Online one by one Zoom Class
Train with Kalyar
Freelance personal Trainer 💪🏋🏻♂️
15/02/2024
အမျိုးသမီးတွေ အဆီကျဖို့ ဒီအချက်တွေ
လုပ်ကြမယ်✨✨✨✨✨
1. အာဟာရများကို မျှတအောင် မှီဝဲပါ
ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုများ အတွက် လိုအပ်သော
အာဟာရပြည့်ဝသောအစားအစာများ၊ သက်ရှိပရိုတင်း
များ(ကြက်/အမဲသား/ဝက်အသား/ဆိတ်/ဥအမျိုး
မျိုး)သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ကျန်းမာရေး
နှင့်ညီညွတ်သောအဆီများ(နေကြာဆီ/နှမ်းဆီ/omega
3)များကို စားသုံးပေးပါ
2. ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ
ကယ်လိုရီများလောင်ကျွမ်းစေရန်နှင့် ကြွက်သား
တည်ဆောက်ရန်အတွက် cardio နှင့် strength training
နှစ်မျိုးလုံးကို မျှတစွာ ပေါင်းစပ်လေ့ကျင့်ပေးပါ
3. ရေဓါတ်
ရေဓာတ်ပြည့်ဝနေဖို့နဲ့ သင့်ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ
ကို ထောက်ပံ့ပေးဖို့ တစ်နေ့တာလုံး ရေများများသောက်ပါ။
(အနိမ့်ဆုံး2literသောက်ပေးပါ)
5. အိပ်စက်ခြင်း
ဇီဝဖြစ်စဉ်များမြန်ဆန်စေရန်နှင့်
အဆီကျနှုန်းတိုးတက်လာစေရန်
တစ်ညလျှင် 7-9 နာရီအထိ အိပ်စက်ပေးပါ
6. စိတ်ဖိစီးမှု
စိတ်ဖိစီးမှုနှင့်ဆက်စပ်သော ကိုယ်အလေးချိန်တက်ခြင်းမှ
ရှောင်ရှားရန် တရားထိုင်ခြင်း၊ ယောဂ သို့မဟုတ်
အသက်ပြင်းပြင်းရှူခြင်းကဲ့သို့သော စိတ်ဖိစီးမှုကို
သက်သာစေသည့် နည်းလမ်းများကို လေ့ကျင့်ပါ။
7. ရေရှည်မှာရလာဒ်ကောင်းများရရှိစေရန်
လေ့ကျင့်ခန်နှင့် အာဟာရမှီဝဲမှုများကို စဉ်ဆက်မပြတ်
လိုက်နာပါ။
8.စိတ်ခံစားမှုနောက်လိုက်၍ အစာစားခြင်းကို
ရှောင်ကြဉ်ပါ။
၉။ ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများ
အခွံမာသီးများ၊ သစ်သီးများနှင့် ဒိန်ချဉ်ကဲ့သို့သော
အာဟာရရှိသော သရေစာများကို ရွေးချယ်စားသုံးပါ။
10. စိတ်ရှည်ပါ
အဆီကျဖို့ အချိန်ယူရတာမို့ စိတ်ရှည်
ရှည်ထားပြီး အထက်ပါအချက်တွေ လိုက်နာပြီး
ကျန်းမာသွယ်လျှပြီး အဆီကင်းတဲ့
ခန္ဓာကိုယ်လေးကို ရယူပါ။
03/02/2024
ဘာ့ကြောင့် ယောဂ လေ့ကျင့်သင့်တာလဲ ❓
ယောဂ လေ့ကျင့်မှုကနေ စိတ်နဲ့ ခန္ဓာကိုယ် အတွက်
ဘယ်လို ကောင်းကျိုး တွေ ရရှိလာနိုင်လဲ ❓
🧘🏼♀️ယောဂလေ့ကျင့်ခြင်းဟာ🧘🏼♀️
ခန္ဓာကိုယ်မှာ ရှိတဲ့
ကြွက်သားများကို ပျော့ပြောင်း
သန်မာ စေတဲ့အတွက်
ယောဂလေ့ကျင့်ရာမှာ ကိုယ်နေဟန်ထားများကို
အထူး တိုးတက်ကောင်းမွန်စေပါတယ်
အသက်ရှုလေ့ကျင့်ရသော pranayama ကျင့်စဉ်
နည်းစနစ်များသည်အဆုတ်နဲ့ အသက်ရှု လမ်းကြောင်း
နှင့်ဆိုင်သော စွမ်းဆောင်မှုများကို များစွာ အကျိုးပြု
ပေးတဲ့ အတွက်
အသက်ရှုစနစ်တွေ တိုးတက်ကောင်းမွန်စေပြီး
စိတ်ဖိစီးမှုတွေ လျှော့ချပေးနိုင်တဲ့အပြင်
သွေးလည်ပတ်မှု အားကောင်းစေဖို့ ခန္ဓာကိုယ်
အတွင်းမှာရှိတဲ့ ကိုယ်ခံအားစနစ်တွေ
ဝမ်းတွင်းကလီစာတွေရဲ့
လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့
စိတ်ကို ကြည်လင်စေတဲ့ အပြင် အာရုံစူးစိုက်မှုတွေက်ို
အထူးတိုးတက် ကောင်းမွန်စေပါတယ်
ယောဂလေ့ကျင့်ခြင်းဟာ နာတာရှည် ခံစားလာရသော
နာကျင်မှု ဝေဒနာများကိုလဲ သက်သာစေပါတယ်
စိတ် နဲ့ ခန္ဓာအေးချမ်းမှုတွေ ရရှိစေတဲ့ အပြင်
အာရုံစူးစိုက်မှုတွေ အားကောင်းစေပြီး
ကိုယ်အလေးချိန် ထိန်းညှိ့ပေးတဲ့ နေရာမှာလဲ များစွာ
အကျိုး ပြုပေးတဲ့ အတွက် ယောဂကျင့်စဉ်များကို
လေ့ကျင့်ရင်း ဝိတ်ချခြင်သူ/ဝိတ်ထိန်းခြင်သူ များ
ကျန်းမာကြံ့ခိုင်သော လူနေမှု ပုံစံ တစ်ခုကို
ယောဂလေ့ကျင့်ရင်း ရရှိလိုသော သူများ
အားလုံး ယောဂကို လေ့ကျင့်သင့်ပါတယ် 🧘🏼♀️🙏
11/11/2023
ဘယ်သူတွေလဲ ဝေးးးး 😂
30/09/2023
အလေးတွေနဲ့ လေ့ကျင့်ခန်း လုပ်ရမှာ မကြောက်ကျပါနဲ့လို့
ကိုယ့်ခန္ဓာကိုယ်ကို ကြွက်သားလေးတွေနဲ့
ကျစ်ကျစ်လစ်လစ်တင်းတင်းရင်းရင်း လှဖို့ဆို
weight training တွေ လိုအပ်ပါတယ် 🥰
12/09/2023
အောက်ပိုင်းဆော့ပြီး နောက် မိမိ အခြေအနေ🤭😂👇
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Mandalay
998834