Chapter 3.0 with Mika

Chapter 3.0 with Mika

Share

Giving and Sharing

Photos from Chapter 3.0 with Mika's post 08/12/2025

ဖတ်မိတဲ့သူတိုင်းတွေးစရာတခုခု ရသွားပါစေရှင်🙏

Living with Eating disorder personality Part 4(အပိုင်း ၄)

9တန်း ၊ 10တန်းလည်းရောက်ရော လူက စာကျက်ဖို့ ပဲ
တာဆူနေတော့ ပိုလို့တောင် စားဖြစ်ပါသေးတယ်
အတန်းဖော် သူငယ်ချင်းတွေကလည်း ရလာပီ
အပြင်ထွက်လည်လိုက်၊ စားလိုက်၊ စာစု ကျက်လိုက်ကလည်း လုပ်တတ်လာပီ
အိမ်ကလည်း အလိုလိုက် ၊ သမီးလေး စားချင်ရာစားပဲ
အဲ့တုန်းက တကယ့် mindset က စားမှာပဲ၊ စားမှာပဲ၊ လာမတားနဲ့ ဘဲ အခန်းထဲမှာ မုန့်အပြည့်နဲ့ စာကျက်လိုက် စားလိုက်ပါပဲ

စားတယ်ဆိုတဲ့နေရာမှာ သူ မတူအောင် အချို ၊ Snack အသားကုန်ကြိုက်တာပါ ၊ စတိုးဆိုင်ထဲဝင်ရင် တွေ့သမျှ လေဖောင်းမုန့် ၊ Snack အကုန် စားချင်တဲ့ထဲ ထိပ်ဆုံးက ပါပါတယ်
အဲ့တုန်းကလည်း စားချင်တာ မစားရရင် ထောင်ကျသလို၊ ကိုယ်ရတဲ့ ဘဝကြီးက အဓိပ္ပာယ်မရှိသလိုပါပဲ ၊ Sweet spot မရှာတတ်ခဲ့ဘူး

အေးမြကို အကုန်လုံးက အစား အသားကုန်လျှော့တယ် ထင်ကြတယ် ၊ အမှန်က ဗိုက် ပြည့်အောင် နေ့တိုင်း ရွေးချယ် စားပီး Lifestyle ပြောင်းယူထားတာပါ

ဒီနေရာမှာ ED အကြောင်းပြောပြတယ်ဆိုတာ ED သဘာဝသည် restrict အရမ်းလုပ်လေ၊ ထိန်းချုပ်လေ ပိုစားလေ ပါ

ဒါကြောင့် အရမ်း မထိန်းချုပ်ဘဲ စားချင်တာလေး စားရင်း Balance ဖြစ်နေတဲ့ Sweet spot လေးမှာပဲနေပါတယ် ( နောက်ပိုင်း Metabolism နဲ့ brain trick လေးတွေ တွဲပီး ပြောပြပါမယ်နော် )

ဒီလိုနဲ့ ဆယ်တန်းပီးတဲ့အချိန် နှဖူးတွေ့ ဒူးတွေ့ ဝိတ်ကြောင့် စိတ်ညစ်ရပါပီ
တက္ကသိုလ်လည်းတက် ရတော့မယ် လူကလည်း ပေါင် ၂၁၀ လောက်ရှိနေပီဆိုတော့ ဆယ်တန်းလည်း ဖြေပီးရော Gym ဆော့ပါလေတော့တယ်
Gym လည်းဆော့ရော ပေါင်ချိန်ကများတော့ မဆော့နိုင် ၊ ဒူးကနာ ၊ ကိုယ့်ကိုယ်ကို မနိုင်၊ အဲ့အချိန်မှာ တကယ့်ကို အဆီတွေ ခွါချချင်တာပဲ သိတယ်

