Hlaing Pyi Thar

Hlaing Pyi Thar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hlaing Pyi Thar, Professional Sports Team, No. (C-7), 70th Street, Bet; 30th & 31st Street, Mandalay.

27/11/2016

ပြင်ဦးလွင်တွင် နှစ်ရှည်သီးနှံစိုက်ပျိုးရန် မြေယာငှားရမ်းပြီး အကွက်ရိုက်ရောင်းစားသူများကို အရေးယူမည်
Byမောင်တာ
27.11.2016
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်း အစိုးရ ပိုင် မြေလွတ်မြေရိုင်းနှင့် သစ် တောမြေများကို နှစ်ရှည်သီးနှံစိုက် ပျိုးလုပ်ကိုင်ရန်ဟုဆိုကာ ငှားရမ်း ပြီး စိုက်ပျိုးရေးမလုပ်ဘဲ အကွက် ရိုက်ရောင်းစားနေသည့် စီးပွား ရေးလုပ်ငန်းရှင်များကို အရေးယူ မည်ဖြစ်ကြောင်း တိုင်းအစိုးရအ ဖွဲ့မှ သတင်းရရှိသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း မြေလွတ်မြေရိုင်း ဧကငါးသောင်း ခန့်နှင့် ဧကသောင်းချီသော သစ် တောမြေများကို နှစ်ရှည်သီးနှံပင် များ စိုက်ပျိုးလုပ်ကိုင်ရန်ဟုဆို ကာ ပြီးခဲ့သည့် အစိုးရသက်တမ်း အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များ ကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ငှားရမ်းလုပ်ကိုင် ခွင့်ပြုထားသည့် မြေယာများထဲမှ အများစုမှာ မည်သည့်စိုက်ပျိုးရေး လုပ်ငန်းမျှ လုပ်ကိုင်ခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်အချို့က အကွက်ရိုက်ရောင်းစားမှုများရှိနေ သည့်အတွက် အစိုးရအဖွဲ့က အရေးယူရန် စီစဉ်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။ ‘‘မြေငှားရမ်းစဉ်ကတည်းက နှစ်ရှည်သီးနှံစိုက်ပျိုးဖို့ ဖြစ်ပါ တယ်။ တချို့က မြေယူထားပြီး ဘာမှမလုပ်ဘူး။ တချို့က လုပ် ငန်းလုပ်တယ်။ တချို့ကတော့ အကွက်ရိုက်ရောင်းတာတွေရှိ တယ်။ မေလကစပြီး ပြန်စိစစ်နေ ပါတယ်။ ဥပဒေအရ အရေးယူ မှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးဒေါက် တာစိုးသန်းက ဆိုသည်။
သစ်တောမြေများကို ကော် ဖီ၊ ပိုးဇာနှင့် နှစ်ရှည်ပင်စိုက်ခင်း များ ဆောင်ရွက်ရန် အကြောင်းပြ ချက်ဖြင့် ပုဂ္ဂလိကသို့ ဧကများစွာ ချထားပေးခဲ့ပြီး သီးနှံစိုက်ပျိုးခြင်း မရှိဘဲ ဥပဒေမဲ့အကွက်ရိုက် ရောင်းချခြင်း၊ လွှဲပြောင်းရောင်းချ ခြင်းများကို ထိရောက်စွာ အရေး ယူဆောင်ရွက်ရန် တိုက်တွန်း ကြောင်းအဆိုကို စက်တင်ဘာက ကျင်းပခဲ့သည့် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်အစည်းအ ဝေးတွင် ပြင်ဦးလွင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မင်းက တင် သွင်းခဲ့သည်။
လက်ရှိတွင် မြေလွတ်မြေ ရိုင်းများ ချထားပေးမှုများကို ပြန် လည်စိစစ်ပြီးဖြစ်ကာ သစ်တော မြေချထားပေးခဲ့မှုများကို စိစစ်နေ ဆဲဖြစ်သည်ဟု လွှတ်တော်ကိုယ် စားလှယ် ဦးအောင်မင်းက ပြော သည်။
‘‘ကျွန်တော်တို့ ပြန်လည် စိစစ်တဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်း လောက်က ဥပဒေနဲ့မညီဘဲ လုပ် နေတာ တွေ့ရပါတယ်။ နှစ်ရှည် သီးနှံစိုက်ပျိုးဖို့ဆိုပြီး ငှားရမ်းရယူ ထားပေးမယ့် ဘာသီးနှံမှ မစိုက် ပျိုးတာ၊ အကွက်ရိုက်ပြီး လက်လွှဲ ရောင်းချထားတာတွေ တွေ့ရပါ တယ်’’ဟု ဦးအောင်မင်းက ပြော သည်။ထိုသို့ မြေယာများ ငှားရမ်း ပြီး ဥပဒေနှင့်မညီဘဲ လုပ်ဆောင် နေသူများကို အရေးယူမည်ဟု ဒေါက်တာစိုးသန်းက ပြောသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း မြေဧရိယာ ဧကငါးသိန်းခန့်ရှိပြီး မြို့နယ်မြေဧရိယာ၏ ၄၇ ရာခိုင်နှုန်းကျော်ဖြစ်သော ဧကနှစ်သိန်း ကျော်မှာ သစ်တောမြေများဖြစ် သည်။ ထို့အပြင် မြေလွတ်မြေရိုင်း များလည်း ဧကများစွာရှိသည်။ ပြီးခဲ့သည့် အစိုးရသက်တမ်းအ တွင်း ပြင်ဦးလွင်မြို့နယ်အတွင်း ရှိ သစ်တောမြေများတွင် သစ်မာ၊ကော်ဖီ၊ အစုအဖွဲ့ပိုင်စိုက်ခင်း၊ စိုက်ပျိုးရေးလုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုထားသော မြေ ဧကငါးသောင်းကျော်ရှိခဲ့သည်။
7Day

