31/12/2021
နှစ်သစ်မှာ သာယာချမ်းမြေ့ကြပါစေကြောင်း Velotac မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျာ🙏
The passion for speed and life shows true on all who choose it as their first love. The Best Engine Oil. Brand of Italy.
31/12/2021
နှစ်သစ်မှာ သာယာချမ်းမြေ့ကြပါစေကြောင်း Velotac မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ခင်ဗျာ🙏
25/12/2021
09/09/2020
Yangon က ကားချစ်သူဘော်ဒါတို့်အတွက်
02/09/2020
အကောင်းဆုံးကိုပဲအမြဲအသုံးပြုကြတဲ့
အကောင်းကြိုက်တဲ့ဆရာတို့ရေ
ဆရာတို့ရဲ့ Model မြင့်ကားအကောင်းစားတွေအတွက်
ကျွန်တော်တို့ velotac Italian Performance Engine Oil က
အမြင့်မားဆုံးစွမ်းဆောင်ရည်နှင့် ဆရာတို့ရဲ့ Car Engine ကို
မောင်းနှင်နေတဲ့အချိန်တိုင်းမှာ အပြည့်အဝကာကွယ်ပေးမှာပါ
02/08/2020
ပြိုင်ဘက်ကင်းတဲ့ ကောက်ကြောင်းအလှနဲ့ တန်ဖိုးမြင့်နောက်ဆုံးပေါ် Lamborghini Sian
အီတလီကားကုမ္ပဏီ Lamborghini ဆိုတာ နာမည်ကျော်အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ သန်းကြွယ်သူဌေးတွေအကြိုက် တန်ဖိုးမြင့်ပြိုင်ကားတွေ အစဉ်တစိုက် ထုတ်လုပ်ရောင်းချနေတဲ့ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Lamborghini က ထုတ်လုပ်တဲ့ ကားမိုဒယ်တိုင်းနီးပါးက စွမ်းဆောင်ရည်မြင့်မားသလို တည်ဆောက်မှုအရလည်း နည်းပညာမြင့်မားတာကြောင့် သာမန်ကားတွေထက် စျေးနှုန်းမြင့်မားလျက်ရှိတာ အမှန်ပါပဲ။ ၁၉၆၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Lamborghini ရဲ့ ၅၇ နှစ်တာသက် တမ်းအတွင်း အလန်းစားပြိုင်ကားတွေ ထုတ်လုပ်ရောင်းချခဲ့ပြီး ကမ္ဘာတစ်လွားက ဖောက်သည်တွေကလည်း တခုတ်တရ ဝယ်ယူရတာမျိုးဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းပြုလုပ်တဲ့ 2019 Frankfurt Motor Show မှာ Lamborghini က တရားဝင် မိတ်ဆက်ပြသခဲ့တဲ့ နောက်ဆုံးပေါ်ပြိုင်ကားက ပြပွဲလာပရိသတ်တွေကိုသာမက ကမ္ဘာတစ်လွားက ကားဝါသနာရှင်တွေရဲ့အာရုံကို လွမ်းမိုးဖမ်းစားနိုင်ခဲ့ပါတယ်။
