Team Yadanarbon Cycling

Team Yadanarbon Cycling

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Team Yadanarbon Cycling, Sports Team, Mandalay.

Photos from Team Yadanarbon Cycling's post 23/08/2026

လူငယ်တို့ရဲ့ ခြေလှမ်းသစ်၊
အိပ်မက်တွေရဲ့ အစပြုရာ….

​မန္တလေးမြို့ အခြေစိုက်
ပြိုင်ပွဲဝင် စက်ဘီးအသင်းဖြစ်တဲ့
Team Yadanarbon Cycling -TYC ရဲ့
လက်ရွေးစင် ကစားသမားများ၊ မျိုးဆက်သစ်
လူငယ်စက်ဘီးအားကစားသမားများနဲ့အတူ
“မန်းခေတ် ကဖေး ” ရဲ့ ပံ့ပိုးမှုအတွက်
ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

​စက်ဘီး အားကစားကို ဝါသနာပါပြီး
မြန်မာ့စက်ဘီး လောကမှာ ခြေလှမ်းသစ်တွေနဲ့
အောင်မြင်မှု လမ်းကြောင်းပေါ် တက်လှမ်းနေကြတဲ့
လူငယ်များ၏ အိပ်မက်များကို ပံ့ပိုးကူညီပေးတဲ့အနေနဲ့
"မန်း​ခေတ်ကဖေး"မှ TYC စက်ဘီးအသင်းအတွက်
Official Jersey Sponsor အဖြစ်
လှိုက်လှိုက်လှဲလှဲ ပါဝင် ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

​ခေတ်မီဆန်းသစ်တဲ့ စတိုင်လ်၊
ကောင်းမွန်တဲ့ အ​ရည်အသွေး၊
အေးချမ်းတဲ့လေထုနဲ့အတူ လူငယ်တို့ရဲ့
တက်ကြွမှုတွေကို အမြဲတမ်း ခွန်အားဖြည့်ပေးနေတဲ့
"မန်းခေတ်ကဖေး" ကို Team Yadanarbon Cycling
TYC အသင်းမှ အထူးပင်ကျေးဇူးတင်ရှိကြောင်း
ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။

​မန္တလေးမြို့ရဲ့ အေးချမ်းလှပတဲ့
အငွေ့အသက်တွေနဲ့အတူ
မန်း​ခေတ်ရဲ့ ဆိုင်ခွဲများအားလုံးမှ
အရသာရှိလှတဲ့ အစားအ​သောက်၊ဟင်းလျာ
ကောင်းများနဲ့ လန်းဆန်းမှုတွေကို ရယူချင်ရင်တော့
"မန်းခေတ်ကဖေး"သို့ မဖြစ်မနေ လာရောက်
သုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

​လူငယ်တို့ရဲ့ အားကစားစိတ်ဓာတ်နဲ့အတူ
ရှေ့ဆက်မယ့် အောင်မြင်မှု ခရီးစဉ်မှာ
"မန်းခေတ်ကဖေး" ရဲ့ Jersey လှလှလေးတွေနဲ့အတူ
TYC အသင်းသားတွေ ပိုမို တောက်ပသွားတော့မှာပါ!

မန်းခေတ်- ကဖေး ဆိုင် (၁)
လိပ်စာ- (၅၆) လမ်း၊ (၁ဝ၃) လမ်းထောင့်၊
(အောင်ပင်လယ်)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
09443175664

မန်းခေတ် - ကဖေး ဆိုင်(၂)
လိပ်စာ- (၂၃)လမ်း၊ (၆၂) လမ်းနှင့် (၆၃) လမ်းကြား၊
(မဟာဇေယျာဘုံ)၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့။
09264188799

မန်းခေတ် - ကဖေး ဆိုင်(၃)
လိပ်စာ- (၂၈)လမ်း၊(၆၃)လမ်းနှင့် (၆၄) လမ်းကြား၊
(အောင်တော်မူ)၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
09400090403
#မန်းခေတ်ကဖေး


