Mandalay Youth Network

Mandalay Youth Network

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay Youth Network, Mandalay.

24/02/2021

စစ်အာဏာသိမ်းမှုကို နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်ဖြစ်ရာ ဖေဖော်ဝါရီ လ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆယ်ရက်တာကာလအတွင်း မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူအင်အားကို စုစည်းပြသထားခြင်းဖြစ်သည်။ အချက်အလက်များအား ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၊ Blue Mark ရရှိပြီးဖြစ်သည့် လူမှုစာမျက်နှာများ၊ အရပ်ဘက်လှုပ်ရှားတက်ကြွသူများမှ ရရှိသည့် အချက်အလက်များပေါ်မှီတည်၍ လက်လှမ်းမှီသလောက်ရယူထားခြင်းဖြစ်ပါသည်။

လေ့လာမှုများအရ နေပြည်တော်ကောင်စီအပါအဝင် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ တိုင်းရင်းသားလုပ်သားပြည်သူအားလုံးတို့မှ ဆန့်ကျင်ဆန္ဒပြလျက်ရှိပါသည်။ ရရှိသည့်စာရင်းဇယားများအရ စုစုပေါင်း မြို့နယ် ၃၃၀ အနက် မြို့နယ် ၃၀၀ (၉၀ ရာနှုန်း)တွင် ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်ကို တွေ့ရှိရသည်၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များ၊ လူဦးရေ အလွန်နည်းပါးပြီး နယ်ခြားစောင့်တပ်များအဓိကချုပ်ကိုင်ထားသည့် ကချင်ပြည်နယ်အရှေ့မြောက်ပိုင်းဒေသများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်များမှ လွဲ၍ ကျန်မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို တွေ့ရှိခဲ့ရပါသည်။ အဆိုပါမြို့နယ် ၃၀၀ အနက် တဝက်ခန့် ၁၃၄ မြို့နယ်တွင် ဆန့်ကျင်လှုပ်ရှားမှု အားအလွန်ကောင်းခဲ့ပြီး အဓိကမြို့ကြီးများဖြစ်သည့် ရန်ကုန် မန္တလေး တွင်သာမက မကွေး ပဲခူး စသည့်မြို့များတွင်ပင် လူထုလှုပ်ရှားမှုတွင် ပါဝင်သူပေါင်း ၃ သိန်းနှင့်အထက်ရှိခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ရန်ကုန်တွင် လူထုလှုပ်ရှားမှု အားအကောင်းဆုံးနေများတွင် ခန့်မှန်းလူဦးရေ သန်းကဏန်းအထိ ပါဝင်လှုပ်ရှားခဲ့သည့်ကို တွေ့ရှိခဲ့ရပါသည်။ လူဦးရေ ၁ သိန်းနှင့် ၃ သိန်းကြားပါဝင် လှုပ်ရှားမှု အများအပြား (၄၇ မြို့) တွေ့ရှိရပြီး ကချင် ကယား ကရင် မွန် တနင်္သာရီ စသည့် တိုင်းရင်းသားလူမျိုးများနေထိုင်သည့် မြို့ကြီးများတွင် ပင် လှုပ်ရှားမှုအလွန်အားကောင်းခဲ့သည်ကို တွေ့ရှိရသည်။

ယခုလေ့လာမှုအရ နေ့စဉ်လှုပ်ရှားမှု အချက်အလက်များရရှိနိုင်မှုမရှိသည့်အတွက် ဖော်ပြရန်အခက်အခဲရှိသော်လည်း ယခုပုံပါအချက်အလက်များအရ တိုင်းနှင်ပြည်နယ် အသီးသီးတွင် စစ်အာဏာသိမ်းဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများအားအလွန်ကောင်းလျက်ရှိပြီး ဝန်ထမ်းများပါဝင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းမဖက်အာဏာဖီဆန်မှုများကို အပြန်အလှန်အထောက်အပံ့ပြုလျက်ရှိသည်ဟုဆိုနိုင်ပါသည်။

Crd

Photos from Mandalay Youth Network's post 25/09/2016

Mandalay regional youth policy workshop 1

Photos 05/08/2016

၉ ၊ ၈ ၊ ၂၀၁၆ နှင့် ၁၀ ၊ ၈ ၊ ၂၀၁၆
ရက်နေ့တွင် မန္တလေးခရိုင် ၇ မြို့နယ်အတွင်း လူငယ် ၂၀ ဦးအား Gender ( ကျား/မ ရေးရာ ) နှင့် ပတ်သက်ပြီး Interview ( အမေး/အဖြေ ) ကဏ္ဍ လေးများရှိပါတယ်။

ထို အမေး/အဖြေ ကဏ္ဍတွင် ပါဝင်သူများအား ထပ်မံ၍ Gender Awareness Training များထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး Gender Awareness Training တက်ရောက်သူများထဲမှ ကျား/မ ရေးရာကို စိတ်ပါဝင်စား၍ ဆက်လက်သင်ယူလိုသူများအား ရွေးချယ်ကာ ရန်ကုန်မြို့၌ ကျား/မ ရေးရာ ဆရာဖြစ်သင်တန်း ( Gender TOT Training ) ကိုပြုလုပ်သွားမည်ဖြစ်သည်။

