ဝေးမလားနီးမာလားမသိတေးတဲ့ခရီးကိုသွားနေရတာကပင်ပန်းပယ်မဲ့ရီမန်းချက်ကတော့တနေ့နေ့တော့ပန်းတိုင်ရောက်ကိုရောက်မယ်ဆိုတဲ့အတွေးနဲ့ကြိုးစားနေကြတဲ့Gym ကအချောအလှလေးတွေရဲ့cardio time😍😍😍😍😍
Mr. Olympic Fitness Gym
Mr.Olympic Fitness Center မှအားလုံးကို ကြိုဆိုပါသည်?
05/06/2022
ကျန်းမာလှပတဲ့ Body တစ်ခုပိုင်ဆိုင်နိုင်ဖို့ သိထားသင့်တဲ့အချက်များ
၁) သန့်ရှင်းလက်ဆက်တဲ့ကယ်လိုရီကိုစားပါ
၂) စားသောက်မှုပုံစံထဲ အသား၊ ငါး၊ ဥ၊ နို့၊ အသီးအရွက် ပြည့်စုံစွာပါဝင်ပါစေ
၃) အစားအသောက်အုပ်စုတွေကို တွဲစားတတ်အောင်၊ ခွဲစားတတ်အောင်အကျင့်လုပ်ပါ
၎) Weight Gain သမားမ်ား တထိုင်တည်းအဝစားခြင်းအပြင် ကြားချိန်တွေမှာလည်း ဗိုက်ဟာခြင်းမရှိအောင်စားပေးပါ
၅) Weight Loss သမားမ်ား ဗိုက်အရမ်းစာနေချိန်ခဏလွန်ပြီးမှ စားပါ
၆) Gym ရုံပြင်ပ ရေများများသောက်ခြင်းနဲ့ Gym ကစားနေစဉ်အတွင်း ရေသောက်ပါ
၇) တစ်ရက်ကို ၈နာရီပြည့်အောင် အိပ်စက်ပါ
၈) မိမိနဲ့သင့်တော်တဲ့ မာဆယ်အုပ်စုတွေ ခွဲကစားတတ်ပါစေ၊ တွဲကစားတတ်ပါစေ
၉) မိမိကစားမဲ့ မာဆယ္ကို Tempo အမြင့်ဆုံးနဲ့ ထိထိမိမိကစားပါ
၁၀) Gym ရုံအတွင်းရှိ စက်အစုံကစားချင်စိတ်ကိုထိန်းပြီး မိမိမာဆယ်အတွက် လိုအပ်သလောက်ပဲ ရွေးချယ်ကစားတတ်ပါစေ
၁၁) မည်သည့်မာဆယ်အတွက်မဆို သင်စွမ်းနိုင်ဆုံးဝန်အထိ စနစ္တက်တိုးကစားပါ
၁၂) ဒီလထက်နောက်လမှာ ကစားနိုင်စွမ်းနဲ့ အလေးနိုင်မှုအစဉ်တိုးတတ်နေပါစေ
၁၃) ဒီလထက်နောက်လမှာ မိမိရောက်ချင်တဲ့ Body Goal နဲ့အစဉ်နီးကပ်လာပါစေ
၁၄) Weight Gain သမားမ်ား စားနိုင်သလောက်ပဲကစားပါ
၁၅) Weight Loss သမားမ်ား စားထားတာထက္ပိုကစားပါ
၁၆) မိမိရဲ့စားသောက်မှုအတွက် စားဖိုမှုးတစ်ယောက်လို ပြင်ဆင်ပါ
၁၇) မိမိရဲ့ Body Goal ရောက်ဖို့အတွက် Pro Trainer တစ်ယောက်လို စဉ်ဆက်မပျက်လေ့လာပါ
၁၈) Gym ရုံထဲရှိ စက်ပစ္စည်းများ၊ အလေးတုံးအလေးပြားများကို လှေသမားတစ်ယောက်က လှော်တက်ကိုတန်ဖိုးထားသလို ချစ်ပါ
၁၉) Trainer ဆရာရဲ့လမ်းညွှန်ပြသမှုကိုလိုက်နာပြီး ကလေးတစ်ယောက်လို အမြဲစူးစမ်းမှုရှိပါ
၂၀) သင့်ရဲ့ Muscle Perfect ဖြစ်မှုက သင်ကစားလိုက်တဲ့အတိုင်းပြန်ရမှာဖြစ်သလို သင့်ရဲ့ Muscle Quality (ဝိတ်အတက်၊ အက်) က သင်စားလိုက်တဲ့အတိုင်းပြန်ရမှာ ဖြစ်ပါတယ်
06/05/2022
ssWhat about "Diet"?