Photos from Team Yadanarbon Cycling's post 15/08/2026

ယနေ့မှာတော့
မန္တလေး ရတနာပုံ တိရိစ္ဆာန်ဥယျာဥ်ကနေ
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဥ်အထိ
(၇၀ ကီလိုမီတာ) လူသစ်တန်း MTB
တောင်တက်စက်ဘီးပြိုင်ပွဲကြီး
အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။

​မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊
သစ်တောဦးစီးဌာနနဲ့
အားကစားနှင့်ကာယပညာဦးစီးဌာနတို့
ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး
အနယ်နယ်အရပ်ရပ်မှ ကစားသမားများ
စက်ဘီးဝါသနာရှင်ပေါင်းများစွာ စုစုပေါင်း
၄၉၁ ဦးပါဝင်ယှဥ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

​မတ်စောက်လှတဲ့ တောင်တက်လမ်းတွေနဲ့
ပြိုင်ပွဲဝင်တို့ရဲ့ စက်ဘီးတာယာသံ၊
ချိန်းကြိုးသံတွေနဲ့ အတူ
ကစားသမားတို့ရဲ့အားမာန်တွေဟာ
မိုးကြိုးမုန်တိုင်းပမာ တကယ်ကို
ကြက်သီးထလောက်အောင် ကောင်းလွန်းပါတယ်။

​ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ TYC မှ
မျိုးဆက်သစ်လူငယ်တွေလည်း
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး
ဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့ကြပါတယ် -
• ​အမျိုးသားတန်း
◦ ​မောင်သန့်ဇော် — အဆင့် (၄)
◦ ​မောင်ကျော်ဖြိုးခန့် — အဆင့် (၈)
◦ မောင်ဘုန်းသီဟနောင် - အဆင့် (၃၀)
• ​အမျိုးသမီးတန်း
◦ ​မခိုင်လေး — ဒုတိယဆု အဆင့် (၂)
° မထက်ထက်လင်း - အဆင့်(၄)
• မသက်မေမိုးဦး - အဆင့် (၁၅)
အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။

​ကစားသမားတွေရဲ့ အစွမ်းကုန် ကြိုးစားမှုနဲ့
ရရှိခဲ့တဲ့ အတွေ့အကြုံတွေဟာ
"လူသစ်တန်း" ဆိုတာထက်ကို
အများကြီး ပိုပြီးတန်ဖိုးရှိခဲ့ပါတယ်။

​ပြိုင်ပွဲမှာ အစွမ်းကုန် ကြိုးစားခဲ့ကြတဲ့
ပြိုင်ပွဲဝင်များအားလုံး၊ ပန်းဝင်သူတွေနဲ့
ဆုရရှိကြသူများအားလုံးကို TYC မှ
လေးစားစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။



28/06/2026

🏆
​မြန်မာ့စက်ဘီးစီးအားကစားလောကရဲ့
အမြင့်မားဆုံး စိန်ခေါ်မှုတစ်ခုဖြစ်တဲ့
(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ
အမျိုးသားတံခွန်စိုက်စက်ဘီးပြိုင်ပွဲကြီး ကတော့
အောင်မြင်စွာနဲ့ ပြီးဆုံးလို့ သွားခဲ့ပါပြီ။

​ဒီနှစ်ရဲ့ တံခွန်စိုက်ဆုဖလားကြီးကိုတော့
ရန်ကုန်မြို့ အခြေစိုက် RCC စက်ဘီးအသင်းရဲ့
(Elite တန်း) မှ ထိုက်ထိုက်တန်တန်
ဆွတ်ခူးရရှိသွားခဲ့တဲ့အတွက်
အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

အားကစားစိတ်ဓာတ်အပြည့်နဲ့ ပွဲစဉ်တစ်လျှောက်လုံး
အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြတဲ့
ပြိုင်ပွဲဝင် စက်ဘီးကလပ်အသင်းအားလုံးနှင့်
ကစားသမားတစ်ယောက်ချင်းစီတိုင်းရဲ့
သွေး၊ ချွေးနဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း
လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

