Mobile Tech - Mobile Phone Professional Service & Training Centre

Mobile Tech - Mobile Phone Professional Service & Training Centre Launch Your Professional Career Here !

🎓✨ အောင်မြင်စွာ ပြီးမြောက်ခဲ့သော သင်ယူမှုခရီး၏ မှတ်တိုင်တစ်ခု ✨🎓📱 Mobile Phone Professional Training Centre မှ ဖွင့်လှစ်...
14/09/2026

🎓✨ အောင်မြင်စွာ ပြီးမြောက်ခဲ့သော သင်ယူမှုခရီး၏ မှတ်တိုင်တစ်ခု ✨🎓

📱 Mobile Phone Professional Training Centre မှ ဖွင့်လှစ်သင်ကြားပေးခဲ့သော 2 Months Mobile Phone Professional Training – Batch (49) ၏ သင်တန်းဆင်းပွဲနှင့် Certificate ချီးမြှင့်ပွဲ အခမ်းအနား ကို (13.9.2026)တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

🌟 ၂ လတာကာလအတွင်း Mobile Phone Repair နည်းပညာများကို စိတ်အားထက်သန်စွာ လေ့လာသင်ယူခဲ့ကြပြီး၊ သင်ခန်းစာများနှင့် လက်တွေ့လေ့ကျင့်မှုများကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြသော Batch (49) မှ သင်တန်းသူ/သားများအား Certificate များ အသီးသီး ဂုဏ်ပြုချီးမြှင့်ပေးအပ်ပြီးဖြစ်ပါတယ်ယ

🏆 Certificate တစ်စောင်ချင်းစီဟာ သင်ယူခဲ့တဲ့ ၂ လတာကာလ၊ ကြိုးစားအားထုတ်မှု၊ စိတ်ရှည်မှုနဲ့ မလျှော့သောဇွဲတို့ကို သက်သေပြုနေတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။

🟠 ယနေ့ သင်တန်းဆင်းပွဲဟာ သင်ယူမှုရဲ့ အဆုံးသတ်တစ်ခုသာမက Mobile Phone Repair Professional တစ်ယောက်အဖြစ် အနာဂတ်ကို စတင်လျှောက်လှမ်းမယ့် အစပြုခြင်းတစ်ခုလည်း ဖြစ်ပါတယ်။

🟠 Batch (49) မှ သင်တန်းသူ/သားများအားလုံးကို ဂုဏ်ယူစွာဖြင့် ချီးကျူးဂုဏ်ပြုအပ်ပါသည်။

✨ ဒီနေ့ရရှိခဲ့တဲ့ Certificate က မနက်ဖြန်ရဲ့ အောင်မြင်မှုတွေအတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါစေ။
✨ သင်ယူမှုမှ ကျွမ်းကျင်မှုသို့၊ ကျွမ်းကျင်မှုမှ အောင်မြင်မှုသို့…

🎓 Congratulations to Batch (49)! 🎓
Your Journey. Your Skill. Your Success.

Mobile Tech
Mobile Phone Professional Training Centre

‎📱 Phone Repair Training သင်တန်းသားများနှင့် မိတ်ဆက်ခြင်း‎‎ဒီနေ့မှာတော့ Phone Repair ပညာရပ်ကို စတင်လေ့လာမယ့် သင်တန်းသားမ...
09/09/2026

