Planet Fitness Equipment

Planet Fitness Equipment

Share

ကျန်းမာပျော်ရွှင်သောဘဝတစ်ခုုအတွက် Planet Fitness Equipment ရှိတယ်။

ကျန်းမာပျော်ရွှင်သောဘဝတစ်ခုုအတွက် Planet Fitness Equipment ရှိတယ်။ နေ့စဉ် ကိုုယ်လက်လှုပ်ရှားအားကစားလုုပ်ခြင်းဖြင့် ရောဂါများကိုုကြိုတင်ကာကွယ်နိုုင်ပါတယ်။

15/05/2026

မိုးရွာလိုက်၊ နေပူလိုက်နဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ ရာသီဥတုမျိုးမှာ နေ့တိုင်း ဘယ်သူက နေ့တိုင်း Gym သွားချင်မှာလဲနော်။ 🤭

ဒါကြောင့် အပြင်လည်းမသွားချင်ဘူး၊ Gym ကလည်း ဆော့ချင်တယ်ဆိုရင် အိမ်မှာပဲနေရင်း Full Body ကျင့်လို့ရမဲ့ SH-G5203 Multi-Gym ရှိပါတယ်။

SH-G5203 မှာဆိုရင် Smith Machine၊ Functional Trainer နဲ့ Squat Rack စတာတွေကို ပေါင်းစပ်ထည့်သွင်းပေးထားတာလို့ ရင်အုပ်၊ ကျောပြင်၊ ပုခုံးနဲ့ ခြေထောက် လေ့ကျင့်ခန်းတွေကို စက်တစ်ခုတည်းမှာတင် Full Body ဆော့ကစားနိုင်ပါတယ်။ 💯

♦️ ရင်အုပ်ပိုင်း အတွက် Chest Press, Pectoral fly
♦️ ကျောပြင်ပိုင်း အတွက် Lat Pulldown, Seated Row
♦️ ခြေထောက်နဲ့ တင်ပါး အတွက် Huck Squatting, Leg Extension
♦️ ပခုံးနဲ့ လက်မောင်း အတွက်လည်း အခြားလေ့ကျင့်ခန်းမျိုးစုံတို့ကို ထိထိရောက်ရောက် လေ့ကျင့်နိုင်ပါတယ်။

ဒါ့အပြင် Ergonomic Design ဖြစ်တာကြောင့် အသုံးပြုရလွယ်ကူပြီး လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သက်တောင့်သက်သာရှိစေမှာပါ။

SH-G5203 Multi-Gym နဲ့ဆိုရင် မိုးရွာလို့ Gym မသွားနိုင်တာ၊ နေပူလို့ အပြင်မထွက်ချင်တာတွေကို အကြောင်းပြစရာမလိုတော့ပါဘူး။ အပြင်မထွက်ချင်တဲ့နေ့တိုင်း အိမ်မှာနေရင်း Workout လုပ်လို့ရပါပြီ။ 🏋️‍♀️

ဈေးနှုန်းနဲ့ အသေးစိတ်ကို Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ အခုပဲ လာရောက်စုံစမ်းနိုင်ပါတယ်။ 📩

☎️ Contact Us : 09 - 781 237 762, 09 - 787 434 314

📍 Mandalay Branch : 83rd St, Bet - ( 29 ~ 30 ), Mandalay.

📍 Yangon Branch : No. ( 2 ), Shwe Pyi Aye Condo, Bargayar St, San Chaung Tsp, Yangon.

14/05/2026

ရုံးဆင်းတာနဲ့ ပင်ပန်းနေပြီ... Gym ကို ထပ်သွားဖို့ဆိုရင် လမ်းမှာကားပိတ်တာနဲ့တင် အချိန်တွေ၊ အားအင်တွေ ကုန်သွားရောမလား ? 😩

ဒါ့အပြင် Gym ရောက်တော့လည်း လူကျပ်လို့ စက်လွတ်ဖို့ စောင့်ရတာ၊ တခြားသူတွေနဲ့ စက်တွေကို ရောသုံးရတာက တစ်ခါတလေမှာ ကိုယ့်အတွက် သိပ်ပြီး သက်တောင့်သက်သာ မဖြစ်လှပါဘူး။ ဒီလို အကြောင်းပြချက်တွေကြောင့်ပဲ လေ့ကျင့်ခန်းလုပ်ဖို့ တစ်ရက်ပြီးတစ်ရက် ပျင်းလာပြီး ကိုယ့်ရဲ့
ကျန်းမာရေးနဲ့ ခန္ဓာကိုယ် အချိုးအစား ရည်မှန်းချက်တွေက ဝေးသထက်ဝေးသွားတတ်ပါတယ်။

