Emperor Gym

Emperor Gym

Share

Gym, Fitness center, loose weight, အားကစား

Photos from Emperor Gym's post 14/11/2022

🏃🏻‍♀️🏃🏻‍♂️ကျန်းမာလှပအချိုးကျတဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်ဖို့

EMPEROR GYM အားကစားလေ့ကျင့်ရေး ခန်းမ

တွင် လာရောက်ကစားရန် ဖိတ်ခေါ်ပါရစေ...🏃🏻‍♂️🏃🏻‍♀️

⚙️EMPEROR GYM

Ph: 09259123761

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🤔ဘာကြောင့်
EMPEROR GYM မှာလာရောက်ဆော့ကစားသင့်သလဲ??? 🤔

🔷ကျယ်ဝန်း၍ သန့်ရှင်းသပ်ရပ်သော အခန်းတွင် ဆော့ကစားနိုင်ခြင်း

🔷စက်ပစ္စည်း ကိရိယာ​မျာဖြင့်နည်းစနစ် မှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးခြင်း

🔷မနက်6နာရီမှ ၁၁နာရီ
ည​နေ ၃နာရီမှ၇:၃၀အထိဖွင့်လှစ်ထားခြင်းကြောင့် မိမိအားလပ်သော အချိန်တွင် အဆင်ပြေစွာ ဆော့ကစားနိုင်ခြင်း

🔷Gym ကစားခြင်း အပြင် CARDIO Class တွင် အားလုံးအတူတူပျော်ရွှင်စွာ ဝင်ရောက်ဆော့ကစားနိုင်ခြင်း

🔷စျေးနူန်းသင့်တင့် မျှတစွာ ဖြင့် ကျောင်းသား လူငယ်များ အပါအဝင် အများစုလက်လှမ်းမှီသော ​စျေးနှုန်းဖြစ်ခြင်း

EMPEROR Gym
58 st& 19Est
Aungmyaetharsan Mandalay
09 259123761,09798596098

13/10/2022

💢💢 ုပ်သင့်သည့်_နေ့များ 💢💢

by Tom Burmese

💢 Gym ကို သွားရန်ကြိုက်သည့် gym ပျော်၊ gym crazy များ ရှိ သကဲ့သို့ gym ကြောက်သူများ၊ မပျော်သူများရှိ ပါမည်။ gym ကစားသူတိုင်း တစ်ပတ်လျှင် အနည်းဆုံး တစ်ရက် နားသင့်ပါသည်။ ဘော်ဒီ သို့ မာဆယ်ကို အနားပေးရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် မာဆယ်ကြီးချင်သူများ၊ ဘော်ဒီအရွယ်အစား ပိုထွှားချင်သူများ လုံလောက်သော အနားယူမူလိုအပ် ပါသည်။

💢 မည့်သည့် အခြေအနေတွင် workout မလုပ်သင့်သနည်း ဟု မကြာခဏ အမေးခံရပါသည်။ အဖြေမှာ။ ။

1️⃣ You are coughing or wheezing
မိုးတွင်းကာလတွင် နှာစေး ချောင်းဆိုး ဖြစ်သည်မှာ ရာသီစာ ပင်ဖြစ်သည်။ နည်းနည်း ပါးပါး ဖြစ်သည့် အခြေအနေတွင် ပေါ့ပါးသော workout လုပ်နိုင်ပါသည်။ ထိုသို့ လုပ်ပေးခြင်းဖြင့် သက်သာ သွားနိုင်ပါသည်။ သို့သော် လည်ပင်းအောက်ပိုင်း ဖြစ်သည့် ရင်ဘက်ဝန်းကျင်တွင် အသက်ရူ၍ မ ဝ ဖြစ်လျှင် workout မလုပ် သင့်ပါ။ ထိုအခြေအနေဖြစ်လျှင် ဘော်ဒီကို အနား ပေး ပေးပါ။ ကိုယ်ခံစွမ်းအားပိုကောင်းပြီး ဆင် တုပ်ကွေး မဖြစ်အောင် gym ပုံမှန် ကစားပါ။

2️⃣ Past midnight, planing to hit the at 6 am
gym ကစားသမားများ အနေဖြင့် အိပ်ချိန် ၆ နာရီမှ ၈ နာရီ အိပ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ တခါတရံ အကြောင်းအမျိုးမျိုးကြောင့် ည ၁၂ နာရီကျော်သွား သော်လည်း အိပ်၍ မရဖြစ်ခြင်း ကြုံဖူးကြမည် ထင်ပါသည်။ နံနက်စောစော ၆ နာရီတွင် gym သွားပြီး၊ ကစားရန် ပြင်ဆင်ထားသော်လည်း၊ အိပ်ချိန် နည်းလွန်းလျှင်၊ workout မလုပ်ပဲ၊ အနားယူပေးပါ။ သို့မဟုတ် တစ်ခြား အချိန်ပြောင်းပြီး ကစားပါ။ night out ရန် ကြိုက်သော gym သမားများ သတိထားသင့်သည်။

3️⃣ You’re running a fever
သင့် ဖျားနေသည့် အချိန်တွင် (ကိုယ်အပူချိန်များလျှင်) workout မလုပ်ပါနှင့်။ workout ကြောင့် ကိုယ်တွင်းအပူ ပိုများလာနိုင်၍၊ ပြန်လည်နေကောင်းလာရန် အချိန်ကြာတတ်သည် ကို သတိထားပါ။ တုပ်ကွေးလက္ခဏာ များဖြစ်သည့် ချမ်းခြင်း၊ ကိုယ်ခန္ဓာကိုက်ခြင်းဖြစ်လျှင် ပြေးစက်ပေါ် အစား အိပ်ယာပေါ်တွင်သာ နေသင့်ပါသည်။

4️⃣ Your muscles still hurt from yesterday’s workout
ယမန်နေ့က ပြင်းထန်စွာ ကစားထားသော workout မှ မာဆယ်နာကျင်ခြင်း သို့ DOMS delayed-onset muscle soreness ဖြစ်တတ်သည်။ ဖြည့်စွက်စားများ မသုံးသည့် ကစားသမားများနှင့် nutrition ပိုင်း ပိုင်နိုင်စွာ မကျွေးတတ်သည့် ကစားသမားများတွင် ပိုဖြစ်တတ်သည်။ ထို့သို့ recover မဖြစ်သေးလျှင် အနားယူသင့်သည်။ မဟုတ်လျှင် ၎င်း DOMS ဖြစ်ခြင်း မှ injury ထပ်ပြီး ရလာနိုင်ပါသည်။

5️⃣ Your knee or foot aches every time you go for a jog
ကြွက်သားများ ခဏတာ နာကျင်ခြင်းမဟုတ်ပဲ၊ ထိုနာကျင်ခြင်းမှာ အချိန် တခု ထိ မပျောက်ပါက ကျွှမ်းကျင်သည့် therapist များနှင့်ပြသင့်ပါသည်။ ထို့သို့ ဒဏ်ရာ မပျောက်ခြင်းမှာ workout မလုပ်ရန် မီး နီ ပြခြင်းဖြစ်ပါသည်။

6️⃣ You’ve been running on empty for weeks now
တခါတရံ ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်း နေလျှင် workout ဖြင့် ချွှေးထုတ်လိုက်ပါက ပေါ့ပါး သက်သာသွားတတ်သည်။ လေ့ကျင့်ခန်းကြောင့် ဘော်ဒီ energy ပိုတက် လာခြင်း ဖြစ်ပါသည်။ သို့သော် တစ်ပတ်မှ နှစ်ပတ် အထိ workout လုပ်တိုင်း ပင်ပန်းလွန်းပြီး စိတ်မပါ ဖြစ်ပါက၊ workout မလုပ်ပါနှင့်။ ကျွှမ်းကျင်သူများနှင့် ပြသသင့်ပါသည်။

