Soccer4Kidz, Mandalay

Soccer4Kidz, Mandalay

Share

GOALS BEGIN HERE!

Photos from Soccer4Kidz, Mandalay's post 28/04/2026

Congratulations Sitt Yoon!!!

မီးမီးကတော့ Soccer4kidz, Mandalay သင်တန်းမှာ ဘောလုံး လေ့ကျင့်သင်ကြားနေရင်း MFF U-12 Women Academy လူရွေးပွဲမှာ အရွေးခံရင်း ပဏာမ အဆင့်ကို အရွေးချယ် ခံရသူ ဖြစ်ပါတယ်

ဒီခေတ်မှာ ပညာရေးမှာသာမက အားကစားမှာပါ ထူးချွန်တဲ့ ကလေးတွေဟာ Study Abroad လုပ်တဲ့အခါမှာ အခွင့်အရေးတွေ ရနိုင်တဲ့ အတွက် ပဏမ အဆင့် ရွေးချယ် ခံရမှု ဖြစ်ပေမယ့်လည်း ဒီ milestone က မီးမီးရဲ့ educational pathway မှာ record တစ်ခု အနေနဲ့ အထောက်အကူ ဖြစ်မှာ သေချာပါတယ်

ဒါ့ အပြင် ကျွန်တော်တို့ရဲ့ Soccer4kidz, Mandalay အနေနဲ့ သားသားမီးမီးတို့ကို ဘောလုံး ကျွမ်းကျင်မှုသာ မက အားကစားစိတ်ဓာတ်ရှိအောင် အားကစားသမား ပီသ အောင် လမ်းပြ ပြုစု ပျိုးထောင် ပေးနေတာမို့ အနာဂတ်မှာ ထူးချွန်တဲ့ အားကစားသမားကောင်း တစ်ဦးဖြစ်လာစေဖို့လည်း ဆုတောင်းပေးပါတယ်

Fighting and Congratulations Sitt Yoon

GOALS BEGIN HERE!!!



17/04/2026

Happy Myanmar New Year!!!

အစစ အရာရာ ပိုမို အဆင်ပြေတဲ့ နှစ် ဖြစ်ကြပါစေ

🙏🏼🙏🏼🙏🏼

GOALS BEGIN HERE!!!

Photos from Soccer4Kidz, Mandalay's post 12/04/2026

သင်တန်း ပိတ်ရက် ကြေငြာခြင်း

Soccer4kidz, Mandalay ဘောလုံးသင်တန်းကို သင်္ကြန်ကာလ ပိတ်ရက်အဖြစ် Apr 11-12, Apr 18-19 ၂ ပတ်တာ ပိတ်ထားမှာဖြစ်ပြီး Apr 25 ရက် စနေနေ့တွင် နွေရာသီတန်းခွဲကို ယခင်အတိုင်း ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်

သင်တန်းသားဟောင်းများအနေနဲ့ ယခင်အတိုင်း ဆက်လက် တက်ရောက်နိုင်ပြီး အသစ်တက်ရောက်ချင်တဲ့ သင်တန်းသားအသစ်များအနေနဲ့ Soccer4kidz, Mandalay page messenger သို့ Viber number +95 9 95 222 9981 မှာ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းပြီး register လုပ်ထားနိုင်ပါတယ် ခင်ဗျာ

ပျော်ရွှင်စရာ အတာသင်္ကြန် ဖြစ်ကြပါစေ ခင်ဗျာ

Photo: 1 year consecutive training award (5th batch)

GOALS BEGIN HERE!!!



20/03/2026

သင်တန်းနေရာ ပြောင်းခြင်း

Soccer4kidz, Mandalay ရဲ့ စနေ၊ တနင်္ဂနွေ မနက် တမ်းခွဲအား ယခင် ကန်တော်ကြီးစောင်းမှ M2K (indoor) ကွင်းအစား ကျောက်ဝိုင်း အနီးရှိ ရဟိုင်းကွင်း (outdoor) သို့ ပြောင်းရွှေ့ ဖွင့်လှစ် ထားပါကြောင်း လက်ရှိသင်တန်းသားများ၊ မိဘများနဲ့ သင်တန်းအပ်ချင်သူ မိဘများအတွက် အသိပေး အကြောင်းကြားအပ်ပါတယ် ခင်ဗျာ

ရဟိုင်း ကွင်းဟာ မြက်ခင်းအစစ်ကွင်း ဖြစ်တာနဲ့ အညီ မန္တလေးမြို့ရဲ့ ရာသီဥတုအရ နေမြင့်လေ ပူလာလေ ဖြစ်မှာ မို့လို့ သင်တန်း အချိန် မနက် ၇ နာရီမှ ၈ခွဲ အချိန် ကို စီစဉ်ပေးထားပါတယ် ခင်ဗျာ

အဆင်မပြေ ဖြစ်သွားခဲ့သော သင်တန်းသားဟောင်းများအတွက်လည်း 52x101 လမ်း ထောင့် (52 လမ်းပေါ်) ရှိ ကွင်း (indoor) တွင် ဖွင့်ထားသော စနေ တနင်္ဂနွေ ညနေ တန်းခွဲ သို့ ဗုဒ္ဓဟူး၊ သောကြာ ဖွင့်ထားသော မန္တလာသီရိ ဝင်းအတွင်းရှိ ကွင်း (outdoor) တွင် ဖွင့်ထားသော တန်းခွဲများသို့ ပြောင်းရွှေ့တက်ရောက်နိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ

သင်တန်းတက်ရန်အတွက် စုံစမ်းလိုသော သားသားမီးမီး၊ မိဘများ အနေဖြင့်လည်း
Phone/ Viber - 09 95 222 9981 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ခင်ဗျာ

Video: အားကာသိပ္ပံ ဝင်းထဲတွင် ဖွင့်လှစ်ထားသော ပြီးခဲ့​နွေရာသီက သင်တန်း ဖြစ်ပါတယ် ခင်ဗျာ

GOALS BEGIN HERE!!!



20/02/2026

နွေရာသီ တန်းခွဲ အသစ် ဖွင့်ပါပြီ

Soccer4kidz, Mandalay သင်တန်းကို နွေရာသီ တန်းခွဲ အသစ် မရှိဘူးလားလို့ မေးနေကြတဲ့ ဖေဖေမေမေတို့အတွက် လာမယ့် Feb 21 ကနေ May 31 အထိ နွေရာသီ ဘောလုံးသင်တန်းကို 13 weeks ကာလ (သင်္ကြန် ၂ ပတ် ပိတ်ပါမယ် ခင်ဗျာ) ကို

🥅 သင်တန်းနေရာ (၁)
မန္တလာသီရိ ဝင်းအတွင်း (outdoor)

သင်တန်း အချိန်
ဗုဒ္ဓဟူး၊ သောကြာ ညနေ ၎:၃၀ - ၆:၀၀ နာရီ

သင်တန်းနေရာ (၂)
M2K ဘောလုံး ကွင်း (Indoor)

သင်တန်း အချိန်
စနေ၊ တနင်္ဂနွေ မနက် ၇:၁၅-၈:၄၅ နာရီ

အနေနဲ့ ဖွင့်လှစ်သွားမယ့် အကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျာ

(စနေ တနင်္ဂနွေ ညနေ တန်းခွဲမှာ လူပြည့်နေတာကြောင့် waiting list ပေးထားလို့ ရပါတယ်)

