18/02/2026
ဒီဇယ် ၆လုံးထိုး ၊ ၈လုံးထိုး ဗားနှင့်နော်ဇယ် (injector) အတွဲလိုက်ချိန်နည်း
ဒီဇယ်ကားတွေအတွက် သီးသန့် ဗားချိန်နည်းဖြစ်ပါသည်။ ဒီဇယ်ကားတွေမှာ ရိုးရိုး အထောင်ပန့် နှင့် ကွန်မွန်ရေးကားတွေအတွက် မဟုတ်ဘဲ။ ယူနစ် အင်ဂျက်တာနဲ့ လာတဲ့ ကားကြီးတွေ ၊ တွဲကားတွေဖြစ်တဲ့ SCANIA ၊ Volvo ၊ MAN ၊ Hyundai ၊ UD ၊ Cummins ၊ CAT တို့လို စက်ကြီးတွေရဲ့ ၆လုံးထိုးအင်ဂျင် ၊ ၈လုံးထိုးအင်ဂျင်တွေမှာ ဗားတွေ အင်ဂျက်တာတွေကို ဘယ်လိုချိန်ပေးရမလဲ စသဖြင့် သိချင်နေတဲ့ မဂ္ဂင်းနစ်တွေ အတွက် မျှဝေပေးပါ့မယ်ခင်ဗျာ။ သိပြီးသားလူတွေ ယခု post ကို ignorance လုပ်သွားကြပါဗျာ။
ယခုနောက်ပိုင်း သတိထားမိလာကြတာရှိပါတယ်။ အဲ့ဒါဘာလည်းဆိုရင် ဒီဇယ်ကားတွေမှာ အမ်ားစုက inline 6 cyclinder တွေကိုဘဲ တွင်တွင်ကြီးသုံးလာကြတယ်။ အင်ဂျင်ကို အရမ်းထုထည်ကြီးကြီးမားမား မသုံးကြတော့ဘဲ။ ပေါ့ပေါ့ပါးပါး ထုထည်သေးသေး နဲ့ hrose power (hp/kW) တို့ကို အကောင်ရေများအောင် ထုတ်လုပ်လာကြပါတယ်။ အရင်တုံးက Nissan ကားကြီးတွေမှာ V10 လို့ခေါ်တဲ့ ၁၀လုံးထိုး အင်ဂျင်ကြီးတွေ နောက်ပြီး Mitsubishi ရဲ့ 8DC9 တို့ 8DC9-T2 တို့ 8DC11 တို့လို heavy duty ၈လုံးထိုး အင်ဂျင်ကြီးတွေ အကောင်ရေများများနဲ့ သုံးခဲ့ကြပါတယ်။ အဆိုပါ အင်ဂျင်ကြီးတွေက သူတို့လိုထုထည်ကြီးမားတဲ့ အထောင်ပန့်တွေနဲ့ တွဲဖက်သုံးခဲ့ကြတယ်။ အင်ဂျင်ကြီးတိုင်း ရုံးအားကောင်းမယ်ဆိုတဲ့ အေတြးက ဒီဘက်ခေတ် unit injector တွေသုံးလာတဲ့ နောက်ပိုင်း အဆိုပါလောဂျစ်တွေ အမှားကြီးမှားသွားပါပြီ။ အင်ဂျင်ကြီးတာ သေးတာထက် hp နဲ့ Nm မ်ားမ်ား ထုတ်ပေးနိုင်ခြင်းသည်သာ ပဓာနဖြစ်ပါတယ်။ ဒါတွေကို unit injector တွေက လုပ်ပေးနိုင်ပါတယ်။ နောက် unit pump ဆိုတာလည်းရှိပါတယ်။ သူကလည်း unit injector နည်းတူ မြင့်မားတဲ့ အင်ဂျင်ပေါက်ကွဲအားကို လိုက်နိုင်လောက်တဲ့ ဆီပရက်ရှာကို ထုတ်ပေးနိုင်တယ်လို့ သိရတယ်။ အဆိုပါ စနစ် ၂ မျိုးလုံးကတော့ ECM လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးရဲ့ ထိန်းကြောင်းမှုနဲ့ သွားနေတာဖြစ်ပါတယ်။
Unit injector နဲ့ တွဲဖက် အလုပ်လုပ်လေ့ရှိတဲ့ အင်ဂျင်တွေက Double valve လို့ခေါ်တဲ့ အင်းလက် ၂ဗား ၊ အိပ်ဇော ၂ဗား နဲ့ လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ပါ ဗားတွေကို ချိန်တဲ့ အခါမွာ မီးပေါက်စဉ်ကို ထည့်မစဉ်းစားလို့ မရဘူး။ ကိုယ်ချိန်ချင်သလို ချိန်ရင် အခက်မသင့်ပါက သင်စဦး စက်ဆရာများအဖို့ မှားနိုင်ခြေ အတော်လေးရှိပါတယ်။ ဒါ့ကြောင့် Fire order အရ 1-5-3-6-2-4 နဲ့ သွားလိုက်ပါ့မယ်ခင်ဗျ။
TDC (down) 0 = 6 (ဗားချိန်) / 2 (နော်ဇယ်ချိန်) .... 1 (အိုဗာလတ်)
TDC (down) 120 = 2(ဗားချိန်) / 4(နော်ဇယ်ချိန်) ..... 5 (အိုဗာလက်)
TDC (down) 240 = 4(ဗားချိန်) / 1(နော်ဇယ်ချိန်) ..... 3 (အိုဗာတ်)
TDC (down) 360 = 1(ဗားချိန်) / 5(နော်ဇယ်ချိန်) ..... 6 (အိုဗာလတ်)
TDC (down) 480 = 5(ဗားချိန်) / 3(နော်ဇယ်ချိန်) ..... 2 (အိုဗာလတ်)
TDC (down) 600 = 3(ဗားချိန်) / 6(နော်ဇယ်ချိန်) ..... 4 (အိုဗာလတ်)
မှတ်ချက် = အထက်ပါ နည်းသည် firing order နည်းအပေါ်မှာ (ဗားအိုဗာလတ် = valve overlap) ဖမ်းပြီး ဆလင်ဒါ တစ်လုံးချင်းစီ 120 စီလှည့်ကာ ဗား နဲ့ နော်ဇယ် (အင်ဂျက်တာ) ၂ မျိုးတွဲချိန်သွားတာဖြစ်ပါတယ်။ firing order မသြားလိုသူမွာ ဤနည်းအဆင်မပြေပါ။
Firing order မသြားလိုသူမ်ား အတွက် CA (360) ကရိုင်း တစ်ပတ်လှည့်ရုံဖြင့် နော်ဇယ်မချိန်ဘဲ ဗားချိန်နည်း သက်သက်ဖြင့် သွားလိုပါကလည်း အဆင်ပြေပါသည်။ သတိပြုစရာကတော့ အင်းလက် ၂ဗား ၊ အိပ်ဇော ၂ ဗားသွားတာဖြစ်ကာ ဆလင်ဒါ တစ်လုံးချင်းစီမှာ 1 နဲ့ 6 ကလွဲဲလို့ ကျန် ဆလင်ဒါတွေ အတွက် အင်လက် နဲ့ အိပ်ဇော ၂ မျိုးလုံး တွဲချိန်လို့ မရတာကို သတိပြုစေလိုပါတယ်။
၈ လုံးထိုး Firing order မွာ 1-5-4-2-6-3-7-8
TDC (down) 0 = 7နဲ့8 (အင်းလက်ချိန်) ၊ 4နဲ့5 (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
TDC (up) 180 = 1နဲ့5 (အင်းလက်ချိန်) ၊ 2နဲ့6 (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
TDC (down) 360 = 2နဲ့4 (အင်းလက်ချိန်) ၊ 3နဲ့7 (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
TDC (up) 540 = 3နဲ့6 (အင်းလက်ချိန်) ၊ 1နဲ့8 ကို (အိပ်ဇောချိန် ၊ နော်ဇယ်ချိန်)
မှတ်ချက် = အထက်ပါနည်းမှာဆိုရင် ၈ လုံးထိုး V8 ဖြစ်တာမို့ 1-4-6-7 သည် အိုဗာလတ်ဖြစ်နေချိန် မွာ ကျန်တဲ့ အလုံးတွေရဲ့ အင်းလက် ၊ အိပ်ဇော ၊ နော်ဇယ်တို့ကို ၂လုံး တစ္တြဲ နော်ဇယ် အပါဝင် ၆မျိုးချိန်သွားတာဖြစ်ပြီး နော်ဇယ်ဖယ်လိုက်တဲ့အတွက်အခါမှာ တစ်ခါချိန်ရင် ၄မျိုးပြီးသည့်အတွက် ၄ခါချိန်တဲ့အခါ တစ္ဖတ္ကို ၈လုံးနဲ့ အင်းလက် နဲ့ အိပ်ဇော ၁၆မျိုး (၈လုံးထိုး) ဗားချိန်နည်းပြီး၏။
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️16000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️17000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️15000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
03/10/2025
ပြီးခဲ့တဲ့ ရက် ၉၀ အတွင်း ကျွန်ုပ် စောင့်ကြည့်သူ ၁၀,၂၂၈ ဦး ရရှိခဲ့ပါတယ်၊ ပို့စ် ၁ ခု ဖန်တီးခဲ့ပါတယ် နဲ့ တုံ့ပြန်မှု ၉ ခု ရရှိခဲ့ပါတယ်။ အဆက်မပြတ် အားပေးကူညီမှုအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ မရှိဘဲ ဒီလို လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ 🙏🤗🎉
01/09/2025
မဂ်လာနံနက်ခင်းပါစက်ဆရာညီကိုများခင်ဗျာ 👨🔧🙏👇
♦ CRS vs EDC ကွန်ပြူတာဆီဖြန်းစနစ်များ ♦
☢ ကွန်မွန်းရေး(ပန့်ပျောက်) သိပ်ကောင်းတယ်။
☢ ဒစ်စတြီဗျူတာပန့် သိပ်ကြိုက်တယ်။
(မြန်မာနိုင်ငံမှာရှိတဲ့ကားတွေရဲ့ 90% နီးပါးမှာ e-pump နဲ့ ကွန်မွန်းရေးကိုအသုံးများပါတယ်)
ကွန်မွန်းရေးအားသာချက်များ?
➡ ကွန်မွန်းရေးရဲ့ အားသာချက်က ဆီဖိအားကောင်းမွန်တယ်။ ၁၅၀၀ bar ကနေ ၂၀၀၀ bar ကြား ဆီဖိအားရှိတယ်။ ပန့်ပျောက်ဆိုပေမဲ့လည်း တော်ရုံနဲ့တော့ စနစ်က အရမ်းမရှုပ်ထွေးဘူး။ မိန်းပန့် ၊ ရေးတန်း ၊ ပန့်ဆိုလိုနွိုက် ၊ ရေးဆင်ဆာ ၊ high ပရက်ရှာလိုင်း ၊ low ပရက်ရှာလိုင်း ၊ ပရက်ရှာလစ်မစ်တာ စတဲ့ အစိတ်အပိုင်းတွေဘဲ အဓိကပါဝင်ထားတယ်။ ကွန်မွန်းရေးကားတွေရဲ့ ပြဿနာအများစုသည် မိန်းပန့်ကနေဖြစ်ခဲ့တယ်။ ရေးဆင်ဆာ ၊ ပန့်ဆိုလိုနွိုက် ၊ ဆီလိုင်း ၊ အင်ဂျက်တာ စတဲ့ အစိတ်အပိုင်းတွေမှာ အဓိက ပြဿနာဖြစ်ပါတယ်။ ကားသမားအများစုပြောနေကြတာက ကွန်မွန်ရေးဆိုရင် ဆီသန့်ဖို့လိုတယ်ဆိုတဲ့အချက်က ကွန်မွန်းရေးမှမဟုတ်ဘူး။ ဘယ်ကားမဆို ဆီသန့်ဖို့လိုပါတယ်။ ဘာလို့ကွန်မွန်းမှထူးပီး ဆီသန့်ဖို့လိုတာလဲဆိုတော့ ကွန်မွန်ရေးစနစ်သည် တခြားသော ဆီဖြန်းစနစ်တွေတက် ဆီပရက်ရှာ ပိုကောင်းတယ်။ နောက်ပြီး အလုပ်လုပ်ပုံတိကျတယ်။ အရေးကြီးဆုံးအချက်က ပန့်တည်ဆောက်ပုံပါ ဖိအားမြင့်မြင့် အလုပ်လုပ်တာမို့ ဆီမော်လီကျူးတွေက ပိုပြီး အရှိန်များတယ် ပွတ်တိုက်မှုများတယ်။ ဒါ့ကြောင့် ဆီညစ်သွားတယ်။ ဆီလမ်းကြောင်းရှည်တယ်။ အဲ့အတွက် ဆီမသန့်ခဲ့ရင် ဒါမှမဟုတ် premium မဟုတ်ခဲ့ရင် ဆီတိန်းနံပါတ်လို့ခေါ်တဲ့ ဆီရဲ့အရည်အသွေးကျတယ်။ အဲ့ဒါတွေက ကွန်မွန်းရေးစနစ်ကို မသိမသာထိခိုက်စေတဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင်မကသေး ဖစ်တာမလဲတာ ၊ ဆီတိုင်ကီမသန့်ရှင်းတာ စတဲ့အချက်တွေကြောင့် ကွန်မွန်းရေး အစိတ်အပိုင်းတွေ မြန်မြန်ပျက်တဲ့အခါ " သွားမလုပ်နဲ့ကွန်မွန်ရေးက ဆီသန့်ဖို့လိုတယ်ဖြစ်လာရော " ။
e-pump အားသာချက်များ?