​အခုလို ပြိုင်ပွဲကြီးတွေဟာ
ရလဒ်တစ်ခုတည်းအတွက်တင်မကဘဲ
မြန်မာ့စက်ဘီးစီးအားကစားလောက တိုးတက်ဖို့နဲ့
မျိုးဆက်သစ် လူငယ်မောင်မယ်တွေ
အားကစားကို ပိုမိုမြတ်နိုးတန်ဖိုးထားလာစေဖို့
စံပြခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

မိမိတို့ရဲ့ ဝါသနာကို အရည်အချင်းအဖြစ်
ပြောင်းလဲပြီး နိုင်ငံဂုဏ်ဆောင်နိုင်မယ့်
မျိုးဆက်သစ် စက်ဘီးစီးအားကစားသမားလူငယ်တွေ
ဒီထက်မက ပေါ်ထွက်လာဦးမယ်လို့လည်း
ကျွန်တော်တို့ TYC အသင်းအနေနဲ့
အပြည့်အဝ ယုံကြည်မျှော်လင့်မိပါတယ်။

​🙏 အထူးကျေးဇူးတင်လွှာ
​ဒီပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ TYC အသင်းသားများ
အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရေးအတွက်
​အနေအထိုင် အစားအသောက်
အစစအရာရာ ဝိုင်းဝန်းပံ့ပိုး
ကူညီပေးခဲ့ကြပါသော
​မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်
ဒုတိယဥက္ကဌ ဦးပြည့်ဝထွန်း၊
​KNCC စက်ဘီးအသင်း ဥက္ကဌ ကိုနိုင်၊
​ပွဲစဉ်တစ်လျှောက် နွေးထွေးစွာ
အားပေးကူညီခဲ့ကြတဲ့ တိုက်ကြီးမြို့ခံ
မိတ်ဆွေများ၊
Apex Mandalay အသင်းမှ
ကိုထက်အာကာလွင်(ခ)ကိုသားပေါက်နှင့်
လူကြီးမင်းများအားလုံးကို
​ကစားသမားများကိုယ်စား
TYC စက်ဘီးအသင်း မှ လှိုက်လှိုက်လှဲလှဲ
အထူးပင် ကျေးဇူးတင်ရှိပါကြောင်း
လေးစားစွာဖြင့် မှတ်တမ်းတင်လိုက်ရပါသည်။

Photos from Team Yadanarbon Cycling's post 28/06/2026

ဒီနေ့မှာတော့ စက်ဘီးအားကစားလောကရဲ့
အမြင့်ဆုံးစိန်ခေါ်မှုတစ်ခုဖြစ်တဲ့
(၆၄) ကြိမ်မြောက် မြန်မာနိုင်ငံ
အမျိုးသားတံခွန်စိုက် စက်ဘီးပြိုင်ပွဲရဲ့
နောက်ဆုံးပွဲစဉ်ဖြစ်တဲ့
သုဝဏ္ဏဘောလုံးကွင်းပတ်လမ်းမှာကျင်းပပြုလုပ်တဲ့
ကွင်းပတ်ပြိုင်ပွဲကြီးဟာ အောင်မြင်စွာ
ပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ်။

​နိုင်ငံတစ်ဝန်းက ထိပ်သီးကစားသမားတွေ၊
အင်အားကြီးပြိုင်ဘက်အသင်းတွေကြားထဲမှာ
TYCရဲ့ မျိုးဆက်သစ် လူငယ်ကစားသမားတွေဟာ
သူတင်ကိုယ်တင်၊ အသက်ရှူမှားလောက်တဲ့
အရှိန်အဟုန်တွေနဲ့ အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြပါတယ်။

