လိုချင်တာယူ
http://www.samsung-updates.ru/
YOUTH Computer Mawlamyine
Training, Technology , Language , Networking , Computers & Mobile Phone Sales and Services , Books
13/01/2016
lead toxicity (ခဲဆိပ် သင့် ခြင်း)
ဖုန်း hardware ဆရာတွေ အနေနဲ့ ခဲ ဆိပ်သင့်ခြင်း ကို သတိမမူဘဲ ရဲရဲ တင်းတင်း လုပ်ကိုင်နေကြပါတယ် ။ ခဲဟာ အငွေ့ ကနေ စပြီး ၊ ခဲ ကိုလက်နဲ့ တိုက်ရိုက် ကိုင်တွယ်တာ (အထူး သဖြင့် ခဲ အရည် လောင်းတဲ့ ကိစ္စ) တွေဟာ ခဲဆိပ် သင့်စေပါတယ်.... သတိ မူနိုင်ကြပါစေ....
09/01/2016
dial pad မှာ 319712358့ ရိုက်
(SKT Hidden Menu, password = 996 412
ASUS zf4s = a450cg = t00q root လုပ်နည်း
၁။ driver file ဒီကနေဒေါင်းပါ https://software.intel.com/en-us/android/articles/intel-usb-driver-for-android-devices
၂။ root အတွက်လိုတာဒီကနေ http://d-h.st/LQo ဒေါင်းပါ.
၃။ driver install လုပ်ပါ....
၎။ File Root Zenfone 450.zip ကိုဖြည်ပါ။
၅။ power နဲ့ vol up တွဲနှိပ်ပြီး Droidboot mode ထဲဝင်ပါ
၆။ pc နဲ့ ဖုန်းချိတ်ပါ...
၇။ဖြည်ထားတဲ့ File Root Zenfone 450 folder ကို shift ဖိထားပြီး right click နှိပ်ပါ... Open Command Window Here ကိုရွေးပါ...
၈။command ထဲမှာ fastboot flash update rootzen450.zip ဆိုပြီးရိုက်ပေးလိုက်ပါ.
reboot လုပ်ပါ....
zf4=a400cg=t00i. zf4s=a450cg=t00q
09/02/2015
သိသလောက် လေးရှင်းပြထားပါတယ် စိတ်ဝင်စားရင်ဖတ်ကြည့်ပါ။
http://youthmlm.blogspot.com/2015/02/i-c-t-fixture.html
I.C.T.
i.c.t ဆိုတာ မြန်မာပြည်မှာတော့ ကွန်ပျူတာသင်တန်းကျောင်းတွေမှာ သုံးတဲ့စကားလုံးပါ။ ခုကျနော်ရှင်းပြမယ့် ဟာက အဲ့လိုမဟုတ်ပါဘူး။ In Circuit Test ပါ။ ကျနော်ဟာ Sanmina SCI Singapore ရဲ့ I C T မှာ အလုပ်လုပ်ခဲ့ဘူးတဲ့ အတွက် အဲဒီ အကြောင်းနဲနဲ ပြောပြမှာပါ။ Electronics manufacturing တွေမှာ SMT( surface mount technology ) Machine တွေကို line တွေလို့ခေါ်ပါတယ်။ အဲ ဒီ line တွေမှာ စက်တွေကနေ အလိုအလျောက် components တွေကို တပ်ဆင်ပေးပါတယ်။ အဲဒီလိုင်းတွေကို ကြီးကြပ်ဖို့ components တွေကို ဖြည့်တင်းပေးဖို့ operators တွေ technicians တွေရှိပါတယ်။ လိုင်းအဆုံးမျာတော့ visual check လုပ်ဖို့ ကဒ်ထူ တစ်ခုနဲ့ operator တစ်ဦး ရှိပါတယ်။ အဲဒီလို အဆင့်ပြီးရင် board ကို x-ray ရိုက်ကြည့်ပါတယ်။ ဘာကိုကြည့်သလည်းဆိုတော့ BGA တွေကိုပါ။ အောက်ကခဲဆော်ထားတာတွေ ပူးနေလား အဆင်ပြေလားဆိုတာကိုပါ။ အဲဒီမှာ အလုပ်လုပ်တဲ့လူကတော့ radiation detector တွေဆွဲထားရပါတယ် ray ဘယ်လောက်ထိသလည်းဆိုတာကိုပေါ့ အဲဒီ detector ကို တစ်နှစ်တစ်ခါ MOM ကို ပို့ပြီး စစ်ရပါတယ်။ ကျနော်တို့ စက်ရုံက စက်ကတော့ 5DX ပါ။ အဲဒီကနေ ကျနော်တို့ I C T ကိုရောက်ပါတယ် ။ ကျနော်တို့ ကဆားကစ်ဘုတ် မှာရှိတဲ့ components ၇၀% ကနေ ၉၀ % ကျော်လောက်ထိကို coverage ဖြစ်အောင်စစ်ဆေးပေးပါတယ်။ သုံးတဲ့ စက်တွေကတော့ AGILENT နဲ့ GENRAD တို့ပါ FLYING PROBE ဆိုတဲ့စက်လည်းရှိပါသေးတယ်။ အသေးစိတ် နောက်တော့ထပ်ပြောပါ့မယ်။ I C T passed ဖြစ်ရင် Functional ကိုရောက်ပါတယ် ။ အဲဒီမှာ ဘုတ်ကိုသူလုပ်ရမယ့် အလုပ် တစ်ကယ်လုပ်နိုင်မလုပ် နိုင်ကို သူကို သုံးရမယ့်နေရာမှာ တပ်ဆင်ပြီး စမ်းသပ်တာပါ။ တစ်ကယ်လို့တစ်နေ ရာ ရာမှာ fail ဖြစ်တယ်ဆိုရင် DEBUG Department ကိုပို့ပါတယ်.... ပြီးရင်တစ်ခေါက်ထပ်စစ်ပါတယ်။ အားလုံး pass ဖြစ်မှ QC ကိုပို့ပါတယ် ။ packing လုပ်ပြီးcustomer ဆီကိုပို့ပါတယ်။ I C T စက်အကြောင်းဆက်ရန်.........
Wipe cache partition သေသေချာချာ နားလည်ဖို့ အရင်ဆုံး Cache ဆိုတာကိုသိရပါမယ်။
Cache (ကရှ် သို့ ကော့ရှ်)
ဖုန်းသို့မဟုတ်ကွန်ပျူတာနဲ့ပတ်သက် တဲ့ နယ်ပယ်မှာ ဒီစကားလုံးကို မကြာခဏ ဆိုသလိုတွေ့ရတတ်ပါတယ်။ မူလအဓိပ္ပါယ်က ဖွတ်ထားတဲ့နေရာပေါ့။ CPU အနေနဲ့ တွက်ချက်တဲ့နေရာမှာ လိုအပ်တဲ့ဒေတာတွေကို အလွယ်တကူ ၊မြန်မြန် ဆန်ဆန် ရနိုင်အောင် နေရာတစ်ခု သတ်မှတ်ပြီးထားထားတဲ့ သဘောပါ။ အဲဒီနေရာမှာ ပထမ မူလတွက်ချက်ထားပြီးသား value ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် တစ်နေရာရာမှာ သိမ်းထားတဲ့ value တစ်ခုရဲ့ duplicate (ပွားယူထားတဲ့) ဟာဖြစ်ချင်ဖြစ်မယ်။ လိုအပ်တဲ့ ဒေတာ ဟာ cache ထဲမှာရှိမယ်ဆိုရင် (cache hit) ဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ ရလဒ် ထွက်ပေါ်လာမှာဖြစ်ပြီး၊ cache ထဲမှာ မရှိရင်တော့ (cache miss) ဖြစ်ပြီး ပြန်တွက် သို့ မူလနေရာကနေ ပြန် ခေါ်ယူရမှာ (assembly language နဲ့ cpu အကြောင်းပြောတဲ့အခါမှာ fetched ဆိုတဲ့အသုံးအနှုံးသုံးပါတယ်) ဖြစ်ပါတယ်။