22/11/2016

“ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့်
အချက်များ”

ဘဏ်မှငွေချေးယူလိုပါက
- ဦးစွာငွေချေးယူမည့်ဘဏ်တွင် ဘဏ်ချေးငွေအတွက်
သတ်မှတ်ပုံစံဖြင့် လျှောက်လွှာတင်ရမည်။
- သက်ဆိုင်ရာဘဏ်ချေးငွေဌာန မန်နေဂျာမှတစ်ဆင့်
အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
- စာရွက်စာတမ်းပြည့်စုံမှုနှင့် လုပ်ငန်းအပေါ်မူတည်ပြီး
ဘဏ်ချေးငွေကို တစ်ပတ်ဆက်ရက်အတွင်း
ထုတ်ယူနိုင်သည်။

***

ဘဏ်ချေးငွေ ရယူလိုလျှင် ယေဘုယျအားဖြင့်
အောက်ပါအချက်နှစ်ချက် ပြည်စုံရမည်။
၁ ။ ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း
၂ ။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုင်မည့်
အာမခံပစ္စည်း

***

ဘဏ်မှငွေချေးမည်ဆိုပါက
- သင့်လျော်ကောင်းမွန်သည့် အာမခံပစ္စည်း တစ်ခုခု
တင်ပြရပါမည်။
- အာမခံပစ္စည်းတန်ဖိုး၏ ၃၀% ခန့်ကိုသာချေးငွေအဖြစ်
ထုတ်ပေးသည်။
- ရာခိုင်နှုန်းသတ်မှတ်ခြင်းကို ဘဏ်၏ ရာဖြတ်နှင့်
ဘဏ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ
ဆောင်ရွက်သည်။

***

ဘဏ်တွင် တွေ့ရသည့် အာမခံအမျိုးအစားများမှာ -
1. လူပုဂ္ဂိုလ်ဆိုင်ရာ အာမခံ ၊
2. မရွှေ.မပြောင်းနိုင်သော ပစ္စည်းအာမခံ ၊
3. ရွှေ.ပြောင်းနိုင်သော ပစ္စည်းအာမခံ
ဥပမာ- စိန်ရွှေရတနာ ၊ မော်တော်ကား၊စက်ပစ္စည်းစသည်

