Meikhtila Body Building & Fitness Club

Meikhtila Body Building & Fitness Club

Share

Real Fitness Real Harmony Real Happiness

04/03/2025
Photos from Meikhtila Body Building & Fitness Club's post 07/02/2025

မည်သည့်...
ကိုယ်လက်လှုပ်ရှားမှု
အားကစားတစ်ခုမှ မပါဘဲ
အစားနဲ့ဝိတ်ချမည် ဆိုသူများကို
မေးခွန်းမေးချင်ပါသည်

တစ်သက်လုံး ဒီအတိုင်းစားနိုင်မလား?

ရှေရှည်ကျန်းမာလှပတဲ့ Body ပိုင်ဆိုင်နိုင်မလား?

အစာငတ်ခံခြင်းဟာ လိမ်လည်ဝိတ်ချခြင်းတစ်ရပ်သာဖြစ်ပါတယ်!

ဘာနဲ့အလားတူသလဲ? ဆို
အင်ဂျင်ကျ ကားအိုနေတာကို
နောက်ဆေးမှုတ်ထားသလို
Body မျိုးပဲ ပိုင်ဆိုင်နိုင်မှာ
ဖြစ်ပါတယ်...။

04/02/2025

ဒီနေ့တော့ ....
စားလိုက်တော့မယ်
မနက်ဖန်မှ ၂ဆ ဆော့လိုက်မယ်နဲ့
မပြီးဆုံးနိုင်သော မနက်ဖန်များ🙄

03/02/2025

အရွယ်မတိုင်ခင် Gym ကစားရင် ထွားကြိုင်းမှုထိခိုက်နိင်သလား?
*****************************************************

အပင်နှစ်ပင်ကို
အတူစိုက်ထားလိုက်

ပထမတစ်ပင်ကို
နေ့စဥ်ရေပဲလောင်းပြီး

ဒုတိယအပင်ကို
နေ့စဥ်ရေလောင်းခြင်းအပြင်

လိုအပ်တဲ့ပေါ
ပေါင်းသင်မြေဆွပေးကာ
မြေဆီပါထပ်ပေါင်း
ထည့်ပေးမယ်ဆိုရင်
ဘယ်အပင်က
ပိုပြီးရှင်သင်ကြီးထွားမလဲ?

ဆိုလိုရင်းက...
အရွယ်လေးတစ်ခု
ရောက်ပြီဆိုရင်
အဟာရပြည့်ဝအောင်
စားသောက်ခြင်းအပြင်

သင့်တော်တဲ့
အားကစားတခုခုနဲ့
မိမိခန္ဓာကိုယ်ကို
လှုံ့ဆော်ပေးခြင်းဟာ
အရပ်ရှည်ခြင်း၊
ထွားကြိုင်းခြင်းကို
မထိခိုက်စေတဲ့အပြင်

ကျန်းမာ သန််မာ
ကြီးထွား ကြံ့ခိုင်စေပါတယ်ဗျာ...။

01/02/2025

Diet လုပ်တယ် ဆိုတာဘာလဲ?
***************************

မိမိသွားမယ့် Body Goal နဲ့
တိုက်ရိုက်သက်ဆိုင်ရုံမက
ကျန်းမာကြံ့ခိုင်ရေးအတွက်
အသုံးဝင်ပြီး ရေရှည်မှာ
အသုံးပြုနိုင်မဲ့ စားသောက်မှု
ပုံစံပဲ ဖြစ်ပါတယ်

တနည်းအားဖြင့်.....

✔️Bulking ဖြစ်ပြီး ပြည့်ချင်သူ

✔️Lean Bulking နဲ့
မာဆယ်အသားပေးဖြစ်ချင်သူ

✔️Fitဖြစ်ပြီး ကျန်းမာချင်သူ

✔️Body Beauty ဖြစ်ချင်သူ

စသဖြင့် ၄င်းလူများဟာ

Gym ကစားခြင်းနဲ့အတူ
ကာဗွန်ဟိုက်ဒြိတ်ဓာတ်၊
အသားဓာတ်၊ အဆီဓာတ်
စတာတွေအပြင်

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
သက်စောင့်ဓာတ်မျိုးစုံပါဝင်ကာ
မိမိလိုချင်တဲ့ Goal တစ်ခုကို
ကျန်းကျန်းမာမာနဲ့
အမြန်ရောက်အောင်
လိုအပ်သလို တွဲဖက်ထားတဲ့
စားသောက်မှုပုံစံပဲ
ဖြစ်ပါတယ်

အထူးသဖြင့် Weight Loss
ကစားမည့်သူများဟာ
Diet ဆိုတာနဲ့ကို အလွန်
ကြောက်တတ်ကြပါတယ်

အများစုနားလည်ထားတာက
Diet ဆိုတာ မိမိစားနေကြပုံစံနဲ့
ခွဲထွက်ကာ အစာငတ်ခံရခြင်းလို့
မှတ်ယူနေကြပါတယ်

တကယ်က Diet ဆိုတာ
မိမိရွေးချယ်လိုက်တဲ့
အစားအသောက်တစ်ခုဟာ
ကယ်လိုရီပါဝင်မှု
အနည်းဆုံးဖြစ်ကာ
အသားဓါတ်၊ Fiber ဓါတ်
လိုအပ်တဲ့ သက်စောင့်ဓါတ်
မျိုးစုံပါဝင်နေတဲ့အရာကို
ဆိုလိုခြင်းဖြစ်ပါတယ်

ဒါ့အပြင်
Diet လုပ်ခြင်းဟာ
Weight Loss သမားများ
အတွက်သာမကဘဲ
Weight Gain သမားများ၊
Bodybuilders များ၊
ကျန်းမာရေးအတွက်
ကစားနေသူများအတွက်ပါ
Gym ကစားခြင်းနဲ့အတူ
ယှဥ်တွဲလုပ်ဆောင်မှသာ
မိမိလိုချင်တဲ့ Body Goal နဲ့
Healthy Goal ကို
အမြန်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်...။

Photos from Meikhtila Body Building & Fitness Club's post 04/02/2024

ပြက္ခရွေ့တောင် တက်ပီးကြောင်းမှတ်တမ်း
Meiktila gym

25/01/2024

မူရင်းပိုစ့်ကို Credit ပေးပါဒယ် 🤭🤭😜

Photos from Meikhtila Body Building & Fitness Club's post 19/01/2024

တောင်တက်စာရင်းပေးလိုရပီနော်
3.2.2024 တက်မည်အမျိုးများ ယနေ့စာရင်းစတင်ကောက်ခံနေပါပီ

Want your business to be the top-listed Gym/sports Facility in Meiktila?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bandula Street
Meiktila
MEIKTILABODYBUILDING&FITNESSCLUB

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00