ဒီလို စိတ်ညစ်စရာတွေ၊ အချိန်ကုန်တာတွေကို ရှောင်ရှားချင်တယ်ဆိုရင်တော့ သင့်အိမ်လေးကိုပဲ သီးသန့်ဆန်တဲ့ ကိုယ်ပိုင် Gym လေးတစ်ခုအဖြစ် ပြောင်းလဲလိုက်တာ အကောင်းဆုံးပါပဲ။ ✨
ပြီးပြည့်စုံတဲ့ Gym တစ်ခုအဖြစ် သင့်ရဲ့အိမ်ကို အပြည့်အဝပြောင်းလဲပစ်ဖို့ဆိုရင်တော့ Planet Fitness ရဲ့ SHUA Home Fitness Equipment တွေက အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့...
♦️ အိမ်သုံးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ SHUA စက်တွေရဲ့ Motor တွေက အသံဆူညံမှု လုံးဝမရှိလို့ မိသားစုဝင်တွေနဲ့ အိမ်နီးနားချင်းတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်စရာ မလိုတော့ပါဘူး။

♦️ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ နေတယ်ဆိုရင်တောင် နေရာအများကြီး မယူတဲ့အပြင်၊ အလွယ်တကူ ခေါက်သိမ်းလို့ရတဲ့ Treadmill တွေက သင့်အတွက် အဆင်ပြေဆုံး ဖြစ်စေမှာပါ။

♦️ Gym က စက်ကြီးတွေအတိုင်း ခိုင်ခံ့မှုရှိပြီး၊ Heart-rate monitor တွေ၊ လေ့ကျင့်ခန်း Function အစုံအလင် ပါဝင်လို့ အိမ်မှာနေရင်းနဲ့ပဲ ပြည့်စုံတဲ့ Workout တစ်ခုကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် Gym မသွားချင်ရင် အိမ်မှာ SHUA Equipment တွေ ရှိထားဖို့လိုပါတယ်နော်။ 💯

ကိုယ့်ရဲ့ အိမ်နေရာအကျယ်အဝန်း၊ လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မဲ့ Treadmill၊ Elliptical နဲ့ တခြား Home Gym စက်တွေကို အသေးစိတ် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့ Planet Fitness ရဲ့ Chat Box ကို အခုပဲ စာပို့လိုက်ပါနော်။ 📩

08/05/2026

Gym စကစားတော့မဲ့သူတိုင်း အမြဲရွေးချယ်ရခက်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ "ငါက ဝိတ်ကျချင်တာ... ပြေးရုံနဲ့ ရမလား ? ဒါမှမဟုတ် အလေးမမှ ပိုထိရောက်မလား ?" ဆိုတာပါပဲ။

တကယ်တော့ ဒီနှစ်ခုစလုံးဟာ အစားထိုးမရတဲ့ အားသာချက်ကိုယ်စီ ရှိကြပါတယ်။

သူတို့နှစ်ခုက ဘာကွာလဲဆိုရင်…

Cardio လေ့ကျင့်ခန်းတွေဟာ နှလုံးသွေးကြောစနစ်ကို အားကောင်းစေပြီး ခံနိုင်ရည်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ကယ်လိုရီကို အများဆုံး လောင်ကျွမ်းစေပါတယ်။

Strength Training ကတော့ ကြွက်သားတည်ဆောက်မှု (Muscle Building) အတွက် မရှိမဖြစ်ပါ။ ကြွက်သားထုထည် များလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းမှုနှုန်း (Metabolism) ကိုပါ မြင့်တက်လာစေပါတယ်။ ဆိုလိုတာက သင်အနားယူနေချိန်မှာတောင် ခန္ဓာကိုယ်က အဆီတွေကို ဆက်လက်လောင်ကျွမ်းနေမှာ ဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်ကို လိုချင်ရင်တော့ တစ်မျိုးတည်းကိုပဲ ဇောက်ချလုပ်မဲ့အစား နှစ်မျိုးလုံးကို ပေါင်းစပ်ကစားဖို့ အကြံပြုပါရစေ။ Cardio နဲ့ နှလုံးကို အားကောင်းစေပြီး Strength Training နဲ့ ခန္ဓာကိုယ် အချိုးအစားကို ထိန်းညှိလိုက်ပါ။ 🏋️

