26/08/2026
အမြဲတမ်းပြုံးနေတဲ့သူမ
အမြဲတက်ကြွနေတတ်တဲ့သူမ
နှုတ်မဆက်ဘဲထွက်ခွာသွားခဲ့ပြီ
အေးချမ်းစွာအနားယူပါတော့🕊️
This page was established to upload sport imformations of Geology department,University of Mandalay.
26/08/2026
အမြဲတမ်းပြုံးနေတဲ့သူမ
အမြဲတက်ကြွနေတတ်တဲ့သူမ
နှုတ်မဆက်ဘဲထွက်ခွာသွားခဲ့ပြီ
အေးချမ်းစွာအနားယူပါတော့🕊️
လွန်ခဲ့တဲ့၇နှစ်လောက်ကို ခဏလောက်ပြန်သွားကြည့်ကြရအောင်....⬅️
04/03/2021
Rest In Power Bro💔
21/12/2020
Here’s How Humans Are Still Evolving Human evolution is a long process of change by which people, as the Smithsonian Institution explained, "originated from apelike ancestors."
26/11/2020
ဘောလုံးနတ်ဘုရားတစ်ပါး..ကြွေလွင့်သွားခဲ့ရပြီ..
Rest In Peace ပါ......ဘုရားပေးတဲ့လက်ပိုင်ရှင်ကြီး..မာရာဒိုနာ.
01/09/2020
1993ခုနှစ်က မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာနဘောလုံးအသင်း🥰😍
04/06/2020
ဒရမ်မာဇာတ်လမ်းတစ်ပုဒ်မဟုတ်ပေမယ့်
ကျွန်တော်တို့တွေ လွမ်းကြရဦးမှာပါ...
အချိန်ကောင်းတွေဟာ ကုန်လွယ်မြန်လိုက်တာ.....
ကျနော်တို့ရဲ့ ဆရာတင်နိုင်ကလော့ပ်ကြီး စစ်တွေတက္ကသိုလ်ကို ပြောင်းရတော့မယ်တဲ့။
ဆရာ မန္တလေးတက္ကသိုလ်ကိုစရောက်ခဲ့တဲ့ 2015-16 စာသင်နှစ်က နေ့ရက်တွေဟာ ခုတွေးကြည့်တော့ မနေ့တစ်နေ့ကလိုပါပဲဆရာ။ စရောက်ရောက်ချင်းနှစ် Trainပေးရင်း ငေါက်တာမှတ်မိသေးတယ်။ "ငါ့ အရင်ကျောင်းက ကျောင်းသားတွေက မင်းတို့ထက် မာတယ်၊ ဘောလုံးကစားတာပိုတော်တယ်။ မင်းတို့ကိုယ်မင်းတို့ အထင်ကြီးမနေနဲ့" ဆိုပြီးပေါ့။ ရင်ဘတ်ချင်း နီးသူတွေဟာ အချင်းချင်းနားလည်ကြတယ် ထင်ပါရဲ့။ ဘယ်သူကမှ
အဲ့စကားကို မကျေနပ်ဟန်မပြ။ ဒါဟာ ငါတို့နည်းပြပဲ ဆိုပြီး စိတ်ထဲ ကြိတ်တောင် ဝမ်းသာမိပါတယ်။ အဲ့နှစ်က ကျနော်တို့ အသင်းကို Train ပေးပြီး မေဂျာပေါင်းစုံဘောလုံးပွဲရက်ရောက်မှ ဇီးပင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် ကို ဆရာသွားရတာလေ။ ဆရာ့ကို အားကိုးတကြီး အလိုရှိနေတဲ့ ကောင်လေးတစ်သိုက် ဝမ်းနည်းရသေးတယ်။
ခု စစ်တွေကို ပြန်ပြောင်းရတော့မယ်တဲ့။ အချိန်ကောင်းတွေက ကုန်တာတအားမြန်တယ်ဗျာ။ ဘူမိဘောလုံးအသင်းဆီမှာ ဆရာထားခဲ့တဲ့ အမှတ်တရတွေက အများကြီးပဲ။
ဘောလုံးအသင်းအတွက် အားထုတ်ကြိုးပမ်းပေးခဲ့တာတွေ ကျနော်တို့တွေ မေ့လို့ရမှာမဟုတ်ဘူး။ ရွာဘက်သွားပြီး အလှူထမင်း ဘူဖေးတွယ်ရင်း ခြေစမ်းပွဲတွေ လည်ကန်ကြရတာတွေကလည်း တကယ်ပျော်စရာကောင်းတဲ့ မမေ့နိုင်စရာတွေ။ ဘောလုံးကွင်းထဲတင်မက ကွင်းအပြင်မှာပါ ကျနော်တို့ကိုဆရာလိုတစ်မျိုး အစ်ကိုလိုတစ်မျိုး စောင့်ရှောက်သေးတယ်။ စာမေးပွဲနားနီးရင် စာလုပ်ဖို့ တစ်ယောက်ချင်းစီလိုက်မှာတာတွေက စလို့ ဆရာ့အကြောင်း ပြောနေရင် ကုန်မယ်မထင်ဘူး။
တာဝန်ကျရာ ရက္ခိတဌာနေ စစ်တွေမြေသွားရာလမ်းတစ်လျှောက် အဆင်ပြေ ချောမွေ့ပါစေ ဆုတောင်းရင်း ကျနော်တို့ ဘူမိဗေဒ ဘောလုံးအသင်းသားများက နှုတ်ဆက်လိုက်ပါတယ် ဆရာ.....