SeinPan Sakkaa Futsal Club

SeinPan Sakkaa Futsal Club

Share

စိန်ပန်းနယ်က ဘောလုံးသမားများအတွက် Sakkaa Futsal Club!

Photos from SeinPan Sakkaa Futsal Club's post 11/11/2021

"စိန်ပန်းဆာခါဖူဆယ်"မှအစဉ်တစိုက်လာရောက် အားပေးနေသော မိတ်ဟောင်း၊မိတ်သစ်များနှင့်ဘော်ဘော်တို့အားစိတ်ချမ်းချမ်းသာသာအဆင်ပြေပြေဆက်လက်လာရောက်ကစားနိုင်ရန်နှင့် ပိုမိုကောင်းမွန်စေရန်အတွက်လိုအပ်နေသောအမိုးအကာပြင်ဆင်မှုများနှင့်အပြင်..........................မိတ်ဟောင်းများနှင့်ဘော်ဘော်ဟောင်းများအားလုံးမျှော်လင့်စောင့်စားနေသောမြက်ခင်းအသစ်ပြောင်းလဲခင်းပေးတော့မည်ဖြစ်ပါသဖြင့်(၁၂/၁၁/၂၀၂၁)ရက်နေ့မှစ၍(၁၇/၁၁/၂၀၂၁)ရက်နေ့အထိ(၆)ရက်ခေတ္တခဏပိတ်ထားမည့်အကြောင်းအားမိတ်ဟောင်းမိတ်သစ်နှင့်ဘော်ဘော်များထံသို့အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

🤝မြက်ခင်းအသစ်ပြောင်းလဲခင်းပေးရန်အကြောင်းအမျိုးမျိုးကြောင့်ကြန့်ကြာမှုအပေါ်စာနာနားလည်ပေးပြီးသည်းညည်းခံ၍အစဉ်တစိုက်လာရောက်အားပေးနေသောမိတ်ဟောင်းများနှင့်ဘော်ဘော်အပေါင်းတို့အားAdminနှင့်အတူ"စိန်ပန်းဆာခါဖူဆယ်မိသားစု"မှ🙏ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ🙏။

🤝ပြန်လည်ပြုပြင်မှုများအပေါ်အကြံပြုပြောဆိုပေးနိုင်ပါတယ်ခင်ဗျာ။

🤝အကြံပြုပြောဆိုပေးခြင်းအားအစဉ်အမြဲကြိုဆိုပါတယ်ခင်ဗျာ။

📢အော်မေ့တော့မလို(၁၈/၁၁/၂၀၂၁)ရက်နေ့အတွက်ပွဲစဉ်များလည်းလက်ခံနေပြီနော်အချိန်ကောင်းလေးရ အောင်ကြိုချိတ်ထားလိုက်တော့နော်ဘော်ဘော်တို့ရေ........

နောက်ပြီး(၁၂/၁၁/၂၀၂၁)နေ့နေလည်ကွင်းမှာကြာဇံဟင်းခါးကုသိုလ်လုပ်မှာမို့ကွင်းပိတ်ပေမယ့်လည်းချစ်ဘော်ဘော်တို့လာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။

You are VVIP!
⚽SeinPan Sakkaa Futsal Family⚽
Sakkaa Futsal

Photos from SeinPan Sakkaa Futsal Club's post 01/12/2019

မိတ်ဟောင်းမိတ်သစ်ဘော်ဘော်များအတွက်အဆင်ပြေစေရန်အတွက်မြက်ခင်းများပြန်လည်ပြုပြင်ပေးထားတယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းပါးလိုက်တယ်နော်.........
ဘော်ဘော်တွေနဲ့အားလပ်ရက်မှာပျော်ပျော်ကြီးဘောလုံးကန်ရင်း ယိုးဂျာစီလေးတွေဆင်တူဝတ်ဆင်လို့ရမယ့်အခွင့်အရေးကြီးကိုလက်လွှတ်မခံဖို့အသိပေးလိုက်ပါတယ်နော်...ချစ်သောဘော်ဘော်များအတွက်လိုအပ်သည်များကိုအမြဲကြိုးစားဖြည့်စီးပေးနေတဲ့ စိန်ပန်းဆားခါဖူဆယ်မိသားစု.....You are VVIP

