Info-Fix Computer Service & Training

Info-Fix Computer Service & Training

Share

Door-to-Door Service & Training

Our work is the presentation of our capabilities!!

လူကြီးမင်းတို့၏ကုမ္ပဏီရုံးခန်း၊ဆိုင်ခန်းနှင့် နေအိမ်များအထိ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများ စတင်နေပါပြီ။

08/10/2017

Facebook Login ၀င်ရောက်ရာတွင် မိမိမျက်နှာပုံရိပ်ဖြင့် login ၀င်ရောက်နိုင်မည့် နည်းလမ်းကို Facebook team မှ စမ်းသပ်နေကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ Facebook မှ မျက်နှာခွဲခြမ်း စိတ်ဖြာခြင်း နည်းလမ်းကို Account recovery အဆင့်များမှာ အသုံးပြုပြီး လုံခြုံရေးတိုးမြှင့်မယ့် သဘောရှိပါတယ်။ လက်ရှိ user များ အသုံးပြုနေတဲ့ Two - factor Authentication နည်းလမ်းလိုပဲ user များအတွက် လုံခြုံရေးအလွှာတစ်ခုအဖြစ် တီထွင်စမ်းသပ်မှုအသစ်သာ အောင်မြင်ခဲ့မယ်ဆိုရင် Account ဆုံးရှုံးမှုအတွက် စိတ်ပူစရာမလိုပဲ လွယ်ကူလျှင်မြန်စွာ Account ပြန်လည်ရယူနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်လာမှာ အသေအချာပါ။ လက်ရှိမှာတော့ user အနည်းငယ်နဲ့ စတင်စမ်းသပ်နေပြီး စမ်းသပ်မှုအောင်မြင် အသုံးဝင်မယ်ဆိုရင်တော့ တကမ္ဘာလုံးကို ဖြန့်ချီပေးမယ်လို့ သိရှိရပါတယ်။

Photos from Info-Fix Computer Service & Training's post 04/09/2017

နေ့စဉ်အသုံးပြုနေရတဲ့ Computer Scree က သင့်အတွက် စိတ်အပန်းပြေစရာ အလှည့်အပြောင်းလေးဖြစ်အောင် Wallpaper Design လေးတွေ ပြောင်းကြည့်ရအောင်လား.......
3D Design HD Wallpaper လေးတွေ မျှဝေပေးလိုက်ပါတယ်။

Photos from Info-Fix Computer Service & Training's post 04/11/2016

Xiaomi ရဲ့ နောက်ဆုံးထုတ် smart phone တစ်လုံးဖြစ်တဲ့ Mi Mix ဟာ ဒီဇိုင်းဆိုင်ရာ ဆန်းသစ်မှုတွေနဲ့ အံ့သြမင်သက်စရာ ဖုန်းတစ်လုံးအဖြစ် တည်ရှိခဲ့ပါတယ်။ ဖုန်းဒီဇိုင်းကို တီထွင်ခဲ့သူ ပြင်သစ်ဒီဇိုင်နာ Philippe Starck ရဲ့ ဆန်းသစ်တီထွင်နိုင်မှုကို သဘောကျမိလို့ သူတီထွင်ခဲ့တဲ့ အခြားသော နည်းပညာဆိုင်ရာ ပစ္စည်းဒီဇိုင်းတွေကို စုစည်ရှာဖွေပေးလိုက်ပါတယ်။

HD Computer Wallpaper 31/10/2016

OS Name တွေနဲ့ Wallpaper HD တွေကို စုပေးထားပါတယ်။

www.piriform.com 30/10/2016

Computer အသုံးပြုသူအများစု ကြုံရတတ်တဲ့ အခက်အခဲတစ်ခုကတော့ အသုံးပြုတာကြာလေလေ Window က လေးလာတယ်လို့ ခံစားရလေလေပါပဲ။ အရိုးရှင်းဆုံး အခြေအနေကနေ စပြီး စဉ်းစားကြည့်ကြရအောင်...Virus သို့မဟုတ် Hardware Error ကြောင့်မဟုတ်ဘူးဆိုရင်တော့ ဒါဟာ စက်ထဲမှာ Cache တွေများလာလို့ပါပဲ။ Cache ဆိုတာကတော့ အလွယ်ပြောရမယ်ဆိုရင် User တွေသုံးထားသမျှ အချက်အလက်တွေကို စက်က ယာယီမှတ်ထားပေးတာမျိုးပါ။ အဲဒီ့လို Cacheတွေကို စုဆောင်းရင်း တဖြည်းဖြည်းများလာတဲ့အခါ စက်လေးလာတာမျိုးပေါ့။ ပုံမှန်ဖြေရှင်းလို့ရတဲ့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ Third-party Software တစ်ခုဖြစ်တဲ့ C-Cleaner Software လေးကို ညွှန်းချင်ပါတယ်။ 32 bit , 64 bit ခွဲပေးထားပြီး free version ပေးထားတာကလည်း တော်တော်အကျိုးသက်ရောက်တာမို့ သုံးပျော်တဲ့ Software တစ်ခုပါ။

C- Cleaner Application ကို Install လုပ်ထားပြီးတာနဲ့ ပုံမှန် တစ်ပါတ်ကိုတစ်ကြိမ်လောက် Cache ရှင်းပေးနိုင်မယ်ဆိုရင် စက်လေးတဲ့ ပြဿနာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာအမှန်ပါပဲ။ Application မှာ အသုံးပြုနိုင်တဲ့ feature တွေအများကြီးထဲကမှ အပေါ်ဆုံး Cleaner tab ကလေးကနေ Run cleaner ဆိုပြီး Cache ရှင်းပေးနိုင်ပါတယ်။ နောက် tab တစ်ခုဖြစ်တဲ့ Registry tab ကို သုံးမယ်ဆိုရင်တော့ clear မလုပ်ခင်မှာ registry backup သိမ်းထားတာက အကောင်းဆုံးပါပဲ။ Software တွေကို Uninstall ပြုလုပ်နိုင်သလို Window စဖွင့်ဖွင့်ခြင်း နောက်ကွယ်မှာ ဘယ် program ကိုတော့ Run စေချင်တယ်….ဘယ် program ကိုတော့ မဖွင့်စေချင်ဘူး ဆိုတာမျိုးလည်း ရွေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ Computer Technician တွေအတွက် အသုံးဝင်မယ့် feature တွေစုံလင်သလို အသုံးပြုသူ user တွေလည်း မိမိရဲ့ computer ကို အခြေခံ ထိန်းသိမ်းနည်းလေးအဖြစ် ဆောင်ထားပြီး အသုံးပြုနိုင်မယ့် Software တစ်ခုပါ။ နောက်ဆုံးထွက် version ဖြစ်တဲ့ v5.23.5808 က ၂၀၁၆၊ အောက်တိုဘာလ၊ ၁၈ ရက်နေ့ကမှ ထွက်ရှိထားပါတယ်။ File size 7 MB ကျော်ကျော်ပဲရှိတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုရလွယ်ကူပါတယ်။ဒီ Software လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ https://www.piriform.com/ccleaner/download မှာ Download ရယူနိုင်ပါတယ်။

နောက်နေ့တွေမှာလည်း အခြေခံ computer အသုံးပြုပုံတွေ၊ free software ကောင်းကောင်းလေးတွေ နဲ့ ၊ IT ဆိုင်ရာ ဗဟုသုတရစရာတွေကို တတ်အားသမျှ မိတ်ဆက်ပေးသွားပါ့မယ်။မိမိကိုယ်ပိုင် computer ကို အခြေခံနည်းလေးတွေနဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းတတ်စေချင်တာ ကျွန်တော်တို့ရဲ့ စေတနာပါ။

www.piriform.com

26/10/2016

မင်္ဂလာပါ။ Info_Fix Computer Service & Training မှ ကြိုဆိုပါတယ်။

လူကြီးမင်းတို့ရဲ့ အိမ်၊ရုံးခန်း၊ဆိုင်ခန်း နဲ့ ကုမ္ပဏီများအထိ အိမ်တိုင်ရာရောက် Door-to-Door စနစ်နဲ့ ၀န်ဆောင်မှု ပေးနေပြီဖြစ်ပါတယ်။

ကျွန်တော်တို့ Info_Fix Computer Service & Training မှ

Computer ပြုပြင်ခြင်းဆိုင်ရာ ၀န်ဆောင်မှုအဖြစ်…

- Window တင်ခြင်း၊ပြုပြင်ခြင်း။
- Hardware/Software Error ဖြေရှင်းပေးခြင်း။
- Software Installation ပြုလုပ်ပေးခြင်း။
- Virus စစ်ဆေးပေးခြင်း နှင့်
- အိမ်ရုံးများသို့ လချုပ်စနစ် ၀န်ဆောင်မှုပေးခြင်းများကို ………

ပြုလုပ်ပေးနေပါသည်။

နည်းပညာဆိုင်ရာ Training များအဖြစ်

- အခြေခံ Computer Basic Course
- ရုံးလုပ်ငန်းများအတွက် Office Course
- ကွန်ပျုတာပြုပြင်လိုသူများအတွက် A+ Course များကို………

ချိုသာသော ဈေးနှုန်းဖြင့် သင်ကြားပေးနေပါသည်။

မန္တလေးမြို့နဲ့ အနှီးတဝိုက်အတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပြုလုပ်ပေးလျက်ရှိပြီး .… ရပ်နီးရပ်ဝေးမှ Customer များ သိလိုသော Computer ဆိုင်ရာ ပြဿနာများကို ဖုန်းဖြင့်ဖြစ်စေ … Facebook messenger မှ ဖြစ်စေ … page post မှ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Between 61st × 62 Nd Street, Khayae Street
Mandalay