Planet Gym & Fitness Equipment

Planet Gym & Fitness Equipment

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Planet Gym & Fitness Equipment, Gym/Physical Fitness Center, 83st 29x30st, Mandalay.

22/08/2024

2024 မကုန်ခင် လှသွားချင်တယ် ဆိုရင် PT နဲ့ရှယ် Train လို့ရသေးတယ်နော်✔️🏋️

Photos from Planet Gym's post 23/02/2024
08/09/2023

2023 မကုန်ခင် ပြောင်းလဲချင်သူများအတွက်။👇

📌Planet Gym က ၃ လအတွင်း သင့်ကျန်းမာရေးကြံ့ခိုင်မှု ကိုယ်ကာယ အချိုးအစား ကျနမှု ထူးခြားတိုးတက်စေရမည် ဟုတ်အာမခံပါတယ်။✔️✔️

📍body transformation လုပ်ချင်တဲ့သူဖြစ်ဖြစ်✔️

📍ကျန်းမာကြံ့ခိုင်သော Life style ကိုပြောင်းလဲချင်တဲ့သူဖြစ်ဖြစ်✔️

📍ဝိတ်ထိန်းပြီး အရွယ်တင်နုပျိုချင်တဲ့သူဖြစ်ဖြစ်✔️

Planet gym ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။🥰

လူအများကြီးကို ပြောင်းလည်းပေးခဲ့ပြီးဖြစ်တဲ့အတွက် trainer တွေရဲ့ညွှန်ကြားချက်ကို သေချာလိုက်နာမယ်ဆိုရင် မပြောင်းလည်းမှာ လုံးဝစိတ်ပူစရာမလိုပါဘူးနော်..။🥰

====================================

Planet Gym Health & Fitness
🏘️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၂၆၁) ၊83လမ်း ၊ 29/30ကြား
၊မန္တလေးမြို့။
☎️ 𝐏𝐡𝐨𝐧𝐞 - 09455528440

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠💞
𝐇𝐚𝐯𝐞 𝐚 𝐧𝐢𝐜𝐞 𝐝𝐚𝐲🌹

08/09/2023

Dance Cardio စိတ်ဝင်စားသူများအတွက်..💁

စိတ်ရှည်ပြီး သေချာသင်ပေးတဲ့ Sr.Zo Ri ရဲ့ Zumba Class join လို့ရပါပြီရှင့်...💃

ဝိတ်လည်းကျမယ် ပျော်လည်းပျော်ရမယ်နော်။💃

ခန္ဓာကိုယ်အချိုကျ ကျစ်လျစ်လှပစေဖို့ ခုပဲ join လိုက်တော့နော်🌹

Planet Gym Health & Fitness
🏘️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၂၆၁) ၊83လမ်း ၊ 29/30ကြား
၊မန္တလေးမြို့။
☎️ 𝐏𝐡𝐨𝐧𝐞 - 09455528440

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠💞
𝐇𝐚𝐯𝐞 𝐚 𝐧𝐢𝐜𝐞 𝐝𝐚𝐲

05/09/2023

ဒိုက်ထိုးခြင်းကြောင့် ရလာမယ်အကျိုးကျေးဇူးများ💁💁

တစ်ချို့အားကစားတွေဟာ Equipment မလိုဘဲ နေရာမရွေး ကစားနိုင်ပါတယ်။ ဒီလိုအားကစားနည်း တွေထဲမှာ push Ups လို့ခေါ်တဲ့ ဒိုက်ထိုးကစားနည်းလည်း ပါပါတယ်။ ဒိုက်ထိုးကစားနည်းဟာ လွယ်ကူသလောက် အကျိုးများတဲ့ workout ဖြစ်ပါတယ်။

(၁) ကြွက်သားအားလုံးကို ကြံ့ခိုင်သန်မာစေခြင်း
✔️ဒိုက်ထိုးကစားနည်းဟာ ပုခုံး၊ ကျော ၊ လက်မောင်း နဲ့ လက်ပြင် ကြွက်သားအုပ်စုအားလုံးကို လှုံ့ဆော်ပေးပါတယ်။ အရေးပါတဲ့ ကြွက်သားအားလုံးကို အားပေးလုပ်တာ ဖြစ်လို့ ကြွက်သားကြံ့ခိုင်မှု မြင့်မားစေပါတယ်။

