09/04/2026
📢 သင်တန်းပိတ်ရက် ကြေညာချက်
Genius Chess Centre စစ်တုရင်သင်တန်းမှ မဟာသင်္ကြန်အထိမ်းအမှတ်ဖြင့် သင်တန်းပိတ်ရက်များကို အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
🗓On Campus/Home Guide ပိတ်ရက်ကာလ — ဧပြီလ (၁၀) ရက်နေ့ မှ ဧပြီလ (၁၈) ရက်နေ့အထိ
🌐Online ပိတ်ရက်ကာလ - ဧပြီလ (၁၃)မှ ဧပြီလ(၁၇)ရက်နေ့ထိ
အဆိုပါကာလအတွင်း သင်တန်းအား ယာယီပိတ်ထားမည်ဖြစ်ပြီး၊ ဧပြီလ (၁၉) ရက်နေ့မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။
သင်တန်းသားများအားလုံး သင်္ကြန်ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
🙏 GCC စစ်တုရင်သင်တန်း
31/03/2026
2026ခုနှစ် အထက်မြန်မာပြည် မန္တလေးမြို့တွင် ကျင်းပသော မဂဏန်း သက်တမ်းအလိုက် ပြိုင်ပွဲတွင်Official Players များအဖြစ် ရွေးခြယ်ခံရသော ကျွန်တော်တို့ Genius Chess Centre မှ
သားငယ် /သမီး ငယ်များ နှင့် ဒုတိယ တတိယ ရရှိခဲ့ပါသော သားသား မီးမီး များအား ကျွန်တော်တို့ Genius Chess Centre မှ ထပ်ဆင့် ဆုချီးမြှင့်ခဲ့ပါသည်။
🤍မဆောင်းဝတ်မှုန်ဦး U11 Girl First🤍
🤍မမင်းအမရာဝတီ U15 Girl First🤍
🤍မောင်ရဲသူရဟိန်း U 15 First🤍
🤍မမေဖူးဇွန် U 17 Girl First🤍
🤍မဆုရည်ဖြိုး U19 Girl First🤍
🤍မောင်အောင်သူရိန်လင်း U13 Second🤍
🤍မောင်မျိုးမြတ်သူရလှိုင် U17 Second 🤍
🤍မောင်အောင်ဆန်းသစ်ဝင်း U19 Second🤍
🤍မောင်ဇွဲရဲရင့် U17 Third🤍
ဆုရရှိခဲ့ပါသော သားငယ်/သမီးငယ်များကို အထူးဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်သလို 🤍🤍ဆုမရရှိခဲ့သော်လည်း ကြိုးကြိုးစားစား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော GCCမှ သားသား မီးမီးတို့အား 🤍🤍နောက်ထပ်နောက်ထပ် ပြိုင်ပွဲ များတွင်ယခုကဲ့သို့ ကြိုးစား ယှဉ်ပြိုင်ပြီး ဆုများ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျာ။
28/03/2026
Congratulations 🎉🎉🎉
GCC မှ ကြီးမှူးကျင်းပခဲ့သော ပီတာလောင်အမှတ်တရ စစ်တုရင်ပြိုင်ပွဲတွင် နှင့် သင်တန်းတွင်း ဒုတိယ၊ တတိယ၊ စတုတ္ထ အသီးသီး ရရှိခဲ့သော ရဲသူရဟိန်း၊ ဆုသီရိမေ နှင့် မြတ်သီရိမေ တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Photo Credit to Chess Snap
28/03/2026
Congratulations 🎉🎉🎉
GCC မှ ကြီးမှူးကျင်းပခဲ့သော ပီတာလောင်အမှတ်တရ စစ်တုရင်ပြိုင်ပွဲတွင် Open 11 th နှင့် သင်တန်းတွင်း ပထမ ရရှိခဲ့သော သမီးလေး မင်းအမရာဝတီအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Photo Credit to Chess Snap
28/03/2026
Congratulations 🎉🎉🎉
GCC မှ ကြီးမှူးကျင်းပခဲ့သော ပီတာလောင် အမှတ်တရ စစ်တုရင်ပြိုင်ပွဲတွင် တတိယ ရရှိခဲ့သော ကျွန်တော်တို့ သင်တန်းမှ ဆရာ စည်သူအောင်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Photo Credit to Chess Snap
28/03/2026
The First Peter Long Memorial Chess Tournament Open (FIDE Rated)
ဆုပေးပွဲပုံရိပ်များနှင့် ကျေးဇူးတင်လွှာ