သင့်ရဲ့ Body Goal ဆီ အမြန်ဆုံးရောက်ရှိနိုင်ဖို့ Cardio ရော Strength အတွက်ပါ ပြည့်စုံတဲ့ SHUA Fitness Equipment တွေကို SHUA Myanmar မှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါပြီ။

☎️ Contact Us : 09 - 781 237 762, 09 - 787 434 314

📍 Mandalay Branch : 83rd St, Bet - ( 29 ~ 30 ), Mandalay.

📍 Yangon Branch : No. ( 2 ), Shwe Pyi Aye Condo, Bargayar St, San Chaung Tsp, Yangon.

01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော အလုပ်သမားနေ့ကစပြီး လုပ်ငန်းခွင်မှာရော၊ ကိုယ်ပိုင်ဘဝမှာပါ အောင်မြင်ပျော်ရွှင်တဲ့သူတွေ ဖြစ်ကြပါစေ။


29/04/2026

Planet Fitness တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိသည်။

လုပ်ငန်းအတွေ့အကြုံအပေါ် မူတည်ပြီး လစာကို ညှိနှိုင်းနိုင်ပါသည်။

HR Assistance (Female 1 Post)
❇️ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ HR နှင့် သက်ဆိုင်သော ဘွဲ့ နှင့် Diploma ရရှိထားသူကို ဦးစားပေးမည်။
❇️ HR နှင့် သက်ဆိုင်သော အတွေ့အကြုံ အနည်းဆုံး (၁) နှစ်နှင့်အထက် ရှိရမည်။
❇️ ဆက်ဆံရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
❇️ Payroll and Recruiting Process များကို ကျွမ်းကျင်နိုင်နင်းစွာ စီမံခန့်ခွဲနိုင်ရမည်။
❇️ Microsoft Excel and Word ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

Fitness Trainer (Male & Female 2 Posts)
❇️ Certified Personal Trainer CIFA (or) MFTA ဖြစ်ရမည်။
❇️ Fitness Training အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။
❇️ Strength, Conditioning and Body Transformation အပိုင်းတွင် ဗဟုသုတရှိရမည်။
❇️ Teamwork ဖြင့် လုပ်ကိုင်နိုင်ရမည်။
❇️ ဆက်ဆံရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။

Office Clerk (Female 2 Posts)
❇️ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။
❇️ ဖုန်း နှင့် ကွန်ပျူတာကို ကျွမ်းကျွင်စွာ သုံးတတ်ရမည်။
❇️ သွက်သွက်လက်လက် လုပ်ဆောင်နိုင်ရမည်။
❇️ ဆက်ဆံရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
❇️ Sale Report နှင့် Stock Report များကို တင်ပြပေးရမည်။

Driver (Male 2 Posts)
❇️ Auto / Manual နှစ်မျိုးလုံး မောင်းနိုင်သူဖြစ်ရမည်။
❇️ လိုင်စင်အနက် ရှိသူဖြစ်ပြီး အနည်းဆုံး လိုင်စင်သက်တမ်း (၂) နှစ် ရှိရမည်။
❇️ မန္တလေးမြို့တွင်း ကျွမ်းကျင်စွာမောင်းနိုင်သူ ဖြစ်ရမည်။
❇️ ဆက်ဆံရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
❇️ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။

📩 လျှောက်ထားရန် ဖုန်း - 09 781237762, 09 787434314
🏠 လိပ်စာ - (၈၃) လမ်း၊ (၂၉) လမ်းနှင့် လမ်း (၃၀) ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။


#

28/04/2026

ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် အမိုက်စား Body ကို တည်ဆောက်တဲ့နေရာမှာတော့ "စုံရက်၊ မရက်" ခွဲပြီး စောင့်နေဖို့ မလိုပါဘူး။ 🙅‍♀️

အပြင်မှာ ကားမောင်းဖို့ ရက်စောင့်နေရပေမဲ့ အိမ်မှာ Planet Fitness Equipment တွေ ရှိနေပြီဆိုရင်တော့ ဘယ်ရက်ဖြစ်ဖြစ် ကိုယ့်ရဲ့ Workout Day ပါပဲ။ 🏋️‍♂️