​ပြိုင်ပွဲရဲ့ သဘာဝအရ မမျှော်လင့်တဲ့
အလှည့်အပြောင်းတွေ၊
အခက်အခဲတွေ ရှိခဲ့ပါတယ်။

ပွဲစဉ်တစ်ဝက်အရောက်မှာ
ကျွန်တော်တို့ရဲ့ တွဲဖက်ကစားဖော်
ဘုန်းသီးဟနောင်တစ်ယောက် စက်ဘီးလဲပြိုမှု (Crash) ထဲမှာ
ပါဝင်သွားခဲ့ပြီး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိကာ
နောက်ကျန်ခဲ့ရပါတယ်။

ဒါပေမဲ့ သူဟာ လက်မလျှော့ခဲ့ပါဘူး ရရှိထားတဲ့ ဒဏ်ရာတွေ၊
နာကျင်မှုတွေကို ကြံ့ကြံ့ခံပြီး အဆုံးထိ
အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင်သွားခဲ့တဲ့
သူ့ရဲ့ ဇွဲ၊ စိတ်ဓာတ်နဲ့ သတ္တိဟာ တကယ့်ကို
ရင်ထဲကနေ လေးစားဂုဏ်ယူရလောက်တဲ့
အားကစားသမားစိတ်ဓာတ် စစ်စစ်ပဲ ဖြစ်ပါတယ်။

​တွဲဖက်ကစားဖော်တစ်ဦး အင်အားလျော့နည်းသွားတဲ့အတွက်
ကျန်ရှိနေတဲ့ အသင်းသားတွေအဖို့ ပိုမိုရုန်းကန်ခဲ့ရပြီး
နောက်ဆုံးအပတ် (Final Lap) မှာ ခြေကုန်လက်ပမ်းကျတဲ့အထိ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြရပါတယ်။

အားလုံးရဲ့ သွေး၊ ချွေး၊ ရုန်းကန်မှုတွေအဆုံး
ပန်းဝင်စည်းကို အသီးသီး ဖြတ်ကျော်ခဲ့ကြတဲ့အခါမှာတော့ -
​ဟိန်းတေဇအောင် မှ အဆင့် (၅)
​ကျော်ဖြိုးခန့် မှ အဆင့် (၆) ကို အသီးသီး
ဆွတ်ခူးနိုင်ခဲ့သလို၊
​မန္တလေးမြို့ခံ မိတ်ဖက်စက်ဘီးအသင်းမှ
ဇော်မင်းမြတ် (ခ) Milo ကလည်း အဆင့် (၁၀) ကို
အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

​ဒီနေ့ကျင်းပတဲ့ ကွင်းပတ်ပြိုင်ပွဲ (Criterium) ဆိုတာ
လေ့ကျင့်မှုတစ်ခုတည်းတင်မကဘဲ
ပြိုင်ပွဲအတွေ့အကြုံ၊ ဖြတ်ထိုးဉာဏ်နဲ့
စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချနိုင်မှုတွေ
များစွာလိုအပ်တဲ့ ပွဲမျိုးဖြစ်ပါတယ်။

အတွေ့အကြုံနုနယ်သေးပေမယ့်
ဝါရင့်ကစားသမားကြီးတွေကြားထဲမှာ
မိမိတို့ရဲ့ အရည်အချင်းကို အကောင်းဆုံး သက်သေပြနိုင်ခဲ့တဲ့
TYC ရဲ့ မျိုးဆက်သစ် လူငယ်ကစားသမားများအားလုံးကို
အတိုင်းမသိ ဂုဏ်ယူမိပါတယ်။

​မကြာမီအချိန်မှာတော့ ပွဲစဉ်အားလုံးရဲ့
စုစုပေါင်းရလဒ်တွေ ထွက်ပေါ်လာပြီးတာနဲ့
ဆုရရှိခဲ့ကြတဲ့ ကစားသမားတွေကို ဂုဏ်ပြုမယ့်
ဆုပေးပွဲအခမ်းအနားကို စတင်တော့မှာဖြစ်ပါတယ်။

စက်ဘီးအားကစားလောကရဲ့
ဂုဏ်ဒြပ်အကြီးမားဆုံးဖြစ်တဲ့
"တံခွန်စိုက်ဒိုင်းဖလားကြီး" ကိုတော့
Elite အတန်းရဲ့ ဘယ်အသင်းက
သိမ်းပိုက်ရရှိသွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့
ဆက်လက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးဗျာ။
(တံခွန်စိုက်ဒိုင်းသည် Elite အတန်း
တစ်တန်းထဲသာ ပေးခြင်းဖြစ်ပါသည်။)

27/06/2026

ဒီနေ့ကျင်းပပြီးစီးသွားခဲ့တဲ့
"တိုက်ကြီး - မှန်ပြတောင်" Mountain Bike
စက်ဘီးပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ TYCရော၊
မန္တလေးမြို့ခံ မိတ်ဖက်အသင်းတွေပါ
ဆုတံဆိပ်တွေကို အပြိုင်အဆိုင် ဆွတ်ခူးပေးနိုင်ခဲ့ပြီး
မန္တလေးတိုင်းရဲ့ စက်ဘီးအားကစားအရှိန်အဟုန်ကို
သက်သေပြနိုင်ခဲ့ကြပါပြီ။

​💨 ကြမ်းတမ်းတဲ့လမ်းခရီးကို အံတုခဲ့တဲ့ စိတ်ဓာတ်
ပြိုင်ပွဲတစ်လျှောက်လုံး လေဆန်တဲ့လမ်းကြောင်း၊
အတက်အဆင်း အကွေ့အကောက် များလှတဲ့
လမ်းခရီးတွေကို ဖြတ်ကျော်ပြီး...
နောက်ဆုံး ရင်တမမဖြစ်ရလောက်အောင်
မတ်စောက်လွန်းတဲ့ မှန်ပြတောင်ထိပ်ကို
မဆုတ်မနစ်တဲ့ ဇွဲ၊ စိတ်ဓာတ်၊ချွေးစက်တွေနဲ့ အတူ
အားကုန်ရုန်းပြီး တက်လှမ်းယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

​🥉 TYC အသင်းရဲ့ လူငယ်မျိုးဆက်သစ် ကစားသမား
"သန့်ဇော်" က ရင်ဘတ်ထဲက ဇွဲစိတ်ဓာတ်အပြည့်နဲ့
ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး တတိယဆုကို
ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။

​🥈 ဒါ့အပြင် မန္တလေးမြို့ခံ စက်ဘီးအသင်းဖြစ်တဲ့
IZC စက်ဘီးအသင်းမှ
"ကျော်သူဆွေ" ကလည်း ဒုတိယဆု ကို
တက်လှမ်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

​🇲🇲 မန္တလေးတိုင်းအတွက် ဂုဏ်ဆောင်နိုင်ခဲ့ပြီ
ပြိုင်ပွဲလမ်းကြောင်းက ဘယ်လောက်ပဲ
ခက်ခဲ​ကြမ်းတမ်းနေပါစေ
မန္တလေးကိုယ်စားပြု ကစားသမားတွေရဲ့
ထူးချွန်ပြောင်မြောက်တဲ့ ဒီလိုစွမ်းဆောင်ရည်တွေကြောင့်
မန္တလေးတိုင်း စက်ဘီးအားကစားလောကအတွက်
များစွာ အားရကျေနပ်မိသလို
ရင်ထဲမှာလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။

​ပြိုင်ပွဲဝင် ကစားသမားအားလုံးရဲ့ အားထုတ်မှုနဲ့
နောက်ကွယ်က အားပေးခဲ့ကြတဲ့
မိမိတို့ အသင်းလူကြီးမင်းများ၊
မိတ်ဆွေအပေါင်းအသင်း လူကြီးမင်းများနှင့်
ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကို
အထူးကျေးဇူးတင်ရှိပါတယ်။

ရှေ့ဆက်ပြီးလည်း TYC နဲ့အတူ ဒီထက်မကတဲ့
အောင်ပွဲတွေဆီ ဆက်လက်ချီတက်သွားမှာမို့
အတူတူ အားပေးဝန်းရံပေးကြပါဦးဗျာ။

27/06/2026
26/06/2026

လှည်းကူး - ၁၁ကုန်း အသွားအပြန်
တာဝေးပြိုင်ပွဲကြီး
ယနေ့မှာတော့ ပြီးဆုံးသွားခဲ့ပါပြီ။

ယနေ့ဟာ ပြိုင်ပွဲဝင်အသင်းသားတွေအတွက်တင်မက၊
ပြိုင်ပွဲကို စောင့်ကြည့်ခဲ့ကြတဲ့ TYC အသင်းသားအားလုံး
ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

​လှည်းကူး - ၁၁ကုန်း အသွားအပြန်
တာဝေးပြိုင်ပွဲကြီးဟာ အကြိတ်အနယ်ရှိလှတဲ့
အားပြိုင်မှုတွေနဲ့အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ
ခရီးအကွာအဝေးဟာ လမ်းခရီးရဲ့ ကြမ်းတမ်းမှုတင်မကဘဲ
ကစားသမားတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ
စမ်းသပ်တဲ့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

​ဒီပြိုင်ပွဲမှာ လေးစားခဲ့ရတာကတော့
TYCအသင်းသားတွေရဲ့ တူညီတဲ့
"စည်းလုံးညီညွတ်မှု" ပဲဖြစ်ပါတယ်။

ပွဲအတွေ့အကြုံ မရှိသေးတဲ့
TYC လူငယ်ကစားသမားတွေပဲ ပါဝင်ခဲ့ပေမယ့်၊
ခက်ခဲပင်ပန်းတဲ့ လမ်းခရီးတစ်လျှောက်လုံးမှာ
တစ်ဦးကိုတစ်ဦး ဖေးမ၊ တွန်းအားပေးပြီး
အားကစားစိတ်ဓာတ်အ​ပြည့်နဲ့ အတူတူ ကျော်ဖြတ်ခဲ့ကြပါတယ်။

​ခွန်အားတွေ ကုန်ခမ်းလုနီးပါးဖြစ်နေတဲ့
နောက်ဆုံး ပန်းဝင်စည်းအနီး...
ပရိသတ်တွေအားလုံး အသက်ရှူအောင့်ပြီး စောင့်ကြည့်ရတဲ့
ရင်ခုန်စရာ အချိန်အခိုက်အတန့်မှာတော့
TYC အသင်းရဲ့ လူငယ်ကစားသမား
ကျော်ဖြိုးခန့် ဟာ ရှိသမျှအင်အား၊
စိတ်ဓာတ်ခွန်အားတွေကို
ရေကုန်ရေခမ်း အားပြိုင်ရင်း
ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး
ဟိန်းတေဇအောင် အဆင့် ၁၂
ဘုန်းသီဟနောင် အဆင့် ၁၆
ထွန်းလင်းအောင် Eliteတန်း အဆင့်၂၀ ဖြင့်
အသီးသီး ပန်းဝင်နိုင်ခဲ့ပါတယ်။

​ပွဲအတွေ့အကြုံထက် စိတ်ဓာတ်နဲ့ စည်းလုံးမှုကို
ရှေ့တန်းတင်ပြီး သက်သေပြသွားခဲ့တဲ့
TYC အသင်းသားများအားလုံးကို
အထူးပင် ဂုဏ်ယူလေးစားမိပါတယ်။

​ကျရှုံးခြင်းမရှိတဲ့ စိတ်ဓာတ်တွေနဲ့ ရှေ့ဆက်သွားမယ့်
TYC အသင်းကို ဆက်လက်အားပေး စောင့်ကြည့်ပေးကြပါဦး။

Photos from Team Yadanarbon Cycling's post 24/06/2026

ခရီးပန်းတာတွေ ခဏဖယ်ပြီး
ပြိုင်ပွဲဝင်ဖို့အတွက် ထက်သန်တဲ့ စိတ်ဓာတ်အပြည့်နဲ့
​ရတနာပုံစက်ဘီးအသင်းနဲ့ အတူ
မန္တလေးမြို့ခံ စက်ဘီးကလပ်အသီးသီးက
အကောင်းဆုံးကစားသမားတွေဟာ
ရန်ကုန်မြေကို ခြေချပြီးတာနဲ့ နားမနေကြပါဘူး။

