Fit Body Club健身俱樂部

Fit Body Club健身俱樂部

Share

只有身體健康了,才會真正的強大

Photos from Fit Body Club健身俱樂部's post 19/06/2024

风浪越大 鱼越贵
所以我只吃龙虾🦞和帝王蟹🦀

24/05/2022
01/01/2022

HAPPY NEW YEAR!

24/12/2021

Zumba Dance (ဇွန်ဘာ) အကအကြောင်း သိကောင်းစရာ

Zumba Dance ဆိုသည်မှာ လက်တင်နှင့် နိုင်ငံတကာ တေးဂီတများဖြင့် ပေါင်းစပ်ဖန်တီးထားသော ဘော်ဒီထိန်းသည့် လေ့ကျင့်ခန်း ပရိုဂရမ်တစ်မျိုးဖြစ်ပါတယ်။ Zumba အက ကို ကိုလံဘီယာ အကဆရာတစ်ဦးမှ ၁၉၉၀ ခုနှစ်တွင် စတင်တီထွင်ခဲ့ပါသည်။ ၎င်းတို့၏ Fitness Club (Zumba Fitness, LLC) ကို အစွဲပြုပြီး Zumba အက လို့ နာမည်တပ်ခဲ့ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု Trademark ကိုလဲ Zumba Finess ကပဲ ပိုင်ဆိုင်ထားပါတယ်။ ဘရာဇီး ပေါ့ပ်အဆိုတော် Claudia Leitte ကို international Ambassador အဖြစ်ခန့်အပ်ထားပြီး ၂၀၁၂ နောက်ပိုင်းတွင် စနစ်ကျသော ညွှန်ကြားချက်များဖြင့် အကဗွီဒီယိုများ ထုတ်လုပ်လာသောကြောင့် လူသိများလာခဲ့ကာ ၂၀၁၅ တွင် ကမ္ဘာတဝန်းမှ ၁၈၆ နိုင်ငံအထိပျံ.နှံ.ခဲ့ပြီး အသင်းဝင်ပေါင်း ၁၄မီလီယံအထိ တိုးပွားလာခဲ့သည်။

(Yourfitster မှတင်ဆက်သည်)

Zumba အကသည် များသောအားဖြင့် တစ်နာရီခန့်ကြာအောင်ကလေ့ရှိပြီး ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေသည်။ Zumba အကသည် စုစုပေါင်း (၁၀)မျိုးခန့်ရှိပြီး အသက်အရွယ် အလိုက်ကွဲပြားသလို ဝိတ်ကျချင်သော အစိတ်အပိုင်းပေါ်မူတည်၍လဲ ခွဲခြားထားသည်။

၁။ Zumba Gold

စစချင်း လေ့ကျင့်ခန်းစလုပ်မည့်သူများ (Begnners)များ နှင့် အသက်အရွယ်ကြီးရင့်သူများအတွက် သင့်တော်ပါသည်။


၂။Zumba Step

ဘော်ဒီအောက်ပိုင်းအတွက် ပိုမိုသင့်တော်ပြီး အေရိုးဗစ်နှင့် လက်တင် ပေါင်းစပ်ထားသည်။


၃။Zumba Toning

ခန္ဓာကိုယ်၏ ကြွက်သား၊ ပေါင်၊ လက်မောင်း တို့ကျစ်လစ်သန်မာစေရန် ကစားလေ့ရှိကြသည်။


၄။Aqua Zumba

Aqua Zumba အကကို ရေကူးကန်တွင် ကစားလေ့ရှိကြသည်။ Fitness Class များတွင် ကသည့်အကမျိုးဖြစ်ပေမယ့် ရေကူးကန်ဘောင်တွင် အကဆရာမှ ကပြပြီး သင်တန်းသားများက ရေကူးကန်ထဲမှာနေကာ လိုက်ဖက်အောင် လှုပ်ရှားကာ ကရသော အကမျိုးဖြစ်သည်။


၅။Zumba in the Circuit

ကြွက်သားများ သန်မာအောင် ကစားလေ့ရှိသည့် အကမျိုးဖြစ်ပြီး နာရီဝက်ခန့်အချိန်ပေးကာကလေ့ရှိသည်။


၆။Zumba Kids

ကလေးများအတွက် အထူးပြုလုပ်ထားသော အကသင်တန်းဖြစ်ပြီး အသက် (၇) နှစ်မှ (၁၁)နှစ်အတွင်း ကလေးများအတွက် အထူးသင့်တော်ပါသည်။


၇။Zumba Gold-Toning

အသက်အရွယ်ကြီးသူများအတွက် သင့်တော်ပြီး ဟန်ချက်ညီအောင် ကောင်းစွာလှုပ်ရှားနိုင်ရန် ကြွက်သားများဖြေလျော့ပေးသော လေ့ကျင့်ခန်းတစ်မျိုးဖြစ်သည်။