ကားဝါသနာရှင် အများစုရဲ့အာရုံကို လွမ်းမိုးဖမ်း စားနိုင်လောက်အောင်လည်း Lamborghini Sian FKP 37 ပြိုင်ကားရဲ့ဒီဇိုင်းပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းက သားနားသပ်ရပ်လွန်းပါတယ်။ Sian FKP 37 ပြိုင်ကားဟာ Lamborghini ရဲ့သမိုင်းတစ်လျှောက် စက်သုံးဆီနဲ့ လျှပ်စစ်စွမ်းအင် တွဲဖက်အသုံးပြုနိုင်တဲ့ ပထမဆုံးသော hybrid Sports Car ဖြစ်တာကလည်း ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ Sian ဆိုတာက အီတလီနိုင်ငံမှာအသုံးပြုတဲ့ Bolognese စကားအရ 'အလင်းရောင်တန်း' လို့အမည်ရပြီး FKP ဆိုတာကတော့ Lamborghini ရဲ့ မိခင်ကုမ္ပဏီ Volkswagen Group ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဥက္ကဌဟောင်း ကွယ်လွန်သူ Ferdinand Karl Piech ရဲ့ နာမည်အတို ကောက်ဖြစ်သလို 37 ကတော့ ၎င်းမွေးဖွားခဲ့တဲ့ ၁၉၃၇ ခုနှစ်ကို ရည်စူးထားတာပါ။ Sian ပြိုင်ကား မှာ စွမ်းအင်ထုတ်လုပ်မှုမြင့်မားတဲ့ 6.5 Litre V12 gasoline အင်ဂျင်နဲ့အတူ လျှပ်စစ်မိုတာတစ်လုံး တွဲစပ်ထားပြီး စွမ်းအင်ထုတ်လုပ်မှုပမာဏက နှစ်ခု ပေါင်းဆိုရင် မြင်းကောင်ရေ ၈ဝ၇ ကောင်အားရှိပါတယ်။
၂ ဒသမ ၈ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင်ခြောက်ဆယ်အထိ အရှိန်တင်နိုင်ပြီး အမြင့်ဆုံး အ နေနဲ့ တစ်နာရီ ၂၁၇ မိုင်နှုန်းအထိ မောင်းနှင်နိုင်တာကြောင့် အလန်းစားပြိုင်ကားတစ်စီးဆိုတာ သက်သေပြစရာမလိုတော့ပါဘူး။ လေထုကိုဖြိုခွင်းနိုင်ဖို့အတွက် အကောင်းဆုံး Aerodynamic နည်းပညာကို အသုံး ပြုထားတာကြောင့် လမ်းမတွေထက် အပေါ့ပါးဆုံး အနေအထားနဲ့ မောင်းနှင်နိုင်မှာဖြစ်သလို ဘော်ဒီ ကောက်ကြောင်းနဲ့ အတွန့်အခေါက်ဒီဇိုင်းတွေက ပြိုင်ဘက်ကုမ္ပဏီတွေကထုတ်လုပ်တဲ့ ဘယ်လိုပြိုင်ကား မျိုးကိုမဆို ကောင်းကောင်းယှဉ်နိုင်ပါတယ်။ လေးဘီးယက်စနစ်ဖြစ်ပြီး 7-Speed SR Automated manual နဲ့ မောင်းနှင်ရမှာဖြစ်ပါတယ်။ တစ်စီးလုံးကို ခြုံကြည့်ရင် Sian ရဲ့ကောက်ကြောင်းက Lamborghini ရဲ့ တခြားပြိုင်ကားမိုဒယ်တွေနဲ့ ဆင်တူသယောင် ရှိပေမဲ့လည်း သေသေချာချာကြည့်ရင်တော့ အနည်းငယ် ကွဲပြားပါတယ်။
အရှေ့ပိုင်းရုပ်ထွက်က အမိုက်စားဖြစ်ပြီး အထူးသဖြင့် ဘောနတ်အပေါ်ပိုင်းအထိရှိတဲ့ အရှေ့ဘက် မီးကြီးက Y-shape ပုံစံဖြစ်တာကြောင့် ဆန်းပြားတဲ့ ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။ ဘောနတ်အပေါ်မှာ အလျားလိုက် လေစုပ်ပေါက်တစ်ခုပါဝင်ပြီး အရှေ့ဘက် Skirt က လူငယ်လူလတ်ပိုင်းတွေ စိတ်ကြိုက်တွေ့စေမယ့် ဖန်တီးမှုပါပဲ။ နောက်ဘီးဖုံးအပေါ်မှာ အတွင်းလှိုက် လေစုပ်ပေါက်တစ်ခုစီ ထည့်ပေးထားလို့ အင်ဂျင်လေ စီးဆင်းမှု ပိုကောင်းစေသလို အမြင်အရလည်း ဆန်းပြားတဲ့ပုံစံကို ပိုင်ဆိုင်ထားပါတယ်။ အထူးခြားဆုံးကတော့ အနောက်ဘက်ဒီဇိုင်းဖြစ်ပြီး ခေါင်မိုးကနေ နောက်မီးနားအထိကိုတော့ မြားခေါင်းပုံ လေစုပ်ပေါက်ကြီးတွေ တပ်ဆင်ထားသလို ပဉ္စဂံပုံမီးသီးသုံးလုံးဒီဇိုင်းက သားနားလွန်းပါတယ်။ အနောက်ဘက် Diffuser Area ကို Skirt အကြီးစားပုံစံ ဖန်တီးထားပြီး ဆဌဂံပုံစံ ခရိုမီယမ်အိပ်ဇောပိုက်တစ်ခုစီကို ဘယ်ညာ တစ်ဖက်တစ်ချက်မှာ ထည့်ပေးထားသလို မြန်နှုန်းမြင့် မောင်းတဲ့အခါ ဆူညံသံလျှော့ချပေးနိုင်တဲ့စနစ်လည်းပါဝင်ပါတယ်။
ထိုင်ခုံနှစ်ခုကို အမိုက်စား Leather နဲ့ ချုပ်လုပ်ထားပြီး သိပ္ပံဇာတ်ကားတွေထဲကပုံစံ ပြုလုပ်ပေးထားလို့ သိပ္ပံဇာတ်ကားထဲက သရုပ်ဆောင်တစ်ယောက်လို ခံစားမိမှာ အမှန်ပါပဲ။ Center Console က ဒက်ရှ်ဘုတ်အထိရှိတာကြောင့် ရှည်လျားကျယ်ပြန့်သလို တည်ငြိမ်မှုနဲ့ ဆန်းပြားတဲ့ဒီဇိုင်းကို ပေါင်းစပ်ခံစားရမှာ သေချာပါတယ်။ D-shape စတီယာရင်ကို အနွေး ဓာတ်ပေးနိုင်ပြီး ယာဉ်မောင်းသူအတွက် စတီယာရင် အောက်ဘက်မှာ ကြီးမားကျယ်ပြန်တဲ့ Digital Display တစ်ခုပါဝင်သလို ခေတ်မီနည်းစနစ်ပေါင်းများစွာ ကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ လုပ်ဆောင်နိုင်မှာပါ။ တံခါးနှစ်ပေါက် Lamborghini Sian ပြိုင်ကားရဲ့ တာယာကို အီတလီထိပ်တန်းတာယာကုမ္ပဏီ Pirelli က ထုတ်လုပ်ပေးထားပြီး ရာသီမရွေး အသုံးပြုနိုင်တဲ့ တာယာတွေဖြစ်တာကြောင့် လုံခြုံစိတ်ချရမှုအပြည့်ပါပဲ။
Lamborghini ဟာ Sian မိုဒယ်ကို ကားခေါင်မိုး နဲ့ရော အမိုးမပါတဲ့ဗားရှင်းအနေနဲ့ပါ အရေအတွက် ကန့်သတ်ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ အမိုးပါတဲ့ဗားရှင်းအတွက် အစီးရေအနေနဲ့ ၆၃ စီး သာ ရောင်းချသွားမှာဖြစ်ပြီး Lamborghini ကုမ္ပဏီ တည်ထောင်တဲ့ ၁၉၆၃ ခုနှစ်ကို ရည်ညွန်းရောင်းချမှာဖြစ်ပါတယ်။ အမိုးမပါတဲ့ Roadster ဗားရှင်းကို တော့ ၁၉ စီးသာ ထုတ်လုပ်ရောင်းချသွားမှာပါ။ ဒီ နှစ်ကုန်ပိုင်းမှာ ရောင်းချဖို့စီစဉ်ထားတဲ့ Lamborghini Sian တစ်စီးရဲ့စျေးနှုန်းက အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်းရှိတာကြောင့် စျေးကြီးတဲ့ အလန်းစား ပြိုင်ကားလို့ဆိုနိုင်ပေမဲ့လည်း Lamborghini အမှု ဆောင်အရာရှိချုပ် Stefano Domenicali က ပေးရတဲ့စျေးထက်မကတဲ့ ခံစားမှုမျိုးရရှိနိုင်မယ်လို့ အာမခံထားပါတယ်။
Automobile
15/07/2020
Velotac
01/04/2020
😍😍😍
24/03/2020
အမျိုးတိုရေ.....
