖို့ဒ်အသင်းဆီ ရောက်ရှိလာတော့မယ့် ဟန်ဒါဆန်
အေဂျက်အသင်းရဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဟန်ဒါဆင်ဟာ အင်္ဂလန်ကိုပြန်လည်ပြောင်းရွှေ့လာတော့မှာဖြစ်ပီး ဘရန့်ဖို့ဒ်အသင်းနဲ့ 2နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်
အသက်35နှစ်ရှိပီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ဇူလိုင် 9ရက်နေ့ကတည်း နယ်သာလန်ကလပ် အေဂျက်အသင်းနဲ့ လမ်းခွဲပြီးတဲ့နောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်
ဟန်ဒါဆန်ဟာ ဆော်ဒီကလပ်အသင်းစီကနေ အေဂျက်ကို 2024မှာရောက်ရှိခဲ့ပီး 2026အထိ စာချုပ်ထားပေမဲ့ တစ်နှစ်အလိုမှာ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်
လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန်ဟန်ဒါဆန်မှာ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေတာကြောင့် အခြားအသင်းတွေထက် ဘရန့်ဖို့ဒ်အသင်းက အခွင့်ရေးကို လက်ဦးမှုရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်
အင်္ဂလန်သားဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်ပိုင်းဆိုင်ရာ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွေလည်း အဆင်ပြေသွားပြီဖြစ်တာကြောင့် မကြာခင်မှာ 2နှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုလက်မှတ်ရေးထိုးတော့နိုင်တော့မယ်လို့ သိရပါတယ်
ဟန်ဒါဆန်က လာမယ့် 2026ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေပီး ပွဲထွက်ကစားခွင့်ပိုမိုလိုအပ်နေတာကြောင့် ဘရန့်ဖို့ဒ် အသင်းဆီပြောင်းရွေ့လာရခြင်းဖြစ်ပါတယ်
゚viralシ
11/07/2025
အာဆင်နယ်ကိုရောက်လာတော့မယ့် မာဒူကီ
________________________________
အာဆင်နယ်ဟာ ချယ်လ်ဆီးအသင်းက အင်္ဂလန်တောင်ပံကစားသမား မာဒူကီကို ပြောင်းရွှေ့ကြေး ပေါင် 52သန်းနဲ့ ခေါ်ယူရန်သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်
အသက် 23နှစ်ရှိပီဖြစ်တဲ့ မာဒူကီနဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်
မာဒူကီဟာ လွန်ခဲ့တဲ့ 2နှစ် 2023 ဇန်နဝါရီအပြောင်းအရွှေ့မှာ PSV ကနေ ပေါင်28.5သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ချဲလ်ဆီးအသင်းနဲ့ 2030အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်
မာဒူကီဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ 46ပွဲကစားရာမှာ 11ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး နည်းပြ မာရက်စ်ကာအကြိုက် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်
အာဆင်နယ်ဟာ အသင်းရဲ့တိုက်စစ်ကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပီး ကစားသမားများစွာကို ပစ်မှတ်ထားခဲ့ပီး မာဒူကီကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်
အာဆင်နယ်ဟာ မာဒူကီကို 2030ထိ 5နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး မကြာခင်မှာပဲအပြောင်းအရွှေ့အပြီးသတ်နိုင်လိမ့်မယ်လို့ နာမည်ကြီးသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်
゚viralシ
10/07/2025
ရီးရဲလ်ကို ဂိုးပြတ်သွင်းယူပီး ဗိုလ်လုပွဲတက်ခဲ့တဲ့ PSG
—————————————————————-
ဖီဖာကမ္ဘာ့ကလပ်ဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ PSGဟာ ရီးရဲလ်မက်ဒရစ်ကို ဒမ်ဘီလီရဲ့ဂိုးအပါအဝင် လေးဂိုးပြတ်သွင်းယူပီး ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပီဖြစ်ပါတယ်