💢 အမျိုးသမီးများ၏ လစဉ်ဖြစ်သည့် အချိန်အတွင်း workout လုပ်ခြင်း နားသင့်ပါသလား။
နားသင့်သည်ဟု သိပ္ပံနည်းကျ ပြော ထားသည့် အချက်မရှိပါ။ အချို့မှာ နားကြပြီး၊ အချို့မှာ ပေါ့ပါးသော လေ့ကျင့်ခန်း ဥပမာ။ Yoga, Pilates များ ကစားကြပါသည်။ period အတွင်း ကစားပါက သွေးလည်ပတ်အား ပိုကောင်းစေ၍ နာကျင်ကိုက်ခဲခြင်း သက်သာတတ်သည်ဟု ဆိုသည်။ ထို့အတူ workout လုပ်ခြင်းမှ endorphins ဟော်မုန်း ထုတ်လွှတ်၍ စိတ်ကြည်လင်ခြင်းကို ဖြစ်စေပါသည်။ ပြင်းထန်သော workout လုပ်ခြင်းနှင့် sprints ခုန်ပေါက် ကစားနည်းများကို လျှော့ ချပြီး ကစားသင့်ပါသည်။

💢 သင့်မိတ်ဆွေများအတွက် အသုံးဝင်ပါက like & share လုပ်ပေးဖို့ မမေ့နဲအုံးနော် အမျိုးတို့ရေ။ copy & paste လုပ်ချင်သူများ crd # ပေးပြီး စိတ်ကြိုက်သုံးနိုင်ပါကြောင်း။

🙏 Have a healthy & happy day 🙏

အားလုံးကျန်းမာကြပါစေ။ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

Credit with thanks
Tom Burmese

Photos from Emperor Gym's post 09/08/2022

Gym ဗဟုသုတ အတိုအထွာ များ

၁။ Gym နားတဲ့ ရုံးပိတ်ရက်မှာ စားတာများသွားတယ်၊ ဒါဆို ဝလာမှာလား ???

ဟင့်အင်း၊ ဒီလိုစားလိုက်လို့လဲ ဝမလာသလို အစာလျှော့ လေ့ကျင့်ခန်း တစ်ပတ်လောက် လုပ်လိုက်လို့လဲ ပိန်မသွားပါဘူး။ စျေးထဲမှာ ထည့်ချိန်တဲ့ အသားတွေ ရေထိုးလိုက်လို့ ပိုလေးသွားမယ်၊ အစာပလာ ထုတ်လိုက်လို့ အလေးချိန်ပေါ့သွားမယ် စသဖြင့်လောက် မလွယ်ကူ မရိုးရှင်းပါဘူး။

အပြည့်အစုံမဟုတ်ပေမယ့် ယေဘုယျ ကျကျပြောရရင် အစာတစ်ရက် နှစ်ရက်လောက် ကောင်းကောင်းစားလိုက်ရုံနဲ့ ဘယ်မှာများ ချက်ချင်းကြီး ကြွက်သားတွေထွက်လာ၊ လှလာလို့လဲ။

ဘီယာလေးတစ်ခွက်သောက်လို့ ဘီယာဗိုက်ချက်ချင်း ဖြစ်မလာသလို၊ ကိတ်မုန့်လေး တစ်လုံးစားလိုက်လို့ ဝတုတ်လေးလဲ ဖြစ်မလာပါဘူး။ ခန္ဓာကိုယ်တစ်ခု ဒီလို ဝလာဖို့ဟာ စွမ်းအင်အပိုတွေ များလာ၊ ပိုလျှံလာရင် အဆီပို အိတ် fat cells ကလေးတွေဖြစ်လာ ၊ ဒီလိုမျိုး စွမ်းအင်အပိုတွေ နေ့စဉ်နဲ့အမျှများလာရင် Fat cells အသစ်တွေ ထပ်ထပ်ဖန်တီးလာ၊ စသဖြင့် အဆင့်ဆင့်ဖြစ်ရတယ် မဟုတ်လား။ ဒါ့ကြောင့်လဲ ရုံးပိတ်ရက် ဘီယာတစ်ခွက်၊ Pizza တစ်ချပ်လောက်နဲ့ ချက်ချင်းဝလာစရာမရှိပါဘူး။ နှစ်ပတ်ကို တစ်ရက်တစ်လေလောက်ပျက်စီး (အစားသောင်းကျန်)တာကနေ တစ်ပတ် တစ်ခါ၊ ပြီး တစ်ပတ် နှစ်ခါ စသဖြင့် ပိုပိုစားမိမှပဲ ပိုဝလာနိုင်တာမို့ မလိုအပ်ပဲ စိတ်သောကရောက်စရာ မလိုပါ။ တစ်ပတ်မှာ ခြောက်ရက်လောက် Healthy food လေးတွေစားပြီး တစ်ရက်လောက်တော့ အထိန်းအကွပ်လေးနဲ့ တမုန်းစွဲနိုင်ပါတယ်။

လေ့ကျင့်ခန်း ၂ပတ်လောက်လုပ်ပြီး အဆီဘယ်လောက် ကျနိုင်မလဲ၊ သိသာသွားနိုင်မလား မျက်စိဒေါက်ထောက် ကြည့်နေသူများအတွက်လဲ တူတူပါပဲ။ ချက်ချင်းကြီး ဝမလာနိုင်သလို ချက်ချင်းကြီးလဲ ပိန်မလာနိုင်ပါ။ ပြောင်းလဲလိုက်တဲ့ Lifestyles မှာ ခန္ဓာကိုယ်ကို သူ့အလုပ် သူလုပ်ဖို့၊ ချိန်ညှိဖို့ အချိန်ပေးလိုက်ပါ။

သင်လဲ သင့်အလုပ်၊ သင့်လေ့ကျင့်ခန်း သင်လုပ်။ အချိန်တန်ရင် ပိန်သွားပါလိမ့်မယ်။

၂။ ခေါက်ဆွဲပြုတ် စားလို့ရလား၊ ထမင်းသုတ် စားလို့ကော ရလား၊ ပိန်သွားအောင် ဘာတွေ စားရမလဲ ?

ပိန်သွားဖို့ရော၊ ကြီးထွားသွားဖို့ရော ဘာပဲဖြစ်ဖြစ် ဘယ်လို အစားအစာကို ဘယ်လိုခွက်နဲ့ ထည့်စားပါလို့ လိုက်အကြံပေးနေလို့က မလွယ်ပါဘူး။ ဒါ့ကြောင့် ဘာအစာ စားရမလဲ ဇဝေဇဝါ လူတွေအတွက် Diet အကြောင်း နားလည်လွယ်အောင် ဥပမာပေးလိုက်ပါမယ်။

တစ်နေ့ကို ၂၀၀၀ ဖိုး စားလို့ရမယ်ဆိုပါစို့။

ဒါနဲ့ ပိုက်ဆံ ၂ထောင်နဲ့ စားဖို့ သောက်ဖို့ စားသောက်ဆိုင်သွားတဲ့အခါ စားသောက်ဆိုင်မှာ အပေါ်ယံ 2မျိုးခွဲထားတဲ့ Menu တွေ့ပြီ။

-ကျန်းမာရေးနဲ့ မညီအောင် ချက်ထားတဲ့ အစာ၊ ဒါမှမဟုတ် အာဟာရ မပြည့်ဝတဲ့ အစာ

အာလူးကြော် (300 kyats)
ကြက်ကြော် (500 kyats)
ထမင်းသုတ်၊ ခေါက်ဆွဲသုတ် (300 kyats)
ကိတ်၊ Pizza (800 kyats)
Ice cream (600 kyats)
အချိုရည် (200 kyats)

