X Zone

Directions Website

X Zone ⚽ နောက်ဆုံးရ သတင်းများ
📊 ပွဲကြိုသုံးသပ်ချက်များ
📩 Messenger မှာ ဆက်သွယ်နိုင်ပါတယ်။

ဘောလုံးလောကမှာ တိုက်ဆိုင်မှုတွေက တစ်ခါတလေ သိပ်အံ့အားသင့်စရာကောင်းတယ်။ ဒီတစ်ကြိမ်မှာတော့ လီဗာပူးရဲ့ ချန်ပီယံလိဂ်နိုင်ပွဲဆ...
04/11/2026

ဘောလုံးလောကမှာ တိုက်ဆိုင်မှုတွေက တစ်ခါတလေ သိပ်အံ့အားသင့်စရာကောင်းတယ်။ ဒီတစ်ကြိမ်မှာတော့ လီဗာပူးရဲ့ ချန်ပီယံလိဂ်နိုင်ပွဲဆက်မှုကို ရပ်တန့်ပေးခဲ့သူဟာ တစ်ချိန်က ကြိုးကြာနီပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ ဒါ့ခ်ကွတ်ပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အက်သလက်တီကိုမက်ဒရစ်၊ LASK နဲ့ ဗီလာရီးရဲလ်ကို ဆက်တိုက်အနိုင်ယူထားခဲ့ပေမယ့် ဖီနာဘာချီနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာတော့ ၃ /၂ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတယ်။

ပိုပြီးထူးခြားတာက ဒီပွဲစဉ်မှာ ဖီနာဘာချီကို ကိုင်တွယ်နေသူဟာ လီဗာပူးအတွက် ကစားသမားဘဝတစ်လျှောက် ပွဲပေါင်းများစွာ ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့တဲ့ ဒါ့ခ်ကွတ် ဖြစ်နေတာပါပဲ။

တစ်ချိန်က လီဗာပူးအတွက် အောင်ပွဲတွေ ရယူပေးခဲ့တဲ့၊ အသင်းအတွက် ၆နှစ်ကြာကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးဟာ အခုအချိန်မှာတော့ နည်းပြတစ်ယောက်အဖြစ် အသင်းဟောင်းရဲ့ အောင်ပွဲခရီးကို ရပ်တန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးကမ္ဘာရဲ့ ကံကြမ္မာဆိုတာ ဒီလိုပါပဲ။ တစ်ချိန်က အန်ဖီးလ်ရဲ့ သူရဲကောင်းဟာ ဒီနေ့မှာတော့ လီဗာပူးရဲ့ အောင်ပွဲခရီးကို ရပ်တန့်ခဲ့သူ ဖြစ်လာခဲ့ပါပြီ။




ချန်ပီယံလိဂ်ဆိုတာ ရီးရဲလ်မက်ဒရစ်ရဲ့ ပြိုင်ပွဲလို့ ပြောကြတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ နောက...
04/11/2026

ချန်ပီယံလိဂ်ဆိုတာ ရီးရဲလ်မက်ဒရစ်ရဲ့ ပြိုင်ပွဲလို့ ပြောကြတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ အခြေအနေဆိုးနေပါစေ နောက်ဆုံးမိနစ်အထိ အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မက်ဒရစ်ဟာ တစ်ဖန်ပြသခဲ့ပြန်ပါပြီ။

AEK အေသင်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ ပွဲချိန် ၇၇ မိနစ်အထိ ၂ /၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် မိနစ် ၈၀ မှာ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး မိနစ် ၉၀ မှာတော့ အနိုင်ဂိုးပါ ထပ်မံရယူကာ ၃/၂ ဆိုတဲ့ရလဒ်နဲ့ ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်ခဲ့တာပါ။

ဒီလို နောက်ဆုံးမိနစ်တွေမှာ အနိုင်ရလဒ်ကို ဖန်တီးနိုင်ခြင်းဟာ ရီးရဲလ်မက်ဒရစ်ရဲ့ DNA ထဲမှာ ရှိနေတဲ့ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ကို ထင်ဟပ်စေတယ်။ အခုဆို မက်ဒရစ်ဟာ ပြိုင်ပွဲစုံ၇ပွဲဆက်လည်း အနိုင်ရခဲ့ပါပြီ။

