Wolves Club Gym & Fitness

Wolves Club Gym & Fitness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wolves Club Gym & Fitness, 32ndStreet , Bet 75*76 Street, Mandalay.

05/01/2026

🐺 Wolves Club Gym & Fitness Center
မင်းရဲ့ Body ကို
စိတ်ကူးထဲကနေ လက်တွေ့အဖြစ် ပြောင်းလဲချင်လား?

ဝိတ်ချချင်သူ၊
Body ပြင်ချင်သူ၊
Six Packs ရချင်သူ၊
Confidence ပြန်တက်ချင်သူတိုင်းအတွက်..

👉 Wolves Club Gym က
Result ထွက်အောင် အတူတူလမ်းလျှောက်ပေးမယ့်နေရာပါ။

💥 Equipment စုံစုံလင်လင်
💥 Air-Con အေးအေးလေးနဲ့ သက်တောင့်သက်သာ
💥 စိတ်တူကိုယ်တူ Body Transformation လုပ်ချင်သူများ စုစည်းရာ
💥 Beginner ကနေ Advanced အထိ အဆင်ပြေတဲ့ Gym

ပိုမြန်တဲ့ Result တွေလိုချင်လား?
👉 Personal Training နဲ့
တစ်ဦးချင်းစနစ်တကျ Train ပေးတဲ့
အတွေ့အကြုံရှိ Trainer များလည်း ရှိပါတယ် 💪

💰 Member Fees

▫️ 1 Day – 8,000 Ks
▫️ 1 Week – 30,000 Ks
▫️ 1 Month – 80,000 Ks
▫️ 2 Months – 160,000 Ks
▫️ 3 Months – 250,000 Ks (+ 1 Month Free)

Personal Training Fees
▫️ 1 Month – 400,000 Ks (+ Gym Fees)

⏰ Opening Hours

🕕 6:00 am – 11:00 am
🕒 3:00 pm – 7:00 pm

❌ တနင်္ဂနွေနေ့တိုင်း Gym ပိတ်ပါသည်

🏬 Address – 32 Street, 75–76 Street, Mandalay
📞 Phone – 09 968 541 670

မနက်ဖြန်ဆိုပြီး မစောင့်ပါနဲ့။
ဒီနေ့ပဲ စတင်ပါ။
ကိုယ့်ကိုယ်ကို “ငါလုပ်နိုင်ခဲ့ပြီ” လို့
ဂုဏ်ယူချင်ရင်..

👉 Wolves Club Gym & Fitness Center ကို
အခုလာခဲ့ပါ 🐺🔥





31/12/2025

အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🐺💪

Wolves Club Gym & Fitness မှ
မိသားစုဝင် Member များအားလုံးကို
နှစ်သစ် ၂၀၂၆ ခုနှစ်အတွက်
ကျန်းမာခြင်း၊ ခွန်အားအပြည့်နဲ့
ရည်မှန်းချက်တိုင်း အောင်မြင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏✨

📌 အသိပေးချက်
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁) ရက်
ကြာသပတေးနေ့တွင်
Wolves Club Gym ကို တစ်ရက်ပိတ်ထားမည် ဖြစ်ပါသည်။

နှစ်သစ်မှာလည်း
ပိုမိုကောင်းမွန်တဲ့ Training များနဲ့
အတူတကွ ဆက်လက်ကြိုးစားသွားကြပါစို့ 💪🔥

Happy New Year 2026 🎉
Wolves Club Gym & Fitness 🐺

08/10/2025

🏋️‍♂️ WOLVES CLUB GYM & FITNESS 🐺

အားလုံးစောင့်နေကြတဲ့ သတင်းကောင်းလေးပါ‼️
Gym ပြန်ဖွင့်လိုက်ပါပြီ 🎉

📅 ဖွင့်ချိန်
⏰ မနက် – 6:00 AM မှ 11:00 AM
🌇 ညနေ – 3:00 PM မှ 7:00 PM
📌 တနင်္ဂနွေ – ပိတ်သည်

📞 ဆက်သွယ်ရန် – 09968541670

သန်မာလှပတဲ့ ကိုယ်ခန္ဓာအတွက်
ပြန်လည်စတင်ကြပါစို့ 💪🔥
No excuses. Just results!