- ကျန်းမာရေးနဲ့ ညီအောင် ချက်ထားတဲ့ အစာ၊ ဒါမှမဟုတ် အာဟာရ ပြည့်ဝတဲ့အစာ

အသီးအနှံ (50 kyats)
အသားကင် (ဆီနဲနဲ) (200 kyats)
Hotpot အသားအရွက်စုံ (300 kyats)
ကြက်ဥပြုတ်၊ ကြော် (50 kyats)
Oak (100 kyats)
ဒိန်ချဉ် (50 kyats)
နွားနို့ (50 kyats)
အာလူးကင်၊ ဖုတ် (50 kyats)

စသဖြင့် ရှိမယ် ဆိုပါစို့။ (ဥပမာပေးတာပါ)

ပိုက်ဆံ ၂၀၀၀ နဲ့ အပေါ်က ကျန်းမာရေးနဲ့ မညီညွတ် အာဟာရနည်းတာတွေ စားမယ်ဆို ၂မျိုး ၃မျိုးလောက်ပဲ စားနိုင် တတ်နိုင်ပါလိမ့်မယ်။ ကြက်ကြော်တစ်ခု 500၊ အာလူးကြော် 300၊ ကိတ်တစ်တုံး 800၊ အချိုရည်တစ်ခွက် 200 လောက်ဆိုရင်တောင် 2000 နည်းပါးဖြစ်သွားပါပြီ။ ဒီလောက်နဲ့တော့ တစ်နေ့လုံး မဝပေမယ့် သင့် 2000 ကကုန်သွားပါပြီ။

ဒီလို မဟုတ်ပဲ အောက်က ကျန်းမာရေးနဲ့ ညီတဲ့၊ အာဟာရပြည့်တဲ့ Menu ကနေမှာစားမယ် ဆိုပါစို့။

အာလူးချင်းတူပေမယ့် အာလူးမီးဖုတ်က 50 ထဲဆိုတော့ 6ခု စားမှ 300 ထဲရယ်။ ကြက်သားချင်းတူပေမယ့် ကြက်ကင် ဆီနဲနဲက 200 ထဲရယ်။ အချိုရည် မသောက်ပဲ နွားနို့သောက်မှ 50ထဲ။ 2000 ဖိုးဆို ကုန်တောင် ကုန်မှာ မဟုတ်။ ဗိုက်လဲဝ၊ အာဟာရလဲ ပြည့်တယ်ဟုတ်။

အပေါ်ကပြောထားတဲ့ စျေးတွေကို Calorie လို့မှတ်လိုက်ရင် 2000 Calorie စားလို့ မပိန်မဝဘူး ဆိုပါစို့ ။ (စျေးတွေက ဥပမာတွေနော်၊ တကယ်ထင်ပြီး တွက်ပြီး ကြက်ကင် အခု ၂၀လောက်စားမနေနဲ့ 😂😂😂)

ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေကို စားရင် 2000 ကျပ် (Calorie) ပြည့်ဖို့လွယ်လွန်းပြီး၊ ကျော်ထွက်သွားရင်တော့ ဝလာပြီသာမှတ်။

ကျန်းမာရေးနဲ့ ညီတာတွေစားရင်တော့ 2000 ကျပ် (Calorie)တောင် ကုန်မှာမဟုတ်။ ဗိုက်လဲ ပြည့်သလို 2000 မပြည့်လို့ အဆီလဲကျတယ် မဟုတ်လား။

ကျန်းမာရေးနဲ့ ညီမညီဆိုတာ ဘယ်လိုကြည့်ရမလဲ ?

အာလူးချင်းတူပေမယ့် ဆီကြော်နဲ့၊ မီးကင်နဲ့ မတူပါဘူး။ ဘယ်အရာမဆို ဆီနဲ့ကြော်လိုက်ရင် Calorie အဆမတန်တက်သွားပါတယ်။ ဒီသဘော အတိုင်းပါပဲ၊ ထမင်းဖြူက Calorie နဲပေမယ့် ထမင်းကြော်က Calorie များ (စျေးကြီး)သွားတာမို့ အဆီကျလိုသူတွေ ရှောင်ရမှာပါ။

ထမင်းသုတ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲသုတ် စတာတွေကလဲ တူတူပါပဲ။ အာဟာရ မများသလို Calorie လဲများတာမို့ အာဟာရမရှိပဲ ဗိုက်သာပူလာတတ်ပါတယ်။ (ဟင်းသီးဟင်းရွက်တွေ၊ အသားပြုတ်တွေ ထည့်သုတ်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဆိုင်တွေမှာ ရောင်းတာကတော့ ဘာဆိုဘာမှ သိပ်မပါတဲ့ အလွတ်တွေများတယ် မဟုတ်လား)

ဒီလောက်ဆိုရင် အဆီကျချင်ရင် ဘာတွေစားရမလဲ ဆိုတာကို အသေးစိတ်လိုက်မေးစရာမလိုတော့ဘူးဟုတ်။ အစာတစ်မျိုးထဲက ကောင်းသလို၊ အဲအစာကပဲ မကောင်းပြန်ဘူး ဖြစ်နိုင်တာမို့ ဘယ်လိုပြင်ဆင်လဲဆိုတာကို ကြည့်ပါ။

စားသင့်တဲ့ ပမာဏကတော့ ပိန်ချင်သူများ ၂ပတ်မှာ ၃ပေါင်လောက်ကျအောင် လျှော့စားပါ။ ၂ ပတ်နေလို့မှ လေ့ကျင့်ခန်းလုပ်ရက်သားနဲ့ မပိန်ဘူးဆိုလျှင် ချက်တာ ကျန်းမာရေးနဲ့ ညီမညီ ပြန်စစ်။ မညီရင် ညီတဲ့ဟာတွေ ပြောင်းစား။ ညီရက်သားနဲ့ မကျသေးရင်တော့ ပမာဏလျှော့စားပါ။

ထွားချင်သူများကတော့ ၂ပတ်မှာ ၂ပေါင်လောက် တက်အောင်စားပါ။ ၂ပတ်နေလို့မှ မတက်သေးရင် ပိုစားပါ။

အခုမေးခွန်းလေးတွေဟာ ပေါ့ပေါ့လေး မေးတတ်ကျပေမယ့် အရေးပါတဲ့ သဘောတရားတွေ ပါပါတယ်။ ဒီလို ကွင်းဆက်လေးတွေပြတ်နေရင် အဆီမကျ အသားမတက် ဆိုတဲ့ ဝင်္ကပါထဲမှာ ဝဲတလည်လည် ဖြစ်တတ်ပါတယ်။

Credit- golden dream

လေ့ကျင့်ခန်း လုပ်ပုံများ၊ အစားအစာ ဆောင်းပါးများ ဆက်လက်ဖတ်ချင်ပါကEMperor gym Page ထဲ ဝင်ဖတ်နိုင်ပါသည်။

ကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှ နိုင်ပါကြောင်း။

Photos from Emperor Gym's post 04/08/2022

👀ဝိတ်တက်ချင်တဲ့သူတွေ ဘာတွေလုပ်ပေးရမလဲ???
💁ဝိတ်တက်ချင်တဲ့သူတွေအနေနဲ့ အဓိကလုပ်ဆောင်သင့်တဲ့အချက်ကတော့ ပရိုတင်းဓာတ်ကိုပြည့်ဝစွာ စားသုံးပေးဖို့ပါပဲ။🍗🍖🍤
💁အစားပုံမှန်စားခြင်း၊မကြာခဏ ပုံမှန်စားနေကျပမာဏထက် ပိုစားပေးပါ။
💁အိပ်စက်ချိန်ကို အလေးပေးပါ။ပုံမှန်အိပ်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်ပေးပါ။တစ်နေ့ အိပ်ချိန်၈နာရီ ပြည့်ဖို့ကအရေးကြီးပါတယ်။

💁မှန်မှန်ကန်ကန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပြီး အလေးများများ မ ပေးပါ။
💁အားကစားလုပ်နေတဲ့အချိန်မှာလဲ သေချာ အာရုံစိုက်ပြီး ပြင်းပြင်းထန်ထန် လုပ်ပေးဖို့်လဲ အရေးကြီးပါတယ်။
💁ဘယ်လောက်ကြာအောင်လုပ်တယ်ဆိုတာထက် ဘယ်လိုလုပ်တယ်ဆိုတာက ပိုအဓိကကျပါတယ်။တစ်ကြိမ်နဲ့တစ်ကြိမ်အကြာကြီးမနားပါနဲ့။

💁စိတ်ကိုငြိမ်ငြိမ်ထားပေးပါ။စိတ်ကိုငြိမ်အောင်ထားပြီး ယောဂလေ့ကျင့်ခန်း၊အသက်ရူလေ့ကျင့်ခန်းနဲ့တရားထိုင်ခြင်းတို့ကို ပြုလုပ်ပေးပါ။

💁ညအိပ်ခါနီးတိုင်း နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါ။

💁ဆေးလိပ်မသောက်ပါနဲ့။❌
💁ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုရွားစွာ ထိခိုက်စေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပြီး လူကိုပိန်စေပါတယ်။

🙆🙋ဒီအချက်တွေအားလုံးကို လိုက်လုပ်နိုင်မယ်ဆိုရင်တော့ ဝိတ်တက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမှာအသေချာပါပဲ။💪💪💪

29/07/2022

🏃🏻‍♀️🏃🏻‍♂️ကျန်းမာလှပအချိုးကျတဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်ဖို့

EMPEROR GYM အားကစားလေ့ကျင့်ရေး ခန်းမ

တွင် လာရောက်ကစားရန် ဖိတ်ခေါ်ပါရစေ...🏃🏻‍♂️🏃🏻‍♀️

⚙️EMPEROR GYM

Ph: 09259123761

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🤔ဘာကြောင့်
EMPEROR GYM မှာလာရောက်ဆော့ကစားသင့်သလဲ??? 🤔

🔷ကျယ်ဝန်း၍ သန့်ရှင်းသပ်ရပ်သော အခန်းတွင် ဆော့ကစားနိုင်ခြင်း

🔷စက်ပစ္စည်း ကိရိယာ​မျာဖြင့်နည်းစနစ် မှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးခြင်း

🔷မနက်6နာရီမှ ၁၁နာရီ
ည​နေ ၃နာရီမှ၇:၃၀အထိဖွင့်လှစ်ထားခြင်းကြောင့် မိမိအားလပ်သော အချိန်တွင် အဆင်ပြေစွာ ဆော့ကစားနိုင်ခြင်း

🔷Gym ကစားခြင်း အပြင် CARDIO Class တွင် အားလုံးအတူတူပျော်ရွှင်စွာ ဝင်ရောက်ဆော့ကစားနိုင်ခြင်း

🔷စျေးနူန်းသင့်တင့် မျှတစွာ ဖြင့် ကျောင်းသား လူငယ်များ အပါအဝင် အများစုလက်လှမ်းမှီသော ​စျေးနှုန်းဖြစ်ခြင်း

EMPEROR Gym
58 st& 19Est
Aungmyaetharsan Mandalay
09 259123761,09798596098

28/07/2022

Six pack ​တွေရနိုင်ဖို့ညိုကီတို့အတွက်

Photos from Emperor Gym's post 25/07/2022

Gym စဆော့လျှင်
ဘာ​တွေလုပ်သင့်သလဲ👉👉👉👉👉👉👉👉 ဆောင်ရန်/ရှောင်ရန် အချက်များ

သင်ကအခုမှ Workout စလုပ်မယ်ဆိုရင် သိထားရမယ့်အချက်တွေအများကြီးရှိပါတယ်။
အဲ့ဒီထဲကမှ Gym နဲ့ပတ်သက်ပြီး အရေးကြီးမယ်လို့ ယူဆရတဲ့ အချက်တစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

၁။ သိပ်မလောပါနဲ့💬
အခုမှစကစားမယ်ဆိုရင် တအားကြီး လေ့ကျင့်ခန်းတွေ လုပ်စရာမလိုပါဘူး။ ဒါဟာ အမှားတစ်ခုကို ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ Gym စပြီး ကစားတဲ့သူတစ်ယောက်အနေနဲ့ စစချင်း ဆောက်နဲ့ထွင်းဆိုသလို weight တွေအတင်းမပစ်မယ်၊ Workout တွေ အကြိမ်အများကြီး လုပ်ပစ်မယ်ဆိုရင် တစ်ပတ်လောက် လမ်းမလျှာက်နိုင်အောင် ကြွက်သားတွေ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။

၂။ မိမိကိုယ်ကို ဂုဏ်ယူပါ�
တစ်ပေါင် အလေးကိုပဲ မမ ၊ ပေါင် (၁၀၀) အလေးကိုပဲမမ ကိုယ်ဟာဒီလို လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာနဲ့တင် ဂုဏ်ယူသင့်နေပါပြီ။ သိပ်မလုပ်နိုင်သေးဘူးဆိုပြီး အားငယ်နေစရာမလိုပါဘူး။ သူများတွေလုပ်နိုင်တယ်ဆိုတာ ကြည့်ပြီးလိုက်အားကျနေဖို့လည်းမလိုပါဘူး။

၃။ အခြေခံကနေ စပါ💫
အရင်ဆုံးပေါ့ပေါ့ပါးပါး ကစားတာမျိုးနဲ့ workout ကစားနည်း သိအောင်လုပ်တာမျိုးက နေစတင်ပါ။ Gym ပထမပတ်တွေမှာ Squad ထိုင်တာ ၊ Plank ထောက်တာ နဲ့ Push-up အိပ်ထမတင်တာမျိုးတွေ့နဲ့ စတင်သင့်ပါတယ်။

၄။ မေးဖို့မရှက်ပါနဲ့ �
ကိုယ်မသုံးတတ်တဲ့ စက်တွေကို ဘယ်လိုသုံးရမလည်းဆိုတာ မေးဖို့မရှက်ပါနဲ့။ တတ်နိုင်ရင် Trainer နဲ့ဆော့တာ အကောင်းဆုံးပါ။ ရန်ကုန်က gym တော်တော်များများမှာတော့ trainer တွေထားပေးပါတယ်။ meal plan နှင့် weight lost or weight gain တွေကိို ကိုယ့်အနေနဲ့ ဒီထက် သေချာပိုပြီး တိတိကျကျမြန်မြန် ထိရောက်ချင်ပါက personal trainer ဖြင့်သေချာဆော့ နိုင်ပါတယ်။

၅။ လွယ်တဲ့ဟာတွေကိုပဲမဆော့ပါနဲ့�
Beginner အများစုက လမ်းလျှောက်စက်လိုမျိုး လွယ်တာတွေပဲဆော့လေ့ ရှိကြပါတယ်။ သွေးထွက်နည်းဖို့ဆိုရင် ချွေးထွက်များဖို့လိုပါတယ်။

၆။ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့💫
Warm up လုပ်ခြင်းရဲ့အကျိုးဟာ သိပ်ကိုအရေးပါပါတယ်။ သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲနဲ့ အားကစား လုပ်တာမျိုးရှောင်ပါ။ အားကစားလုပ်ပြီးရင်တောင် ပုခုံး၊ လက်ပြင်၊ ခါး၊ ပေါင် နဲ့ လက်မောင်းတွေကိုပါ အကြောလျှော့ပေးသင့်ပါတယ်။