Photos from SeinPan Sakkaa Futsal Club's post 09/11/2019

"စိန်ပန်းဆာခါဖူဆယ်"မှာ အစဉ်အမြဲလာရောက်အားပေးခဲ့သော👬မိတ်ဟောင်း၊မိတ်သစ်၊ဘော်ဘော်👬များအားကျေးဇူးတုန်ြ့ပန်သည့်အနေဖြင့် ပွဲစဉ်(၂၀)ပြည့်တိုင်း စိတ်ကြိုက်အသင်းယိုးဒယားဂျာစီ(10)စုံအား "YY Sport Shop" ဆိုင်တွင်ကိုယ်တိုင်ကိုယ်ကျစိတ်တိုင်းကျရွေးထုတ်ယူရမည်ကိုမသိသေးသော ဘော်ဘော်အသစ်များအတွက်ထပ်မံအသိပေးကြေညာအပ်ပါသည်ခင်ဗျာ။

******အထူးအစီအစဉ်အနေဖြင့်******
ပွဲစဉ်(၂၀)အား(၂)လအတွင်းပြည့်သောဘော်ဘော်များအားအထူးအစီအစဉ်အနေဖြင့် မနက်ပိုင်းပွဲ(၁)ပွဲအားFree ထပ်မံကစားခွင့်ပေးသွားမည့်အကြောင်းကိုလည်းအသိပေးကြေညာလိုက်ပါတယ်နော်။

🕕မနက်(၆)နာရီ🕕မှ
🕐နေ့လည်(၁)နာရီ🕐အထိ⚽️ဘောလုံးပွဲစဉ်များအား(၁)နာရီလျှင်💰ကျပ်(၁၁၀၀၀)နှုန်းအတိုင်းဆက်လက်လျှော့ပေးသွားမည်ဖြစ်ပါကြောင်းအားအသိပေးကြေညာအပ်ပါသည်ခင်ဗျာ

"နေ့စဉ်လာရောက်အားပေးကစားကြသော👬မိတ်ဟောင်းများနှင့်ဘော်ဘော်ဟောင်း👬တွေအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါကြောင်း
"နှင့်"
"လာရောက်မကစားဘူးသေးသော👬မိတ်သစ်၊ဘော်ဘော်သစ်👬များလည်းအထူးပင်ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။"

🙏အားပေးမှုကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ🙏

09951061969,0943118042
(You are VVIP)

17/09/2019

ဘော်ဘော်တွေအတွက်ဂိုးသွင်းကောင်းတဲ့ကိုကိုတွေဖြစ်ဖို့တင်ပေးလိုက်တယ်နော်

18/06/2019

SeinPan Sakkaa Futsal အားပိုမိုကောင်းမွန်စေရန်အတွက်လိုအပ်ချက်များအားပြန်လည်ပြုပြင်ပေးမည်ဖြစ်ပါသဖြင့်(20/06/2019)ရက်နေ့မှစ၍(28/06/2019)ရက်နေ့အထိ(၉)ရက်ခေတ္တခဏပိတ်ထားမည့်အကြောင်းအားမိတ်ဟောင်းမိတ်သစ်နှင့်ဘော်ဘော်များထံသို့အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

You are VVIP!

Photos from SeinPan Sakkaa Futsal Club's post 12/03/2019

"စိန်ပန်းဆာခါဖူဆယ်"မှာ အစဉ်အမြဲလာရောက်အားပေးခဲ့သော👬မိတ်ဟောင်း၊မိတ်သစ်၊ဘောဘော👬များအားကျေးဇူးတုန်ြ့ပန်သည့်အနေဖြင့် 📆(13.3.2019)📆ရက်နေ့မှစ၍ ပွဲစဉ်(၂၀)ပြည့်တိုင်း ဂျာစီ(10)စုံမေတ္တာလက်ဆောင်ထုတ်ပေးသွားမည့်အပြင်
☀️Summer Promotion☀️အနေဖြင့်
🕕မနက်(၆)နာရီ🕕မှ
🕐နေ့လည်(၁)နာရီ🕐အထိ⚽️ဘောလုံးပွဲစဉ်များအား(၁)နာရီလျှင်💰ကျပ်(၁၁၀၀၀)နှုန်းအတိုင်းဆက်လက်လျှော့ပေးသွားမည်ဖြစ်ပါကြောင်းအားအသိပေးကြေညာအပ်ပါသည်ခင်ဗျာ

