MTU Mobile Legend Tournament

MTU Mobile Legend Tournament

Share

Everyone can ask anything about Mobile Legend-Bang Bang

15/03/2021

အသက်ပေးသွားခဲ့တဲ့သူတွေအတွက် ကျနော်တို့ ဒီလောက်မှ မစွန့်လွှတ်ရင် လိပ်ပြာလုံမှာမဟုတ်ဘူး ကျနော်တို့နိုင်တဲ့အခါမှသာ ဒီ Game ကို ကြိုက်သလိုစီရင်ပါ ။

အခုလက်ရှိကနေစပီး Mobile Legends Tournament များကို အကန့်အသတ်မရှိ ရပ်နားသွားပါမည် တော်လှန်ရေးအနိုင်ရခဲ့မှသာ ကျောင်းသား/သူ များ၏ ဆန္ဒအတိုင်း ပြန်ကျင်းပ/ဖျက်သိမ်း ဆုံးဖြတ်သွားပါမည်

တော်လှန်ရေးအောင်မြင်ခဲ့ပီး ပြိုင်ပွဲများပြန်လည်ကျင်းပဖြစ်ခဲ့ပါကလဲ Mobile Legends ဆော့သော MTU မှ လောက်ကောင်များအား ကျင်းပမည့်ပြိုင်ပွဲများ မှ ရာသက်ပန် ထုတ်ပယ်သွားပါမည်

04/03/2021

ကျနော်တို့ဟာ MTUSU နှင့်တကွ တစ်နိုင်ငံလုံးရှိ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများနှင့် ထပ်တူ ရှိပါသည်

#အရေးတော်ပုံအောင်ရမည်

❗️အာဏာသိမ်း အကြမ်းဖက်အုပ်စု အတွက် "ဖြတ်လေးဖြတ်" ဗျူဟာ✊

ဖြတ်လေးဖြတ် ဆိုတာ ဦးနေဝင်းတို့ လက်ထက်က သုံးခဲ့တဲ့ ဗျူဟာတစ်ခုဖြစ်ပါတယ်
အာဏာရှင်စနစ်ကျဆုံးဖို့ နည်းလမ်းမျိုးစုံ သုံးနေကြတဲ့ အချိန်မှာ ဒီ ဖြတ်လေးဖြတ် ဗျူဟာကို လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် တန်ပြန်အသုံးချတတ်ဖို့ အရေးကြီးပါတယ်။

(၁) ရိက္ခာ + ထောက်ပံ့ပစ္စည်းများ ဖြတ် 🚫

⁃ CDM အရှိန်ပိုကောင်းအောင်လုပ်ပြီး အုပ်ချုပ်ရေးယန္တရားပျက်အောင်ဖျက်ရပါမယ်။
⁃ ထိုမှတစ်ဆင့် ကုန်ပစ္စည်း၊ ရိက္ခာ၊ လူအင်အား၊ တပ်အထောက်ကူပြု logistics သယ်ယူပို့ဆောင်ရေးများ ပါ ရပ်တန့်၊ ပျက်ပြားလာပါမယ်။
⁃ ပြည်တွင်း + နယ်စပ် အားလုံးရပ်တန့်သွားသည်အထိ လုပ်ဆောင်ရပါမယ်။
⁃ နောက်ဆုံး ရှေ့တန်းကိုရိက္ခာထောက်ပံ့ပစ္စည်းမပို့နိုင်‌၊ မြို့တွင်းရှိရဲများကိုပါ အစားအစာမထောက်ပံ့နိုင်သည်အထိ ဖြစ်ရပါမယ်။

(၂) ဝင်ငွေထောက်ပံ့ကြေး ဖြတ် 🚫

⁃ ပြည်တွင်းပြည်ပ ငွေအဝင်ထွက် စီးပွားရေးပိတ်ဆို့မှု( sanction ) လုပ်ရပါမယ်
⁃ ဝင်ငွေမရှိရှင် တပ်ပျက်ပါပြီ
⁃ မြဝတီဘဏ်အဖြစ် နဲ့ ဘုရားဘဏ္ဍာကိုခိုးနေရတဲ့အဖြစ်ကိုကြည့်ရင် သိသာပါတယ်
⁃ သူတို့စီးပွား‌ေရးတွေကို ပြည်တွင်းမှာလည်း boycott လုပ်ရပါမယ်
ဥပမာ City Mart ကမြန်မာဘီယာမရောင်းတော့တာမျိုး ၊ UMD ကိုလုပ်တာမျိုး တွေလိုအပ်ပါတယ်
⁃ ရှေ့ဆက်ပြီး ပြည်သူတွေနဲ့စီးပွားရေးသမားတွေကလည်း အာဏာသိမ်းအကြမ်းဖက်အုပ်စုကို ပြည်တွင်းစီးပွားရေးစနစ်နဲ့ ဈေးကွက်ထဲကပါ လုံးလုံး ပထုတ်ရပါမယ်။ သူတို့တွေမပါတဲ့ဈေးကွက်တစ်ခုဖန်တီးရပါမယ်။ တစ်ချိန်ထဲမှာ ပြည်ပကစီးပွားရေးပိတ်ဆို့မှုတွေက အာဏာသိမ်းအကြမ်းဖက်အုပ်စုပိုင်လုပ်ငန်းတွေကို ချိန်ရွယ်ပြီးအရှိန်အဟုန်တိုးပိတ်ပင်ဖျက်ဆီးသွားရပါမယ် ။
⁃ အခုဆိုရင် CRPH ကနေစစ်ကောင်စီကို terrorist group ဆိုပြီး‌ေကြညာတာအစပဲရှိပါသေးတယ်။ အမေရိကန်အစိုးရနဲ့သူတို့ရဲ့မဟာမိတ်တွေကပါဒါကိုအခြေခံပြီး terrorist group လို့ကြေညာသတ်မှတ်လိုက်ရင် သူပုန်တွေလုံးဝဆက်ရှင်သန်လို့မရတော့အောင် အဖြတ်အတောက်၊ ပိတ်ဆို့မှုတွေလုပ်လို့ရပါပြီ ။ Terrorist group ဆိုရင်တရုတ်တောင်မှမကယ်နိုင်တော့တဲ့ အနေအထားဖြစ်ပါတယ် ။ တရုတ်ဘက်ကလည်း အာဏာသိမ်းစစ်ကောင်စီတွေအခြေနေမဟန်တော့ရင် ရူးသလိုလိုပေါသလိုလိုနဲ့အသာလေးရှောင်သွားပါလိမ့်မယ်။ တရုတ်ဟာ သူတို့အကျိုးအမြတ် တစ်ခုတည်းကုိသာ ကြည့်တတ်တာဖြစ်လို့ ရှုံးမယ်ထင်ရင် သေချာပေါက်လက်လွှတ်ပါလိမ့်မယ်။

(၃) သတင်းအချက်လက်ရနိုင်ရေး ဖြတ် 🚫

⁃ မြို့တွေမှာရှိတဲ့ CCTV camera တွေမရရအောင်ဖျက်ပါ။
⁃ ရပ်ကွက်ထဲက ဒလန်တွေမရရအောင်ဖော်ပြီး မောင်းထုတ်ပါ။
⁃ Live video တွေလွှင့်တဲ့အခါ ကိုယ့်ဘက်ကအနေအထားကို ရန်သူဘက်ကမသိသွားအောင်တတ်နိုင်သလောက်သတိထားပါ။
⁃ ထောက်လှမ်းရေးရသလောက်လုပ်ပါ။
တစ်ဖက်အဖွဲ့ရဲ့ FB group တွေ၊ သူတို့ group chat တွေပါမရရအောင်ဝင်စုံစမ်းပါ။ ဒလန်တွေနောက်ခြေရာခံနိုင်ရင်လည်းလုပ်ပါ။
⁃ အခုလက်ရှိမှာ အာဏာသိမ်းအကြမ်းဖက်အုပ်စုပိုင် FB Page တွေအကုန်ပြုတ်သွားပါပြီ ဖြစ်ပါတယ်။ အကောင့်တွေကိုပါ အင်တိုက်အားတိုက် report ထုကြဖို့လိုပါတယ်။ Acc Report လုပ်မယ့်အဖွဲ့တွေထောင်ပါ။ အဖွဲ့ရဲ့ group ထဲမှာ share ပြီဆိုရင် ဝိုင်းပြီး report ထုပေးကြပါ။ group ထဲမှာတော့ စိတ်ချရသူများကိုပဲ စီစစ်ပြီး ထည့်ပေးပါ။