ဒီနေရာမှာ ဟိုဆေးမော်ရင်ဟိုရဲ့ မှန်ကန်တဲ့ လူစားလဲမှုကိုလည်း အသိအမှတ်ပြုရမှာပါ။ သူလူစား၀င်ကစားစေတဲ့ ကစားသမားအနက် ဘရာဟင်မ်ဒီယက်ဇ်က ဂိုးဖန်တီးပြီး ဗယ်လ်ဗာဒီက ဂိုးသွင်းခဲ့တာပါ။

မန်ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ဂျေ‌ဂျေဂါဘရီရယ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင...
04/11/2026

မန်ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ဂျေ‌ဂျေဂါဘရီရယ်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ The Athletic ကနေ ဖော်ပြလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အလားအလာကောင်းတွေ အများကြီးရှိတဲ့ လူငယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်ပြီး ဒါဟာ မန်ယူနိုက်တက်ရပ်၀န်းအတွက်တော့ သတင်းကောင်းတစ်ခု မဖြစ်နိုင်ဘူး။

တကယ်လို့ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်မြောက်ခဲ့မယ်ဆိုရင် ယူနိုက်တက်အတွက် အလားအလာရှိတဲ့ လူငယ်တစ်ဦးကို လက်လွှတ်ရမှာဖြစ်သလို ဂါဘရီရယ်အတွက်တော့ ဥရောပထိပ်တန်းကလပ်တစ်သင်းမှာ အခွင့်အရေးသစ်တွေ ရရှိလာနိုင်မှာပါ။

ဒါပေမဲ့ လက်ရှိမှာတော့ အပြောင်းအရွှေ့အတွက် တရားဝင်အတည်ပြုချက် မထွက်ပေါ်သေးတာကြောင့် နောက်ဆက်တွဲသတင်းတွေကို ဆက်လက်စောင့်ကြည့်ရပါဦးမယ်။

🔴 ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ဂါဘရီရယ်ကို ရီးရဲလ်မက်ဒရစ်ဆီ လက်လွှတ်သင့်တယ်လို့ ထင်ကြလား။

နိုင်ပွဲတစ်ပွဲရဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ ပရိသတ်တွေအတွက် ပျော်ရွှင်...
04/11/2026

နိုင်ပွဲတစ်ပွဲရဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးမှာတော့ ပရိသတ်တွေအတွက် ပျော်ရွှင်စရာအောင်ပွဲတစ်ပွဲကို ပြန်လည်ဖန်တီးပေးနိုင်ခဲ့ပါပြီ။

အိုးထရက်ဖို့ဒ်မှာ ရိုးမားကို ဧည့်ခံကစားခဲ့တဲ့ပွဲစဉ်မှာ သရဲနီတို့ဟာ ပထမပိုင်းအပြီး နှစ်ဂိုးပြတ်ရှုံးနိမ့်နေခဲ့တာကြောင့် နောက်ထပ်စိတ်ပျက်စရာညတစ်ည ဖြစ်လာတော့မယ့်ပုံ ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ မန်ယူဟာ မယုံနိုင်စရာ တကျော့ပြန်လာမှုနဲ့အတူ ၃ ဂိုးဆက်တိုက်သွင်းယူပြီး ၃/၂ ဆိုတဲ့ရလဒ်နဲ့ အဖိုးတန်နိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

ဒီနိုင်ပွဲရဲ့ အဓိကဇာတ်လိုက်ကတော့ မက်သီးယပ်စ် ကွန်ညာပါပဲ။ သူ့ရဲ့ကြိုးစားအားထုတ်မှုကနေ ပင်နယ်တီရရှိခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်က ချေပဂိုး စတင်သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ကွန်ညာကိုယ်တိုင် နောက်ထပ်နှစ်ဂိုးသွင်းယူကာ သရဲနီတို့ရဲ့ တကျော့ပြန်နိုင်ပွဲကို အဆုံးသတ်ပေးခဲ့တာပါ။

ပိုပြီးအရေးပါတာက ဒီနိုင်ပွဲဟာ မန်ယူရဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ပေးခဲ့တာပါပဲ နှစ်လနီးပါး အောင်ပွဲနဲ့ဝေးကွာနေခဲ့တဲ့ အသင်းအတွက် ဒီရလဒ်ဟာ သုံးမှတ်ထက်ပိုတဲ့ အဓိပ္ပာယ်ရှိနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဖိအားတွေအောက် ရောက်ရှိနေတဲ့ မိုက်ကယ်ကားရစ်ခ်အတွက် အသက်ရှူချောင်စေမယ့် နိုင်ပွဲဖြစ်ခဲ့သလို အသင်းသားတွေရဲ့ ယုံကြည်မှုကို ပြန်လည်မြှင့်တင်ပေးနိုင်မယ့် အောင်ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ သရဲနီတို့ရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပြီး ဒီတစ်ညရဲ့ အကြီးမားဆုံးသူရဲကောင်းကတော့ မက်သီးယပ်စ် ကွန်ညာပါပဲ။

#

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်သီးအသင်းတွေကို ဆက်တိုက်ရင်ဆိုင်ပြီး ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို တည်ဆောက်နိုင်ဖို့ဆ...
04/11/2026

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဥရောပထိပ်သီးအသင်းတွေကို ဆက်တိုက်ရင်ဆိုင်ပြီး ရှုံးပွဲမရှိတဲ့ စံချိန်တစ်ခုကို တည်ဆောက်နိုင်ဖို့ဆိုတာတော့ လွယ်ကူတဲ့အရာမဟုတ်ဘူး။ ဒါပေမဲ့ လူးဝစ်အင်းနရစ်ကေးရဲ့ ပီအက်စ်ဂျီအသင်းကတော့ အဲဒီလိုခက်ခဲတဲ့အရာကို လက်တွေ့လုပ်ပြနေပါတယ်။ ၂နှစ်ဆက်တိုက် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲပြီးနောက်လည်း သူတို့ဟာ ရပ်တန့်သွားမယ့်ပုံ မပေါ်သေးဘူး။

နောက်ဆုံးကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပဲရစ်သားတွေဟာ ပြိုင်ဘက်ကို ၆ ဂိုးပြတ်ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ရုံတင်မကဘဲ ပြိုင်ပွဲသမိုင်းမှာပါ စံချိန်သစ်တစ်ခု ရေးထိုးသွားခဲ့ပါတယ်။ ပွဲစတင်ပြီး ၁၆ မိနစ်နဲ့ ၈ စက္ကန့်အကြာမှာတင် ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး ၄ ဂိုးသွင်းယူနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒါ့အပြင် ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်ရှုံးပွဲမရှိမှတ်တမ်းဟာ ၁၄ ပွဲအထိ ရှိလာခဲ့ပြီး အသင်းသမိုင်းမှာ တစ်ခါမှ မရရှိဖူးသေးတဲ့ စံချိန်သစ်တစ်ခုကိုလည်း ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။

ပိုပြီးသတိထားမိစရာကောင်းတာက ဒီ ၁၄ ပွဲအတွင်း ပီအက်စ်ဂျီ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေပါပဲ။ ချယ်လ်ဆီး၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ ဘာစီလိုနာတို့လို အသင်းကြီးတွေကို အနိုင်ယူခဲ့တာကြောင့် ဒီရှုံးပွဲမရှိမှတ်တမ်းဟာ ပြိုင်ဘက်အားနည်းတဲ့အသင်းတွေကိုပဲ အနိုင်ယူပြီး ရရှိလာတဲ့ စံချိန်မျိုးမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။

တစ်ချိန်က ဥရောပအောင်မြင်မှုတွေအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့ ပီအက်စ်ဂျီဟာ အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ခြေရာနင်းပြီး ၃နှစ်ဆက်အောင်ပွဲခံနိုင်တော့မလားဆိုတာ စိတ်၀င်စားဖို့တော့ ကောင်းနေပါပြီ။



🔴 မန်ယူက ဒီည ဘောလုံးကန်ဖို့လာတာလား၊ ရိုးမားကို ပိုးပန်းဖို့လာတာလား ကြည့်ရမှာပဲ ဒီညတော့ 🤣🌹ရိုးမားဘက်က 🤣အဖြေပေးဖို့ အသင့်ဖ...
03/11/2026

🔴 မန်ယူက ဒီည ဘောလုံးကန်ဖို့
လာတာလား၊ ရိုးမားကို ပိုးပန်းဖို့လာတာလား ကြည့်ရမှာပဲ ဒီညတော့ 🤣🌹

ရိုးမားဘက်က 🤣
အဖြေပေးဖို့ အသင့်ဖြစ်ပြီလား? 👀⚽




ပွဲသိမ်းခရာသံ၊ ပွဲ‌ရပ်နားဖို့ ဝီစီဟာ ဘောလုံးပွဲတစ်ပွဲရဲ့ အဆုံးသတ်ကို ကြေညာပေးတာဖြစ်ပေမယ့် တချို့သောအချိန်တွေမှာတော့ လူတစ...
03/11/2026

ပွဲသိမ်းခရာသံ၊ ပွဲ‌ရပ်နားဖို့ ဝီစီဟာ ဘောလုံးပွဲတစ်ပွဲရဲ့ အဆုံးသတ်ကို ကြေညာပေးတာဖြစ်ပေမယ့် တချို့သောအချိန်တွေမှာတော့ လူတစ်ယောက်ရဲ့ ဘဝခရီးအဆုံးသတ်ကိုပါ ကိုယ်စားပြုသွားတတ်ပါတယ်။

အခုလည်း စပိန်ဘောလုံးလောကကနေ ရင်နင့်ဖွယ်သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ CD Tenerife အသင်းရဲ့ အသက် ၃၀ အရွယ် တိုက်စစ်မှူး Jesús de Miguel ဟာ ပွဲစဉ်တစ်ပွဲအတွင်း ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ပါပြီ။

FC Andorra နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်တွေမှာ De Miguel ဟာ ပြိုင်ဘက်ဂိုးသမားနဲ့ အရှိန်ပြင်းပြင်း တိုက်မိခဲ့တာဖြစ်ပြီး ကွင်းအတွင်းမှာပဲ အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အခြေအနေ မကောင်းတာကြောင့် ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ရသလို ပွဲစဉ်ကိုလည်း ရပ်နားခဲ့ရပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းမရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။

ဘောလုံးသမားတစ်ယောက်အတွက် အသက် ၃၀ ဆိုတာ အိပ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်သေးတဲ့ အရွယ်ပါ။ ရှေ့ဆက်လျှောက်လှမ်းရမယ့် ဘဝခရီးတွေ၊ ဖြည့်ဆည်းရမယ့် မျှော်လင့်ချက်တွေနဲ့ အောင်မြင်မှုတွေ အများကြီး ကျန်ရှိနေသေးတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လူ့ဘဝဆိုတာ ဘယ်လောက်ပဲ အစီအစဉ်တွေ ချမှတ်ထားပါစေ မနက်ဖြန်ဆိုတာကို အာမခံချက်မပေးနိုင်တဲ့ ခရီးတစ်ခုပါပဲ။ ပရိသတ်တွေရဲ့ အားပေးသံတွေကြားမှာ ဘောလုံးကစားနေခဲ့သူတစ်ယောက်အတွက် ဒီလိုအဆုံးသတ်မျိုးဟာ ဘယ်သူမှ မမြင်တွေ့ချင်ကြတဲ့ မြင်ကွင်းတစ်ခုဖြစ်မှာပါ။

ဘောလုံးကွင်းထဲက မင်းရဲ့ခြေရာတွေ ရပ်တန့်သွားခဲ့ပေမယ့် မင်းကိုချစ်ခင်သူတွေရဲ့ အမှတ်တရတွေထဲမှာတော့ ဆက်လက်ရှင်သန်နေမှာပါ Jesús de Miguel ရေ။

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ





မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်ရနိုင်ချေရှိလားဆိုတဲ့ မေးခွန်းကို မန်ယူနည်းပြဟောင...
03/11/2026

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်ရနိုင်ချေရှိလားဆိုတဲ့ မေးခွန်းကို မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်က ဖြစ်နိုင်ခြေရှိတယ်လို့ ဝန်ခံလာခဲ့ပါတယ်။

ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တန်ဟတ်ဂ်က ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုကို ထောက်ပြခဲ့ပြီး အသင်းတိုင်းမှာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ နည်းပြကောင်းတွေ ရှိနေကြတာကြောင့် ဘယ်အသင်းအတွက်မဆို အခက်အခဲတွေ ကြုံတွေ့နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

"ပရီးမီးယားလိဂ်မှာတော့ ဒါက သေချာပေါက် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတိုင်းက အင်အားကောင်းကြလို့ပါ။ အသင်းတိုင်းမှာ နည်းပြကောင်းတွေ၊ ကစားသမားကောင်းတွေ ရှိနေကြတာကြောင့် အခြေအနေတွေ ခက်ခဲလာနိုင်ပါတယ်။