ရီးရဲလ်မက်ဒရစ်နောက်ခံလူ အလက်ဇန်းဒါးအာနိုးဟာ ဒီပွဲကို ဒဏ်ရာပြသနာကြောင့်လွဲချော်ခဲ့တဲ့အပြင် PSGအသင်းမှာလည်း ဝီလီယံပါချိုနဲ့ လူးကပ်စ်ဟာာနန်ဒက်စ်တို့ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး
ဒမ်ဘီလီဟာ ဒီပွဲမှာ ဘလွန်းဒီအောနဲ့ ထိုက်တန်တဲ့ခြေစွမ်းကိုပြသခဲ့ပီး PSGအသင်းအတွက် ကိုယ်တိုင်တစ်ဂိုးသွင်းယူကာ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပီး ရီးရဲလ်မက်ဒရစ်ဟာ PSGကို အဖက်ဖက်ကမယှဉ်နိုင်ခဲ့ပဲ အရှက်တကွဲရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်
PSGအတွက်ဂိုးတွေကို ပွဲချိိိန် 6မိနစ်နဲ့ 24မှာ ဖာဘရီယန်ရုစ်ဇ်၊ 9မိနစ်မှာ ဒမ်ဘီလီနဲ့ ပွဲပီးခါနီး 87မိနစ်မှာ ဂွန်ဇာလိုရာမို့စ်တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်
အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲမှာစွမ်းဆောင်ရည်အတော်လေးညံ့ဖျင်းခဲ့ပီး ဘောလုံးပိုင်ဆိုင်မှု
32%နဲ့ ဂိုးပေါက်ကန်သွင်းမှု 4ကြိမ်ပဲရှိခဲ့ပါတယ်
ဒါ့အပြင် အမ်ဘက်ပီဟာလည်း အသင်းဟောင်းနဲ့တွေ့ဆုံတဲ့ပွဲမှာခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပီး ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်
PSGဟာ ဗိုလ်လုပွဲမှာ ချဲလ်ဆီးအသင်းနဲ့တွေ့ဆုံနေပီး ဇူလိုင် 14ရက်နေ့ မြန်မာစံတော်ချိန် 1:30AMမှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်
゚viralシ
09/07/2025
ဂျာအိုပတ်ဒရိုရဲ့သွင်းဂိုးတွေနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ ချယ်လ်ဆီး
_________________________________
ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်လ်ဆီးဟာ ဖလူမီးနိစ်အသင်းကို ဘရိုက်တန်ကခေါ်ယူထားတဲ့ တိုက်စစ်မှုးသစ် ဂျာအိုပက်ဒရိုရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပီဖြစ်ပါတယ်
ပထမပိုင်းပွဲချိန် 18မိနစ်မှာ အဖွင့်ဂိုးကို ဂျာအိုပတ်ဒရိုက ဧရိယာထိပ်ကနေ ပြင်းထန်အားပါတဲ့ကန်ချက်နဲ့ သွင်းယူခဲ့ပီး ဒီဂိုးဟာလှပလွန်းတာကြောင့် အသင်းဖော် ပတ်ဒရိုနက်တို၊ နည်းပြမာရက်စ်ကာတို့တောင် မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်
ဒုတိယဦးဆောင်ဂိုးကိုလည်း 56မိနစ်မှာ ဂျာအိုပတ်ဒရိုကပဲ ပထမဂိုးတုန်းကလို ကန်ချက်ပြင်းပြင်းနဲ့ သွင်းယူခဲ့တာဖြစ်ပြီး အဲဒီကန်ချက်က 1နာရီကို 75မိုင်နှုန်းအထိတောင် ပြင်အားရှိခဲ့ပါတယ်
ဖလူမီးနိစ်အသင်းဟာ ဂျာအိုပတ်ဒရိုကို ဒီလိုအခြေအနေမျိုးရောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တာကြောင့် အခု ငယ်ဘဝကလပ်အသင်းဘက်ကို လေးစားမှုပြသတဲ့အနေနဲ့ ဂိုးသွင်းပီး အောင်ပွဲမခံခဲ့ပါဘူး
ဂျာအိုပတ်ဒရိုဟာ ချယ်လ်ဆီးအသင်းကိုရောက်လာပီး တပတ်မပြည့်ခင်မှာပဲ ပထမဆုံးအကြိမ် ပွဲဦးထွက်ခွင့်ရခဲ့ပြီး ဒီပွဲမှာ ဘောလုံးထိချက် 25ကြိမ်၊ ဂိုးပေါက်တည့်မှု 2ကြိမ်ကနေ 2ဂိုးသွင်းယူနိုင်ခဲ့တာပါ
ဒါ့အပြင် ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း သိမ်းပိုက်သွားခဲ့ပါသေးတယ်
ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲမှာ PSG နဲ့ ရီးရဲလ်တို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီးဂျာအိုပတ်ဒရိုကတော့ ချယ်လ်ဆီးကစားသမားဘဝအစပိုင်းမှာပဲ ဆုဖလားကိုင်မြှောက်နိုင်မဲ့ အခွင့်အရေးကို ရရှိသွားတော့မှဖြစ်ပါတယ်