"နေ့စဉ်လာရောက်အားပေးကစားကြသော👬မိတ်ဟောင်းများနှင့်ဘော်ဘော်ဟောင်း👬တွေအားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါကြောင်း
"နှင့်"
"လာရောက်မကစားဘူးသေးသော👬မိတ်သစ်၊ဘော်ဘော်သစ်👬များလည်းအထူးပင်ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။"

🙏အားပေးမှုကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ🙏

(You are VVIP)

20/10/2018

လေ့လာလို့ရအောင်ဘော်ဘော်တွေအတွက်Share ပေးလိုက်တယ်နော်

06/10/2018

နှလုံးရောဂါ မရှိသူများ အားကစားပြုလုပ်စဉ် ရုတ်တရက် သေဆုံးခြင်း (အပိုင်း ၂)
Public Education on Sport Cardiology
"COMMOTIO CORDIS"

Commotio Cordis VS Contusio Cordis

1) Commotio Cordis သည် baseball, ဘော်လုံး ကရာတေးကဲ့သို့ ထိခိုက်နိုင်သော အားကစား နည်းများ တွင်ဖြစ်သည်။

ရင်ဘတ် ကို low energy concussion ထိခိုက်မိပါက နှလုံးသည် Ventricular Fibrillation VF နှလုံးလက်ဝဲအောက်ခန်း အခုန်မြန်၍ ခန္တာကိုယ် သို့ သွေးမပို့ နိုင်သော အခြေအနေ ဖြစ်ပေါ်စေသည်။
Post mortum ခေါ် ရင်ခွဲစစ်ဆေးပါက ပုံမှန် နှလုံး ကိုတွေ့ရှိရသည်။

အားကစားသမားသည် ရင်ဘတ် အားထိခိုက်မိပြီးနောက် ခွေကျသွားမည်။ လူနာသည် VF ကြောင့် ဖြစိသဖြင့် ရှေးဦးသူနာပြု ဆောလျှင်စွာပြုလုပ်ပြီး AED Defibrillator ဖြင့် နှလုံးခုန်ချက်ပြန် မှန်အောင် ရှော့ရိုက် ရသည်။ AED ရှော့ရိုက်စက်မရှိလျှင် အသက်မရှင်နိုင်။

လူနာအား ကယ်ဆယ်ခြင်း resusitation ပြုလုပ်ပြီး ECG ဆွဲပါက Coronary spasm ခေါ် သွေးကြောများ ကျဉ်းကပ် ၍ Heart Attack နှင့် မှားတတ်သည်။ (ST elevation in ECG)

နှလုံးလက်ဝဲအောက်ခန်း စင်တာ center တည့်တည့် ကို ရင်ဘတ် အပြင်မှ အားကစားပြုလုပ်စဉ် ထိခိုက်မိပါက commotio cordis ခေါ် ရုတ်တရက် နှလုံးရပ်ခြင်း ဖြစ်သည်။

ဖြစ်ရသည့် အကြောင်းရင်းမှာ ECG တွင် Peak T wave မတိုင်မီ 20-11 ms အချိန်တွင် ရင်ဘတ်အားထိခိုက်မိပြီး KATP ခေါ် နှလုံးကြွက်သား ion channel များပွင့်၍ VF နှင့် ST elevation ဖြစ်နိုင်သည်။

ကြိုတင်ကာကွယ်ရန် ရင်ဘတ်ကာကွယ်နိုင်သော ပစ္စည်း မရှိသေးပါ။

ကြိုတင်ပြင်တင်ရန်
အားကစားသမားများ အား ရှေးဦးသူနာပြု Basic Life Support သင်တန်းများပေးရန်
အားကစား သမားများအား AED အသုံးပြုမူ့ သင်တန်း များ ပေးခြင်းဖြင့် အသက်ကယ်တင်နိုင်သည်။

Proactive အနေဖြင့် ဆေးလက်မှတ် မပါဘဲ ပြင်းထန် အားကစားခွငိ့မပြုရန် /အားကစား ကွင်းများတွင် AED ထားရှိရန်။ တာဝန်ရှိသူများ မှ အမြဲစစ်ဆေးရန် နှင့် ထားရှိရန်ပျက်ကွက်ပါက အရေးယူ ဆောင်ရွက်ရန် လိုအပ်သည်။

2) Contusio Cordis သည် Car accident ကဲ.သို့ ရင်ဘတ်အား high energy contusion ထိခိုက်၍ နှလုံး ဒဏ်ရာရရှိခြင်း ဖြစ်သည်။ နှလုံးခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။