***

အာမခံပစ္စည်းသည်
ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင် ၊ ပုသိမ် ၊ မန္တလေးမြို့ နှင့်
နိုင်ငံတော်သမ္မတက ပြန်တမ်များ ကြော်ငြာပြီး
သတ်မှတ်ထားသည့်မြို့ များ၌ရှိလျှင် ချေးငွေစာချုပ်အတွက်
တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရပြီး ၊
ချေးငွေစာချုပ်ကို ဘဏ်တွင်သာ ချုပ်ဆိုကြရမည်
ဖြစ်ပါသည်။

အကယ်၍
အာမခံပစ္စည်းသည် အထက်ဖေါ်ပြပါမြို့ များတွင်
မပါဝင်ပါက အာမခံပစ္စည်းတည်နေရာ မြို့၏
စာချုပ်စာတမ်း၊ မှတ်ပုံတင်ရုံးသွား၍
မှတ်ပုံတင်အရာရှိရှေ.မှောက်တွင် ငွေချေးစာချုပ်ကို
ပြုလုပ်ချုပ်ဆိုရမည်။
ဤအတွက် ချေးငွေ ၁၀၀ အပေါ် ၂% တံဆိပ်ခေါင်းခွန်
ထမ်းဆောင်ရမည် ဖြစ်သည်။

အာမခံပစ္စည်းသည် ရန်ကုန်မြို.၌ တည်ရှိခြင်းမဟုတ်ပါက
အာမခံပစ္စည်း တည်နေရာမြို့သို့
ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနှင့် မီးအာမခံတို့ကို ခေါ်ရမည်
ဖြစ်သည်။
၎င်းအတွက် အကြိုအပို့တာဝန်ကို ငွေချေးသူများကတာဝန်ယူ
ကြရသည်။
ဘဏ်အနေအထားကိုလိုက်၍ ဘဏ်ရာဖြတ်ကိုသာ
ခေါ်ဆိုကြခြင်းလည်း ရှိပါသည်။

***

* ဘဏ်ရှေ.နေကိုခေါ် ခြင်းမှာ
သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနှင့်
မြေစာရင်းရုံးတို့တွင် ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။
* ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းများကို တန်ဖိုးသတ်မှတ်
ပေးရန် ဖြစ်သည်။
* မီးအာမခံမှာ အာမခံအတွက် လုပ်ဆောင်ရန်ဖြစ်သည်။

***

"မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက်
တင်ပြရန် လိုအပ်ချက်များ"

1. လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။

2. မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁ (က) ရှိရမည်။

3. မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်း
မှတ်ပုံတင် စာချုပ် ၊မြေပုံ ၊မြေရာဇဝင်၊
ခြောက်လအတွင်း ဆက်စပ်စာချုပ်များ ၊

4. တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊
သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်း
လိုင်စင် ၊
company မှတ်ပုံတင်လတ်မှတ် ၊ သင်းဖွဲ.မှတ်တမ်းနှင့်
သင်းဖွဲ.စည်းမျဉ်း ၊
ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက်
အခွန်ဆောင်ရပါက ၎င်းတွင်မိမိပိုင်အိမ်အတွက်
လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း
ထောက်ခံချက်ယူရန် ၊
company ဖြစ်လျှင် ဒါရိုက်တာ အဖွဲ.အစည်းအဝေး
ဆုံးဖြတ်ချက် ၊

5. လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့
ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊
ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း
ထောက်ခံစာ၊

6. အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတို့ကို
မှတ်တမ်းတင်ဓာတ်ပုံ ( ရှေ. ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံ )

7. လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း၊

8. အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော
စာရွက်စာတမ်းအပြည့်အစုံ (မြေပုံ၊ မြေရာဇဝင်)၊

9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို
မိမိအမှန်တကယ်ပိုင်ဆိုင်ကြောင်း ၊ လွှဲပြောင်းရောင်းချ
ပေါင်းနှံထားခြင်း မရှိကြောင်း တရားသူကြီးထံမှ
ကျမ်းကျိန်လွှာ၊

10. တခြားလိုအပ်သော စာရွက်စာတမ်းများ
( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ ၊အိမ်ထောင်စုစာရင်း
မိတ္တူသုံးစုံ မှတ်ပုံတင် )
( company အစည်းအဝေး ဆုံးဖြတ်ချက်) ၊ မှတ်ပုံတင်မိတ္တူ ၊

