MMA fight sport

MMA fight sport

Share

Channels.( MFS )
follwer လုပ်ပီးအားပေးကြပါအုံး...
MMA ပွဲတွေနဲ့.မြန်မာနိုင်ငံကဖိုက်တာတွေပွဲရှိတိုင်းတင်ပေးပါ့မယ်ခမျ...

25/07/2026

ဆမ်အေကို အလဲထိုးအနိုင်ယူပြီး ကြားဖြတ်ချန်ပီယံခါးပတ် သိမ်းပိုက်ခဲ့တဲ့ အာလိဖ်
*-----*-----*------*-----*-----*-----*------*-----*

မျှော်လင့်ထားသလိုပဲ အကြိတ်အနယ်နဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

နှစ်ယောက်စလုံး သတိကြီးကြီးထားပြီး အမှားအယွင်းအနည်းဆုံးနဲ့ အခွင့်အရေးရှာတိုက်ခိုက်ခဲ့ကြတာကြောင့် ပွဲရဲ့အရှိန်က အချိန်ပြည့်မြင့်နေခဲ့ပါတယ်။

ဒါပေမယ့် နောက်ဆုံးအချီရောက်ချိန်မှာတော့ အာလိဖ်ရဲ့ ထိုးချက်တွေက ပိုမိုထိရောက်လာခဲ့ပြီး ဆမ်အေကို အရင် Count ခံရစေခဲ့ပါတယ်။

Count ပြန်စပြီး မကြာခင်မှာပဲ အာလိဖ်က ပြင်းထန်တဲ့တိုက်စစ်နဲ့ ဆက်ဖိခဲ့ရာ ဆမ်အေကို အလဲထိုး (KO) အနိုင်ယူကာ ကြားဖြတ်ချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီအံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကြောင့်လည်း အာလိဖ်ဟာ Performance Bonus ကိုပါ ရရှိသွားခဲ့ပါတယ်။

19/07/2026

If the World Cup Final was a Muay Thai fight ⚽👊 How would it go down?

Photos from MMA fight sport's post 12/07/2026

ဒဏ်ရာကြောင့် ချက်ခြင်း အရှုံးပေးလိုက်ရတဲ့ ကော်နာ
------------

ပွဲက ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

ကော်နာအတွက်လဲ အတော်ကို ကံဆိုးတယ်လို့ ပြောရမှာပါ။

စပြီး ခုန်ကန်လိုက် ကတည်းက ဒူးဆစ်က ပြုတ်သွားပုံ ရပါတယ်။

အဲဒီနောက် ထပ်ပြီး ကန်ဖို့ကြိုးစားပေမယ့် ခဏခဏ ပြုတ်ကျနေပါတယ်။

မက်ဇ်ဟော်လိုဝေး ကတော့ အားကစားသမား ပီသလွန်းတဲ့သူပါ။

အခွင့်ရေးကို အပြည့်၀မယူပဲ ဒိုင်လူကြီးကိုတောင် စစ်ဆေးခိုင်းသေးတာပါ။

ကော်နာ ဟာ ဆက်ပြီးကစားနိုင်ခြင်းမရှိလို့ တစ်မိနစ်ကျော်လေးနဲ့ အရှုံးပေးလိုက်ရပါတယ်။

ရှေ့ပွဲတုန်းက ခြေထောက်တသွင်သွင်ကျိုးသွားခဲ့တယ်။

ဒီပွဲမှာလဲ ထင်မှတ်မထားတဲ့ ပုံစံနဲ့ ချက်ခြင်း ဒဏ်ရာရတယ်။

ကော်နာ ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေက အနားယူဖို့အတွက်တောင် တွန်းပို့သလို ဖြစ်သွားနိုင်ပါတယ်။

Photos from MMA fight sport's post 10/07/2026

ဟော်လိုဝေး ကို ၁၀ စက္ကန့်အတွင်း အမှောက်သိပ်လို့ရတယ်ဆိုတဲ့ ကော်နာ
--------------

မေး - ကော်နာ ... ပွဲပြီးဖို့ ၁၀ စက္ကန့်လောက်လိုတဲ့အချိန် ၊ မက်ဇ် က ကွင်းလယ်ကို လက်ညိုးထိုးပြီး အချက်ပြရင် ဆော်မှာလား။