၈။Zumba Sentao

သင်တန်းသူ/ သား တစ်ဦးလျှင် ထိုင်ခုံတစ်လုံးစီဖြင့် ဘော်ဒီဝိတ်ကျရန်နှင့် ကျစ်လစ်စေရန် ကရသည့် အကမျိုးဖြစ်သည်။


၉။Strong by Zumba

Strong by Zumba အကကို ၂၀၁၆တွင် စတင်မိတ်ဆက်ခဲ့သည်။ လုံးဝမကတတ်သောသူများပင် ကစားနိုင်သော အကမျိုးဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကျစ်လစ်လှပစေရန် ဤကစားနည်းကို အသုံးပြုလေ့ရှိသည်။


၁၀။ Zumbini

ကလေးများအတွက် အထူးစီစဉ်ထားသော အကမျိုးဖြစ်ပြီး အသက် (၃)နှစ်အထိ ကစားနိုင်ပါသည်။ ဤအကကို အမေရိကန် TV Channel တစ်ခုဖြစ်သည့် Baby First TV တွင် live ထုတ်လွှင့်လေ့ရှိသည်။


၁၁။ A Plate by Zumba

အင်တာနက်မှတစ်ဆင့် သင်ယူ နိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် မည်သို့စားသောက်ရမည်ကို သင်ကြားပေးသော ပရိုဂရမ်မျိုးဖြစ်သည်။


ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ?

Zumba Dance ကို လူအတော်များ နှစ်သက်လေ့ရှိပြီး Gym အေတာ်များများတွင်လည်းသင်တန်းတစ်ခုအဖြစ် ထည့်သွင်းထားလေ့ရှိကြသည်။ Zuba Dace ဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အောက်ပါကောင်းကျိုးများရရှိနိုင်ပါသည်။

ပျော်စရာကောင်းခြင်း

Zumba အက ကနေတဲ့အခါ လေ့ကျင့်ခန်းလုပ်နေတယ်ဆိုတာတောင် မေ့လျော့နေတတ်ပြီး ကခုန်ရတာ ပျော်ဖို့ကောင်းပါတယ်။


ဝိတ်ကျခြင်း

Zumba အကကို စွမ်းအားရှိတဲ့ လေ့ကျင့်ခန်းလို့တင်စားခေါ်ဝေါ်ပြီး တစ်နာရီအတွင်း ကယ်လိုရီ (၆၀၀ မှ ၁၀၀၀) လောင်ကျွမ်းနိုင်ပါသည်။


သန်မာကျစ်လစ်စေသည်

ပထမ ကကချင်းမှာ နာကျင်မှုခံစားရပေမယ့် တကယ်ပင်ပန်းရကျိုးနပ်စေတဲ့ ရလာဒ်ကောင်းထွက်လာမှာပါ။ ခန္ဓာကိုယ်တစ်ခုလုံးသန်မာကျစ်လစ်စေပါတယ်။


ကျန်းမာရေးကောင်းစေသည်

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်သန်စွမ်းသည့်အပြင် နှလုံးခုန်နှုန်းနှင့် သွေးကြောစနစ်ကို အထောက်အကူပေးသည့်အတွက် ကျန်းမာရေးလဲကောင်းစေပါသည်။


စိတ်ဖိစီးမှုလျော့စေသည်

လှုပ်လှုပ်ရှားရှားကခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း နှင့် စိတ်ဖိစီးမှုများ သက်သာပျောက်ကင်းစေပါသည်။


ပိုမိုသွက်လက်စွာလှုပ်ရှားလာနိုင်ခြင်း

Zumba အကသည် လက်မောင်းနှင့် ခြေထောက်ကို လားရာမတူပဲ လှုပ်ရှားကရသော ကကွက်များ များစွာပါဝင်သည့်အတွက် ဟန်ချက်ညီစွာ ကောင်းစာလှုပ်ရှားနိုင်ပြီး ကပါများလာသည့်အခါ ခန္ဓာကိုယ့်ပေါ့ပါးသွက်လက်လာစေပါသည်။


ပျော်ရွှင်စေသည်

သင်လေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်းမှာ ဦးနှောက်မှ endorphins လို့ခေါ်တဲ့ အကောင်းမြင်သော ဟောမုန်းတစ်မျိုးကို ထုတ်လုပ်ပေးပြီး သက်တောင့်သက်သာ ခံစားရသော ပျော်ရွှင်မှုကို ရရှိစေပါသည်။


ဒီလိုအကျိုးကျေးဇူးများစွာရှိတဲ့ Zumba အက ဟာလွယ်ကူပြီး အသက်အရွယ်မရွေးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်လို့ ဝိတ်ထိန်းချင်သူ၊ ဝိတ်ကျချင်သူများ အတွက် အသုံးပြုကြည့်ဖို့တိုက်တွန်းပါတယ်။

(piedmont-org မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
❤ sharing is caring ❤

----------------------

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Myitkyina

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 15:00 - 20:00