18/12/2017
Gym.trainner - MandalayCity
Gym.Crazy
18/12/2017
09/12/2017
Gym.trainner တစ်ယောက်က ကစား
သမားတစ်ယောက်ကိုသေချာဂရုစိုက်သင်
ကြားပြသရမည်မှာ trainner တစ်ယောက်
တာဝန်ဖြစ်ပေသည်
07/12/2017
ok
06/12/2017
မိမိရဲ့ ဗိုက်ကို ချပ်စေပြီး ကယ်လိုရီလောင်
ကျွမ်းစေသော နည်းများ
စက္ကန့် ၁၅ စက္ကန့်မှစ၍တိုးပြီးလုပ်ကြည့်ပါ
အချိန်တိုတိုအတွင်း သိသိသာသာပြောင်း
လဲလာပါလိမ့်ပါမည်
Mandalay Tharlay
04/12/2017
မိမိခန္ဓာကိုယ်ထိမ်းသိမ်းခြင်း
(၁) မနက်စာကို ပုံမှန် စားပါ
မနက်စာစားတဲ့အကျင့်ဟာ ဝိတ်ထိန်းသူတိုင်းအတွက် အရေးပါတဲ့အလေ့အကျင့်တခုဖြစ်တယ်။ တနေ့တာ အားအင်ဖြစ်ထွန်းဖ်ု့ မနက်စာက အဓိကကျဆုံးပဲ။ မနက်ပိုင်း အစားရှောင်သူတွေဟာ ကျန်တဲ့အချိန်တွေမှာ အလုပ်ကို အင်ပြည့်အားပြည့် မလုပ်နိုင်ကြဘူး။ နုံးချိလာမယ်။ မောပန်းလာမယ်။ ဒါ့ကြောင့် ဝိတ်ချချင်သူမည်သူမဆို တနေ့တာ အရေးကြီးဆုံးဖြစ်တဲ့ မနက်စာကို မဖြစ်မနေစားပေးဖို့ လိုပါတယ်။
(၂) မကြာခဏ လှုပ်ရှာပေးပါ
ဝိတ်ထိန်းရာမှာ လေ့ကျငိ့ခန်းထက် လှုပ်ရှားမှုက ပိုအရေးကြီးတယ်။ လှုပ်ရှားမှုသာ ရှိပါစေ။ ဝိတ်ပြန်တက်ဖို့ အလွန်ခက်သွားပါတယ်။ ဒါ့ကြောင့် သတိရတိုင်း လှုပ်ရှားပေးသင့်တယ်။ လေ့ကျင့်ခန်းတွေကို ပုံမှန်၊ အလယ်အလတ်နဲ့ အပြင်းစားဆိုပြီး ခွဲထားတယ်။ ပုံမှန်ဆိုတာ နေ့စဉ် လှုပ်ရှားသွားလာတာမျိုး၊ အိမ်သန့်ရှင်းရေးလုပ်တာမျိုးကို ခေါ်ပါတယ်။အလယ်အလတ် လေ့ကျင့်ခန်းဆိုတာ လမ်းလျှောက်တာ၊ ရေကူးတာ၊ အကလေ့ကျင့်တာ၊ တင်းနစ်၊ ကြက်တောင်ကစားတာမျိုးကို ဆိုလိုပါတယ်။ အပြင်းစားဆိုတာက ဝိတ်မတာ၊ပြေးတာမျိုးကို ခေါ်ပါတယ်။
(၃) ပုံမှန် ဝိတ်ချိန်ပါ။
ဝိတ်ချရာမှာပဲ ဖြစ်ဖြစ်၊ ဝိတ်ထိန်းရာမှာပဲ ဖြစ်ဖြစ် ဝိတ်ချိန်တဲ့အလေ့အကျင့်က အလွန်ကောင်းပါတယ်။ ယေဘုယျအားဖြင့် တပတ်ကို အနည်းဆုံး တကြိမ်ခန့် ပုံမှန်ဝိတ်ချိန်ပေးသင့်တယ်။ဒါမှ သ ဝိတ်တက်လာတဲ့အခါ ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။
(၄) အသားဓာတ်ကို ဖြညိ့တင်းပါ
အသားဓာတ်က ဗိုက်ပြည့်စေတယ်။ အစာစားချင်စိတ်ကို လျှော့နည်းစေတယ်။ အစာခံစေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တည်ဆောက်ရာမှာလည်း အသုံးဝင်တယ်။ ဟော်မုန်းညီမျှဖို့လည်း လိုတယ်။ ပရိုတင်းတခုဟာ ဗိုကိထဲဝင်လာရင် အစာချေဖျက်ဖို့ စွမ်းအင်ကို ပိုသုံးရလေ့ရှိတယ်။ ဒါ့ကြောင့် ပရိုတင်းကို ထည့်စားပါ။ နေ့စဉ် ပရိုတင်း ၁၀၀-၁၅၀ ဂရမ်ကြား စားပေးရင် အကောင်းဆုံးဖြစ်တယ်။
(၅) ကာဗိုဟိုက်ဒရိတ်ကို ထိန်းပြီး စားပါ
အစားစားတဲ့အခါ ကာဗိုဟိုကိဒရိတ်ပါတာတွေ စားကြတယ်။ သို့သော် ဝိတ်ထိန်းတဲ့အခါ ထမင်း၊ဂျုံ စတာတွေနေရာမှာ ဟငိးသီးဟင်းရွက် သစ်သီး စတာတွေ ပြောင်းလဲစားသင့်တယ်။ လုံးဝ ရှောင်ရှားသင့်တာက ပြုပြင်ထားတဲ့အစားအသောက်တွေဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်၊ အာလူးချောငိးကြော်၊ ကိုလာနဲ့ အချိုရည်တွေဖြစ်ပါတယ်။ ဒီအစားအသောကိတွေက သကြားဓာတ်များတယိ။ ပိုတာတွေကို အဆီအဖြစ်သိမ်းဆည်းမှာမို့ ဗိုကိအဆီထွက်လာနိုင်ပါတယ်။
(၆) အလေးမပါ
လှုပ်ရှားနိုင်တဲ့ လူငယ်ပိုင်းတွေ လုပ်သင့်ပါတယ်။ အလေးမခြင်းဟာ အဆီတွေကျဆင်းစေတယ်။ ကြွက်သားထုထည်ကျစ်လစ်လာတယ်။ ကြွက်သားတွေ ပြန်လည်သန်စွမ်းစေတယ်။ တပတိကို အနညိးဆုံး(၂)ကြိမ်ခန့် ကြွက်သားလေ့ကျင့်ခန်းမျိုး ပြုလုပ်ခြင်းဟာ ဝိတ်ထိန်းရာမှာ အသုံးဝင်ပါတယ်။
(၇) စားသမျှချရေးပါ
သီအိုရီဆန်ပေမယ့် ဝိတ်ထိန်းရာမှာတော့ အလွန်အသုံးဝင်ပါတယ်။ နေ့စဉ်ရေးခြင်းအားဖြင့် အမှတ်မဲ့စားလိုက်တာတွေ ခေါင်းထဲပြန်ရောက်လာတယ်။ နောက်မစားမိအောင် ဆင်ခြင်မိလာတယ်။ ပိုကောင်းတာက ကယ်လိုရီကို စနစ်တကျတွက်ချက်တတ်လာတာပါ။ မှတ်စုတခုထားပြီး အစားအသောက်တွေ ချရေးခြင်းက ဝိတိချသူတိုငိးအတွက်သာမက ဝိတ်ထိန်းသူတွေအတွက်လည်း အားသာချက်တခုဖြစ်ပါတယ်။
(၈) ရေများများသောက်ပါ
မစားခင်ရေသောက်ခြင်းဟာ ဗိုက်တင်းစေတယ်။ မစားဖြစ်အောင် ထိန်းပေးနိုင်တယ်။လေ့လာမှုတခုအရ မစားခင် ရေတဖန်ခွက်သောက်ခြင်းအားဖြင့် ကယ်လိုရီစားသုံးမှုရဲ့ ၁၃% ထိလျှော့ချပေးနိုင်တာတွေ့ရတယ်။ နေ့စဉ် ကယ်လိုရီ ၂၀၀၀ စားသူံးသူဟာ ကယ်လိုရီ ၂၆၀ လောက်ကို လျှော့ကျစေနိုင်တာကြောင့် ဝိတ်ထိန်းရာမှာ အလွန်အသုံးဝင်ပါတယ်။
(၉) ကောင်းကောင်း အိပ်စက်အနားယူပါ
အိပ်ရေးပျက်ခြင်းဟာ ဝိတ်တက်ခြင်းရဲ့ အဓိက အကြောင်းခံဖြစ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရသူဟာ စိတ်ဖိစိးရာမှာထွက်တဲ့ stress hormone ဟောမုန်းတမျိုးကို ထွက်စေတယ်။ ဒီဟော်မုန်းက အစားပိုစားလာအောင် လှုံ့ဆော်ပေးတယ်။ ဒါ့ကြောင့် ဝိတ်ချသူတယောက်ဟာ အိပ်ရေးဝဝအိပ်ဖ်ု့လည်း အရေးကြီးတယ်။