‎📱 Phone Repair Training သင်တန်းသားများနှင့် မိတ်ဆက်ခြင်း
‎
‎ဒီနေ့မှာတော့ Phone Repair ပညာရပ်ကို စတင်လေ့လာမယ့် သင်တန်းသားများ ရင်းနှီးစေအောင် မိတ်ဆက်ခြင်း၊ သင်တန်းရဲ့ ရည်ရွယ်ချက်၊ သင်ကြားမယ့် Course Outline တွေကို အကြမ်းဖျင်း မျှဝေပေးလိုက်ပါတယ်။
‎
‎Phone Repair ဆိုတာ မျက်စိနဲ့ပဲမြင်ရုံနဲ့ မပြီးဘဲ ပညာရပ်၊ လက်တွေ့လေ့ကျင့်မှုနဲ့ သေချာလေ့လာသင်ယူရတဲ့ ဘာသာရပ်တစ်ခုပါ။
‎
‎📌 Fault ကို မှန်မှန်ကန်ကန် ရှာဖွေတတ်မှု
‎📌 ပြဿနာဖြစ်စေတဲ့ အကြောင်းရင်းကို နားလည်မှု
‎📌 သင့်တော်တဲ့ Repair Method ကို ရွေးချယ်တတ်မှု
‎📌 Tools တွေကို မှန်ကန်စွာ အသုံးပြုတတ်မှု
‎📌 လက်တွေ့ Repair လုပ်ငန်းခွင်မှာ အသုံးချနိုင်မှု
‎
‎စတဲ့ Knowledge & Practical Skills တွေကို အခြေခံကနေ စတင်ပြီး လေ့လာသင်ယူနိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
‎
‎🔵 သင်တန်းသားများ Theory ကိုသာ နားထောင်ပြီး ပြီးသွားတာမျိုးမဟုတ်ဘဲ နားလည်ခြင်း → လက်တွေ့လေ့ကျင့်ခြင်း → ပြဿနာဖြေရှင်းခြင်း ဆိုတဲ့ လမ်းကြောင်းအတိုင်း Phone Repair ပညာရပ်ကို ပိုင်နိုင်လာအောင် လေ့လာသင်ယူနိုင်စေမှာပါ။
‎
‎🔵 Beginner ဖြစ်လည်း စိတ်မပူပါနဲ့။
‎အခြေခံမရှိသေးတဲ့သူတွေကနေ စပြီး နားလည်လွယ်အောင် အဆင့်ဆင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
‎
‎ရရှိသွားမယ့် သင်ခန်းစာများ
‎
‎📚 Knowledge အသိပညာ
‎🔧 Practical Experience လက်တွေ့အတွေ့အကြုံ
‎💡 Troubleshooting Skill တွေကို တစ်ဆင့်ပြီးတစ်ဆင့် အခြေခံကနေ အဆင့်မြင့်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
‎
‎
‎

02/09/2026

🔥လူငယ်တွေအတွက် အသင့်တော်ဆုံးအသက်မွေးဝမ်းကျောင်းပညာရပ် 🔥.............................................................................................

လူငယ်တစ်ယောက်အတွက် အသင့်တော်ဆုံး
ရွေးချယ်စရာအသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်တဲ့
မိုဘိုင်းဖုန်းပြုပြင်ခြင်းပညာရပ်ကို
ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့အထိ
လေ့လာသင်ကြားလိုတယ်ဆိုရင်တော့
လက်တွေ့အတတ်သင် သင်တန်းကျောင်းဖြစ်ပြီးတော့
ကချင်ပြည်နယ်ရဲ့
ပထမအကောင်းဆုံးသင်တန်းကျောင်းတစ်ကျောင်းအနေနဲ့
အခိုင်အမာရပ်တည်နေတဲ့
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ က
သင့်အတွက်ရွေးချယ်စရာ နံပါတ် ၁ ပါပဲ 🔥

❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ ကို
ဝါရင့် ꜱᴇʀᴠɪᴄᴇ ᴛᴇᴄʜɴɪᴄɪᴀɴ များကိုယ်တိုင်ဦးစီး၍
𝟐𝟎𝟏𝟓 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး
လက်ရှိအချိန်ထိ လက်ငန်းခွင်အတွင်းဝင်ရောက်နေသည့်
ꜱᴇʀᴠɪᴄᴇ ᴛᴇᴄʜɴɪᴄɪᴀɴ ဦးရေ 𝟐𝟎𝟎𝟎 ဝန်းကျင်ခန့်ကို
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်

❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း 𝗕𝗮𝘁𝗰𝗵 𝟱𝟬 ကို လာမယ့်
𝟐𝟎𝟐𝟔 ခုနှစ် 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 လ 𝟳 ရက်နေ့ (𝙈𝙤𝙣𝙙𝙖𝙮) မှာ
ထပ်မံဖွင့်လှစ်ပေးတော့မှာဖြစ်တဲ့အတွက်
မိုဘိုင်းဖုန်းပြုပြင်ခြင်းပညာရပ်ဖြင့်
အသက်မွေးဝမ်းကျောင်းပြုလိုသူ လူငယ်များအနေနဲ့
သင်တန်းကျောင်းဖုန်းနံပါတ်ဖြစ်တဲ့
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳 နဲ့ 𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲 တို့ကိုဆက်သွယ်၍
အသေးစိတ်စုံစမ်းမေးမြန်းကာ စတင်အပ်နှံထားနိုင်ပြီဖြစ်ပါတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🔥 သင်တန်းတက်ရောက်ပြီး ဘယ်လိုအခွင့်အရေးတွေရနိုင်လဲ ?.............................................................................................

☑️ အတတ်သင်စနစ်နဲ့သင်ကြားပေးနေတဲ့ သင်တန်းကျောင်းဖြစ်တဲ့အတွက်
မိမိတက်ရောက်ထားသော Course အတွက် ကျောင်းသားများဘက်မှ လိုအပ်ချက်များရှိနေပါက တစ်နှစ်အတွင်း
ထပ်မံဖွင့်လှစ်မည့် အတန်းသစ်များတွင်အခမဲ့ ပြန်လည်တက်ရောက်နိုင်ခြင်း
☑️ နည်းပညာသစ်များအား စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးနေသော မိုဘိုင်းလောက၏ အတွေ့အကြုံရင့် ဆရာများကိုယ်တိုင် ကြပ်မတ်၍ သင်ကြားပေးမည်ဖြစ်သောကြောင့် မိုဘိုင်းဖုန်းနှင့်သက်ဆိုင်သည့်
နည်းပညာသစ်များကို စဉ်ဆက်မပြတ်လေ့လာခွင့်ရနိုင်ခြင်း
☑️ လုပ်ငန်းခွင်နှင့်တွဲထားသည့် သင်တန်းဖြစ်သည့်အတွက်
လုပ်ငန်းခွင်အတွင်းတွေ့ကြုံရမည့် အခက်အခဲများကိုပါ
ရင်ဆိုင်ဖြေရှင်းနိုင်ရန် သင်ကြားပေးသွားမည်ဖြစ်သည့်အတွက်
သင်တန်းကာလအတွင်း လုပ်ငန်းခွင်အတွေ့အကြုံကိုပါ လေ့လာနိုင်ခြင်း
☑️ သင်တန်းပြီးဆုံးသွားလျှင်လည်း လိုအပ်သည့် Data များနှင့်
မိုဘိုင်းနှင့်ပတ်သက်သည့် နည်းပညာပိုင်းများကို
𝒁𝒐𝒐𝒎 𝑪𝒍𝒂𝒔𝒔 မွန်းမံသင်တန်းကနေ အခမဲ့လေ့လာနိုင်ခွင့်ရရှိခြင်း
☑️ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ᴍᴏʙɪʟᴇ ᴛᴇᴄʜ ꜱᴇʀᴠɪᴄᴇ ᴛᴇᴀᴍ တွင် 𝙎𝙚𝙧𝙫𝙞𝙘𝙚 𝙏𝙚𝙘𝙝𝙣𝙞𝙘𝙞𝙖𝙣 အဖြစ် ပြန်လည်အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အရေးရရှိခြင်း
☑️ သင်တန်းကြေးတစ်ကြိမ်ပေးသွင်းထားရုံဖြင့် တစ်နှစ်အတွင်းအချိန်မရွေး သင်တန်းကြေးအခမဲ့ဖြင့်ပြန်လည်တက်ရောက်နိုင်ခြင်း

🔥 သင်တန်းကျောင်းကနေ ဘယ်လိုဝန်ဆောင်မှုတွေပေးသလဲ ?.............................................................................................

