MIKE Sport CollectionS

MIKE Sport CollectionS

Share

Sport CollectionS

Photos from MIKE Printing House's post 18/10/2023

💢 PAN ချစ်သူများ​ရောက်ပြီဗျ 🥰🥰

💥 အကြမ်းခံပြီး လူကြိုက်များတဲ့ Alpha Pan 🤗
💥 Design မရိုးသွားတဲ့ Alpha Pan 🤗

👉 size - 39 , 40 , 41 , 42 , 43

☎️ 09259168471

09/10/2023

ပရီးမီးယားလိဂ် ပွဲစဉ် (၈) အပြီးမှာတော လက်ရှိချန်ပီယံ Manchester City ကတော့ နှစ်ပွဲဆက်ရှုံးပွဲနဲ့အတူ အမှတ်ပေးဇယား ပထမနေရာကို အာရှသားကြီး ဆွန်ဟောင်မင်ဦးဆောင်တဲ့ Tottenham Hotspur F.C အသင်းက ဦးဆောင်နေပါတယ်

# # # # # # # # # #

Photos from MIKE Printing House's post 08/10/2023
07/10/2023

အာရှတိုက်ရဲ့ အအောင်မြင်ဆုံး တောင်ကိုရီးယား အသင်း
😘😘
တောင်ကိုရီးယားအသင်းဟာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အခြားအာရှနိုင်ငံများထက် ပိုပြီးပါဝင်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အအောင်မြင်ဆုံးနှစ်က ၂၀၀၂ ခုနှစ်တုန်းက ဂျပန်အသင်းနှင့်ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့နှစ်က ဖြစ်ပါတယ်။
အာရှအဆင့်မှာဆိုရင်လည်း တောင်ကိုရီးယားအသင်းဟာ AFC Asian Cup နှစ်ကြိမ်နှင့် ရွှေတံဆိပ် ၃ ခု ရရှိထားသည်။ တောင်ကိုရီးယားရဲ့ ပထမဆုံး နိုင်ငံတကာပွဲကတော့ ၁၉၄၈ ခုနှစ် သြဂုတ်လမှာ မက္ကဆီကိုကို ၅-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲနှင့် စတင်ခဲ့ပါတယ်။
၎င်းတို့၏အကြီးမားဆုံးရှုံးပွဲမှာ 1948 ခုနှစ်သြဂုတ်လတွင်ဆွီဒင်ကို 12-0 ဖြင့်ရှုံးနိမ့်ခဲ့ပြီး ၎င်းတို့၏အကြီးမားဆုံးအောင်ပွဲသည် 2003 ခုနှစ်စက်တင်ဘာလတွင်နီပေါနှင့် 16-0 ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။
Cha Bum-kun သည် 58 ဂိုးဖြင့် တောင်ကိုရီးယား၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သည်။ Hong Myung-bo နဲ့ အတူ 136 ပွဲ ကစားပြီး စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။
ဘောလုံးလောကမှာ ထင်ရှားတဲ့ တောင်ကိုရီးယားကစားသမားတွေကတော့ Hwang Sun-hong၊ Lee Woon-jae၊ Lee Young-pyo၊ Lee Ho-taik၊ Park Ji-sung၊ Ahn Jung-hwan နဲ့ Son Heung-min တို့ပဲဖြစ်ပါတယ်။

# # # # #
Credit goes to Channel BSR

06/10/2023

မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ လူငယ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပြီး အသင်းလိုက်ရပ်တည်နေမှု 💥💥