➡ e-pump ကတော့ ကွန်မွန်းရေးမပေါ်ခင် မြန်မာနိုင်ငံမှာ အတော်လေး နာမည်ရခဲ့တယ်။ Bosch ကပဲထုတ်ထုတ် ၊ Diesel kiki ကပဲထုတ်ထုတ် ၊ Denso ကပဲ ထုတ်ထုတ် ၊ Zexel ပဲ ဖြစ်ဖြစ် ကွန်မွန်းရေးမဟုတ်ရင် e-pump ဖြစ်ပါတယ်။ e-pump မှာ အရေးကြီးဆုံးက ပန့်မီးခေါင်းနဲ့တိုင်မင်ဗား အဲ့ကောင် ၂ မျိုး အပျက်များတယ်။ အဲ့ကောင်တွေ မကောင်းရင်လည်း ကားမှာ အတော်လေးပြဿနာတက်တယ်။ ပန့်မီးခေါင်းမကောင်းရင် ကားစက်မနိုးဘူး။ e-pump ရဲ့ အားသာချက်က ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိဘူး။ ရှုပ်ရှုပ်ထွေးမရှိတာကြောင့် လူကြိုက်များတယ်။ တော်ရုံ ပန့်စက်ပေါ်တင်စရာမလိုဘူး။ ပန့်စက်ပေါ်တင်တယ်ဆိုရင်လည်း ဆားဗစ်တခါလုပ်ရင်လှည့်ကြည့်စရာမလိုတော့လောက်အောင်အကြမ်းခံပါတယ်။ Zexel က ထုတ်တဲ့ electric governor နဲ့လာတဲ့ကောင်တွေကတော့ e-pump ထဲမှာ အတော်လေး ရှုပ်ရှုပ်ထွေးထွေးနိုင်လှပါတယ်။ ပန့်ချိန်စက်လည်း သီးသန့်လိုတယ်။ သုံးနေကျရိုးရိုးပန့်ချိန်တဲ့ စက်နဲ့မရဘူး။ ပန့်ကို ချိတ်မဲ့ test bench ဆော့ကဒ်တွေလိုမယ်။ ခုတော့ e-pump ဆိုရင် 1kz ပန့်လောက်ပဲ စျေးကွက်မှာရှိတော့တယ်။ ကွန်မွန်ရေးတွေ အစားဝင်လာတာကြောင့် e-pump တွေရဲ့ ခေတ်ကုန်လုနီးပါးဖြစ်သွားပါပြီ။ ဒါပေမဲ့ မြန်မာစက်ဆရာအများစုကတော့ ယခုအချိန်ထိ ဟိုင်းလပ်ဆိုဖင်ထောင်အောင်ရုန်ခဲ့တဲ့ ရိုထရီပန့် တွေကို သဘောကျနေဆဲပဲဖြစ်ပါတယ်။
ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️16000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
♦️17000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️15000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
26/03/2025
♦ ကားအရှိန်တင်မရခြင်း ၊ အဆွဲအရုန်းမပါခြင်း နှင့် တာဘိုဖြတ်ဗားပြစ်ချက် ♦
အခုတလော တာဘိုအကြောင်းလေးတွေ ခပ်စိပ်စိပ်တင်ပေးလို့ တာဘိုကကွာ အလွယ်လေးပါ။ ငါတို့တော့ ပျက်ရင် လဲလိုက်တာဘဲ။ စိတ်ဝင်စားတာ ဘာရှိလို့လည်း ထင်တဲ့ သူတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ တချို့ကလည်း ပေါက်ပေါက်ရှာရှာ နှိုက်နှိုက်ချွတ်ချွတ်သိချင်ကြတယ်။ ပညာရပ်တစ်ခုကို လေ့လာတဲ့ အခါမှာ ကိုယ်အတ္တမပါဘဲ သူ့သဘောသက်သက်လေ့လာမှသာ ကျယ်ကျယ်ပြန့်ပြန့်သိမြင်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ပေ့စ်ကနေ တင်ဆက်ပေးနေတဲ့ နည်းပညာဆောင်းပါးတွေသည် မိမိရေးလိုတဲ့ အတ္တမပါဝင်ပါဘူး။ စက်ဆရာတွေ နေ့စဥ် မေးမြန်းနေတဲ့ မေးခွန်းတွေကိုဘဲ ကြိုးစားတင်ဆက်နေခြင်းဖြစ်ပါတယ်။ စက်ဆရာတွေ ကျန်းမာပါစေ 🙏
တာဘိုအကြောင်းဆက်ရရင် တာဘိုသည် အိပ်ဇောဂတ်ရဲ့ တွန်းအားနဲ့ များပြားလှတဲ့ rpm သိန်းချီလည်ပတ်နိုင်တယ်။ တဖတ်မှာလဲ အင်လတ်ထဲကို များပြားလှတဲ့ လေထုထည်ကို ဖိသိပ်ထည့်ပေးပါတယ်။ အင်ဂျင်သည် တသတ်မှတ်တည်း လည်ပတ်နေတဲ့ အရာမဟုတ်။ အင်ဂျင်လည်ပတ်မှုများလွန်းတဲ့ အခြေအနေမှာ အိပ်ဇောဂတ်တွေ ပိုထွက်ပါတယ် ထိုနည်းတူစွာ အင်းလတ်ထဲကိုလည်း လေများစွာဝင်ပါတယ်။ အဲ့ ၂ခုက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါ။ အကယ်၍ အိပ်ဇောငွေ့ ကိုထိန်းချုပ်နိူင်ရင် အင်ဂျင်ထဲဝင်တဲ့လေကိုလည်းထိန်းချုပ်နိုင်လိမ့်မယ်ပေါ့။ ဓာတ်ဆီအင်ဂျင်တွေကလွဲလို့ တခြားသော လောင်စာဆီအထူးပြုတဲ့ အင်ဂျင်တွေသည် အင်လတ်ထဲဝင်တဲ့ လေပမာဏ ကိုထိန်းချုပ်ဖို့ မကျိုးစားဘူး။ အထူးသဖြင့် အိပ်ဇောငွေ့ကိုထိန်းချုပ်ပေးတယ်။ ဘာနဲ့ ထိန်းချုပ်လဲဆိုရင် တာဘိုရှိ ဖြတ်ဗားလို့ခေါ်တဲ့ Wastegate နဲ့ ထိန်းချုပ်ပေးပါတယ်။ wastegate သည် ၂ မျိုးရှိတယ်။ mechanical နဲ့ electrical ဟူ၍ဖြစ်ပါတယ်။ နောက် internal နဲ့ external wastegate ဟူ၍။ အခုက mechanical wastegate အကြောင်းအဓိက ပြောမှာဖြစ်ပါတယ်။ ဘာလို့ဆိုတော့ ရိုးရိုးတာဘိုအကြောင်းမို့ပါ။ Wastegate လို့ခေါ်တဲ့ တာဘိုဖြတ်ဗားသည် ပရက်ရှာတစ်ခုနဲ့ အလုပ်လုပ်ပေးပြီး သူ့မှာ ဖားဖိုပုံစံ ဗူး ၊ တာဘိုပိုက် ၊ ဖြတ်ဗားတံလေးပါတယ်။ အကယ်၍ တာဘိုပရက်ရှာ အရမ်းများလာရင် အိပ်ဇောဘက်က တာဘိုပေါက်လေးပွင့်ပြီး အိပ်ဇောငွေ့တွေ အပြင်ကိုထွက်သွားတယ်။ electronic wastegate တွေမှာတော့ တာဘိုပရက်ရှာကိုသိနိုင်တဲ့ ဆင်ဆာတွေ ၊ အက်ကျူရေတာတွေပါတယ်လေအဲ့ဒါနဲ့ အလုပ်လုပ်တယ်။ mechanical wastegate တွေက တာရှည်ပိုခံပါတယ်။ တာဘိုဖြတ်ဗားမကောင်းတာက အခြေအနေ ၂ မျိုးဖြစ်နိုင်တယ်။ တာဘိုဖြတ်ဗားကမပွင့်ဘဲ လုံးဝအသေဖြစ်နေတာ ၊ ဖြတ်ဗားလုံးဝ ပွင့်နေတာ။ ထိုအခြေအနေ ၂ မျိုးအနက် ဖြတ်ဗားလုံးဝ ပွင့်နေတဲ့ အနေထားမျိုးမှာဆိုရင် လီဘာနင်းပေမဲ့လည်း အဆွဲအရုန်းကျနေတာမျိုး ကြုံရပါမယ်။ အထူးသဖြင့် အတက်တွေမှာ အင်ဂျင်က လီဘာနင်းပေမဲ့ အင်ဂျင်အဆွဲအရုံးကျနေတာမျိုးကြုံရပါမယ်။ ချက်မီးလင်းပါမယ်။ ဆီပိုစားနေပါလိမ့်မယ်။ ဖြတ်ဗားက လုံးဝမကစားတော့တဲ့ အခြေအနေမှာဆိုရင် တာဘိုလည်အားများပြီး အချိန်မတိုင်ခင် တာဘိုပျက်တတ်ပါတယ်။ တာဘိုတွေ ခဏခဏပျက်စေတဲ့ အကြောင်းအရင်းထဲမှာ ထိုအချက်ကလည်း အဓိကဖြစ်ပါတယ်။