တစ်ကြိမ်လောက် လမ်းမှားပေါ် ရောက်သွားပြီး ဆိုးရွားတဲ့ သံသရာထဲ ဝင်မိသွားပြီဆိုရင်တော့ အဲဒီအခြေအနေကနေ ပြန်ရုန်းထွက်ဖို့ အလွန်ခက်ခဲသွားနိုင်ပါတယ်" လို့ တန်ဟတ်ဂ်က ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အသင်းကြီးဖြစ်နေရုံနဲ့ ရလဒ်ကောင်းတွေကို အာမခံနိုင်မှာ မဟုတ်ဘူးဆိုတာ တန်ဟတ်ဂ်ရဲ့ ပြောစကား ထင်ဟပ်စေခဲ့ပါတယ်။ ဒီတော့ တန်ဟက်ဂ်ပြောသလိုပဲ မန်ယူဟာ တန်းမဆင်းရဖို့ တကယ်ပဲ ရုန်းကန်ရနိုင်ချေရှိလားဆိုတာတော့...




ဘောလုံးကမ္ဘာမှာ အသင်းတစ်သင်း ရှုံးပွဲမရှိဘဲ လပေါင်းများစွာ ဖြတ်သန်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ...
03/11/2026

ဘောလုံးကမ္ဘာမှာ အသင်းတစ်သင်း ရှုံးပွဲမရှိဘဲ လပေါင်းများစွာ ဖြတ်သန်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို အရှိန်ကောင်းနေတဲ့အသင်းတွေရဲ့ ခရီးလမ်းကို အဆုံးသတ်ပေးနိုင်သူတစ်ယောက်ရှိပါတယ်။ သူကတော့ စပါယ်ရှယ်၀မ်း သို့မဟုတ် ဟိုဆေးမော်ရင်ဟိုပါပဲ။

မော်ရင်ဟိုရဲ့ ထူးခြားချက်က ပြိုင်ဘက်အသင်းတစ်သင်းရဲ့ အကောင်းဆုံးအချိန်မှာတောင် သူတို့ကို ရပ်တန့်နိုင်စွမ်းရှိခြင်းပါ။ သူ့ရဲ့ နည်းပြဘဝတစ်လျှောက်မှာလည်း ဒီအရည်အသွေးကို အကြိမ်ကြိမ် သက်သေပြခဲ့ပြီးပါပြီ။

အင်တာမီလန်ရဲ့ ၆ လကြာ ရှုံးပွဲမရှိမှတ်တမ်း၊ ရိုးမားရဲ့ ၅ လကြာ ရှုံးပွဲမရှိမှတ်တမ်း၊ ဘာစီလိုနာရဲ့ ၁၇ လကြာ လိဂ်အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းနဲ့ ရေဆင်းဆန်တန်ဒါရဲ့ ၃ လကြာ လာလီဂါအိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းတို့ဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ရပ်တန့်သွားခဲ့ကြပါတယ်။

မော်ရင်ဟိုက ပြိုင်ဘက်ရဲ့ အားသာချက်ကို လိုက်လံယှဉ်ပြိုင်ဖို့ထက် အဲဒီအားသာချက်ကို အသုံးမချနိုင်အောင် တားဆီးဖို့ ပိုပြီးအာရုံစိုက်တတ်သူဖြစ်တယ်။ ဒါ့‌‌ကြောင့်တစ်ခါတလေ ဘောလုံးပိုင်ဆိုင်မှုနည်းပါးနိုင်တယ်၊ တိုက်စစ်အလှအပတွေလည်း နည်းပါးနိုင်တယ်၊ ဒါပေမဲ့ ပွဲပြီးချိန်မှာ သူဟာ လိုချင်တဲ့ရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ဘောလုံးလောကမှာ သူ့ကို "The Special One" လို့ ခေါ်ဝေါ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။





အာဆင်နယ်ရဲ့ နှလုံးသား သို့မဟုတ် အစားထိုးမရတဲ့ ဒက်ကလန်ရိုက်စ်အသင်းတစ်သင်းမှာ ဂိုးတွေသွင်းပေးမယ့် တိုက်စစ်မှူးတွေ၊ ဂိုးတွေ...
02/11/2026

အာဆင်နယ်ရဲ့ နှလုံးသား သို့မဟုတ် အစားထိုးမရတဲ့ ဒက်ကလန်ရိုက်စ်

အသင်းတစ်သင်းမှာ ဂိုးတွေသွင်းပေးမယ့် တိုက်စစ်မှူးတွေ၊ ဂိုးတွေကာကွယ်ပေးမယ့် နောက်ခံလူတွေ လိုအပ်သလို အသင်းတစ်သင်းလုံးရဲ့ ဟန်ချက်ကို ထိန်းညှိပေးနိုင်မယ့် ကစားသမားမျိုးလည်း လိုအပ်တယ်။ အာဆင်နယ်အတွက်တော့ အဲဒီတာဝန်ကို အကောင်းဆုံး ထမ်းဆောင်ပေးနေသူက ဒက်ကလန်ရိုက်စ်ပဲ။