၇။ စိတ်ရှည်ရှည်ထားပါ�
ဝိတ်ကျတယ်၊ ဝိတ်တိုးအောင်လုပ်တယ်ဆိုတာ တစ်ခါဆော့လိုက်ရုံနဲ့ ဖြစ်သွားတဲ့အရာတွေမဟုတ်ပါဘူး။ ကိုယ်လုပ်နိုင်တဲ့ ပမာဏကိုပဲ ဆော့ရင်းနဲ့ တဖြည်းဖြည်းတိုးတာ အကောင်းဆုံးပါ။

၈။ အစားကိုဂရုစိုက်ပါ�
ဘယ်လောက်လေ့ကျင့်ခန်းတွေပဲ လုပ်လုပ် အစားကိုသေချာဂရုစိုက်မစားဘူးဆိုရင်တော့ ကျန်းမာတဲ့ ဝက်ကြီးပဲ ဖြစ်နေမှာပါပဲ ။ လေ့ကျင့်ခန်းလုပ်ပြီးရင် ပရိုတိန်းများတဲ့ အစားအစားတွေကို သေချာစားပါ။

၉။ သေချာအနားယူပါ�
အတွေ့အကြုံရှိတဲ့ အားကစားသမားတွေတောင် အနားယူတာ ဘယ်လောက်အရေးကြီးမှန်းသိကြပါတယ်။ သင်လည်း အနားယူပါ စူပါမန်းမဟုတ်ပါဘူး။

ဒီလောက်ဆိုရင်တော့ Gym စဆော့တဲ့အခါ ဆောင်ရန်ရှောင်ရန်တွေ သိသွားလောက်ပြီလို့ထင်ပါတယ်။

credit
www.mmgentleman.com

Photos from Emperor Gym's post 24/07/2022

Photos from Emperor Gym's post 24/07/2022

သင်ဘာ့ကြောင့် ဝိတ်တက်နေတာလဲ

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်
မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။

သေချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက
ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။
အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။ စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။

နောက်တချက်ကဝိတ်ကျဆေးတွေ စျေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။

တချို့ကျတော့ ထမင်းတနပ်လျှော့စားရင် ဝိတ်ကျမယ်ထင်သူတွေလည်း ရှိသေးတယ်။ တကယ်တမ်းလျှော့စားကြည့်တဲ့အခါ သိပ်ကြာကြာမခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ရှောင်ပါရဲ့။ အစာပြေအာလူးချောင်းကြော်တထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထားမိဘူး။ ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်တွေရဲ့ အခြေခံအကြောင်းအရာကို
နားမလည်သေးရင် ဝိတ်ချရတာ ခက်တယ်။

ဝိတ်ချသူတွေထဲမှာမှ စားနိုင်သောက်နိုင်၊ချမ်းသာသူတွေအတွက် ဝိတ်ချရတာ အခက်ခဲဆုံးဖြစ်နေကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ပါ။

လေ့လာကြည့်ရင် နေ့စဉ် လှုပ်ရှားမှုအလွန်နည်းတယ်။
ပိုဆိုးတာကလမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတောင် မလုပ်မိဘူး။ အလုပ်စားပွဲမှာပဲ အချိန်ကုန်တာများတယ်။
စိတ်ဖိစီးမှု သူများထက် ပိုတယ်။ အစားအသောက်မှာလည်း အတူတူပဲ။ စားပွဲသောက်ပွဲတွေက ပေးလိုက်တဲ့ အဆီတွေလည်း မနည်းလှဘူး။

ဘီယာ၊အရက်ကိုလည်း လူတန်းစေ့နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့အောင် မနေရတာ သတိမထားမိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။

နိုင်ငံတနိုင်ငံရဲ့ အစားအသောက်၊လူနေမှုပုံစံတွေက
အဲဒီနိုင်ငံသားတွေရဲ့ ကျန်းမာရေးပေါ် အဓိကသက်ရောက်စေတယ်။ မြန်မာလူမျိုးတွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ကိုယ်ပိုင်လူနေမှုပုံစံရှိပါတယ်

မြန်မာတွေ ဘာနဲ့စားကြလဲ။
ထမင်းစားတယ်လို့ အများစုဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျတွက်ချက်သူတွေ ပြောတဲ့စကားဖြစ်တယ်။

တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာ မရှိဘူး။ ထမင်းဆို ဆီဆမ်း၊ဟင်းဆိုလည်း ဆီပြန်၊လက်ဖက်ဆိုလည်း ဆီရွဲရွဲလေးနဲ့မှ စားကြတာ မြန်မာလူမျိုးအများစုရဲ့ နေထိုင်စားသောက်ပုံဖြစ်တယ်။

နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတခုမှမရှိပါဘူး။ အိမ်တိုင်းမှာ ဆီပြန်ဟင်းချက်ကြတယ်။ ကြက်သားဆီပြန်၊ဝက်သားဆီပြန်ချက်လေးလည်း ပါမှ ထမင်းမိန်တယ်။
ဒါ့ကြောင့် မြန်မာတွေ ဝလာတယ်။

ပိုဆိုးတာရှိသေးတယ်။ ပြန်ကြော်ဆီတွေကို သိမ်းထားပြီး နောက်ရက်တွေမှာ ပြန်သုံးနေတာဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီတွေဖြစ်လာတယ်။ ပြည့်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်စာတွေက လူတွေကို ပိုဝလာစေတယ်။

ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီအကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေးဖက်ကကြည့်တော့ အဆိုးဖက်ကချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊သွေးကြောပိတ်တာတွေ ဖြစ်လာတယ်။

မြန်မာမိဘတွေက သင်ပေးထားတဲ့ အလေ့အကျင့်တခုရှိသေးတယ်။ အစားစားရင် ကုန်အောင်စား၊မကျန်စေနဲ့ဆိုတာမျိုး။ ဒီလိုသင်ကြားမှုတွေက ကိုယ့်ကလေးတွေကို
လိုတာထက်ပိုစားတတ်အောင်၊ရောဂါထူပြောလာအောင် သင်ပေးနေတယ်ဆိုတာ သတိမပြုမိကြဘူး။

တကယ်သင်ပေးရမှာက အစားကို သင့်တင့်မျှတရုံ
စားတတ်ဖို့၊ဗိုက်ပြည့်ရုံစားတတ်ဖို့ ဖြစ်တယ်။
ဒီအကြောင်းရာတွေက မြန်မာလူမျိုးတွေ သတိမထားမိဘဲ ဝနေရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။
ဝင်လာတဲ့ calorie(အစားအသောက်)က သုံးစွဲတဲ့ calorie(လှုပ်ရှားမှု)ထက် များနေလို့ဖြစ်ပါတယ်။
အသားတင် calorie 3500လောက် ပိုလျှံတိုင်း
ဝိတ်တပေါင်စီတက်မှာ ဖြစ်ပါတယ်။

ဒီတော့ လုပ်စရာက (၂)မျိုးပဲ ရှိတယ်။
အစားလျှော့စားမလား။ လေ့ကျင့်ခန်း လုပ်မလား။

မေးစရာရှိတာက ဘယ်လောက်ထိ အစားလျှော့စားရမှာလဲ။ သာမန်လူတယောက်က ဘယ်လောက်ထိ
အစားရှောင်နိုင်မလဲ တွက်ချက်ဖို့တော့ လိုပါတယ်။
ကယ်လိုရီ(၂၅၀၀)နေ့စဉ် လိုအပ်သူတယောက်ဟာ
နေ့စဉ် ကယ်လိုရီ(၅၀၀)လျှော့စားလို့ရတယ်။

အဲဒီမှာ ထည့်တွက်ရမယ့်အချက်က ဗိုက်ဆာတဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ leptinဆိုတဲ့ ဓာတ်ဖြစ်ပါတယ်။
ဒီဓာတ်က ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ ၂၀၁၃တုန်းက ဗိုက်ဆာတဲ့ဖြစ်စဉ်နဲ့ leptin လက်ခံဆဲလ်(leptin receptor)တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့်တဲ့အခါ အဆီအစားများသူတွေရဲ့ အစာအိမ်မှာရှိတဲ့ leptin လက်ခံဆဲလ်တွေက သိပ်အလုပ်မလုပ်တော့တာ တွေ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဆီအစားများသူတွေဟာ ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားမှုမျိုးမရှိတာပါ။

အဲဒီမှာ စားပြီးရင်းစားချင်၊ဝိတ်တက်ပြီးရင်း တက်လာတာဖြစ်တယ်။ ဒါ့ကြောင် အဆီစားများသူတွေဟာ ဝိတ်ချရခက်ခဲသူများ ဖြစ်လာပါတယ်။ ပိုဆိုးတာက ဝိတ်ကျရင်တောင် ဒီပြောင်းလဲမှုက ကြာရှည်ခံနေတာ ဖြစ်တယ်။

နောက်တွေ့တာတခုက လေ့ကျင့်ခန်းလုပ်ပါဆိုလို့
လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းဖြစ်တဲ့ လမ်းလျှောက်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်လျှောက်သလားဆိုတော့လည်း မလျှောက်ပါဘူး။ တပတ်(သို့) တလလောက်နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီးအပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လည်း အဆီများတဲ့ ဆီကြော်စာ၊မုန့်တီစတာတွေမှ ရွေးစားကြတယ်။

ဒီလိုအစားအသောက်တွေကနေ ကယ်လိုရီ(၃၀၀-၅၀၀) ကြားဝင်သွားတာ သတိမပြုမိကြဘူး။ အဲဒါက ဘာကိုပြလဲဆိုတော့ ကယ်လိုရီရဲ့ သဘောတရားတွေကို မသိသေးဘူး။ စနစ်တကျဝိတ်မချတတ်သေးဘူး ဆိုတာ ရှင်းပါတယ်။

ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။
ကယ်လိုရီ(၁၀၀)ကုန်ဖို့ ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ရင် ရမလဲ သိထားသင့်တယ်။

ဥပမာ နာရီဝက်လမ်းလျှောက်တိုင်း ကယ်လိုရီ(၁၀၀)ကုန်တယ်။ ၁၅မိနစ်လောက် ပြေးရင် ကယ်လိုရီ(၁၀၀)ကုန်တယ်။ ဒါတွေသိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီများများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။
ပင်ပင်ပန်းပန်းလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်းလို့ ယေဘုယျမှတ်ပါ။

ဗိုက်အဆီပြင်များသူတွေအတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆိုလေ့ကျင့်ခန်းမလုပ်ချင်သူများအတွက် နည်းမရှိဘူးလား။ အဆီစုပ်တာ၊အဆီချေတာမျိုးတွေ တချို့လုပ်ကြတယ်။

ဒါပေမယ့် သေချာတယ်။သိပ်ကြာကြာမခံပါဘူး။
ဘာကြောင့်လဲဆိုတော့ ဝိတ်မြန်မြန်ကျသူဟာ ဝိတ်မြန်မြန်တက်ဖို့ အခွင့်အလန်းပ်ိုများလို့ဖြစ်တယ်။ နောက်ပြီး နေထိုင်စားသောက်ပုံကို မပြုပြင်သရွေ့ ရေရှည်ဝိတ်ကျဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါ။

ဝိတ်ချရတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင်ပါတယ် စိတ်ထဲက
အော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ်ရမှာတွေ ရှိသေးတယ်။

ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရတယ်။ တကယ်တော့ ဝိတ်ချတယ်၊ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။

မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။

credit
ဒေါက်တာ အေးမင်းထူး
၁၉.၈.၁၈

23/07/2022

လူတိုင်း_GYMကစားသင့်သည့်အချက်(၅)ချက် 💪💪
________________________________________

" အလုပ်ပြီးလို့ အနားယူချိန်မှာ အပြည့်အဝ
အနားယူချင် တတ်ကြတာကလည်း သဘာဝပါ။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားတာကလည်း အနားယူနည်းတစ်မျိုးဆိုတာကို မမေ့ပါနဲ့"

🏋🏻_ တစ်နေ့ကို နာရီဝက်လောက် စွဲစွဲမြဲမြဲ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာဟာ ရေရှည်မှာ အကျိုးရှိတဲ့ အလေ့အကျင့်တစ်ခုပါ။အဲဒါကြောင့် ဂျင်ကစားသင့်တဲ့ အချက်(၅)ချက်ကို ဖော်ပြပေးလိုက်တယ်နော်။ 👇

1️⃣_ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် ရေရှည်ကောင်းမွန်ပါတယ် ✅

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာ ခံစားရတဲ့ ပင်ပန်းမှုနဲ့ နာကျင်မှုက ခဏတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ ဒီလို ပင်ပန်းနာကျင်မှုတွေက နာဖျားမကျန်းဖြစ်လို့ခံစားရတဲ့ဝေဒနာနဲ့ယှဉ်ရင် အများကြီး ခံသာပါတယ်။
ပုံမှန် လေ့ကျင့်ခန်းလုပ်ရင် လွယ်လွယ်နဲ့
မဖျားတတ်တာကြောင့် ရေရှည်အကျိုး ရှိပါတယ်။…

2️⃣_ လူမှုဆက်ဆံရေး ပိုကောင်းပါတယ် ✅

Gym မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်လို့ ခန္ဓာကိုယ် သွယ်လျပြီး ရှုချင်စဖွယ်ဖြစ်လာရင် ဆွဲဆောင်မှုရှိလို့ သူများတွေက ဂရုတစိုက် ရှိလာမှာပါ။ ဒါ့ပြင် အဝတ်အစားကိုလည်း ယုံယုံကြည်ကြည်ဝတ်လာနိုင် လို့ အမြင်လည်း တင့်တယ်ပါတယ်။ ကိုယ့်ကိုအားကျတဲ့သူတွေ များလာတာကြောင့် အပေါင်းအသင်းလည်းများပြီး ဆက်ဆံရေးလည်း ပိုကောင်းလာမှာပါ။…

3️⃣_ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာနိုင်ပါတယ် ✅

Gym မှာ ပုံမှန် လေ့ကျင့်ခန်းလုပ်ရင် စိတ်ရွှင်လန်းပြီး တက်တက်ကြွကြွ ရှိတာကြောင့် ယုံကြည်ချက် တိုးလာမှာပါ။ ကျန်းမာရေးလည်း ကောင်းလာတာကြောင့် လုပ်ချင်တာကို လုပ်နိုင်လာမှာပါ။ အမြဲတမ်း လန်းဆန်းတက်ကြွနေလို့ ဘာဆေးမှလည်း မှီဝဲဖို့ မလိုပါဘူး။…

4️⃣_ အချိန်မှန် အိပ်ပါတယ် ✅

လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်တာကြောင့် အိပ်ချိန်လည်း မှန်လာပါလိမ့်မယ်။ အိပ်ရင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ပါတယ်။
ခေါင်းအုံးနဲ့ထိလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်တာကြောင့် အိပ်မပျော် တဲ့ပြဿနာလည်း မရှိတော့ပါဘူး။…

