05/07/2026
Zumba Class ကို ၅ ရက်ကရတာ မဝလို့တဲ့ ထပ်တိုးပေးလိုက်ပါပီ 🤩🥰🥳
အပတ်စဉ် နေ့တိုင်း ရှိပါမယ်
အဝ ‘က’ ကြပါ 🙂↔️
Zumba + Yoga Class ကြေးက တော့ ၁ လ ၄ သောင်းပါ
Class Daily ဆို ‘ ၄၀၀၀ ‘ပါ
Gym membership ဆိုဖရီးပါ
ကျေးဇူးပါ
2026-2027 ရာသီကို ဒီ အချိန်စာရင်းအတိုင်းပဲ Run ပါမယ်ခင်ဗျ
#ဂျင်ရုံ
30/06/2026
Gym Schedule ပြောင်းလဲခြင်း အသိပေးကြေညာချက်
ချစ်ခင်ရသော Members များအားလုံး မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ Gym ကို ဖွင့်လှစ်ခဲ့တဲ့ (၂) နှစ်တာကာလအတွင်း နေ့စဉ် Member ဝင်ရောက်အသုံးပြုတဲ့ စာရင်းတွေကို စနစ်တကျ မှတ်တမ်းတင်ထားခဲ့ပါတယ်။
အဲဒီအချက်အလက်တွေကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ တနင်္ဂနွေနေ့က Member အဝင်အထွက် အနည်းဆုံးနေ့ ဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် Gym ရဲ့ လုပ်ငန်းလည်ပတ်မှုကို ပိုမိုထိရောက်စေရန် အပတ်စဉ် ပိတ်ရက်ကို ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့သို့ ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပါတယ်။
🗓️ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍
✅ တနင်္လာနေ့မှ စနေနေ့အထိ ဖွင့်လှစ်ပါမည်။
❌ တနင်္ဂနွေနေ့ ပိတ်ပါမည်။
ဒီပြောင်းလဲမှုဟာ Member တွေအတွက် ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးနိုင်ဖို့၊ Gym ရဲ့ လုပ်ငန်းဆောင်ရွက်မှုကို ပိုမိုထိရောက်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။
အမြဲတမ်း ယုံကြည်အားပေးပြီး ကျွန်တော်တို့ Gym နဲ့အတူ လက်တွဲပေးနေတဲ့ Member တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။ #
25/06/2026
ဒီနေ့ဟာ Kabarkyaw Gym ရဲ့ အားထားရတဲ့ Team Member တစ်ယောက်ဖြစ်တဲ့ ဆရာကိုဇော်ဦး ရဲ့ မွေးနေ့အမှတ်တရနေ့လေး ဖြစ်ပါတယ်။
Gym တစ်ခုကို တည်ဆောက်ဖို့ဆိုတာ စက်ပစ္စည်းကောင်းတွေ၊ နေရာကောင်းတွေရှိရုံနဲ့ မလုံလောက်ပါဘူး။ အလုပ်အပေါ် တာဝန်ယူတတ်တဲ့၊ အသင်းအပေါ် သစ္စာရှိတဲ့၊ အားကိုးလို့ရတဲ့ လူကောင်းတွေရှိမှသာ အောင်မြင်တဲ့ Team တစ်ခု ဖြစ်လာနိုင်တာပါ။ အဲ့ဒီလို လူမျိုးထဲမှာ ဆရာကိုဇော်ဦးက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။
Gym ရဲ့ နေ့စဉ်လည်ပတ်မှုတွေမှာ အမြဲတမ်း တက်ကြွစွာ ပါဝင်ကူညီပေးပြီး၊ Member တွေအပေါ်မှာလည်း စေတနာထားပြီး လေ့ကျင့်ပေးတတ်တဲ့ ဆရာတစ်ယောက်ပါ။ အခက်အခဲတွေ ကြုံလာတဲ့အချိန်တိုင်းမှာလည်း အားကိုးလို့ရပြီး Team အတွက် အမြဲ ရပ်တည်ပေးတဲ့သူဖြစ်လို့ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်ပါတယ်။
Kabarkyaw Gym အနေနဲ့ ဆရာကိုဇော်ဦးရဲ့ ကြိုးစားအားထုတ်မှု၊ သစ္စာရှိမှုနဲ့ စေတနာကောင်းတွေကို အမြဲတမ်း တန်ဖိုးထား လေးစားပါတယ်။
ဒီမွေးနေ့မှစပြီး နောင်လာမယ့် နှစ်ပေါင်းများစွာအတွင်း ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ အောင်မြင်ခြင်းများစွာ ရရှိပြီး ရည်မှန်းထားသမျှ အိပ်မက်တွေအားလုံး အကောင်အထည်ဖော်နိုင်ပါစေလို့ Kabarkyaw Gym Family မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🎂 Happy Birthday, Ko Zaw Oo!