ပြောရရင် အမှောင်ထဲမှာ ပိတ်မိနေတဲ့ ခံစားချက်မျိုးပဲ ၊ နောင်တဆိုတာ တက္ကသိုလ် တက်ခါနီး တစ်ချက် ရလိုက်သေးတယ်
အဲ့တုန်းက nutrition အကြောင်း၊ Exercise အကြောင်း facebook, Tiktok ပေါ်မှာပြောတဲ့ ဆရာ၊ ဆရာမတွေလို လည်း မရှိသေးတော့ လေ့ကျင့်ခန်းလုပ်မယ် ၊ အစားလျှော့မယ်ပဲတွေးခဲ့မိတယ်
စားတဲ့ ပမာဏပဲ လျှော့စား၊ ကယ်လိုရီကိုကျ ဂရုမစိုက်တော့ လူက သိသိသာသာ မပိန်ဘူး
အစား ရွေးချယ်စားသောက်မှု ပုံစံတွေ မသိခဲ့ဘူး

တကယ်က ရွေးချယ်စားသောက်တတ်ရင် ပြောင်းလဲဖို့ဆိုတာ လွယ်လွယ်လေးပါ
လေ့ကျင့်ခန်းဆိုတာလည်း ထိထိရောက်ရောက် လိုက်မလုပ်နိုင်ပါဘူး
ဒါတောင် ၆ လဆော့တာ ပေါင် ၂၀ ကျခဲ့ပါသေးတယ်
ပေါင်၂၀ လောက်လည်းပိန်ရော လူက ငါ
တော်တော်ပြောင်းလဲပီထင်ခဲ့တာ တကယ်တော့ ဆင်ပိန် ကျွဲလောက်ပါ

ဒီလိုနဲ့ တက္ကသိုလ်ရောက်တော့ Gym တဖြတ်နား ၊ ကျောင်းတက်ရင်း လျှောက်လည်လိုက်၊ စာကျက်လိုက်၊ အတန်းတက်လိုက်နဲ့ပဲ လူငယ်ဘဝတော့ ရရှိခဲ့ပါတယ်
တက္ကသိုလ် တစ်နှစ်နဲ့ နောက်တစ်နှစ်ကြားကာလတွေမှာတော့ ကော်ဖီဝယ်သောက်တာ၊ နာမည်ကြီး ပိန်ဆေး လည်းသောက်ဖူးပါသေးတယ်

ပိန်အောင် နည်းမျိုးစုံလိုက်လုပ်ဖူးပါတယ်
အဆီချခန်းမ ဆိုပီးအမျိုးသမီးသီးသန့် Gym မှာလည်း ဗိုက်အဆီ သွားချဖူးတယ်
ကျောင်းနားက Gym ဆိုလည်း သွားလိုက်တာပဲ
ရရာ ပိန်မယ်ထင်ရာ ကြိုးတစ ဖြစ်ဖြစ် အကုန် လိုက်ဆွဲ ဖူးပါတယ်
ဒါပေမဲ့ ကိုယ့်ရဲ့ Binge eating ကို မပြင်ခဲ့ ၊ ပါးစပ်ကို မထိန်းနိုင်တော့ ပြန် ဝ တာပါပဲ၊ အရင်ဝတာထက်ကို တဖြည်းဖြည်း ပိုဝလာတာပါ
The problem is me✌🏻ပါပဲ

Feeling stuck ကူရာကယ်ရာမဲ့ဆိုတဲ့ ဖီလင်က ကိုယ်အသိဆုံးမလို့ အစားလည်းမထိန်းနိုင် ၊ လေ့ကျင့်ခန်းလည်း မလုပ်နိုင်၊ ဒီတိုင်းနေရင် ငါ့ဘဝက ဒီလိုပဲ ဆက်သွားရတော့မှာလား ၊ ဘယ်လိုပြန်လှည့်ရမလဲလို့ အခါခါ တွေးဖူးတယ်

ဒီလိုလေးတွေ ရေးပြတာက အရမ်းကို အလေးချိန်များနေလို့ ကျန်းမာရေးအတွက်လျှော့ဖို့ လိုမှန်းသိပေမဲ့ ဘယ်လို စ ရမှန်း မသိတဲ့ ဖတ်မိတဲ့သူတိုင်းကို ကူညီချင်လို့ပါ
နောက်ပိုင်း metabolism ( အစာအုပ်စုတွေ ဘော်ဒီက တုံ့ပြန်ပုံအကြောင်း ) ရိုးရိုးရှင်းရှင်းလေး ရေးပြရင်း စားသောက်မှုပုံစံ ပြောင်းနိုင်ဖို့ပါ

Discipline စည်းကမ်းရှိမှု အဓိက လို့သာ ပြောနေတာ ၊ တကယ်က သိတယ် ၊ လိုက်မလုပ်နိုင်တာ ပြသာနာပါ
ကိုယ့်ကိုယ်ကို brain နဲ့ ဘော်ဒီကို ညင်ညင်သာသာလေး trick လုပ်ပီး ခိုင်းတတ်ရင် စည်းကမ်းက သူ့အလိုလိုလိုက်လာတာပါ

နောက် ပိုစ့်တွေမှာ ဆက်ဖတ်ပေးပါအူးရှင်✌🏻





Photos from Chapter 3.0 with Mika's post 07/12/2025

ဖတ်မိတဲ့သူတိုင်း တွေးစရာ တခုခု ရသွားပါစေရှင်🙏

Living with Eating disorder personality Part 3(အပိုင်း ၃)
Bodyshaming လုပ်ခံရရင် ဦးနှောက်မှာ ဘယ်လိုတုံ့ပြန်လဲ ?

ကိုယ့်ဘာသာ သတိမထားမိဘဲ တဖြည်းဖြည်း ကိုယ့်ရဲ့ စားသောက်မှု မမှန်တာတွေကြောင့် ဝလာခဲ့တာ
၇တန်း ၈ တန်း အရွယ် လည်းရောက်ရော
အပျိုဖော် ဝင်ခါစ ဆိုတော့ ကိုယ့်ကိုယ်ကို ရှက်တတ်လာပါပီ
ဘေးနားက သူငယ်ချင်းတွေက ပိန်ပိန်သွယ်သွယ်လေးတွေပေါ့
ကိုယ်က ထင်ရှားပီးကွဲထွက်နေတော့ သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီး မရှိခဲ့ဘူး
ယောကျာ်းလေးတွေက Bodyshaming လုပ်ကြ၊ ပါးစပ်ကနေ အဲ့ အရွယ်သဘာဝ နောက်ကျ ပြောင်ကျ အချင်းချင်း ပေးစားရင်း စနောက်ကြတယ်

အဲ့လို သိသိသာသာ စခြင်း shaming လုပ်ခြင်းဟာ တစ်ဖက်လူရဲ့ ဦးနှောက်ကို ဘယ်လို wiring ဖြစ်စေလည်းဆိုတာ ဝ တဲ့ သူအချင်းချင်းပဲ နားလည်မှာပါ

ပထမအဆင့် အနေနဲ့ ရှက်တယ်၊ ကိုယ့်ကိုယ်ကို ဝလို့ အပြစ်တင်မိတယ်၊ လူရှေ့တွေ သွားရမှာကြောက်မိစေတယ်
Shame, Guilt, Fear တွေဆက်တိုက်ပေါ်စေပါတယ်

ဒုတိယအဆင့် အနေနဲ့ အဲ့ဖြစ်လာတဲ့ ခံစားချက်တွေကို
ဦးနှောက်ကနေ coping လုပ်ပုံက instant relief လို့ ခေါ်တဲ့ ဒီ emotion တွေကို ချက်ချင်း သက်သာစေတာ ထုံသွားစေတာက Eating ပဲ မလို့ စားသောက်တာနဲ့ပဲ Wiring သွားလုပ်ပါတယ်

ဒါ့ကြောင့် ကိုယ်က တစ်ဖက်သူကို တခွန်းပဲပြောလိုက်ပေမဲ့ အဲ့စကားတွေဟာ psychology အရ အဝလွန်နေတဲ့ သူကို ပိုပိုပီး ထပ်စား ထပ်ဝ စေပါတယ်

(ဝိတ်ချစေချင်တယ် ပိန်စေချင်တယ်ဆို
မိုတီ ဖြစ်အောင်ပြောတဲ့ စကားနဲ့
bodyshaming လုပ်
ပါးစပ်သရမ်းပီးပြောတဲ့စကားမတူပါဘူး)

ဒါတောင် သူငယ်တန်းကတည်းက
တက်ခဲ့တဲ့ကျောင်းမလို့ အကုန်လုံးနဲ့သိနေတော့
အေးမြက သူများတွေထက်စာရင်
Shaming လုပ်ခံရတာ အရမ်းမဆိုးခဲ့ဘူးလို့
ပြောရပါမယ်