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
24/03/2025
" ကွန်မွန်ရေး ပြစ်ချက်အားလုံး ဒီကနေ စတယ် "
ရေးဆင်ဆာပြစ်ချက် "
ကွန်မွန်းရေး sensor တွေထဲမှာ rail sensor ကအလွန်အရေးပါတဲ့ sensor တစ်လုံးပဲဖြစ်ပါတယ်။ အဆိုပါ sensor ကို rail tube မှာ တပ်ဆင်ပေးထားပြီး rail tube ထဲမှာရှိတဲ့ high pressure (ရေးပရက်ရှာ) တန်ဖိုးကို ဖတ်ပေးမှာဖြစ်ပါတယ်။ rail tube က 2000 bar ရှိရင် higher rpm အလိုက် rail pressure ပြောင်းလဲမှုတန်ဖိုးကို sensor ကနေ သိရှိပြီး ECU ကို signal ပို့ပေးမှာပဲဖြစ်ပါတယ်။ 0 to 2000 bar မှာ 0 to 5V အတွင်းအလုပ်လုပ်မှာဖြစ်ပါတယ်။ rail sensor သည် များသောအားဖြင့် ၃ငုပ် ၊ ၆ငုပ်ရှိပါတယ်။ အဆိုပါ rail pressure sensor မှာ signal , power , ground စတဲ့ ငုတ် ၃ခုပါဝင်ပြီး singal နှင့် ground ကို voltage တိုင်းကြည့်ပါက 5V ရှိရင် sensor အလုပ်လုပ်ပါတယ်။ နောက်ပြီး accelerator ကို နင်းပြီး စမ်းကြည့်ရင် အကယ်၍ scanner မှာ rail pressure အလိုက် voltage ပြောင်းလဲမှုရှိနေရင် sensor အလုပ်လုပ်ပါတယ်။ voltage to pressure ပြောင်းလဲမှုက 1.3V မှာ 200 bar ရှိနေပြီး 3.6V မှာ 1600 bar ရှိနေပါတယ်။ လီဘာ 4.2V မှာ 2000 bar ဝန်းကျင်ရှိနေရင် sensor အလုပ်လုပ်ပါတယ်။ ချွင်းချက် အနေနဲ့ အသုံးပြုတဲ့ ကားပေါ်အလိုက် rail pressure ကွာခြားချက်ရှိနေပါတယ်။ 6M60 မှာ 1700bar နဲ့ J05D / J08E မှာ 1500bar ထိရှိပြီး rail pressure အလိုက် voltage ပြောင်းလဲမှုရှိနေရင် rail sensor ကောင်းပါတယ်။ ရေးဆင်ဆာ မကောင်းရင် စက်နိုးရခက်ခြင်း စက်နိုးမရခြင်း စက်သံမမှန်ခြင်း အရုန်းအဆွဲကျဆင်းခြင်း စတဲ့ ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ rail pressure က တော်ရုံမပျက်တက်တဲ့ sensor ဖြစ်ပေမဲ့ ဆီကြောင့် ဖြစ်လာတဲ့ အညစ်ကြေးတွေက rail pressure sensor ကိုပျက်စီးစေပါတယ်။ နောက်ပြီး သက်တမ်းကုန်ဆုံးရင်လဲ ပျက်စီးတက်ပါတယ်။ rail pressure sensor ကို scanner မှာ P0190/P0191/P0192/P0193 စတဲ့ codes တွေနဲ့ပြပါတယ်။
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
05/03/2025
♦ အင်ဂျင်ဝိတ်မရုန်းခြင်း ၊ ဆီစားများခြင်း ၊
စက်သံအတက်အကျမမှန်ခြင်း၊ အိပ်ဇောမီးခိုးမဲလိုက်ခြင်း နှင့် နော်ဇယ်ခေါင်းပြစ်ချက်များ ♦
မဂ်လာနံနက်ခင်းလေးပါ ညီကိုတို့ 🙏
👨🔧 ကျွန်တော့် မိတ်တွေ စက်ဆရာများအတွက် အသုံးဝင်လှတဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာလေးတစ်ခုမျှဝေချင်ပါတယ်ဗျာ။ ဒီဇယ်စက်ဆရာတွေအတွက် နော်ဇယ် မှိုင်းကိုက်တယ်ဆိုရင် ဘယ်လိုမျိုးပြစ်ချက်တွေ ကြုံရနိုင်မလဲ ၊ ဘာတွေ ပြုပြင်ရမလဲ သိသလောက် မျှဝေပေးသွားပါ့မယ်ခင်ဗျာ။ ဒီဇယ်ကားတွေမှာ နော်ဇယ်ကတော်တော်လေး အရေးကြီးပါတယ်။ ကားမော်ဒယ်မြင့်လာလေလေ နော်ဇယ်တွေက အဆင့်မြင့်လာလေလေပါဘဲ။ နော်ဇယ်တွေ အကြောက်ဆုံးတစ်ခုက ဆီမသန့်ပါဘဲ။ နော်ဇယ်သည် ဆီကို အမှုန်အမွှား လေးအဖြစ် ကွန်ပရက်ရှင်းချန်ဘာထဲကို ဖြန်းချပေးပါတယ်။ အဲ့ဒီမှာ ဘာပြဿနာဖြစ်လဲဆိုရင် ဆီထဲမှာ ရေသော်၎င်း ၊ တခြားသော အမှုန်အမွှား အညစ်အကြေးတွေသည် nozzle tip (or) nozzle or***ce လို့ခေါ်တဲ့ နော်ဇယ်ခေါင်းမှာ သွားပိတ်ပါတယ်။ ရေပါလျှင်လဲ အင်ဂျင်ပေါက်ကွဲအားမမှန် နော်ဇယ်ပျက်စီးတက်ပါတယ်။ နော်ဇယ်တွေက အင်ဂျင်ဟက်ထဲမှာ စိုက်ပြီး ကွန်ပရက်ရှင်းချန်ဘာထိပ်နဲ့ ထိစပ်ကာ ပစ္စတင်ထိပ်ကို ဆီဖြန်းချပါတယ်။ အဲ့ဒါ ဘာပြဿနာရှိလဲဆိုရင် အချိန်ကာလ ကြာမြင့်တဲ့အခါမှာ နော်ဇယ်တွေ သဲကြေးကိုက်ပြီး ဖြုတ်ဖို့ ခက်တာတွေ ကြုံရပါလိမ့်မယ်။ တချို့ဂျပန်ကားတွေ နော်ဇယ်ဖြုတ်ရအလွန်ခက်ပါတယ်။ ဒါကလည်းဖြစ်တက်တဲ့ ပြဿနာလေးတစ်ခုပါ။ ပန့်ဆရာတွေကို ဒုက္ခပေးတာပေါ့။ နော်ဇယ်မှိုင်းကိုက်တယ်ဆိုတာ နော်ခေါင်းမှာ မီးခိုး၊ကာဗွန်ဂျိုးတွေ ကပ်ပြီး ပိတ်သွားပါဘဲ။ နော်ဇယ်ခေါင်းမှာ တချို့က ၄ပေါက် ၅ပေါက် ၊ ၈ပေါက် စသဖြင့် ရှိကြရာ ၂ ပေါက်လောက် မှိုက်ကိုက်ပြီး