ဆရာဖြစ်သင်တန်းမှ သင်တန်းဆင်း ဆရာ/မ များသည် မိမိတို့ ဒေသအတွင်း သင်တန်းများ ပြန်လည်ပို့ချစေကာ နောက်ပိုင်းတွင် မီဒီယာများနှင့်ချိတ်ဆက်၍ ကျား/မ ရေးရာနှင့် ပတ်သက်ပြီး လူမှုဝန်းကျင်တွင်ဖြစ်ပေါ်လျှက်ရှိသော ခွဲခြားဆက်ဆံမှုများ၊ အကြမ်းဖက်မှုများ၊ တန်းတူညီမျှရှိမှုများကို ဖော်ထုတ်သွားမည်ဖြစ်ပါသည်။

ရန်ကုန် သင်္ဂဟ ဂျန်ဒါ အဖွဲ့ မှ စီစဉ် ဆောင်ရွက်မည်ဖြစ်ပြီး ပါဝင်လိုသူများသည်
ကိုဇင်လှိုင်ထက် - 09400419794 . 09971135851 . 09798543870 တို့ကို ဖုန်းဖြင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

၂၀ ဦးသာ လက်ခံမည်ဖြစ်သောကြောင့် အမြန်ဆုံးအကြောင်းကြားစေလိုပါသည်။

ကျေးဇူးတင်စွာဖြင့်..................
We are

Photos 22/07/2016

မတ္တရာမြို့ လူငယ်များမှ လူငယ်စကားဝိုင်း

ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ

တတ်ရောက်နိုင်ရန်

ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ~~~~~

ရက်စွဲ >> 25/7/2016

အချိန် >> နေ့လည်(1:00)မှညနေ(5:00)ထိ

Photos 22/07/2016

လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း
=================================

Photos 18/07/2016

Debate
:-)

Photos 26/06/2016

သာစည် မြို့နယ် မှ လူငယ်များ ဦးဆောင်၍ လူငယ်စကားဝိုင်း ပြုလုပ်မည် ဖြစ်ပါသောကြောင့်

သာစည်မြို့နယ်မှ လူငယ်များနှင့် အခြားမြို့နယ်များမှ လူငယ်များ တက်ရောက်နိုင်ရန် ဖိတ်ကြားအပ်ပါသည်။

:-) :-) :-)

Photos 08/06/2016

မန္တလေးတိုင်းမှ မြန်မာလူငယ်ဖိုရမ်သို့တက်ရောက်မည့် လူငယ်များစာရင်း

Photos 16/05/2016

မန္တလေးလူငယ်ကွန်ယက်မှ သဘောထားကြေငြာချက် ထုတ်ပြန်ခြင်း

Photos 26/03/2016

National Youth Congress မှ
၂၀၁၅ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုနှင့် လူငယ်သဘောထား လေ့လာချက်အစီရင်ခံစာ ကို ထုတ်ပြန်ခဲ့သည်။

Community Center
Mandalay

Photos 25/03/2016

လွတ်လပ်ပြီး သတ္တိရှိတဲ့ ထင်မြင်ယူဆချက် - ၃
~~~~~~~~~~~~~~~~~~~~~~~~~~
ဂျာမန် ဒဿနပညာရှင် ကန့် ကလည်း အသိပညာရှင်တွေဟာ ရင့်ကျက်မှုအပြည့်အဝ ရဖို့ လွတ်လပ်မှု လိုအပ်တယ်လို့ ဆိုခဲ့တယ်။ " ဉာဏ်အလင်းပွင့်လာဖို့ လွတ်လပ်မှုကလွဲပြီး ဘယ်အရာမှ မလိုအပ်ဘူး " လို့ ဆိုတာပါ။

အင်္ဂလိပ်စာရေးဆရာ ဂျော့ခ်ျအော်ဝဲကတော့ လွတ်လပ်မှု ဆိုတာ " လူတွေကို သူတို့မကြားချင်တဲ့အရာကို ပြောနိုင်ခွင့် အခွင့်အရေးတစ်ရပ်ပဲ " လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့တယ်။

===================
နိုင်ငံရေးအတွေးအခေါ် - ၅၀
===================

Photos 25/03/2016

လွတ်လပ်ပြီး သတ္တိရှိတဲ့ထင်မြင်ယူဆချက် - ၂
~~~~~~~~~~~~~~~~~~~~~~~~~
ဂျွန်စတူးအပ်မီးလ်ကလည်း သူ့ရဲ့ On Liberty ( ၁၈၅၉ ) စာအုပ်ထဲမှာ အယူအဆထင်မြင်ချက်တွေအပေါ် မေးခွန်းထုတ်ပိုင်ခွင့်နဲ့ ဝေဖန်ပိုင်ခွင့်တွေအပေါ် အသိပညာဆိုင်ရာ ဖိနှိပ်မှုတွေ လုပ်တဲ့ ဘက်လိုက်တဲ့ ယဉ်ကျေးမှုရဲ့ အန္တရာယ်ကို သတိပေးထားတယ်။ ပြီးတော့ သူက " အတက်ကြွဆုံးနဲ့ စူးစမ်းလေ့လာမှု လုပ်မယ့် အသိဉာဏ်ပညာရှိသူတွေတောင်မှ အမြင့်ဆုံးသော အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ်၊ သတ္တိရှိရှိနဲ့ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ဖို့ရာ ကြောက်တတ်ကြတယ် " လို့ဆိုတယ်။

===================
နိုင်ငံရေးအတွေးအခေါ် - ၅၀
===================

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay