Monster Karate Club

Monster Karate Club

Share

Find yourself with us!
#martialarts #karate #kickboxing #combatdance #training

16/01/2026

Summer Katate class (Mandalay)

12/11/2025
Photos from Monster Karate Club's post 30/08/2025

Monster ရဲ့ နောက်ထပ် ကလပ်တစ်ခုဖြစ်တဲ့ ISPE Senior,Junior & cadet Karate Team
2025 New Track Coats နဲ့ 😎

30/08/2025

Kumite & Kids (English version)
English လိုရှင်းပြမှ နားလည်တဲ့သူတွေ စုပါ ☺️ #ကရာတေးဆိုတာဘာလဲ

15/08/2025

Video ထဲကလို Karate Combat ကိုလေ့ကျင့်ချင်လား?စာကိုအဆုံးထိဖတ်ပေး..ဒါဆိုရင် ကျွန်တော့်နဲ့အတူလေ့ကျင့်ဖို့ FOC စီစဉ်ပေးမယ်.. Peace!

ကျွန်တော်လည်းတစ်နေ့တစ်နေ့ ပြိုင်ပွဲနဲ့ Training Video တွေကြည့်ပြီး Edit လုပ်နေရတာနဲ့တင် အတော်ပင်ပန်းတာဗျ..ဒါပေမယ့် Karate Training ပိုင်းမှာပါ တော်တော်လေးတိုးတက်လာတယ်လေ..အဲ့တော့မှ လူဆိုတာဖြစ်လာရင် ကိုယ်လုပ်မယ့်အလုပ်အတွက် လေ့လာသင်ယူတာကို ဘယ်တော့မှမရပ်လိုက်သင့်ဘူး ဆိုတဲ့စကားကိုကိုယ်တိုင်သဘောပေါက်လာခဲ့တယ်..

မိတ်ဆွေတို့လည်း ကိုယ်စိတ်ဝင်စားတဲ့အရာနဲ့ဆိုင်တဲ့ content တွေကို အနည်းဆုံးတော့ YouTube နဲ့ TikTok လို platform တွေမှာ များများရှာကြည့်ဖို့ အကြံပေးလိုပါတယ်..AI ကိုသုံးပြီး အလုပ်တွေကို ကိုယ်တိုင်တောင်လုပ်စရာမလိုတဲ့ နည်းပညာခေတ်ကြီးမှာ မိတ်ဆွေသိချင်တာလောက်တော့ Online ပေါ်မှာစိတ်ကြိုက်ရှာဖွေလို့ရပါတယ်..

ကျွန်တော်လည်း Karate/sport/fitness နဲ့ဆိုင်တဲ့ နည်းစနစ်တွေ၊လေ့ကျင့်ခန်း video တွေကိုလည်း ထပ်မံအချိန်ပေး ကြိုးစားပြီး မျှဝေပေးသွားပါဦးမယ်..နောက်ပြီး မိတ်ဆွေတို့ ကျွန်တော့် videoတွေကိုကြည့်ရင်းနဲ့ ပျင်းမသွားရအောင်လို့လည်း အားကစားလောကမှာ ကျင်လည်ခဲ့တဲ့အချိန်ကစပြီး အခုအချိန်ထိ ကျွန်တော့်အပေါ် ကောက်ကျစ်ခဲ့သူတွေကြောင့် အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတဲ့ ကျွန်တော့်အတွေ့အကြုံတွေကိုလည်း တိုက်ဆိုင်လာခဲ့ရင် အလျင်းသင့်သလို ဖော်ပြပေးသွားပါမယ်..လူတွေအကြောင်း ပိုသိကောင်းသိရအောင်လို့ပေါ့..တစ်ချို့အကြောင်းအရာတွေ၊ကိစ္စတွေက ကိုယ်တိုင်ထုတ်ပြောမှ အမှန်ကိုမြင်လာနိုင်မယ့် အကျိုးအကြောင်းဆီလျော်အောင် မစဉ်းစားတတ်တဲ့ ဦးနှောက်ပိုင်ရှင်တွေနဲ့အများကြီးကြုံဖူးခဲ့လို့ပါ..

ဟုတ်ပါတယ်..Chan Gyi is back!..ဒါပေမယ့် အရင်ကလို လူတိုင်းနဲ့အဆင်ပြေအောင်ကြိုးစားပြီးနေမယ့် ချမ်းကြီးမဟုတ်တာတော့ သေချာပါတယ်....Keep it Real!!ဒီvideoထဲကလို Karate Combat Training တွေလေ့ကျင့်ချင်ရင်လည်း ကျွန်တော့်ကိုဆက်သွယ်ပြီး လာရောက်လေ့ကျင့်နိုင်ပါတယ်….