04/10/2023

💢 ​ငွေ​စျေး​လေး​တွေကျတဲ့အတွက်
NIKE ဖိနပ်​လေး​တွေ ​စျေးပြန်ချထား​ပေးပါတယ် 🥰
👟 ထူးခြားချက်များ-
✅ လျှမြန်သောဖြတ်သန်းမှုကို တိကျစွာထိန်းချုပ်နိုင်ခြင်း
✅ ကွင်းပြင်ပေါ်တွင် ပေါ်လွင်စေကာ စတိုင်ကျသောဒီဇိုင်း
✅ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် ပံ့ပိုးပေးခြင်း
✅ ပေါ့ပါးပြီး သက်တောင့်သက်သာရှိခြင်း
🌟 အကောင်းဆုံးဘောလုံးဖိနပ်များနှင့် ချန်ပီယံများ၏အဆင့်များကိုချိတ်ဆက်ထားသည့်အတွက် လက်လွတ်မခံဘဲ ထူးခြားမှုကို ခံစားလိုက်ပါ။
💢 နယ်​ဝေးမှညီကိုများ ကားဂိတ်က​နေ ပို့​ပေးပါတယ်
☎️ 09259168471

💢 ​ငွေ​စျေး​လေး​တွေကျတဲ့အတွက်
NIKE ဖိနပ်​လေး​တွေ ​စျေးပြန်ချထား​ပေးပါတယ် 🥰

👟 ထူးခြားချက်များ-
✅ လျှမြန်သောဖြတ်သန်းမှုကို တိကျစွာထိန်းချုပ်နိုင်ခြင်း
✅ ကွင်းပြင်ပေါ်တွင် ပေါ်လွင်စေကာ စတိုင်ကျသောဒီဇိုင်း
✅ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် ပံ့ပိုးပေးခြင်း
✅ ပေါ့ပါးပြီး သက်တောင့်သက်သာရှိခြင်း

🌟 အကောင်းဆုံးဘောလုံးဖိနပ်များနှင့် ချန်ပီယံများ၏အဆင့်များကိုချိတ်ဆက်ထားသည့်အတွက် လက်လွတ်မခံဘဲ ထူးခြားမှုကို ခံစားလိုက်ပါ။

💢 နယ်​ဝေးမှညီကိုများ ကားဂိတ်က​နေ ပို့​ပေးပါတယ်

☎️ 09259168471

Photos from MIKE Sport CollectionS's post 01/10/2023

ပရီးမီးယားလိဂ် ပွဲစဉ် (7) အပြီးမှာတော အာရှသားကြီး ဆွန်ဟောင်မင်ဦးဆောင်းတဲ့ Tottenham Hotspur F.C အသင်းကတော့ သူရဲ့သွင်းဂိုးများအနဲ့အတူ နိုင်ပွဲဆက်ပြီး လက်ရှိချန်ပီယံ Manchester City အသင်းနဲ့ ၁မှတ်အကွာ အဆင့် (၂) အထိတတ်လမ်းလာခဲ့ပါပြီ

# # # # # # # # # #

Photos from MIKE Printing House's post 29/09/2023

💢​ ဆောင်းလည်းဝင်​တော့မယ်
အ​နွေးဓါတ်​လေး​တွေလည်း လိုလာပြီ ☃️❄️

💢 ရုံးအဖွဲ့များ ၊ အသင်းအဖွဲ့များ၊ ဆင်တူဝတ်ချင်သူများ
ရိုးရှင်းပြီး အသားလည်း​ကောင်း၊ ဝတ်လို့လည်း​ကောင်းတဲ့
အ​နွေးထည်​လေးများ ဝယ်ယူရရှိနိုင်ပါတယ် ☃️🥰

Size - M , L , XL , 2XL , 3XL , 4XL

☎️ 09259168471 (Viber)

Photos from MIKE Sport CollectionS's post 29/09/2023

လက်ရှိ ကမ္ဘာ့ဝင်ငွေအများဆုံး အမျိုးသမီးအားကစားမယ် (၁၀)ဦးတွင် တင်းနစ်ကစားမယ်များနှင့် အမေရိကန်သူများဖြင့် အများဆုံးလွှမ်းမိုးထား

# # # # # # # # # #

Credit goes to the Forbes

Photos from MIKE Sport CollectionS's post 28/09/2023

“ဆွန်ဟောင်မင် သို့မဟုတ် ကြိုးစားခြင်းနဲ့ နှိမ့်ချခြင်းတို့ရဲ့ ပြယုဂ်”
🔳 ဆွန်နီလို့ ချစ်စနိုး ခေါ်ကြတဲ့ အသက် ၃၀ အရွယ် တောင်ကိုရီးယား ဘောလုံးသမား။ အာရှတိုက်ရဲ့ G.O.A.T (Greatest of All Time) လို့တောင် ပြောလို့ရတဲ့သူ။
သူ့မှတ်တမ်းတွေ၊ အောင်မြင်မှုတွေက ရေးမယ်ဆို အများကြီး။ အထင်ရှားဆုံးတွေပဲ ထုတ်နှုတ်ဖော်ပြရရင် -
• ၂၀၂၀ မှာ ဖီဖာအကောင်းဆုံးသွင်းဂိုးဆုကို ရခဲ့သူ
• ပရီးမီးယားလိဂ်လို ကမ္ဘာ့အကောင်းဆုံးတွေ စုဝေးနေတဲ့နေရာမှာ ဂိုးသွင်းဘုရင်ဆု ရဖူးတဲ့ ပထမဆုံး အာရှကစားသမား၊
• ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀၀ ပြည့်သွားတဲ့ ပထမဆုံး အာရှကစားသမား
• ပရီးမီးယားလိဂ်က ထိပ်သီးကလပ် စပါးအသင်းရဲ့ အသင်းခေါင်းဆောင် (ဥရောပထိပ်တန်း လိဂ် ၅ ခုလုံးမှာလည်း အာရှသားထဲက အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတာ သူ ပထမဆုံးပဲ)
• ၂၀၁၈ အာရှဖလားမှာ ဂျပန်ကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့အတွက် တိုင်းပြည်က ဂုဏ်ပြုတဲ့အနေနဲ့ စစ်မှုထမ်းဖို့ကို ကင်းလွတ်ခွင့် ပေးခဲ့သူ ဖြစ်ပါတယ်။
🔳 သူ့နာမည် ကြားလိုက်တိုင်းမှာ စကားလုံး ၃ လုံး ပေါ်လာတယ်။
Work Ethic, Dedication နဲ့ Humility ဆိုတာတွေပဲ။ အလုပ်ကြိုးစားတယ်။ စည်းကမ်းလိုက်နာတယ်။ စိတ်အားထက်သန်တယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတယ်။ ရိုကျိုးတယ်။ ဒါကြောင့် အသင်းဖော်တွေ၊ အသင်းအားပေးသူတွေတင်မကဘူး၊ တခြားအသင်း ပရိသတ်တွေကပါ ချစ်ခင်ရတဲ့သူ ဖြစ်တယ်။
၂၀၂၃ ခုနှစ်အတွက် Forbes Korea ကနေ ရွေးချယ်တဲ့ Power Celebrity 40 မှာ BTS ရဲ့ နောက် ဒုတိယနေရာမှာ သူ ရှိတယ်။ အနုပညာနယ်ပယ်ကချည်း လွှမ်းမိုးထားတဲ့ အဲဒီစာရင်းထဲမှာ အားကစားသမားဆိုလို့ သူတစ်ယောက်တည်း ပါပါတယ်။
🔳 ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ကစားပုံချင်း ဆင်သလို၊ အလုပ်ကြိုးစားတာချင်းလည်း တူလို့ Sonaldo ဆိုပြီး နာမည်ပြောင် ပေးထားကြတယ်။ CR7 က သူ့ Idol ပါ ဆိုပြီးလည်း ဝန်ခံခဲ့ဖူးပါတယ်။