03/10/2025

✨🏋️‍♂️ Thadingyut Holiday Notice 🏋️‍♀️✨

သီတင်းကျွတ် ပွဲတော် အထိမ်းအမှတ်အဖြစ်
ကျွန်တော်တို့ Gym သည်
အောက်တိုဘာ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ပိတ်ပါမယ်ဗျ။

🎉 အောက်တိုဘာ ၈ ရက်နေ့မှ စတင်၍ ပုံမှန်ဖွင့်လှစ်ပါမည်။

အားလုံးအတွက် သီတင်းကျွတ် ပွဲတော်ကာလမှာ
အိမ်သားမိသားစုများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေ။ 🌸🙏

&fitness

31/08/2025

ကျွန်တော်တို့ အကြောင်းအရာတစ်ခုခု ပြန်ပြောကြတဲ့အခါမှာ အောင်မြင်ခဲ့တဲ့သူတွေအကြောင်းပဲပြောဖြစ်ကြပါတယ်. . .

မအောင်မြင်ခဲ့တဲ့သူတွေ
ပြောင်းလဲဖို့တုံ့ဆိုင်းနေတဲ့သူတွေအကြောင်း
ထည့်ပြောနေစရာမှမလိုတာ
Result နဲ့ပဲ ဆုံးဖြတ်ခဲ့ကြတယ်မလား ?

အိမ်ထဲမှာထိုင်ပြီး “ ငါဝိတ်ချချင်လိုက်တာ
Six Packs နဲ့ စော်ကြည်ချင်လိုက်တာ ” လို့
စိတ်ကူးတွေယဉ်နေမယ့်အစား လက်တွေ့ထလုပ်လိုက်တာ ပိုမကောင်းဘူးလား ?

အိပ်မက်တွေကို လက်တွေ့ပြောင်းနိုင်ဖို့
သင့်တော်တဲ့နေရာတော့ လိုအပ်မယ်လေ

ထိုကွက်လပ်လေးကို Wolves Club က ဖြည့်ဆည်းပေးပါရစေဗျ 🙌🏼

☑️ ဘယ်နေရာကလာလာ သွားလာရလွယ်ကူပြီး
အချက်အချာကျတဲ့ မန္တလေးမြို့လည်ခေါင်မှာတည်ရှိတဲ့ Gym

☑️ Equipment စုံစုံလင်လင်နဲ့
Body ကို သေချာပြင်ပေးနိုင်မယ့် Gym

☑️ Air-Corn အေးအေးလေးနဲ့
စိတ်တူကိုယ်တူ Body Transformation လုပ်ချင်သူများ စုံစည်းရာ Gym

သင်လည်းသူတို့လိုပဲ ‘ ငါလုပ်နိုင်ခဲ့ပြီ ‘ ဆိုတဲ့စကားနဲ့
ကိုယ့်ဘာကိုဂုဏ်ယူရတဲ့ လူတစ်ယောက်ဖြစ်နိုင်တာမို့
ပြောင်းလဲချင်ရင် Wolves Club Gym ထဲကို ဝင်ခဲ့ပါ။

ပုံမှန်ထက်ပိုမြန်တဲ့ result တွေလိုချင်တယ်
General ဆိုတာထက်ပိုတဲ့ Personal Training တွေရချင်တယ်ဆိုရင်တော့ Wolves Club မှာ တစ်ဦးချင်း စနစ်တကျ train ပေးမယ့် personal trainer များလည်း ငှါးလို့ရပါတယ်ဗျ 🤜🤛

Wolves Club Gym & Fitness Center
Member fees
▫️1 day-8000kyats
▫️1 week-50000kyats
▫️1 month -80000kyats
▫️2 months-160000kyats
▫️3 months-250000kyats +(*1month free*)

* Personal fees *
1month -400000kyats+(gym fees)

Opening Hours - 6:00 am to 11:00 am
3:00 pm to 7:00 pm

*တနင်္ဂနွေနေ့တိုင်း Gym ပိတ်ပါသည်

🏬 Address-32Street ,75-76 street, Mandalay..
📞 Ph-09968541670





23/08/2025

Bodybuilding တစ်ယောက်အတွက် အိပ်စက်ခြင်းဟာ အရမ်းအရေးကြီးပါတယ်။ အိပ်စက်ခြင်းဟာ ကြွက်သားတွေကို ပြန်လည်ပြုပြင်ပေးပြီး ကြီးထွားမှုကို အားပေးတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် Bodybuilding လုပ်တဲ့သူတွေဟာ အိပ်စက်ချိန်ကို သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။

>>Bodybuilders တွေအတွက် အိပ်စက်ခြင်းရဲ့ အရေးပါမှု
1. ကြွက်သားပြန်လည်ပြုပြင်ခြင်း
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ကြွက်သားတွေမှာ သေးငယ်တဲ့ဒဏ်ရာတွေဖြစ်ပေါ်ပါတယ်။ အိပ်စက်ချိန်မှာ ခန္ဓာကိုယ်က ဒီဒဏ်ရာတွေကို ပြန်လည်ပြုပြင်ပေးပြီး ကြွက်သားတွေကို ပိုမိုသန်မာလာအောင် ကူညီပေးပါတယ်။

2. ဟော်မုန်းထုတ်လုပ်မှု
အိပ်စက်နေစဉ်မှာ Growth Hormone (ကြီးထွားမှုဟော်မုန်း) ထုတ်လုပ်မှုမြင့်တက်လာပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတည်ဆောက်မှုအတွက် အရေးပါပါတယ်။

3. စွမ်းအင်ပြန်လည်ဖြည့်တင်းခြင်း
အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးပြီး နောက်တစ်နေ့လေ့ကျင့်ခန်းအတွက် ပြင်ဆင်ပေးပါတယ်။

4. စိတ်ဖိစီးမှုလျော့ကျခြင်း
အိပ်စက်ခြင်းဟာ Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ကို လျော့ကျစေပြီး ကြွက်သားတွေကို ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။

>> Bodybuilders တွေအတွက် အိပ်စက်ချိန်၊

- ပျမ်းမျှအိပ်စက်ချိန်၊
Bodybuilders တွေဟာ တစ်ညမှာ ၇-၉ နာရီကြာ အိပ်စက်သင့်ပါတယ်။ ဒါဟာ ကြွက်သားတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ ကြီးထွားမှုကို အားပေးဖို့ လုံလောက်တဲ့အချိန်ဖြစ်ပါတယ်။

>>အိပ်စက်ခြင်းကို မြှင့်တင်နည်း

1. အိပ်ချိန်ဇယားသတ်မှတ်ပါ၊
နေ့တိုင်း တူညီတဲ့အချိန်မှာ အိပ်ပြီး တူညီတဲ့အချိန်မှာ နိုးအောင် ကြိုးစားပါ။

2. အိပ်ခါနီးမှာ စိတ်ငြိမ်အောင်လုပ်ပါ၊
အိပ်ခါနီးမှာ ဖုန်းသုံးတာ၊ တီဗီကြည့်တာမျိုးကို ရှောင်ပါ။ စာအုပ်ဖတ်တာ၊ တရားထိုင်တာမျိုးလုပ်ပါ။

3. အိပ်ခန်းကို အမှောင်ချပါ၊
အမှောင်ဟာ Melatonin (အိပ်စက်ခြင်းဟော်မုန်း) ထုတ်လုပ်မှုကို အားပေးပါတယ်။

4. ကဖိန်းဓာတ်ကို ရှောင်ပါ၊
ညနေပိုင်းမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်တာမျိုး ရှောင်ပါ။

5. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။


21/06/2025

🎉 Wolves Club Gym & Fitness — 6 Year Anniversary 🎉

အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏
ကျွန်ုပ်တို့ Wolves Club ဟာ စတင်ခဲ့သောနေ့မှစပြီး
ယနေ့အထိ ၆ နှစ်ပြည့် ဖြစ်လာပါပြီ။

🙌 အထူးကျေးဇူးတင်ပါတယ် Members များအားလုံးကို
စိတ်အားထက်သန်မှုနဲ့ရော၊ ချစ်ခြင်းမေတ္တာနဲ့ပါရော
စဉ်ဆက်မပြတ်အားပေးခဲ့ကြတဲ့အတွက်…

Wolves Club ဆိုတာ Gym တစ်ခုသာမက
ကျွန်တော်တို့ “Team, Family, and Brotherhood” တစ်ခုပါ။

လာမယ့်အချိန်တွေမှာလည်း
ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့
အတူတူ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေအောင်မြင်အောင်
ဆက်လက်တည်ဆောက်သွားဖို့ကတိပြုပါတယ်။

ကျေးဇူးအထူးတင်ပါတယ်။
Wolves Club Gym & Fitness
More than just a gym — it’s a pack. 🐺💪

16/06/2025

🏆 WOLVES CLUB GYM & FITNESS
🎉 ၆ နှစ်မြောက် အထိမ်းအမှတ်နေ့ မှာ အားလုံးကိုဖိတ်ခေါ်ပါတယ်!

