03/05/2023
Hta Wa Zin
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hta Wa Zin, Mandalay.
03/05/2023
05/12/2022
I phone cover
03/12/2022
Seven Stars Phone Spare Parts
Quality ကိုဦးစားပေးရမှာ Seven Star Phone Spare Parts ဆိုင်တာဝန်တာပါ
ဝယ်ယူအားပေးရမှာသင့်တာဝန်ပါ 😊
07/06/2022
15/03/2022
iOS 15.4 Official Update ထွက်ရှိလာပါပြီ
iOS 15.4 မှာဆိုရင်တော့ Face ID ကို Mask တပ်ထားပြီး unlock လုပ်နိုင်တဲ့ Feature အသစ်ကို ထည့်သွင်းပေးထားပါတယ်။ ဒီ Feature အသစ်ကတော့ iPhone 12 Series နဲ့ iPhone 13 Series တွေမှာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ အရင် Update တွေတုန်းကလို Face ID ကို Mask နဲ့ Unlock လုပ်ဖို့ Apple Watch ကို မလိုအပ်တော့ပါဘူး။
ဒါ့အပြင် Emoji အသစ်တွေများစွာလည်း ထည့်သွင်းပေးထားတာဖြစ်လို့ Update အပြုလုပ်သင့်ဆုံး Version တစ်မျိုးလဲဖြစ်ပါတယ်။
တခြားသော Feature တွေများစွာလည်းပါဝင်လာဦးမှာဖြစ်ပြီး SharePlay Feature နဲ့ App တွေဆီ Direct Share လို့ရနိုင်တဲ့ Feature အပါအဝင် iPhone တိုင်းအတွက် Bugs တော်တော်များများကို Fix လုပ်ပေးထားဦးမှာပါ။
ဒါတွေကတော့ လက်ရှိ iOS အသစ် 15.4 မှာ အကြီးမားဆုံးအပြောင်းလဲအနေနဲ့ပါဝင်လာတဲ့ Feature တွေဖြစ်လို့ Update အခုပဲ ပြုလုပ်ဖို့ အကြံပေးလိုက်ပါရစေ။
09/03/2022
Apple Event March 2022 ရဲ့ live မှီလိုက်လား? Apple fans တွေအတွက် မမှီလို့ မသိလိုက်မဖြစ်ရလေအောင် မကြည့်လိုက်ရတဲ့သူတွေအတွက် Event ရဲ့ အကျဥ်းချုပ် Highlights တွေ ထုတ်ထားပါတယ်. ဆက်ကြည့်လိုက်ရအောင်...
- M1 Ultra chip အသစ် -
● M1 chip family ရဲ့ ၄ဆက်မြှောက် chip အသစ်ဖြစ်ပြီး performance မှာ M1 chip တွေအားလုံးထဲ ထိပ်ဆုံးဖြစ်ပါတယ်
● System on a chip (SoC) မှာ 20-core CPU, 64-core GPU, and 32-core Neural Engine
● ဖွဲ့စည်းတည်ဆောက်ပုံအရ M1 Max chips ၂ခုကို ဆက်ထားတဲ့ပုံစံဖြစ်တာကြောင့် အရင်က အမြန်ဆုံးခဲ့ဖြစ်တဲ့ M1 Max ထက်တောင် ပိုမြန်ဆန်ပြီး performance ပိုကောင်းနေမှာပါ
- Mac Studio အသစ် -
● M1 Ultra chip အသစ်နဲ့ ထွက်ရှိလာတဲ့ Mac Studio အသစ် (M1 Max ဒါမှမဟုတ် M1 Ultra နဲ့ပါ ရရှိနိုင်မှာဖြစ်ပါတယ်)
● ဒီဇိုင်းမှာ Mac mini နဲ့ဆင်တူပြီး အလျားအနံ 7.7 inches စီရှိပြီး အမြှင့် 3.7 inches ရှိမယ့် desktop computer
● Heavy workload တွေ run တာကြာလာတဲ့အမျှ အပူမြှင့်မားအောင်နဲ့ performance မထိခိုက်အောင် အသံငြိမ်နေမယ့် double-sided blowers system အသစ်နဲ့ cool down လုပ်နိုင်မယ်
● Thunderbolt 4 ports ၄ခု၊ 10Gb Ethernet port ၁ခု၊ USB-A ports ၂ခု၊ HDMI ၁ခု၊ Pro audio jack ၁ခု၊ USB-C ports ၂ခုနဲ့ SD card slot ၁ခုတို့ ပါဝင်မှာပါ
- Studio Display အသစ် -
● 27-inch 5K Retina screen ဖြစ်ပြီး 14.7 million pixels ကျော်ပါဝင်မှာပါ
● We**am အတွက် 12MP Ultra Wide camera with Center Stage
● Speakers အတွက် high-fidelity six-speaker sound system with spatial audio
● iMac 2021 နဲ့ဆင်တူတဲ့ Aluminum ဒီဇိုင်းနဲ့ 30 degrees အထိ display ကို အပေါ်အောက်ချိန်လို့ရနိုင်မယ်
● Studio Display ရဲ့ features တွေအားလုံးကို A13 Bionic chip နဲ့ထိန်းချုပ်မှာဖြစ်ပါတယ်
- iPad Air 5th Generation (2022) အသစ် -
● M1 chip ပါဝင်မှာကြောင့် performance မှာ အရင်ထက်ပိုကောင်းလာမယ်
● Ultra Wide front camera အသစ်မှာ Center Stage ပါဝင်မယ်
● 5G Connectivity ပါဝင်တာမို့ transfer speeds ၂ဆ ပိုမြန်မယ်
● ဒီဇိုင်းမှာ အရင် model အတိုင်းပဲ 10.9-inch Liquid Retina display နဲ့ ရွေးချယ်စရာ space gray, starlight, pink, purple, blue စတဲ့ အရောင် ၅မျိုးနဲ့ ထွက်ရှိထားပါတယ်
- iPhone SE အသစ် -
● A15 Bionic chip ပါဝင်မှာဖြစ်ပါတယ်
● 5G Connectivity ပါဝင်တာမို့ downloads, uploads, streaming speeds တွေ အရင်ထက် ပိုမြန်မယ်
● Camera capabilities မှာ Smart HDR 4, Photographic Styles, and Deep Fusion တို့ပါဝင်မယ်
● ဒီဇိုင်းမှာ အရင် model အတိုင်းပဲ 4.7-inch Display နဲ့ ရွေးချယ်စရာ midnight, starlight, and (PRODUCT)RED စတဲ့ အရောင် ၃မျိုးနဲ့ ထွက်ရှိထားပါတယ်
- iPhone 13 lineup ရဲ့ အရောင်အသစ် -
● iPhone 13 Series အတွက် Green အရောင် color အသစ်
● iPhone 13 Pro Series အတွက် Alpine Green အရောင် color အသစ်
NAKZ GROUP CO., LTD ဟာ Apple Products များကို မြန်မာနိုင်ငံတဝန်းလုံးသို့ အကျယ်ပြန့်ဆုံး တင်သွင်းလျက်ရှိသော Trading company တစ်ခုဖြစ်ပါတယ်။
NAKZ GROUP
🏬 No 221, Room 10/11, 13th Floor, Sule Pagoda Road, Sule Square Office and Shopping Mall, Kyauktada Township.
