Zin Mar Lar Tun-Legal Communication Coach & NLP Trainer

Zin Mar Lar Tun-Legal Communication Coach & NLP Trainer

Share

Helping lawyers, advocates, and business professionals communicate with clarity, confidence, and influence using NLP-based tools.

04/08/2026
03/08/2026

"A good lawyer knows the law; a great lawyer knows the human mind."

စကားလုံးတွေနဲ့ လူတွေရဲ့ စိတ်ကို ပုံသွင်းနိုင်တဲ့

ပညာရပ်ဟာ ဥပဒေပညာရှင်တစ်ယောက်အတွက်

အထက်မြက်ဆုံး လက်နက်ပါပဲ။




01/08/2026

Lawyer တစ်ယောက်အတွက် NLP ဘာကြောင့် လိုအပ်တာလဲ? ⚖️💡

ဥပဒေပညာမှာ အချက်အလက် (Facts) တွေတင် မဟုတ်ဘဲ

"လူတွေရဲ့ စိတ်" ကို နားလည်ဖို့ အရေးကြီးပါတယ်။

NLP ပညာရပ်ကိုသုံးပြီး —

၁။ Client ရဲ့ တကယ့် လိုအပ်ချက်နဲ့ စိုးရိမ်မှုကို အရှိအတိုင်း ရေရေရာရာ မြင်အောင်ကြည့်နိုင်မယ်။

၂။ တရားခွင် စကားပြောဆိုမှုတွေမှာ ယုံကြည်မှုရှိရှိနဲ့ လွှမ်းမိုးနိုင်စွမ်း ရှိလာမယ်။

၃။ စိတ်ဖိစီးမှုများတဲ့ Legal လောကထဲမှာ ကိုယ့်စိတ်ကိုကိုယ် Control လုပ်နိုင်မယ်။

ဥပဒေကျွမ်းကျင်မှု + NLP သဘောတရား = မယှဉ်နိုင်တဲ့ ရှေ့နေတစ်ယောက်ရဲ့ စွမ်းအား 🚀

31/07/2026

🎯 “ကျွန်တော်/ကျွန်မ မလုပ်နိုင်ပါဘူး” ဆိုတဲ့ အသံက သင့်ရဲ့ Legal Career ကို တိတ်တဆိတ် တားဆီးနေပါသလား။

ဥပဒေလောကထဲမှာ လျှောက်လှမ်းနေတဲ့ ရှေ့နေများ၊ အလုပ်သင်ရှေ့နေများနှင့် ဥပဒေကျောင်းသားများစွာဟာ အရည်အချင်းမရှိလို့ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကို ကန့်သတ်ထားတဲ့ ယုံကြည်ချက်များ (Limiting Beliefs) ကြောင့် မိမိရဲ့ အခွင့်အလမ်းတွေကို လက်လွှတ်နေကြရပါတယ်။

* “ငါက အတွေ့အကြုံ နည်းသေးလို့ Client တွေက ယုံကြည်မှာ မဟုတ်ဘူး။”

* “ဒီလို ခက်ခဲတဲ့ Negotiation ကို ငါ မကိုင်တွယ်နိုင်လောက်ဘူး။”

* “Fee ကို ဒီထက် ပိုတောင်းလိုက်ရင် အမှုသည် ဆုံးရှုံးသွားမလား။”

* “တရားခွင်မှာ ပြောဆိုရမှာ စိုးရိမ်နေမိတယ်။”

* “ငါက ဒီလောက်ပဲ လုပ်နိုင်မှာပါ။” စတဲ့အတွေးတွေနဲ့ ပိတ်မိနေတတ်ကြပါတယ်

အမှန်တကယ်တော့ သင့်ကို တားဆီးနေတာဟာ အပြင်လောကက မဟုတ်ပါဘူး။ သင့်ရဲ့ မသိစိတ် (Unconscious Mind) ထဲမှာ အမြစ်တွယ်နေတဲ့ Limiting Beliefs တွေကြောင့်ပါ။