လွယ်လွယ်ကူကူ မြင်သာတဲ့ ဥပမာ လေးနဲ့ရှင်းပြပေးမယ် (ပိုရှုပ်သွားရင် အရင်အတိုင်းမှတ်ထားလိုက်နော်)
ပါစ်ပိုတ် ရုံးမှာ ရှိတဲ့ ကောင်တာတွေကို CPU တွေလို့သဘောထားလိုက်မယ်
ပါစ်ပိုတ် လုပ်ဖို့စောင်းဆိုင်း နေသော လူတွေကို programs (instructions) တွေလို့ သဘောထားလိုက်မယ်
၁။ လိုအပ်မယ်ထင်တဲ့စာရွက်စာတန်းတွေကို ကိုယ့်အလှည့်ရောက်မှ ကမန်းကတန်း အိပ်ထဲကနေ ထုပ်ပြီး ပေး နေတဲ့အခြေအနေနဲ့
၂။ စာရွက်စာတန်းတွေကို စနစ်တကျ စီပြီး အစီအစဉ် အလိုက်ထပ် ထားပြီး ကောင်တာအရှေ့မှာ (cache ) အပုံလိုက်လေးပုံထားမယ် ကောင်တာ လူက တစ်ဖိုင်ချင်းစီ ယူပြီး အမည်ခေါ်လိုက်မှ အလှည့်ကျတဲ့လူက သွားလိုက်ရင် မသွားခင်ကတည်းက ကောင်တာကလူ ကကြို တင်ပြီး ဖိုင်ကို ကြည့်ထားနေလို့ရတယ် လိုအပ်တာလေး ထပ်ရှိမှ အဲဒီလူက ထုပ်ပေးမယ် မလိုတော့ဘူး ဆိုရင် အလုပ်ပြီးပြီ ဖြစ်လို့ အဲဒီလူလည်း မြန်မြန်ပြီးလို့မြန်မြန် ပြန်လို့ရတဲ့ အခြေ အနေနဲ့
အဲဒီနှစ်မျိုးမှာ cache ဆိုတာ ဘယ်လိုမျိုးကူညီလည်း ဆိုတာ မြင်သာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အခု Wipe Cache Partition အကြောင်းလေးဆက်မယ်
/cache partition ဟာ များသောအားဖြင့် Google Play Store ကဟာတွေကို saving လုပ်ပေးသောအပိုင်းဖြစ်ပါတယ်။ /cache/downloads အောက်မှာတွေ့နိုင်ပါတယ် .recovery binary ရဲ့ debugging and development ကိစ္စရပ်တွေအတွက်ရည်ရွယ်တဲ့ log တွေကို လည်း သိမ်းထားပါသေးတယ်။lost+found အဆိုတဲ့ directory တစ်ခုကိုလည်း recovery (ရုတ်တရက် sd card ကို ဆွဲထုတ်လိုက်မိတဲ့)ကိစ္စရပ်များအတွက်ထားထားပါတယ်။ ။
Android ရဲ့ boot-up အချိန်မှာ /cache/downloads ရှိအရာများကို အလိုအလျောက်ပယ်ဖျက်ပေးသော script များရေးသားထားပါသည်။
dalvik-cache
/data/dalvik-cache ကို android စနစ်များတွင်ပုံမှန်အားဖြင့် မြင်တွေ့ရသည်။ application တစ်ခုကို install လုပ်တဲ့အခါ dex (app အတွက် dalvik bytecodeအားလုံးပါဝင်တဲ့file) ဖိုင်မှာပြုပြင်မှု နဲ့ ချိန်ညှိမှုတွေပြုလုပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စက်ဖွင့်တဲ့ အကြိမ်တိုင်း ပြန်လုပ်စရာမလိုအောင်/data/dalvik-cache အောက်မှာရှိတဲ့ odex (optimized dex) ဖိုင်မှာသိမ်းထားလိုက်ပါတယ်။ တစ်ခါတစ်လေ အဲဒီ ဖိုင်တွေထဲကဟာတွေ error ဖြစ်တဲ့အခါမှာ စနစ်မှာလည်း ကောင်းကောင်းအလုပ်မလုပ်တော့ တာမျိုးဖြစ်တတ်ပါတယ်။