နည်းပြဟောင်းဖြစ်တဲ့ ပိုချက်တီနိုကလည်း ခုလို ပြောခဲ့ဖူးတယ်။
“He is indefatigable.”
“သူ့ကြည့်ရတာ မောပန်းတယ်လို့ကို မရှိဘူး။ အချိန်ပြည့် ကြိုးစားနေတယ်”
🔳 သူ့အကြောင်း စိတ်ဝင်စားလို့ လိုက်ဖတ်ကြည့်တဲ့အခါမှာ ငယ်ဘဝနဲ့ သူ့အဖေရဲ့ လွှမ်းမိုးမှုတွေက သိပ်ကိုမှ အရေးပါတာကို တွေ့ရတယ်။ ဒီဘက်နောက်ပိုင်း စိတ်ပညာကို လေ့လာဖြစ်နေတော့ လူတစ်ယောက်မှာ ငယ်ဘဝက အတော်လေး အရေးကြီးတာကို သတိထားမိလာတယ်။
ရေခဲတုံးဥပမာလိုပဲ။ အပေါ်မှာ မြင်နေရတဲ့ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထား၊ အောင်မြင်မှု၊ ကျရှုံးမှု စတာတွေရဲ့ အောက်မှာ တော်ရုံလူ မသိနိုင်တဲ့ အစိတ်အပိုင်းတွေ ရှိတယ်။ ခု ဆွန်ရဲ့ အောင်မြင်မှုတွေမှာလည်း အဲဒီအတိုင်း တွေ့ရတယ်။
🔳 တော်တော်များများ သူ့ကို စသိကြတာ ၂၀၁၆-၁၇ လောက်မှာ။ ပြောရရင် ပရီးမီးယားလိဂ် ဆိုတဲ့ ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးပြိုင်ပွဲကို ရောက်လာပြီးမှပေါ့။ ဒါပေမဲ့ အဲဒီမတိုင်ခင်ကတည်းက နောင်တစ်ချိန်မှာ ဆွန်နယ်ဒိုလို့ ဖြစ်လာစေမဲ့ အကြောင်းအချက်တွေ သူ့မှာ အတော်များများ ရှိနေပြီးပြီ ပြောရမယ်။
သူ့အဖေကလည်း ဘောလုံးသမားဟောင်းတစ်ယောက်။ ဒဏ်ရာကြောင့် အသက် ၂၈ နှစ်မှာတင် နားလိုက်ရတယ်။ နောက်တော့ နည်းပြအဖြစ် ရပ်တည်တယ်။ သားဖြစ်သူကို အနီးကပ် လေ့ကျင့်ပေးတယ်။ သူ့တုန်းက မဖြစ်ခဲ့သမျှ သားကိုတော့ အကောင်းဆုံး ပြုစုပျိုးထောင်နိုင်ခဲ့တယ်ပဲ ဆိုရပါမယ်။
အဖေက လေ့ကျင့်ပေးတယ်ဆိုလို့ ပေါ့ပေါ့ပါးပါးလို့တော့ မထင်နဲ့။ တစ်နေ့ကို ၁၀ နာရီထက်မနည်း လေ့ကျင့်ခဲ့ရတယ်လို့ သိရတယ်။ အဲဒီကတည်းက ဆွန်ရဲ့ မဖြစ်ဖြစ်အောင်၊ မရရအောင် မဆုတ်မနစ် ကြိုးစားတတ်တဲ့စိတ်က သန္ဓေတည်လာခဲ့တာ ဖြစ်ပါတယ်။
🔳 ခုလိုအောင်မြင်မှုတွေက လွယ်လွယ်ကလေး ရခဲ့တာတော့ မဟုတ်ဘူး။ ရှုံးနိမ့်မှုတွေလည်း အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတယ်။ အထူးသဖြင့်တော့ အာရှသားမို့ လူကောင်သေးနေတဲ့အတွက် အသင်းတွေက ခေါ်ယူဖို့ လက်တွန့်နေတာပေါ့။ အဲဒါကိုလည်း ပြုပြင်ယူရသလို၊ ဂျာမနီ၊ အင်္ဂလိပ်ဘာသာစကားတွေ ကျွမ်းကျင်အောင်လည်း လေ့ကျင့်ခဲ့ရသေးတယ်။