ပိတ်သွားရင်ဘဲဖြစ်ဖြစ် နော်ဇယ်ဆီလျှံပြီး အဆွဲအရုန်းမပါတော့ဘဲ မီးခိုးမဲတွေ ထွက်ပါပြီ ဝိတ်တင်ရင် ပိုသိသာပါတယ် နော်ဇယ် မကောင်းတာက။ အထက်ပါပြစ်ချက်တွေကြုံရရင် နော်ဇယ် ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ အတွေ့အကြုံအရ နော်ဇယ်ပြစ်ချက်လို့ သိရင်သိ မသိရင်လဲ နော်ဇယ် တစ်လုံးချင်းစီကို ကောင်းမကောင်း စက်နဲ့ စမ်းကြည့်လို့ရတယ်။ မကောင်းတဲ့ အလုံးက စက်သံပြောင်းမှာပါဘဲ။ အကယ်၍ ဖြုတ်ရလွယ်တဲ့ ကားမျိုးဆိုရင် ကိုယ့်ဟာကိုယ် နော်ဇယ်ခေါင်းတွေ ဆေးကြောလို့ရပါတယ်။ နော်ဇယ်မှိုင်းကိုက်တာက နော်ဇယ်ပျက်စီးတာမဟုတ်ပါဘူး။ ကားတွေမှာ အဆွဲအရုန်းကျရင် ကာဗွန်ဂျိုးဆေးသလိုဘဲ။ ယခုလို စက်သံမမှန် ၊ နော်ဇယ်ဆီများပြီး ဝိတ်တင်ရုန်းရင် အိပ်ဇောမီးခိုးလိုက်တာမျိုးတွေ ၊ အိပ်ဇောဆီစိုတာမျိုးတွေကြုံရပါလျှင် နော်ဇယ်ပြဿနာတွေဖြစ်ကြောင်းမျှဝေပေးရင် စက်ဆရာများ ဘေးကင်းချမ်းသာကြပါစေ 🙏
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
02/03/2025
အင်ဂျင်ပူရင် စက်နိုးလို့မရတဲ့ ပြစ်ချက် နှင့် အင်ဂျင်အေးရင် ဂီယာထိုးလို့မရတဲ့ပြဿနာ
+++++++++++++++++++++++++++++++++++++
ဒီနေ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေစက်ဆရာများအတွက် အင်ဂျင်ပူနေရင် စက်နိုးလို့ မရတဲ့ ပြစ်ချက် နှင့် သူ့ဆန့်ကျင်ဘက် အင်ဂျင်ပူမှ ဂီယာထိုးလို့ရတဲ့ပြစ်ချက် အကြောင်း မျှဝေချင်ပါတယ်။ အင်ဂျင်ပူရင် စက်နိုးလို့မရတဲ့ ရွှေငါး 2002 အကြောင်းလေးပါ။ မြန်မာနိုင်ငံမှာ ရွှေငါးဆိုတာ တော်တော်လေး ပါဖော့မန့်ကောင်းတဲ့ ကားအဖြစ် လက်ခံထားကြတယ်။ အရုန်းအဆွဲရှယ်မိုက်တယ်။ ပြိုင်ကားခရေစီ လူငယ်တွေ ဖိုင်းစီးကြတယ်။ လူစီးများတာကြောင့် ကားပွဲစားတန်မှာ ထိုကားမျိုးရရင် လုပ်ချက်ရှိမရှိ တော်တော်လေး စစ်ဆေးဝယ်ယူကြရတယ်။ တည်ဆောက်ပုံ ရိုးရှင်းတယ် ပြီး ပစ္စတင် ၆လုံးနဲ့လာတယ်။ ၎င်းမှာ Toyota 1JZ အင်ဂျင်တပ်ထားပါတယ်။ အဲ့ကောင်လေး ပူရင်စက်နိုးလို့မရတဲ့ ပြစ်ချက်လေး ပြင်ပေးဖူးပါတယ်။ အေးတဲ့အခါ မနက်စောစော ကားနိုးရင် အကောင်း အင်ဂျင်ဟိ နည်းနည်းလေး တပ်တာနဲ့ ကားက စတက်ရှည်ပြီး နိုးလို့မရတော့ဘူး။ အင်ဂျင်ပူလို့ စက်နိုးလို့မရတာက ဖြစ်နိုင်ခြေအများကြီးရှိတယ်။ ကူးလန့်ဆင်ဆာမကောင်းရင်လည်း အထက်ပါပြစ်ချက် ကြုံရမယ်။ ဒါပေမဲ့ ချက်မီးလင်းလိမ့်မယ်။ DTC ကုဒ်ရှိမယ်။ နောက် CKP ဆင်ဆာမကောင်းတာတို့ ၊ ဘတ်ထရီကွန်နရှင်လွတ်တာတို့ ၊ အဲယားဖစ်တာပိတ်တာတို့ ၊ ဂရောင်းမမိတာတို့ကြောင့် အင်ဂျင်နွေး၊ပူနေရင် စကျဘယျလိုမှနိုးမရတကျတာမြိုးရျှိပါတယျ။ ခု ပြစ်ချက်က အဲ့ဒါတွေကြောင့် မဟုတ်ပါဘူး။ ပြစ်ဆင်ချက် ၊ ရှာဖွေချက် ၊ ကားသမားနဲ့ကိုယ်နဲ့ နွေးရာလေးပါး မေးမြန်းခန်း ပြောဆိုခန်း အလုံးစုံကို ကျော်လိုက်မယ်။ စတက်တာကြောင့်ဖြစ်ပါတယ်။ ရွှေငါး ၊ ခရောင်းအုပ်စု ၊ မတ်အိပ် စတဲ့ ဖိုက်တာကောင်တွေမှာ စတက်တာဖြုတ်တာ အလွန်ခက်တယ်။ စတက်တာ ကောင်းမကောင်း ဖြုတ်စစ်ဖို့လိုအပ်ပါလိမ့်မယ်။ စတက်ကာဗွန်ထည့် လုပ်လို့ရရင် အဆင်ပြေတယ်။ ဒိုင်နမိုမော်တာဝါယာရိန်းသီးသန့်လုပ်တဲ့ ဝပ်ရှော့တွေဆိုရင် အဆင်ပြေတယ် ။ ပူမှဂီယာထိုးလို့ရတဲ့ ပြစ်ချက်ကတော့ ဂီယာဘောက်ချပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ပြင်လို့ ကောင်းမဲ့ ကုန်ကျစရိတ်နဲ့ အသစ်လဲလို့ရမဲ့ ကုန်ကျစရိတ်သိပ်မကွာတာကြောင့် ဂျပန်ကျ တစ်လုံး အသစ်လဲလိုက်တာ OK သွားပါတော့တယ်ဗျာ။ ဆန့်ကျင်ဘက် ၂ခု ပေါင်းစုံပြီး လုပ်ချက်ရှိတဲ့ ရွှေငါးလေးရဲ့ ပူရင်အင်ဂျင်မနိုးတာနဲ့ပူမှဂီယာဝင်တဲ့ ပြစ်ချက်လေး မျှဝေပေးရင် ကျွန်တော်တို့ရဲ့ မိတ်ဆွေ စက်ဆရာများဘေးကင်းကြပါစေ 🙏
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
12/12/2024
♦ Suspension Level Sensor ခေါ် ငြိမ့်ညောင်းမှု့ အသားပေး လေအိတ်ဆင်ဆာ အလုပ်လုပ်ပုံ & ပြစ်ချက်များ ♦
Suspensoin Level sensor ဆိုတာ Vehicle ၏ Body နှင့် Ground ကြား မှာ ရှိတဲ့ အကွာ အဝေးကို တိုင်းတာပေးတဲ့ sensor ဖြစ်ပါတယ် ... Electronic Type ဖြစ်တဲ့ အဆိုပါ sensor ဟာ လေအိတ်ကားတွေမှာ အထူးသဖြင့် တွေ့ရလေ့ ရှိပါတယ် ... ပုံမှန်အားဖြင့် လေအိတ်ပါတဲ့ ကားလေးတွေမှာ အသုံး ပြု လေ့ရှိသလို Truck တွေ Bus တွေမှာလဲ အသုံးပြု ကြပါတယ် ၊ ကားလေးတွေမှာတော့ Right Height sensor အစသဖြင့် ခေါ်ဝေါ်လေ့ ရှိပြီး Coach ( Bus ) တွေမှာတော့ Suspension Level sensor လို့ သူံးနှုန်းကြပါတယ်။