(၂) နှလုံးကျန်းမာရေးအားပေးခြင်း
✔️တစ်နေ့ကို အကြိမ်ပေါင်း ၄၀ နဲ့အထက် ဒိုက်ထိုးလေ့ရှိသူတွေဟာ ဒိုက်ကစားမှု မရှိတဲ့သူတွေထက် နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ဖို့ ၉၆ % ပိုနည်းစေတယ်လို့ AMA Network Open ဆေးဂျာနယ်က ‌ဖော်ပြထားပါတယ်။ ဒိုက်ဖိုးတယ်ဆိုတာ ကြွက်သားတွေကို အလုပ်ပေးရုံတင်မဟုတ်ဘဲ နှလုံးကို အောက်ဆီဂျင်ပေးပို့မှုပါ ပိုမိုမြန်ဆန်စေပါတယ်။ နှလုံးအလုပ်လုပ်မှုမှန်ကန်ခြင်းအပြင် ကိုယ်ခန္ဓာမှာ သိုလှောင်ထားတဲ့ မလိုအပ်တဲ့ အဆီတွေပါ လျော့ချပေးနိုင်ပါတယ်။

(၃) ဟော်မုန့်ကျန်းမာရေး ကောင်းမွန်ခြင်း
✔️ဒိုက်ကစားလို့ရတဲ့ အကျိုးကျေးဇူးတွေထဲမှာ နောက်ထပ်ထူးခြားတာိက HGH လို့ခေါ်တဲ့ Human Growth Hormone တွေကိုပါ တိုးပွားစေပါတယ်။ HGH ဟာ ကလေးငယ်နဲ့ အရွယ်ရောက်စ လူငယ်တွေမှာ အများဆုံး ကြီးထွားပြီး ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ထိန်းညှိပေးသလို ကြွက်သား၊ အရိုးနဲ့ကိုယ်တွင်း အရည်တွေအပြင် ဇီဝကမ္ပလု်ဆောင်ချက်ပါ မှန်ကန်စေပါတယ်။

(၄) ကိုယ်နေဟန်ထား မှန်ကန်စေခြင်း
✔️လက်ပြင်ကုန်းနေတယ်ဆိုရင် ဒိုက်ပုံမှန် ထိုးသင့်ပါတယ်။ ကွန်ပျူတာရှေ့မှာ တစ်နေလုံး ထိုင်နေရတဲ့သူတွေအတွက် Push Up လုပ်ပေးခြင်းဩဟာ တကယ့်ကို ထိရောက်လွယ်ကူတဲ့ ကျန်းမာရေးအလေ့အထပါ။ နည်းစနစ်မှန်မှန် ဒိုက်ဖိုးမယ်ဆိုရင် ခါးနာတာ၊ လက်ပြင်ကိုင်းတာနဲ့ ပုခုံးဖွဲစည်းပုံတွေပါ အများကြီးကောင်းမွန်တိုးတက်လာမှာဖြစ်ပါတယ်။

Planet Gym မှာလာရောက်ကစားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🥰



#ဒိုက်ထိုး

05/09/2023

Good morning 🌞
Morning activities at gym🏃🏋️

=============================

Planet Gym Health & Fitness
🏘️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၂၆၁) ၊83လမ်း ၊ 29/30ကြား
၊မန္တလေးမြို့။
☎️ 𝐏𝐡𝐨𝐧𝐞 - 09455528440

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠💞
𝐇𝐚𝐯𝐞 𝐚 𝐧𝐢𝐜𝐞 𝐝𝐚𝐲🌹

04/09/2023

တနင်္လာနေ့ မနက်ပိုင်း Cycling class...🚴🚴

စည်းချက်ညီညီနဲ့ အဆီကျ ကျစ်လျစ်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်ဖို့...💁

စက်ဘီး class join လို့ရပြီနော်...🥰

မနက်ပိုင်း မမှီတဲ့ သူတွေလဲ ညနေ ၅ နာရီလာ join လို့ရပါတယ်ရှင့်🥰

-------------------------------

Planet Gym Health & Fitness
🏘️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၂၆၁) ၊83လမ်း ၊ 29/30ကြား
၊မန္တလေးမြို့။
☎️ 𝐏𝐡𝐨𝐧𝐞 - 09455528440

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠💞
𝐇𝐚𝐯𝐞 𝐚 𝐧𝐢𝐜𝐞 𝐝𝐚𝐲🌹

01/09/2023

လေ့ကျင့်ခန်း(workout )မလုပ်ခင် ဘယ်လိုအစားအစာတွေ စားသုံးသင့်လဲ???

လေ့ကျင့်ခန်းမလုပ်ခင်မှာ စားသုံးမယ့်အစားအစာတွေကိုလည်း သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ energy ရစေမယ့်အစားအစာတွေ (ဥပမာ-ငှက်ပျောသီး၊ ပန်းသီး၊ ဒိန်ချဉ်၊ ဆန်(သို့) ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါ့ပေါ့ပါးပါးအစားအစာတွေ၊ ဥအမျိုးမျိုး၊ သဘာဝသစ်သီးများ၊ အစေ့အဆံများ) ကို လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီကနေ ၃နာရီအတွင်းမှာ ရွေးချယ်စားသုံးသင့်ပါတယ်။✔️✔️

လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့အခါတိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးဖို့နဲ့ ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်ကို ပြန်သောက်ပေးကြဖို့လည်း မမေ့ကြပါနဲ့နော်။ ❤️

Planet Gym Health & Fitness
🏘️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၂၆၁) ၊83လမ်း ၊ 29/30ကြား
၊မန္တလေးမြို့။
☎️ 𝐏𝐡𝐨𝐧𝐞 - 09455528440

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠💞
𝐇𝐚𝐯𝐞 𝐚 𝐧𝐢𝐜𝐞 𝐝𝐚𝐲🌹

01/09/2023

ပထမ ဝိညဉ် : : ခင်ဗျားက ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ

ဒုတိယ ဝိညဉ် : : အံ့သြလွန်ပြီး သေလို့ရောက်လာတာပါ

ပထမ ဝိညဉ် : : ကျွန်တော်ကတော့ အအေးမိပြီးသေလို့ပါ။ ဆက်ပါအုံးခင်ဗျားအကြောင်းလေး

ဒုတိယ ဝိညဉ် : : တစ်နေ့ကျွန်တော် အလုပ်ကပြန်လာတယ်။ အိမ်ခန်းဝလည်းရောက်ရော အထဲမှာ ကျွန်တော့် မိန်းမနဲ့ ယောကျ်ားတစ်ရောက်ရဲ့ ရယ်သံတွေကြားရတယ်ဗျာ

ဒါနဲ့အခန်းထဲရောက်လို့ လိုက်ရှာ ကြည့်တာ ဘယ်မှာမှ မတွေ့ဘူးဗျာ။ ဒါနဲ့အံ့သြလွန်ပြီးသေလာတာပါ

ပထမ ဝိညဉ် : : ဟာဗျာ.....ခင်ဗျားမှ ရေခဲသေတ္တာကို ဖွင့်မကြည့်တာ....ဟင့်။

နားမလည်ရင် အစကပြန်ဖတ်နော်......

01/09/2023

အရိုးအဆစ်နဲ့ကြွက်သား သန်မာဖို့💪🦾

✔️အသက်အရွယ်တစ်ခုကို ရောက်လာတာနဲ့အမျှ ခန္တာကိုယ်မှာ ရှိတဲ့ အရိုးအဆစ်နဲ့ကြွက်သားတွေဟာ အားနည်းလာတတ်တာမို့ ငယ်ရွယ်စဥ်ထဲက အရိုးနဲ့ကြွက်သားတွေကို အားပြည့် သန်မာစေတဲ့ အစားအသောက်များစားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း နေ့စဥ်လုပ်ခြင်း ဒါတွေကို ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။

✔️ဒီနေ့မှာတော့ အရိုးအဆစ်နဲ့ကြွက်သားတွေ ကြံ့ခိုင်၊ သန်မာဖို့အတွက် နည်းလမ်းကောင်းလေးတွေကို Planet Fitness မှ မျှဝေလိုက်ပါတယ်။

💪နို့ နဲ့ နို့ထွက် ပစ္စည်းများ စားသုံးပါ

နို့ထွက် ပစ္စည်း တွေဖြစ်တဲ့ ဒိန်ချဥ်၊ နွားနို့ တို့ကိုလည်းစားသုံးပေးသင့်ပါတယ်။ ဒိန်ချဉ် မှာ ဗီတာမင် D ပါဝင်ပြီး သွေးတိုးကိုလည်းကျစေပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့မှာ တနေ့တာရဲ့ ကယ်လ်ဆီယမ် လိုအပ်ချက် ၃၀ ရာခိုင်နှုန်းအထိ ဖြည့်စွက်ထားတဲ့အတွက် နေ့စဥ် မှီဝဲဖို့သင့်တော်တဲ့ ဓာတ်စာ တစ်မျိုးလည်းဖြစ်ပါတယ်။
ဒီနေရာမှာ အချိုမပါဖို့တော့ သတိပြုရပါမယ်နော်။

💪ပရိုတင်းဓါတ်လုံလောက်စွာစားသုံးပါ

ပရိုတင်း ဓာတ်ကြွယ်ဝမှုက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေတာကြောင့် အဆီမပါတဲ့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အခွံမာသီး စတာတွေပါ ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် တနေ့တာမှာ ဖြည့်စွက် စားသုံးသင့်ပါတယ်။

💪အချိုရည် လျှော့သောက်ပါ

သကြားပါဝင်မှုများတဲ့ အချိုရည်တွေဟာ က်ုယ်အလေးချိန်ကို တိုးစေနိုင်တဲ့အတွက် လျှော့ချဖို့ အကြံပြုချင်ပါတယ်။ အချိုရည်အစား ရေသောက်တာဟာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသလို ဆီး၊ ဝမ်း မှန်ဖို့အတွက်လည်း များစွာ အထောက်အကူဖြစ်စေပါတယ်။

💪ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ

တစ်နေ့တာလုံးမှာ ကိုယ်လက်လုပ်ရှားမှု တစ်ခုတော့ ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ အများကြီးမလုပ်နိုင်ရင်တောင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေဟာ လွယ်ကူရိုးရှင်းပြီး ပေါ့ပါးတဲ့အတွက် နေ့စဥ် လုပ်ဆောာင်လို့ အကြံပြုချင်ပါတယ်။

Planet Gym

Address - 83St, Bet-29/39 Mandalay




&fitness_gym

31/08/2023

New Room✨✨
New Song လေးနဲ့ မြူးမြူးကြွကြွပဲ🎶🎶

Planet Gym ကထပ်မံတိုးချဲ့ထားတဲ့ အခန်းသစ်လေးမှာ စိတ်ကြိုက် လွတ်လွတ် လပ်လပ်ကလို့ရပါပြီရှင့်...🥰🥰

ပျော်ပျော်ရွှင်ရွှင်ပဲ Zumba ကပြီးဝိတ်ချချင်တယ်ဆိုရင်...
Planet မှာ Zumba လာအပ်လို့ရပြီနော်...❤️

3 months အပ်ရင် 1 month free နဲ့ စိတ်ကြိုက်မြူးလို့ရပါပြီလို့🥰👇

Zumba only - 60,000ks

--------------------------
+++++++++++++++++++++++++

Planet Gym Health & Fitness
🏘️ 𝐀𝐝𝐝𝐫𝐞𝐬𝐬 - အမှတ် (၂၆၁) ၊83လမ်း ၊ 29/30ကြား
၊မန္တလေးမြို့။
☎️ 𝐏𝐡𝐨𝐧𝐞 - 09455528440

𝐓𝐡𝐚𝐧𝐤𝐬 𝐟𝐨𝐫 𝐫𝐞𝐚𝐝𝐢𝐧𝐠💞
𝐇𝐚𝐯𝐞 𝐚 𝐧𝐢𝐜𝐞 𝐝𝐚𝐲🌹

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


83st 29x30st
Mandalay