အဖေ့ရဲ့ လွှမ်းမိုးမှုက Training ပိုင်းတင်မကဘူး၊ Career နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာပါ မှန်စေခဲ့တာကို တွေ့ရတယ်။ အသက် ၁၄ နှစ်မတိုင်မီ တကယ့်ပြိုင်ပွဲကြီးတွေမှာ ပေးမကစားဘူး။ အရွယ်မတိုင်သေးခင် ဒဏ်ရာကြီးကြီးမားမား ရသွားမှာစိုးလို့။ နောက် အသင်းရွေးတော့လည်း ယှဉ်ပြိုင်မှု ပြင်းထန်ပြီး မီဒီယာအား သိပ်ကောင်းတဲ့ အင်္ဂလန်ထက် လူငယ်တွေကို နေရာပိုပေးတဲ့၊ သူ့သား ဖိအားနည်းနည်းနဲ့ ကစားလို့ရမဲ့ ဂျာမနီကို ရွေးစေခဲ့တာမျိုးတွေက ဆွန်အတွက် အရွေးမှန်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ခဲ့ပါတယ်။
🔳 သူ့ခြေစွမ်းခြေစကြောင့် အသက် ၁၆ နှစ်မှာပဲ ဂျာမနီကလပ်အသင်း ဟမ်းဘတ်ကနေ သူ့ကို ခေါ်ယူလိုက်တယ်။ ခြေစွမ်းပြနိုင်တယ်။ ဂိုးတွေသွင်းတယ်။ တောင်ကိုရီးယားမှာ နာမည်ကြီး လူသိများလာတယ်။ ဂျာမနီက သူ့ပွဲတိုင်းမှာ ကိုရီးယားမီဒီယာသမားတွေ ခြေချင်းလိမ်နေကြတယ်။ ဂုဏ်ယူစွာနဲ့ ဖော်ပြကြတယ်။
၂၀၁၃ ရောက်တော့ ဂျာမနီကပဲ လေဗာကူဆင် ဆိုတဲ့ အသင်းကို ပြောင်းတယ်။ အဲဒီကနေမှ ၂၀၁၅ မှာ အာရှသားတစ်ယောက်အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ ခုလက်ရှိအသင်းဖြစ်တဲ့ စပါးဆီကို ပြောင်းလာခဲ့တာပါ။
🔳 စစချင်း နေရာမရသေးဘူး။ စိတ်ရှည်ရှည်ထားတယ်။ သူ့အချိန်ကို စောင့်ဆိုင်းတယ်။ နောက်ဆုံးမှာတော့ အခွင့်အရေး ရလာတယ်။ သူနဲ့ ဟာရီကိန်းက သမိုင်းတလျှောက် အကောင်းဆုံး အတွဲအဖက်တွေထဲက တစ်တွဲဖြစ်လာခဲ့တယ်။ အခုတော့ အသင်းခေါင်းဆောင် ဆိုတဲ့အဆင့်ထိပါ ရောက်လာခဲ့ပါပြီ။ ပိုပြီး ဂုဏ်ယူစရာ ကောင်းတာကတော့ အငြင်းပွားဖွယ်မရှိ ဒီလက်ပတ်ကို ရယူနိုင်ခဲ့တာပါပဲ။
နည်းပြအဆက်ဆက်မှာလည်း သူ့ကို ခေါက်ထားလို့ မရခဲ့ဘူး။ ကြိုးစားတယ်။ ပြဿနာမရှာဘူး။ စည်းကမ်းရှိရှိ နေတယ်။ နာခံတယ်။ ရိုကျိုးတယ်။ ဒီလိုကစားသမားမျိုး ဘယ်နည်းပြက မကြိုက်ဘဲ နေမလဲ။
အာရှသားတွေလို့ ပြောလိုက်ရင် ကြိုးစားပြီး နာခံမှု အားကောင်းတယ်လို့ပဲ မြင်ကြတာများတယ်။ ဒါကြောင့် သူတို့ကို ခေါ်ရင် ခေါင်းမရှုပ်ဘူး၊ အာရုံမနောက်ဘူးပေါ့။ နောက်ပြီး ဈေးကွက်အရလည်း အာရှနိုင်ငံတွေမှာ ပရိသတ် ပိုများလာမယ်။ ဒီရည်ရွယ်ချက်တွေနဲ့ပဲ ခေါ်ယူကြလေ့ရှိပေမဲ့ ဆွန်ကတော့ ကမ္ဘာ့အဆင့် စွမ်းဆောင်ရည်ကိုပါ ပြသနိုင်ခဲ့တယ်၊ အာရှကစားသမားတွေနဲ့ ပတ်သက်တဲ့ တရားသေအမြင်တွေကိုပါ ရိုက်ချိုးနိုင်ခဲ့တယ် ပြောရပါမယ်။
🔳 သူ့ဖြတ်သန်းမှုကို ကြည့်လိုက်ရင် ဖခင်ဖြစ်သူအကြောင်း ထည့်မပြောလို့ကို မရပါဘူး။
ဘောလုံးကျွမ်းကျင်မှု ဆိုတာထက် စိတ်ပိုင်းဆိုင်ရာကို ပြောရရင် Grit လို့ ခေါ်တဲ့ မဆုတ်မနစ် ကြိုးစားတတ်တဲ့ စိတ်ကို လေ့ကျင့်ပေးလိုက်တာက ပိုအဓိကကျတယ်။ ဒါကပဲ နောက်ပိုင်း ကြုံသမျှ အခက်အခဲတိုင်းကို ဖြတ်ကျော်သွားစေနိုင်တာပဲ။ ဂျာမန်ဘာသာ၊ အင်္ဂလိပ်ဘာသာစကားတွေကို သင်တာမှာလည်း ဒီ Grit က အရေးကြီးတာပဲလေ။
ဒါကြောင့် မိဘတွေဟာ Demanding & Supportive ဖြစ်ဖို့ လိုပါတယ်။ သိပ်အလိုလိုက်လွန်းရင် ကလေးက ကိုယ့်အားကိုယ်မကိုးတော့ဘူး။ နည်းနည်းလေး အခက်အခဲ တွေ့လိုက်တာနဲ့ အဖေ၊ အမေကို အကူအညီ တောင်းတော့မှာ။ ဒါဆို အလွယ်တကူ လက်လျှော့တတ်တဲ့ ကလေးဖြစ်လာလိမ့်မယ်။
ဒီတော့ Demanding လည်း ဖြစ်ပါစေ၊ သူ့ဆီကနေ တောင်းဆို။ မရရအောင် လုပ်တတ်ဖို့ တွန်းအားပေး။ Support လည်း လုပ်ပေး။ ဒီလိုမိဘမျိုး ရှိနေခြင်းသည် နယ်ပယ်အသီးသီးက High achiever တွေ တော်တော်များများမှာ တွေ့ရတတ်တဲ့ အချက်ဖြစ်ပါတယ်။
🔳 တကယ်တော့ သူလည်း ၁၆ နှစ်၊ ကိုယ်လည်း ၁၆ နှစ်၊ အတူတူပဲလို့ ထင်ရပေမဲ့ အဲဒီအရွယ်ကတည်းက ကွာနေကြပါပြီ။ ဒါကြောင့် မိဘအုပ်ထိန်းသူတွေရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးတာပါ။
တစ်နေ့ ၁၀ နာရီ လေ့ကျင့်ခိုင်းရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကလေးကို ကလေးပီပီသသ ရှင်သန်ခိုင်းဖို့လည်း လိုပါသေးတယ်။ ဆွန့်ကိုလည်း သူ့အဖေက အတင်းရိုက်နှက်နှိပ်စက်ပြီး လုပ်ခိုင်းခဲ့တာမှ မဟုတ်တာ။ သူ့ကို ဖြစ်ချင်စိတ် ပြင်းပြတဲ့ကလေး ဖြစ်လာအောင်ပဲ လုပ်ပေးခဲ့တာပါ။