(၁၀) စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုက ဝိတ်တက်စေတဲ့ အကြောင်းရာတရပ်အနေနဲ့ ပါဝင်တယ်။ ဝိတ်ထိန်းချင်သူတယောက်ဟာ စိတ်ဖိစီးမှုတွေကိုလည်း ထိန်းချုပ်ဖို့လိုပါတယ်။ စိတ်ဖိစီးရာမှာထွက်တဲ့ cortisol ဟော်မုန်းက အစားစားချင်စိတ်ကို ဖြစ်စေပြီး ဗိုက်အဆီကို များစေတယ်။ တရားထိုင်၊ ယောဂကျင့်၊ လေ့ကျငိ့ခန်းလုပ်တာတွေက စိတ်ဖိစီးမှုကို အထိုက်အလျှောက် လျှော့ကျစေတယ်။
(၁၁) အသီးအရွက်များများစားပါ
ဝိတိချရာမှာအကောငိးဆုံး အလေ့အကျင့်က အသီးအရွက်အားပြုစားတာဖြစ်ပါတယ်။ အသီးထက် အရွက်တွေက ပိုကောင်းတယ်။ အမျှင်ဓာတ်များသလို ကယ်လိုရီ ပိုနည်းလို့ဖြစ်ပါတယ်။ အစာခံရာမှာလည်း အသီးထက် အရွက်က အားသာတယ်။ ဗိုက်ပြည့်တဲ့ ခံစားမှုကို ပိုဖြစ်စေတယ်။ နေ့စဉ် ဟင်းသီးဟင်းရွက် လက်သီးဆုပ် (၅)ဆုပ်စာ စားပေးခြင်းဟာ ဝိတ်တက်မလာစေဖို့ ကာကွယ်ပေးပါလိမ့်မယ်။
Mandalay Tharlay
04/12/2017
ပြောပါရစေခင်ဗျာ
ကျနော့်လိုဘဝတူလုပ်ငန်းတူစိတ်တူသော
စီနီယာဆရာကြီးများနဲ့Gym-လက်ရှိလုပ်
ကိုင်ပြနေသော Trainnerပေါက်စလေးများ
ခင်ဗျာ---ကျနော်စကားမှာခဲ့ရင်လည်းကျေး
ဇူးပြုပြီးတောင်းပန်ပါတယ်လို့ကြိုတင်ပြော
ပါရစေခင်ဗျာ---------
ဘာလဲဆိုတော့ ယနေ့ခေတ်မှာ ဖြစ်ပေါ်နေ
သော လုပ်သက်သိပ်မရှိသော Trainnerလေး
များနဲ့အသေးစိတ်မရှင်းပြသော Trainner
များက မိမိကိုယ်တိုင်ခန္ဓာကိုယ်ကြီးထွားလာ
အောင်ကစားခဲ့တာကျနော်လက်ခံပါတယ်
ဒါပေမဲ့ကစားသမားကို မိမိပြတဲ့ကစားနည်း
များအားရှင်းမပြကြသလို ကစားသမားများ
ကလည်း ဆရာရှင်းပြတာကို နားမထောင်
တာတွေရယ် အလေးပင်မကစားတာကိုပေါ့
လျော့စွားပေါ့ပျက်ပျက်ကစားနေတာတွေ့
လိုက်ရပါတယ်ခင်ဗျာ
သူတို့လေးတွေက ကစားတဲ့အလေးပင်ကို
အထင်သေးနေကြတယ် ဒါတွေကလည်းမှား
နေကြတယ် ဒီမိမိကစားတဲ့အလေးပင်က
ခန္ဓာကိုယ် ပြုပြင်ပြောင်းလဲလာနိုင်သလို
မိမိအားခန္ဓာကိုယ် ခိုင်းမိစေပါတယ်
အသက်အန္တရာယ်လည်း အရေးကြီးပါတယ်
၁/Shoulder ကစားရင်လည်း အမှတ်တမဲ့
သေချာဂရုတစိုက်မကစားရင် လက်တွေ/ခေါင်းတွေထိခိုက်မိပါ့မယ်
-----------------------------------------------------်
၂/Check ကစားရင်လည်း သေချာဂရုတ
စိုက်မကစားရင်ပေါ့ အလေးကသေချာမတင်
မိရင် မိမိတင်တဲ့အလေးက ပြုတ်ကြပြီး
တော့ မိမိရင်ဘက်ပေါ်နဲ့ လည်ပင်းကိုတိုက်
ရိုက်ပြုတ်ကြပြီး အသက်သေနိုင်ပါတယ်
----------------------------------------------------်
၃/အောက်ပိုင်း ထိုင်ရင်လည်း ခါးပတ်မပတ်
ထားဘူး ပြီးတော့လည်း သေချာကျကျနန
စနစ်တကျ မချိတ်မိမတင်မိရင်လည်း ခါးရိုး
ကျိုးပြီး အောက်ပိုင်းထိခိုက်နိုင်ပါတယ်
-----------------------------------------------------်
၎/ပေါင်အတွင်းကြွတ်သားကန်ရင်လည်း
အမှတ်တမဲ့မိမိနိုင်တယ်ထင်ပြီး နဂိုထက်
အလေးကို ၂ ဆတင်ပြီးကန်ကြတယ်
အဲ့ဒီမှာတင် အလေးရဲ့ဝိတ်ကိုမနိုင်ပဲ ဒူးခေါင်းကျိုးပြီးအရိုးတွေ ငေါ့ထွက်လာ
ကြတယ် နောက်ပိုင်းတော့ လူညွှန့်တုံးသွား
တတ်ကြပါတယ်ခင်ဗျာ
----------------------------------------------------
အဲ့ဒါကြောင့် Gym-Trainner များကဂရုစိုက်
ကြသလို ကစားသမားဘက်ကဂရုစိုက်ပေး
စေချင်ပါတယ်ပြောပါရစေခင်ဗျာ
နောက်တခုက လက်ရှိ Gym-တွေမှာပြနေတဲ့
လုပ်သက်နုပြီးတော့ မိမိခန္ဓာကိုယ် bodyကို
လှပအောင်ကစားပြီးတော့ ကစားသမားကို
လည်း အသေးစိတ်ရှင်းပြနိုင်ရမယ်
ပြီးတော့ ကစားသမားကိုလည်း မျက်နှာမ
လိုက်ပဲ စိတ်ရှည်စွာ ပြသပေးနိုင်ရင်ကောင်း
သလို/ မိမိခန္ဓာကို တောင့်တင်းပြီးတော့
သူတို့ရဲ့ ယနေ့စိတ်ပေါ့ ငါ့ခန္ဓာကိုယ်နဲ့
သင်တန်းနည်းပြလုပ်လို့ရပြီလို့ထင်ကြတယ်
ဒါတွေကမှားယွင်းနေကြပါတယ်
အဲ့ဒါမိမိကိုယ်ကို အထင်ကြီးနေကြတယ်
ဒါတွေကမှားယွင်းနေပါတယ်
ကျနော်ဆိုရင် မိမိသင်တဲ့ဆရာမဟုတ်လည်း
ကိုယ့်ထက်တတ်ကျွမ်းနားလည်ပြီးယနေ့
ခေတ်မှ ဆုတံဆိပ်တွေ ရရှိကြတယ်
ကိုယ့်ထက်တက်လို့ ကိုယ့်ထက်တော်လို့
သူတို့ဆီကပညာတွေဆက်လက်သင်တယ်
ကြည့်တယ် လေ့လာတယ်
ကျနော်လည်း ဆရာကြီးမဟုတ်ပါဘူးခင်ဗျာ
ကျနော့်ထက်တတ်ပြီးကျွမ်းကျင်တဲ့ဆရာ
တွေကစားတာကိုလေ့လာတယ်
ဖတ်တယ် မှတ်သားတယ် ကြည့်တယ်လေ
အဲ့ဒါကြောင့် ယနေ့ခေတ် Gym-လောကတွင်
မိမိကိုယ်ကို တတ်ကျွမ်းပြီလို့ /မိမိခန္ဓာကိုယ်
body တောင့်တင်းယုံတဲ့ Gym.Trainner
ပေါက်စလေးများ မိမိထက်တတ်ကျွမ်းနား
လည်တဲ့ ဆရာများထံဆက်လက်ဆည်းပူး
ပါလေ့လာပါ ဖတ်ပါ မှတ်သားပါ လို့ကျနော်
မန္တလေးသားလေးက အကြံပေးပါရစေ
ကျနော်လည်း ဆက်လက်လေ့လာနေပါ
တယ်
စာဆိုတောင်စကားပုံရှိကြတယ်လေ
ပညာရှိဟူသည် မိမိကိုယ်ကိုနိမ့်ချမှမုချဧကန်အောင်မြင်မည်
လူအောက်ကျို့လို့လူမပိပါဘူးခင်ဗျာ
ကျနော်ပြောမိတဲ့စကားမှားခဲ့ရင်လည်းဆဲ
နိုင်ဆိုနိုင်Comment ပေးနိုင်ပါတယ်ခင်ဗျာ
လေးစားစွာဖြင်
မန္တလေးသားလေး
03/12/2017
"GYM ကစားသူများနှင့် ခန္ဓာကိုယ်အမျိုးအစားများ
လူတစ်ဦးတစ်ယောက်ချင်းစီမှာခန္ဓာကိုယ်အမျိုးအစားတွေမတူညီကြပါဘူး။ တချို့ပိန်ကြတယ်။ ဘယ်လောက်စားစားဝမလာဘူး။ ခန္ဓာကိုယ်ကကြီးမလာဘူး။ တချို့ကGYM ဆော့တယ် ပိုပြီးဝလာကြတယ်။ တချို့ကတော့ GYM ဆော့တဲ့အတိုင်းအတာအတွင်းမှာပြောင်းလည်းလာကြတယ်။ ဒါတွေဟာတစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘာကြောင့်လည်းဆိုတော့ လူတိုင်းမှာသူ့ ခန္ဓာကိုယ်အမျိုးအစားအလိုက်ရှိနေလို့ ပါပဲ။ GYM ကစားသူတစ်ယောက်အနေနဲ့  မိမိခန္ဓာကိုယ်အမျိုးအစားကိုသိနေဖို့ လိုအပ်ပါတယ်။
၁၉၄၀မှာခုနှစ်မှာအမေရိကန် စိတ်ပညာရှင် Wiliam Sheldon ကလူတွေမှာမတူညီတဲ့ခန္ဓာကိုယ်အမျိုးအစားတွေရှိတာကိုရှာဖွေတွေ့ ရှိခဲ့ပါတယ်။ လူတိုင်းမှာယေဘူယအားဖြင့်ခန္ဓာကိုယ်အမျိုးအစားသုံးမျိုးရှိပါတယ်။
******************************************
ပထမဆုံးအမျိုးအစားကတော့ Ectomorph လို့ ခေါ်ပါတယ်။ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပေါ့။ဒီအမျိုးအစားသောလူတွေမှာကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဘယ်လောက်စားစားဝမလာဘူး။ အဆီလည်းတက်မလာဘူး။
များသောအားဖြင့်ပိန်မယ်။ ၀လာဖို့ တော်တော် ခက်ခဲမယ်။ အဆီတက်ဖို့ လည်းခက်မယ်။ မျက်နှာအရွယ်အစားကတြိဂံပုံသဏန်ကျမယ်။လည်ပင်းရှည်မယ်ခြေချောင်းလောက်ချောင်းလေးတွေလည်းရှည်နေမယ်။ မေးရိုးကအောက်ကိုချွန်ထွက်နေတတ်တယ်။ အဆီနည်းတဲ့အတွက်ရာသီဥတုပူရင်သူများထက်ပူမယ်။ အေးတဲ့အခါသူများထက်ပိုအေးမယ်။ အရေပြားအောက်မှာအဆီနည်းနေမယ်။ လေ့ကျင့်ခန်းမလုပ်ပဲသွေးကြောတွေပေါ်ကောင်းပေါ်နေ လိမ့်မယ်။
ရင်အုပ်အရွယ်အစားလည်းသေးမယ်။ ခြေထောက်တွေလက်တွေကခန္ဓာကိုယ်နဲ့ ယှဉ်ရင်ပိုရှည်နေမယ်။ အဝေးကကြည့်ရင်အရပ်ရှည်တယ်လို့ ထင်ရမယ်။ခန္ဓာကိုယ်ကနုနယ်မယ်။ ကလေးပုံစံပေါက်နေမယ်။ ကြွက်သားနဲနဲရှိနေမယ်။ ယောက်ျားလေးဆိုရင်ဘာလေ့ကျင့်ခန်းမှမလုပ်ပဲဗိုက်မှာ 6packs ကလေးထွက်နေတတ်တယ်။ ဘယ်လောက်စားစားဝမလာဘူး။
ဒါဆိုရင်တော့သင်ဟာသေချာပါတယ်။ သင်ဟာEctomorph လို့ ခေါ်တဲ့အမျိုးအစားဖြစ်ပါတယ်။ ဟောလိဝုဒ်မင်းသား ဘရက်ပစ် ကဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။ ဆောင်ရန်ရှောင်ရန်တွေကိုတော့အောက်မှာရေးထားပါတယ်။
*****************************************
ဒုတိယအမျိုးအစားကတော့ Mesomorph ဖြစ်တယ်။ အားကစားသမားတွေကြိုက်တဲ့ခန္ဓာကိုယ်ပေါ့။ ကြည့်လိုက်ရင်ရင်အုပ်ကြီးကားနေမယ်။ ခန္ဓာကိုယ်နဲ့စာရင်ခါးလေးတွေသေးနေမယ်။ အဆီနည်းနည်းတော့ရှိမယ်။ အရိုးတွေကြီးမယ် အပေါ်ပိုင်းကဘေးကိုကားနေမယ်။ မျက်နှာမှာရှိတဲ့ ကြွက်သားတွေဘေးကိုကားနေမယ်။ ပါးပြင်ကြီးတွေကြီးတတ်တယ်။မျက်နှာမှာရှိတဲ့မေးရိုးကိုထူနေမယ်။ ပုံမှန်ထက်စာရင်မျက်နှာပိုပေါ်မယ်။ ဆံပင်သားထူတယ်
တချို့ လူတွေမှာတင်ကြီးမယ်။ လက်ကောက်ဝတ်လေးတွေသေးနေမယ်။ အရေပြားထူနေမယ်။GYM ကစားထားတဲ့သူတွေမှာဆို ဂုတ်ကြွက်သားအားကောင်းမယ်။အာနိုး(Arnold Schwannenzer) တို့  ဂျက်ဆိုက်(jeff seid)တို့ အပေါ်ပိုင်းရင်အုပ်ကားပြီးအောက်ပိုင်းရှုးနေမယ်။ခနာကိုယ်က X ပုံသဏန်ရှိမယ်။ အဆီကျဖို့ လည်းမြန်သလို အဆီတက်ဖို့ လည်းမြန်ပါတယ်။
အကယ်၍သင်ဟာအဆီရောကြွက်သားထုကောတက်တာမြန်နေမယ်ဆိုရင်သေချာနေပါပြီ Mesomorph အမျိုးအစားဖြစ်ပါတယ်။ အာနိုးတို့ စတားလုံးတို့ ဗန်ဒိန်းတို့ စတဲ့ရုပ်ရှင်မင်းသားကြီးများဟာဒီအမျိုးအစားများဖြစ်ပါတယ်။ အောက်မှာအကျယ်ဖတ်ပေးပါ။
*****************************************
Endomorphs ဆိုတာကတော့လူကောင်ကြီးကြီးဖြစ်မယ်။ အဆီတက်တာတအားမြန်မယ်။ ဘာမှမစားပဲဝနေတယ်။ များသောအားဖြင့်ဗိုက်ရွဲနေမယ်။ ခြေထောက်တွေလက်တွေခန္ဓာကိုယ်နဲ့ ယှဉ်ရင်တို နေမယ်။ လက်ပြန်ရိုးတွေကြီးမယ်။ ခါးတုတ်နေမယ်။လက်တွေခြေထောက်တွေသူများထက်စာရင်တုတ်နေမယ်။ ခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင် ခြေဖ၀ါးလက်ဖ၀ါးလေးတွေသေးနေမယ်။ ကောင်းတဲ့အချက်ကတော့ဒီအမျိုးအစားကတော့မွေးရာပါသန်မာသူများပင်ဖြစ်ပါတယ်။
သင်ဟာဘာမှမစားပဲဝနေမယ်။ အဆီတက်နေတယ်။ ခန္ဓာကိုယ်ကိုကြည့်ရင် မာကြောနေမယ်။ လူကောင်ထွားထွားပုံစံပေါက်နေမယ်ဆိုရင်တော့သင်ဟာသေချာပါပြီ။ ဒီအမျိုးအစားဖြစ်တဲ့သူများကကံအလွန်းကောင်းကြပါတယ်။ ခန္ဓာကိုယ်ကဇီဝဖြစ်စဉ်နှေးတဲ့အတွက် အစာအဟာရပြတ်သည့်ထိကိုခန္ဓာကိုယ်ကခံနိုင်ရည်ရှိနေမှာပါ။ သူများထက်ပိုပြီးဘာမှမစားပဲနှင့်ကိုသန်မာနေသူများဖြစ်ကြပါတယ်။