၅တန်းကနေ ၈ တန်းထိ တရင်းတနှီးပေါင်းတဲ့ သူငယ်ချင်းမရှိခဲ့ပါဘူး
အတန်းတွေက အမှတ်နဲ့ ခွဲရင်း ပြန်ကွဲလိုက်နဲ့ ပြန်တွေ့လိုက်နဲ့ဆိုတော့ ပြောရရင် သူငယ်ချင်း သေချာ မထားတတ်ခဲ့ဘူး

အဲ့မှာ Abandonment issue လို့ခေါ်တဲ့ ပြစ်ထားခံရမှာကြောက်ခြင်း ၊ ပစ်ပယ်ခံရမှာကြောက်ခြင်း ဆိုတဲ့ trauma လေးက ဒီနေရာမှာ စလာပါပီ
ကိုယ့်ကိုယ် ဝနေလို့ မပေါင်းချင်ဘူးဆိုတဲ့ brain wiring ကလည်း ဒီအရွယ်မှာ စခဲ့တာလို့ ပြောရမယ်
အမှန်တော့ ကိုယ်ကိုယ်တိုင်ကပဲ ပြသာနာပါ
Bodyshaming လုပ်ခံရ ၊ စခံရတော့ လူတွေကိုကြောက်တာနဲ့ တွဲပီး အဲ့အချိန်ကစပီး
Abandonment issue က
အမြစ်တွယ်လာခဲ့တယ်

တစ်ချိန်တည်းမှာပဲ ၈ တန်းလောက်ရောက်တော့
ကိုယ်ကိုယ်တိုင်လည်း ပိန်ချင်လာပီ
ရှက်တတ်လာပီ
ဒါပေမဲ့ ဘယ်နားက စ ပီး ပြောင်းရမှန်းမသိဘူး
အဖေကလည်း ကျောင်းပိတ်ရက်ဆို
Gym ဆော့ဖို့ လိုက်ပို့လို့ ဆော့လိုက်တာပဲ
ဒီနေရာမှာ ဆော့တယ်ဆိုတာက
၂၀% ဖြစ်ပီး
၈၀% လောက်သည် အစားအသောက် ဂရုစိုက်ရမယ် ဆိုတာ မသိခဲ့ပါဘူး

မျိုးရိုးကြောင့် ဝ တာပဲ ဆိုတဲ့ အစွဲနဲ့ပဲ
အ စ ခံရလေ ကိုယ့်မှာရှိတဲ့ stress coping သည်
Eating pattern ဖြစ်လေ ပိုအမြစ်တွယ်ခဲ့လေပါ
စိတ်ရှိတိုင်း စားမြဲ စားဆဲ ကိုယ့်အကျင့်ကို မမြင်ခဲ့ပါဘူး

Stay Tuned for part 4✌🏻





05/12/2025

Eating disorder မှာမှ binge eating လို့ခေါ်တဲ့ binging ပါ
တခါတလေ stress ရှိရင် စိတ်ရှိသလောက်
ဗိုက်ပြည့်လည်း မရပ်ပါဘူး
စားချင်တာ မှန်သမျှ
အကုန်တထိုင်တည်းစားတဲ့ အကျင့်ရှိပါတယ်

ပိန်သွားခဲ့ရင် ဒီလိုမစားဖြစ်လောက်တော့ဘူး
ထင်ခဲ့မိတယ်
တကယ့်လက်တွေ့မှာတော့ မဟုတ်ပါဘူး

ကိုယ်က လိုချင်တဲ့ အနေအထားရောက်နေပီမလို့
သိလိုက်တာနဲ့ goal ရောက်တာနဲ့
Stress eating လုပ်ပါတယ်
ဘာလို့ brain က set point ကိုပြန်ပီး ဆွဲနေတာလဲ
ဘယ်လို re-wiring လုပ်ရမလဲ အဖြေရှာမတွေ့ခဲ့ဘူး
၈ လအတွင်း ရသလောက်လေးရအောင်
ထိန်းစားရင်းနဲ့
shadow work တွေနေ့တိုင်းလုပ်ခဲ့ရတယ်
စာတွေ ချရေးတယ်
နောက်ပိုင်း ၃ လမှာတင် ချရေးတာ ၃ အုပ်လောက်ရှိမယ်
တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုအဖြေရအောင်ပြန်ရှာရတယ်
အဖြေတွေ့ပီထင်လိုက် နောက်တခါ ထပ်ပီး binging ဖြစ်လိုက် pattern တွေနဲ့ တစ်ပတ်တွေလည်နေခဲ့တယ်
ကိုယ့်ရဲ့သိစိတ်ကတော့ ဒီ loop ကြီးကိုဖြတ်ချင်တာပဲ သိခဲ့တယ်
Set point ဖြစ်တဲ့ ပေါင် ၂၀၀ ကျော်ပြန်ရောက်လို့
မရတာ ကိုယ်ကိုယ်တိုင် အသိဆုံးမလို့
ကိုယ့်ကိုယ်ကို ကြောက်တဲ့အဆင့်ဖြစ်လာတယ်

ကိုယ့်ကိုယ်ကိုလည်း သေချာသိနေခဲ့တယ် ၊ Body positivity မရှိတာလည်းမဟုတ်ဘူး
ကိုယ့်ဘဝကို မကျေနပ်တာလား ဆိုတော့လည်း မဟုတ်ဘူး
အဖြေက တခုပဲ
ဒီ ED personality ကနေ လွတ်မြောက်ချင်မိတာ
အေးမြကအစားမထိန်းနိုင်ဘူး ဒီလိုတွေစားပါတယ်ပြောရင် လုပ်ကြံပြောတယ်ပဲထင်ကြမှာ
တကယ်က ED ကမထင်ထားလောက်အောင်ကို
ဆိုးခဲ့ပါတယ်
တကယ့်ကို သိစိတ်နဲ့ကဘယ်လိုမှထိန်းမရပါဘူး

Inner child healing တွေအကြိမ်ကြိမ်လုပ်ရင်းနဲ့မှ
အစရှာတွေ့ခဲ့တယ်
ကိုယ့်ရဲ့ eating pattern သူများတွေနဲ့ မတူတာကို သတိထားခဲ့မိတယ်

ဒီနောက်ပိုင်း ရေးတာတွေသည် ဘယ်သူဘယ်သူ့ကိုမှ အပြစ်တင်ခြင်း နစ်နာလိုခြင်း မရှိဘဲ အမှန်အတိုင်းသာ ကိုယ်ရခဲ့တဲ့ ထရော်မာတွေနဲ့ ချိတ်ဆက် ပြောပြခြင်းသာ ဖြစ်ပါတယ်
ငယ်ငယ်တုန်းကပုံတွေ ပြန်ကြည့်ရင်း
ကိုယ့်ဘဝ pattern တွေကို သေချာကြည့်မှမြင်တာပါ

ဘယ်အချိန်က စပီး ဝခဲ့တာလည်းဆို အသက်
၅ နှစ် လောက် ထိက တခြားကလေးတွေလို ပုံမှန်ပဲ ရှိခဲ့တယ်
၇ နှစ်လောက် (၂တန်း) လောက်ကစပီး တဖြည်းဖြည်းဝလာခဲ့တယ်

အမှန်တော့ အဲ့အရွယ်မှာ ကြီးပြင်းဖြတ်သန်းခဲ့ရတဲ့ ကလေးလေးဟာ အဖေ နဲ့ အမေနဲ့ အိမ်ထောင်ရေးပဋိပက္ခတွေ နေ့တိုင်း မကြားချင်ဆုံး ကြားပီး စိတ်ထွက်ပေါက်က အစား နဲ့ စာအုပ်တွေပဲ ဖြစ်ခဲ့တယ်

Inner child healing တွေ လုပ်တိုင်း တကယ် ပြန်ရောက်သွားတဲ့ ကလေးလေးက ဒီဒန်းပေါ်မှာ မုန့်ထိုင်စားနေတဲ့ အေးမြစိုးကိုပဲ အမြဲမြင်ခဲ့ရတယ်