ရိုက်စ်ရဲ့တန်ဖိုးကို သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ပဲ တိုင်းတာလို့မရပါဘူး။ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက်ပေးတာ၊ အသင်းဖော်တွေရဲ့ လစ်ဟာမှုတွေကို ဖြည့်ဆည်းပေးတာ၊ ခံစစ်ကနေ တိုက်စစ်ဆီ ဘောလုံးသယ်ဆောင်ပေးတာတွေအပြင် လိုအပ်တဲ့အချိန်မှာ အသင်းရဲ့တိုက်စစ်ကိုပါ အသက်သွင်းပေးနိုင်သူဖြစ်ပါတယ်။

တစ်နည်းပြောရရင် ရိုက်စ်ဟာ အာဆင်နယ်ရဲ့ ကွင်းလယ်ကို ထိန်းချုပ်ပေးနေသူသာမက အသင်းတစ်သင်းလုံးရဲ့ ကစားပုံကို ဟန်ချက်ညီအောင် မောင်းနှင်ပေးနေတဲ့ အင်ဂျင်တစ်လုံးပါပဲ။

အန်ဖီးမှာ ၁၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တဲ့ပွဲမှာလည်း ရိုက်စ်ရဲ့ အရေးပါမှုကို ထပ်မံမြင်တွေ့ခဲ့ရတယ်။ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သပ်ရပ်တဲ့ ပေးပို့မှုနဲ့ ဖန်တီးပေးခဲ့သလို ပွဲချိန်တစ်လျှောက်လုံးမှာလည်း ပြိုင်ဘက်ရဲ့ တိုက်စစ်တွေကို တားဆီးဖို့၊ အသင်းရဲ့ဦးဆောင်မှုကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တယ်။

ပိုပြီးချီးကျူးစရာကောင်းတာက ရိုက်စ်ဟာ ခံစစ်အားသန်ကွင်းလယ်လူတစ်ဦးဖြစ်ပေမယ့် တိုက်စစ်ပိုင်းမှာလည်း တစ်ရာသီထက်တစ်ရာသီ ပိုတိုးတက်လာနေတာပါပဲ။ ဒီရာသီမှာ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ထားပြီး လိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာက သူ့ရဲ့စွယ်စုံရအရည်အသွေးကို ပြသနေတယ်။

အာဆင်နယ်ကို ရိုက်စ်ရောက်ရှိလာခြင်းဟာ ကွင်းလယ်အင်အားဖြည့်တင်းမှုတစ်ခုထက် ပိုခဲ့ပါတယ်။ အာတေတာတည်ဆောက်နေတဲ့ အသင်းရဲ့ကစားပုံကို ပိုမိုပြည့်စုံစေခဲ့သလို ကြီးမားတဲ့ပွဲစဉ်တွေမှာ ပြိုင်ဘက်ကို ရင်ဆိုင်နိုင်စွမ်းနဲ့ အသင်းရဲ့ယုံကြည်မှုကိုပါ မြှင့်တင်ပေးခဲ့တာပါ။

ပွဲတိုင်းနီးပါးမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ထိန်းသိမ်းနိုင်ခြင်း၊ တာဝန်ယူမှုအပြည့်နဲ့ ကစားခြင်း၊ အသင်းအတွက် ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခြင်းတွေက ရိုက်စ်ကို သာမန်ကွင်းလယ်ကစားသမားတစ်ယောက်ထက် ပိုမိုထူးခြားစေခဲ့တယ်။

တချို့ကစားသမားတွေဟာ အသင်းကို ပွဲတစ်ပွဲ အနိုင်ရစေနိုင်တယ်။ ဒါပေမယ့် ဒက်ကလန်ရိုက်စ်လို ကစားသမားမျိုးကတော့ အသင်းတစ်သင်းလုံးကို နောက်တစ်ဆင့် မြှင့်တင်ပေးနိုင်သူပါပဲ။



Address

Bangkok
Taungdwingyi

Alerts

Be the first to know and let us send you an email when X Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category

Nearby gyms & sports facilities