5️⃣_ စိတ်ဖိစီးမှု နည်းပါတယ် ✅

စိတ်ဖိစီးမှုက နေရာတကာမှာ ကြုံရတတ်ပါတယ်။ အဝလွန်တာ၊ ပိန်လွန်းတာတွေကြောင့် စိတ်ဖိစီးမှုဖြစ်တတ်ပါတယ်။ ဒီလို စိတ်ဖိစီး မှုတွေကို ကျော်ဖြတ်နိုင်တဲ့နည်းက Gym မှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ ဖြစ်ပါတယ်။
ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ရင် စိတ်ဖိစီးမှုတွေ မရှိတော့ဘဲ ကိုယ်ရော စိတ်ပါ ကျန်းမာလာပါလိမ့်မယ်။

Crd

21/07/2022

❤️❤️ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ❤️❤️

ကျွန်တော်တို့ EMPEROR Gym ရဲ့
information အကြောင်းလေး
အရင် မိတ်ဆက်ပေးမယ်နော်

🏋 EMPEROR Gym ဘယ်မှာရှိလဲ ?
••••••••••••••••••••••••••••••••••

🏬လိပ်စာကတော့ ၅၈လမ်းနှင့် ၁၉ Eလမ်းကြား
​အောင်​မြေသာစံမြို့နယ်၊မန္တ​လေးပါ

📞ဖုန်းနံပါတ်ကတော့
၀၉-၂၅၉၁၂၃၇၆၁
၀၉-၇၉၈၅၉၆၀၉၈

🏋EMPEROR Gym ဖွင့်ချိန်-ပိတ်ချိန် ကရော ?
••••••••••••••••••••••••••••••••••
Monday to Saturday
🕕6:00AM - 11:00AM
🕒3:00PM-7:30PM
( 💪🏾every sunday closed💪🏾 )

🏋 EMPEROR Gym မှာ ဘာ facility နဲ့ ဘာ
Service တွေရှိမလဲ
••••••••••••••••••••••••••••••••••
✔️အမျိုးအစားစုံလင်လှတဲ့ ခေတ်မီ
အရည်အသွေးမြင့် နိုင်ငံတကာသုံး
အားကစား စက်သစ်ကြီးများ စုံလင်စွာ
ထားရှိပေးခြင်း

✔️ကိုယ်ပိုင် Locker များနှင့် သန့်ရှင်းသော
အမျိုးသား/အမျိုးသမီး သီးသန့်၊ အဝတ်လဲ ခန်းများ
ထားရှိပေးခြင်း

✔️အရည်အချင်း ပြည့်ဝပြီး အတွေ့အကြုံ
ရင့်ကျက်သော Trainer များမှ Member
တစ်ဦးချင်းစီ၏ Body Goal အတိုင်း
Weight loss plan, Weight gain plan,
နှင့် Body building programme များ
ဖြင့် စနစ်တကျ လေ့ကျင့်သင်ကြား
ပေးခြင်း

💰လစဉ်ကြေးကတော့
••••••••••••••••••••••••••••••••••

▪️1 month ➖ 25000
▪️3 month ➖ 75000 1month free
▪️6 month ➖ 145000 2months free

🚨ကဲ ဒီတော့ သင်ဘာစောင့်နေအုံးမှာလဲ
EMPEROR' Gym ရဲ့ Promotion လေး ရှိတုန်း
အမြန်သာ လှမ်းလာခဲ့လိုက်တော့လေ ဗျာ

21/06/2022

#ကြွက်သားတတ်နှုန်းမြန်ဖို့အတွက်အချက်_10_ချက်

✅ မိတ်ဆွေတို့အတွက် ကြွက်သားတတ်နှုန်းမြန်ဖို့အတွက် ဘယ်အချက်တွေကိုလိုက်နာသင့်သလဲ၊ ဘယ်အချက်တွေကို လိုက်နာရင်ကြွက်သားတတ်နှုန်း မြန်မလဲစတဲ့ အချက်တွေကိုမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

1️⃣ ကစားနည်းပုံစံ မှန်ပါစေ။

ကစားနည်းတိုင်းကို ပုံစံမှန်အောင်ကစားပါ၊ကစားနည်းတွေကို ဘယ်နကြိမ်ကစားတယ်၊ဘယ်နကြော့ကစားတယ်၊ဘယ်လောက်အလေး ထည့်ပြီးကစားတယ်ဆိုတာထက် ထိုကစားနည်းတွေကို ဘယ်လောက်ပုံစံမှန်အောင်ကစားလဲဆိုတာကပိုအရေးကြီးပါတယ်၊ ကောင်းတဲ့ပုံစံနဲ့ကစားရင် အကောင်းဆုံး ရလဒ်တွေရနိုင်ပါတယ်၊အလေးနဲ့ကစားတဲ့အချိန် ကစားနေတဲ့သူကသာအလေးတွေကိုထိန်းနိုင်ရမယ်၊အလေးကကိုယ့်ကိုထိန်းနေတဲ့အနေအထားလောက် အလေးတွေအများကြီးထည့်ပြီး မနိုင်မနှင်းနဲ့ပုံစံအမှားတွေနဲ့ကစားမယ်ဆိုရင် ကြွက်သားကြီးထွားနိုင်မှာ မဟုတ်ပါဘူး။

2️⃣ ရိုးရိုးရှင်းရှင်းလေး စတင်ပါ။

အခုခေတ်အတော်များများက Gym ကိုစစချင်းသွားတဲ့အချိန်တွေမှာဘဲ Internet မှာ Google မှာသွားပြီးစာတွေအများကြီးဖတ်ကြတယ်၊ လေ့လာမူတွေလုပ်ကြတယ်၊အလိုတွေမလုပ်ရဘူးလားမေးမယ်ဆိုရင် မဟုတ်ပါဘူးလုပ်ရပါမယ်၊လေ့လာရပါမယ်၊ ဒါပေမဲ့အလွန်အကျွံလုပ်ပြီး ကိုယ့်ကိုကိုယ်မရှုပ်ထွေးမိပါစေနဲ့၊တစ်ချို့က Youtube မှာ Instagram မှာကစားပြတဲ့ Fitness Model တွေရဲ့ အလွန်ဆန်းကျယ်နေတဲ့ကစားနည်းတွေကို Follow လုပ်ကြတယ်၊သူတို့က Video ရိုက်ဖို့အတွက်သာအလိုကစားပြတာဖြစ်ပြီးမိတ်ဆွေတို့အဲ့ဒီကစားနည်းတွေကို Copy ယူပြီးကစားရင်ကြီးမားတဲ့ ရလဒ်ရနိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့်စတင်မဲ့သူတွေအနေနဲ့ ရိုးရိုးရှင်းရှင်းလေး စတင်ပါ။

3️⃣ စိတ်ရှည် သည်းခံပါ။

သည်းခံမူက အလွန်အရေးကြီးပါတယ်၊ တစ်ညတည်းနဲ့ Arnold လို Body ရမယ်လို့စိတ်ကူးရင်မဖြစ်နိုင်ပါဘူး၊ ကြွက်သားတတ်ဖို့ဆိုတာက တဖြည်းဖြည်းသာတတ်မှာပါ၊ ကြီးမားပြီးလှပတဲ့ Body တစ်ခုကိုလိုချင်တယ်ဆိုရင်တော့အချိန်ပေးရပါမယ်၊ကြွက်သားတတ်ဖို့ဆိုရင် Workout လုပ်တာနဲ့ Diet လုပ်တာထက်သည်းခံပြီး စိတ်ရှည်ဖို့ကအလွန်အရေးကြီးပါတယ်။