တကယ်လည်း ငယ်ငယ်တည်းက အချိုတွေ snack တွေပဲ လက် ၂ ဖက် အပြည့်စားရင်း ဖြတ်သန်းခဲ့တာ

တစ်ဦးတည်းသော သမီးဖြစ်တော့ အိမ်ပြန်ရောက်ရင် အဖော်လည်းမရှိ ၊ ဆော့ဖော်လည်းမရှိ ၊ စကားပြောစရာလည်းမရှိတော့ အချိုနဲ့ snack တွေပဲ အားတိုင်း ထိုင်စားခဲ့တယ်

သူများတွေက တစ်ထုပ် ၂ ထုပ်လောက်နဲ့ ဗိုက်ဝလို့ ရပ်ပီဆို ကိုယ်က ၁၀ ထုပ်လောက်မှ ရပ်တာ
အခုထိလည်း ကိတ်မုန့်ဆို တကယ်တစ်လုံးလုံး
စားချင်ရင်စားပစ်တယ်
ပုံမှန် တစ်စိတ်လောက်နဲ့ တင်းတိမ်တဲ့ သူငယ်ချင်းတွေနဲ့ ကြုံတော့မှ ကိုယ်စားတဲ့ pattern က မဟုတ်သေးဘူးဆိုတာ ရှာတွေ့ခဲ့တယ်

အမှန်တော့ ငယ်ငယ်တုန်းက အဖေနဲ့ အမေနဲ့က ရန်ဖြစ်လိုက်၊ ခဏနေကျ အဖေက မုန့်ဆိုင်ခေါ် သွားရင် စားချင်တာတွေ မုန့်ဝယ်ကျွေးခိုင်းလိုက် ၊ ထိုင်စားလိုက်နဲ့
တကယ့်ကို Trauma coping cycle က
အဲ့ကတည်းက လည်နေခဲ့တယ်

ငယ်ငယ်က အဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်လဲဆို အဖေလို့ ဖြေခဲ့တယ်
တကယ်က အဖေနဲ့က Love-Hate relationship ပါ အဖေ ပေးတဲ့ ထရော်မာတွေကို အစားနဲ့ ဖြေသိမ့်ရင်းနဲ့ အဖေ့ကို ပိုချစ်တယ် ထင်ခဲ့မိတာ

အများအမြင်မှာ သူငယ်ချင်းတွေက အေးမြကို
အဖေက သိပ်ချစ်တာ၊ အမြဲ အသေးစိတ်ဂရုစိုက်တာ၊ အဲ့လို အဖေမျိုး လိုချင်တယ် ပြောခံရတယ်
တကယ်လည်း အဖေက ချစ်ပါတယ်
အခုလိုဘဝမျိုးကလည်း အဖေပေးလို့ရထားတာပါ
အဖေ့ကျေးဇူးတွေလည်းအများကြီးပါ
မိဘကို ရွေးချယ်ခွင့်မရှိဘူးဆိုတာလက်ခံထားပီးသားမလို့ အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေမြဲပါ

ဘယ်သူမှ မသိတာက ကိုယ့်စိတ်ထဲစွဲနေတဲ့
အဖေပေးတဲ့ ထရော်မာတွေပါ
ထမင်းစားပွဲဝိုင်းမှာ ပန်းကန်တွေ စားနေရင်းပစ်ပေါက်တာတွေ ၊ ရန်ဖြစ်သမျှတွေပဲ inner child healing မှာ ပေါ်လာခဲ့တယ်
အဲ့လောက်ထိ inner child မှာ စွဲနေမှန်း
မသိခဲ့ဘူး

ငယ်ဘဝမှာ ဆော့နေတာ ၊ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေဆိုတာ တကယ့်ကို ဦးနှောက်ထဲမှာ မရှိဘူး၊ ပြန်လည်းပေါ်မလာဘူး

အခု ကြီးလာတော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံတော့ စကားပြောတော့မှ ကိုယ်ကိုယ်တိုင် သတိထားခဲ့မိတယ်
တကယ့်ပြသာနာက ကိုယ်တိုင်ပါ
ဒီလိုနဲ့ မုန့်စားဆင်းချိန်ဆိုလည်းစားတာပဲ
နေ့လည်စာ ဆင်းချိန်ဆိုလည်းစားတာပဲ
သူများနဲ့မတူအောင်အချိုတွေ၊ မုန့်တွေ
အကုန် စားတတ်တဲ့အကျင့် အဲ့ကတည်းက
ရှိခဲ့တယ်

Stay Tuned for Part 3 ပါရှင်✌🏻

နောက်ပို့စ်တွေမှာ လူတွေကမပေါင်းချင်ဘူး
ထင်တာတွေ People Pleaser ဖြစ်မှန်းမသိ
ဖြစ်ခဲ့တာတွေ Bodyshaming အကြောင်းတွေ
ပြောပြသွားပါမယ်



04/12/2025

Living with Eating disorder personality for 30 yrs
Part 1 ( အပိုင်း ၁ )
အသက် ၃၀ ကျော်မှ ကိုယ့်ကိုယ့်ကို ရှာတွေ့သွားခြင်း

ဒီနေ့ကတော့ ဒီဇင်ဘာ ၄ ရက်နေ့ ၂၀၂၅ ပါ

တကယ် လိုလိုလားလားနဲ့ လုပ်ချင်မိတာ
ကိုယ့်အကြောင်းတွေ ပြောပြဖို့
စိတ်ရဲ့ အလုပ်လုပ်ပုံတွေကို Control လုပ်လို့
မရကြောင်း အကုန်လုံးကို ပြောပြမိချင်ရုံပါ

ကိုယ့်ရဲ့ Dark side ကို ချပြဖို့ ဆိုတာ
တကယ်မလွယ်တဲ့အရာပါ

ကိုယ်ခံယူထားတဲ့
Strong ဖြစ်တယ်ဆိုတာ
အရှိကိုအရှိအတိုင်းပြရဲတဲ့
လက်ခံရဲတဲ့ အနေအထားတခု ဖြစ်တဲ့အတွက်
ဒီ page လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း
ကိုယ့်ရဲ့ Inner mind , Authentic self
ကို အရှိအတိုင်း ချပြချင်ခဲ့တဲ့
ရည်ရွယ်ချက်မလို့ align ဖြစ်စွာပဲ
စာတွေရေးပီး တစ်ရက်တစ်ပုဒ်
Living with eating disorder personality for 30yrs
ကိုရေးရင်း ဘယ်လို လွှတ်ချနိုင်ခဲ့တယ်ဆိုတာ
တခုချင်း ပြောပြသွားပါမယ်

ကိုယ့်လို အရမ်းဝခဲ့တဲ့သူ၊ ငယ်ငယ်တည်းက
မျိုးရိုးလိုက် ဝတာပါ ဆိုပီး ခံယူခဲ့မိတဲ့သူ၊
ကျန်းမာရေးကြောင့် ပြောင်းလဲရမယ်မှန်းသိပေမဲ့ ဘယ်က စရမှန်းမသိဘဲ လမ်းစ ပျောက်နေသူ ၊ ဝလိုက် ပိန်လိုက် သံသရာထဲ တဝဲလည်လည် ဖြစ်ပီး အဖြေရှာမရဖြစ်နေသူ တစ်ဦးဦးကို ဖြစ်ဖြစ် အတွေးလေး တခု ပေးနိုင်ရင် ကျေနပ်ပါတယ်

လေ့ကျင့်ခန်း လုပ်ရင် ၊ အစားအသောက်ထိန်းရင်
ရမယ်ထင်ခဲ့ပေမဲ့ ကိုယ်မှားခဲ့တာက ပြင်ပ ဘော်ဒီကိုပဲ
Chase လုပ်ခဲ့မိတယ်

အတွင်းစိတ်ကလည်း အရေးပါကြောင်း
တကယ့် လက်တွေ့မှာ ဒါမျိုးလည်း ရှိပါတယ်ဆိုတာ
ပွင့်ပွင့်လင်းလင်း ချပြသွားပါမယ်

ဒီစာလေးတွေဖတ်ပီး တစုံတယောက်ကဖြစ်ဖြစ်
ကိုယ့်အတွင်းကို ပြန်လည်ရှာဖွေတွေ့ရှိသွားရင်
ကိုယ့်ဘဝကို ချပြရကျိုးနပ်တယ်လို့
ခံယူတဲ့အတွက်
တစုံတခုမှ ကွယ်ဝှက်ထားခြင်းမရှိဘူးဆိုတာ
ဖတ်မိတဲ့သူတိုင်း ခံစားရစေမှာပါ

Reflection သဘောမျိုးနဲ့
ကိုယ့်ကိုယ်ကို ပြန်ရှာဖွေတွေ့ရှိသွားတဲ့ ပုံစံမျိုး
နောက်တခု ရှိမှန်းမသိခဲ့တဲ့
personality တခုကို ပြောပြဖို့
ဆုံးဖြတ်လိုက်ပါတယ်

Psychology အပိုင်းတွေ
Inner child trauma တွေ အများကြီးပါမှာမလို့
တချို့အမြင်မှာတမျိုး
ဖြစ်ကောင်းဖြစ်နိုင်မယ်ဆိုတာ သိပါတယ်

ဒါပေမဲ့ ကိုယ်လေ့လာခဲ့ရတာ ကိုယ်ရှာဖွေ
တွေ့ရှိခဲ့ရတာတွေကို ပြောပြချင်စိတ်က ထိန်းမရလို့
ကိုယ့်ရဲ့ soul calling မလို့
တမျိုးမြင်မှာတွေကို ထည့်မစဉ်းစားတော့ဘဲ
ကိုယ့်အရှိအတိုင်းချပြဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်

စားချင်တာတွေ စားရင်းနဲ့
Sweet spot လေးရအောင် ရှာနည်း
Brain ကိုသင်ပေးနည်း
အစားစားချင်စိတ်ထိန်းနည်း တွေကိုပါ
အသေးစိတ် ပြောပြသွားပါမယ်

ငလျင်ကြီးပီးတဲ့ နောက် ၈ လဟာ
ကိုယ့်ကိုယ်ကို ရှိမှန်းသတိမထားခဲ့မိတဲ့
Eating disorder ဟာ ဘွားခနဲပေါ်လာပီး
၈ လလုံး ကိုယ့်ကိုယ်ကို နားမလည်နိုင်အောင်
ဖြစ်ခဲ့ရပါတယ်

Brain က သူ့ရဲ့ set point ဖြစ်တဲ့
ပေါင် ၂၀၀ ကျော်ကိုပဲ
မှတ်မိတော့တဲ့ အနေအထားမှာ
အမြဲ Food Thoughts တွေပဲ
ပြည့်နေပီး မြင်မြင်ရာကို စားတော့တာပါ

တကယ့်ကို ကိုယ့်စိတ်နဲ့ကို ရန်တွေဖြစ်ပီး
ဘယ်လို လွတ်အောင် ရုန်းခဲ့ရတယ်
ကိုယ့်ကိုယ်ကို
မှတ်မိအောင် brain ကို
သင်ပေးရတယ်ဆိုတဲ့
အကြောင်း
Psychology တွေ inner child healing တွေ
အများကြီးကို ပါတာမလို့
ဖတ်ရင်းနဲ့ တခုခု တွေးစရာ ရသွားကြပါစေရှင်

Stay tuned for part 2😊




20/08/2025

ကိုယ့်ကိုယ်ကိုဖွင့်ဟဝန်ခံခြင်း အပိုင်း ၂
Episode2
အလွယ်လမ်းတွေ လိုက်ခဲ့မိပုံပါ🥹
#မီကာ

18/08/2025

အရင်က အတွေးမှားခဲ့ပုံများ 😁
#မီကာ




15/08/2025

ကိုယ့်ကိုယ်ကိုဖွင့်ဟဝန်ခံခြင်း အပိုင်း ၁
#မီကာ

TikTok · Mika🦋 11/08/2025

အဓိက purpose ကတော့
တကယ်ကြိုးစားရင်
ဇွဲမလျှော့ရင်ဖြစ်နိုင်ပါတယ်
ဆိုတာ
အားပေးချင်လို့ပါ

Video လေးတွေ
တင်ပေးခွင့်ရတဲ့
အတွက်ကျေးဇူးတင်ပါတယ်🙏

TikTok · Mika🦋 Check out Mika🦋’s post.

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay
05011