09/05/2025
တောင်ထိပ်က သစ်ပင်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်ပါတယ်
မျက်နှာမသစ်တောင်မှ
(မင်းမောတဲ့အခါ...)
ခြေဆေးလို့ရအောင်ပေါ့။
#မောင်စိန်ဝင်း(ပုတီးကုန်း)
My existence �I accept�
09/05/2025
တောင်ထိပ်က သစ်ပင်ထက်
တောင်ခြေက ချောင်းငယ်တစ်ခု ဖြစ်ချင်ပါတယ်
မျက်နှာမသစ်တောင်မှ
(မင်းမောတဲ့အခါ...)
ခြေဆေးလို့ရအောင်ပေါ့။
#မောင်စိန်ဝင်း(ပုတီးကုန်း)
21/03/2025
ပြန်မလာတော့မှာ သေချာနေသည်ကအစ
မင်းပါးဟိုကောင့်နှုတ်ခမ်းကို အပ်သွားတာအဆုံး
ကိုယ်ဟာ ငေးကြည့်ရုံပဲတတ်နိုင်ခဲ့တယ်
အင်း ရင်ထဲတော့အောင့်တယ်။
#နီတို
25/01/2025
ကျွန်တော်ကိုပေးပြီး
သူများနဲ့တည်သွားတဲ့ ဂတိတွေအား
သတိရလျက်။
#ဖြတ်မျဥ်း
24/11/2024
အချစ်နဲ့ငွေကို သတိကြီးကြီးထား..အေးမောင်။
ငွေပုံအောမိရင်..ဆုံးတတ်တယ်၊
မေတ္တာပုံအောမိရင်...ရှုံးတတ်တယ်ကွ။
ငွေကျွံသွားရင်... ယူတောင်းရခက်တယ်။
မေတ္တာကျွံသွားရင်...လူပြောင်းရခက်တယ်။
ငါတို့က ငွေရော၊မေတ္တာရော ပေါလို့ပေးတာမဟုတ်ဘူး..ယုံလို့ပေးကြတာကွ။
လူဆိုတာမျိုးက...ခက်ပါတယ်။
မင်းလိုအပ်နေမှန်းသိလေ..
ပိုတိတ်ဆိတ်တတ်လေပဲ..အေးမောင်ရ။
နောက်ဆို ဆင်ခြင်ပေါ့ကွာ။
#ရဲသူလွင် (အင်ပင်မြို့)
22/11/2024
မချည်နှောင်ခြင်း
မနှောင့်ယှက်ခြင်း
တိတ်ဆိတ်ခြင်းဖြင့်သာ ချစ်တော့သည်။
သူလည်းလူတစ်ယောက်
ခေတ်ပျက်ထဲမှာ
မေတ္တာတရားတွေဘယ်ယုံရဲတော့မလဲ။
#ဝေါဟာရ
15/02/2024
နောက်တတ်လိုက်တာ ညီမရယ် အကိုကဖြင့်တကယ်မှတ်လို့
13/02/2024
နေရာခြင်းလဲရအောင် မင်းကစောင့်နေ
ကိုယ်ကပြန်မလာတော့ဘူး
11/02/2024
အိပ်တန်းမပြန်ချင်တဲ့ ငှက်ရယ်လို့မရှိပါဘူး
ဖြဟ်ချင်တဲ့ ဆန္ဒကိုမြိုသိပ်ပြီး
ဖြစ်သင့်တာတွေကိုပဲ လက်ခံနေရတာပါ
နဖူးပေါ်လက်တင်မိတိုင်း သက်ပြင်းအရှည်ကြီးချ
အိမ်ကိုလွမ်းရပါတယ်
မနက်ဆို အစောကြီးနှိုးတတ်တဲ့
အမေ့ကိုစိတ်ကောက်ပြီး
စောင်ခေါ်မြီးခြုံ ဂျီကျချင်သေးသလို အဖေ့ကိုတိုင်ပြီး
အားကိုးရှာချင်သေးတယ်
အခုတော့အမေရေ
အဆင်မပြေသမျှကိုတိတ်တိတ်လေးငိုချ
ပြန်ပြန်ထနေရတယ် ရည်မှန်းချက်တွေ
အထမြောက်တဲ့တနေ့
အမေ့ရင်ကို တိုးဝှေ့ အဖေ့ရင်ကိုပြေးပွေ့
အားရပါးရနွဲ့ဆိုး ဆိုးပါရစေ
05/01/2024
ဒီဒဏ်ရာတွေဟာ မင်းကြောင့်လို့ပြောရင်
ကိုယ် လွန်ရာကျမှာပေါ့
အဆင်မပြေမှန်းသိပေမဲ့ ဇွတ်ရှေ့ဆက်ခဲ့တဲ့
ကိုယ့်ကြောင့်ရတဲ့ ဒဏ်ရာတွေပါပဲ
မင်းကြောင့် မဟုတ်ပါဘူး အချစ်ရယ်...