အချိန်ကုန်၊ လူပင်ပန်းခံပြီး အပြင်ထွက်စရာမလိုဘဲ မိမိအိမ်မှာတင် 24/7 စိတ်ကြိုက်လေ့ကျင့်ခန်း လုပ်နိုင်ဖို့ Planet ရဲ့ Premium Home Gym စက်တွေက အသင့်ရှိနေပါပြီ။ 🔥

ဘာကြောင့် အိမ်မှာ Planet Equipment တွေကို ဆောင်ထားသင့်တာလဲ ?
👉 စုံ၊ မ ရက် ကြည့်စရာမလိုဘဲ ကိုယ်အားတဲ့အချိန်၊ ကိုယ်အဆင်ပြေတဲ့နေရာမှာ အချိန်မရွေး လွတ်လွတ်လပ်လပ် Workout လုပ်လို့ရတယ်။
👉 Gym သွားဖို့ ကားမောင်းစရာမလိုတော့လို့ ဆီဖိုးလည်း သက်သာ၊ လူလည်း မပင်ပန်းတော့ဘူး။
👉 လေ့ကျင့်ခန်းလုပ်တဲ့အခါ ပိုမိုသက်တောင့်သက်သာရှိပြီး ထိရောက်မှုရှိစေဖို့ Planet ရဲ့ အဆင့်မြင့် Fitness Equipment တွေက အပြည့်အဝ ကူညီပေးမှာပါ။

ကားမောင်းဖို့ ရက်စောင့်ရပေမဲ့ ကိုယ့် Body ကို Train ဖို့တော့ စောင့်မနေနဲ့တော့နော်။ 😉

အခုပဲ Planet နဲ့အတူ သင့်ရဲ့ Fitness Goal တွေကို အိမ်မှာတင် အကောင်အထည်ဖော်လိုက်ပါ။ 💯

Equipment နဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Page Messenger ကနေဖြစ်စေ၊ အောက်ပါ ဖုန်းနံပါတ်တွေကနေဖြစ်စေ ဆက်သွယ်လိုက်ပါ။ ⬇️

☎️ Contact Us : 09 - 781 237 762, 09 - 787 434 314

📍 Mandalay Branch : 83rd St, Bet - ( 29 ~ 30 ), Mandalay.

📍 Yangon Branch : No. ( 2 ), Shwe Pyi Aye Condo, Bargayar St, San Chaung Tsp, Yangon.

27/04/2026

နွေရာသီရဲ့ အပူရှိန်ကြောင့် Daily Workout လုပ်မယ်ဆိုရင် ပုံမှန်ထက် ပိုမိုပင်ပန်းနွမ်းနယ်တာ၊ ရေဓာတ်ခန်းခြောက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နွေရာသီမှာ Workout လုပ်သူတိုင်း သတိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မျှဝေပေးလိုက်ပါတယ်။ ⚠️

✅ နေပြင်းတဲ့အချိန်မှာ Workout လုပ်ခြင်းက Energy ကို ပိုမိုကုန်ခမ်းစေသလို အပူဒဏ်ကြောင့် မူးဝေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မနက်စောစော ဒါမှမဟုတ် ညနေ နေအေးချိန်တွေကိုသာ ရွေးချယ်သင့်ပါတယ်။

✅ Workout မလုပ်ခင်၊ လုပ်နေစဉ်နဲ့ လုပ်ပြီးချိန်တိုင်းမှာ ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမှသာ အပူဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။

✅ ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။

✅ အပူဒဏ်ကနေ ကင်းဝေးဖို့ Indoor Workout တွေကိုသာ ရွေးချယ်တာ အကောင်းဆုံးပါ။ အကယ်၍ အပြင်မှာ Workout လုပ်မယ်ဆိုရင်တော့ Sunscreen လိမ်းဖို့ မမေ့ပါနဲ့။

✅ အရမ်းပူပြင်းတဲ့နေ့တွေမှာ Workout ကို အပြင်းအထန် လုပ်မဲ့အစား ခန္ဓာကိုယ် အခြေအနေပေါ်မူတည်ပြီး လေ့ကျင့်ခန်းကို အနည်းငယ် လျှော့ချလုပ်ဆောင်သင့်ပါတယ်။