သားသားမီးမီးတို့ကို အားကစားတစ်ခုခုကို တစ်နှစ်ပတ်လုံး ပုံမှန်လုပ်သွားစေချင်လို့ပဲ ဖြစ်ဖြစ်
Screen time လျော့ချပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်စေချင်လို့ပဲ ဖြစ်ဖြစ်
ပေါင်းသင်းဆက်ဆံရေးပိုမို ကောင်းစေချင်ပြီး အသင်အဖွဲ့စိတ်ဓာတ်ကို ငယ်ငယ်ကတည်းက မွေးမြူစေချင်လို့ပဲ ဖြစ်ဖြစ်
ဘောလုံးကို အခြေခံကနေ စပြီး သင်ယူလေ့ကျင့်နိုင်မှာ ဖြစ်သလို ပြိုင်ဆိုင်မှု စိတ်ဓာတ်နဲ့ အနိုင်နဲ့ အရှုံးကို လက်ခံနိုင်မယ့် စိတ်ဓာတ်တွေကို ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရင်း ရရှိနိုင်မှာဖြစ်လို့ Soccer4kidz, Mandalay သင်တန်းကို လာရောက် လေ့လာ ကစားကြဖို့ သားသားမီးမီးတို့ကို ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ

Soccer4kidz, Mandalay ရဲ့ သင်တန်းတွေအကြောင်း စုံစမ်းချင်တာပဲ ဖြစ်ဖြစ်၊ သင်တန်းတက်ဖို့ register လုပ်ချင်တာပဲဖြစ်ဖြစ်
09 95 222 9981 တို့ကို
ဖုန်း/ Viber တို့မှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ

GOALS BEGIN HERE!!!



07/01/2026
Photos from Soccer4Kidz, Mandalay's post 07/01/2026

“လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲ”

Soccer4kidz, Mandalay သင်တန်းရဲ့ လွတ်လပ်ရေးနေ့တုန်းက ကစားဖြစ်ခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းကစားပွဲရဲ့ အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်

Soccer4kidz သင်တန်းတွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Three ‘S’ အတိုင်း Soccer4kidz ရဲ့ သင်တန်းသားတွေဟာ

- အားကစားစိတ်ဓာတ် ရှိမှု (Sportmanship)
- မိမိကိုယ်ကို စည်းကမ်းရှိအောင် ကြိုးစားမှု (Self-discipline)
နဲ့
- ကျွမ်းကျင်မှု (Skills)
စတဲ့ အချက်တွေကို မြင်ရတဲ့အတွက်လည်း ကျေနပ်မိပါတယ်

သားသားမီးမီးတို့ သင်တန်းစရောက်လာတဲ့ အချိန် ဘောလုံးအားကစားနဲ့ ပတ်သက်လို့ “စလုံး” ရေ “စ” ဆိုတဲ့ အချိန်ကနေ ဘောလုံးပွဲ တစ်ပွဲ ကစားလာနိုင်တဲ့ အချိန်အထိ ရောက်လာအောင် သူတို့လေးတွေကို လေ့ကျင့်သင်ကြားပေးခဲ့တာတွေ ပြန်တွေးကြည့်ရင်း ပီတိ ဖြစ်ရပါတယ်

အထူးသဖြင့် ကြိုးစားကြတဲ့ သားသားမီးမီးတို့
နောက်ပြီး
သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက အားကစားကို အားပေးပြီး ပံ့ပိုးပေးတဲ့ ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ် တို့ကိုလည်း အထူ ကျေးဇူးတင်ရှိပါတယ်
(၁ နှစ်ကျော်အထိ ဆက်တိုက် ယုံယုံကြည်ကြည် တက်ရောက်ခဲ့ကြတဲ့ သားသားမီးမီးတို့အတွက်လည်း ဒီထက်ပိုပြီး တိုးတက်လာအောင် သင်ကြားပေးသွားမယ့် အစီအစဉ်များလည်း ရှိပါတယ်)

ဒီတစ်ခါမှာတော့ မနက်တန်းခွဲကို လာကစားပေးခဲ့ကြတဲ့ ညနေ တန်းခွဲက သားသားမီးမီးတို့နဲ့ လိုက်ပို့ပေးကြတဲ့ မိသားစုများကိုလည်း Soccer4kidz, Mandalay အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောချင်သလို