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့
23.3.2020ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ
Covid-19 Positive အတည်ပြုလူနာ ရှိလာပြီမို့
စောင်ရန်ရှောင်ရန် အချက်လေးတွေကို
သေချာလိုက်နာပြီး မိမိကိုယ်ကို အကွယ်ယူထားကြပါဗျာ
18/03/2020
မိုးညှင်းမြို့မှ ကျွန်တော်တို့ရဲ့
အမာခံ Customer တစ်ဦးဖြစ်တဲ့
ကိုစိုသူ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
#🐺🐺🐺
10/03/2020
အင်ဂျင်ဝိုင် / Engine (Lubricating) Oil / Motor Oil / Lubricant
အင်ဂျင်ဝိုင်အကြောင်း အခြေခံလေး နည်းနည်း ပြောပြပါမယ် ခင်ဗျာ။
ကျွန်တော်တို့ အင်ဂျင်(engine) တွေ၊ ကွန်ပရက်ဆာ(compressor) တွေ၊ မော်တာ(motor) တွေမှာ ထည့်ကြတဲ့ ချောဆီ(Lubricating Oil) ဟာ သဘာဝတွင်းထွက် ရေနံစိမ်း(Crude Oil) ကနေ သန့်စင်ချက်လုပ်ထားတာပါ။
သန့်စင်ချက်လုပ်ပြီး ချောဆီတစ်ခုကို အရည်အသွေး(Quality) ပိုမိုပြီး ကောင်းလာအောင်၊ စွမ်းဆောင်ရည်(Performance) ပိုမို မြင့်တက်လာအောင် Additives လို့အများသိကြတဲ့ Chemical တွေ အချိုးအစားအလိုက် ထပ်ပေါင်းထည့်လာကြပါတယ်။
Lubricant (Engine Oil) = Base Oil + Additive (Chemical)
ပြည့်စုံကောင်းမွန်တဲ့ အင်ဂျင်ဝိုင်တစ်ခု ဖြစ်လာဖို့က Base Oil ကော Additives တွေကော က ကောင်းမွန် ပြည့်စုံနေဖို့ လိုပါတယ်။
တစ်ခုမှ လျော့နေလို့မရသလို ပိုနေလို့လည်းမရပါဘူး။
Additives မပါရင်လည်း မဖြစ်သလို များများပါတိုင်းလည်းမကောင်းပါဘူး။
အင်ဂျင်ဝိုင် တစ်ခုမှာ ပေါင်းစပ်ပါဝင်မယ့် Additives ရဲ့ Maximum and Best % က 30% of Total Volume ပါ။
အင်ဂျင်ဝိုင်တစ်ခုမှာ သူ့ရဲ့လုပ်ငန်းဆောင်တာ၊ လုပ်ဆောင်ချက်တွေ အများကြီးရှိပါတယ်။
အင်ဂျင်အမျိုးအစားတွေပေါ်လိုက်ပြီး လုပ်ငန်းဆောင်တာ(Function) တွေ နည်းနည်းလုပ်ရတာနဲ့ များများလုပ်ရတာ ကွဲနိုင်ပါတယ်။
အသေးစိတ် ကို အချိန်ရရင် ရေးပေးပါ့မယ်။
အင်ဂျင်တိုင်းမှာ အခြေခံကျပြီး လုပ်ဆောင်ပေးတဲ့ အင်ဂျင်ဝိုင်ရဲ့ Function တွေထဲက ၂ချက်ကိုထုတ်နှုတ်ပြရရင်တော့ သတ္တုမျက်နှာပြင်၂ခုကြား ကြားခံ ချောဆီအဖြစ်ဆောင်ရွက်ပေးခြင်း၊ သတ္တုမှ အပူကို လျော့ကျအောင် သယ်ဆောင်ပေးခြင်း တို့ပဲဖြစ်ပါတယ်။ ဒီ၂ချက်အပြင် တခြား လုပ်ဆောင်ပေးချက်တွေ ရှိပါသေးတယ်။
အင်ဂျင်ဝိုင်ရဲ့ Viscosity ကိုလိုက်ပြီး တိုင်းတာဖော်ပြချက် အမျိုးမျိုးနဲ့ဖော်ပြကြပါတယ်။
လူသိများကြတဲ့ SAE 15W30 တို့ SAE 10W40 တို့ဆိုတာ Viscosity ကိုတိုင်းတာဖ်ာပြတဲ့ ကိန်းဂဏန်းတွေထဲက တစ်မျိုးပဲဖြစ်ပါတယ်။
အင်ဂျင်ထဲလှည့်ပတ်စီးဆင်းနေတဲ့ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေး(Quality) မကောင်းရင်၊ အင်ဂျင်ဝိုင်ထဲ ပြင်ပအမှိုက်၊ အမှုန်အမွှားနဲ့ တခြားမသန့်စင်တဲ့ပစ္စည်းတွေ ရောနှောပါဝင်နေရင် အင်ဂျင် အသေးစားကနေ အကြီးစားထိ ထိခိုက်ပျက်စီးမှုဖြစ်နိုင်ပါတယ်။
SAE 15W30 တို့ SAE 10W40 တို့ဟာ Temperature ၂မျိုးမှာရှိတဲ့ Viscosity ၂မျိုးကို ဖော်ပြထားပါတယ်။
W ရှေ့က ဂဏန်းက ရာသီဥတုအေးတဲ့အချိန်မှာရှိတဲ့ Viscosity တန်ဖိုးပါ။ ဂဏန်းသေးလေလေ ဆီကျဲလေလေ စတင်စီးဆင်းမှုပိုကောင်းလေလေ(pour point နိမ့်ခြင်း) ပါ။
ရည်ရွယ်ချက်ကတော့ နှင်းတွေကျလောက်အောင် အရမ်းအေးတဲ့ဒေသတွေနဲ့ အပူပိုင်းဒေသတွေရဲ့ အေးတဲ့ဆောင်းရာသီအချိန်၊ အပူချိန်ကျဆင်းနေတဲ့အချိန်တွေမှာ အင်ဂျင်အစိတ်အပိုင်းတွေထဲကို အလွယ်တကူနဲ့ အမြန်ဆုံး စီးဆင်းဝင်ရောက်နိုင်ဖို့ဖြစ်ပါတယ်။
အေးတဲ့ဒေသတွေအတွက်ဆိုရင် ရှေ့ဂဏန်း နိမ့်လေလေ ပိုကောင်းလေလေ ဈေးပိုကြီးလေလေပါ။
အီကွေတာနဲ့နီးတဲ့ဒေသတွေ အပူပိုင်းဒေသတွေ အရမ်းအေးခြင်းမရှိတဲ့ဒေသတွေ မှာဆိုရင်တော့ ဒီရှေ့ဂဏန်း Viscosity ကို ထည့်တွက်စဉ်းစားစရာမလိုပါဘူး။
W နောက်က ဂဏန်းက Operating Time မှာ ရှိတဲ့ (တနည်း High Pressure & High Temperature မှာရှိတဲ့) Viscosity ကိုဖော်ပြပါတယ်။
ရှေ့ဂဏန်းလိုပါပဲ၊ နောက်ဂဏန်းကလည်း ဂဏန်းကြီးလေလေ ဆီပျစ်လေလေ အပူနဲ့ဖိအားဒဏ် ပိုခံနိုင်လေလေပါ။
ဆီ ဟာ ကျဲရင် ပါးတယ်၊ လွယ်လွယ်စီးတယ်၊ အပူနဲ့ဖိအားဒဏ်တွေ ခံနိုင်မှုနည်းတယ်။
ပျစ်ရင် လွယ်လွယ်မစီးဘူး၊ ဒါပေမယ့် အပူနဲ့ဖိအားဒဏ်တွေ ခံနိုင်မှုမြင့်မားတယ်။ ဒါ သဘာဝပါ။