Suspension Level sensor ရဲ့ အလုပ်က Chassis ပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့ point နဲ့ Road ကြားအကွာအဝေးကို ထောက်လှမ်းရုံသာ ဖြစ်ပါတယ် ... အဲ့ဒီ Level ကိုတော့ အလိုရှိတဲ့ အကွာအဝေးကို ချိန်ညှိပေးရပါတယ် ၊ ဆိုလိုတာက Vehicle ရဲ့ Suspension ကို ထိန်းညှိဖိူ့ ဒီ sensor ကို သုံးတာ ဖြစ်ပါတယ် ... ကားတွေ စီးရတာ ဘာကြောင့် ငြိမ့်တာလဲ ?? ငြိမ့်မှာပေါ့ လေအိတ်တွေ ကောင်းတာကိုး !! အစသဖြင့် လူတွေ ပြောတာ ရှိပေမဲ့ အဓိကက Level Sensor ကြောင့်ပါ ... Vehicle ဟာ သတ်မှတ်ထားတဲ့ အကွာအဝေးအောက် ကျသွားပြီလို့ သိရသည့် တပြိုင်နက် Sensor ကနေ ECU ( Engine Control Unit ) ကို Signal လှမ်းရိုက်ပါတယ် အဲ့ဒီကမှ တဆင့် APS စနစ်ကနေ Air bags တွေကို ဟန်ချက်ညီအောင် လေကို ပိုက်တွေကတဆင့် လေ လှမ်းဖြည့်ပေးပါတယ်။
ကားလေးတွေမှာ အထူးသဖြင့် လေအိတ်ပါဝင်တဲ့ ကားလေးတွေ ( SVU , Saloon , Rugged ) တချို့ ကားလေးတွေမှာ လေအိတ်တွေ မပါဝင်သော်လည်း Level sensor ပါဝင်တာတွေ ရှိပါတယ် ၊ ဥပမာ အားဖြင့် Toyota Crawn Majesta မှာ Level sensor ပါပါတယ် ၊ Truck တွေ Bus တွေမှာတော့ လေအိတ်ပါရင် Level Sensor ပါဝင်ပါတယ် ( MAN , Mercedes , SCANIA , VOLVO , DAF ,... ) Level Sensor သာ ပျက်တက်တဲ့ Sensor ထဲက တစ်ခုပါ ဘာလို့လဲဆိုရင် သူက ကားမောင်းတိုင်း လိုက်ပြီး ဘယ်ညာ ရွေ့လျား ထောက်လှမ်းနေပြီး vehicle ကို ထိန်းညှိပေးနေပါတယ် ဒါပေမဲ့ အရမ်းစျေးမကြီးတဲ့ အတွက် ပျက်သွားရင်တောင် အလွယ်တကူ လဲလှယ်လို့ရပါတယ် ၊ sensor ရဲ့ တန်ဖိုးကတော့ $ 200 ကျော် ပါတယ် ( အသုံးပြု တဲ့ ကားအပေါ် မူတည်ပါတယ် ) ။
Sensor တွေ မကောင်းရင် လဲလှယ်လိုက်တာဟာ အကောင်းဆူံး ဆုံးဖြတ်ချက်ပါ ၊ ဘာလို့ဆိုရင် Sensor တွေဟာ ကားရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းထဲက တစ်ခု ဖြစ်တာမို့ sensor မကောင်းရင် ကားမကောင်းနိုင်ပါဘူး ... Sensor ရဲ့ Voltage ကတော့ ထုံးစံ အတိုင်း ( 0 ~ 5V ) ကြားမှာပဲ ရှိပါတယ် ၊ Sensor ရဲ့ ပုံစံ လေးကို ဖော်ပြရရင် သူ့ပုံစံလေးဟာ ဝန်ရိုးလေးပေါ်မှာ လည်နေတဲ့ ဂီယာသွားလေးလို ဟိုဘက် ဆင်းလိုက် ဒီဘက် ဆင်းလိုက်နဲ့ လှုပ်ရှားနေပါတယ် အဲ့ဒီ လှုပ်ရှားနေတဲ့ အတံလေးကို sensor ရဲ့ ကိုယ်ထည်လေးနဲ့ ဆက်ထားပါတယ် ၊ Suspension က နိမ့်သွားပြီ ဆိုရင် ဝန်ရိုးလေးက လည်သွားမယ် အဲ့လိုပဲ အဲ့ဒီ ဝန်ရိုးပေါ်မှာ ဆက်ထားတဲ့ Sensor ကိုယ်ထည်လေးက အောက်ကို နိမ့်သွားမယ် ( sensor ကိုယ်ထည်ဆိုတာ အဲ့ဒီမှာ ပါဝင်တဲ့ တုတ်တံလေးကို ပြောတာပါ ) ။
Level sensor ကို ကားလေးတွေမှာ Ride High Level sensor လို့ခေါ်သလို ကားကြီးတွေမှာတော့ Suspension Level sensor တဲ့ ... အခုနောက်ပိုင်းကားတွေမှာတော့ sensor တွေ ကိုများလာသလို ပိုပြီးတော့လဲ စီးနှင်ရတာ Safe ဖြစ်ပါတယ် ... level sensor ဟာ Electronic Stability Control ( ESC ) ထဲမှာ အကျုံး ဝင်ပါတယ် ... Level Sensor ပါဝင်တဲ့ အတွက် အဓိက ကောင်းကျိုးတွေကတော့ passenger ကို Safety ဖြစ်စေတယ် နောက်ပြီး Comfortable လည်း ဖြစ်စေပါတယ် ( အဲ့ဒါကြောင့် Hight way လောကမှာ SCANIA bus တွေ နာမည်ကြီးနေတာဖြစ်ပါတယ်။
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
12/12/2024
ကားတွန့်ဆုတ်တွန့်ဆုတ်ဖြစ်ခြင်း၊ အဆွဲအရုန်းကျခြင်း၊ ကားတုန်ခြင်း၊ ချက်မီးလင်းခြင်း (DTC-P0300)
အထက်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး P0300 ဆိုတာကတော့ misfire codes ဖြစ်ပါတယ်။ စက်ဆရာတော်တော်များများလဲ ကြုံဖူးကြမှာပါ။ misfire codes တွေတက်ရင် ကားက မောင်းရတာ အဆင်မပြေဘူး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမယ် ၊ စလိုးလဲ မငြိမ်ဘူး ၊ ကားက ပုံမှန်ထက် တုန်နေမယ် ၊ ချက်မီးလဲလင်းနေမယ် ဒါတွေက misfire codes တွေနဲ့ ပတ်သက်ပြီး ကားမှာဖြစ်နေတဲ့ ပြဿနာတွေပါ။ အထက်ပါ Fault codes က လွယ်သလိုလို နဲ့ လုပ်ရမည့် အဆင့်တွေများတယ်။ တခါတလေ P0300 နဲ့ အတူတူ P0301 / P0302 / P0305 စတဲ့ fault တွေလဲ တွဲလာတာမျိုးရှိပါတယ်။ နောက်ပြီး ပြစ်ချက်တစ်ခုဆိုတာ သူချည်းပဲ တိုက်ရိုက် လာတာမျိုးမဟုတ်ဘဲ တခြားသော ပြစ်ချက်တွေနဲ့ သွယ်ဝိုက်တွဲလာတာမျိုးကလည်း ကားတော်တော်များများမှာကြုံဖူးကြမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂီယာဘောက်နဲ့တွဲလာတာမျိုး ၊ အောက်ပိုင်းနဲ့တွဲလာတာမျိုး ၊ အဲယားကွန်းပိုင်းနဲ့ တွဲလာတာမျိုး စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါ့ကြောင့် ...