4️⃣ ဇွဲရှိပါ။

ဇွဲရှိပါ ဆိုတဲ့စကားလုံးကဒီအားကစားပိုင်းမှာ အလွန်တန်ဖိုးကြီးပါတယ်၊ကြွက်သားတည်ဆောက်နေသူဘဲဖြစ်ဖြစ်၊အဆီချနေသူဘဲဖြစ်ဖြစ် Gym ကိုစိတ်ရှည်ပြီးနေ့တိုင်းသွားဖို့ အရေးကြီးပါတယ်၊အပြောင်းအလဲမရှိဘဲပုံမှန်သွားနေမှသာလျှင် မိတ်ဆွေလိုချင်တဲ့ရလဒ်ကရမှာဖြစ်ပါတယ်၊ပုံမှန်မကစားဘဲနဲ့ ရလဒ်ကိုမျှော်လင့်နေမယ်ဆိုရင်မိတ်ဆွေအတွက် အဲ့ဒါမရနိုင်ပါဘူး။

5️⃣ ဝန်တိုးလေ့ကျင့်ပါ။

ကြွက်သားတည်ဆောက်တဲ့အချိန်မှာ ဝန်တိုးလေ့ကျင့်ဖို့ကအလွန်အရေးကြီးပါတယ်၊ ဝန်တိုးလေ့ကျင့်ခြင်းမလုပ်ဘူးဆိုရင် ကြွက်သားမတတ်နိုင်ပါဘူး၊မိတ်ဆွေဝန်တိုးလေ့ကျင့်မူလုပ်လေ ကြွက်သားတတ်ဖို့ကမြန်လေပါဘဲ Progessive Overload နဲ့ပက်သက်ပြီး ပထမတည်းက Post တစ်ခုတင်ပြပြီးသားဖြစ်ပါတယ်၊မဖတ်ရသေးရင် ရှာပြီးဖတ်ကြည့်ပါ။

6️⃣ Workout ဂျာနယ်

Workout ဂျာနယ် တစ်ခုစီစဉ်ထားပါ၊ မိတ်ဆွေ Gym သွားပြီး ဘယ်လေ့ကျင့်ခန်းကစားလဲ၊ဘယ်နကြိမ်ကစားလဲ၊ဘယ်နကြော့ကစားလဲ၊ဘယ်လောက်အလေးနဲ့ကစားလဲဆို တာတွေကို Note တစ်ခုမှာရေးပြီးမှတ်ထားပါ၊6 times Mr. Olympia Champion Dorian yates တောင်မှ သူ Gym စသွားကစားတဲ့ရက်ကစပြီး Mr. Olympia ပြိုင်ပွဲဝင်ကနေ နှုတ်ထွက်တဲ့အထိ ကစားတဲ့အကြိမ်အရေ၊အကြော့အရေ၊ကစားနည်းအစရှိတာတွေအားလုံးကို Workout journal တစ်ခုလုပ်ပြီးမှတ်သားထားပါတယ်၊ အလိုလုပ်ခြင်းကြောင့် မိတ်ဆွေရဲ့ တစ်ပတ်တာတိုးတတ်မူကိုစစ်ဆေးနိုင်မယ်၊ ဝန်တိုးလေ့ကျင့်ဖို့အတွက် တိုးတတ်မူကိုစစ်ဆေးနိုင်မယ်။

7️⃣ ကြိုတင် စီစဉ်ထားပါ။

Gym ကိုမသွားခင်ဒီနေ့ငါတို့ဘာကစားမှာလဲ၊ဘယ်နကြိမ်ကစားရမလဲ ဘယ်နကြော့ကစားရမလဲ ဘယ်လောက်အလေးထည့်ပြီးကစားရမလဲ အစရှိတာတွေအားလုံးကို ကြိုတင်စီစဉ်ပါ၊ အလိုမျိုးကြိုတင်စီစဉ်ခြင်းအားဖြင့် Gym ကိုသွားပြီးအချိန်မကုန်နိုင်ပါဘူး၊အာရုံစိုက်ပြီးကစားနိုင်မယ်၊ ကစားနည်းတွေကိုသူ့အချိန်အတိုင်းအတာတစ်ခု အတွင်းမှာပြီးအောင်ကစားနိုင်ပါမယ်။

8️⃣ Compound Movement တွေမှာပိုပြီးအာရုံစိုက်ပါ။

Compound ကစားနည်းတွေကိုပိုပြီးအာရုံစိုက်ပါ၊ Isolation ကစားနည်းတွေကကောင်းတယ်၊သို့သော် Gym ကိုသွားပြီးကစားတဲ့အချိန် Isolation ကစားနည်းတွေထက် Compound ကစားနည်းတွေကိုပိုဦးစားပေးပြီးကစားပေးပါ၊ Compound ကစားနည်းတွေကတစ်ချိန်တည်းမှာဘဲ Muscle group တွေအများကြီးကိုထိရောက်စေတဲ့ ကစားနည်းတွေဖြစ်တဲ့ အတွက်ကြွက်သားတတ်နှုန်းလည်းမြန်ပါတယ်၊အဆီတွေလည်း မြန်မြန်ကျပါတယ်။

9️⃣ အလေးများများနဲ့ ကစားပါ။

ကစားတဲ့ကစားနည်းမှာ သေချာနေဖို့ကအလွန်အရေကြီးပါတယ်၊(Strength) ခွန်အားက ကြွက်သားကြီးလာလာမကြီးလာလားသိဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်၊ ပထမကမှခဲ့တဲ့အလေးထက်အခုပိုပြီးအလေးတွေမှနေပြီဆိုရင် မိတ်ဆွေရဲ့ Strength ပိုကောင်းလာတယ်ဆိုတဲ့သဘောပါ၊ကြွက်သားလည်းတိုးလာတယ်ဆိုတဲ့ သဘောပါ၊မိတ်ဆွေအလေးများများနဲ့ ကစားတဲ့အချိန်မှသာမိတ်ဆွေရဲ့ကြွက်သားလည်းမြန်မြန်ကြီးမယ်၊ အဆီလည်းမြန်မြန်ကျမယ်၊ ကြွက်သားလည်းခြောက်သွေ့ပြီး Muscle Quality ပိုကောင်းလာပြီး အမြင်မှာလည်းပိုပြီးကြီးလာသလိုမြင်ရမှာဖြစ်ပါတယ်။

🔟 အစားအသောက် ကိုသေချာ​စွာ​စားပါ။

မိတ်ဆွေသေချာစားသောက်ဖို့ကအရေးကြီးပါတယ်၊ကစားတာကိုတော့အပြည့်အဝကစားပြီးတော့စားတာမပြည့်ဝဘူးဆိုရင်လည်းကြွက်သား တတ်မှာမဟုတ်ပါဘူး၊မိတ်ဆွေဘာစားလဲအဲ့ဒီအစားစာရဲ့တုံ့ပြန်မူကသာ မိတ်ဆွေရဲ့ခန္ဓာကိုယ်ဖြစ်ပါတယ်၊ ဒါကြောင့်ခန္ဓာကိုယ်တတ်ဖို့ကြွက်သားကြီးဖို့ဆိုရင် မိတ်ဆွေတစ်နေ့တာလိုအပ်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ကစီဓာတ်၊အသားဓာတ်၊ အဆီဓာတ်အစရှိတာတွေကို လုံလုံလောက်လောက်ရေးဆွဲထားတဲ့ Diet plan အတိုင်း Follow လုပ်ပါ။

💢 ဒီအချက် 10 ချက်ကိုမိတ်ဆွေတို့သေချာလိုက်နာလိုက်ပြီဆိုရင် မိတ်ဆွေတို့ကြွက်သားတတ်နှုန်းကိုမြင့်တင်လို့ရပါတယ်။
Credit
Posted by Aung_Ko_Oo
#

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay
05013

Opening Hours

Monday 06:00 - 20:30
Tuesday 06:00 - 20:30
Wednesday 06:00 - 20:30
Thursday 06:00 - 20:30
Friday 06:00 - 20:30
Saturday 06:00 - 20:30
Sunday 06:00 - 20:30