📲 01 925 5155
📩 [email protected]
09/03/2022
02/02/2022
iPhone တွေမှာ application တွေကို lock ဘယ်လိုခတ်မလဲ❗️❗️
iPhone ကိုင်တဲ့သူတိုင်း ဒုက္ခရောက်တာတစ်ခုရှိပါတယ်။ အဲ့တာကတော့ App တွေကို lock ခတ်လို့မရတာပါပဲ။ Android ဖုန်းတွေမှာဆိုရင်
App တွေ lock ခတ်ဖို့အတွက် နည်းလမ်းပေါင်းများစွာရှိပေမယ့် IOS မှာတော့မရှိသလောက်ကိုရှားပါတယ်။ ဒီနေ့မှာတော့ iPhone မှာ App တွေကို lock ဘယ်လိုခတ်ရမလဲဆိုတာပြောပြပေးသွားမှာပါ။
-ပထမဆုံး clock ထဲကိုဝင်ပါ။
-Timer ထဲကိုသွားပြီးတော့ when timer ends မှာ stop playing ကိုရွှေးပေးပါ။
-ပြီးရင် shortcuts ထဲကိုသွားပါ။ မရှိရင် AppStore မှာ download လုပ်လို့ရပါတယ်။
-အောက်ရဲ့အလယ်မှာ Automation ဆိုတာရှိပါတယ်။ အဲ့ထဲကိုဝင်ပါ။
-ညာဖက်အပေါ်ထောင့်နားလေးက + ကိုနှိပ်ပါ။
-Create personal automation ကိုနှိပ်ပါ။
-ပြီးရင် App ဆိုတာထဲကိုဝင်ပါ။
-ကိုယ် lock ခတ်ချင်တဲ့ App ကိုရွှေးဖို့အတွက် choose ကိုနှိပ်ပါ။ တစ်ခုမကရွှေးလို့ရပါတယ်။
-ရွှေးပြီးသွားရင် done ကိုနှိပ်ပါ။
-Is opened ဆိုတာရွှေးပြီး Next ကိုနှိပ်ပါ။
-Add action ကိုနှိပ်ပြီး search bar မှာ start timer ကိုရိုက်ရှာလိုက်ပါ။
-Start timer ကိုနှိပ်လိုက်ပါ။ Start timer for မှာ 1 second ပြောင်းပေးပါ။
-Next ကိုနှိပ်ပါ။
-Ask before running ကိုပိတ်ပေးပါ။
-Done ကိုနှိပ်ပါ။
အဲ့တာဆိုရင် App တွေကို lock ခတ်လို့ပြီးပါပြီ။
တစ်ခုရှိတာကသူက App တွေကိုချက်ချင်း lock ခတ်မှာမဟုတ်ပဲ ဖွင့်ပြီး တစ်စက္ကန့်ကြာမှ
ခတ်မှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေ။
02/02/2022
Low power mode ကိုအမြဲဘယ်လိုဖွင့်ထားမလဲ။
iPhone ရဲ့နောက် Model တွေဖြစ်တဲ့ 11,12,13 series တွေဟာဆိုရင် battery life ကတော်တော်လေးကောင်းလာပါတယ်။ ဒါပေမယ် အရင် model ဖုန်းတွေမှာတော့ battery life က အရမ်းကြီးမကောင်းပါဘူး။ အဲ့တော့လူတော်တော်များများက low power mode ကို
ဖွင့်သုံးကြပါတယ်။low power mode ကိုဖွင့်
လိုက်ရင် battery icon ကအဝါရောင်ပြောင်းသွားမှာပါ။ low power mode က ဖုန်းအား
သွင်းလို့ battery 80% ရောက်ရင် ပြန်ပိတ်သွားပါတယ်။ အဲ့တော့ကိုယ်ဟာကိုပြန်ပြန်ဖွင့်ရတာတစ်ခါတလေတော့စိတ်ရှုပ်ဖို့ကောင်းပါတယ်။ အဲ့တာကြောင့် low power mode ကိုအမြဲပွင့်နေ
အောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပေးသွားမှာ။ အဲ့တာကိုမပြောခင် low power mode ကဘာတွေလုပ်ပေးလဲဆိုရင်
-Email တွေ automatic ဝင်တာကိုပိတ်ပေးပါတယ်။
-Background app refresh ကိုပိတ်ပေးပါတယ်။
-Auto lock ကိုစက္ကန့် ၃၀ မှာထားပါတယ်။
-တစ်ချို့ visual effects တွေကိုပိတ်ပေးပါတယ်။
-iCloud photo နဲ့ automatic downloads တွေကိုခနရပ်ထားပါတယ်။
-ပြီးတော့ အရေးကြီးဆုံးအနေနဲ့ cpu နဲ့ gpu performance ကို 40% လောက်ထိလျှော့ချပေးပါတယ်။ ဒီဟာက efficiency core ပါတဲ့ model အသစ်တွေမှာမသိသာပေမယ့် efficiency core မပါတဲ့ model အဟောင်းတွေမှာ အရမ်းသိသာပါတယ်။
အဲ့ဒီတော့ Low power mode ကိုအမြဲပွင့်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတော့
-ပထမဆုံး shortcut ထဲသွားပါ။ မရှိရင် AppStore မှာ download ဆွဲလို့ရပါတယ်။
-Automation ထဲဝင်ပြီး ညာဖက်အပေါ်ထောင့်က + ကိုနှိပ်ပါ။
-Create personal automation ကိုနှိပ်ပါ။
-Low power mode ကိုနှိပ်ပါ။ Is turned off ကိုရွှေးပြီး next ကိုနှိပ်ပါ။
-Add action ကိုနှိပ်ပါ။ search bar မှာ set low power mode ကိုရှာပြီးနှိပ်ပါ။
-Turn low power mode on ကိုရွှေးပြီး next ကိုနှိပ်ပါ။
-Ask before running ကိုပိတ်ပြီး done ကိုနှိပ်ပါ။
အဲ့တာဆိုရင် low power mode ပိတ်သွားတာနဲ့ auto ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေ။
02/02/2022
iPhone ပေါ်မှာ fb video တွေ YouTube video တွေဘယ်လို download ဆွဲမလဲ⬇️⬇️
Android ဖုန်းတွေမှာ Fb or YouTube video တွေ down ရတာမခက်ပေမယ် IPhone ပေါ်မှာတော့ နည်းနည်းလက်ပေါက်ကပ်ပါတယ်။ အဲ့တာကြောင် video တွေဘယ်လို down ရမလဲဆိုတာ တစ်ဆင့်ချင်းပြောပြပေးသွားပါမယ်။
ပထမဆုံး Documents by readdle ကိုအရင် down ပါ။
Down မဲ့ video link ကို copy ယူပါ။
ပြီးရင်ခုန down ထားတဲ့ app ထဲဝင်ပါ။
ညာဖက်အောက်ထောင့်က browser ထဲဝင်ပါ။
Search bar မှာ savefrom.net လို့ရိုက်ရှာပါ။
Paste a video URL ဆိုတဲ့နေရာမှာ ခုန copy ယူလာတဲ့ video link ကိုထည့်ပါ။ အဲ့တာဆိုရင် download ဆွဲလို့ရမဲ့ option တွေကျလာမှာ
ဖြစ်ပါတယ်။ ကိုယ်အဆင်ပြေရာတစ်ခုကို
နှိပ်လိုက်ပါ။
အဲ့လိုဆိုရင် save file ဆိုပြီးပေါ်လာမှာဖြစ်ပါ
တယ်။ Done ကိုနှိပ်လိုက်ပါ။
Download ဆွဲပြီးသွားရင် ဘယ်ဖက်
အောက်ထောင့်က file ထဲကိုပြန်သွားပါ။
Download ထဲကိုဝင်ပါ။ အဲ့မှာအခုနက down ထားတဲ့ video ရှိနေမှာပါ။ အဲ့ video အောက်က အပြောက်သုံးပြောက်ကိုနှိပ်ပါ။
Share ကိုနှိပ်ပြီး save video ကိုနှိပ်ပါ။
အဲ့တာဆိုရင် download ဆွဲလို့ပြီးပါပြီ။
အဆင်ပြေပါစေ။
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Mandalay
00952
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |