22/11/2023
TikTok · ခွန်ပအိုဝ်းပေး 🥰🥰 29K likes, 330 comments. “ #တန်ဆောင်တိုင်ပွဲ😘 ”
ညောင်တပင်လမ်း၊ ဘုရားကြီးရပ်၊ မုံရွ?
22/11/2023
TikTok · ခွန်ပအိုဝ်းပေး 🥰🥰 29K likes, 330 comments. “ #တန်ဆောင်တိုင်ပွဲ😘 ”
15/10/2020
🙏မုံလယ်ဆရာတော်ဘုရားကြီး အဆုံးအမ🙏
🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳🔳
💎မြှုပ်မျော နှင့် ပေါ်မျော 💎
💎 မျောတယ် ဆိုတဲ့ တရားတွေမှာ
မျောတာ တူတယ်။
အပါယ်လေးဘုံသား တွေ ဆိုတာ
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်နော်။
အဲဒါ မြှုပ်ပြီးတော့ မျောသွားတာ။
💎 ရေကြီးတဲ့ အခါ ထင်းတုံး ကောင်းကောင်းကြီးတွေ
ထင်းတွေ သစ်တွေ အင်မတန်ကောင်းတာကြီးတွေ
မြှုပ်ပြီးတော့ မျောသွားတာ မြင်ရပါမလား။
ပေါလောကြီး ပေါ်တာတော့ကာ ဆယ်လို့ ရတယ်နော်။
မြှုပ်တာကို မြင်ရပါမလား။
💎 အဲ ... ကျွဲနွား တိရစ္ဆာန်တွေ တရားနာခေါ် ရပါမလား။
မြှုပ်မျောတာကွဲ့။
💎 လူက နတ်က ပေါ်လို့ မျောတာ။
လူတွေ နတ်တွေ ဗြဟ္မာတွေက ပေါ်မျောတွေနော်။
သာသနာနဲ့ ကြုံတဲ့အခါကျ တရားနာ လာကြရတာပေါ့။
အဲဒါ... ပေါ်မျောတွေ ကွဲ့။
အဲလို လေ့လာဖို့ မကောင်းလား။
လေ့လာကြ။
သိမှ ပယ်နိုင်တာနော်။
မသိ ... မပယ်နိုင်ဘူး။
ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ဘုရားကြီး။
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ သံဝရ။
(တိပ်တရားတော် (6-12-68/2:00) မှ
စာစီပူဇော်ပါသည်။
အရှင်တေဇနိယ.မုံလယ်ဇ။)