11. အဆောက်အအုံမှာ အသစ်ဖြစ်က
ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် B.C.C ။

***

ထိုကဲ့သို. ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင်
ဘဏ်ရှေ.နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို့
ပါရှိရမည်။

အဆိုပါ ဘဏ်ချေးငွေကို အတိုးရော အရင်းပါ
တစ်နှစ်အတွင်းပြန်ဆပ်ရသည်။

ဘဏ်တွင်း ငွေသွင်းငွေထုတ် လုပ်ရန်ကြိုတင်ပြုလုပ်ထားရသော
စာရင်းရှင်လက်မှတ်မှတစ်ဆင့် ( Current Account )
ထုတ်ယူနိုင်ပါသည်။

***

ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍
လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ်
အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။
*** ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့်
အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့်
လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများ
ရှိနိုင်မည်ဖြစ်ပါသည်။ ***

ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)

Credit - Winning Land

Photos 22/11/2016

စလစ်မှ ဂရန် ပြောင်းလျှောက်လိုလျှင် မူလပိုင်ရှင် ထောက်ခံရမည်


September 03 2016
Myanmar real estate news




မြေချပါမစ်စလစ်မြေများအားအိမ်ခြံမြေ ဈေးကွက်အတွင်း အထွေထွေ ကိုယ်စားလှယ်လွှဲစာဖြင့် အဆင့် ဆင့် လွှဲပြောင်းရောင်းချနေခြင်းကြောင့် နောက်ဆုံးဝယ်ယူထားသူအနေဖြင့် မြေဂရန်လျှောက်ထားရာတွင် မူလမြေချပါမစ် ( စလစ် )ပါ မူရင်းပိုင်ရှင်၏ ထောက်ခံချက်လိုအပ်သည့်အတွက် မူလ ပိုင်ရှင်များက ငွေကြေး တောင်းခံမှုများရှိနေကြောင်းအိမ်ခြံမြေ အကျိုးဆောင်များနှင့်ဥပဒေပညာရှင်များထံမှ သိရသည်။

စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှယောက်ပဲပြောင်းသွားပါစေ နောက်ဆုံးဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မပေးနိုင်ဘူးဆိုရင်တော့ မဝယ်သင့်ဘူး။ မူလ စလစ်ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့အခုဈေးက အရမ်းကွာနေတော့အလွယ်တကူ လက်မှတ်မထိုးချင်ကြဘူး။

ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ်ထိုးခိုင်းလာကြတယ်။ တခြားနည်းလမ်းတွေလည်း ရှိပေမယ့် ကုန်ကျစရိတ်ကအရမ်းများတော့ ဝယ်တဲ့သူ တော်တော်များများက အဲဒီ အတိုင်းလုပ်တာ။ ဈေးကွက်ထဲမှာ အများကြီးပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။

မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင်သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ် စောင့်ဆိုင်းပြီးကန့်ကွက်မည်သူမရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည့် နည်းလမ်းအပြင် အိမ်ခြံမြေဈေးကွက်အတွင်း၌ မသမာသောနည်းလမ်းများဖြင့်လည်း အိမ်ခြံမြေ အကျိုးဆောင်အချို့နှင့် ရှေ့နေအချို့ကအမည်ပေါက် ရရှိရန် လုပ်ကိုင်ပေးနေခြင်းတို့ ရှိနေသော် လည်း ငွေကုန်ကြေးကျများခြင်းကြောင့် လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်လျက် ရှိသည်။

တချို.ကလည်း လိုင်းရိုက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ပိုက်ဆံလည်း မြေကွက်တန်ဖိုးအလိုက် ပေးရတာရှိတယ်။ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဒီပြသနာတွေက အများကြီးပဲ။ လုံဝ အစပျောက်နေ တာကို လုပ်ပေးတဲ့သူတွေလည်း ရှိပေမယ့် ဥပဒေအရ မူလပိုင်ရှင်ကို မဖြစ်မနေရှာရမယ်။