Planet Fitness ရဲ့ ချစ်မိတ်ဆွေများအားလုံး ဒီနွေရာသီမှာ ကျန်းမာပျော်ရွှင်တဲ့ Lifestyle ကို ပိုင်ဆိုင်နိုင်ကြပါစေ။ ❤️

17/04/2026

မြန်မာနှစ်သစ်၏ ပထမဆုံးနေ့မှစ၍ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများဖြင့် ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ပါစေ။


#နှစ်ဆန်းတစ်ရက်နေ့

12/04/2026

သင်္ကြန်ရေအေးအေးလေးနဲ့အတူ နှစ်သစ်မှာ ခွန်အားသစ်တွေနဲ့ ပိုမိုကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ကြပါစေ။


11/04/2026

Gym သွားဖို့ အချိန်မပေးနိုင်ပေမဲ့ ကျန်းမာရေးလိုက်စားချင်သူတွေ၊ ခန္ဓာကိုယ် အချိုးအစား လှပကျစ်လစ်ချင်သူတွေအတွက် အိမ်မှာနေရင်း အလွယ်တကူ ဆော့လို့ရတဲ့ Workout App လေးတွေကို Planet Fitness ကနေ မျှဝေပေးလိုက်ပါတယ်။ 🤩

1️⃣ Nike Training Club
လေ့ကျင့်ခန်းအမျိုးအစား စုံစုံလင်လင် ပါဝင်ပြီး လုံးဝ အခမဲ့ အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိ Fitness Level အလိုက် သေချာရွေးချယ်နိုင်လို့ Beginner တွေကစပြီး အဆင်ပြေပြေ ကစားနိုင်တဲ့ App လေးပါ။

2️⃣ FitOn
နာမည်ကြီး Trainer တွေနဲ့အတူ HIIT, Pilates ကနေ Dance Workout တွေအထိ အစုံအလင် ကစားနိုင်လို့ နေ့တိုင်းဆော့လည်း ရိုးမသွားစေမဲ့ App လေးပါ။ အချိန်တိုအတွင်း ချွေးထွက်ချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။

3️⃣ Home Workout - No Equipment
ကိရိယာ ဘာမှမလိုဘဲ ကစားလို့ရတာမို့ အိမ်မှာပဲ ကစားမဲ့သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် Animation ပုံလေးတွေနဲ့ သေချာပြသပေးပါတယ်။

4️⃣ Seven - 7 Minute Workout
အလုပ်အရမ်းများလို့ အချိန်မရဘူးဆိုတဲ့ သူတွေအတွက် တစ်နေ့ကို (၇) မိနစ်တည်း အချိန်ပေးရုံနဲ့ ထိရောက်မှုရှိစေမဲ့ App ပါ။ နေ့စဉ် ပုံမှန်လုပ်ဖြစ်အောင် Game ဆော့သလို Challenge လေးတွေ ထည့်သွင်းပေးထားပါတယ်။

5️⃣ Daily Yoga
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေထက် ခန္ဓာကိုယ် ပျော့ပျောင်းပြီး စိတ်ဖိစီးမှုတွေ ပြေလျော့ချင်တယ်ဆိုရင်တော့ ဒီ Yoga App လေးက အသင့်တော်ဆုံးပါပဲ။

ကဲ... Fitness ချစ်သူတို့ရော အိမ်မှာဆော့ရင် ဘယ် App လေးတွေ အသုံးများလဲဆိုတာ Comment မှာ မျှဝေပေးသွားပါဦး။ လေ့ကျင့်ခန်းလုပ်မဲ့ အချိန်ကျရင် အလွယ်တကူ ပြန်ကြည့်လို့ရအောင် ဒီ Post လေးကို အခုပဲ Save လုပ်ထားလိုက်တော့နော်။ 😉👇

11/04/2026

Planet Fitness မှ မဟာသင်္ကြန်ကာလ (13.4.2026) မှ (17.4.2026) အထိ သင်္ကြန်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားမည်ဖြစ်ပြီး (18.4.2026) တွင် ဝန်ဆောင်မှုလုပ်ငန်းများအားလုံး ပြန်လည်လုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း Customer များအား လေးစားစွာ အသိပေးကြေညာအပ်ပါသည်။


Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


83St, Bet: 29St & 30 Street
Mandalay
9522195

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00