Diet ဆိုတဲ့ အသံကြား ကျရင် လူတွေ က အရမ်းလန့်ကျပါတယ်။
အစာဖြတ်ရမှာ လား ?တစ်နေ့ကုန် မ၀တ၀ စားရမွာ လား?
ဟုတ်ပါတယ် အဲလို တစ်နေကုန် မ၀တ၀ စားခိုင်းတာတို့၊တစ်နေ့ကုန် juices တွေဘဲသောက်ခိုင်းတဲ့ diet မျိုးစုံရှိနေပါတယ်။
အဲလို diet မျိုးတွေက အဟာရမပြည့်ဝဘဲ ရေရှည်မှာ ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။
တကယ် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ diet တခု က မိမိတို့နေစဉ် စားသောက်နေတဲ့ ပုံစံ ထဲမွာ ဘဲရှိနေပါတယ်။
ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ ပုံစံ ထဲက မလိုအပ်တာတွေ ဖယ္ထုတ္ပီး လိုအပ်တာလေး ထပ်ဖြည့်လိုက်ရင် အလွန်ကောင်းမွန်ပီး ရေရှည်လုပ်နိုင်မယ် diet plan တခု ဖြစ်လာမှာပါ။
ကျန်းမာရေးအတွက်ဘဲဖြစ်ဖြစ်၊
Weight Gain၊Weight loss အတွက်ဖြစ်ဖြစ် သင့်တော်တဲ့ diet plan တွေ Chat box မှာအသေးစိတ်စုံစမ်းနိုင်ပါတယ်။
Fitness by Yawset
13/04/2022
ပျော်ပျော်ပါးပါးMr. Olympic gymကအချောအလှများ😁😁😁😁
12/04/2022
အဆီချခြင်း အနုပညာ ၆
# # # # # # # # # # # # # # # # #
နောက်တစ်မျိုး ကျတော်တို့ ကြားဖူးကြတာ
ကတော့ အဆီလုံးဝ ထပ်မကျတော့ဘူး ဆို
တဲ့စကားပါပဲ..
ဒီစကား ပြောသူ တွေမှာ အဓိက အားဖြင့်
၂ မျိုး တွေ့ရတတ်ပါတယ်.
ပထမတစ်မျိုးကတော့ ပြီးခဲ့တဲ့ အပိုင်း ၅ မှာ
ပါတဲ့ အတိုင်း အဆီတွေ ပေါင်ချိန်ပေါင်း
များစွာကျပြီးနောက် ဇီဝ ဖြစ်ပျက်နှုန်း
နှေးသင့်တာထက် အများကြီးပိုနှေးသွားတဲ့
အတွက် မိမိတို့မှာ အဆီပိုတွေ အများ
ကြီး ကျန်နေသေးသော်လည်းပဲ နောက်ထပ်
အဆီ ထပ် မကျသောသူများ
ဖြစ်ပြီး
ဒုတိယအဖွဲ့ကတော့ အဆီ ကို ဖြည်းဖြည်း
ချင်း ချသွားပါလျက် နဲ့ မိမိ ခန္ဓာကိုယ်
အဆီ ရာခိုင်နှုန်း အတော်လေး ok လာခါနီး
မှာ အဆီ ထပ်မကျသူတွေဖြစ်ကြပါတယ်..