လုပ်တဲ့လူတွေမှာလည်း သူတို့ချိတ်တွေနဲ့ လုပ်တာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြို့ကွက်သစ်များအဖြစ် ဖော်ထုတ်ချထားပေးသည့် မြို့နယ်များရှိ နေထိုင်သူအများစုမှာ ယနေ့အချိန်အိ မြေချဂရန် ထုတ်ပြီးထားသည့်လူနေအိမ်၊ မြေကွက်များထက် စလစ်မြေများကိုသာ ပိုမိုအရောင်းအဝယ်လုပ်လာလိုကြကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ်တုန်းက ၁၅ သိန်းနဲ့ ရောင်းသွားတဲ့ စလစ်မြေကို အခု နောက်ဆုံးပိုင်တဲ့သူက ဂရန်အဖြစ်ပြောင်းချင်လို့ မူလပိုင်ရှင်ကိုရှာတော့ ပိုက်ဆံ ဘယ်လောက်မှ လက်မှတ်ထိုးပေးမယ်လို့ ဖြစ်ကုန်တယ်။ ဝယ်တဲ့သူကလည်း ဂရန်လိုချင်တော့ ညှိပြီး ပိုက်ဆံပေးလိုက်တော့ အဆင်ပြေသွားတယ် ဟု ရွှေမာလာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

စလစ်နှင့်ရောင်းချထားသောမြေများသာမက တိုက်ခန်း၊ ကွန်ဒို များအရောင်းအဝယ်ပြုလုပ်ပြီးပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ စာရင်းပေးသွင်းထားမှသာ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမှုအခင်း များဖြစ်ပွားလာပါက တရားရုံးများတွင် တရားဝင်သက်သေအဖြစ် တင်ပြနိုင်သည့် အခွင့်အရေးများရှိမည်ဖြစ်သည်။ “စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ရာခိုင်နှုန်းအလိုက် အခွန်ဆောင်ရမယ်။ ပြီးလို့ စလစ်ထွက်လာမှ အမည်ပြောင်းလို့ရမယ်” ဟု တရားလွှတ်တောရှေ့နေ ဦးအေးမင်းက ပြောသည်။

Credit : ကိုဇေယျာလင်း

Photos 20/11/2016

မန္တလေးတွင် စည်းကမ်းမလိုက်နာသော အဆောက်အအုံများအတွက် ဒဏ်ကြေးတိုးမြှင့်သတ်မှတ်
Sunday, November 20, 2016

မန္တလေးမြို့တွင် အ ဆောက်အအုံဆောက်လုပ်ရာ၌ ခွင့်ပြုပုံစံထက် ကျော်လွန်ပြီး ဆောက်လုပ်မှုများကို ဒဏ်ကြေး ကောက်ခံရာတွင် ၂၀၁၇ ဇန်နဝါ ရီ ၁ ရက်မှစ၍ အဆ ၇၀ ကျော် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက သတင်းထုတ် ပြန်သည်။

အာစီအဆောက်အအုံ တစ် စတုရန်းပေလျှင် ၂၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်၊ နံကပ်အဆောက် အအုံ တစ်စတုရန်းပေ ၁၅၀ ကျပ် မှ ၁၀,၀၀၀ ကျပ်နှင့် ကျန်အ ဆောက်အအုံ တစ်စတုရန်းပေ လျှင် ၁၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်တိုးမြှင့် ကောက်ခံမည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

‘‘ခွင့်ပြုထားတာထက် ကျော်လွန်ပြီး ဆောက်တဲ့သူတွေကို ရည်ရွယ်တာ။ မဟုတ်ရင် လူတွေက မကြောက်ဘူးလေ။ အရင်တုန်း က နှုန်းထားနဲ့ဆိုရင် ဆောက်တာ ပဲ။ ပြင်းထန်တဲ့ အရေးယူမှုတစ်ခု ကို ရန်ကုန်မှာလုပ်ပြီး ဆောင် ခိုင်းနေပြီ။ အဲဒါကို ရည်ညွှန်းပြီး လုပ်လိုက်တာ’’ဟု အဆောက်အ အုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်း က ပြောသည်။

ခွင့်ပြုမိန့်မရရှိမီ ကြိုတင် ဆောက်လုပ်ထားခြင်းများကို လည်း ဒဏ်ကြေးတိုးမြှင့်လိုက်ပြီး မိသားစုနေအိမ် အာစီအဆောက် အအုံ တစ်စတုရန်းပေလျှင် ၂၀၀ကျပ်မှ ၅၀၀ ကျပ်၊ နံကပ်အ ဆောက်အအုံ တစ်စတုရန်းပေ ၁၅၀ ကျပ်မှ ၅၀၀ ကျပ်၊ ကျန်အဆာက်အအုံ တစ်စတုရန်းပေ ၁၀၀ ကျပ်မှ ၅၀၀ ကျပ်၊ စီးပွားရေးကန်ထရိုက် အဆောက်အအုံများ အတွက် တစ်စတုရန်းပေ ၄၀၀ကျပ်မှ ၂,၅၀၀ ကျပ် တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း မန္တ လေးမြို့တော် စည်ပင်သာယာ ရေးကော်မတက အသိပေးထား သည်။

ယခုကောက်ခံလျက်ရှိသော ဒဏ်ကြေးများသည် ၂၀၁၆ ဒီဇင် ဘာ ၃၁ ရက်အထိသာ ပေးသွင်း ခွင့်ပြုမည်ဖြစ်ပြီး ထိုရက်အတွင်း ပေးသွင်းခြင်းမရှိဘဲ ကျန်ရှိနေ သည့် ဒဏ်ကြေးများကို နှုန်းထား အသစ်ဖြင့် ကောက်ခံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7 Day

Photos 31/10/2016

မြေဝယ်ယူရာတွင် စိစစ်ရမည့်အချက်များ


May 03 2016
real estate knowledge

1. မြေကွက်တည်နေရာနှင့် အလားအလာ

2. မြေအမျိုးအစား

3. မြေကွက်တန်ဖိုးဈေးနှူန်း (ဆိုဈေးနှင့်အလျှော့အတင်း အခြေအနေ)

4. မြေကွက်အကျယ်အဝန်း (နယ်နိမိတ်တိုင်းတာ သတ်မှတ်သည့်မြေပုံနှင့် တိုက်ဆိုင်စစ်ဆေး၍ အမှန်အကယ်ရှိမရှိ လက်တွေ. တိုင်းကြည့်ရန်)



5. အမည်ပေါက်ပိုင်ရှင် ကိုယ်တိုင်ရောင်းချခြင်း ဟုတ်မဟုတ်

6. ပိုင်ဆိုင်မှုအဆင့်ဆင့်နှင့် သက်ဆိုင်သည့် စာချုပ်များ ၊စာရွက် ၊စာတမ်းများ အပြည့်အစုံ ရှိမရှိ

7. ရောင်းသူသည် အမှန်တကယ် ပိုင်ဆိုင်ခွင့် ၊ ရောင်းချခွင့် ရှိသူ ဟုတ်မဟုတ်

8. လိုအပ်ပါက လင်နှင့်မယား နှစ်ဦးစလုံးမှ လက်မှတ်ရေးထိုး ပေးနိုင်ခြင်း ရှိမရှိ

9. လိုအပ်ပါက ဝယ်ယူမည့်အကြောင်းကို သတင်းစာတွင် ကြော်ငြာခြင်းကို လက်ခံ၊မခံ

10. လွှဲပြောင်း ၊ ရောင်းချ ၊ ပေါင်နှံ ၊ စွန်.လွှတ် ၊ လှူဒါန်း ၊ အာမခံ တင်သွင်းထားခြင်း ရှိမရှိ

11. မြေကွက်အမှတ် ၊ အိမ်အမှတ်

12. မြေကွက်မျက်နှာပြုရာအရပ်

13. လမ်းပန်းဆက်သွယ်ရေးနှင့် ကားဝင်ထွက်နိုင်မှု အခြေအနေ

14. ရေဝပ် ၊ မဝပ် နှင့် ရေဆင်းကောင်းမကောင်း

15. သဘာဝဘေးအန္တရာယ်ကြောင့်ပေါ် ပေါက်နိုင်သည့် အန္တရာယ် ရှိမရှိ ( မြစ်ရေကြီးခြင်း၊ တာကျိုး၍ရေလျှံခြင်း၊ ထူးကဲဒီရေကြောင့်မြုပ်ခြင်း ၊ မြစ်ရေတိုက်စားခြင်း) (ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)