(video အစအဆုံးကို မနက်ဖြန်မနက် 8:00 အတိမှာ ဒီYouTube/FB channel ကနေတင်ပေးထားပါမယ်..link လေးချထားပေးပါမယ်..subscribe လုပ်ထားပြီး ဘေးက ခေါင်းလောင်းပုံလေးမှာ All ကို အမှန်ခြစ်လေးလုပ်ထားပေးထားပါ..video အသစ်တွေတင်တိုင်း ကျွန်တော့်ရဲ့မိတ်ဆွေတွေအားလုံး အရင်သိစေချင်တဲ့ စိတ်လေးတစ်ခုပါပဲဗျ..ကျေးဇူးတင်ပါတယ်..YT link 👇🏼👇🏼👇🏼 https://youtu.be/hMJe6b0pPiY?si=_jzSvhDO6LgkonFe

14/08/2025

ကြမ်းတာရမ်းတာ သဘောကျတာလား ၊ မြန်ဆန်ဖျတ်လတ်တာကို ကြိုက်တာလား, Karate…ကရာတေးပညာကို လေ့လာကြည့်ပါ။ သင့်အတွက် ကျွန်တော်တို့ ကရာတေးသမားတွေက မျှဝေပေးဖို့အဆင်သင့်ပါ ခင်ဗျာ…..။

….ဒါက YouTube video link
အရင်ဆုံးfollow,like,share/Subcribeတော့လုပ်...
https://youtu.be/pvWy19lduZY?si=7vChIKW-Zwxcn5p3 +

Aye Chan Naing Nway Nway Zaw Win

TikTok · Death Note 13/08/2025

Martial art သမားတွေ\ စိတ်ဝင်စားတဲ့သူတွေ အတွက်
#ကရာတေးဆိုတာဘာလဲ???
အစအဆုံးကို နောက်ရက်တင်ပေးသွားမယ်..မစောင့်နိုင်ရင် YouTube မှာတင်ထားပြီးပြီဆိုတော့ သွားကြည့်လို့ရပါတယ်..follow,like,share/Subcribeတော့လုပ်သွား..link….အဆုံးထိကြည့်နော်..ကြည့်ဖြစ်အောင်ကြည့် hak......
https://youtu.be/pvWy19lduZY?si=7vChIKW-Zwxcn5p3
Aye Chan Naing Nway Nway Zaw Win
Karate Subcommittee, Mandalay Region. Bahtoo stadium; Mandalay.

TikTok · Death Note Check out Death Note’s video.

Photos from Monster Karate Club's post 29/04/2025

၂၀၂၂ ၊၄လပိုင်း ၁ ရက်နေ့က သင်တန်းသား (၇)ယောက်နဲ့ စတင်ခဲ့တဲ့ ကိုယ်ပိုင် ကလပ်လေး
အခက်အခဲမျိုးစုံကိူကျော်ဖြတ်ပြီး ၃ နှစ်ပြည့်ခဲ့ပြီ
ဝါသနာ ကိုအရင်းခံလို့ မျိုးဆက်သစ် တွေလည်းမွေးထုတ်ပေးနိုင်ခဲ့တယ်
၂၈.၃.၂၀၂၅ ငလျင်ဒဏ် မတိုင်ခင်ထိ သင်တန်းသား ၃၀၀ ကျော် ကိုလေ့ကျင့်ပေးနိုင်ခဲ့တယ်
ကိူယ်တတ်တဲ့ပညာကို အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ ရပ်တည်ခဲ့ပြီး ငွေကြေးမတတ်နိုင်သူတွေ Talent ရှိတဲ့သူတွေက်ုလည်း အခကြေးငွေ မယူဘဲ လေ့ကျင့်သင်ကြားလက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်

ရှေ့လျှောက် ဘာအခက်အခဲဘဲရှိရှိ သိထားသမျှ
တတ်ထားသမျှ တွေကိုလည်း မျှဝေသွားအုန်းမှာပါ

အခု ၁ ကနေပြန်စရလည်း သုည ဘဝကလာခဲ့တာမလို့ တက်မရှိရင် လက်နဲ့ လှော်ပြီး ပန်းတိုင်ဆီ သွားနေအုန်းမှာဘဲ

ငွေကြေးအခက်အခဲရှိပြီး ကရာတေးပညာရပ်ကို လေ့လာလေ့ကျင်လိုသူများလည်း ဖိတ်ခေါ်ပါတယ်

သင်တန်းလည်းပြန်လည်စတင်နေပြီဖြစ်လို့ Member အသစ်များကိုလည်း Monster karate club မိသားစုမှ နွေးထွေးပျူငှါစွာ ဖိတ်ခေါ်လိုက်ပါတယ်

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


အား/ကာသိပ္ပံ(မန္တလေး) ကရာတေးလေ့ကျင့်ရေးခန်းမ၊၆၈လမ်း-၁၀၃*၁၀၄လမ်းကြားဂိတ်
Mandalay
05041