ဒါပေမယ့် အခြေအနေ(Condition) ၂ခုလုံးက အကောင်းတွေကိုချည်းပဲလိုချင်တဲ့အခါကျတော့၊ (အေးတဲ့အချိန်မှာလည်း အလွယ်တကူအင်ဂျင်ထဲရောက်အောင်စီးနိုင်ပြီး အလွယ်တကူစက်နှိုးနိုင်ရမယ်၊ နေပူထဲလို သဲကန္တာရထဲလို နေရာမှာလည်း အင်ဂျင်အတွင်း စလင်ဒါ(cylinder)ထဲမှာ မီးလောင်ပေါက်ကွဲနေချိန်မှာ မြင့်မားတဲ့အပူနဲ့ဖိအားဒဏ်တွေကို ဆီရဲ့ဂုဏ်သတ္တိတွေ မပျက်စီးဘဲ ကြံ့ကြံ့ခံနိုင်ရမယ်။) သဘာဝအတိုင်းရှိတဲ့ဆီထဲကို ကိုယ်လိုချင်တဲ့ဂုဏ်သတ္တိရရှိအောင် Additives တွေကို အချိုးအစားအလိုက် ထပ်မံရောနှောထည့်ပေါင်းကြပါတယ်။
Additives လုံးဝမထည့်ရင်တော့ ဒီလို အပူချိန်အမျိုးမျိုးမှာ စွမ်းဆောင်ရည် အပြည့်အဝရဖို့ မဖြစ်နိုင်ပါဘူး။
Additives တွေအများကြီး ထည့်ထားပြန်ရင်လည်း ဆီရဲ့အဓိက ဂုဏ်သတ္တိတွေမှေးမှိန်လျော့နည်းသွားမှာပါ။
၁ပိုင်းကိုကောင်းအောင်လုပ်ရင်း ကျန်၁ပိုင်းကယုတ်လျော့သွားတာမျိုး မဖြစ်စေလိုပါဘူး။
၂ပိုင်းစလုံးရဲ့ အကောင်းဆုံး အခြေအနေကို လိုချင်တာပါ။
အဲ့ဒီအတွက် အချိုးအစားက အပေါ်မှာဖော်ပြခဲ့သလို Base Oil (70%) + Additive (30%) ဟာ အကောင်းဆုံး ပေါင်းစပ်မှု အချိုးပါပဲ။
အောက်မှာ ပေါင်းစပ်မှု အမျိုးအစားနဲ့ အချိုးအစား ကိုလိုက်ပြီး ဂုဏ်သတ္တိ အပြောင်းအလဲကြောင့် အခေါ်အဝေါ်တွေ ပြောင်းလဲမှုကို ဖော်ပြပေးလိုက်ပါတယ်။
Base Oil + Additive = Engine Oil
Ordinary Base Oil 90% + Additives 10% = Mineral
Ordinary Base Oil 80% + Additives 20% = Semi-Synthetic / Synthetic / Advanced Synthetic / Premium Synthetic
Ordinary Base Oil 70% + Additives 30% = Full Synthetic / Fully Synthetic
Synthetic Base Oil 80% + Additives 20% = 100% Synthetic / 100% Advanced Synthetic
Synthetic Base Oil 70% + Additives 30% = 100% Full Synthetic / 100% Fully Synthetic
ဒီနေရာမှာ Base Oil က ၂ မျိုးတွေ့ရပါတယ်။
၁။ Ordinary Base Oil >> API Group >> I II III
၂။ Synthetic Base Oil >> API Group >> IV V
API III နဲ့ IV မှာ နည်းပညာက လုံးဝကိုကွဲပြားခြားနားသွားပါပြီ။