ပထမဆုံးအကြိမ် ပီတာလောင် အမှတ်တရ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိအမှတ်ပြု စစ်တုရင် ပြိုင်ပွဲကြီးကို ကျွန်တော်တို့ Genius Chess Centre မှ မတ်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ အောင်မြင်စွာ ကြီးမှူးကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားများကို မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်လွင်မှ တက်ရောက်၍ အမှာစကား၊ ဂုဏ်ပြုစကားများ ချီးမြင့်ပြောကြာပေးခဲ့ပါတယ်။
ယခုပြိုင်ပွဲကြီးကို ကြီးမှူးကျင်းပဖို့ရာ ကျွန်တော်တို့ GCC သင်တန်းအား ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့သော ဥက္ကဌ ဦးမောင်မောင်လွင်ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
ပြိုင်ပွဲကျင်းပနိုင်ရန် ပြိုင်ပွဲခန်းမ စီစဉ်ကူညီပေးခဲ့သော မိုးသောက်ပန်းကိုယ်ပိုင်အထက်တန်းကျောင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ပြိုင်ပွဲဝင် စစ်တုရင်အရုပ်၊ ဘုတ်များနှင့် နာရီများအား ငှားရမ်းပေးခဲ့သော မန္တလေးတိုင်းစစ်တုရင် ဆပ်ကော်မတီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ပြိုင်ပွဲတစ်လျှောက် လိုအပ်သည်များ ကူညီပေးခဲ့ပြီး ၊ပွဲစဥ်တိုင်းတွင် ကစားသမားများ၏ ပြိုင်ပွဲဝင်ပုံရိပ်များအား မှတ်တမ်းတင် ပေးခဲ့သော Professional Photographer ကိုဇော်မင်းလတ် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ပြိုင်ပွဲအတွက်ရေသန့်ဘူးများ လှူဒါန်းခဲ့သော Happy Entertainment မှ ကိုဇေယျာကျော်၊
ပြိုင်ပွဲတွင်လိုအပ်သည်များကူညီ ပံ့ပိုးပေးခဲ့ကြသော ကိုဇော်ကြီး၊ကိုကျော်စွာ ၊
ပြိုင်ပွဲ အစမှ အဆုံးထိ ပြိုင်ပွဲနှင့်သက်ဆိုင်သော ပစ္စည်းများကို မေတ္တာဖြင့် ကူညီ သယ်ဆောင်ပေးသော မန္တလေးတိုင်းစစ်တုရင် ဆပ်ကော်မတီဝင် ဦးထွန်းဝေနှင့်တကွကျေးဇူး တင်ထိုက်သူများ အားလုံး၊
စစ်တုရင်အပေါ် ချစ်မြတ်နိုးပြီး ပွဲစဉ်တိုင်းတွင် အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့သော ကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးအတွက် ဝိုင်းဝန်း လုပ်ဆောင်ခဲ့သော GCC Team နှင့် ဒိုင်လူကြီးများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ် ခင်ဗျာ။
26/03/2026
Peter Long Memorial Chess Tournament 2026 Final Ranking & ဆုရစာရင်း
25/03/2026
Congratulations 🎉🎉🎉 ပါ ဆရာတို့🤍🤍🤍
ကျွန်တော်တို့ Genius Chess Centre မှ
ဆရာနှစ်ဦးဖြစ်သော
ဆရာ စိုးပိုင်ထက်(နေထက်မင်း) နှင့်
ဆရာ စည်သူအောင် တို့
National Arbiter (NA) Title
ရရှ်ိခဲ့ခြင်းအတွက် အထူးပင် ဝမ်းမြှောက်ဂုဏ်ယူမိပါကြောင်းနှင့်
ကူညီပံ့ပိုးဆာင်ရွက် ပေးပါသော🙏
မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ ချုပ် ဥက္ကဌ အား
အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်😍😍😍🤍🤍🤍❕
25/03/2026
ကျွန်တော်တို့ Genius Chess Centre မှ ဦးစီးကျင်းပသော "PETER LONG Memorial Chess Tournament 2026" ပြိုင်ပွဲကြီး၏
ဆုချီးမြှင့်ပွဲ အခမ်းအနား နှင့် ပြိုင်ပွဲအတွင်း တက်ညီလက်ညီ ကျရာတာဝန်ယူပေးခဲ့ကြပါသော
GCC မှ ဆရာများနှင့် Admin team တို့အားဂုဏ်ပြုပွဲ အခမ်းအနားကျင်းပမည် ဖြစ်ပါ၍ 26.3.2026 (ကြာသပတေး)နေ့
မြေပြင်သင်တန်း(On Campus)/Home Guide/Online သင်တန်းအားလုံးတရက်ပိတ်ထားပေးမည်ဖြစ်ပါသည်။
25/03/2026
Round 8 paring & Rank after round 8