ချစ်ကြည်ရေးခြေစမ်းပွဲ လာကစားပေးပြီး Soccer4kidz, Mandalay သင်တန်းရဲ့ ညီလေးတွေကို လက်တွဲခေါ် ကစားပေးတဲ့ PAW TAW MU .FC အသင်းသားများနဲ့ နည်းပြများ အုပ်ချုပ်သူများကိုလည်း Soccer4kidz, Mandalay အနေနဲ့ ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားလိုပါတယ်

နောက်ထပ်ခြေစမ်းပွဲလေးတွေ ကစားဖို့ ထပ်မံ စီစဉ်နေပြီ ဖြစ်သလို သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက အားကစားတစ်ခုခုကို ပုံမှန်လုပ်စေချင်တဲ့ ဖေဖေ မေမေ တို့ အတွက်လည်း Soccer4kidz , Mandalay သင်တန်းများကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယိ ခင်ဗျာ

Soccer4kidz, Mandalay ရဲ့ သင်တန်းတွေအကြောင်း စုံစမ်းချင်တာပဲ ဖြစ်ဖြစ်၊ သင်တန်းတက်ဖို့ register လုပ်ချင်တာပဲဖြစ်ဖြစ်
09 95 222 9981 ကို
ဖုန်း/ Viber တို့မှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ

GOALS BEGIN HERE!!!



01/01/2026

“Happy New Year 2026”

နှစ်သစ် တစ်ခုကို ကြိုဆိုရပြီ ဆိုတာနဲ့
ဆောင်းရာသီ အားကစား လ ကို ရောက်လာပြီနော် ဖေဖေ မေမေ တို့ရေ…

အားကစားကို သားသားမီးမီးတို့ရဲ့

ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင် ဖွံ့ဖြိုးစေလိုတာကြောင့်ပဲ ဖြစ်ဖြစ်
screen time လျော့ချစေလိုတာကြောင့်ပဲ ဖြစ်ဖြစ်
သူငယ်ချင်းတွေ များများရပြီး အချင်းချင်း ရိုင်းပင်းကူညီလာအောင်၊ အသင်းအဖွဲ့စိတ်ဓာတ် ရှိလာအောင် ပြုစု ပျိုးထောင်ချင်လို့ပဲ ဖြစ်ဖြစ် SOCCER4KIDZ ဘောလုံးသင်တန်းလေး ရှိတယ်နော်

ဒါ့အပြင် 2026 မှာ Soccer4kidz Mandalay အနေနဲ့ ခြေစမ်းပွဲတွေ လူငယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ အစီအစဉ်တွေ ရှိတာကြောင့် ဘောလုံးပွဲ တစ်ပွဲကို ငယ်ငယ်ကတည်းက စနစ်တကျ ပြိုင်ဆိုင်ရတဲ့ အတွေ့အကြုံတွေလည်း ရနိုင်ဦးမှာ ဖြစ်ပါတယ်

ကျောင်းပိတ်ရက် တန်းခွဲတွေ ရှိတဲ့ အပြင် ကျောင်းဖွင့်ရက် ကျောင်းဆင်းချိန် ဘောလုံးကန်ချင်တဲ့ သူတွေအတွက်လည်း တန်းခွဲတွေ ရှိတာမို့ ကြိုက်တဲ့ တန်းခွဲကို ရွေးချယ် တက်ရောက်နိုင်ပါတယ်

ဒါပေမယ့် သင်တန်းသား ဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး register လုပ်ပြီး တက်ဖို့ လိုမယ်နော်
(ညနေအတန်းအတွက်တော့ waiting list စောင့်ရပါမယ် ခင်ဗျာ)

သင်တန်းအကြောင်း အသေးစိတ် သိချင်ရင်တော့
09 95 222 9981 ကို
ဖုန်းဆက်ပြီး ဖြစ်ဖြစ် Viber မှ ဖြစ်ဖြစ် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ် ခင်ဗျာ

"GOALS BEGIN HERE!"