အလေးမတဲ့ချံပီယံများနဲ့ ပရော်ပက်ရှင်နယ် Bodybuilder သမားများဖြစ်တဲ့ Phill Heath ၊ Ronnie Coldman ၊Kai Green စတဲ့ အိုလံပီယာချံပီယံများမှာ ဒီအမျိုးအစားထဲမှာပါဝင်နေပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Ectophors အမျိုးအစားများအကြောင်း" ***
ပုံမှန်အားဖြင့်တော့သေးသေးသွယ်သွယ်ရှိတဲ့ခန္ဓာကိုယ်ပေါ့။ ကိုယ်စားချင်တာစားလို့ ရတယ်။ အစားထွေထွေထူးထူးရှောင်စရာမလိုဘူး။ ခန္ဓာကိုယ်မှာပါဝင်တဲ့အဆီပမာဏလည်းနည်းမယ်။ များသောအားဖြင့်တော့ ဒီခန္ဓာကိုယ်အမျိုးအစားတွေကို တာဝေးအပြေးသမားတွေတို့ စက်ဘီးစီးသမားများနဲ့ စူပါမော်ဒယ်တွေမှာအတွေ့ များပါတယ်။
မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်နိုင်တယ်။ ညီအစ်ကိုမောင်နှမများနဲ့ မျိုးရိုးထဲမှာလည်းဒီအမျိုးအစားများကိုတွေ့ ရတတ်ပါတယ်။ Bodybuilding သမားများအတွက်တော့ ကယ်လိုရီများများစားဖို့ လို အပ်ပါတယ်။ တစ်နေ့ ကိုကယ်လိုရီ၄၀၀၀နဲ့ အထက်စားသုံးပေးရပါမယ်။ တစ်နေ့ ကိုကာဗွန်ဟိုက်ဒရိတ်ကစီဓာတ်ပါတဲ့ဂျုံပြောင်းနှမ်းနဲ့  ဆန်လုံညို။ ထမင်း စတဲ့ကယ်လိုရီများများပါတဲ့အစားအသောက်များကိုများများစားပေးနိုင်ပါတယ်။
GYM ဆော့တဲ့အခါမှာလည်း အလေးမတာတစ်မျိုးလောက်ပဲလုပ်ဆောင်သင့်သည်။ တခြား ကာဒီယို(Cardio)လေ့ကျင့်ခန်းများဖြစ်တဲ့စက်ဘီးစီးတာတို့ ပြေးတာတို့ ဖြစ်တဲ့ကယ်လိုရီလောက်ကြွမ်းမှုများတဲ့ အခြားအားကစားနည်းများကိုမလုပ်သင့်ပါ။ GYM ကစားခြင်းကိုလည်းအချိန်အတိုင်းအတာတစ်ခုအတွင်းပဲဆော့သင့်သည်။ အလေးများများကို အကြိမ်ရေ ၈ကြိမ်လျော့လျော့ပဲဆော့သင့်တယ်။
GYM ကစားချိန်ကိုတစ်ရက် နာရီဝက် ၄၅မိနစ် အတွင်းပဲဆော့ပ့ါ။ GYM ကစားတဲ့ရက်တစ်ရက်နဲ့ တစ်ရက်အတွင်း ၄၈နာရီမှ ၇၂ နာရီအတွင်လောက်နားသင့်တယ်လို့ ဆိုထားပါတယ်။ ကြွက်သားများအားလုံးလှုပ်ရှားမှုအများဆုံးပေးရတဲ့ Deadlift ဆွဲခြင်း အောက်ပိုင်းထိုင်ခြင်း(Squats) နဲ့ရင်အုပ်တွန်းခြင်းစသည့် လေ့ကျင့်ခန်းများဦးစားပေးလုပ်ဆောင်ပေးသင့်သည်။တစ်နေ့ ကိုကြွက်သားတစ်မျိုးထဲကိုပဲအဓိကထားမဆော့သင့်ပါ။ ကြွက်သားများများအလုပ်ပေးရသည့်လေ့ကျင့်ခန်းများ အပေါ်အာရုံစိုက်ပါ။
Ectomorphs အမျိုးအစားများတစ်နေ့ အချိန်ဘယ်လောက်အိပ်သင့်သလည်း
တစ်နေ့ ကိုအိပ်ချိန်၈နာရီထက်လျော့နည်းသင့်တယ်။ ဒီအမျိုးအစားများမှာခန္ဓာကိုယ်ကဇီဝဖြစ်စဉ်များအရမ်းမြန်တယ်။ အိပ်တဲ့အချိန်မှာကယ်လိုရီတွေလောက်ကြွမ်းမှုပိုများတယ်။ ဒါကြောင့်အိပ်ချိန်ကို တစ်နေ့ နည်းနိုင်သမျှနည်းနည်းအိပ်သင့်တယ်။
Ectomorphs များနဲ့ တစ်နေ့ တာစားသင့်သည်များ
တစ်နေ့ ကိုထမင်း၆နပ်ဝန်းကျင်စားပေးသင့်ပါတယ်လို့ဆိုပါတယ်။တစ်နပ်တစ်နပ်ကိုဘယ်လောက်များများစားတယ်ဆိုတာပြသနာမရှိပါဘူး။
ရေများများသောက်ပေးပါ။ ကြွက်သားများကိုတည်ဆောက်ဖို့ ရေသည်အသက်ထက်အရေကြီးသည်။ တစ်နေ့ ကိုရေ ၄လီတာဝန်းကျင်သောက်ပေးပါ။ GYM ကစားသည့်အခါရေဘူးယူသွားရန်မမေ့ပါနဲ့ ။ GYM ကစားပြီးတဲ့အခါခနာကိုယ်မှာရေဆုံးရှုံးမှုပိုများမယ်။ ပြင်းပြင်းထန်ထန်ကစားပြီးတဲ့အချိန်မှာရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးရန်အရေးကြီးပါတယ်။
Supplement များကိုတော့ Creatine နဲ့  Glutamine သုံးစွဲနိုင်ပါသည်။ ပရိုတိန်းစားသုံးမှုမလုံလောက်လျှင် ပရိုတိန်းမှုန့် များသောက်သုံးနိုင်သည်။
အရေးကြီးတာကတော့ ညအိပ်ယာဝင်ခါနီးနဲ့ မနက်အိပ်ယာထ မနက်စာကိုများများစားသုံးပေးပါ။ မနက်စာကိုလုံးဝအလွတ်မခံပါနဲ့ ။ ခန္ဓာကိုမှာကုန်ခမ်းသွားတဲ့အင်နာဂျီကိုပြန်လည်ဖြည့်တင်းဖို့မနက်စာများများစားရန်လိုအပ်ပါတယ်။ မနက်စာမစားပဲအားကစားလုပ်ခြင်းမှုရှောင်ကြဉ်ရပါမယ်။ မနက်စာစားပြီးတစ်နာရီလောက်ကြာမှလေ့ကျင့်ခန်းများကိုလုပ်ဆောင်သင့်သည်။
ညစာကိုလည်းအာရုံစိုက်ရပါမယ်။ မစားဘဲအိပ်ယာဝင်ခြင်းမျိုးမပြုလုပ်သင့်ပေ။ အိပ်ယာမ၀င်ခင်ကာဗွန်ဟိုက်ဒရိတ်ကစီဓာတ်များကိုများများစားသုံးပေးရမည်။ Supplement အနေနဲ့  Caesin Protein လို့ ခေါ်တဲ့ ပရိုတိန်းကိုသောက်သုံးသင့်တယ်။ ဒီပရိုတိန်းကပုံမှန်အားဖြင့်ခနာကိုယ်ကစုပ်ယူဖို့ အချိန်ပိုကြာတယ်။ ဗိုက်ထဲမှာအကြာကြီးနေပါတယ်။ အစာအိပ်ထဲမှာအချိန်အတန်ကြာအောင်နေနိုင်ပါတယ်။ ဒါကြောင့်ညအိပ်ယာမ၀င်ခင် Caesin Protein သောက်သုံးပေးနိုင်သည်။
သင်ဟာဒီအမျိုးအစားဆိုရင်တော့အဆီလုံးဝမတက်တဲ့သင့်ခန္ဓာကိုယ်ကိုဂုဏ်ယူလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Mesomorphs အမျိုးအစားများအကြောင်း" ***