ကော်နာ - အဆင်ပြေတာပေါ့။ ပျော်ပျော်ကြီးနဲ့တောင် ကိုင်ပြလိုက်ချင်သေး။

မေး - ကျနော့် စိတ်ထဲမှာ ခင်ဗျားက မက်ဇ် ကို ၅ မိနစ် နဲ့ ၇ မိနစ် အတွင်းမှာပဲ ပွဲသိမ်းနိုင်မယ်လို့ ခံစားမိနေတယ်။ ဒီခံစားချက် မှားတယ်ဆိုရင် မှားတယ်ပဲပြောပါ။

ကော်နာ - မက်ဇ် ကို ၁၀ စက္ကန့်အတွင်းမှာတောင် ဖျက်ဆီးပစ်နိုင်ပါတယ်။ ငါ့ရဲ့ မှတ်တမ်းတွေကို ကြည့်လိုက်ရင် ၃ စက္ကန့်နဲ့ အမှောက်သိပ်ပြထားတဲ့ မှတ်တမ်းမျိုးတောင် ရှိပါတယ်။ UFC ရဲ့ ဂန္ထဝင်ဖိုက်တာတွေလို့ ခေါ်တွင်ကြတဲ့ဖိုက်တာတွေကို ၁ မိနစ်အတွင်းမှာပဲ အမှောက်သိပ်ပြီး ကြိတ်ပြထားတဲ့ ရလာဒ်တွေ ရှိပါတယ်။ အဲဒီထဲမှာ မက်ဇ်ကိုလဲ စာရင်းသွင်းပေးလို့ရပါတယ်။

သို့ပေသော်ငြား အယူဆမမှားစေချင်ဘူး။ မိုးထဲရေထဲထိ ဆော်ကြရမယ်ဆိုရင်လဲ မက်ဇ် အနေနဲ့ ဒုက္ခတွေ လှလှကြီးတွေ့သွားမှာပါ။ အကွဲပြဲတွေ အများကြီးဖြစ်သွားနိုင်ပါတယ်။

မက်ဇ် - ပထမကြိမ် တွေ့တုန်းက ဘာဖြစ်သွားလို့လဲ?

ကော်နာ - ဝှီးချဲ နဲ့ မင်းထွက်သွားရတာလေ....

မက်ဇ် - မင်းက ယှဉ်မထိုးရဲလို့ ခဏခဏ လှဲချတာမို့လား...

(သတင်းစာရှင်းလင်းပွဲက လေတိုက်သံများ )

Photos from MMA fight sport's post 09/07/2026



နောက်ထပ်တစ်ဆု ထပ်ပြီး သိမ်းပိုက်ပြန်တဲ့ ကျနော်တို့ရဲ့ အသည်းကြော် Van
--------------

Van ကတော့ အမှန်ကန်တွေ အောင်ပွဲခံနေပါပြီ။

မနက်အစောပိုင်းတုန်းက World MMA Awards ဆုကနေ ချီးမြှင့်တဲ့ Breakthrough of the Year ဆု ကို ရတယ်။

အခု ထပ်ပြီး Fight of the Year ဆု ကို ထပ် သိမ်းပိုက်တယ်။

တစ်နေရာထဲမှာပဲ နှစ်ထပ်ကွမ်း ဆု ကို ရယူလိုက်တာဗျာ။

အောင်မြင်မှုတွေက ကြမ်းလွန်းပါတယ်။

အိပ်မက် မက်နေတာ မဟုတ်ဘူးနော်။

ဗန် ရဲ့ အောင်မြင်မှုတွေ သမိုင်းထဲမှာ ရေးထိုးနေတာ။

ကိုယ်တွေဆီက မွေးတဲ့ ချာတိတ်လေး ကမ္ဘာ့စင်မြင့်ထက်မှာ ဆုတွေ ခဏခဏ တက်ယူနေတာ။

Joshua “The Fearless” Van

👏👏👏

😍😍😍

09/07/2026

အခုတပတ် ဒုခေါင်ပွဲမှာထိုးမယ့် UFC လိုက်ဝိတ်ဖိုက်တာ Benoit Saint Denis က MMA ဖိုက်တာ မဖြစ်ခင် ပြင်သစ်အထူးတပ်ဖွဲ့မှာ (၅) နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အသက် (၁၈) နှစ်အရွယ်မှာ စစ်တပ်ဝင်ခဲ့တဲ့ Saint Denis ဟာ Mali နဲ့ Burkina Faso နိုင်ငံတွေမှာ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး ဓားစာခံကယ်ဆယ်ရေးနဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။

၂၀၁၆ ခုနှစ်မှာတော့ အဲ့တုန်းက ပြင်သစ်သမ္မတ François Hollande ရဲ့ လုံခြုံရေးတာဝန်ကိုပါ ယူခဲ့ဖူးသေးတယ်။

စစ်မှုထမ်းနေတဲ့ (၃) နှစ်မြောက်မှာ Jiu-Jitsu ကို စတင်လေ့လာရင်း MMA ကို ချစ်မြတ်နိုးလာခဲ့ပြီး ၂၀၁၉ ခုနှစ် အထူးတပ်ဖွဲ့က ထွက်လာတဲ့အချိန် သူ့မှာ UFC ကို အမြန်ဆုံးရောက်ဖို့ ရည်မှန်းချက်တစ်ခုပဲ ရှိခဲ့တယ်။

၂၀၁၉ ကနေ ၂၀၂၁ အထိ (၈) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရှုံးပွဲမရှိ စံချိန်နဲ့ UFC စာချုပ်ရယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ နောက်ဆုံး (၄) ပွဲဆက်တိုက် နိုင်ထားတယ်။

ဒါ့အပြင် စစ်မှုထမ်းတဲ့ ကာလအတွင်းမှာ သူ့ရဲ့ စွမ်းဆောင်နိုင်မှုအတွက် Medal of the Nation's Gratitude နဲ့ Combatant's Cross ဆုတွေကိုလည်း ၂၀၁၇ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတယ်။

Benoit Saint Denis က စစ်သားဘဝမှာလည်း လက်သံပြောင်သလို အခုဖိုက်တာ ဘဝမှာလည်း နိုင်ခဲ့တဲ့ (၁၇) ပွဲလုံး အမှတ်အဆုံးအဖြတ်ကို မရောက်ဖူးတဲ့အထိ လက်သံပြောင်ထားတဲ့ သူပါ။ နောက်ဆုံးထိုးခဲ့တဲ့ (၁၀) ပွဲမှာ ပွဲအားလုံးကို (၂) ချီ မကျော်ထားသေးဘူး။ Finishing Rate အပြည့်ရှိတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်း စစ်ပြန်ဖိုက်တာကြီးပါ…..။

29/06/2026

ကော်နာကို နောက် ၂ ပတ်လောက်ဆိုရင်
သံဇကာထဲပြန်မြင်ရပြီ။

🔸 ပွဲကြိုသုံးသပ်ချက် မလာခင်
အရင်က သူ့ရဲ့ မိတ်ဆွေ​ကောင်း ပြိုင်ဘက်ဟောင်း
တစ်ယောက်အကြောင်း သတိရမိလို့ ပြန်ပြောပြဦးမယ်။

🔸အခုတော့ အနားယူသွားပါပြီ။Khabib တဲ့....

🔸ပွဲမစခင် Faceoff တိုင်းမှာလဲ တစ်ယောက်နဲ့ တစ်ယောက် respect အပြည့် အားကစားစိတ်ဓာတ်အပြည့်နဲ့
ချစ်ချစ်ခင်ခင်ပဲ နှုတ်ဆက်ခဲ့ကြတယ်။

🔸ကော်နာဘက်က ညီကိုဆက်ဆံရေး
ဝီစကီတခွက်တောင် ကမ်းလိုက်သေးတယ်။

🔸တခါကဆို ခါဘီတို့ရဲ့ bus ကား တံခါးဖွင့်မရလို့
ကော်နာချက်ချင်းရောက်လာပြီး စိတ်ပူတာနဲ့
တံခါးကမှန်ကို ခွဲပေးလိုက်တယ်။စိတ်ဓတ်

🔸ခါဘီတို့ တစ်ဖွဲ့လုံး အန္တရာယ်ကင်းကင်းဆင်းနိုင်ခဲ့တယ် ခါဘီက ကျေးဇူးတင်မယ်လုပ်တော့ ကော်နာကိုရှာမတွေ့တော့ဘူး။

🔸ကြိုးဝိုင်းထဲတွေ့တော့ တင်းတင်းကြပ်ကြပ်ဖက်​ပြီး
နားနား​လေးကပ်ပြောတယ်..
`` ကျေးဇူး ဘရိုတဲ့ 😢ကော်နာကလဲရပါတယ်🤫တဲ့...

🔸နောက်တော့ ကော်နာရဲ့ Team ကိုတွေ့တော့ သူတို့ကိုလဲ ကျေးဇူးတင်ချင်တာနဲ့ စင်ပေါ်ကနေ အ​​ပြေးအလွှားခုန်ပြီး သွားနှုတ်ဆက်တယ်။ တမျိုးထင်သွားတယ်ထင်ပါရဲ့..😤😤😤

🔸MMA လောကမှာပဲ ရှိတဲ့ ချစ်စရာ အမှတ်တရ
အဖြစ်အပျက်တွေပေါ့ 💘ခွဲခံခဲ့ရတဲ့ခါဘီ...🤑🤑🤑


#ကော်နာ

12/06/2026

မန္တလာသား ကျော်ကြီး ဒီညမှာတော့ နိုင်ပွဲ ပြန်တွေ့သွားပါပြီ။

ဒီပွဲက တံတောင်ရိုက်ပွဲလို့ ပြောရမလားပဲ။ နှစ်ယောက်လုံးက ပွဲချိန်တော်တော်များများမှာ တံတောင်တွေပဲ ယှဉ်ရိုက်သွားတယ်။ ဇလက်တန်ရဲ့ ကစားပုံကလည်း footwork နဲ့ ရှောင်ပြီး ဆော့တာထက် ဂတ်ကို အပြည့်ကာပြီး ထိပ်တိုက် သူဗျင်းကိုယ်ဗျင်းဆော့ရတာ ပိုအားသာတော့ ပွဲက ကြမ်းပါတယ်။

လေ့ကျင့်မှုပိုင်းမှာ မခိုတဲ့ ကျော်ကြီးက နောက်ဆုံးမိနစ်ထိ သက်လုံပါတယ်။ ဇလက်တန်က သူတင်ကိုယ်တင် ကြမ်းချင်ပေမယ့် ဒုတိယအချီမှာ သက်လုံက စကျနေပြီ။ ကျော်ကြီး အပြတ်အသတ်သာခဲ့တဲ့ အချီကတော့ တတိယအချီပဲ။ ခြေကန်ချက်တွေ၊ လက်သီးတွဲလုံးတွေ၊ တံတောင်ရိုက်ချက်တွေ အများကြီးကို သုံးပြသွားတယ်။

ဇလက်တန်လို ပြိုင်ဘက်ကို အလဲထိုးနဲ့ နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အခြေအနေ မပေးခဲ့ဘူးပဲ ဆိုရမှာပေါ့။ အမှတ်အဆုံးအဖြတ်မှာ ကျော်ကြီးကပဲ UD နဲ့ အနိုင်ရသွားပါတယ်။

11/06/2026

လုံးတူထောက်တူ ၊ကစားပေါက်တူပေမယ့် ကျော်ကြီးက လျှင်မြန်မှုပိုအားသာသလို သက်လုံနဲ့တွဲလုံးအပိုင်းမှာလည်း ခေါင်းတစ်လုံးပိုမြင့်ပါတယ်

ဆလာတန်က ဆိုင်ထိုးဖို့များမယ်ထင်ပါတယ်
ဒါ့ကြောင့် ကျော်ကြီးအပေါ်ယုံကြည်မှုက 100%ပါ

ကျော်ကြီးသာ အရမ်းမလောဘဲ တိတိကျကျ တစ်ချက်ဆိုတစ်ချက်ထိရောက်အောင်ထိုးပြနိုင်ရင် ဘောနပ်စ်အထိတောင်မျှော်လင့်လို့ရပါတယ်

ဒါပေမဲ့ ယုံကြည်မှုလွန်ကဲပြီး အစောပိုင်းအချီတွေမှာ ဂတ်မကျဖို့တော့လိုပါမယ်
ဘောနပ်စ် မျှော်လင့်လိုရတဲ့ပွဲမျိုးပါ...👊👊👊

11/06/2026

ရှုံးပွဲမရှိတဲ့ ပရော့တာက ထွန်းမင်းအောင်အတွက် ခက်ခဲနိုင်ပေမယ့် မနိုင်လောက်တဲ့ဖိုက်တာမျိုးတော့ မဟုတ်ပါဘူး

ပရော့တာရဲ့ အားသာချက်ကလက်သီးတွဲလုံးပဲ
လက်သီးအားပြုမယ့်ဖိုက်တာကို လက်သီးထိုးမရအောင် ဘယ်လိုပိတ်ကစားမလဲဆိုတာက ဒီပွဲရဲ့အဖြေဖြစ်မယ်ထင်ပါတယ်

ထွန်းမင်းအောင် ကစားတတ်ပါတယ်
ဗျူဟာကျကျနဲ့ ချိန်သားကိုက်လှုပ်ရှားတတ်ဖို့ပဲလိုတာပါ

ပွဲလုံးဝကောင်းလိမ့်မယ်လို့ ထင်မြင်မိပါတယ်...

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Myitkyina