ဒုတိယအကြိမ် မြစ်ကြီးနားဇုံ ကက်သလစ်ဖခင်များဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ်တွေ ပထမ အကျာ့ ကစားပြီးချိန်မာ ထင်မှတ်မထားတဲ့အသင်းတွေက ခြေစွမ်းပြကာ နာမည်ကြီးအသင်းအချို့ ရုန်းကန်နေရတာကိုတွေ့ရပါတယ်
တစ်ခါတလေ ဘောလုံးမာ ကံကြမ္မာအလှည့်အပြောင်းဆိုတာ ပဉ္စလက်ဆန်တယ်။ ပြီးခဲ့တဲ့နှစ်မာ မှာ ဂိုးမိုးရွာပြီး ချိန်ပီယံ ဆိုတဲ့ဂုဏ်ပုဒ် ကိုရယူပိုင်ဆိုင်ခဲ့ ရှဒေါင်ဖခင်အသင်း တောင်သည်နှစ် နှစ်ပွဲဆက် ဂိုးပြတ်ရှူံးနိမ့် ခဲ့ရတယ်။
၃ ဂိုး ဇီးရိုးဖြင့် ရှူံးနေတဲ့ စီတာပူ ဖခင်အသင်းမှာလဲ စိန်မိုက်ကယ်ဖခင်အသင်းကို ၇၅ မီနစ်ကျော်မှ နောက်ကျဂိုးများဖြင့် သရေရရှိအောင် ကစားနိုင်ခဲ့တယ်။
သည်နှစ်ဖခင်ဖလား ချန်ပီယံမှန်းထားသည့် ပလန အသင်းကို ပထမပိုင်းဖိကစားထားတဲ့ အင်ဂျန်ဒုံဖခင်အသင်းမာလဲ ဒုတိယပိုင်း တစ်ဂိုးစတင်ပေးလိုက်ရသည် နှင့်တပ် ပျက်ကာ ၂ ဂိုးဂိုးမရှိနှင့် အရှူံးပေးလိုက်ရတဲ့ ပွဲတွေကိုကြည့် ရင် ဘောလုံး ဟာ မော်ဆန်တယ် ဘောလုံးဟာလုံးတယ် ဆိုတဲ့ စကားတယ်မှန်ပါလားလို့ . . .
ဂိုးပျက် အနိုင်ရတဲ့ ပွဲကတော့ အဖွင့်ပွဲမှာ ကစားခဲ့ကြတဲ့ ပလန နဲ့ ရှဒေါင်ပွဲစဥ်ဖြစ်ပြီး ပလနက ၅ - ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတ်ယပွဲစဥ်ကတော့ စိန်မိုက်ကယ်က ရှဒေါင် ၅ - ၁ နဲ့နိုင်တဲ့ပွဲဖြစ်တယ်။
သွင်းဂိုးအများဆုံးပွဲကတော့ စိန်မိုက်ကယ်နဲ့ စီတာပူပွဲဖြစ်ပြီးတစ်ဖက် ၃ ဂိုးစီဖြင့် သရေကြခဲ့သောပွဲဖြစ်တယ်။
သွင်းဂိုးအနည်းဆုံးပွဲကတော့ ပလန ပွဲဘဲဖြစ်ပြီး အင်ဂျန်ဒုံနဲ့ပွဲမှာ ပလန ၂ - ၀ နှင့်သာနိုင်သောပွဲဖြစ်တယ်။
ပေးဂိုးမရှိသေးတဲ့အသင်းကတော့ ဧဒင်အသင်းဖြစ်တယ်။ ဧဒင် က တန်ဖရဲ ကို ၃ -၀ နိုင်ထားပြီးပေးဂိုးမရှိသေးတဲ့ အသင်းဖြစ်တယ်။
ရဂိုးအများဆုံးအသင်းကတော့ စိန်မိုက်ဖြစ်ပြီး ၂ ပွဲကစားပြီးချိန် ၈ ဂိုးရရှိထားကာ၊ ဒုတိယက ပလန ၇ ဂိုးရရှိထားပါတယ်။
ပေးဂိုးအများဆုံးအသင်းကတော့ ချန်ပီယံဟောင်းရှဒေါင်ဖြစ်ပြီး ၂ ပွဲကစားချိန် ပေးဂိုး ၁၀ ဂိုးတိတိပေးထားရပါတယ်။
အပျော်ရေးသားခြင်းသာဖြစ်ပါသည်
Charles Nhkum Zaw Mai
love and peace
14/08/2023
10/08/2023
ဒုတိယ အကြိမ်မြောက် မြစ်ကြီးနားဇုံ ဖခင်များဘောလုံပြိုင်ပွဲဟာ ပရိတ်သတ်အားပေးမူနှင့်အတူ ပြိုင်ဆိုင်မူ အတော်ပြင်းထန်နေတာကိုတွေ့ရတယ်
မနက်ဖြန်ညနေ ကစားမည့် မြစ်ကြီးနားဘုန်းတော်ကြီးတပိုင်ဖခင် အသင်းနဲ့ sape kaja fc တို့ရဲ့ပွဲဟာလည်း ပရိတ်သတ်တွေအထူး စိတ်ဝင်စားသည့်ပွဲစဥ်ဖြစ်ပါတယ်။
မြစ်ကြီးနားဖခင်အသင်းအနေဖြင့် မနှစ်က နှစ်သင်းထွက်သော်လည်း နှစ်သင်းစလုံး အုပ်စုပင်မတက်သည့်အသင်းဖြစ်တယ်။ နှစ်သင်းပေါင်း တစ်မှတ်သာရရှိခဲ့ဖူးသည့်အသင်း။ သည်နှစ်ကျတော့ တစ်သင်းဘဲထွက်တယ်ဆိုတော့ လူအင်းအားကျစ်ကျစ်လစ်လစ် နဲ့များဖွဲ့စည်းထားသလား ၊ မနှစ်ကအတွေ့အကြုံအရ ဘယ်လိုတွေပြင်ဆင်ထားသလဲ ခြေစွမ်းပိုင်းအနေဖြင့် သာမှန်ခြေလား ၊ အသင်းတိုင်းကို ချိန်းခြောက်နိုင်တဲ့ခြေလားဆိုတာ လူတိုင်း အရမ်းသိခြင် မြင်ခြင်နေကြသည့် အသင်းဖြစ်တယ်။
Sape Kaja Fc ကစားသမားများဟာ ဘုန်းတော်ကြီးများ ၊ ဒီကန် ၊ ဘရာသာရ် ၊ ဓမ္မဆရာများ နှင့်ဖွဲ့စည်းထားသည့် အသင်းဖြစ်တယ်။ ဆိုတော ဘယ်လိုနည်းစနစ် ကစားပုံ ကစားဟန် ဗျူဟာတွေနဲ့ လာမယ်ဆိုတာ ခန့်မှန်းရအလွန်ခက်တဲ့ အန်ဆင်း အသင်းဖြစ်တယ် ၊ ဆရာမဂေါင်တူးဂျာ ရဲ့ ဝှက်ဖဲတွေ ထုတ်ပြမယ့်ပွဲလဲဖြစ်တယ်။ သည်နှစ် က ဆရာမဂေါင်တူးဂျာ ကိုယ်တိုင်ဝင်ကန်မာဆိုတော့ ပွဲကတော့ စိတ်ဝင်စားဖို့ပိုတောင်ကောင်းသွားပြီ။
နှစ်သင်းစလုံးမာတော့ဝှက်ဖဲ ကိုယ်စီနဲ့ ဓါတ်ပုံမှာ ၁၅ ယောက်စီဘဲမြင်တွေ့ရတယ်။
အချုပ်အားဖြင့် နှစ်သင်းစလုံးဟာ မနှစ်က အုပ်စုပင် မအောင်တဲ့အသင်းများဖြစ်ကြတဲ့အတွက် သည်နှစ်မှာ ဘယ်အသင်းဘာတွေလုပ်ပြသွားမှာလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။
လာကြည့်ပရိတ်သတ်များအားလုံး စိတ်ဝင်စားမူ အပေးနိုင်ဆုံးနဲ့ စိတ်လုပ်ရှားစရာအကောင်းဆုံးပွဲဖြစ်ပါတယ်။
သည်ပွဲကို လက်လွတ်မခံဘဲလာရောက်အားပေးကြပါ။
10/12/2022
08/12/2022
Catholic Premier League ကိုအောင်မြင်စွာကျင်းပပြီးစီး
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Myitkyina