သင့်ရဲ့ Confidence၊ Communication Skill နှင့် Professional Growth ကို ပိတ်ဆို့နေတဲ့ အတွေးအခေါ်တွေကို NLP (Neuro-Linguistic Programming) နည်းလမ်းများဖြင့် ပြောင်းလဲနိုင်ဖို့ 1-on-1 Private Legal Coaching Session ကို စီစဉ်ထားပါတယ်။

🎯 ဒီ Session မှာ ဘာတွေ ရရှိမလဲ။

✔️ သင့် Legal Career ကို တားဆီးနေတဲ့ Limiting Beliefs များကို ဖော်ထုတ်ပေးခြင်း

✔️ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် Self-Doubt များကို NLP နည်းလမ်းများဖြင့် ကျော်လွှားနိုင်ရန် ကူညီပေးခြင်း

✔️ Client များ၊ တရားခွင်နှင့် Negotiation များတွင် Confidence အပြည့်ဖြင့် ပြောဆိုဆက်ဆံနိုင်မည့် Mindset ကို တည်ဆောက်ပေးခြင်း

✔️ သင့်အတွက် သီးသန့် Customized Coaching & Action Plan ရေးဆွဲပေးခြင်း

✔️ သင့်ရဲ့ Professional Growth အတွက် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများကို လမ်းညွှန်ပေးခြင်း

🗓 Session အသေးစိတ်

* Format : Online (Zoom) – 1-on-1 Private Coaching(Selection based)
* နေ့ရက် : စနေ နှင့် တနင်္ဂနွေ
* အချိန် : ည ၇:၀၀ နာရီ
* တစ်ရက်လျှင် : (၁) ဦးသာ သီးသန့်လက်ခံပါမည်။
* တစ်ပတ်လျှင် : (၂) ဦးသာ လက်ခံပေးသွားမည်ဖြစ်ပါသည်။

🎁 Special Offer

ပုံမှန်ကြေး – Session (၁) ကြိမ်လျှင် ၂၀၀,၀၀၀ ကျပ်

ယခုအထူးအစီအစဉ်အနေဖြင့် ပထမဆုံး Session (၁) ကြိမ်ကို အခမဲ့ (FREE) ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

သင့်ရဲ့ Legal Career ကို သံသယများ၊ စိုးရိမ်မှုများနှင့် Limiting Beliefs များကြောင့် ရပ်တန့်မထားပါနဲ့။ သင့်အတွင်းမှာ ရှိနေပြီးသား အရည်အချင်းများကို ယုံကြည်မှုအပြည့်ဖြင့် ထုတ်ဖော်အသုံးချနိုင်ဖို့ အခုအချိန်ဟာ စတင်သင့်တဲ့ အချိန်ပါ။

📩 စုံစမ်းရန်နှင့် ရက်ချိန်းရယူရန် – Messenger (DM) မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

Private & Confidential

Coaching Session အတွင်း ဆွေးနွေးသမျှ အကြောင်းအရာများအားလုံးကို အပြည့်အဝ လျှို့ဝှက်ထားရှိပေးမည်ဖြစ်ပြီး၊ သင့်ရဲ့ ကိုယ်ရေးအချက်အလက်များနှင့် အမှုကိစ္စများကို လုံခြုံစွာ ထိန်းသိမ်းပေးသွားမည်ဖြစ်ပါသည်။

“အသေးစိတ် စုံစမ်းရန် ‘LEGAL’ ဟု Comment (သို့) Messenger မှ ပေးပို့နိုင်ပါသည်”

05/07/2026

☁️ Human Cloud ( 5 ): Bad Behavior

“Client က သင့်စကားကို မယုံတာ… ဥပဒေဗဟုသုတ မလုံလောက်လို့ မဟုတ်ဘဲ၊ သင့်ရဲ့ ‘Behavior’ ကြောင့် ဖြစ်နေနိုင်ပါတယ်။”