💪 Thank you for being one of the strongest pillars of Kabarkyaw Gym. We appreciate everything you do and wish you a year filled with success, happiness, and good health. ❤️
#ဂျင်ရုံ
16/06/2026
🥛 𝗙𝗿𝗲𝘀𝗵 𝗠𝗶𝗹𝗸 𝗔𝘁 𝗢𝘂𝗿 𝗚𝘆𝗺 🐄🤍
ကျွန်တော်တို့ ဂျင်ရုံမှာ Member တွေ၊ မိတ်ဆွေတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီး ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်တဲ့ နွားနို့စစ်စစ်ကို နေ့စဉ် လတ်လတ်ဆတ်ဆတ် ကျိုချက်ပြီး ရောင်းချပေးနေပါပြီ။
သန့်ရှင်းမှုကို အထူးဂရုစိုက်ထားပြီး လတ်ဆတ်တဲ့ နွားနို့အရသာစစ်စစ်ကို ရရှိစေဖို့ စနစ်တကျ ပြင်ဆင်ထားပါတယ်။ Workout ပြီးနောက် ခန္ဓာကိုယ်အားဖြည့်ဖို့ပဲဖြစ်ဖြစ်၊ နေ့စဉ် အာဟာရပြည့်ဝတဲ့ သောက်စရာတစ်ခွက်အဖြစ်ပဲဖြစ်ဖြစ် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ💪🏻❤️
🥛 နွားနို့စစ်စစ် 350 ml
💰 တစ်ခွက် – 2,000 ကျပ်သာ
ကျန်းမာရေးကောင်းဖို့ဆိုတာ အလေ့အကျင့်ကောင်းတွေကနေ စတင်တာပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အားအင်ပြန်ဖြည့်ဖို့ လတ်ဆတ်သန့်ရှင်းတဲ့ နွားနို့တစ်ခွက်နဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ပါ။
ဂျင်ရုံတွင် နေ့စဉ် ဝယ်ယူသောက်သုံးနိုင်ပါသည်။
“Train Hard. Recover Better. 🥛💪”
#ဂျင်ရုံ
15/06/2026
Today Marks A New Chapter for Kabar Kyaw Gym ☘️
အမြဲအားကိုးရပြီး ကျနော်တို့ဂျင်ရုံ ရဲ့နေ့စဉ်လုပ်ငန်းတွေကို တာဝန်ယူပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ညမလေး (ဂျာကြီး)က
သူမရဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ကျနော်တို့ ဂျင်ရုံကို မကြာခင် ခွဲခွါရတော့မှာဖြစ်ပါတယ်ဗျ☘️
အတူလက်တွဲခဲ့တဲ့ အချိန်တွေအတွက် ကျေးဇူးအများကြီးတင်ရှိပြီး ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း အောင်မြင်မှုများစွာ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ✨🇯🇵
တစ်ချိန်တည်းမှာပဲ ဂျင်ရုံရဲ့ မိသားစုဝင်အသစ်အဖြစ် တာဝန်များကို ဆက်လက်ထမ်းဆောင်ပေးမယ့်
ညီမလေး နန်းဖောင်ပြာ( ပန်းပွင့် 🌸) ကိုလည်း နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် 🤝
The team may change, but our commitment to serving you remains the same 💪🏻
Today, we say goodbye to a valued team member and welcome a new one. 💛
Thank you for always being part of our journey. ❤️
#ဂျင်ရုံ