ဆက်စပ်ပြီး misfire ကုဒ်ဖြစ်တာကြောင့် မြန်မာလိုဆိုရင် " သင့်ကား မီးပေါက်စဥ်မှားနေတာ " ဟု scan tools က ပြောနေတာဖြစ်ပါတယ်။ ဒါဆို misfire codes တွေအတွက် ဘာတွေဖြေရှင်းကြမလဲ။
Spark plug စစ်ရမည်။
ignition coil တွေ စစ်ရမည်။
Fuel injector တွေ စစ်ရမည်။
Fuel pressure ရှိမရှိ စစ်ရမည်။
Fuel pump စစ်ရမည်။
inlet pipe တွေကောင်းမကောင်းစစ်ရမည်။
Air cleaner တွေစစ်ရမည်။
ignition ပိုင်း ၊ fuel ပိုင်း အတွက် ဝါယာရိန်းတွေစစ်ရမည်။
compression pressure ရှိမရှိ စစ်ရပါမည်။
👉 Spark plug တွေမှာ
Spark plug မကောင်းရင် မီးသံခေါက်နေမယ် ၊ အင်ဂျင်စလိုးသံကြမ်းနေမယ် ၊ အနိုးခက်နေမယ် စတာတွေကြုံရပါမယ်။ plug တစ်လုံးရဲ့ သက်တမ်းက မိုင် ၃၀၀၀၀ ဖြစ်ပါတယ်။ spark plug သည် အင်ဂျင်ပေါ်လိုက်ပြီး hot plug / cold plug ၂ မျိုးရှိပြီး အဲ့ဒီမှာ ခေါင်းတို ခေါင်းရှည် plug ၂ မျိုးလာပါတယ်။ မိမိကား spark plug က ခေါင်းတိုလား ၊ ခေါင်းရှည်လား သိဖို့လိုပါမယ်။ များသောအားဖြင့် ကားအများစုသည် ခေါင်းတို (အရစ်တို) နဲ့လာပြီး အနည်းစုသည်သာ ခေါင်းရှည် (အရစ်ရှည်) သုံးကြတာဖြစ်ပါတယ်။ Toyota cadina / Mitsubishi Pajero / Nissan Note စတဲ့ ကားတွေမှာ plug ခေါင်းရှည် အတွေ့များပါတယ်။ ခေါင်းတိုနဲ့ခေါင်းရှည်မှားသုံးမိရင်တော့ မီးသံခေါက်တာတို့ ၊ ကာဗွန်အထွက်များတို့ ၊ ဆီစားများတာတို့ ၊ အင်ဂျင်းအရုန်းအဆွဲကျဆင်းတာတို့ ဖြစ်တတ်ပြီး ရေရှည်မှာ အောက်ဆီဂျင်ဆင်ဆာ ၊ ကျောက်စကာ ၊ EGR ဗားတွေကို မလိုအပ်ဘဲဒုက္ခပေးတတ်ပါတယ်။ spark plug လဲလှယ်ရာတွင် ခေါင်းတိုလား ခေါင်းရှည်လား ပထမဆုံးသိရမှာဖြစ်ပြီး plug မှာရေးထားတဲ့ parts number အတိုင်း အတိအကျ သုံးရင် အမှားယွင်းနဲပါတယ်။ platinum / iridium plug တွေက Nickel plug တွေထက် ပိုပြီး အသုံးခံတယ် စွမ်းဆောင်ရည်မြင့်တာကို တွေ့ရမှာဖြစ်တယ်။ မိမိကားက ဂျပန် (Toyota / Nissan / Honda) စသဖြင့် တစ်ခုခုဆိုရင် ဂျပန် တံဆိပ်ပလပ်တွေကို ဦးစားပေးသုံးရင် ပိုကောင်းပါတယ်။ အကယ်၍ ဥရောပကားဆိုရင်လည်း မူရင်း parts တွေကို သုံးရင် ရေရှည် ကားကျန်းမာရေးအတွက်ပိုကောင်းတယ်။ တခြား other brand တွေကိုသုံးရင်လဲ plug မှာပါတဲ့ part number အတိုင်းရွေးချယ်သုံးသင့်ပါတယ်။ parts number နဲ့ မူရင်း catalog နဲ့ ကိုက်ပြီး ဘယ်ကားအတွက် ဘယ် plug သုံးမလဲ ဆိုတာကို ကားပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ ကုမ္ပဏီက ညွှန်ပေးထားတာရှိပါတယ်။ ဥပမာအားဖြင့် Denso plug မှာ VFXEH20E သည် Nissan Note HR15DE အင်ဂျင်အတွက်ဖြစ်ပြီး VFXEH20 ဆိုရင် HR16DE အတွက်ဖြစ်ပါတယ်။ မှားသုံးရင် ရေရှည်မှာ မလိုလားအပ်တဲ့ အထက်ဖော်ပြပါ ပြစ်ချက်တွေကြုံရတတ်ပါတယ်။
👉 Ignition coil တွေသည်
ignition coil / plug coil တွေရဲ့ အလုပ်က sprak plug ကို မီးပေးတာဖြစ်ပါတယ်။ plug coil သည် တော်ရုံနဲ့ ပျက်တတ်တာမျိုးမဟုတ်ပေမဲ့ ဒီလိုအချက်တွေကြောင့် plug coil တွေပျက်တတ်ပါတယ်။
* အင်ဂျင်ဟိတတ်လွန်းတာ
* plug ကွိုင်သက်တမ်းကြောင့်
* ECU ဗို့အားမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ spark plug နဲ့ plug coil မကောင်းရင် ကြုံရတဲ့ ပြစ်ချက်တွေ တော်တော်များများတူကြပါတယ်။ ဒါ့ကြောင့် plug တွေလဲမယ်ဆိုရင် ၊ plug coil တွေပါ စစ်ဆေးဖို့လိုပါမယ်။ plug coil တွေရဲ့ သက်တမ်းသည် ဘယ်ရွေ့ ဘယ်လောက်သုံးရမယ်ဆိုတာထက် ပျက်စီးခြင်းမပျက်စီးခြင်း သည်သာအရေးကြီးပါတယ်။ plug coil ဟာ ပုံမှန်အားဖြင့် မိုင် ၁၀၀၀၀၀ အထက် မက အဲ့ထက်လည်း အသုံးခံပါတယ်။ ၎င်းသက်တမ်းထက် များသွားရင်တော့ plug coil သက်တမ်းကြောင့် ကွဲလာတာမျိုး ၊ ပျက်စီးတာမျိုးကြုံရတတ်ပါတယ်။ plug coil ကိုတော့ ကားအမျိုးအစားနဲ့အကိုက် လဲလှယ်ပေးရုံပါပဲ ၊ parts number အတိအကျလဲပေးစရာမလိုပါဘူး။ ကားအမျိုးအစားမမှန်လဲ အလုပ်လုပ်ပေမဲ့ ရေရှည်မှာတော့ အဆင်မပြေပါဘူး။ အကောင်းဆုံးကတော့ သူ့ကားအမျိုးအစားနဲ့တူ သုံးပေးရပါမယ်။
👉 Fuel injector တွေမှာတော့