Legal Profession မှာ… ⚖️
လူတွေက သင်ပြောတဲ့ ‘စကား’ ကို မကြားခင်၊ သင်ပြုမူတဲ့ ‘ပုံစံ’ ကို အရင်ကြည့်ပြီး ယုံကြည်မလား၊ မယုံဘူးလားဆိုတာ ဆုံးဖြတ်တတ်ကြပါတယ်။

တစ်ခါတလေ ကိုယ်မသိလိုက်ဘဲ လုပ်မိနေတဲ့ Behavior လေးတွေက ဘာတွေလဲ?

❌ Client စကားကို အဆုံးထိ နားမထောင်ဘဲ ဖြတ်ပြောတာ

❌ စိတ်မရှည်တဲ့ လေသံ၊ တုံ့ပြန်မှုတွေ ပြုလုပ်တာ

❌ မျက်နှာအမူအရာနဲ့ ကိုယ်ခန္ဓာဘာသာစကား (Body Language) မသင့်တော်တာ

❌ Client နဲ့ Follow-up ပြန်လုပ်ဖို့ မေ့လျော့နေတာ

❌ ကတိပေးထားတဲ့ အချိန်အတိုင်း မဆောင်ရွက်ပေးတာ

ဒီလို အပြုအမူသေးသေးလေးတွေကပဲ...

🔻 Client Trust (ယုံကြည်မှု) ကို တဖြည်းဖြည်း လျော့ကျစေတယ်။

🔻 Professional Reputation (ဂုဏ်သိက္ခာ) ကို ထိခိုက်စေတယ်။

🔻 ရေရှည် Client Relationship ကို အားနည်းသွားစေပါတယ်။

💡 NLP (Neuro-Linguistic Programming) မှာ...
Behavior (အပြုအမူ) ဆိုတာ သင့်အတွင်းစိတ်ထဲက "အတွေးနဲ့ ခံစားချက်" တွေ အပြင်ဘက်ကို လျှံထွက်လာတဲ့ ပြယုဂ်တစ်ခုပါပဲ။

ဒါကြောင့် Professional ဆန်တဲ့ Behavior တစ်ခုဖြစ်လာဖို့ဆိုရင်...
၁။ အရင်ဆုံး ကိုယ့်ရဲ့ အတွေးကို သတိထားပါ (Self-Awareness)။

၂။ စိန်ခေါ်မှုတွေကြားထဲမှာ ကိုယ့် Emotion ကို စီမံခန့်ခွဲပါ (Emotional Control)။

၃။ အနိုင်ရဖို့ထက် Client ရဲ့ ခံစားချက်နဲ့ လိုအပ်ချက်ကို နားလည်ဖို့ အရင်ကြိုးစားပါ (Empathy)။

Professional Lawyer တစ်ယောက်ရဲ့ စွမ်းအားက ဥပဒေပုဒ်မတွေကို အလွတ်ရနေတာတင် မဟုတ်ပါဘူး။ Client က ကိုယ့်အနားမှာ ရှိနေရင် စိတ်ချလုံခြုံတယ်လို့ ခံစားရစေမယ့် "Trustworthy Behavior" ရှိနေခြင်းပါပဲ။ ✨

💡 Small Behaviors create Big Reputation.

💬 ရှေ့နေမိတ်ဆွေတို့အမြင်အရရော... Lawyer တစ်ယောက်မှာ လုံးဝမရှိသင့်တဲ့ (သို့) ပြုပြင်သင့်တဲ့ Behavior က ဘာဖြစ်မလဲ? Comment မှာ တူတူဆွေးနွေးသွားပေးပါအုံးနော်။👇


#

04/07/2026

☁️ Human Cloud (4): Inner Conflict

“တစ်ဖက်ရှေ့နေရဲ့ Argument တွေကို ပိုင်ပိုင်နိုင်နိုင် ချေပနိုင်ပေမယ့်… ကိုယ့်အတွင်းစိတ်ရဲ့ သံသယတွေကိုတော့ မချေပနိုင်ဘဲ လက်နက်ချနေမိသလား။”

ဒါဟာ Legal Field ထဲက လူတော်တော်များများ ရင်ဆိုင်နေရတဲ့ အတွင်းစိတ် စစ်ပွဲတစ်ခုပါ။
ရှေ့နေတစ်ယောက်ရဲ့ အစွမ်းကုန် Performance တွေမထွက်နိုင်အောင် တားဆီးနေတာက တစ်ဖက်အမှုသည်မဟုတ်ဘဲ ကိုယ့်ခေါင်းထဲက Inner Conflict တွေကြောင့်ဖြစ်ပါတယ်။

နေ့စဥ်အလုပ်ခွင်ထဲမှာ

Case Handle လုပ်တဲ့အခါ:
ဒီအမှုကို နိုင်အောင် ရင်ဆိုင်ချင်စိတ် အပြည့်ရှိပေမယ့်… ဥပဒေကြောင်းအရ မှားတစ်ခုခု လုပ်မိပြီး အမှု ရှုံးသွားရင် အမှုသည်အပေါ် တာဝန်မကျေရာ ရောက်မလားဆိုတဲ့ စိုးရိမ်စိတ်က လွှမ်းမိုးနေတာ။

⚖️ တရားခွင်ထဲက စိန်ခေါ်မှု:
အမှုတွဲကို သေချာပြင်ဆင်လာလို့ တရားခွင်ထဲမှာ အကောင်းဆုံး တင်ပြချင်ပေမယ့်… ဝါရင့် တရားသူကြီးတွေ၊ တစ်ဖက်ရှေ့နေတွေရဲ့ အကဲဖြတ် ဝေဖန်မှုကို ကြောက်တာကြောင့် ကိုယ့်ရဲ့ Presentation Skill ကို အပြည့်အဝ မထုတ်ပြရဲတာ။

⚖️ Firm / Career တိုးချဲ့တဲ့အခါ:
ကိုယ့်ရဲ့ Law Firm ကို ဒီထက်မက အောင်မြင်အောင် လုပ်ချင်တယ်၊ Pricing အသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ စမ်းသပ်ချင်တယ်… ဒါပေမယ့် အပြောင်းအလဲကို မလုပ်ရဲဘဲ အရင်လုပ်နေကျ Standard အတိုင်းပဲ လုပ်နေမိတာ။

ဒီလို Inner Conflict တွေ ရှိနေရင်…
စိုးရိမ်စိတ် (Anxiety) နဲ့ Stress တွေ ပိုများလာမယ်။
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့်အလှည့်မှာ ဝေခွဲမရ ဖြစ်စေတယ်။
ကိုယ့်ရဲ့ တကယ့် Potential (စွမ်းရည်) ကို သံသယဝင်လာစေတယ်။

NLP (Neuro-Linguistic Programming)
NLP Tools တွေက သင့်စိတ်ထဲက Conflict တွေကို ရှာဖွေပြီး ဖယ်ရှားပေးပါတယ်။ အတွင်းစိတ်က ရည်မှန်းချက်နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်ကို တစ်ထပ်တည်းဖြစ်အောင် ပုံဖော်ပေးတာကြောင့် -

✅ ဆုံးဖြတ်ချက်တွေ ပိုမိုမြန်ဆန်၊ တိကျလာမယ်။
✅ အမှုသည်တွေအပေါ် ပိုမိုခိုင်မာတဲ့ ဝန်ဆောင်မှုနဲ့ ယုံကြည်မှု ပေးနိုင်မယ်။
✅ အခက်အခဲတွေကို ရင်ဆိုင်ရဲတဲ့ Professional Confidence အပြည့် ရရှိလာမယ်။

💡 "The courtroom inside your head is where you need to win first."
(ခေါင်းထဲက အတွင်းစိတ်တရားရုံးမှာ အရင်နိုင်ဖို့ လိုအပ်ပါတယ်။)

💬 အခုလက်ရှိ သင့်ရဲ့ Professional Mindset ထဲမှာ ဘယ်လို အတွင်းစိတ် ပဋိပက္ခမျိုးကို အများဆုံး ရင်ဆိုင်နေရလဲ? Comment မှာ ရေးပေးသွားပါအုံး...

