20/03/2023
တရားဝင်မကြေညာ ချင်ပေမယ့်လည်း cbမှာ မေးမြန်းမှုတွေ ဆက်တိုက်ရှိနေတာမို့ TT Bike ဆိုင်ကယ်အငှား ၀န်ဆောင်မှုလုပ်ငန်း ရပ်နားထားကြောင်း ချစ်ရတဲ့ မိတ်ဟောင်း customer များကို အသိပေးပါရစေ...
(မေးမြန်းမှုတွေများတဲ့အတွက် cbမှာ တစ်ယောက်ချင်းစီ မဖြေကြားပေးနိုင်တာ ခွင့်လွှတ်ပေးပါခင်ဗျာ)
TT Bike လုပ်ငန်းကို လူအများရဲ့ မဖြစ်နိုင်လောက်ပါဘူး ဆိုတဲ့ ဝေဖန်ချက်တွေကြားထဲမှာမှ 2017မှာ ကျနော်တို့ ငယ်သူငယ်ချင်း ၅ဦး တိုင်ပင်ပီး ယုံကြည်ချက်အပြည့်နဲ့စတင် အကောင်အထည်ဖော်ခဲ့ကြပါတယ်...
2018မှာ စတင်ပြီး ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်...
ဆိုင်ကယ် ၁၀စီးနဲ့ စတင်ခဲ့တဲ့ TT Bike ဟာ 2020နှစ်အစမှာ ဆိုင်ကယ်အစီး၂၀ထိ တိုးမြှင့်ပြီး ဝန်ဆောင်မှု့ပေးနိုင်ခဲ့ပါတယ်...
လုပ်ငန်း လမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးစားနေရတဲ့ ကာလအတွင်းမှာ အပြိုင်အဆိုင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် နောက်မဆုတ်ပဲ အတတ်နိုင်ဆုံး ရှေ့ဆက်နိုင်အောင် ရှေးရှုပီး လုပ်ဆောင်ခဲ့ပါတယ်...
သို့ပေမယ့် ကြိုတင်မမြင်နိုင်တဲ့ Pandemicတွေ အခြေအနေတွေ ကြုံလာရတဲ့အခါ စိတ်မကောင်းစွာနဲ့ပဲ ဝန်ဆောင်မှုတွေ မပေးနိုင်တော့တဲ့ အတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်...
ပြန်များ လုပ်ငန်းလည်ပတ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုကြောင့် ယခုလို ပိတ်သိမ်းကြောင်း ကြေညာချက်ကို နောက်ကျမှ ထုတ်ပြန်ရတဲ့ အတွက်လဲ အနူးအညွှတ်တောင်းပန်အပ်ပါတယ်..
အခြေအနေအကျိုးအကြောင်းများ တိုက်ဆိုင်ခဲ့လို့ ဝန်ဆောင်မှု ပြန်လည်ပေးနိုင်တဲ့အခါ ကြိုတင်ကြေညာပေးပါမယ်ခင်ဗျာ...
05/11/2020
Copy လုပ်ပါ
မရှယ်ပါနှင့်
မဲဆန္ဒရှင်များ ဂရုစိုက်ပေးပါ။
နိုဝင်ဘာ_၆ရက်နေ့နောက်ဆုံးထားလို့
ကား ၊ ဆိုင်ကယ် ၊ အနှေးယာဉ် ၊ အိမ် ၊ စျေးဆိုင်များတွင် အသုံးပြုထားသော ပါတီနှင့်ပတ်သက်သည့် မဲဆွယ်ဆိုင်းဘုတ်/အလံ/စတစ်ကာ/နဖူးစီး အားလုံးတစ်ခုမကျန်
ဖြုတ်ယူသိမ်းဆည်းကြပါ။
နိုဝင်ဘာ ၆၊ ၇၊ ၈ ရက်နေ့များတွင် မဲရုံနှင့်ကိုက်၅၀၀အတွင်း
ပါတီတစ်ခုခု၏မဲဆွယ်သင်္ကေတပစ္စည်း အသုံးပြုထားသည်ကိုတွေ့ရှိပါက
#ထောင်ဒဏ်တစ်နှစ်နှင့်ငွေဒဏ်တစ်သိန်း
#မဲထည့်ရန်သွားသောနေ့တွင်
ကား/ဆိုင်ကယ်/အနှေးယာဉ်များတွင် ကပ်ထားသော စတစ်ကာများ ရှိမနေစေရန် မမေ့မလျော့ ပြန်စစ်ကြပါ။
မဲထည့်ရန် သတ်မှတ်ထားသောအချိန်
#မနက်၆နာရီ_ညနေ၄နာရီ သတိပြုပါ။
မဲထည့်မည့်ဦးရေများနေ၍ စောင့်ဆိုင်းရမည်ဆိုလျှင်လည်း စနစ်တကျစိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးပါ။
#အထူးသတိထားရန်
ကိုဗစ်19 ကပ်ရောဂါ ကူးစက်မှု
ကာကွယ်နိုင်ရေး
စည်းကမ်းသတ်မှတ်ချက်များကို
တိကျစွာလိုက်နာပေးပါ။
မဲရုံသို့အဆင်သင့်ရောက်ရှိနေရန် အလွန်အရေးကြီးပါသည်။
ညနေ_၄နာရီကျော်မှ မဲရုံသို့ရောက်ရှိပါက မဲပေးခွင့်ရမည် မဟုတ်သည်ကို အထူးသတိထားပါ။
#ညနေ၄နာရီမတိုင်မှီ
မဲရုံအတွင်းသို့ရောက်နေလျှင် သေချာပေါက်မဲပေးခွင့်ရမည်။
တောင်းယူရမည့်မဲပြားအရေအတွက်
#တိုင်းရင်းသားမဟုတ်သည့် ပြည်သူများအတွက်
#မဲ_၃_မဲပြည့်အောင်တောင်းယူပါ။
၁။ ပြည်သူ့လွှတ်တော်
၂။ အမျိုးသားလွှတ်တော်
၃။ တိုင်းဒေသကြီးလွှတ်တော်
#တိုင်းရင်းသားများအတွက်က တိုင်းရင်းသား လွှတ်တော် တစ်ခုပိုပါတယ်။
#မဲ_၄_မဲပြည့်အောင်တောင်းယူပါ။
၁။ ပြည်သူ့လွှတ်တော်
၂။ အမျိုးသားလွှတ်တော်
၃။ တိုင်းဒေသကြီးလွှတ်တော်
၄။ တိုင်းရင်းသားလွှတ်တော်
အကယ်၍ စာရွက်ညစ်ညမ်း ပေရေပြီး စုတ်ပြဲနေလျှင် အသစ်လဲလှယ်ယူပါ။
မဲပေးရန် တံဆိပ်တုံးထုလျှင် စိတ်အေးအေးထားပါ။
#ကိုယ်ပေးမည့်ပါတီ ဘေးက အကွက်မှာ အလယ်ကျအောင် ကြိုးစားပြီး စိတ်အေးအေးထား၍ ထုနှိပ်ပါ။
#တံဆိပ်တုံးနှစ်ထပ် လုံးဝမဖြစ်ပါစေနှင့်။ နှစ်ကြိမ်ထုမိလို့ နှစ်ထပ်ဖြစ်သွားလျှင် ပယ်မဲဖြစ်မည်။
#တံဆိပ်တုံးထုတာမှားသွားလျှင် မဲပြားပြန်လည် လဲလှယ်၍ရသည်ဆိုတာ သိထားပေးပါ။
တခြားအခက်အခဲရှိလျှင် မဲရုံကြီးကြပ်သူများအား ပြေပြေလည်လည်ပြောပြ၍ အကူအညီတောင်းပါ။
မိမိသိသမျှ မဲပေးခြင်းဗဟုသုတများကို
မိမိမိသားစု မိတ်ဆွေနှင့် နီးစပ်ရာပြည်သူအချင်းချင်း
မျှဝေပြောပြပေးကြပါ။
မဲပေးသည့်နေ့တွင်လည်း စည်းကမ်းဘောင်အတွင်းမှ အချင်းချင်းသတိပေးကူညီပေးကြဖို့
မေတ္တာရပ်ခံပါသည်။
အမှန်တကယ် အရေးအကြီးဆုံးအချိန် ဖြစ်ပါ၍ ပြည်သူအားလုံး ရိုင်းပင်းညီညွတ်ပေးကြပါ။
မဲရုံအတွင်း ဟိုပါတီမဲထည့်ပါ ဒီပါတီမဲထည့်ပါဟု မဲဆွယ်ခွင့်မရှိသည်ကိုလည်း သိထားပေးပါ။
to original writer
31/10/2020
🌼 Happy Thadingyut Festival 🌼
ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် ☘️ TTBike မိသားစု ☘️၏
မိတ်ဟောင်း မိတ်သစ် အားလုံး
စီးပွားဥစ္စာများ ဒီရေအလား တိုးတက်ပါစေကြောင်းနှင့် ကပ်ရောဂါဘေးအပေါင်းမှ ကင်းဝေးပြီး
ကိုယ်စိတ်နှစ်ပါး ကျန်းမာပျော်ရွှင်ကြပါစေကြောင်း ☘️ TTBike မိသားစု ☘️မှ ဆုတောင်းမေတ္တာ ပို့သလ်ုက်ပါတယ်🙏
03/08/2020
ယနေ့မှာ ကျရောက်တဲ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော
"ဝါဆိုလပြည့်နေ့" "အဘိဓမ္မာနေ့မှာ"
မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ကြပါစေ။
17/07/2020
️ 🔻️ မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလှိုင်တစ်ဆယ့်ကိုး🔻
အာဇာနည်နေ့ သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည့်နေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ကျင်းပခြင်းဖြစ်သည်။ ထိုနေ့တွင် အစိုးရရုံးများ၊ ဈေးဆိုင်ကန္နားများကိုပိတ်၍ နိုင်ငံတော်အလံကို တိုင်တစ်ဝက်၌ လွှင့်ထူထားကြလေသည်။
၁၉၄၇ ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံဝတ်ဆင်ထားသော လူတစ်စုသည် ၎င်းဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြသည်။ ၎င်းနိုင်ငံတော်လုပ်ကြံမှုကြီးအား အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။
တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၇ ) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။ တရားလွှတ်တော်ချုပ်နှင့် အထူးခုံရုံးမှ အတိုက်အခံများ၏ အယူခံများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ အတိုက်အခံတို့၏ အယူခံအား ဒေါက်တာမောင်မောင်ရေးသားသည့် "နိုင်ငံတော်လုပ်ကြံမှု"တွင် ဖတ်ရှုနိုင်ပြီး "၁၉၄၈ခုနှစ် ဥပဒေမှတ်တမ်းများ"တွင်လည်း အထူးခုံရုံးနှင့် တရားလွှတ်တော်ချုပ်တို့၏ အယူခံကို ဖတ်ရှုနိုင်သည်။
လုပ်ကြံခံခဲ့ရသူများမှာ
🇲🇲 ဦးအောင်ဆန်း(ဝန်ကြီးချုပ်)
🇲🇲 ဦးဘချို(ပြန်ကြားရေးဌာနဝန်ကြီး)
🇲🇲 မန်းဘခိုင်(အလုပ်သမားရေးရာဌာနဝန်ကြီး)
🇲🇲 ဦးဘဝင်း(စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)
🇲🇲 သခင်မြ(ပြည်ထဲရေးဌာနဝန်ကြီး)
🇲🇲 ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)
🇲🇲 စဝ်စံထွန်း(နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)
🇲🇲 ဦးအုန်းမောင်(သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်
🇲🇲 ရဲဘော် ကိုထွေး(ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်)တို့ဖြစ်ကြသည်။
ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည်။ ၎င်းစစ်သုံး ကိရိယာအစိတ်အပိုင်းကြီးအား ဦးစော၏အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။
၎င်းနိုင်ငံတော်လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီအချိန်တွင် မြန်မာပြည် ဗြိတိသျှဘုရင်ခံချုပ် ဆာ ဟာ့ဘက် ရန့်စ်သည် ဦးနုခေါင်းဆောင်သည့်ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည်သမုတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
မကြာခင်မှာ ကျရောက်တော့မည့် ၇၃နှစ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် စာသားအား wikipedia မှလည်းကောင်း ပုံအား internet မှလည်းကောင်း ပြန်လည်ကူးယူ၍ တင်ပြအပ်ပါသည်။
12/07/2020
Hello❗
ကျွန်တော်တို့ TT Bike ဆိုင်ကယ် စင်းလုံးငှား ဝန်ဆောင်မှုကနေပြီး ဆိုင်ကယ်များကို ပုံမှန် အတိုင်း ပြန်လည်ငှားရမ်းပေးနေပါပြီခင်ဗျာ...
ကုမ္ပဏီအလုပ်ကိစ္စအတွက်ပဲ လာလာ
ကျန်းမာရေးဆေးခန်းပြဖို့အတွက်ပဲ လာလာ
အလည်အပတ်အတွက်ပဲ လာလာ
ခရီးသွားဟန်လွှဲ လမ်းကြုံတစ်ထောက်နားလို့ပဲ လာလာ
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် မန္တလေးကိုရောက်ခဲ့ရင် အရင်လို TT Bike ကနေ ဆိုင်ကယ်မငှားသေးလို့ အဆင်မပြေမှာ စိတ်မပူပါနဲ့တော့ခင်ဗျာ...
ခရီးသွားပြည်သူများ အဆင်ပြေရေးအတွက် အမြဲဝန်ဆောင်မှုပေးနေမည် TT Bike ဆိုင်ကယ် ငှားရမ်းမှု ကုမ္ပဏီ 🛵
အရောက်ပို့ ဝန်ဆောင်မှုနဲ့အတူ TT Bike ရဲ့ ငှားရမ်းခတွေက
🍀1 session (3 hr) 4000 Ks
🍀2 session (6 hr) 8000 Ks
🍀3 session (9 hr) 11000 Ks
🍀4 session (12 hr) 13000 Ks
🍀1 Day (24 hr) 15000 Ks
TTBike Motorcycle Rental Service
Address : No.H1 , 30th Street , Bet: 65th & 66th Street , Mandalay.
Contact : 09 4000 80140
19/06/2020
Happy Birthday Our Incredible & Courageous Mom!❤
❤ ❤ ❤ ❤
❤ ❤ ❤ ❤
❤ ❤ ❤
❤ ❤
❤ ❤
❤ ❤
❤ ❤
❤ ❤
❤
11/06/2020
အားလုံးပဲ မင်္ဂလာပါ....🙏🙏🙏
💠TT Bike ရဲ့ customer များအားလုံး Corona Virus (Covid-19) ကပ်ရောဂါကြီးကနေ ဘေးအန္တရာယ်ကင်း ကျန်းမာချမ်းသာစွာ ရှိနေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်....
💠အခုလိုမျိုး ကပ်ရောဂါဆိုးကြီးကြောင့် လူသားအားလုံးဟာ ကျန်းမာရေးမှာသာမက နောက်ဆက်တွဲစီးပွားရေးရိုက်ခတ်မှုတွေပါ ခံစားနေရမှာ ဖြစ်တာကြောင့် အားလုံးပဲ အဆင်ပြေပြေနဲ့ ဒီအခြေနေဆိုးကနေ အမြန်ဆုံးလွှတ်မြောက်နိုင်ပါစေလို့ ဦးစွာပထမ ဆုတောင်းလိုက်ပါရစေ....
💠TT Bike ရဲ့ ဝန်ဆောင်မှုတွေကိုလဲ သက်ဆိုင်ရာက ညွှန်ကြားချက်တွေ ထုတ်ပြန်ကတည်းကနေစပြီး ယခုအချိန်ထိ ခေ တ္တ ခဏရပ်နားထားပါတယ်ခင်ဗျ....
💠ဆိုင်ကယ်ငှားလို့ရပြီလားလို့ လာရောက်မေးမြန်းကြတဲ့ customer တွေကို အားနာမိပေမယ့် အခုလိုအခြေအနေမျိုးမှာ အသေအချာ ပြင်မှုတွေ ပြုလုပ်ပြီးမှသာ ပြန်လည် ငှားရမ်းပေးလိုတာကြောင့် TT Bike ရဲ့ ဝန်ဆောင်မှုပြန်လည်စတင်ရန် ကြန့်ကြာနေမှုအပေါ် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျ....
💠TT Bike ရဲ့ ဝန်ဆောင်မှုတွေကို အမြန်ဆုံး စတင်နိုင်အောင် TT Bike team မှ အကောင်းဆုံး ကြိုးစားနေပါတယ်.. ဘယ်နေ့မှာ ပြန်လည်ငှားရမ်းနိုင်မလဲ ဆိုတာကို TT Bike pageကနေ ကြေညာပေးသွားပါမယ်ခင်ဗျာ...
💠Customer များအားလုံးလည်း သက်ဆိုင်ရာကနေ ကန့်သတ်မှုတွေ ဖြေလျော့ပေးလိုက်ပေမယ့် အသွားအလာအနေအထိုင် ဆင်ခြင်ပြီး လက်ကို ခဏခဏဆေးဖို့မမေ့ပါနဲ့နော်....
💠ကျန်းမာစွာနဲ့ မကြာခင်အချိန်မှာ ခရီးတွေ ပြန်သွားကြရအောင်....
06/05/2020
⚜ကဆုန်လပြည့် မြတ်ဗုဒ္ဓ နေ့နှင့် ညောင်ရေသွန်းပွဲတော်⚜
🔵ကဆုန်လပြည့် ဗုဒ္ဓနေ့
၁။ လေးသင်္ချေကိန်း တစ်သိန်းကပ်ကြုံ
သုမေဓါလောင်း ညွံပျောင်းဗွက်ပုံ
ဒီပင်ထံပါး ဝပ်လျားမှောက်ခုံ ဆုပန်နေ
လပြည့်နွေကဆုန်။
ဘုရားအလောင်းတော် သုမေဓါ ရှင်ရှင်ရသေ့သည် လွန်လေပြီးသော လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတုန်းက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဤဘဒ္ဒကမ္ဘာ၏ လေးဆူမြောက် ဖြစ်သော ဂေါတမအမည့်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟု နိယတဗျာဒိတ်ကို ကဆုန်လပြည့် နေ့တွင်ခံယူခဲ့သည်။
၂။ မဟာသက္ကရာဇ် ၆၈ကြုံ လုမ္ဗိနီတော သာမောရဂုံ
မာယာမယ်ဘုရား ပတ္တမြားနှုတ်ငုံ
ဖွားမြင်နေ လပြည့်နွေကဆုန်။
မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့မှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား သက္ကတိုင်း ကပိလဝတ်နှင့် ကောလိယတိုင်း ဒေဝဒဟကြား လုမ္ဗိနီအင်ကြင်း တောတွင် ဖွားမြင်တော်မူခဲ့သည်။
၃။ ၁၀၃ ခု သက္ကရာဇ်ကြုံ ဥရုဝေလ သာစွရဂုံ
မာရ်စွယ်ငါးစင်း နှိမ်နင်းဖုံဖုံ ဗုဒ္ဓနေ့
လပြည့် နွေကဆုန်။
မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အာရုံတက်ချိန်တွင် သိဒ္ဓတ္ထမင်းသားသည် ဥရုဝေလတော ဗောဓိပင်ရင်း အပရာဇိတပလ္လင်၌ ဘုရားအဖြစ်ပွင့်တော်မူသည်။
၄။ ၁၄၈ သက္ကရာဇ်ကြုံ မလ္လမင်းတို့ အင်ကြင်းရဂုံ
ဘဝဇာတ်သိမ်း ပြတ်ငြိမ်းရာလှုံ နိဗ္ဗာန်နေ့
လပြည့်နွေကဆုန်။
မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ သက်တော် ၈၀ ဝါတော် ၄၅ ဝါတွင် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူလေသည်။
ဗျာဒိတ်တော်ခံ ဖွားပွင့်စံ မှတ်ရန်ကဆုန် လပြည့်ကြုံ။ ဤအဂီါလေးရပ်နှင့် ပြည့်စုံသော ဗုဒ္ဓနေ့မှာ မြတ်ဗုဒ္ဓသည် ဗောဓိပင်အောက်မှာ ပွင့်တော်မူသည်ကို အကြောင်းပြု၍ ကဆုန်ဟူသော ရေသွန်းလမှာ ပရိဘောဂစေတီဖြစ်တဲ့ ဗောဓိ ညောင်ပင်ကို ညောင်ရေသွန်းလောင်း ကုသိုလ် ကောင်းမှုများ ပြုကြပါသည်။
🔵 ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာရခြင်း
မြတ်ဗုဒ္ဓသည်
ကဆုန်လပြည့်၊ “သောကြာနေ့”၌ ဖွားမြင်တော်မူ၍ ၊
ကဆုန်လပြည့်၊ “ဗုဒ္ဓဟူးနေ့”၌ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး၊
ကဆုန်လပြည့်၊ “အင်္ဂါနေ့” ၌ ပရိနိဗ္ဗာန်
စံတော်မူခဲ့သည်။
ထို့ကြောင့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်
အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။
ထို့ပြင် မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ နေမဝင်မီ မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မူ၍ မိုးသောက်ယံ၌ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သည်။
ထို့ကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက်အလေးအမြတ် ပူဇော်ရာ ဋ္ဌာနတစ်ခုဖြစ်ခဲ့ပေသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း မြတ်ဗုဒ္ဓ၏ ရန်သူအပေါင်းကို အောင်နိုင်ရာ၊ သစ္စာ၄ပါး ကိုသိမြင်ရာ၊ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဋ္ဌာနဖြစ်သော မဟာဗောဓိညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ကိုးကွယ်ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော်ထားအပ်သော “ညောင်ပင်”များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြသည်။
အဓိက ရည်ရွယ်ချက်မှာ ဗောဓိပင်များ မညှိုးနွမ်း မခြောက်သွေ့စေလိုရေးနှင့် မြတ်ဗုဒ္ဓကို အမှတ်ရစေလိုရေးပင် ဖြစ်သည်။
ဤကဲ့သို့ ဗောဓိညောင်ပင်များကို ရေသွန်းဖျန်းပူဇော်ခြင်းကို “ညောင်ရေသွန်းပွဲတော်” ဟု ခေါ်တွင်ကာ မြန်မာတို့၏ ၁၂လရာသီပွဲတော်အဖြစ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ စဉ်လာမပျက် ကျင်းပပူဇော်ခဲ့ကြပေသည်။ ဤသည်မှာ ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း ၏ အခြေခံအကြောင်းပင်ဖြစ်သည်။
🔵 ညောင်ရေသွန်း ပူဇော်ရကျိုး
ညောင်ရေသွန်းပူဇော်ရသည့် အကျိုးကို ပိဋိတ်သုံးပုံတို့တွင် “ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋကထေရာအပဒါန် ပါဠိတော်”၌ ဘုရားရှင်လက်ထက်တော် က ရဟန္တာမထေရ်ကြီးများ ကိုယ်တိုင် မိမိတို့၏ ဘဝဖြစ်စဉ်များကို ပြန်လည် ဟောကြားထားသည်တို့ကို တွေ့ရှိကြည်ညိုရပေသည်။
▪️ ဂန္ဓောဒကိယ ရဟန္တာမထရ်
“ပဒုမုတ္တရာ မြတ်စွာဘုရား” လက်ထက်တော်၍ သူကြွယ်တစ်ဦးသည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ “ထင်းရှူး ဗောဓိပင်”ပူဇော်ပွဲ ပြုလုပ်သောအခါ လှပဆန်းကြယ်သော အိုးဖြင့် နံ့သာရည်တို့ကို ထည့်ယူက သွန်းလောင်း ပူဇော်ခဲ့လေသည်။ ထိုသို့ပူဇော်နေစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး၊ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့လေသည်။
ထိုဘဝမှာသေလွန်ပြီးနောက် ညောင်ရေသွန်းရသော ကောင်းမှုကြောင့် နတ်ပြည်သို့ ရောက်ကာ “ဘုံအဆင့်တစ်ရာ” ရှိသော နတ်ဗိမာန်၌ နတ်သမီးတစ်သိန်း ခြံရံခစားပြီး အနာရောဂါမရှိ စိုးရိမ်ပူပန်မှုမရှိဘဲ နတ်သက်ကုန်သည့်တိုင်အောင် ခံစားစံစားခဲ့ရလေသည်။
နတ်ပြည်မှ စုတေပြီးနောက် ဤကမ္ဘာပေါင်း နှစ်ထောင်ရှစ်ရာအထက်၌ လူပြည်ဝယ် ရတနာခုနှစ်ပါးနှင့် ပြည့်စုံပြီး များပြားသော စစ်သည်ဗိုလ်ပါအင်အားရှိသော “သံဝသိတ” မည်သော “စကြဝတေးမင်း” ဖြစ်ခဲ့ရလေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ႓ိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ ရဟန္တာမထေရ်မြတ်ကြီးကိုယ်တိုင် ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။
▪️ဗောဓိသိဥ္စက ရဟန္တာမထေရ်
ဝိပဿီမြတ်စွာဘုရားလက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားပွင့်တော်မူရာ “ဗောဓိပင်ညောင်ပင်”ပူဇော်ပွဲ ကျင်းပသောအခါ ဗောဓိပင်သို့ သွားရောက်ပြီး “ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေသတည်း၊ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခမှ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားသည် ငါတို့ကိုလည်း ဆင်းရဲဒုက္ခမှ ငြိမ်းအေးနိုင်ပါစေသတည်း” ဟု နှလုံးသွင်းဆုပန်ကာ ပန်းတို့ဖြင့် ထုံမွှမ်းထားသော ရေဖြင့် ဗောဓိပင်ကို သွန်းလောင်း ပူဇော်ခဲ့လေသည်။
ထိုကောင်းမှုကြောင့် ဤကမ္ဘာမှ အထက်
“ကိုးဆယ်တစ်ကမ္ဘာ” ကာလပတ်လုံး အပါယ်ငရဲသို့
မကျရောက်ရဘဲ လူ့ပြည်၊ နတ်ပြည်၌ သာကျင်လည်ခဲ့ရပေသည်။
ဤ ကမ္ဘာမှ အထက် သုံးဆယ်သုံးကမ္ဘာသို့ ရောက်သောအခါ လူ့ပြည်၌ “ဥဒကသေစန” မည်သော “စကြဝတေးမင်း” စည်းစိမ်ကို “ရှစ်ကြိမ်တိုင်တိုင်”ခံစားစံစားရခဲ့လေသည်။
ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဥ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ဝိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့လေသည်။ ဤသည်မှာ “ရဟန္တာ”မထေရ်မြတ်ကြီးကိုယ်တိုင်
ဟောတော်မူခဲ့သော ဘဝဖြစ်စဉ်ဖြစ်ပေသည်။
🙏🙏🙏 မူရင်းစာရေးသူ၏ တိုက်တွန်းလွှာ
အထက်ပါ မထေရ်မြတ်ကြီးများနည်းတူ
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ခဲ့သော “အသနဗောဓိယ ရဟန္တာမထေရ်”၊
ဗောဓိပင်ကို ရှိခိုးပူဇော်ခဲ့သော “ဗောဓိ၀န္ဒက ရဟန္တာမထေရ်မြတ်ကြီး”
တို့သည်လည်း ထိုကဲ့သို့သော အကျိုးထူး၊ အကျိုးမြတ်များကို ရရှိခဲ့ဖူးကြပေသည်။
ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ ယတြာကျေရုံ၊ ဂြိုလ်ပြေ၊ နံပြေရုံ၊ အပျော်တမ်းဖြစ်ရုံ သက်သက်သာ မသွန်းလောင်းဘဲ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊
ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည်ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး၊ ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်းပူဇော်သင့်ကြပေသည်ဟု တိုက်တွန်းပါသည်။ ။
credit . မူးရင်းရေးသားသူနှင့် တစ်ဆင့်ပြန်လည် မျှဝေပေးခဲ့သူများအား အထူးကျေးဇူးတင်ရှိပါသည်။
04/03/2020
🍂တပေါင်းလ
တပေါင်းလသည် မြန်မာလများတွင် ၁၂လမြောက်ဖြစ်ပါသည်။
မြန်မာပြက္ခဒိန်၏ နောက်ဆုံးလဖြစ်ပြီး ရက်ပေါင်း၃၀ ရက်စုံလဖြစ်သည်။ တပေါင်းလသည် ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်ပြီးထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်း ဟူသောစကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလ ဟုခေါ်တွင်သည်ဟု ဆိုသည်။
🍂တပေါင်းလ သဲပုံစေတီပွဲတော်
တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ပဌမလ၀က်သည် ဆောင်းရာသီစက်မှ မလွတ်သေးချေ။ ဒုတိယလ၀က်သို့ရောက်မှသာ နွေရာသီစက်သည် စတင်လေသည်။ ထို့ကြောင့် တပေါင်းလ သည် ဆောင်းတ၀က် နွေတ၀က်ဖြစ်၍ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဟုပင်လူတို့ဆိုစမှတ် ပြုကြသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်၏။ မိန်ရာသီ၏ အရုပ်မှာ ငါး၂ကောင်ဖြစ်သည်။ ထိုလတွင် မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်။တပေါင်းလ၏ရာသီပွဲတော်သည် သဲပုံစေတီပွဲတော်ဖြစ်သည်။ သဲများကိုစုပုံ၍ စေတီအသွင်တည်ကာ သဗ္ဗညုမြတ်စွာဘုရားအား ရည်မှန်းထား ၍ ပူဇော်ခြင်းဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဒသာသနာ စတင်ထွန်းကားလာချိန်မှပင် ရှိခဲ့သော ပွဲတော်ဟု ယူဆရပေသည်။မြန်မာနိုင်ငံတွင်တပေါင်းလ သို့ရောက်သည့်အခါ မြစ်များ၊ချောင်းများ၌ ရေစစ်ကာသဲခုံသောင်ခုံဖြူဖြူဖွေးဖွေးများပေါ်ထွန်းလာ
လေ့ရှိသည်။ တောင်သူဦးကြီးတို့သည်လယ်ယာလုပ်ငန်းများမှ အနားယူချိန်လည်းဖြစ်သည်။ ထိုအချိန်တွင် ရှေးမြန်မာမင်းများသည် ထိုသဲပုံစေတီပွဲကို ရာသီပွဲအဖြစ် သတ်မှတ် ကာ ရွှေနန်းတော်ကြီးမှသည်ကျေးလက်တောရွာများအထိခြိမ့်ခြိမ့်သဲဆင်ယင်ကျင်းပခဲ့ကြသည်။ သဲပုံစေတီပွဲတော်သည် ယခုခေတ်၌ ပျောက်ကွယ်လုနီးပါ ရှိလေပြီ။မန္တလေးစသည့် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာအနည်းငယ်၌ သာ ကျင်းပတော့သည်။ယခုအခါ သဲပုံ စေတီတော်အစား စေတီပုထိုးများ၌ ဗုဒ္ဒပူဇနိယ ပွဲတော်များကို ကျင်းပ ကြသည်။ ယင်းဘုရားပွဲတော်ကို ’တပေါင်းပွဲ ’ ဟုခေါ်ကြသည်။
🍂ရှေးစာဆိုတို့ ခိုင်းနှိုင်းရေးဖွဲ့သီကုံးမှု
တပေါင်းလသည် ဆောင်ကြွင်း နွေဦးလဖြစ်သဖြင့် လောက သဘာ၀ပတ်ဝန်းကျင်တခွင်ဝယ်သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောင့်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်သာယာလှပေသည်။ မြန်မာစာပေ လောကတွင် ရှေးစာဆိုများသည် တပေါင်းလကို အထူးအသားပေး ဖွဲ့ဆိုရေးသားခဲ့ကြလေသည်။
"တပေါင်းသာခေါင် လများနောင်" တဲ့။
🔸️ အင်းဝခေတ် ရဟန်းစာဆိုရှင် ဥတ္တမကျော်သည် သူ၏တောလားကဗျာကြီး၌ တပေါင်း၏တင့်တယ် သာယာပုံကို
"လေခမြေသက် စျာန်ဝိတက်သို့၊
သစ်ရွက်ယော်ယီ၊ ဣန္ဒနီ၀ယ်၊
သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊
ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား" ဟု ချီးကျူးဖွဲ့ဆိုခဲ့၏။
🔸️ ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ်ကောင်းပုံကို ဂါထာ၆၀ပျို့တွင် ကာဠုဒါယီအမတ် က မြတ်စွာဘုရားအား လျှောက်ထားသည့်ဟန််ဖွဲ့စပ်ဆိုထားခဲ့သည်။
🔸️ ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီး ဦးကြင်ဥကမူ
"ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ပတ်လည်၊
သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာညွန့်ငယ်တို့၊
ဖူးကွန့်ကိုက်စည် ၊ဘမရာ ရွှေပိတုန်းငယ်တို့၊
ချွေသုံးကြ၀တ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ၊
ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်ထိုင်မှ၊
ညာဏ်မခိုင် စျာန်ယိုင်လျောရတယ်၊
ရာသီတွင် ခါညီပြောပေပ၊ ကြော၍သာမြဲ။ " ဟု တပေါင်းလ ၏ စာပန်းချီကိုသီကုံးခဲ့ပေသည်။
ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း ဖြစ်ပြီးယင်းသရဖီပန်းကိုရာသီပန်းအဖြစ်တင်စားခဲပါသည် ။
🔸️ "တောင်ထိပ်ပေါ်မှာ နွယ်ချိုနှောလို့ ၊
ဥဩတွန်တဲ့ လရာသီ။
ဖက်ဆွတ်ကယ် သပြေပန်း ၊ လန်းခဲ့ပြန်ပြီ။
တပေါင်းလရယ်တဲ့ပွဲတော်မှီ၊
သရဖီနဲ့ ကံ့ကော်ပန်း။
ပုပ္ပါးတောင်တော်သာက မွှေးလာချက်ဆန်း။" တဲ့အမည်မသိရှေးစာဆိုကြီး၏ ကဗျာလေးအတိုင်းပါဘဲ နွေဦးကာလဖြစ်တဲ့ဒီတပေါင်းလထဲမှာ ဥသြတွန်သံလေးတွေကို စကြားရပါပြီ။ ဥသြတွန်သံလေးတွေကြားရတိုင်း ငယ်ဘဝရဲ့အိပ်ရာဝင်ပုံပြင်လေးတွေထဲက ကိုရိုးရေလိုတစာစာ အော်ခေါ်နေတတ်တဲ့ ဥသြမလေးကိုသနားစိတ်ကခုချိန်ထိ မပျောက်နိုင်သေး။ ဥသြ သံလေးကိုဂရုတစိုက်နားထောင်တတ်လာသည်။
🔸️ မဟာအတုလမင်းကြီး ရေးဖွဲ့ခဲ့တဲ့ ဆယ့်နှစ်လရာသီဖွဲ့ တွေထဲမှာ တပေါင်းလကို ခုလို ဖွဲ့နွဲ့ ခဲ့ပြန်ပါတယ်။
"မြိုင်ခြေငယ်သင်းပါလို့ ၊
အင်ကြင်းငယ် ရွှေဖီ၊၀တ်မှုံငယ်စီသည်။
မြစ်နဒီ သောင်တခိုက
မောင်မယ်ညိုမြူးတဲ့လကိုလေး။
ရာသီမိန်၀ယ် ၊
ဂိမာန်ရွက်ပြောင်း လတပေါင်းမို့၊
ရွက်ဟောင်းကြွေကာ ၊ဥတ္တရာနှင့်၊
ကြယ်ပုရပိုဒ်၊လေးချက်ချိန်ကို။တိမ်ခြေစိုက်လို့၊
စလိုက်ကယ်ဖွေရှာ၊ကိုတံငါလဲ၊
ဘာသာသောင်ခွင်၊ပျော်မြူးသာရွှင်တော့တယ်၊
သဘင်လ ခါမှီ၀ယ်၊
သဲစေတီ ငွေသောင်ကမ်းရယ်က၊လွမ်းလှတယ်လေး။ ။
🍂မြတ်ဗုဒ္ဓ နှင့် တပေါင်းလ
“တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်၀င်
အခါတော်နေ့"
တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော
ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်
ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက် ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ
သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့် အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာ
ရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီး
ထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်းနောက်ထပ် အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးက အမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။
ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါ
အရဟတ္တဖိုလ် တည်သွားသည်။
ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော် ဂေါတမီသည်လည်း သောတာပန်တည်သည်။ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌
အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ
ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊
ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။ ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော
မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
credit : ကျမ်းကိုးများ
TTBike Motorcycle Rental Service
Address : No.H1 , 30th Street , Bet: 65th & 66th Street , Mandalay.
Contact : 09 4000 80140
05/01/2020
⭐တန် ⭐တန် ⭐ တန်⭐
😮 Samsung Member Applicationကို အသုံးပြုပြီး အရမ်းတန်တဲ့ နှုန်းထားနဲ့ TT Bikeမှာ အခုပဲ ငှားလိုက်ကြရအောင်!
👋 TT Bikeရဲ့ customerတွေ သက်သာတဲ့နှုန်းထားနဲ့ ငှားရမ်းနိုင်ဖို့ Samsung Myanmarနဲ့ ပူးပေါင်းပြီး 12 hr နဲ့ 24 hr (1 Day) ငှားရမ်းမှုများအတွက် 20% Discount ပေးနေပါပြီ!
👉 Samsung Account နဲ့ ချိတ်ပြီး ဖွင့်ထားတဲ့ Samsung Member Applicationရှိထားဖို့တော့ လိုမယ်နော်!
👌 Samsung Member Applicationထဲကို ဝင်ပြီး Redemption Code ရယူပြီး TT Bikeမှာ အခုပဲ ငှားလိုက်ကြရအောင်နော်!
👇 ဘယ်လိုမျိုး Redeemလုပ်ရမလဲဆိုတာကိုတော့ commentမှာ video clipနဲ့ အသေးစိတ်ပြထားပါတယ်!
👉 Promotionကာလက January လကုန်အထိပဲမို့ မြန်မြန် ကြို bookထားဖို့တော့ လိုမယ်နော်!
အရောက်ပို့ ဝန်ဆောင်မှုနဲ့အတူ TT Bike ရဲ့ ငှားရမ်းခတွေက
🍀1 session (3 hr) 4000 Ks
🍀2 session (6 hr) 8000 Ks
🍀3 session (9 hr) 11000 Ks
🍀4 session (12 hr) 13000 Ks
🍀1 Day (24 hr) 15000 Ks
TTBike Motorcycle Rental Service
Address : No.H1 , 30th Street , Bet: 65th & 66th Street , Mandalay.
Contact : 09 4000 80140
03/01/2020
🎊Happy New Year 2020 🎊
🎉၂၀၂၀ နှစ်သစ်မှာ မိတ်ဟောင်းမိတ်သစ်အပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး🎉
🎉စီးပွားလာဘ်လာဘတိုးတက်ကြပါစေကြောင်း
TT Bike Team မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🎉
💙ဒီဇင်ဘာ ရုံးပိတ်ရက်မှာ TT Bike ကို တစ်ခဲနက် အားပေးကြတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ် ...ခရီးသွား ရာသီ ရုံးပိတ်ရက် အတွင်းမှာ ငှားရမ်းခွင့် မရလိုက်တဲ့ မိတ်ဆွေများကို လည်း အဆင်မပြေမှု တစ်စုံတစ်ရာဖြစ်ခဲ့ရပါက TT Bike မှ လေးစားစွာတောင်းပန်အပ်ပါတယ်ခင်ဗျာ...နောင်ဒီထပ် ပိုကောင်းတဲ့ ဝန်ဆောင်မှုများပေးနိုင်အောင်လည်း ကြိုးစားသွားပါမယ်...TT Bike ကို အစဉ်အမြဲ သတိရပေးတဲ့ ခရီးသွားမိဘပြည်သူများကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 💙
အရောက်ပို့ ဝန်ဆောင်မှုနဲ့အတူ TT Bike ရဲ့ ငှားရမ်းခတွေက
🍀1 session (3 hr) 4000 Ks
🍀2 session (6 hr) 8000 Ks
🍀3 session (9 hr) 11000 Ks
🍀4 session (12 hr) 13000 Ks
🍀1 Day (24 hr) 15000 Ks
TTBike Motorcycle Rental Service
Address : No.H1 , 30th Street , Bet: 65th & 66th Street , Mandalay.
Contact : 09 4000 80140