Fuel injector တွေရဲ့ အလုပ်သည် အင်ဂျင်ကို ဆီဖြန်းပေးခြင်းပါဘဲ။ fuel injector တွေဘာကြောင့် ပျက်စီးစေတာလဲ ထို့အတွက် အကြောင်းအရင်းများစွာရှိပါတယ်။ အထက်ပါ P0300 နဲ့ ဆက်စပ်ကုဒ်တွေတက်နေပြီး ပြဿနာဖြေရှင်းပါက Fuel injector ကိုဆေးကြောမယ် ၊ Fuel injector ကောင်းမကောင်း ohm တိုင်းမယ် ( 12ohm to 15ohm) ၊ spay pattern မှန်မမှန်စမ်းမယ် ၊ injector တစ်လုံးနဲ့ တစ်လုံး spay မှန်ရပါမယ် ၊ မမှန်ရင် အသစ်လဲရပါမယ်။ injector တွေရဲ့ သက်တမ်းသည် မိုင် ၁၀၀၀၀၀ အထက်ဖြစ်ပါတယ်။ injector တွေကို မိုင် ၃၀၀၀၀ မှာ တခါဆေးကြောပေးရပါမယ်။ injector မဆေးတာကြာရင် အညစ်ကြေးပိတ်ဆို့မှုကြောင့် ဆီဖြန်းနှုန်းမမှန်ဖြစ်တတ်ပါတယ်။ အဓိက တော့ ဆီမသန့်ခြင်း ၊ ဖစ်တာတွေ မလဲတာကြာလွန်ခြင်း ၊ တိုင်ကီတွေမှာ ဂျီးအညစ်ကြေးများလွန်းခြင်းကြောင့် injector ခေါင်းတွေ ပိတ်ကုန်တာဖြစ်ပါတယ်။ injector မကောင်းရင် စတက်ရှည်မယ် ၊ မီးသံခေါက်မယ် ၊ စလိုးမငြိမ်တော့ဘူး ၊ ဆီစားနှုန်းများပြီး ကာဗွန်အထွက်များနေမယ် စတဲ့တွေ ဖြစ်လာပါတယ်။
👉 Fuel pump မှာဆိုရင်
P0300 နဲ့ P0230 ကဲ့သို့သော ကုဒ်မျိုးတွေပေါ်လာခဲ့ရင် ဆီပန့်နဲ့ဆက်နွယ်တဲ့ ကုဒ်မျိုးဖြစ်တာမို့ ဆီပန့်ရဲ့ ဖိအားကိုလဲ စစ်ဆေးရပါမည်။ ဆီပန့် အလုပ်မလုပ်ရင် (သို့) ဆီဖိအားမမှန်ရင် ကားတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမယ် ၊ Fuel tank ကနေ ဆူညံသံထွက်နေမယ် ၊ နိုးရခက်နေမယ် စတဲ့ ပြစ်ချက်တွေကြုံရမှာဖြစ်ပါတယ်။ fuel pump တွေကိုလည်း အခါအားလျှော်စွာစစ်ဆေးသင့်ပါတယ်။ fuel pump တစ်လုံးရဲ့ သက်တမ်းသည် မိုင် ၁၀၀၀၀၀ နဲ့ အထက်ဖြစ်ပါတယ်။ fuel pump ကောင်းမကောင်း သိဖို့ အတွက် ၎င်းရဲ့ ဆီဖိအားကို စစ်ဆေးပေးရပါမယ်။ fuel pump တစ်လုံး၏ ဆီဖိအားသည် အနည်းဆုံး 66psi ရှိရပါမယ်။ အဲ့ဒီ ပမာဏ မရှိရင် ဆီပန့် အလုပ်လုပ်နိူင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ဆီပန့် ရက်လေး ၊ ဝါယာရိန်းစတဲ့ ဆိုင်ရာ အစိတ်အပိုင်းတွေကိုလည်း စစ်ဆေးပေးရပါမယ်။ ဒါမှသာ အထက်ပါ ကုဒ်တွေကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။
👉 Inlet pipe တွေကွဲနေရင်
Inlet pipe တွေ မကောင်းရင် စက်သံကြမ်းနေမယ် ၊ ချက်မီးလင်းမယ် ၊ မီးပေါက်စဥ်မှားနေမယ် ၊ အရုန်းအဆွဲကျဆင်းနေမယ်။ ဒါဆိုရင် inlet pipe တွေကို စစ်ဆေးပေးဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် တခါတလေ inlet pipe တွေသည် သက်တမ်းကြောင့်၎င်း တခြားအကြောင်းအရင်းတွေကြောင့် ပျက်စီးနေမျိုး ၊ ကွဲနေတာမျိုးဖြစ်ရင် misfire codes တွေပေါ်တတ်ပါတယ်။
👉 Air cleaner ကိုဘယ်အချိန်လဲလှယ်ပေးရမလဲ
အဲယားကလင်ဒါကလဲ efi ကားတွေအတွက်အရေးကြီးပါတယ်။ သူ့ကိုလဲ ပြစ်ထားလို့မရပါဘူး။ အဲယားကလင်ဒါတွေမလဲတာကြာရင် ချက်မီးလင်းပြီး ၊ မီးသံခေါက်ကာ အရုန်းအဆွဲကျတက်ပါတယ်။ အဲ့ယားကလင်ဒါတွေကို မိုင် ၃၀၀၀၀ နဲ့ ၄၅၀၀၀ ကြားမှာလဲပေးဖို့ သက်မှတ်ထားပါတယ်။ မဟုတ်ရင် ရေရည်မှာ အင်ဂျင်ထိပါတယ်။
👉 Engine compression ကျနေပါက
Engine compression ကျနေခြင်းကလဲ မီးဘယ်လောက်မှန်မှန် ၊ ဆီဘယ်လောက်မှန်မှန် ကားအရုန်းအဆွဲကိုထိခိုက်စေပါတယ်။ misfire codes တွေပေါ်နေပါက engine compression ကိုပါတခါတည်းစစ်ဆေးရမှာဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံးသည် 85psi နဲ့ 130psi လောက်အနည်းဆုံးရှိနေမှသာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။
#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ
#ကားစက်ပြင်အခြေခံစာအုပ်ကြီး
16000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz
#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#ကားWiring&ECUစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
15000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/
#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
17000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
16000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/
မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
👨🔧 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)