ဒုတိယအဖွဲ့ မှန်မှန် ဖြည်းဖြည်း အဆီချသူတွေဟာ
လည်း ပဲ ကိုယ်အလေးချိန်နည်းလာလို့
ဇီဝဖြစ်ပျက်မှု ဟာ အလိုက်သင့် နှေးလာ
တာမှန်ပေမယ့် တစ်ချိန်မှာ တော့ အဆီကျ
တာရပ်သွားတတ်ပါတယ်..
ဒီ ၂ မျိုးလုံးမှာ တူညီတဲ့ သဘောတရားရှိပါ
တယ်..
အဲ့လိုတွေဖြစ်အောင် ခန္ဓာကိုယ်ကြီးက
ဘယ်လို adapt လုပ်သလဲကြည့်ရအောင်--
ယခု လက်ရှိမှာ မိမိအသက်ရှင် နေထိုင်ခြင်း
သွားလာလှုပ်ရှားခြင်း လေ့ကျင့်ခန်းလုပ်
ခြင်း အစာစားခြင်း အစာချေခြင်း အာဟာရ
စုပ်ယူခြင်း
ကိုယ်ခန္ဓာ နှင့် ကလီစာ ဥဏှောက် စတာတွေ
ကိုပြုပြင် ခြင်း ဖျက်စီးခြင်း တည်ဆောက်
ခြင်း ဟော်မုန်းများထုတ်လုပ်ခြင်း
ရွှေ့ပြောင်း ခြင်း စတဲ့ အရာအားလုံးအတွက်
ကီလိုကယ်လိုရီ ၁၅၀၀ လောင်ကျွမ်းနေ
တဲ့အနေအထားကိုရောက်နေတယ်ဆိုပါစို့..
မိမိက အဆီ ထပ်ကျချင်တဲ့အတွက် ကီလို
ကယ်လိုရီ တစ်နေ့ ၃၀၀ လောက် ပိုပြီး
လောင်ကျွမ်းနိုင်တဲ့ အထိ လေ့ကျင့်ခန်း
ပမာဏ ကို တိုးလုပ်တယ်လို့မှတ်ယူကြ
ရအောင်...
သို့သော် ခန္ဓာကိုယ်ကြီးက ယခင် အရာအား
လုံးအတွက် ရော ယခု လက်ရှိ တိုးလုပ်တာ
အတွက်ရော အားလုံးအတွက် ကီလိုကယ်လို
ရီ ၁၅၀၀ တည်းနဲ့ပဲ လောက်အောင်သုံး
လိုက်ပါတယ်..
မြင်သာအောင်ပြောရလျှင်တော့---
၁.
ယခင်ဆိုင်ကယ်နဲ့သွားတဲ့ခရီးစဉ်
ခရီးအကွာအဝေး - ၁၀မိုင်
ကုန်သွားသည့် ဆီ -- ၁ လီတာ
ယခုဆိုင်ကယ်နဲ့သွားတဲ့ခရီးစဉ်
ခရီးအကွာအဝေး - ၁၀ မိုင် ၁ ဖာလုံ
ကုန်သွားသည့်ဆီ -- ၁ လီတာ
ဒါကြောင့် လေ့ကျင့်ခန်း ပိုလုပ်ပေမယ့် တစ်နေ့တာလောင်တဲ့စွမ်းအင် ပမာဏ
တူအောင် လိုက်ညှိ ခြင်းဖြင့် Adapt လုပ်ပါတယ်...
၂.
လေ့ကျင့်ခန်းတိုးမလုပ်ပဲ အစားလျှော့စား
လျှင်လည်း အလားတူ Adapt လုပ်ပါတယ်..
ဥပမာ--
ယခင်
ထည့်ထားသည့်ဆီပမာဏ -- ၁ လီတာ
ရောက်သည့် ခရီးအကွာအဝေး -- ၁၀ မိုင်
ယခု
ထည့်ထားသည့်ဆီ -- ၀.၈ လီတာ
ရောက်သည့်ခရီး အကွာအဝေး -- ၁၀ မိုင်
ဒါကြောင့် ကယ်လိုရီ လျှော့စားပေမယ့်လည်း စားသလောက် ကယ်လိုရီနဲ့နေ့စဉ်
ရှင်သန်လှုပ်ရှားမှုတွေအတွက်လုံလောက်
အောင်လုပ်ခြင်းဖြင့် Adapt လုပ်ပါတယ်..
အဆီချရာမှာ အဓိက ထိန်းညှိ ရမှာက
ကယ်လိုရီ အဝင် နှင့် ကယ်လိုရီ အထွက်ပါ..
အဝင်ကတော့ စားတာကိုပြောတာပေါ့
အထွက်ကတော့ ကိုယ်လက်လှုပ်ရှားမှုပါ..
မှန်မှန် အဆီချလိုသူတွေဟာ
မိမိတို့ လိုအပ်တဲ့ စုစုပေါင်း ကီလိုကယ်လိုရီ
ပမာဏ အောက် ကို ၃၀၀ ကီလို ကယ်လိုရီ
ဝန်းကျင် လျှော့ထားတဲ့ အစားအသောက်
အစီအစဉ် , သင့်တင့်တဲ့ လေ့ကျင့်ခန်းဇယား
တစ်ခုတို့နှင့်စရပါမယ်..
ဒီလို နည်းနည်း လျှော့စားခြင်း လေ့ကျင့်ခန်း
အသင့်အတင့်သာ လုပ်ခြင်း တို့နှင့် အစပြု
မှသာ ရေရှည် လေ့ကျင့်ခန်း တိုး တိုးပြီး
ကစားခြင်း အစား နည်းနည်း စီ လျှော့
လျှော့ပြီးစားခြင်းတို့ကို လုပ်သွားနိုင်မှာပါ..
လေ့ကျင့်ခန်းကို တစ်ပတ် ထက် တစ်ပတ်
နည်းနည်းချင်းတိုးပေးရပါတယ်. ဥပမာ
အလေး နည်းနည်းလေးစီတိုးတာမျိုးပေါ့.
တစ်လ လောက် ကြာလို့ အဆီထိုက်သင့်သ
လောက်ကျသွားပြီးလျှင် ဒီပုံအတိုင်းဆက်
လက်စားသောက် လေ့ကျင့်ပါ.
နောက်လ မှာအဆီမကျတော့ဘူးဆိုလျှင်
ကိုယ်လက်လှုပ်ရှားမှုကို ထပ်တိုးပါ..
ဘယ်လိုတိုးရမလဲဆိုတော့ ဥပမာ လက်ရှိက
တစ်ပတ် ၃ ရက် Strength training သွေးပူလေ့
ကျင့်ချိန် အပါအဝင် ၄၅ မိနစ် လုပ်တယ်ဆိုလျှင်
ကျန် ၄ ရက်ထဲမှ ၂ ရက်ကို HIIT တစ်ရက် ၅ မိနစ်
ထည့်နိုင်ပါတယ်...
သို့မဟုတ် တစ်ရက် ၄၅ မိနစ် ၂ ရက်
လမ်းလျှောက် ခြင်းကို ထည့်နိုင်ပါတယ်..
သို့မဟုတ် strength training session
အတို တစ်ရက်ထပ်ထည့် နိုင်ပါတယ်..
အဲ့အတိုင်းတိုးပါ...
နောက်ပိုင်းမှာ အဲ့လိုတိုးလို့ မကျတော့လျှင်
နောက်ထပ် နည်းနည်းထပ်တိုးရပါမယ်..
၂ လ ဆက်တိုက် တိုးကြည့်လို့မှ ၂
လလုံး အဆီ မကျတော့ဘူးဆိုလျှင်လေ့
ကျင့် ခန်းကို ဆက်မတိုးပဲ အစားကို ၃၀၀
ကီလိုကယ်လိုရီဝန်းကျင် လျှော့စားကြည့်ရ
ပါတယ်...
အဓိက မှတ်သားရမှာက အဆီ ကျတာရပ်
သွားလျှင် အစာကို အလျှင်မလျှော့ပဲ လေ့ကျင့်ခန်း
ကို ဦးစွာ တိုးကြည့်ရမှာပါ...
ပထမတစ်လ တိုးကြည့်လို့ မထူးလျှင်
နောက် တစ်လ ထပ်တိုးပါ... ဒါလည်းမထူး
မှ အစားလျှော့ရပါမယ်...
လိုရင်းကတော့ အစားကို မဖြစ်မနေမှ လျှော့
သင့်ပါတယ်..
နောက်တစ်ခုကတော့ လေ့ကျင့်ခန်းတိုးလုပ်
ခြင်း နှင့် လေ့ကျင့်ခန်း မတိုးပဲ အစားလျှော့
စားတာ ၂ ခု ယှဉ်လျှင် Body composition
ခြင်းမတူပါဘူး..
လေ့ကျင့်ခန်းတိုး ပြီး အစား မလျှော့သူရဲ့
body composition က သာပါတယ်.
ဒါကတော့ တစ်ချိန်တုန်းက ကျတော် ရေး
တင်မယ် ဆိုပြီးမတင်ဖြစ်ခဲ့တဲ့ G flux
ကြောင့် ပါပဲ..
ဒီလို မှန်မှန်လေးအဆီချရင်း နှင့် မိမိတို့စား
တဲ့ ကယ်လိုရီ သိသိသာသာနည်းလာတဲ့အခါ
တစ်ပတ် ဖြစ်စေ ၁၀ ရက်ဖြစ်စေ မိမိလိုအပ်
တဲ့ ကယ်လိုရီ အပြည့်အဝ ပြန်စားပေးသင့်
ပါတယ်..
ဒါမှသာ Leptin, cortisol စတဲ့ အဆီချခြင်း
ကို အနှောက်အယှက် များစွာပေးနိုင်တဲ့
ဟော်မုန်းတွေကို ကမောက်ကမ မဖြစ်
အောင် တစ်ဖက်တစ်လမ်းမှ ထိန်းပေးသလို
ဇီဝ ဖြစ်ပျက်မှု အလွန်အကျွံ နှေးသွားခြင်း
ကိုလည်း ရှောင်ရလွယ်မှာဖြစ်ပါတယ်..
22/03/2022
Exercises တွေကို အပတ်တိုင်းပြောင်းစရာလိုလား?
အဖြေကတော့ မလိုပါဘူးဘူး။
အပတ်တိုင်းပြောင်းနေရင် တိုးတက်မှုရှိမရှိနဲ့ မိမိရဲ့ခန္ဓာကိုယ်က ဘယ် exerciseကြောင့် ဘယ်လောက်တိုးတက်တယ်ဆိုတာကို တိုင်းတာရတာ အလွန်ခက်ခဲလာမယ်။
တကယ်ပိုပြီး အာရုံစိုက်သင့်တာက ကစားအား (exercise intensity)ပါ။ တပတ်နဲ့ တပတ်ကို ပိုမိုပြင်းထန်အောင်ကစားခြင်းကသာ အကျိုးပိုထူးစေမှာပါ။ ဉပမာ- အလေးတိုးကစားခြင်း၊ အကျော့ရေပိုကစားခြင်း၊ အကျော့တစ်ခုနဲ့တစ်ခုကြား နားချိန်လျှော့ခြင်း စသဖြင့်ပေါ့။
ဒါက ကျနော့် စကားမဟုတ်ပါဘူး။ 6ကြိမ် ဆက်တိုက်ရထားတဲ့ Mr. Olympia Dorian Yates ( 1992 to 1997) ပြောခဲ့တာပါ။ Olympic level Bodybuilders တွေတောင် အပတ်တိုင်း ကစားနည်းမပြောင်းကြပါဘူး။
Exercisesတွေကို ဘယ်အခါပြောင်းသင့်လဲ?
1) Plateau ထိရင် ပြောင်းရမယ်။ ဘာကိုဆိုလိုတာလဲပေါ့....Plateau ဆိုတာကတော့ မိမိက သေသေချာချာပိုပိုပြင်းပြင်းထန်ထန်ကစားတယ်၊ Caloriesလည်း မျှမျှတတလုံလုံလောက်လောက်စားတယ်၊ အိပ်ချိန်မှန်မှန်အိပ် သော်လည်း တိုးတက်မှုက ရပ်တန့်သွားတာက ဆိုလိုတာပါ။ အဲ့လို Plateau ထိသွားရင်တော့ မိမိရဲ့ exercisesတွေ နည်းနည်းပုံစံပြောင်း ကစားသင့်တယ်။
နောက်တစ်ခုတော့ ပြောပါရစေ...သာမာန် အပျော်တန်းကစားတဲ့သူတစ်ယောက်အတွက် Plateau ထိတာ အလွန်ရှားပါတယ်။ ဝါသနာအရမ်းပါလို့ အားကစားနေ့တိုင်းလိုလိုပြင်းပြင်းထန်ထန်လုပ်တဲ့ သူတွေနှင့် ပြိုင်ပွဲဝင်ကစားသမားတွေမှာသာ တွေ့ရတာများပါတယ် (များသောအားဖြင့် 6weeks မှ 8 weeks ထိ ပေါ့)။
2) ပုံစံတစ်မျိုးထဲ ဒါပြီးရင် ဒါကစားလို့ပြောရင် ရိုးပြီးပျင်းသွားတတ်တဲ့ သူတွေအတွက်တော့ သူတို့ပျငိးရိခြင်းမဖြစ်ရအောင် ကစားနည်းလေးတွေပြောင်းပြောင်းပြီး trainerတွက ခိုင်းသင့်ပါတယ်။ လူတစ်ယောက်က ပျင်းရိတဲ့ exercisesတွေကို ကြာကြာမလုပ်နိုင်ကြပါဘူး။ ကြာလာရင် gymကိုပါ လာမှာမဟုတ်တော့ပါဘူး။ clientတွေကို မပျင်းရိဘဲ အားကစားလုပ်ရတာ ပျော်ရွှင်အောင် စိတ်ပါလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ ကစားနညတွေကို အပတ်တိုင်း ပြောင်းလေ့ရှိတာပါ။
ဒါကို တချို့က အပတ်တိုင်း ပြောင်းကို ပြောင်းရမယ်ထင်ပြီး ဘာပြီးဘာကစားရမယ်ဆိုတာကို စိတ်ရှုပ်သွားတတ်ကျလို့ ပြောပြရခြင်းဖြစ်ပါတယ်။ မိမိမှာ exerciseတစ်ခုပေါ် ရိုးပြီးပျင်းရိသွားခြင်းမရှိရင် Plateau မထိမခြင်း ကစားလို့ရပါတယ်။ ခေါင်းရှုပ်ခံစရာမလိုပါဘူး။
3) Injury ( မြန်မာလိုဆို အကျောမြတ်၊ အကျောညပ်တယ်ပေါ့ဗျာ)ထိထားလို့ exerciseတစ်မျိုးကို ကစားလို့မရလို့ သူ့အစားနောက်တစ်မျိုးအစားထိုးကစားလို့ရမယ့် ကစားနည်းကို ပြောင်းသင့်ပါတယ်။ ဥပမာ- ခါးနာနေလို့ squat မလုပ်နိုင်ဘူးဆိုရင် အောက်ပိုင်းလေ့ကျင့်ခန်းကို လုံးဝရပ်စရာမလိုပါဘူး။ သင့်တင့်မျှတတဲ့အလေးနဲ့ Leg Press ကို ခြေထောက်အနေအထား အမျိုးမျိုးပြောင်းလဲကစားပေးခြင်းဖြင့် လေ့ကျင့်ခန်းလုပ်တာ injuryရှိလို့ ရပ်တန်စရာမလိုပါဘူး။
Crd #
Cardio time
24/01/2022
23.1.2022 first trip
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
MHK 13/15 . မန်ခိန်၊ မေခ ဝန်ထမ်းအိမ်ရာဘေး
Myitkyina
Opening Hours
| Monday | 06:00 - 20:30 |
| Tuesday | 06:00 - 20:30 |
| Wednesday | 06:00 - 20:30 |
| Thursday | 06:00 - 20:30 |
| Friday | 06:00 - 20:30 |
| Saturday | 06:00 - 20:30 |