Wolves Club Gym & fitness 😍
၆ နှစ်တာကို အတူလက်တွဲလာကြတဲ့ Members များအား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ဒီအောင်မြင်မှုရဲ့နောက်ကနေ ပြန်ကျေးဇူးတင်ဖို့
ကျွန်တော်တို့ Wolves Club က ပျော်စရာ အစီအစဉ်ကြီး တစ်ခုကို စီစဉ်ထားပါတယ်။

🗓️နေ့ရက် – 18 ဇွန် 2025 (ဗုဒ္ဓဟူးနေ့)
🕔 အချိန် – ညနေ့ 5 နာရီ မှ 6 နာရီ
📍 နေရာ – Wolves Club Gym & Fitness
75:32လမ်း

💥 အစီအစဉ်မှာ ပါဝင်မယ့်အရာများ —
🎁 Lucky Draw (ကံစမ်းမဲဖောက်ခြင်း)
🍩 မုန့်၊ အအေး ကျွေးမွေးဧည်ခံခြင်း၊

🔥 Member အသစ်၊ အဟောင်း မရွေး
အားလုံး လာရောက်ပျော်ရွှင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ကိုယ့်ကိုယ်ကိုပြောင်းချင်တဲ့စိတ်နဲ့ Wolves ကို ယုံကြည်အားထားသူတိုင်းအတွက် —
ဒီနေ့က အမှတ်တရဖြစ်လိမ့်မယ်။

🖤 WOLVES CLUB GYM & FITNESS
“More than just a gym — It’s a Pack.”

30/04/2025

☀️ ပူပြင်းလှတဲ့ မန္တလေးနွေမှာ 𝐖𝐨𝐥𝐯𝐞𝐬 𝐆𝐲𝐦 ကို လာပီး အပူရှောင်လို့ ရနေပီနော် 📣

👷 ငလျင်ပီး အဆောက်အဦး ကြံ့ခိုင်မှုများအတွက် ကျွမ်းကျင် အင်ဂျင်နီယာများနဲ့ အထူးပြန်လည် စစ်ဆေးပီးသည့်အပြင်….

✅ 𝟐𝟒𝐡𝐫 𝐞𝐥𝐞𝐜𝐭𝐫𝐢𝐜𝐢𝐭𝐲 𝐰𝐢𝐭𝐡 𝐬𝐨𝐥𝐚𝐫 𝐬𝐲𝐬𝐭𝐞𝐦 များတပ်ဆင်ပီး ကစားသမား များအဆင်ပြေစေရန် အကောင်းဆုံး ဝန်ဆောင်မှုများ စီစဉ်ပေးထားပါတယ်။

❄️ အဲကွန်းများလဲ အထပ်တိုင်း အေးစိမ့်အောင် ဖွင့်ပေးထားတာမို့ အပူရှောင်ရင်း 𝐛𝐨𝐝𝐲 𝐠𝐨𝐚𝐥 တွေ အမြန်ဆုံး ဖန်တီးလိုက်ကြပါစို့။

🏋🏻 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐭𝐫𝐚𝐢𝐧𝐞𝐫 များကိုလဲ ကြိုဆိုလျက်ပါ ခင်ဗျာ။

စျေးနှုန်းများ
————————————-
▫️𝟭 𝗱𝗮𝘆 - 𝟳𝟬𝟬𝟬𝗸𝘆𝗮𝘁𝘀
▫️𝟭 𝘄𝗲𝗲𝗸 - 𝟰𝟬𝟬𝟬𝟬𝗸𝘆𝗮𝘁𝘀
▫️𝟭 𝗺𝗼𝗻𝘁𝗵 - 𝟳𝟬𝟬𝟬𝟬𝗸𝘆𝗮𝘁𝘀
▫️𝟮 𝗺𝗼𝗻𝘁𝗵𝘀 - 𝟭𝟰𝟬𝟬𝟬𝟬𝗸𝘆𝗮𝘁𝘀
▫️𝟯 𝗺𝗼𝗻𝘁𝗵𝘀 - 𝟮𝟮𝟬𝟬𝟬𝟬𝗸𝘆𝗮𝘁𝘀 +(*𝟭𝗺𝗼𝗻𝘁𝗵 𝗳𝗿𝗲𝗲*)

𝗣𝘁 𝗳𝗲𝗲𝘀
𝟭𝗺𝗼𝗻𝘁𝗵 - 𝟰𝟬𝟬𝟬𝟬𝟬𝗸𝘀+gym fees

Wolves Club Gym & Fitness

🏡 ၃၂လမ်း ၇၅x၇၆ကြား ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ 09-968541670

24/04/2025

📢 𝐆𝐘𝐌 ဖွင့်ရက် အသိပေးကြေညာခြင်း 📢

အားလုံးပဲ မင်္ဂလာပါခင်ဗျ…

ကျွန်တော်တို့ 𝐖𝐨𝐥𝐯𝐞𝐬 𝐆𝐲𝐦 အား
✅ 𝟮𝟴.𝟰.𝟮𝟱 (𝐌𝐨𝐧𝐝𝐚𝐲) တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါမည်။

✅ အစားထိုးပိတ်ရက်များကိုလဲ ပြန်လည်ပေးသွားမည်ဖြစ်ပါသဖြင့် အမြန်ဆုံးလာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

✅ 𝐦𝐞𝐦𝐛𝐞𝐫𝐬 များ 𝐬𝐚𝐟𝐞𝐭𝐲 အတွက် အဆောက်အဦးကြံ့ခိုင်မှုကိုလဲ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ခေါ်ယူစစ်ဆေး သေချာပြင်ဆင်ပီး ဖြစ်ပါသည်။

32လမ်း 75:76 Mandalay
📞-09968541670

17/04/2025

Wolves Club gym မှ Members များ ခင်ဗျ
(၂၈.၃.၂၅)ရက်နေ့တွင် လှုပ်ခတ်သွားသော ငလျင်ကြောင့် ကျွန်တော်တို့ Gym ခန်းမ ထိခိုက်ပျက်စီးမှုများ သိပ်မရှိခဲ့သော်လည်း
ကစားသမားများ၏ safety အတွက် အဆောက်ဦး ကြံခိုင်မှုများ ၊ Gym အတွင်း ပြောင်းလဲခြင်းများ ကို ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ပြန်လည်စစ်ဆေး ပြုပြင်မည်ဖြစ်ပါသဖြင့် ခတ္တခန ပိတ်ထားမည် ဖြစ်ကြောင်း အသိပေးပါရစေ။
သင်တန်း ပြန်ဖွင့်မည့်ရက်ကို ယခု Page တွင် ပြန်လည် ကြေညာပေးသွားပါမည်။
အားလုံးပဲ နှစ်သစ်မှာ ကပ်ဘေးအန္တရယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းရင်း….

Wolves Club Gym & fitness
32,75*76 MDY

08/01/2025

Bulking လုပ်ချင်သူများအတွက် အရေးပါဆုံးအချက်များ

1. Protein လုံလောက်စွာစားပါ🍗🥩

ပရိုတင်းက ကြွက်သားတွေတည်ဆောက်ဖို့၊ ထိန်းသိမ်းဖို့အတွက် အလွန်အရေးကြီးပါတယ်။
ပရိုတင်းကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ချင်း 1.3-1.8 ဂရမ်စီစားသုံးသင့်ပါတယ်၊

2. Carbohydrate လုံလောက်စွာစားပါ🍚

Carbohydrate က glycogen ထုတ်လုပ်ဖို့ အရေးကြီးပြီး၊ ဒီ glycogen က လေ့ကျင့်ခနိးပြုလုပ်ရာတွင်လိုအပ်တဲ့စွမ်းအင်ဖြစ်ပါတယ်။
အထူးသဖြင့် ကာဗိုဟိုဒြိတ်များစွာစားခြင်းက insulin spike ဖြစ်စေပြီး၊ ကြွက်သားတိုးမြှင့်မှုကို အထောက်အကူပေးနိုင်ပါတယ်။

3. Rest and Recovery 🛏️

အနားယူခြင်းနှင့် ပြန်လည်ကောင်းမွန်ခြင်းကို ဦးစားပေးပါ ပြင်းထန်သော လေ့ကျင့်ခန်းများသည် သင့်ကြွက်သားများအတွင်း microtears ဖြစ်စေနိုင်သောကြောင့် သင့်ခန္ဓာကိုယ်က သူ့အလိုလို ပြန်လည်ပြုပြင်ရန် အချိန် လိုအပ်ပါသည်။
အိပ်ချိန်တစ်ရက်ကို 7 to 8 နာရီလုံလောက်စွာအိပ်ပါ။

4. Cardio လုပ်ပါ🚴🏻‍♂️

Cardio သည် နှလုံးသွေးကြောကျန်းမာရေးနှင့် body အလုံးစုံကြံ့ခိုင်မှုကို ထိန်းသိမ်းရန်အတွက် အရေးကြီးပါသည်။

5. Take supplements ဖြည့်စွက်စာ💊

Creatine,protein, amino သောက်သုံးခြင်းက သင့်ကြွက်သားများ ကြီးထွားလာမှုကို အထောက်ကူပြုစေပါတယိ။
Caffeine (ကဖိန်းဓာတ်)က သင့်ကို အချိန်ကြာကြာ လေ့ကျင့်ရန်နှင့် ပင်ပန်းနွမ်းနယ်မှုကို ဒဏ်ကူညီပေးပါတယ်။

အောင်မြင်ပါစေ။
-nca

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


32ndStreet , Bet 75*76 Street
Mandalay