03/07/2026

☁️ Human Cloud (3): Limiting Belief

“ငါက တရားခွင်မှာ မပြောတတ်ဘူး…”
“Senior Lawyers တွေလောက် ဘယ်တော့မှ မဖြစ်နိုင်ဘူး…”

ဒီစကားတွေက အမှန်တရား မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်တိုင် ကန့်သတ်ထားတဲ့ ယုံကြည်မှုတွေဖြစ်ပါတယ်။

တစ်ခါတလေ လူတစ်ယောက်ရဲ့ အကြီးမားဆုံး အတားအဆီးက အပြင်က ပြိုင်ဘက်မဟုတ်ဘဲ အတွင်းက အသံ ဖြစ်နေတတ်ပါတယ်။

❌ “ငါ မတော်ဘူး”
❌ “ငါ မလုပ်နိုင်ဘူး”
❌ “ငါ့အတွက် မဖြစ်နိုင်ဘူး”

ဒီလို Limiting Beliefs တွေက…
• အခွင့်အရေးတွေကို မစမ်းသပ်ခင်တည်းက ရပ်တန့်စေတယ်။
• Confidence ကို လျော့ကျစေတယ်။
• Professional Growth ကို နှေးကွေးစေတယ်။
• ကိုယ့်ရဲ့ အမှန်တကယ်ရှိတဲ့ စွမ်းရည်ကို မဖော်ထုတ်နိုင်စေဘူး။

NLP မှာမေးတဲ့ မေးခွန်းတစ်ခုကတော့ —

“ဒီယုံကြည်ချက်က အမှန်တကယ် သက်သေရှိလား၊ ဒါမှမဟုတ် ကိုယ့်စိတ်က ဖန်တီးထားတာလား?”

အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဟာ Fear ဆိုတဲ့ အကြောက်တရား မပျောက်သေးခင် စတင်လုပ်ဆောင်တတ်တဲ့သူ ဖြစ်ပါတယ်။

💡 Belief ပြောင်းရင် Performance လည်း ပြောင်းပါတယ်။

ဒီနေ့ “ငါ မလုပ်နိုင်ဘူး” လို့ တွေးမယ့်အစား —
“ငါ ဘယ်လို တိုးတက်နိုင်မလဲ?” လို့ မေးကြည့်ပါ။

💬 သင့်ကို အများဆုံး ကန့်သတ်ထားတဲ့ ယုံကြည်ချက်က ဘာလဲ?
Comment မှာ မျှဝေပေးခဲ့ပါ။

02/07/2026

☁️ Human Cloud (2): Negative Emotions

“Emotion ကို မထိန်းနိုင်ရင် Communication ကိုလည်း မထိန်းနိုင်ပါဘူး။”

ရှေ့နေတစ်ယောက်ရဲ့ အောင်မြင်မှုကို ဥပဒေဗဟုသုတတစ်ခုတည်းက မဆုံးဖြတ်ပါဘူး။

ကိုယ့်ရဲ့ Emotion ကို ဘယ်လို စီမံခန့်ခွဲနိုင်လဲဆိုတာကလည်း Professional Success ကို သက်ရောက်စေပါတယ်။

တရားခွင်ထဲမှာ…
Client နဲ့ တွေ့ဆုံတဲ့အချိန်…
Negotiation လုပ်နေတဲ့အချိန်…တွေမှာ

😠 ဒေါသ
😟 စိုးရိမ်မှု
😨 ကြောက်ရွံ့မှု
😣 စိတ်ဖိစီးမှု

ဒီခံစားချက်တွေက ကိုယ့်ကို ဦးဆောင်လာတဲ့အခါ…

❌ အာရုံစူးစိုက်မှု လျော့နည်းလာတယ်။
❌ ဆုံးဖြတ်ချက်တွေ မတိကျတော့ဘူး။
❌ Communication အားနည်းလာတယ်။
❌ Client ရဲ့ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။

NLP မှာပြောတာက…

Emotion ကို ဖျောက်ပစ်ဖို့ မဟုတ်ပါဘူး။
Emotion ကို ကိုယ်က ဦးဆောင်နိုင်ပြီး သင်ယူဖို့ပါ။

အောင်မြင်တဲ့ Lawyer တစ်ယောက်ဟာ…
စိတ်ခံစားချက်အလိုက် မလုပ်ဆောင်ဘဲ၊
တန်ဖိုးထားတဲ့ ရည်ရွယ်ချက်အတိုင်း တည်ငြိမ်စွာ ဆုံးဖြတ်တတ်တဲ့သူ ဖြစ်ပါတယ်။

💡 သင့်ရဲ့ Emotion ကို စီမံနိုင်တဲ့နေ့ကစပြီး Professional Performance ကလည်း ပြောင်းလဲလာပါလိမ့်မယ်။

💬 သင်အတွက် အခက်ခဲဆုံး Emotion က ဘာလဲ?
Stress? Fear? Anger?
Comment မှာ မျှဝေပေးခဲ့ပါအုံး။

01/07/2026

☁️ Human Cloud (1): Negative Thinking

“ဒီအမှု မနိုင်နိုင်ဘူး…”

အမှုကို မစတင်ခင်တည်းက ဒီအတွေး ဝင်လာဖူးပါသလား?

တကယ်တော့…
ရှုံးနိမ့်စေတာက အမှုမဟုတ်ပါဘူး။
ကိုယ့်ရဲ့ အပျက်သဘောအတွေး ဖြစ်နိုင်ပါတယ်။

Negative Thinking က…
❌ Confidence ကို လျော့ကျစေတယ်။
❌ အခွင့်အရေးတွေကို မမြင်နိုင်အောင် လုပ်တယ်။
❌ ဆုံးဖြတ်ချက်တွေကို သံသယများစေတယ်။
❌ Courtroom Performance ကို ထိခိုက်စေတယ်။

NLP မှာတော့…

“အတွေးကို ပြောင်းနိုင်ရင် ရလဒ်ကိုလည်း ပြောင်းနိုင်တယ်” လို့ ယုံကြည်ပါတယ်။

“ဒီအမှု မနိုင်နိုင်ဘူး…” လို့ တွေးမယ့်အစား…

✅ “ဒီအမှုကို အကောင်းဆုံး ဘယ်လိုပြင်ဆင်နိုင်မလဲ?”
✅ “အနိုင်ရဖို့ ဘာတွေ ထပ်လုပ်နိုင်သေးလဲ?”
✅ “ဒီအမှုကနေ ဘာတွေ သင်ယူနိုင်မလဲ?”

ဆိုတဲ့ Solution-Focused Questions တွေကို ကိုယ့်ကိုယ်ကို မေးကြည့်ပါ။

💡 Mindset ပြောင်းတာက ရလဒ်ပြောင်းလဲမှုရဲ့ အစဖြစ်ပါတယ်။

အောင်မြင်တဲ့ Lawyer တစ်ယောက်ဟာ ပြဿနာကိုပဲ မကြည့်ဘဲ အဖြေကို ရှာဖွေတတ်တဲ့သူ ဖြစ်ပါတယ်။

💬 သင်ရော… အမှုတစ်ခုမစခင် “မနိုင်နိုင်ဘူး” ဆိုတဲ့အတွေး ဝင်ဖူးလား?
Comment မှာ မျှဝေပေးပါ။

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Myitkyina