(၄) လူအင်အား ဖြတ် 🚫

⁃ ရဲ နဲ့ တပ်က အင်အားနည်းနေပါပြီ။ တစ်နေ့က တောင်ငူမှာ နီးရာလေတပ်စခန်းကအင်အား ထုတ်သုံးနေရပါတယ် ။ သံလျင်ဘက် မှာလည်း ရေတပ်တွေထုတ်လာတာတွေ့ရပါတယ်။ တော်လှန်ရေးသမိုင်းမှာမကြုံစဖူးတွေပါ။ ရေတပ် လေတပ်ဆိုတာလည်း မြေပြင်မှာစစ်ဆင်ရေးအတွေ့အကြုံမရှိသလောက်ကိုနည်းပါတယ်။ တပ်ပျက်ခါနီးလို့ ရှိတဲ့အင်အားအကုန်ထုတ်သုံးနေရပါပြီ။
⁃ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း များများတိုက်‌ပေးကြဖို့လိုပါတယ်။ KIA KNU ကိုတိုက်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေအကျအဆုံးများလာပါပြီ။ တပ်သား‌ေတွလည်း ထပ် မစုဆောင်းနိုင်ပါ။ ဒါကြောင့် တစ်ပြည်လုံးနေရာအနှံ့ဆက်လမ်းပေါ်ထွက်ကြဖို့ လိုပါတယ်။ တပ်နဲ့ရဲ ဦးရေဟာ တစ်နိုင်ငံလုံး ဖိနိုင်လောက်အောင် မလောက်ပါဘူး။ တိုင်းရင်းသားတွေနဲ့တိုက်ရာမှာစစ်ကူမပို့နိုင်အောင်နေရာအနှံ့ ဆက်ဆန္ဒပြပြီး ဖိအားပေးပါ။ ဗျူဟာအရကြည့်မယ်ဆိုရင် အကြမ်းဖက်အဖွဲ့ဟာ စစ်မျက်နှာပြင်အများကြီးကိုမနိုင်ပါဘူး။ စစ်အာဏာရှင် ကျဆုံးချိန်နီးလာပါပြီ။
⁃ ရဲတွေလည်း CDM လုပ်ဖို့ဆက်ဖိအားပေးပါ။

အရေးတော်ပုံအောင်ရမည်။ ❤️

04/03/2021

တစ်ပွဲတစ်လေလောက် ရှုံးရင်တောင် လျော့သွားတဲ့ MMR , Win Rate ကို တစ်ညလုံး ပြန်ရှာတဲ့ Gamer တွေ လုယူခံလိုက်ရတဲ့ Democracy ကို လက်လွှတ်ပေးရအောင် ငါတို့စိတ်ဓာတ်တွေ မပျော့ည့ံဘူး

Rank match မှာ Global squad တွေ ပါလာရင်တောင် အနိုင်ရဖို့ပဲ တွေးတဲ့ငါတို့အတွက်
လက်နက်နဲ့ဖြဲချောက်တိုင်း ​မကြောက်တတ်ဘူး

Game ဆော့ရင်တောင် Role ပြောင်းပေးတတ်တဲ့ ငါတို့က နိုင်ငံ့အတွက် ဘယ်နေရာကဝင်ပါရပါရ လက် မတွန့်ဘူး

ဒီတိုက်ပွဲမှာ သွေးမအေးကြေး
ဒီတိုက်ပွဲက အနာဂတ်အတွက်
ဒီတိုက်ပွဲက ဒီမိုကရေစီအတွက်
ဘယ်တော့မှသွေးမအေးကြေး

ဖိရင်ကြွထိရင်ချ
အရေးတော်ပုံအောင်ရမည်

05/02/2021

Mandalay Universities' Esports Community ၏ သဘောထား ထုတ်ပြန်ချက်



02/02/2021

အနာဂတ်တွေကို မရင်းနိုင်ပါ

ယခုလက်ရှိဖြစ်ပေါ်နေသော အနေအထားများအရ ကျွန်တော်တို့ ကျင်းပရန် စီစဉ်ထားသော ပွဲစဉ်များအားလုံးကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါသည်