Photos from Soccer4Kidz, Mandalay's post 25/12/2025

Merry Christmas to you 🎉📣🎁

Soccer4kidz, Mandalay သင်တန်းရဲ့ တစ်နှစ်ဆက်တိုက်တက်ခဲ့သော သင်တန်းသားများကို အမှတ်တရအဖြစ် ဘောလုံးကန်ဖိနပ် လက်ဆောင်များ ပေးအပ်ခဲ့တဲ့ ပုံရိပ်လေး ဖြစ်ပါတယ်
(ဘောလုံးကန် ဖိနပ်များကိုတော့ Olympic Sports Collection မှ ကူညီ ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်)

Soccer4kidz Football Training အနေနဲ့ သင်တန်းရဲ့ ရည်ရွယ်ချက် ၃ ခု ဖြစ်တဲ့
- Sportmanship (အားကစား စိတ်ဓာတ် ရှိဖို့)
- Self-discipline (မိမိကိုယ်ကို စည်းကမ်းကောင်းဖို့)
- Skills (ကျွမ်းကျင်မှု ရှိဖို့)
စတဲ့ 3 Ss အတိုင်း သင်တန်းတက်နေတဲ့ သားသားမီးမီးများကို လေ့ကျင့်သင်ကြားပေးနေတာဖြစ်ပါတယ်

အခုဆိုရင် သင်တန်းဖွင့်ခဲ့တဲ့ ၁ နှစ်ကျော်ကာလအတွင်းမှာ ၁ နှစ်ဆက်တိုက် သင်တန်းတက်ခဲ့တဲ့ ကလေးတွေ ရှိလာပြီဖြစ်သလို သိပ်မကြာခင်မှာလည်း နောက်ထပ် ကလေးတွေကို အမှတ်တရ ဆုများ ပေးအပ်ရတော့မှာ ဖြစ်ပါတယ်

လက်ရှိမှာလည်း တန်းခွဲ ၃ ခု ခွဲပြီး သင်တန်းသား အသစ်များ လက်ခံသင်ကြားပေးနေသလို သင်တန်းသားဟောင်းများမှာလည်း အဆိုပါတန်းခွဲများမှာ ဆက်လက် သင်ကြားနေသကဲ့သို့ ယခင် တက်ခဲ့သော သင်တန်းသားများမှာလည်း ပြန်လည်လာရောက် သင်တန်းတက်နေပြီ ဖြစ်တာမို့လို့ သင်တန်းသားဦးရေကိုလည်း အကန့်အသတ်နဲ့သာ သင်ကြားပေးနေတာ ဖြစ်သောကြောင့် သင်တန်းတက်မယ်ဆိုရင် register ကြိုလုပ်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ
(အထူးသဖြင့် စနေ တနင်္ဂနွေ ညနေအတန်းကတော့ သတ်မှတ် သင်တန်းသားဦးရေ ပြည့်တော့မှာ မို့လို့ waiting list ပေးထားလို့ ရပါတယ် ခင်ဗျာ)

သားသားတို့အပြင် မီးမီးတို့ပါ သင်တန်းတက်ရောက်နေပြီမို့လို့ ကျေနပ်မိသလို သားသားမီးမီးတို့ကို အားကစားတစ်ခုခုကို ငယ်စဉ်ကတည်းက လုပ်စေချင်တဲ့ မိဘများရဲ့ စေတနာနဲ့ ပံ့ပိုးအားပေးမှုများကိုလည်း Soccer4kidz, Mandalay အနေနဲ့ ကျေးဇူး အထူးတင်ရှိပါတယ်

လက်ရှိမှာ Soccer4kidz သင်တန်းများအနေနဲ့ extra curriculums များကို (without any additional charges နဲ့) စေတနာနဲ့ ပြုလုပ်ပေးနေတာကို သင်တန်းသားများ မိဘများ သိရှိပြီးဖြစ်သလို နောက်ထပ် အစီအစဉ်များကိုလည်း လာမည့် လ များမှာ ထပ်မံ ထည့်သွင်းပေးသွားမှာ ဖြစ်ကြောင်းလည်း သတင်းကောင်း ပါးလိုက်ရပါတယ် ခင်ဗျာ

"GOALS BEGIN HERE!"



Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay