TUM Red Cross Branch

TUM Red Cross Branch

Share

Movement of Our Society

05/06/2021

💁 ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ စနစ်တကျ လက်ဆေးနည်းအတိုင်း လက်ဆေးပြီး မိမိကစ ကာကွယ်ကြရအောင်နော်။

👐 လက်ကို မကြာခဏဆေးကြောဖို့ မမေ့နဲ့နော်။

01/06/2021

မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ရှိ အခြားသူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် ဘတ်စ်ကားစီးလျှင် သင်ဒါတွေလုပ်ဆောင်ရမယ်။ 🚌🚌

😷 ဘတ်စ်ကားစီးနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို စနစ်တကျဝတ်ဆင်ပါ။
🧴 ဘတ်စ်ကားပေါ်မှဆင်းလျှင် လက်ကို လက်သန့်ဆေးရည် (သို့မဟုတ်) ဆပ်ပြာနှင့် ရေတို့ဖြင့် စက္ကန့် (၂၀) ကြာအောင် သေချာစွာဆေးကြောပါ။

Photos from Myanmar Red Cross Society's post 27/05/2021
23/05/2021

မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် တာဝန်ထမ်းဆောင်ရန်

၁။ Field Assistant
၂။ Program Assistant
၃။ Project Officer
၄။ Training Officer
၅။ Medical Doctor (Team leader)
၆။ Health Officer
၇။ Livelihood Field Officer
၈။ Health Program Coordinator
၉။ Truck Driver စသည့် ရာထူးနေရာများအတွက် ဝန်ထမ်းခေါ်ယူလျှက်ရှိပါတယ်။ အထက်ပါ ရာထူးနေရာများအတွက် စိတ်ပါဝင်စားသူများအနေဖြင့် ယခု Website လင့် (https://www.redcross.org.mm/my_MM/career/ ) မှ တဆင့် ဖတ်ရှုလေ့လာ၍ သတ်မှတ်ရက် မတိုင်မီ လျှောက်လွှာတင်သွင်း လျှောက်ထားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

23/05/2021

လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၁ ခုနှစ်၊ မေလ (၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
==========================================
(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
---------------------------------------
ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ (၂၄.၅.၂၀၂၁)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
---------------------------
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

(ဂ) အကြံပြုချက်
-------------------
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Crd

22/05/2021

လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၁ ခုနှစ်၊ မေလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
==========================================(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
----------------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ (၂၃.၅.၂၀၂၁)ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ (၂၄.၅.၂၀၂၁)ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
---------------------------
လေဖိအားနည်းရပ်ဝန်း(Low Pressure Area)၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါ သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

(ဂ) အကြံပြုချက်
-------------------

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Credit

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00