ဒါကြောင့် cache တွေကို လိုအပ် လာတဲ့အခါတွေမှာ clear လုပ်ဖို့လို အပ်ပါတယ်။
အရေးအသားသိပ်မကောင်းပါက sorry ပါ။
Ko Ag
Youth Computer Mawlamyine
ရည်ညွန်း
wikipedia နဲ့အောက်ဖေါ်ပြပါ ဆိုက်များမှ မြန်မာဘာသာပြန်ဖေါ်ပြပေးပါသည်။
http://android.stackexchange.com/questions/27232/what-is-the-cache-partition
http://forums.androidcentral.com/droid-razr/343560-what-exactly-wipe-cache-partition.html
31/12/2014
samsung mega 2(SM-G750F) root လုပ်ခြင်း
happy new year 2015 ညအတွက် လူတွေအလုပ်ရှုပ်နေချိန်မှာ ကျနော်လည်း mega 2 တစ်လုံးနဲ့အလုပ်ရှုပ်နေတာပေါ့။ google ရဲ့ အကူအညီနဲ့ root လုပ်နည်းတွေ တွေ့ပါတယ်။ မြန်မာဘလောက်တွေမှာလည်း အဲဒီ မူလပိုစ် ကို ဘဲ ဘာသာပြန်တင်တဲ့သူကတင် မူလအတိုင်း ကူးတင်တဲ့လူကလည်း တင်ကြတယ်။ သူတို့ရဲ့ စေတနာ ကောင်းကြပါတယ်။ ခက်တာက ကိုယ်တိုင်စမ်း ထားကြပုံမပေါ်ဘူး။ ကျနော်ကတော့ english site တွေနဲ့ မြန်မာဆိုဒ်တွေမှာတင် ထားတယ်ဆိုတော့ ပျော်ပျော်ပါးပါးနဲ့ လိုက်လုပ်လိုက်တာ soft brick ဖြစ်သွားကြောင်းပါ။ မူလဖေါ်ပြထားတဲ့ ဆိုဒ်တွေ မရေးတော့ပါဘူး သုံးတဲ့ ဟာကတော့ cf auto root (http://download.chainfire.eu/522/CF-Root1/CF-Auto-Root-mega2lte-mega2ltexx-smg750f.zip) ပါ။ဒါလေးသုံးပြီး odin ကနေ flash ရတဲ့ ဟာပါ။ ကိုယ့်မှာ firmware အဆင်သင့် မရှိရင် လုံးဝလုံးဝ အဲဒါကိုသုံးပြီး root မလုပ်ကြပါနဲ့ ။ ထိုင်း firmware ကို မြန်မာဆိုဒ်တစ်ချို့  ကပြန်တင်ထားပေးလို့ ပြန်တင်ထားပေးတဲ့ မူလ Uploader ကိုကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သူတို့ပြောသလိုမြန်မာစာ bulit in မတွေ့ ပါဘူးခင်ဗျား။ တစ်ဂစ်ကျော်ပါတယ်ဆိုဇ်ကတော့။ နောက်ဆုံး
Zawgyi One2014
http://www.mediafire.com/download/y3nxt6t0lhdud9r/ZawgyiOne2014%28AungThura%29.apk လေးနဲ့ဘဲ တစ်ခန်း ရပ်လိုက်ပါ ကြောင်း။
နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။
မူလ fonts ရေးသားသူနဲ့ upload လုပ်ပေးထားသူအားလုံးကို credit ပေးပါတယ်။
နောက်ထွက်လာမယ့် root tools များ စောင့်မျှော်ရင်းနဲ့
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
Mawlamyine
9557