24/08/2025
ပထမဦးစွာ Target Fitness Center ဖွင့်ခဲ့တဲ့ ၈နှစ်အတွင်း အားပေးခဲ့ကြတဲ့ မန်ဘာ တစ်ဦးတစ်ယောက်ဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
Target Fitness Center ကို "အပြီးတိုင် ပိတ်သိမ်းမည်" ဖြစ်ကြောင်း မန်ဘာများကို အသိပေး အကြောင်းကြားအပ်ပါသည်။
အခြား လုပ်ငန်းတစ်ခု ပြောင်းလဲလုပ်ကိုင်လိုခြင်းကြောင့် ဆိုင်ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
ပြန်ဖွင့်ဖို့ စောင့်ဆိုင်းနေတဲ့ မန်ဘာများအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်။
Target Fitness တွင် ကျန်ရှိနေသေးသော မန်ဘာကြေးများ၊PT ကြေးများကို ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ရှေ့တစ်ပတ် (၂၇.၈.၂၀၂၅) မှစ၍ မန်ဘာကြေးများကို Target Fitness Center တွင် စာရင်းသွင်းထားသော တယ်လီဖုန်းနံပါတ်အတိုင်း အစဉ်လိုက် ဆက်သွယ်ပြီး Refund လုပ်ပေးပါမယ်။
အခွင့်အလမ်းများရှိခဲ့ရင် အာလုံးနဲ့ပြန်ဆုံချင်ပါတယ်။
အားလုံး Good Luck 🤞🤞🤞
13/04/2025
ချစ်ခင်လေးစားရသော Target Fitness ၏ Member များရှင့်………
28/03/2025 နေ့ရက်တွင် လှုပ်ခတ်ခဲ့သော ငလျှင်ဒဏ်ကြောင့် Target Fitness Center ကို ပိတ်ထားမည် ဖြစ်ကြောင်း Members များကို အသိပေးအပ်ပါသည်။
ပညာရှင်များနှင့် စစ်ဆေးခြင်းများပြုလုပ်ပြီး လူအများအတွက် အလုံးစုံ ဘေးကင်းပြီးမှသာ ပြန်လည်ဖွင့်လှစ်သွားပါမည်။
ကျန်ရှိနေသေးသော Membership Fee များကိုလည်း 28/3 ရက်နေ့ကတည်းက ဆိုင်းငံ့ထားပေးပါတယ်ရှင့်။
ဆက်လက်လုပ်ဆောင်မည့် Target Fitness Center ၏ လုပ်ဆောင်ချက်များကို ယခု Page မှတဆင့် Member များထံသို့ အသိပေးသွားပါမယ်ရှင့်။
Target Fitness Center ကို အစဉ်တစိုက်အားပေးလာခဲ့သော Members များကို ကျေးဇူးအထူးတင်ရှိပါသည်။
သတိတရနှင့် သတင်းမေးလာကြသော Members များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်❤️❤️❤️။
Member များအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ကျွန်တော်တို့မှ ကြိုးစားသွားပါမယ်။
13/03/2025
Happy Full Mon Day of Ta Baung..
မတ်လ ၁၃ , ၂၀၂၅
တပေါင်းလပြည့်နေ့ 🌕
(မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့)
တပေါင်းလပြည့် နေ့ထူးနေ့မြတ်မှစ၍
ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ စီးပွားလာဘ်လာဘများ တိုးတက်ပိုင်ဆိုင်နိုင်ပါစေလို့ TARGET FITNESS CENTER မှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်…🙏🙏🙏
27/12/2024
☃️ New Year ပိတ်ရက် ကြိုတင်ကြေညာခြင်း 🎇
New Year Holiday လေးက
🎇31 -12-2024 ( အင်္ဂါနေ့ ) နှင့် 1 -1-2025 ( ဗုဒ္ဓဟူးနေ့ ) အထိ ပိတ်မှာဖြစ်ပါတယ်
🎇2-1-2025 ( ကြာသပတေးနေ့ )မှစပြီး ပုံမှန်အတိုင်းဝန်ဆောင်မူများ.
ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပါတယ်
✨💫Happy New Year ဆုတောင်း 💥
💖May 2025 bring new opportunities, good health, and endless joy.
💖အားလုံးပဲ နှစ်ကူးကာလကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်းကျွန်တော်တို့
TARGET Fitness Center မိသားစုမှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျ 🙏💖