Active Pieces Chess Centre

Active Pieces Chess Centre

Share

Teaching Chess & Sharing Chess News

Photos from Active Pieces Chess Centre's post 04/12/2023

သင်တန်းပိတ်သိမ်းကြောင်း ကြေညာခြင်း

ကျွန်တော်တို့၏ Active Pieces Chess Centre ကို ၄၊၁၂၊၂၀၂၃ ရက်နေ့တွင် အပြီးတိုင် ပိတ်သိမ်းလိုက်ကြောင်း တရားဝင် ကြေငြာ အပ်ပါသည်။

"Active Pieces Chess Centre" ဖေ့စဘွတ်ခ်ပေ့ချ် သည်လည်း ယနေ့ ၄၊၁၂၊၂၀၂၃ ရက်နေ့ မှစ၍ "Active Pieces Chess Centre" သင်တန်းတည်ထောင်သူ ဦးဇော်ဝမ်း ထံ၌သာ ထားရှိမည်ဖြစ်ပြီး မည်သူမျှ မည်သည့်ကိစ္စနှင့်မျှ ("Active Pieces Chess Centre" ဖေ့စဘွတ်ခ်ပေ့ချ် ကို အသုံးပြုခွင့်မရှိတော့ကြောင်း တရားဝင်ကြေငြာအပ်ပါသည်။

ထို့ကြောင့် သင်တန်းနှင့် ပတ်သက်သောကိစ္စရပ်များကို "Active Pieces Chess Centre" တွင် ဆက်လက်လုပ်ဆောင်ခြင်း မပြုတော့ဘဲ
"Wise Move Chess Centre" နှင့် "Genius Chess Centre" သင်တန်းများတွင်သာ ဆက်လက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

https://www.facebook.com/profile.php?id=61554228260586&mibextid=ZbWKwL

https://www.facebook.com/profile.php?id=61553696708308&mibextid=ZbWKwL

Photos from Active Pieces Chess Centre's post 21/11/2023

" ဒီဇိုင်းလေးနဲ့ Chess Board ကလေးခပ်မိုက်မိုက်
သုံးချင်တဲ့စစ်တုရင်ချစ်သူများအတွက်"

ပြိုင်ပွဲဆိုဒ်၊ပြိုင်ပွဲ Type
ပြိုင်ပွဲဂိုက် မုအပြည့်ဖြင့် ကစားချင်သူ စစ်တုရင်
ဝါသနာရှင်များ၊ စစ်တုရင်သမားများအတွက်
ပြိုင်ပွဲသုံး Wooden Chess board ဒီဇိုင်းကို
အသေအချာပုံစံတူနီးပါးယူ၍
ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွေမှာ သုံးမယ်ဆိုလည်း
အင်မတန် တင့်တယ်ပါတယ်။

Board ပြား : PVC ပြား
အထူ: 0.3 CM
အကွက်တစ်ကွက်အကျယ် : 2.25 လက်မ
သယ်ရတာ ပေါ့ပါးပါတယ်။
ရေထိခံပါတယ်။
ရေထဲ အချိန်ကြာကြာစိမ်ထားလို့‌မရပါ။

Order မှာလို့ရပါတယ်။
မိမိလိုချင်တဲ့ board အရောင်နှင့်ဒီဇိုင်း
Logo, သင်တန်းအမည်၊ Club
အမည်များကအစ စိတ်ကြိုက်
ထည့်ပေးပါတယ်။

ဈေးနှုန်း : 25,000
မှတ်ချက်၊၊ ၊၊ စစ်တုရင် အရုပ်များမပါ။
Board သီးသန့်‌ဈေးသာဖြစ်ပါတယ်။

09 2525 37977 (or)
Messenger


#ပြည်တွင်းဖြစ်ကိုအားပေးပါ

21/11/2023
19/11/2023

Chess+😍

Photos from Active Pieces Chess Centre's post 07/11/2023

FIDE Women's Grand Swiss 2023 က (၂၂)နှစ်အရွယ် စစ်တုရင်ပါရမီရှင်မလေး Rameshbabu Vaishali