ပုံမှန်အားဖြင့်တော့တကယ့်အားကစားသမားခန္ဓာကိုယ်တွေပါ။ အဆီတက်တာကော ကြွက်သားကြီးထွားမှုနှုန်းကောမြန်ကြပါတယ်။ GYM ကိုပုံမှန်ဆော့တာနဲ့ သိသာလာတဲ့ပုံစံမျိုးပါ။ ခနာကိုယ်က X ပုံသဏန်ရှိတယ်။ ၀ိတ်ကျတာကောတက်တာရောမြန်ပါတယ်။ အားနည်းချက်တစ်ခုကတော့အဆီကောအတက်မြန်တာပါပဲ။
Mesomorphs များကတော့တစ်နေ့ ကိုထမင်း၎နပ်ကနေ ၅နပ်လောက်စားရင်လုံလောက်ပါပြီ။ ကံကောင်းတာကတော့ မနက်စာတစ်နပ်ကိုတော့မိမိကြိုက်သလောက်စားသုံးနိုင်ပါတယ်။ တစ်နေ့ တာအတွက်ကာဗွန်ဟိုက်ဒရိတ်၃၀% ပရိုတိန်း၄၀%နဲ့ အဆီကို ၃၀%လောက်စားသုံးပေးရပါမယ်။ များသောအားဖြင့် ကာဗွန်ဟိုက်ဒရိတ်ပမာဏများများကို မနက်နဲ့  GYM မကစားပြီး၂နာရီလောက်အလိုမှာစားနိုင်ပါတယ်။
ညအိပ်ယာဝင်ချိန်မှာထမင်းခေါက်ဆွဲ၊ ဂျုံနဲ့ ပြုလုပ်ထားတဲ့ကယ်လိုရီများတဲ့အစားအစာများကိုလုံးဝစားလို့ မရပါ။ GYM ဆော့ပြီးချိန်မှာလည်း ကာဗွန်ဟိုက်ဒရိတ်မမာဏနည်းနည်းစားပေးလို့ ရနိုင်ပါတယ်။ အချိုကိုတော့တက်နိုင်သမျှရှောင်ရပါမယ်။ အချိုဓာတ်များသောသစ်သီးများကို GYM မဆော့ခင်စားနိုင်ပါတယ်။ ဆားလျော့စားပေးရပါမည်။ ငန်တဲ့အစားအစာတွေရှောင်ရပါမည်။
များများစားရမှာကတော့ ကြက်သား။ အမဲသား ငါး၊ ဆန်လုံးညို၊ အစေ့အဆန်တွေနဲ့ အဆီသိပ်မပါတဲ့အစားအစာမျိုးစုံစားပေးနိုင်ပါတယ်။ GYM ကစားပြီးတဲ့ အခါမှာအဆီကျအောင် ဒိန်ချဉ်သောက်ပေးနိုင်ပါတယ်။ အစားအသောက်ပိုင်းကတော့Mesomorphs တွေအတွက်သိပ်ပြောထားတာမရှိပါဘူး။ မနက်စာနဲ့  GYM မဆော့ခင်တစ်နပ်ကလွဲရင် ကာဗွန်ဟိုက်ဒရိတ်ပမာဏကိုလျော့စားသင့်တယ်လို့ ပဲအကြံပြုထားပါတယ်။
Mesomorphs များအတွက်လေ့ကျင့်ခန်း
Mesomorphs သမားများဟာကြွက်သားတည်ဆောက်ရပုံမှန်ထက်လွယ်ကူတယ်။ အားကစားသမားပုံပေါက်တယ်။ ရင်အုပ်ကြီးကျယ်နေမယ်။ ယောက်ျားဆန်တဲ့ခနာကိုယ်ရှိကြသူများဖြစ်တယ်။ တက်လာတဲ့အဆီနဲ့ ကြွက်သားခွဲဖို့ တော့အခက်အခဲရှိနိုင်တယ်။
ဒါကြောင့် ကယ်လိုရီလောင်ကြွမ်းမှုများတဲ့ Compound exercises များဖြစ်တဲ့ Dead liftဆွဲတာ ရင်အုပ်တွန်းတာတို့  အောက်ပိုင်းတို့ ကို တစ်ပတ်သုံးကြိမ်လောက်နဲ့ အသားပေးပြီးဆော့ရမယ်။ ကြွက်သားများကို တစ်ခုချင်းစီအုပ်စုခွဲဆော့လျှင်ပိုထိရောက်သည် ။ ပုံစံမတူတာသုံးလေးမျိုးထိထိရောက်ရောက်ဆော့ပေးပါ။ အလေးများများနဲ့ အကြိမ်ရေ ၁၂ကြိမ်ဝန်းကျင်လောက်ဆော့ပေးပါ။ တစ်ကျော့နဲ့ တစ်ကျော့အကြား ၁မိနစ်ခန့် နားနိုင်သည်။ ကြွက်သားကြီးတာလည်းမြန်မယ် ။
အဆီလည်းအတက်မြန်တဲ့အတွက် Cardio လို့ ခေါ်တဲ့ စက်ဘီးစီး တောင်တက် တာဝေးပြေးရေကူးစတဲ့လေ့ကျင့်ခန်းများနဲ့ တွဲလုပ်ပေးရပါမည်။ တစ်ပတ်ကို သုံးကြိမ်နဲ့  တစ်နေ့ ကိုမိနစ်၃၀ခန့် လုပ်ပေးနိုင်တယ်။ သင်ဟာဒီအမျိုးအစားဆိုရင်တော့ဂုဏ်ယူလိုက်ပါ။ နာမည်ကြီးအားကစားသမားများဟာ Mesomorphs များဖြစ်တယ်။ Jeff seid,Lazar Angelov, Arnold Schwannenger တို့ ဟာဒီအမျိုးအစားထဲမှာပါဝင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Endomorphs အမျိုးအစားများအကြောင်း" ***
Endomorphs အမျိုးအစားများမှာပုံမှန်လူတွေထက်စာရင်ကံကောင်းကြပါတယ်။ သူတို့ မှာဇီဝရုပ်ဖြစ်ပျက်တာနှေးမယ်။ တစ်နေ့ တာအတွက်အစားအစာများများ စားသုံးဖို့ မလိုအပ်ပါဘူး။ ပုံမှန်လူတွေထက်တော့အဆီတက်တာပိုမြန်မယ်။ ဘာမှမစားရင်ကိုအဆီတက်နေကြလိမ့်မယ်။
Endomorphs သမားများဟာမွေးရာပါသန်မာကြသည်။ အောက်ပိုင်းထိုင်တဲ့လေ့ကျင့်ခန်းများမှာသူများထက်ပိုပြီးအလေးနိုင်တာကိုတွေ့ ရမှာပါ။ အမေရိကန် Football ကစားသမားများ အလေးမတဲ့သူ များ ၊ဆူမိုနပမ်းသမားမျာ၊ အိုလံပီယာချံပီယံများဟာ ဒီအမျိုးအစားများဖြစ်ကြပါတယ်။
ပုံမှန်အားဖြင့်စားသမျှဗိုက်ထဲအကုန်ရောက်ပါတယ်။ အတိအကျပြောရရင် ဗိုက်အလည်တည့်တည့်ကိုရောက်ပါတယ်။ ဗိုက်ပူနေတတ်တယ်ပေါ့။
Endomorphs အမျိုးအစားများတစ်နေ့ တာစားသင့်သည်များ
Endomorphs များအနေဖြင့်ကာဗွန်ဟိုက်ဒရိတ်ပမာဏကို များများစားသုံးလို့ မရနိုင်ပါဘူး။ မနက်စာလိုဟာမျိုးကိုလည်း ကာဗွန်ဟိုက်ဒရိတ်နည်းနည်းပဲစားသုံးပေးရပါမယ်။ ကာဗွန်ဟိုက်ဒရိတ် ၂၅%ပရိုတိန်း ၃၅% အဆီ ၄၀% လောက်စားပေးရပါမယ်။ ကယ်လိုရီများတဲ့ထမင်း ပါမုန့် ခေါက်ဆွဲ ပြောင်းဘူး တအားချို့ တဲ့အသီးများ အားဖြည့်အချိုရည်မျိုးစုံနဲ့ ချိုတဲ့ဟာမှန်သမျှကိုတတ်နိုင်သလောက်ရှောင်ကြဉ်ရပါမယ်။
အရေးကြီးတာကတော့အိပ်အိပ်ယာဝင်ခါနီးဘာမှစားလို့ မရပါဘူး။ နောက်ဆုံးMeal ကိုအိပ်ချိန်နဲ့၎နာရီဝန်းကျင်လောက်ခွာစားရပါမယ်။ ညအိပ်ယာမ၀င်ခင်ရေတစ်လီတာဝန်းကျင်လောက်သောက်ပေးရပါမယ်။ ဒီဟာကသင့်ကိုဝိတ်ကျအောင်ကူညီနိုင်မှာပါ။ အမျှင်ဓာတ်များတဲ့သစ်သီးဝလံများ။ ဟင်းသီးဟင်းရွက်များကိုများများစားသုံးပေးရပါမယ်။ fast food လိုခေါ်တဲ့အသင့်စားစရာများ အသင့်စားခေါက်ဆွဲခြောက်အထုပ်များကိုလုံးဝရှောင်ကြဉ်ကြရပါမယ်။
ဒီလိုဖတ်ရတော့စာဖတ်သူတစ်ယောက်အနေနဲ့ စိတ်ဓာတ်ကျသွားကောင်းကျလိမ့်မယ်။ ကျွန်တော်တို့ GYM ကစားသူအများစု ကျွန်တော်ကိုယ်တိုင်ရော အဆီရှောင်တယ်။ ဆားရှောင်တယ်။ ဟင်းချိုမှုန့် ရှောင်တယ်။ နောက်ဆုံးအချိုပါရှောင်ရတယ်။ ဒီလိုရှောင်ရလို့ ကျွန်တော်တို့ မှာပင်ပန်းတယ်။ စိတ်ဆင်းရဲရတယ်ဆိုတာမရှိပါဘူး။ နောက်ကျတော့ဒီလိုပဲနေသားကျသွားကြတာပါပဲ။
ကျွန်တော်နဲ့ အတူဆော့တဲ့နိုင်ငံခြားသားတစ်ယောက်ရှိတယ်။ အချိုနဲ့ အဆီသိပ်ကြိုက်တယ်။ ဘီယာအရက်သိပ်သောက်တယ်။တစ်နေ့ ကျွန်တော့်ကိုမေးတယ်။ Mr Aung Ko တဲ့။ မင်းကြည့်ရတာ အချိုရှောင်ဘီယာအရက်လည်းမသောက် မင်းဘယ်လိုများအသက်ရှင်နေလည်းတဲ့။ မင်းကြည့်ရတာသိပ်သနားတာပဲတဲ့ ကျွန်တော်ကိုမေးတယ်။ ကျွန်တော်လည်းပြန်ပြောလိုက်တယ်။ မင်းဒါကြောင့်လည်း ဒီခန္ဓာကိုယ်ကြီးနဲ့ ဖြစ်နေတာပဲလို့ ။ဗိုက်က ရှေ့ကိုတစ်ပေလောက်ထွက်နေတယ်။ ကျွန်တော့်ကိုမေးတဲ့နိုင်ငံခြားသားမှာ ဆီးချိုရှိတယ်။ သွေးတိုးရှိတယ်။ အသက်က ၃၀တောင်မပြည့်သေးပါဘူး။ ကျွန်တော်ပြန်ပြောလိုက်တယ် မင်းဒါတွေလုပ်နေလို့မင်းဘဝကိုတကယ်မပျော်ပါဘူးလို့ မင်းဘ၀ကိုမင်းအရှုံးပေးနေဒါပါလို့ ။
ဒီလိုပါပဲကျွန်တော်တို့ လိုချင်တာတစ်ခုကိုရဖို့ တော့ပေးဆပ်ရတာတွေ စွန့် လွှတ်ရတာတွေအနည်းနဲ့ အများတော့ရှိကြတာပဲ။ ဒီအချိန်မှာမင်းဘ၀ကိုအားငယ်နေရင်အရှုံးပဲ။ ဆရာအောင်သင်းပြောဘူးတာရှိတယ်။ မင်းဘ၀ကိုရင်မဆိုင်ရဲရင်တော့မင်းဘဝမှာအမြဲတမ်းအရှုံးတွေနဲ့ ပဲထွက်ပြေးနေပေတော့။ ဘယ်သူမှမင်းခန္ဓာကိုယ်ကိုလှပအောင်။ မင်းကိုချမ်းသာအောင်။ ပညာတတ်ကြီးဖြစ်အောင်လာလုပ်မပေးဘူး။ဘ၀ဆိုတာခနလေးပါ။ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကျွန်တော်တို့ ဘ၀အတွက်စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး။
Endomorphs အတွက်လေ့ကျင့်ခန်း
များသောအားဖြင့် GYM ဆော့အလေးမတာထက် Cardio လေ့ကျင့်ခန်းများဖြစ်တဲ့ ရေကူး။ တောင်တက်။ စက်ဘီးစီး ခြင်းစတဲ့လေ့ကျင့်ခန်းများကိုအသားပေးလုပ်ဆောင်ရမည်။ တစ့်နေ့ ကို၃၀မိနစ်လောက်နဲ့ တစ်ပတ်ကို ၅ရက်ကနေ ၇ရက်လောက်ထိဆော့ပေးနိုင်သည်။ GYMကိုတစ်ပတ်လျှင် ၂ကြိမ်ကနေ ၃ကြိမ်လောက်ဆော့သင့်သည်။ အလေးမသည့်အခါတွင်လည်းစဆော့သူများ အဖို့ ကယ်လိုရီလောင်ကြွမ်းမှုများသည့်  Deadlift ဆွဲခြင်း၊ရင်အုပ်တွန်းခြင်း၊အောက်ပိုင်းထိုင်ခြင်းများကိုအသားပေးလုပ်ဆောင်သင့်သည်။
အဆီကျ၍သင့်တော်သောခန္ဓာကိုယ်ပုံစံရောက်ရှိမှသာ ကြွက်သားအုပ်စုချင်းစီအလိုက်ကစားသင့်သည်။ ဒီလိုပါပဲ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ မွေးထဲက ဘယ်သူမှ တော့ကြွက်သားတွေနဲ့ ပြည့်မနေပါဘူး။ ကိုယ်တိုင်လုပ်ယူရတာပါ။ အဓိကကတော့ သင့်ကိုယ်သင်ယုံကြည်မှုပါပဲ။ ကဲအားလုံးပဲလှပတဲ့ခန္ဓာကိုယ်လေးများကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ။
လေးစားစွာဖြင်
MandalayTharlay့
03/12/2017
ILove you
02/12/2017
- ဘယ်လောက် အလေးပမာဏနဲ့ ဆော့ရမလဲ ??? -
" အဆီကျချင်ရင် ဘယ်လောက်၊ ထုတင်ချင်ရင် ဘယ်လောက်၊ ကြွက်သားခွဲချင်ရင် ဘယ်လောက် "
စသဖြင့် သင်ကြားဖူးမှာပါ။ ကြားဖူးတာက ပြသနာမဟုတ်၊ သင်ဟာ အခုမှ စကစားနေသူဖြစ်ပြီး ဒီအချိန်မှာ ဒါတွေ ကြားပြီး နားမလည်တာက ပြသနာ။
" အလေးကြီးတွေ ဆော့လိုက်ရင် Weight တက်ပြီး သန်သန်မာမာ တုတ်တုတ်ကောင်ကြီးဖြစ်လာမယ် ထင်တယ်။ ငါက ကျစ်ကျစ်နဲ့ ကွဲချင်တာ၊ Tone ဖြစ်ချင်တာဆိုတော့ ပေါ့ပေါ့ပဲ ဆော့ရမယ်ထင်တယ်။ "
ဒီလိုအတွေးမျိုးနဲ့ ဝေခွဲမရဖြစ်နေသူဟာ သင်ဆိုပါတော့။ ဒီဆောင်းပါးအပြီးမှာ ဘယ်ပမာဏ သုံးသင့်သလဲဆိုတာ သင်နားလည်သွားမယ်လို့ ဆိုပါရစေ။ Golden_Dreams page ရဲ့ ထုံးစံအတိုင်း ကြားဖူးနားဝ နားလည်ရုံတွေကို နောင်တစ်ဆင့်ထိ နားလည်သွားအောင် ကြည့်လိုက်ရအောင်။
**********
-အလေး အမျိုးအစားများ-
အလေးတွေကို အမျိုးအစားခွဲတဲ့ နေရာမှာ 2.5kg ၊ 10kg ၊ 25kg ဆိုပြီး ခွဲမှာ မဟုတ်ပါဘူး။ သင့်အတွက် ဘယ်လောက် လေးလံသလဲ အပေါ်မှာပဲ ခွဲမှာပါ။ သင့်အတွက် သင်စဉ်းစားမှာမလို့၊ သူများအတွက်ဆို လေးနေလား၊ ပေါ့နေလား ထည့်မစဉ်းစားပါနဲ့။
အလေးအမျိုးအစားကို အကြိမ်ရေနဲ့ ခွဲပါမယ်။ ဒီလိုခွဲတဲ့အခါမှာ ဘယ်အကြိမ်ရေလောက် ရောက်ရင် အရမ်းခက်လာပြီ ဆိုတာနဲ့ ကြည့်ပြီး ခွဲမယ်၊ ဒါဆိုရင် ၃ မျိုးရလာပါတယ်။
၁- အရမ်းပေါ့
အကြိမ်ရေ ၂၀ ကြိမ်အထက် လုပ်နိုင်တဲ့ပမာဏပါ။ ခေါင်းစဉ်အတိုင်း အရမ်းပေါ့တဲ့ ပမာဏပေါ့။
ဒီအမျိုးအစားဟာ အလေးတုံးချည်းပဲ မဟုတ်ပါဘူး။ ဥပမာ ကြိုးခုန်တယ်ဆိုပြီး ပေါင်သားတွေ ကျင့်ချင်တယ်၊ ရေကူးတယ်နဲ့ နောက်ကျောတွေကျင့်ချင်တယ် ဆိုတာမျိုးဟာ အကြိမ်ရေများစွာလုပ်ပြီး ကျင့်နေတာမလို့ ဒီအမျိုးအစားထဲမှာ ပါပါတယ်။
၂- အသင့်အတင့်
အကြိမ်ရေ ၈ ကြိမ်နဲ့ ၁၂ ကြိမ်ကြားပဲ လုပ်နိုင်တဲ့ပမာဏပါ။ တအားကြီး မလုပ်နိုင်လောက်တဲ့ ပမာဏလဲမဟုတ်၊ တအားကြီးလဲ မပေါ့တဲ့ ပမာဏပေါ့။
တစ်ချို့ Body weight နဲ့ လုပ်တဲ့ လေ့ကျင့်ခန်းတွေဟာ ဒီအမျိုးအစားထဲမှာ ပါလိုက်၊ မပါလိုက်ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက သင် ဒိုက်ထိုးတယ်၊ သိပ်မရခင်မှာ ၈ ကြိမ်လောက် ထိုးနိုင်ပေမယ့် နောက်ပိုင်းမှာ ၃၀ ကြိမ်လောက် ရောက်သွားရင် အပေါ်က " အရမ်းပေါ့ " ဆိုတဲ့ အထဲ ရောက်သွားပါတယ်။
"အသင့်အတင့်" အမျိုးအစားကနေ၊ "အရမ်းပေါ့" အမျိုးအစား ရောက်သွားရင် မတူညီတော့တာမလို့ ရရှိတဲ့ အကျိုးလဲ မတူနိုင်တော့ပါဘူး။ ဒီအကြောင်းကို အောက်မှာ ဆက်ရှင်းပြပါမယ်။
၃- ဟဲဗီးဆွဲ
ဒီအမျိုးအစားမျိုးက မလုပ်ခင် အသက်တွေ ဘာတွေ ရှူးရှဲရှူရ၊ ရင်ဘတ်တွေ စည်တီးပြီး လုပ်တဲ့ အလေးပမာဏပါ။ ၁-၅ ကြိမ်လောက်သာ လုပ်တာမလို့ အကြိမ်ရေ အရမ်းနည်းပြီး၊ အရမ်းလေးတဲ့ ပမာဏပေါ့။
***********
ဒီလို သုံးမျိုးရှိပြီး တစ်မျိုးချင်းစီဟာ ဘယ်လိုအသုံးဝင်လဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
၁ ။ အရမ်းပေါ့
ဒီအမျိုးအစားဟာ အကြိမ်ရေများစွာလုပ်နိုင်တဲ့ ပမာဏဖြစ်ပြီး သူ့ကို ဘယ်နေရာတွေမှာ ဘာ ရည်ရွယ်ချက်နဲ့ သုံးကြသလဲ။
- Circuit training -
Circuit training ဆိုတာ တစ်ခုပြီးရင် တစ်ခုဆက်တိုက်လုပ်တဲ့ ပုံစံအမျိုးအစားပါ။ ဥပမာအနေနဲ့
ပထမပုံစံ - အလေးတုံးကို ပုခုံးပေါ်တွန်းတင်တာ အကြိမ် ၂၀
ဒုတိယပုံစံ - တွန်းတင်ပြီးတာနဲ့ အလေးတုံးကို ကိုင်ပြီးဂထိုင်ထလုပ်တာ အကြိမ် ၂၀
တတိယပုံစံ - ထိုင်ထပြီးတာနဲ့ လက်မောင်း အကြိမ် ၂၀
စသဖြင့် ဆက်တိုက်လုပ်တဲ့ Program မျိုးမှာ အရမ်းပေါ့တဲ့ ပမာဏကို သုံးပါတယ်။ ကြားထဲမှာ နားချိန်မထားပဲ ဆက်တိုက်တွေလုပ်နေတော့ ဒီလိုမသုံးလို့လဲ မဖြစ်၊ ပေါ့မှပဲ ပြီးအောင် လုပ်နိုင်မှာကိုး။
ဒီလို Circuit training မှာ ကောင်းတဲ့ အကျိုးတွေကတော့ Energy အများကြီးသုံးရတာမလို့ အဆီကျဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဒါပေမယ့် ကြွက်သားတည်ဆောက်မှုမှာတော့ အလေးတုံးသေးသေးလေးတွေ သုံးလို့ မကောင်းပါဘူး။ အလေးသေးသေးလေးပဲ တစ်သက်လုံး ဆော့နေပြီး ကြည့်ကောင်းတဲ့ ကြွက်သားတွေနဲ့ လူတွေကိုလဲ သင်မမြင်ဖူးဘူးမလား။
- ပုံစံမှန်အောင် ကျင့်ခြင်း -
ပုံစံမှန်အောင် ကျင့်သင့်တဲ့ အခါ ၂ မျိုးရှိပါတယ်။ ပထမ တစ်မျိုးက အခုမှ စလုပ်တဲ့လူ၊ နောက်တစ်မျိုးက အလေးဆော့တာ ကြာနေပေမယ့်လဲ ဒီကြွက်သားကို အခုမှ စလုပ်ဖူးမယ့်လူ။ ဒီလိုအခြေအနေမျိုးမှာ အလေးပေါ့ကို သုံးပါတယ်။
အခုမှ စဆော့တဲ့လူအတွက် ပုံစံမှန်အောင်ကျင့်တဲ့အခါမှာ အလေးပေါ့သုံးတာနဲ့ ဝါရင့်လူ လေ့ကျင့်ခန်း ကြွက်သားအသစ်မှာ အလေးပေါ့သုံးရခြင်း အကြောင်းက ကြွက်သားလှုပ်ရှားမှုကို ခံစားနိုင်ဖို့ပါ။
တင်ပါးကို ကျင့်နေတဲ့အခါ တင်ပါးမှာ ဖိအားကို ခံစားရလား၊ ဒါမှမဟုတ် ပေါင်အားတွေကို ပိုသုံးနေရလား၊ ဒါမှမဟုတ် ခါးတွေနာလာသလား။ ဒါတွေကို သိဖို့ အလေးပေါ့ကို သုံးပါတယ်။ ဒီလိုသုံးရင်းနဲ့ တင်ပါးကို Train တဲ့အခါ တင်ပါးအသားကို ခံစားနိုင်လာရင် အလေးတင်နိုင်ပြီ၊ ပိုလေးလံတာတွေနဲ့ ကြွက်သားတည်ဆောက်ဖို့ နောက်တစ်ဆင့်လှန်းနိုင်ပြီဟုတ်။
- ကြွက်သားအသေးကို ကျင့်ခြင်း -
သုံးတဲ့ ကြွက်သားရယ်၊ ကြွက်သားလှုပ်ရှားမှု ပုံစံရယ် နှစ်မျိုးပေါ် မူတည်ပြီး သုံးနိုင်တဲ့ ပမာဏ ကွာပါတယ်။
ဥပမာ ကြွက်သားထုကြီးတဲ့ ရင်ဘတ်တွေ၊ နောက်ကျောတွေ ဆော့တဲ့အခါ အလေးကြီးကြီး သုံးနိုင်ပေမယ့် ကြွက်သားဆိုဒ်သေးတဲ့ ဆုံဘေးသားကို ကျင့်တာမှာတော့ အလေးသေးပဲ သုံးနိုင်မှာပါ။ ဒါက အရွယ်အစားအပေါ် မူတည်ပြီးပေါ့။
နောင်တစ်မျိုးက လှုပ်ရှားမှုအပေါ် မူတည်ပြီး အလေးအပေါ့ သုံးရတာမျိုးတွေ ရှိပါတယ်။ ရင်ဘတ်တွန်းတဲ့အခါ ကြွက်သားအကြီးမလို့ လေးလံတာ လုပ်နိုင်ပေမယ့် ဒီရင်ဘတ်ကိုပဲ Cable ကြိုးနဲ့ ဆော့တာမျိုးမှာ တအားလေးလံတာထပ် ပေါ့တဲ့ဟာသုံးပြီး ဖြေးဖြေးချင်းစီ လုပ်တာ ပိုသင့်တော်သွားပါတယ်။
တင်ပါးအတွက်လည်း တူတူပါပဲ။ တစ်ချို့ လှုပ်ရှားပုံတွေမှာ လေးတာသုံးနိုင်ပြီး တစ်ချို့ လှုပ်ရှားပုံတွေကျ ပေါ့တာတွေလုပ်မှ ကြွက်သားထိပါတယ်။
ဒီလောက်ဆိုရင် အလေးပေါ့ဟာ ကြွက်သားတည်ဆောက်ဖို့ထပ် ကြွက်သားခံနိုင်ရည် ရှိမှုကိုပဲ အထောက်အကူပြုတာ နားလည်လောက်ပြီဟုတ်။ ခြွင်းချက်အနေနဲ့ အရမ်းသေးတဲ့ ကြွက်သားတွေကို လေ့ကျင့်တဲ့အခါမှာတော့ ကြွက်သားတည်ဆောက်ပေးနိုင်တယ်ပေါ့။
**********
၂ ။ အသင့်အတင့်
ကြွက်သားတက်ဖို့ Training program တော်တော်များများမှာ ၈-၁၂ ကြိမ်ကြားဆိုပြီး အတွေ့များမှာပါ။ ဒါမှမဟုတ် သင့် Trainer ရဲ့ လမ်းညွှန်မှုမှာလဲ ၁၂ ကြိမ်ဝန်းကျင်လုပ်ရင် ကြွက်သားတက်မယ်လို့ ခဏခဏ ကြားဖူးမယ် ထင်ပါတယ်။ တစ်ခါတစ်လေများ ဒီလောက် လူပြောများနေတာ၊ " ၁၂ " ဆိုတဲ့ ဂဏန်းဟာ ကြွက်သားထွက်စေမယ့် မှော်ဂဏန်းများလားလို့ သင်ဟာ တွေးကောင်း တွေးကြည့်မိမလားပဲ။ အခုစာဖတ်အပြီးမှာ သင်ဒီလို မှန်းတဝါးဝါးဖြစ်စရာ မလိုတော့ပါဘူး။
ကြွက်သားတက်ဖို့ အတွက် Gym မှာ အလေးဆော့တဲ့အခါ ကြွက်သားတွေအပေါ်ကို ဖိအားပေးနေဖို့ လိုပါတယ်။ အလေးဆော့နေတဲ့ အချိန်မှာ ကြွက်သားတွေ ဆန့်တယ်၊ ကျုံ့တယ်ကို အင်္ဂလိပ်လိုဆို Tension ပေါ့။ ဒီလို Tension ဖိအားတွေ ရှိနေမှ ကြွက်သားတွေ ပြတ်တောက်မယ်၊ ဒါကို အပြင်မှာ အစာတွေဖြည့်၊ နားနေလိုက်တော့ ကြွက်သားတွေ ထွက်လာမယ်။ ဒါ့ကြောင့် ဒီ Tension ဖိအားပေးချိန်က အရေးကြီးပါတယ်။
ကြွက်သားတစ်ခု ကြီးထွားဖို့ တစ်ကြော့ တစ်ကြော့မှာ စက္ကန့် 40 ကနေ 50 ကြားရှိရင် အကောင်းဆုံးလို့ သုတေသနတွေက ဆိုပါတယ်။ ဒါ့ကြောင့် 12 ကြိမ်ဆိုတဲ့ မှော်ဂဏန်းပေါ်လာရတာပါပဲ။
ကြွက်သားတက်အောင် ဆော့ချင်သူတွေအတွက် အလေးဆော့တဲ့အခါ အကြိမ်ရေ တစ်ကြိမ်က ဒီလိုမျိုး ဖြစ်သင့်ပါတယ်။ ဥပမာအနေနဲ့ လက်မောင်းလေ့ကျင့်ခန်းကို ပေးပါရစေ။
အလေးတုံးဆွဲမ - ၂စက္ကန့်
အပေါ်မှာ ညှစ်ထား - ၁စက္ကန့်
အလေးပြန်ချ - ၂စက္ကန့်
တစ်ကြိမ်မှာ ၅ စက္ကန့်။
၈ ကြိမ်မှာ ၄၀ စက္ကန့်၊ ၁၂ ကြိမ်ဆိုတော့ ၆၀စက္ကန့်။ ဒါ့ကြောင့် အနည်းဆုံး ၈-၁၂ ကြိမ်ကြားလုပ်ပါလို့ ဆိုကြတာပါပဲ။ ဝိုးတိုး ဝါးတား မဖြစ်တော့ပဲ လူတတ်ကြီး လုပ်နိုင်ပြီဟုတ်။
သတိပြုစရာတစ်ချက်က ဒီစက္ကန့်ကြာချိန်အတွင်းမှာ ကိုယ့်ကို စိန်အခေါ်နိုင်ဆုံး အလေးပမာဏကို လုပ်ရပါမယ်။
ဒီတော့ အလေး အသင့်အတင့် အမျိုးအစားကို ကြွက်သားတည်ဆောက်ချင်သူတွေ သုံးကြပါတယ်။
***********
၃- ဟဲဗီးဆွဲ
အကြိမ်ရေ ၁ ကြိမ်ကနေ ၅ ကြိမ်ထပ် ပိုမလုပ်နိုင်တဲ့ ဟဲဗီးပမာဏမျိုးပါ။
ဒီလိုပမာဏမျိုးဟာ ကြွက်သားအကြီးတွေ သုံးတဲ့ လေ့ကျင့်ခန်းတွေမှာ သုံးပါတယ်။ ရင်ဘတ်၊ နောက်ကျော၊ ဆုံ၊ ပုခုံး၊ ပေါင် လေ့ကျင့်ခန်းတော်တော်များများဟာ လေးလံတဲ့ ပမာဏကို လုပ်နိုင်ပါတယ်။
ဒီအလေးကြီး လုပ်ရတဲ့ ရည်ရွယ်ချက်ဟာ ကြွက်သားတက်ဖို့ထပ် ခွန်အားတက်ဖို့ကို ပိုရည်ရွယ်ပါတယ်။ ဒီလိုပြောလို့ ခွန်အားပဲတက်တယ်၊ ကြွက်သားမတက်ဘူးလို့ မဆိုလိုပါဘူး။ အလေး " အသင့်အတင့် " အမျိုးအစားလောက် မထွက်စေဘူးလို့ သာ ဆိုလိုပါတယ်။
ခွန်အားတက်အောင်၊ Personal record ကျိုးအောင် လုပ်တယ်ဆိုတော့ အကြိမ်ရေ အများကြီး မလုပ်နိုင်ပါဘူး။ အကြိမ်ရေအများကြီး မလုပ်နိုင်သလို အလေးပမာဏကြီးတာမလို့ အပေါ်က ပြောသလို တစ်ကြိမ်မှာ ၅ စက္ကန့်ကြာဖို့လဲ မဖြစ်နိုင်ဘူး မဟုတ်လား။
ဝုန်းဆိုကောက်မ၊ ဝုန်းဆိုပြန်ချ ဆိုတာမျိုးမလို့ တစ်ကြိမ်ဟာ ၂-၃ စက္ကန့်ထပ် မပိုပါဘူး။ အလေးအကြီးကြီးကို ကိုယ့်ရဲ့ အာရုံကြောစနစ်နဲ့ ကျင့်သားရစေမယ်၊ ဒီလိုနဲ့ ခွန်အား Strength တက်လာတာပါပဲ။
ဒီတော့ ဒီအလေးကြီးပမာဏဟာ Strength တက်ချင်သူတွေကို Strength တက်စေသလို၊ ကြွက်သားပမာဏကိုလဲ တိုးစေပါတယ်။
*********
အလေး အမျိုးအစား သုံးမျိုးစလုံးဟာ အဆီကျဖို့ အထောက်အကူ အများကြီးပြုပါတယ်။
ဒါပေမယ့် အလေး အသင့်အတင့်နဲ့ ဟဲဗီး အလေးတို့ဟာ သင့်ကို ရေရှည်မှာ ကြွက်သားပိုတက်စေပါလိမ့်မယ်။ ကြွက်သားတက်လာတာနဲ့ အမျှ တက်လာတဲ့ ကြွက်သားတွေက Calories သုံးတာမလို့ အဆီပိုကျပေါ့။ ဒါ့ကြောင့် အဆီကျ၊ ကြွက်သားတက်ချင်ရင် အသင့်အတင့်နဲ့ ဟဲဗီးတစ်ခုခုကို ရွေးပါ။
အသင့်အတင့်နဲ့ ဟဲဗီးရဲ့ကြားမှာ အဓိက ကွာခြားချက်က ၈-၁၂ ကြိမ်ကြားဟာ ကြွက်သားထွက်ဖို့ Tension စက္ကန့် ၄၀-၆၀ ပေးခြင်းပါပဲ။ ဒီအချက်ကြောင့် ကြွက်သားထွက်တဲ့ အပိုင်းမှာ အသင့်အတင့်က ပိုသာပါတယ်။
(အရမ်းပေါ့ အမျိုးအစားမှာလဲ အကျိုးကျေးဇူးတွေရှိတာမလို့ အပေါ်မှာ ရေးထားတာကို ဖတ်ပြီး လိုအပ်သလိုသုံးရပါမယ်)
Type 1၊ Type 2 ကြွက်သားတွေအကြောင်းပါရင် ပိုရှုပ်သွားနိုင်တာမလို့ ဒီဆောင်းပါးမှာ ဒီအကြောင်းတွေ မရေးတော့ပါဘူး။ ဒါတွေ မပါသေးပေမယ့် ဒီလောက်ဆိုရင် သင်ဟာ ဘာကို ရွေးချယ်သင့်သလဲဆိုတာ နားလည်နိုင်လောက်ပြီ ထင်ပါတယ်။
ပိုပြီး တစ်ဆင့်နားလည်လာတာနဲ့ အတူ ပိုပြီး တစ်ဆင့် အဆီကျ ကြွက်သားတွေတက်စေဖို့ နောက်တစ်ခေါက် Gym သွားရင် ဆွဲနိုင်ကြပါစေလို့။
MandalayTharlay-Gymtrainner
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
79Sterrt35and36between
Mandalay
GYM.TRAINNER