Additives ပိုင်းမှာ အများဆုံးပမာဏ 30% အထိ ထည့်ထားရင် Fully Synthetic လို့ခေါ်ပါတယ်။ Chemical ပိုင်းမှာ ထည့်ဝင်ထားတာ Full ဖြစ်သွားလို့ Full Synthetic ပါ။
Additives ပိုင်းမှာ သူထည့်ဝင်နိုင်တဲ့အချိုးအစားအပြည့်မထည့်ထားဘဲ 20% ပဲထည့်ပြီး Base Oil က 80% ဆိုရင် Semi-Synthetic လို့ခေါ်ပါတယ်။
Chemical တွေဟာ Performance ပိုကောင်းသည်ထက် ပိုကောင်းလာဖို့ အချိုးအစားအလိုက်ထည့်တာပါ။
Additives ပိုင်းမှာထည့်ရုံသာမက Base Oil ပိုင်းမှာပါ Chemical နဲ့ Upgrade လုပ်ထားရင် Chemical တွေဟာ ၂ ပိုင်းစလုံးမှာပါဝင်နေလို့ 100% လို့ သုံးနှုန်းပါတယ်။
100% လို့ပါသမျှဟာ Base Oil Upgrade လုပ်ထားတာဖြစ်ပြီး Additives ပိုင်းမှာ 20% သာပါပြီး Base Oil က Synthetic ဖြစ်နေရင် 100% Synthetic လို့ခေါ်ပါတယ်။
Base Oil ကလည်း Upgrade လုပ်ထားတယ်၊ Additives ပိုင်းမှာလည်း 30% အပြည့် Synthetic လုပ်ထားရင် 100% Fully Synthetic လို့ခေါ်ပါတယ်။
100% Synthetic နဲ့ Full Synthetic နဲ့ မတူပါဘူး။
100% Fully Synthetic နဲ့ Fully Synthetic လည်း မတူပါဘူး။
100% Fully Synthetic နဲ့ 100% Synthetic လည်း မတူပါဘူး။
စကားလုံးတိုင်းမှာ သူ့အဓိပ္ပါယ်နဲ့သူရှိပါတယ်။
အရည်အသွေးကိုလိုက်ပြီး မြင့်ရာကနေ နိမ့်ရာကို စီစဉ်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါမယ်။
100% Fully Synthetic
100% Synthetic
Fully Synthetic
Semi Synthetic
Mineral
မိတ်ဆွေများ အရည်အသွေးစစ်မှန်ကောင်းမွန်သောဆီကို ရွေးချယ်နိုင်ပြီး မိမိပေးရသောတန်ဖိုးနှင့်ကိုက်ညီသော(သို့)သာလွန်ကောင်းမွန်သော အရည်အသွေးမြင့် ချောဆီများကို မှန်ကန်စွာ ရွေးချယ်သုံးစွဲနိုင်ကြပါစေ။
ကျွန်တော်တို့ Velotac Yangon မှ ဖြန့်ချီသော အီတလီနိုင်ငံထုတ် အရည်အသွေးမြင့် အဆင့်မြင့် ချောဆီများမှာ 100% Fully Synthetic ချောဆီများဖြစ်ပါတယ်။
🐺 🐺
🐺
02/03/2020
ကျေးဇူးရှင်
မြန်မာ့တောင်သူလယ်သမားများအား
Velotac Italian Lubricant မှ
ဂုဏ်ပြုအပ်ပါသည်။
#တောင်သူလယ်သမားနေ့