ထို့အတူ ကျွန်တော်တို့ တစ်ဖွဲ့လုံးသည် ရှေ့တန်းကဦးဆောင်နေသော စီနီယာ အစ်ကို အစ်မ ဆရာ ဆရာမ များ၏ Civil disobedience လုပ်ရပ်များကို အပြည့်အဝထောက်ခံပါသည်



02/02/2021

We stand with MTUSU

01/02/2021

အနာဂတ်တွေရင်းရမဲ့အခြေအနေကို လက်ပိုက်ပီးကြည့်မနေနိုင်ပါဘူး

01/02/2021

ကိုဗစ်ကြောင့်ဒစ်လည်နေတဲ့ ဘဝ တေကို ထပ်ပီး အနိုင်ကျင့်တဲ့ မင်းတို့ကို ချီးထက်ရွံပါတယ် 🙂

အခြေအနေတွေတည်ငြိမ်တဲ့ထိ အရာအားလုံးကို ရွှေ့ဆိုင်းထားပါမယ် အားလုံး ပဲ အဆင်ပြေကြပါစေ

30/01/2021

" မင်းကျောင်းထက် ငါ့ကျောင်းကပိုမိုက်တယ် "
Feb ထဲ မှာ စတင်ကျင်းပသွားမဲ့ Universities Invitational Cup (UIC) ပွဲ အတွက် MTU က Mlbb အသင်းတွေအနေနဲ့ ကျောင်းကိုယ်စားပြုယှဥ္ပြိုင်ဖို့ အဆင်သင့်ဖြစ်နေကြပီလား 🤔🤔

ပါဝင်မဲ့ University တွေအနေနဲ့
MTU , UMM , UOPM , UDMM , TUM , MU , UCSM , TUK တို့နဲ့ အတူ Private Uni ဖြစ်တဲ့ STI တို့ပဲ ဖြစ်ပါတယ် 😍😍

ဘယ်အသင်းက Mandalay Region ရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ UIC ရဲ့ Champion ဖြစ်လာမလဲ ???

27/01/2021

Hello guys!!! ဘာလဲ ပွဲမရှိဘူးဆိုပီး ပျင်းနေပီလား ? ဒီ Page admin တွေ အလုပ်မလုပ်ဘူးလို့ တွေးနေပီလား :3

ဒီ တစ်ခု က တကယ်ကို ထူးခြားပါလိမ့်မယ် ။ Covid ကာလ အတွင်း last online tournament တစ်ခုလဲ ဖြစ်လာပါလိမ့်မယ်

ကျောင်းကိုကိုယ်စားပြုပီးယှဥ္ပြိုင်ရမှာမို့ training စ ဆင်းဖို့ တော့ လိုအပ်နေပီနော်

ဘယ်ကျောင်းတွေပါမလဲ ဆိုတာနဲ့ ပြိုင်ပွဲရဲ့ Information အပြည့်အစုံကို သိပ်မကြာခင် ရက်ပိုင်းမှာ ထပ်ပီး တင်ဆက်ပေးပါမယ်

Let's do this guys !!!

26/01/2021

တစ်ခုခု ကတော့ သင်တို့ဆီ လာနေပါပီ ။
အဲတစ်ခုခုက ဘာဖြစ်မယ်လို့ ထင်မိကြလဲ .....?

Just Wait for the moment🤩🤩

24/01/2021

လုံးဝ ဂုဏ်မငယ်စေခဲ့တာတော့ သေချာပါတယ် ။ တာဝန်ကျေခဲ့တာထက်လဲ ပိုပါတယ် ။ မြန်မာနိုင်ငံကလူငယ်တွေအတွက် Esports လမ်းသစ်ဖောက်တဲ့ပွဲလို့ ပြောလို့ရလောက်တဲ့ထိကို Burmese Ghouls တို့ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

Congratulation Burmese Ghouls 🇲🇲🇲🇲🇲🇲🇲🇲🇲🇲


Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 21:00
Saturday 09:00 - 19:00
Sunday 09:00 - 20:00