ဒီနေ့မနက်အစောပိုင်းမှာတင် သူတို့ရဲ့
ပြိုင်ပွဲဝင်စက်ဘီးတွေကို ချက်ချင်းတပ်ဆင်ပြီး
လှည်းကူး - ၁၁ ကုန်း ပြိုင်ပွဲလမ်းကြောင်း ဆီကို
တန်းတန်းမတ်မတ် ဦးတည်ခဲ့ကြပါတယ်။

​အနိုင်ရလဒ်အတွက် လမ်းကြောင်းအနေအထားကို
သေသေချာချာ လေ့လာပြီး အကြိုစမ်းသပ်စီးနင်းရင်း
အဆင်သင့်ဖြစ်ဖို့အတွက် ပြင်းပြင်းထန်ထန်
ပြင်ဆင်နေကြပြီပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ သူတို့ရဲ့ ခြေလှမ်းတွေကို
စောင့်ကြည့်ပေးကြပါဦး!

23/06/2026

ရတနာပုံစက်ဘီးအသင်း မှ
လူငယ် မျိုးဆက်သစ် ကစားသမားများဟာ
မြန်မာနိုင်ငံ အမျိုးသားတံခွန်စိုက်စက်ဘီးပြိုင်ပွဲတွင်
အကြိတ်အနယ် ပါဝင်ယှဥ်ပြိုင်ရန်အတွက်
မန္တလေးမှ စတင်ထွက်ခွာလို့လာပါပြီ.....

23/06/2026

🇲🇲
မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့်
(၆၄)ကြိမ်မြှောက် မြန်မာနိုင်ငံ အမျိုးသားတံခွန်စိုက်
စက်ဘီးပြိုင်ပွဲ​ကြီးတွင် Team Yadanarbon Cycling - TYCမှ
လူငယ်မျိုးဆက်သစ်ကစားသမားများ ပါဝင်ယှဥ်ပြိုင်မည်။

📆
ဇွန်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ့်
ဒီပြိုင်ပွဲကြီးမှာ Road Race, MTB နဲ့ Criterium ပွဲစဉ်များကို
ယှဥ်ပြိုင်ရမှာဖြစ်ပြီး ​လမ်းကြောင်းပေါ်က စက္ကန့်တိုင်း၊
စက်ဘီးကွင်းထဲက အကွေ့တိုင်းမှာ အကောင်းဆုံး
ယှဉ်ပြိုင်မှုတွေနဲ့အတူ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

🚴🚵🚴
​တစ်နိုင်ငံလုံးမှ အကောင်းဆုံး
ကစားသမားတွေ စုံလင်စွာနဲ့ ပြိုင်ဆိုင်မှု
အပြင်းထန်ဆုံးဖြစ်မယ့် ဒီပွဲမှာ HeinTayzaAung,
KyawPhyoKhant, ThantZaw, BhoneThiHaNaung နဲ့
HtunLinAung တို့က TYC ရဲ့ အရှိန်အဟုန်ကို သက်သေပြဖို့
လမ်းကြောင်းပေါ် တက်လာခဲ့ပါပြီ။

💨🌪
​လမ်းကြောင်းက ကြမ်းတမ်းပြီး ပြိုင်ဘက်တွေက
တောင့်တင်းပေမယ့်... TYC မျိုးဆက်သစ် လူငယ်တွေရဲ့
အားမာန်ကလည်း လျှော့တွက်လို့မရပါဘူး။

Road Race, MTB ကော Criterium မှာပါ စက္ကန့်တိုင်းအတွက်
အစွမ်းကုန်⚡ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားသွားမယ့်
TYC ရဲ့ Junior လူသစ်တန်း Fighter များဖြစ်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay