Goal Bet MM

Goal Bet MM ဘောလုံးနှင့်ပတ်သက်သောသတင်းများကိုအကောင်းဆုံးတင်ဆက်ပေးမဲ့ GOALBETMM

အက်သလက်တီကိုအသင်း နဲ့ ချန်ပီယံလိဂ်ကစားရန်အတွက် ထွက်ခွာသွားသည့် ယူနိုက်တက်ကစားသမားများ🥰🥰✨✨  #ဘောလုံးသတင်း #မန်ယူ
13/10/2026

အက်သလက်တီကိုအသင်း နဲ့ ချန်ပီယံလိဂ်ကစားရန်အတွက် ထွက်ခွာသွားသည့် ယူနိုက်တက်ကစားသမားများ🥰🥰✨✨


#ဘောလုံးသတင်း
#မန်ယူ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ  ၉၈၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီ။သမိုင်းဝင် ဂိုး ၁,၀၀၀ ပြည့်ဖို့ နောက်ထပ် ၁၉ ဂိုးသာ လိုပါတော...
13/10/2026

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၉၈၁ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီ။သမိုင်းဝင် ဂိုး ၁,၀၀၀ ပြည့်ဖို့ နောက်ထပ် ၁၉ ဂိုးသာ လိုပါတော့တယ်။


#ရော်နယ်ဒို
#ဘောလုံးသတင်း

ဗီနီရှပ်စ်ရဲ့ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်❗️❗️❗️ဗီနီရှပ်စ်ရဲ့ ဒရာမာကတော့ ကြမ်းပါတယ်။ မနေ့က ဗီလာရီးရဲလ်နဲ့ပွဲမှာ ရီးရဲလ်တို...
11/10/2026

ဗီနီရှပ်စ်ရဲ့ရုပ်ဆိုးအကျည်းတန်တဲ့လုပ်ရပ်❗️❗️❗️
ဗီနီရှပ်စ်ရဲ့ ဒရာမာကတော့ ကြမ်းပါတယ်။ မနေ့က ဗီလာရီးရဲလ်နဲ့ပွဲမှာ ရီးရဲလ်တို့ ၁-၀ ဂိုးနဲ့ နိုင်ခဲ့သည့်တိုင် ဗီနီအတွက်တော့ ဆိုးရွားတဲ့ အမှတ်တရတွေ ဖြစ်ခဲ့ပါတယ်။

သူက ဘယ်လင်ဟမ်ရဲ့ ဖန်တီးပေးမှုကတစ်ဆင့် တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲ့ဒီဂိုးမရခင် ပြေးလာတဲ့အချိန်မှာ ပြိုင်ဘက် ကစားသမား နသန်ဆာလီဘာရဲ့ ဆံပင်ကို နောက်ကနေ ဆွဲမိခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ဗီနီကို တိုက်ရိုက်အနီကတ်ပြခဲ့သလို သွင်းဂိုးကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။ ရီးရဲလ်နည်းပြမော်ရင်ဟိုလည်း ဒီဖြစ်ရပ်ကို တော်တော် ဒေါသထွက်သွားပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။


#ဘောလုံးသတင်း
#ရီးရဲမက်ထရစ်
#ဗီနီရှပ်

11/10/2026

မန်ယူကတော့ ဒုံရင်းဒုံရင်း..မင်းမင်းထွန်းကတော့ ပြောင်းလဲသွားပါပြီ🥲🥲


#မန်ယူ
#မင်းမင်းထွန်း

ဟန်ဒါဆန်ရဲ့ ခြေစွမ်းပြမှုနဲ့အတူအိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို(5-1)ဂိုးပြတ်  အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး💙ချဲလ်ဆီး ၅ Vs ၁ ဘ...
11/10/2026

ဟန်ဒါဆန်ရဲ့ ခြေစွမ်းပြမှုနဲ့အတူ
အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို
(5-1)ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီး💙

ချဲလ်ဆီး ၅ Vs ၁ ဘုန်းမောက်(ပွဲပီးရလဒ်)
#ဟန်ဒါဆန်(၂ + ၇၀မိီနစ်)
#မော်ဂန်ရော်ဂျာစ်(၃မီနစ်)
#ဂျာအိုပက်ဒရို(၄၆ +၆၇မိနစ်
#​အီဗာနီဆင်(၅၁မိနစ်)


#ဘောလုံးသတင်း
Club

TEAMtalk ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ကလပ်ဘရုဂ်အသင်းနဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတို့ရဲ့ ဘယ်နောက်ခံလူ ဂျိုအာက...
11/10/2026

TEAMtalk ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ကလပ်ဘရုဂ်အသင်းနဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတို့ရဲ့ ဘယ်နောက်ခံလူ ဂျိုအာကင် ဆေးစ် (Joaquin Seys) ကို ဆက်လက်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဆေးစ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၃၅ သန်းဝန်းကျင်ရှိနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ ခေါ်ယူရေးပစ်မှတ်စာရင်းထဲမှာ အောက်ပါကစားသမားတွေလည်း ပါဝင်နေပါတယ်။

🔹 အာဒရီယန် ထရူဖာ (Adrien Truffert)
🔹 တိုင်းရစ် မစ်ချယ် (Tyrick Mitchell)
🔹 လူးဝစ် ဟောလ် (Lewis Hall)
🔹 ဂျိုအာကင် ဆေးစ် (Joaquin Seys)

ပရိသတ်တွေအနေနဲ့တော့ ထရူဖာနဲ့ လူးဝစ်ဟောလ်တို့ကို ခေါ်ယူစေချင်သူတွေ များပြားနိုင်ပါတယ်။

လာမယ့် ၂၀၂၇ ခုနှစ်မှာ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းကို အကြီးစားပြင်ဆင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေအကြား ဘယ်နောက်ခံလူနေရာအတွက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

မန်ယူပရိသတ်တို့ရေ .. ဘယ်သူ့ကို အလိုချင်ဆုံးလဲ?

1️⃣ Adrien Truffert
2️⃣ Lewis Hall
3️⃣ Tyrick Mitchell
4️⃣ Joaquin Seys


#ဘောလုံးသတင်း
#မန်ယူ

🚨 ခရစ္စတီယာနို ရော်နယ်ဒိုအပေါ် နူနို မန်ဒက်စ်ရဲ့ မလေးမစားပြုမှုအပေါ် ကာရင် ဘန်ဇီးမားက အခုလိုပဲ ပြောကြားခဲ့ပါတယ်။🗣️ “နူနိ...
09/10/2026

🚨 ခရစ္စတီယာနို ရော်နယ်ဒိုအပေါ် နူနို မန်ဒက်စ်ရဲ့ မလေးမစားပြုမှုအပေါ် ကာရင် ဘန်ဇီးမားက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

🗣️ “နူနို မန်ဒက်စ်က ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ပါ၊ ဒါပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုကို မလေးမစားပြုခြင်းအားဖြင့် သူဟာ ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

ကိုယ်ပိုင်အမြင်တွေ ရှိနိုင်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ အောင်မြင်မှုတွေကြောင့် လေးစားမှုကို ထိုက်တန်တဲ့ ကစားသမားတချို့ ရှိပါတယ်။

ခရစ္စတီယာနိုဟာ သာမန်ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ သူဟာ ဘောလုံးသမိုင်းကို ပြောင်းလဲစေခဲ့ပါတယ်။

ကျွန်တော် သူနဲ့အတူ ကစားခဲ့ပြီး သူ့ရဲ့ စိတ်ဓာတ်၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ ဆာလောင်မှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပါတယ်။

သူလုပ်သမျှ အရာအားလုံးကို သဘောတူဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် သူ့ကို မလေးမစားပြုတာက ကျွန်တော် ဘယ်တော့မှ နားမလည်နိုင်ပါဘူး။

သူက ဘောလုံးလောကမှာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အမွေအနှစ်က သူ့အလိုလို ပြောပြနေပါတယ်။

လူငယ်ကစားသမားတွေက သူ့ကို နှိမ့်ချဖို့ ကြိုးစားမယ့်အစား ခရစ္စတီယာနိုရဲ့ အောင်မြင်မှုတွေကနေ သင်ယူသင့်ပါတယ်။

ဘောလုံးကို သင်သိရင် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဆင့်ကို သင်သိပါလိမ့်မယ်။”


#ရော်နယ်ဒို
#ဘောလုံးသတင်း

‼️ဘရာဇီးသတင်းစာ O Globo ရဲ့ ဖော်ပြချက်အရ အင်တာမိုင်ယာမီဟာ ၂၀၂၇ အတွက် နေမာကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီလို့ သိရပါတယ်။နေမာ...
06/10/2026

‼️ဘရာဇီးသတင်းစာ O Globo ရဲ့ ဖော်ပြချက်အရ အင်တာမိုင်ယာမီဟာ ၂၀၂၇ အတွက် နေမာကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီလို့ သိရပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုရသေးသလို၊ လာမယ့် ဇန်နဝါရီလကစပြီး တခြားကလပ်အသင်းတွေနဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့် ရတော့မှာပါ။

ဒေးဗစ် ဘက်ခမ်းမှာတော့ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ကို နောက်ဆုံးအကြိမ် Last Dance အဖြစ် ပြန်လည်စုစည်းပေးဖို့ပါပဲ။

MSN သုံးယောက် ပေါင်းပြီး ပြန်ကစားကြဦးမယ်ဆိုတာကို မြင်ယောင်ကြည့်လို့ရရဲ့လား?

ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာခဲ့ရင် ဘောလုံးလောကမှာ မကြုံစဖူး ကြီးကျယ်ခမ်းနားတဲ့ သမိုင်းဝင် အဖြစ်အပျက်တစ်ခု ဖြစ်လာမှာ အမှန်ပါပဲ...


#ဘောလုံးသတင်း
#နေမာ
#အင်တာမိုင်ယာမီ

Juventus က Bruno Fernandes ကို စိတ်ဝင်စားနေပေမဲ့ ပြောင်းရွေ့ကြေးကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်နေရပါတယ်ဒါပေမယ့် Manchester...
06/10/2026

Juventus က Bruno Fernandes ကို စိတ်ဝင်စားနေပေမဲ့ ပြောင်းရွေ့ကြေးကြောင့် ရှေ့ဆက်မတိုးနိုင်ဖြစ်နေရပါတယ်

ဒါပေမယ့် Manchester United ဘက်ကတော့ ကွင်းလယ်ကစားသမား Bruno Fernandes အတွက် ယူရို ၆၀ သန်း (€60M) တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီတန်ကြေးဟာ Juventus အသင်းအတွက် လက်လှမ်းမမီနိုင်သေးတဲ့ ပမာဏ အဖြစ် သတ်မှတ်ထားပါတယ်။



#မန်ယူ
#ဂျူဗင်တပ်

ဖီဖာနိုင်ငံတကာပွဲစဉ်ကာလအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ထွက်ခွာလာပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ ...
06/10/2026

ဖီဖာနိုင်ငံတကာပွဲစဉ်ကာလအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်းကနေ ထွက်ခွာလာပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

ကလပ်အသင်းကို ပြန်ရောက်လာတဲ့ ရော်နယ်ဒိုရဲ့မျက်နှာဟာ အပြုံးတွေပြန်လည်ရလာပြီး စိတ်အေးချမ်းမှုလည်း ပြန်ရလာပါပြီ။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ ဆံပင်တိုပုံစံကိုပါ ပြန်မြင်တွေ့ရပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ သူ့ရဲ့အနာဂတ်
ကတော့ အခုချိန်ထိ မ ေ၊သ ချာသေးပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုကတော့ အယ်လ်နာဆာအတွက် ဆက်လက်ပေးဆပ်ဖို့ အာရုံစိုက်နေပါပြီ။ ဆော်ဒီအာရေးဗီးယားဘောလုံးမှာ နောက်ထပ်ဆုဖလားတွေ ရယူချင်သလို သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကိုလည်း ပိုမိုမြင့်တက်လာအောင် ဆက်ကြိုးစားနေပါတယ်။

လက်ရှိမှာ ဂိုး ၉၇၉ ဂိုး ရှိနေတဲ့ ရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းမှာ တရားဝင်ဂိုး ၁,၀၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမား ဖြစ်လာဖို့ ဂိုး ၂၁ ဂိုးသာ လိုတော့တာပါ။

ပေါ်တူဂီအသင်းနဲ့ ဘာတွေပဲဖြစ်လာပါစေ… အခုကစပြီး ရော်နယ်ဒိုကစားမယ့် ပွဲတိုင်းကို တန်ဖိုးထားပြီး ကြည့်ရှုဖို့ပဲ ကျန်ပါတော့တယ်။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအပိုင်းကို ရောက်ရှိလာနေပြီဖြစ်ပြီး… သူလိုကစားသမားမျိုးကို နောက်တစ်ကြိမ် ထပ်မြင်ရဖို့ဆိုတာ မလွယ်တော့ပါဘူး။



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Goal Bet MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category