အဓိက သိစေချင်တာက လူတစ်ယောက်မှာ ငယ်ဘ၀ အတွေ့အကြုံတွေက သိပ်အရေးကြီးတယ် ဆိုတာပါပဲ။ တိုတိုပြောရရင် ‘ချစ်တတ်ဖို့’ လိုပါတယ်။ ဂရုမစိုက်ဘူး၊ အချိန်မပေးဘူး၊ လျစ်လျူရှုတယ်၊ ရိုက်နှက်နှိပ်စက်တယ် ဆိုတာက အစွန်းတစ်ဖက် ဖြစ်သလို၊ အချစ်လွန်ပြီး အလိုလိုက်နေရင်လည်း ပျော့ညံ့တဲ့သူတွေ ဖြစ်လာတတ်တယ်။ ဒါကြောင့် ချစ်တတ်ဖို့ လိုတယ် ပြောတာပါ။
🔳 ကလေးတွေက မိဘကို ရွေးခွင့်မရှိပေမဲ့ မိဘကတော့ ကိုယ့်ကလေးကို ဘယ်လိုပုံစံ ပြုစုပျိုးထောင်မယ် ဆိုတာ ရွေးလို့ရပါတယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ဟာ ကိုယ့်ငယ်ဘဝကို ပြန်ပြင်လို့ မရတော့ပေမဲ့ ခုလက်ရှိမှာ ဘယ်လိုနေထိုင်မလဲ ဆိုတာကိုတော့ ပြင်လို့ ရပါတယ်။ ပြောင်းလဲလို့ ရပါတယ်။
မဆုတ်မနစ် လုပ်တတ်တဲ့စိတ် ဆိုတာက စိတ်ဓါတ်တက်စရာ စာတစ်ပုဒ်၊ ဗီဒီယိုတစ်ခု ကြည့်လိုက်ရုံနဲ့ မရပါဘူး။ အဲဒါတွေက ကောက်ရိုးမီးလိုပါပဲ။ ဟုန်းခနဲ ထတောက်ပြီး ခဏနေတော့ ပြန်ငြိမ်းသွားမှာပါ။
အဓိကက ကိုယ်တိုင်လုပ်ကြည့်ရင်း လုပ်ကြည့်ရင်းနဲ့မှ တည်ဆောက်ရတာမျိုး ဖြစ်ပါတယ်။
🔳 ဒါ​ကြောင့် တစ်ခုခုကို တစိုက်မတ်မတ်နဲ့ ဆက်တိုက်လုပ်တတ်တဲ့အကျင့် မွေးယူကြည့်ပါ။ ကိုယ်စထားတဲ့ ကိစ္စတစ်ခုကို ဆုံးခန်းတိုင်အောင် လုပ်တတ်တဲ့အကျင့် မွေးကြည့်ပါ။
ဥပမာ စာတစ်အုပ်ဖတ်တယ်၊ နားလည်းမလည်ဘူးကွာ ဆိုပြီး နောက်တစ်အုပ် ပြောင်းမကိုင်လိုက်နဲ့။ အဲဒီတစ်အုပ်ကို နားမလည်မချင်း မရရအောင် ဖတ်တာမျိုး။
လေ့ကျင့်ခန်းလုပ်တယ်။ ဒီနေ့ နေမကောင်းချင်သလို၊ စိတ်မပါသလို ဖြစ်နေတယ် ဆိုပြီး မရပ်လိုက်နဲ့။ ဘာတွေပဲဖြစ်နေနေ မဖြစ်ဖြစ်အောင် လုပ်တာမျိုး။
အဲဒီအခါမှာ တဖြည်းဖြည်းနဲ့ တစိုက်မတ်မတ် လုပ်တတ်တဲ့ အလေ့အကျင့် ရလာပါလိမ့်မယ်။
🔳 ဒါတွေကတော့ ဆွန်ဟောင်မင်အကြောင်းဖတ်ရင်း ကျွန်တော် တွေးမိလိုက်တာတွေပါပဲ။ ဆွန့်ပရိသတ်တွေရော၊ ဘောလုံးနဲ့ မနီးစပ်သူတွေအတွက်ပါ တစ်ခုခု အကျိုးရှိသွားမယ် မျှော်လင့်ပါတယ်။

# # # # # # # # # #
All credits for the post go to Dr. Phio Thiha🙏🙏🙏

Photos from MIKE Sport CollectionS's post 27/09/2023

အားကစားလောကရဲ့ အမျိုးသမီးအလှပဂေး (၁၀)ဦး

# # # # # # # # # #

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Myitkyina
01011