Pure Yoga Studio

Pure Yoga Studio

Share

Find your inner peace

24/06/2026

AUM 🕉️
The sound of Universe 🙏🏻


07/06/2026

တောင့်တင်းနေတဲ့ နောက်ကြောတွေခါးတွေ ၊ ရောင်နေတဲ့ ခြေ/လက်တွေသက်သာအောင် yoga လေ့ကျင့်ပေးပါ မေမေတို့။ ခန္ဓာကိုယ်ရဲ့အသိသတိ လှုပ်ရှားမှုနဲ့အတူ ကိုယ့်ရဲ့စိတ်ပါသတိလေးရှိလာစေဖို့ လေ့ကျင့်ပေးတာပါ။ သိစိတ်လေးကပ်လာတဲ့ အချိန်မှာ မေမေတို့နေရထိုင်ရတာ ပိုသက်တောင့်သက်သာရှိလာပါတယ်။
Mindful movement for stress relief


27/05/2026

ကိုယ်ဝန်ဆောင် မေမေများရှင့်~~
Second Trimester ကနေစပီး မေမေများကို ယောဂလေ့ကျင့်ဖို့တိုက်တွန်းပါစေ။ ခက်ခဲတဲ့ Asana တွေလေ့ကျင့်စရာမလိုပဲ ဘေဘီနဲ့ မေမေတို့အတွက် သက်တောင့်သက်သာဖစ်စေဖို့အတွက် ရည်ရွယ်ပီးလေ့ကျင့်တာပါ။ တက်သိကျွမ်းကျင်သော ဆရာ/ဆရာမတို့နဲ့ လေ့ကျင့်ဖို့ မှာကြားချင်ပါတယ်။

🍀Regular အတန်းများအားလုံးပုံမှန်ဖွင့်ထားပါတယ်ရှင့်။🍀



11/01/2026

ယောဂ ချစ်မိတ်ဆွေများ မင်္ဂလာပါ

ကျမတို့ PURE Yoga မှ မိတ်ဆွေများရဲ့တောင်းဆိုချက်အရ Beginner Class ကို 12/1/2026 ရက်နေ့မှာ နောက်တစ်တန်းဖွင့်လှစ်မှာဖစ်ပါတယ်။

PYVS မှ 200hrs YTTC certificate ရရှိထားသော Yoga instructor Tr.Shwe Sin မှ ဦးဆောင်ပီးသင်ကြားမဲ့ အတန်းသစ်ပါ။

Time - 10:00-11:00 am
Monday to Friday
နေရာ - တော်ရွက်ကုန်းဆင်း၊ မြောက်ရပ်ကွက်အရံမီးသတ်ရုံးဘေး၊ မူဆယ်မြို့။


02/01/2026

Beginner Class မျှော်နေတဲ့သူတွေအတွက်

PYVS မှ 200 hrs IYTTC လက်မှတ်ရထားသော
Yoga Instructor Tr.Mo မှ သင်ကြားပြသပေးမဲ့အတန်းပါ။

5/1/2026 ( Monday) မှာ အတန်းသစ်စပါမယ်။
Time - 4:00-5:00 pm
Mon-Fri
1 လ ( 20 ချိန် )

Yoga ကို Basic ကစဖြည်းဖြည်းမှန်မှန်လေ့ကျင့်ချင်သူတွေအတွက် ရည်ရွယ်ပီးဖွင့်ထားခြင်းဖစ်ပါတယ်။
အားလုံးကိုစနစ်တကျနဲ့ မှန်ကန်စွာ လေ့ကျင့်သင်ကြားပေးမှာဖစ်တဲ့အတွက် လူဦးရေအကန့်အသတ်ရှိပါတယ်။
စိတ်ဝင်စားသူများ စာရင်းကြိုသွင်းထားလို့ရပါပီနော်။

25/12/2025

Merry Christmas to you all
🎁🎄🎄


Photos from Pure Yoga Studio's post 13/11/2025

ပျံ့လွှင့်နေတဲ့အာရုံကို စုစည်းဖို့အကောင်းဆုံးနည်းလမ်းက မျက်လုံးမှိတ်ပီး သိစိတ်လေးကပ်ကာ ကိုယ့်ရဲ့အသက်ရူသံကိုနားထောင်ခြင်းပဲဖစ်ပါတယ်။