Vaishaliရဲ့မွေးနေ့က 2001ခုနှစ် ဇွန်လ (၂၁)ရက်ပါ။သူ့ရဲ့ဇာတိက အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ပါ။တမီလ်နွယ်ဖွားသူ့မှာ မွေးချင်းအနေနဲ့ ၄နှစ်ငယ်တဲ့ မောင်လေး Grandmaster Praggnanandaa(အိန္ဒိယအဆင့်(၃)၊ကမ္ဘာ့အဆင့် (၁၅))လည်းရှိပါတယ်။WGMနဲ့ IM Titleတွေ ရထားတဲ့ Vaishaliကလည်း ခေသူမဟုတ်ပါဘူး။သူ့မှာ Grandmasterဖြစ်ဖို့ လိုအပ်တဲ့Norm(၃ခု)ရပြီးပါပြီ။နောက်ထပ်လက်ရည်သတ်မှတ်ချက်ဖြစ်တဲ့ Rating (2500)ကို မရောက်သေးလို့သာ Grandmaster Title မရသေးတာပါ။လက်ရှိ Standard ratingက (2467)ရှိပါတယ်။
Vaishali က အသက်(၁၁)နှစ်နဲ့ (၁၃)နှစ်မှာ Girls' World Youth Chess Championship( U12, U14 )ပြိုင်ပွဲတွေ အနိုင်ရခဲ့ပါတယ်။
2013ခုနှစ် သူ့အသက်(၁၂)နှစ်မှာ အဲဒီနှစ်မှာပဲ သူ့ရဲ့မွေးရပ်မြေ ချန်နိုင်းမှာ Anandကို စိန်ခေါ်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာမယ့် Magnus Carlsenကို တစ်ယောက်နဲ့ အများပြိုင်ပွဲ( "simul", one player with multiple games )မှာ အနိုင်ရခဲ့ပါတယ်။
2016ခုနှစ် အသက်(၁၅)နှစ်မှာ WIM Titleကို ရပြီး အိန္ဒိယမှာ နံပါတ် (၂)နဲ့ ကမ္ဘာ့နံပါတ်(၁၂) U16မိန်းကလေးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။အဲဒီအချိန်တုံးက Vaishaliက rating 2300 ရှိနေပါပြီ။
2018ခုနှစ် ဩဂုတ်လ (၁၂) ရက်မှာ လက်ဗီးယားနိုင်ငံက Riga နည်းပညာတက္ကသိုလ်ဖွင့်ပွဲမှာ သူ့ရဲ့Normတွေ ပြည့်မှီသွားလို့အမျိုးသမီး Grandmaster (WGM) ဖြစ်လာခဲ့ပါတယ်။
Vaishaliက အိန္ဒိယအတွက် 2020 Online Olympiad မှာ
ပထမဆုံးရွှေတံဆိပ်တွင် ယူပေးခဲ့တဲ့ နိုင်ငံအသင်းရဲ့ အဖွဲ့ဝင်ကစားသမားတစ်ဦးပါ။
2021မှာတော့ သူဟာ IM Titleရခဲ့ပါပြီ။
2022 ခုနှစ် ဇူလိုင်လကနေ သြဂုတ်လအထိ ချန်နိုင်းမြို့က Mamallapuramမှာ ကျင်းပတဲ့ 44th Chess Olympiadမှာ သူက board 3 မှာ ကစားပြီး တစ်ဦးချင်းကြေးတံဆိပ်ဆွတ်ခူးခဲ့ပါတယ်။အိန္ဒိယနိုင်ငံကတော့ အမျိုးသမီးအသင်းလိုက် ကြေးတံဆိပ်ရခဲ့ပါတယ်။
Vaishaliဟာ FIDE Women's Speed ​​Chess Championship 2022မှာ ကစားဖို့လည်း ဖိတ်ကြားခံခဲ့ရပါသေးတယ်။အဲဒီပြိုင်ပွဲမှာ လက်ရှိWomen's World Blitz Chess Championဖြစ်တဲ့ Bibisara Assaubayevaကို အနိုင်ကစားပြီး ကွာတားဖိုင်နယ်မှာ GM Harika Dronavalli(အမျိုးသမီးကမ္ဘာ့အဆင့် ၁၀)ကို အနိုင်ယူခဲ့ပါတယ်။
2023မှာ Vaishali က Tata Steel Challengers 2023မှာ ကစားပြီး ၁၄ပွဲမှာ ၄မှတ်ခွဲရခဲ့ပေမယ့် rating 2600 GMတွေဖြစ်တဲ့ Luis Paulo Supi နဲ့ Jerguš Pecháč တို့ကို ကျော်ဖြတ်ခဲ့ပါတယ်။
Qatar Masters Open 2023မှာ သူက ၉ပွဲမှာ ၅မှတ်ရပြီး သူ့အတွက် လိုနေသေးတဲ့ နောက်ဆုံးGM Normကို ရခဲ့ပါတယ်။
လက်ရှိမှာ ကမ္ဘာ့ထိပ်တန်းအမျိုးသမီးစစ်တုရင်သမားအယောက် (၅၀)စာရင်းမှာ Vaishaliလည်း ပါဝင်ပါတယ်။
အောက်တိုဘာ(၂၅)ရက်ကစပြီး အခုလ နိုဝင်ဘာ(၆)ရက်အထိ ကျင်းပယှဥ်ပြိုင်နေဆဲ FIDE Women's Grand Swiss 2023မှာလည်း တစ်ကယ့်ဒိပ်ဒိပ်ကြဲပြိုင်ပွဲဝင် အယောက်(၅၀)ကြားမှာ နံပါတ်(၁)နေရာက ရပ်တည်နေပါတယ်။စုစုပေါင်း (၁၁)ပွဲမှာ (၆)ပွဲနိုင် (၅)ပွဲသရေ ရှုံးပွဲမရှိရလဒ်နဲ့ (၈)မှတ်ခွဲရထားတဲ့သူပါ။နိုင်ပွဲ(၆)ပွဲထဲမှာ (၃)ပွဲက အမျိုးသမီးကမ္ဘာ့စစ်တုရင်ချန်ပီယံဂရန်းမာစတာတွေဖြစ်တဲ့ Tan Zhongyi(2017_2018 )၊ Antoaneta Stefanova(2004_2006)၊ Anna Olehivna Muzychuk ( Rapid- 2014 , Blitz- 2014, 2016 )တို့ (၃)ယောက်ကို အနိုင်ယူပြီး ချန်ပီယံနေရာကို ထိုက်ထိုက်တန်တန်ရရှိထားတာပါ။ ဒီပြိုင်ပွဲက ထိပ်ဆုံး၂ယောက်က 2024မှာ ကျင်းပမယ့် FIDE Women's World Championshipပြိုင်ပွဲမှာ ယှဥ်ပြိုင်ကစားခွင့်ရမှာပါ။ဒါကြောင့်
Vaishaliနဲ့ Anna Olehivna Muzychuk တို့နှစ်ယောက်ကတော့ ကမ္ဘာ့ချန်ပီယံလုပွဲမှာ candidateတွေဖြစ်သွားကြပါပြီ။
ဒါကတော့ ကမ္ဘာ့အဆင့်GMတွေကို ကျော်ဖြတ်ပြီး အမျိုးသမီးကမ္ဘာ့ချန်ပီယံပန်းတိုင်ကို ရောက်ဖို့ အင်တိုက်အားတိုက်အစွမ်းကုန်ကြိုးစားနေတဲ့ အသက်(၂၂)အရွယ် အိန္ဒိယနိုင်ငံက IM Vaishaliရဲ့ အောင်မြင်မှုများစွာထဲက အနည်းငယ်အကြောင်းပါ။

မူရင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
https://en.m.wikipedia.org/wiki/R_Vaishali
Chess.com https://www.chess.com/events/2023-fide-womens-grand-swiss/results

Translated by Su Su Hlaing (APCC)

Photos credited to original


#စစ်တုရင်သင်တန်း

04/11/2023

Weekends Standard Chess Tournament in a Coffee Shop

Photos from Active Pieces Chess Centre's post 03/11/2023

စစ်တုရင်ချစ်သူများမှ စစ်တုရင်ကစားသမား
များသို့ အလှူ"
===============================

မန်းရွှေမြို့တော်မှ FIDE Master Sayar Zaw Wan
ဦးဆောင်၍ (၂)လလျှင် တစ်ကြိမ် လှူပေးနေတဲ့
အစီအဉ်လေးဖြစ်ပါတယ်

(၁၄) ကြိမ်မြှောက်တွင် ပါဝင်ကူညီ
ပေးကြသော အလှူင်ရှင်များ
=================

1. U Zaw Wan. -တစ်သိန်း
(APCC founder)

2. Ko Nyan Lin Htet. - ငါသောင်း
ပုသိမ်ကကြီးမြို့နယ်ချန်ပီယံဟောင်း

3.ကိုမွေးနီ -ငါးသောင်း

4. Active Pieces Chess Centre - ၅သောင်း

5. ဦးမောင်လေး - တစ်သောင်း
____________________________

စုစုပေါင်း = ၂၆၀၀၀၀ ကျပ်

------------------------------------

ဆရာဦးဇော်ဝမ်းမှ ဦးဆောင်၍
ကစားသမား ၅ ဦးထံသို့ (1,11,2023) ရက်နေ့၊ King Chess Club တွင်
ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ် ခင်ဗျာ...

--------------------------------------

03/11/2023

အမှတ်တရဖန်တီး‌ေပးတဲ့ Chess Snap
ကို အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mandalay