# # # သို့ဖြစ်၍ အားကစား သမားများအား Basic Life Support သင်တန်းပေးခြင်း အားကစားကွင်း များတွင် AED ထားရှိခြင်း အားကစားသမားများ အား AED အသုံးပြုမူ့ သင်တန်းပေးခြင်း ဖြင့် Commotio Cordis သာမက အားကစားဝင်း အတွင်းဓာတ်လိုက်သော လူနာ Electric Shock နှင့်.Heart Attack cardiac arrest များအားလုံး ၏ အသက်ကို ကယ်တင်နိင်မည် ဖြစ်သည်။

Dr. မောင်မောင်ဌေး
(နှလုံးအထူးကု ဆရာဝန်ကြီး)
(၆.၁၀.၂၀၁၈)







ယခု Post သည် အများပြည်သူ ကျန်းမာရေး အသိပညာပေးရေးအတွက် ဆရာကြီးမှ ရေးသေားပေးသော စာဖြစ်ပါသည်။ မည်သူမဆို စာကိုပြုပြင်မှုများ မပါရှိစေဘဲ လွတ်လပ်စွာ ကူးယူဖော်ပြခြင်း ၊ မျှဝေခြင်းများ ပြုလုပ်နိုင်ပါကြောင်း ဆရာကြီးမှ ခွင့်ပြုပေးထားပါသည်။

ကျေးဇူးတင်ပါသည် ခင်ဗျာ။ ။

04/10/2018

အားကစား လုပ်စဉ် ရုတ်တရက် သေဆုံးခြင်း
(Sudden Cardiac Death - SCD)

အသက် ၃၅ အောက် အားကစား သမားများ ယှဉ်ပြိုင် ကစားစဉ် သေဆုံးစေသော အကြောင်းရင်းများ-

၁) HOCM မွေးရာပါ နှလုံးကြွက်သား ထူသောရောဂါ (၃၅ %)
ရုတ်တရက် အားကစား လုပ်စဉ် မသေဆုံးမီ ၉၆ % သောလူနာများ ၏ ECG တွင် ရောဂါ တွေ့ရှိနိုင်သည်။
Population screening ခေါ် အားကစားသမားများ အားလုံး ဆေးစစ်ပါက ECG သည် Echocardiogram နှင့် ရလဒ် အတူတူဖြစ်သည်၊

၂) ARVT မွေးရာပါ နှလုံးလက်ယာဘက်အောက်ခန်း ရောဂါကြောင့် နှလုံးခုန် ရုတ်တရက် မြန်သောရောဂါ (၂၅ %)
ရုတ်တရက် အားကစား လုပ်စဉ်မသေဆုံးမီ ၈၈%ျသာလူနာများ၏ ECG တွင်ရောဂါ တွေ့နိုင်သည်။

၃) မွေးရာပါ လက်ဝဲ နှလုံးသွေးကြော မူမမှန်သောနေရာမှ ပေါ်ထွက်ခြင်း

၎) Myocsrditis နှလုံးကြွက်သား ရောင်ခြင်း

၅) Aortic rupture သွေးကြောမကြီး ပေါက်ကွဲခြင်း

၆) Valve disease နှလုံးအဆို့ရှင် ရောဂါ

၇) WPW နှင့် နှလုံးလျှပ်စီးပါတ်လမ်း မွေးရာပါ မူမမှန်ရောဂါ

၈) Brugada ကဲ့သို့ နှလုံးကြွက်သား ဆဲလ်များ၏ ion channel မူမမှန်ျသာရောဂါ

၉) ကုသထားသော / မကုသရသေးသော မွေးရာပါ နှလုံးရောဂါများ တို့ဖြစိသည်။

Risk for SCD
၁) ဖခင်သည် အားကစားပြုလုပ်စဉ် ရုတ်တရက်သေဆုံး ပါက သားသမီးတွင် ဖြစ်နိုင်ခြေ ၁.၈ ဆ

၂) မိခင်တွင် အားကစားပြုလုပ်စဉ် ရုတ်တရက်သေဆုံးပါက သားသမီးတွင်ဖြစ်နိုင်ခြေ ၂.၅၉ ဆ

၃) မိခင်ရော ဖခင်ပါ အားကစားပြုလုပ်စဉ် ရုတ်တရက် သေဆုံးပါက သားသမီးတွင်ဖြစ်နိုင်ခြေ ၉.၄၄ ဆ

ကာကွယ်ခြင်းသည် အကောင်းဆုံး
အားကစားသမားများ အားလုံးအတွက်

၁) လူနာရာဇဝင် မေးခြင်း / မိသားစု ရာဇဝင်မေးခြင်း
၂) လူနာအား နှလုံး စမ်းသပ် ၍ နားကြပ်ဖြင့် နားထောင်ခြင်း
၃) ECG ဆွဲခြင်း
အထက်ပါကဲ့သို့ လုပ်ဆောင်ပါက false positive ခေါ် ထင်ယောင်မှားဖြစ်ခြင်း ၇% တွေ့ရပြီး positive finding မှာ ၉%, နှလုံးရောဂါ ၂% နှင့် အားကစားပြုလုပ်စဉ် သေဆုံးနိုင်သော ရောဂါ ၀.၂ % သာတွေ့ရှိနိုင်သည်။

လူငယ် အားကစားသမားများ ၏ အားကစားလုပ် စဉ်ရုတ်တရက် သေဆုံး သော အကြောင်းများအား ကြိုတင်သိရှိနိုင်ခြင်း

အားကစားပြိုငိပွဲ မဝင်မီ/ပြင်းထန်သောအားကစား မပြုလုပ်မီ ဆေးစစ် ရန်လိုအပ်သည်

ဆေးစစ်၍ ကျရူံး သော အားကစား သမားများအား ပြိုင်ပွဲ မဝင်စေခြင်းဖြင့် အားကစားပြုလုပ်စဉ် ရုတ်တရက် သေဆုံးခြင်းအားကာကွယ်နိုင်သည်။

(အားကစားပြုလုပ် စဉ်ရုတ်တရက် နှလုံးရပ်ပါက Basic life support ပြုလုပ်ခြင်း AED DC shock ရိုက်ကုသ ရန်လိုအပ်သည်။ AED အလွယ်တကူ မရရှိသဖြင့် အများစုမှာ သေဆုံးသည် အသက်မကယ်နိုင်။)

Dr. မောင်မောင်ဌေး
(နှလုံးအထူးကု ဆရာဝန်ကြီး)
(၄.၁၀.၂၀၁၈)

Public Education on Sport Cardiology
အများပြည်သူကျန်းမာရေး အသိပညာပေးကဏ္ဍ

ယခု Post သည် အများပြည်သူ ကျန်းမာရေး အသိပညာပေးရေးအတွက် ဆရာကြီးမှ ရေးသေားပေးသော စာဖြစ်ပါသည်။ မည်သူမဆို စာကိုပြုပြင်မှုများ မပါရှိစေဘဲ လွတ်လပ်စွာ ကူးယူဖော်ပြခြင်း ၊ မျှဝေခြင်းများ ပြုလုပ်နိုင်ပါကြောင်း ဆရာကြီးမှ ခွင့်ပြုပေးထားပါသည်။

ကျေးဇူးတင်ပါသည် ခင်ဗျာ။




Photos from SeinPan Sakkaa Futsal Club's post 29/09/2018

Sein Pan Sakkaa Futsal တွင်အမြဲလာရောက်ကစားကြသောဘော်ဘော်များ👬နှင့်မိတ်ဟောင်းမိတ်သစ်များ👬အားလုံးအတွက် Sein Pan Sakkaa Futsal ကွင်းမှ လိုအပ်သည်များကို ကစားသမားများအဆင်ပြေပြေကစားနိုင်ရန် ထပ်မံ့ပြုပြင်ဆောင်ရွက်ပေးထားပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
💡အဆင်မပြေမှုများရှိပါကအကြံပြုပြောဆိုပေးနိုင်ပါတယ်ခင်ဗျာ💡
🙏အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏

29/04/2018

ကဆုန်လပြည့် (ဗုဒ္ဓနေ့)
******************
ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှန်ရန် ဗုဒ္ဓနေ့။ ဟူသော
ဗုဒ္ဓ၀င်သီတံအရ
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။
ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။
ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။
စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။

ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။

ချမ်းသာကြီးဆရာတော် ဦးဇောတိက
2009 တုန်းက ရေးထားတဲ့ ဗုဒ္ဓနေ့ ဆောင်းပါးပါ၊ ပြန်လည်မျှဝေလိုက်ပါတယ်..

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


SeinPann Road, MaharAungMyay Tsp. , 05032. Mandalay
Mandalay

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 22:00