Mind and body တစ်ထပ်တည်းဖစ်အောင် ဒီနေ့ eyes mask တပ်ပီး ယောဂလေ့ကျင့်ကြတယ်။
ပတ်ဝန်းကျင်ရဲ့ အာရုံဖမ်းစားမှုကို လျှော့ချပီး
Instructions အသံနောက်ကိုပဲ အာရုံစိုက်ကာ ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို ထိန်းနိုင်အောင် သိစိတ်လေးပိုကပ်ပီးလှုပ်ရှားရပါတယ်။
သတိလွတ်တာနဲ့ ဟန်ချက်ယိမ်းယိုင်နိုင်ပါတယ်။
ကိုယ် နဲ့ ကိုယ် အပြည့် အတူရှိနေရမဲ့အချိန်လေးပါ။🤍

အကြားအာရုံ ဦးနှောက်ကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကို အာရုံစိုက်ပီး ဟန်ချက်ငြိမ်အောင် ကြိုးစားရတဲ့အတွက် အာရုံစူးစိုက်မှုအားပိုကောင်းစေပါတယ်။
ခန္ဓာရဲ့ လှုပ်ရှားမှုကို ပိုပီးအာရုံစိုက်လာတယ်။
yoga mat နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေရဲ့ ထိတွေ့မှူကို ပိုပီးသတိထားမိလာစေတယ်။ ~~

ကြိုးစားပီးလေ့ကျင့်ကြတဲ့ သင်တန်းသူအားလုံး
ကျေးဇူးတင်ပါတယ်။ လေ့ကျင့်ပီးသွားတဲ့ ခံစားချက်လေး မျှဝေခဲ့ပါ ~~~🤍



26/10/2025

ခန္ဓာကိုယ်ရဲ့ posture တစ်ခုလုံးကိုထိန်းထားတဲ့ ကျောရိုးမကြီးကို ပုံမှန်လှည့်ကွေးပေးခြင်းအားဖြင့် ~~
🧬ကျောရိုးပတ်လည်ရှိ သွေးလည်ပတ်မှုကိုကောင်းမွန်စေပီး ကျောရိုးမကြီးနဲ့ဆက်စပ်နေတဲ့ အာရုံကြောတွေကိုညှိပေးပါတယ်။
🧬ဝမ်းဗိုက်အတွင်းရှိ အစာအိမ်အူလမ်းကြောင်းတွေကို ညှစ်ဆွဲပေးသလိုဖစ်စေပီး အစာခြေစနစ်ကိုကောင်းမွန်စေတယ်။ ဗိုက်ပူခြင်း ၊ ဝမ်းချူပ်ခြင်း နေ့စဉ်ဖစ်တတ်တဲ့ပြသနာကိုလဲ သက်သာစေပါတယ်။
🧬Twisting Asana တွေကို ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် ကျောရိုးမကြီးကို ပိုမိုသန်မာစေပီး ကိုယ်နေဟန်ဖြောင့်တန်းမှန်ကန်စေပါတယ်။


Photos from Pure Yoga Studio's post 26/09/2025

29/9/2025 ( Monday )
အတန်းတွေ အားလုံးပုံမှန်ပြန်စပါမယ်။

မနက်ပိုင်း
6:15-7:15 am
9:00-10:00 am
နေရာ~ တော်ရွက်ကုန်းဆင်း၊ မြောက်ရပ်ကွက်အရံမီးသတ်ရုံးဘေး။

မနက်ပိုင်း
8:30-9:30 am
ညနေပိုင်း
6:00-7:00 pm
နေရာ - မင်္ဂလာမူဆယ်။

ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေတဲ့ချိန် join ပါ။

Want your business to be the top-listed Gym/sports Facility in Mu-se?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


M/321 , North Zone
Mu-Se

Opening Hours

Monday 06:30 - 07:30
Tuesday 06:30 - 07:30
Wednesday 06:30 - 07:30
Thursday 06:30 - 19:30
Friday 06:30 - 07:30