16. လျှပ်စစ်မီး ရှိမရှိ

17. ရေရရှိမှု အခြေအနေ

18. အနီးပတ်ဝန်းကျင်အခြေအနေ

19. လမ်းမကြီး ( ခရီးသည်တင် ဘတ်စ်ကားလိုင်း) မှ မည်မျှ ကွာသည်

20. မိမိလုပ်ကိုင်မည့် လုပ်ငန်းနှင့် ကိုက်ညီမှု ရှိမရှိ

21. အနီးဆုံးဈေးနှင့် အနီးဆုံးကျောင်းများ

22. သစ်ပင်နှင့် စားပင်များ ပါဝင်မှု

23. ပြန်ရောင်းရန်ဖြစ်ပါက အလွယ်တကူ ပြန်ရောင်း၍ရနိုင်၊ မရနိုင်

Credit : ဇော်မြင့်ဦ

Photos from Hlaing Pyi Thar's post 30/07/2016

- က - ၁ / ၉၀ = သိန်း ၂၃၅၀/-
- ပေ ၄၀ - ၆၀ ( အရှေ့လှည့် )
- လမ်း ၇၁ ပေါ် - မနော်ဟရီ လမ်း နှင့် စိမ်ပန်း လမ်းကြား
- ဂရံ မြေ

Photos from Hlaing Pyi Thar's post 29/10/2015

- လလ - ၄၃ / ၁ + ၂ = သိန်း ၂၂၀၀/-
- ၅၉ လမ်း နှင့် မက္ခရာ လမ်း နှစ်မိန်းဒေါင့်
- မြောက် လှည့် , အနောက် လှည့်
- အုတ်တံတိုင်း , သံပန်းတံခါးပါပြီး
- ပေ ( ၈၀ , ၆၀ )
- Ph ; 09 205 9033 , 09 681 9600

30/08/2015

- ဇဇ - ၁၉ / ၈၃ = သိန်း ၁၂၅၀/-
- ခိုင်ရွှေဝါလမ်း ပေါ် , ၅၀ - ၅၁ လမ်းကြား
- တောင်လှည့်
- ပေ ( ၄၀ - ၆၀ )
- Ph ; 09 205 9033 , 09 681 9600

24/07/2015

- နန - ၅၂ / ၁၀ = သိန်း ၁၅၀၀/-
- ၅၆ လမ်း နှင့် သခင်ဖိုးလကြီး လမ်း ၂ မိန်းဒေါင့်
- ပေ ( ၄၀' ~ ၆၀' )
- အနောက်လှည့် , တောင်လှည့် ဒေါင့်ကွက်
- Ph ; 09 205 9033 , 09 681 9600

22/07/2015

- ဗဗ . ၈ / ၁၈၅ = သိန်း ၄၀၀/-
- ၄၄ ~ ၄၅ လမ်းကြား , နှင်းဆီ နှင့် မြတ်လေးလမ်းကြား
- ပေ ( ၃၀' ~ ၄၀' )
- တောင်လှည့်
- Ph ; 09 205 9033 , 09 681 9600

22/07/2015

- တတ . ၂၉ / ၇၂ = သိန်း ၁၀၀၀/-
- ၄၇ လမ်းနှင့် အောင်ဆန်းလမ်း နှစ်မိန်းဒေါင့်
- ပေ ( ၄၀' ~ ၆၀' ) အရှေ့လှည့် , မြောက်လှည့် ဒေါင့်ကွက်
- Ph ; 09 205 9033 , 09 681 9600

22/07/2015

- လလ . ၅၃ / ၆၀ + ၆၁ = သိန်း ၆၅၀/-
- ၅၂ * ၅၃ လမ်းကြား , တပင်ရွှေထီး နှင့် ရွှေလှံဗိုလ်ကြား
- ပေ ( ၈၀' * ၆၀' ) ~ တောင်လှည့်
- Ph ; 09 205 9033 , 09 681 9600

🌷 ရောင်းပြီး 🌷 ( 19 . 9 .2015 )

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


No. (C-7), 70th Street, Bet; 30th & 31st Street
Mandalay
12345