✅ စက်ပြင်ပစ္စည်းများကို ကျောင်းသားတစ်ဦးလျှင်တစ်စုံစီ အချိန်ပြည့်အသုံးပြုနိုင်ခြင်း
✅ သင်ကြားမှုပိုင်း ပိုမိုအဆင်ပြေစေရန်အတွက် သင်ကြားပေးမည့် 𝗧𝗿𝗮𝗶𝗻𝗲𝗿 အပြင် 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗧𝗿𝗮𝗶𝗻𝗲𝗿 တစ်ဦး 𝗦𝘁𝗮𝗻𝗱 𝗕𝘆 ရှိနေခြင်း
✅ သင်တန်းပြီးဆုံးသွားသော်လည်း အသစ်အသစ်သော 𝗠𝗼𝗯𝗶𝗹𝗲 နှင့်ပတ်သက်သည့် နည်းပညာများ ၊ 𝗘𝗿𝗿𝗼𝗿 များကို 𝗢𝗻𝗹𝗶𝗻𝗲 ပေါ်မှတစ်ဆင့် အမြဲတမ်းလေ့လာသွားနိုင်ရန် စီစဉ်ပေးထားခြင်း
✅ အသစ်အသစ်သောနည်းပညာများအတွက် 𝗨𝗽𝗴𝗿𝗮𝗱𝗲 ပြုလုပ်ပေးမည့်
ရက်တိုမွန်းမံသင်တန်းများကိုလည်း အခမဲ့ လာရောက်သင်ကြားနိုင်ခြင်း

🔥 ဘယ်လိုစနစ်နဲ့ သင်ကြားပေးမှာလဲ ?..........................................................
🔸𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 အခြေခံပိုင်းနှင့် 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 အခြေခံပိုင်းမှစတင်၍ သင်ကြားပေးခြင်း
🔸 စာတွေ့ပိုင်းနှင့် လက်တွေ့ပိုင်းကို အခြေခံမှ အဆင့်မြင့်အထိ အချိုးကျကျပေါင်းစပ်၍ သင်ကြားပေးခြင်း
🔸 မိုဘိုင်းဖုန်း 𝗲𝗿𝗿𝗼𝗿 များကိုပြုပြင်ရန် စဉ်းစားတွေးခေါ်ပုံများနှင့် ပြုပြင်နည်းများကို နည်းစနစ်မှန်ကန်စွာ ပြုပြင်တတ်စေရန်နှင့်
လက်တွေ့နယ်ပယ်တွင် အသုံးချတတ်စေရန် လက်တွေ့ပြသ၍ သင်ကြားပေးခြင်း
🔸 သင်ထောက်ကူပစ္စည်းအစုံအလင် ၊ စက်ပစ္စည်းအစုံအလင်ဖြင့် နားလည်တတ်ကျွမ်းသည်အထိ သင်ကြားပေးခြင်း
🔸 သင်တန်းသားတစ်ဦးချင်းစီအလိုက် စာတွေ့ ပိုင်းသင်ကြားပေးသည့်ဆရာ လက်တွေ့ပိုင်းသင်ကြားပေးသည့် ဆရာများမှ အနီးကပ်ကြပ်မတ်၍သင်ကြားပေးခြင်း
🔸 မိမိ၏နားလည်တတ်ကျွမ်းမှုအခြေအနေကိုသိရှိနိုင်ရန် ပုံမှန်စာမေးပွဲများဖြေဆိုရခြင်း

⏱ သင်တန်းချိန်တွေက ?...................................
တစ်ပတ်ကို ၅ ရက် တစ်ရက်ကို ၅ နာရီကြာသင်ကြားရမှာဖြစ်ပြီး
အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိဖြစ်ပါတယ်

မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ တစ်ချိန် ၊
နေ့လည် ၁ နာရီမှ ညနေ ၄ နာရိအထိ တစ်ချိန်ဖြစ်ပြီး
အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း သင်တန်းနားရက်ဖြစ်ပါတယ်
သင်တန်းကာလအနေနဲ့ကတော့ ၂ လ ကြာမြင့်မှာဖြစ်ပါတယ်

💰 သင်တန်းကြေးကရော ?
𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚 ဘာသာရပ် - 𝟒𝟎𝟎𝟎𝟎𝟎 𝙆𝙨
𝙃𝙖𝙧𝙙𝙬𝙖𝙧𝙚 ဘာသာရပ် - 𝟔𝟎𝟎𝟎𝟎𝟎 𝙆𝙨

Software နှင့် Hardware တွဲတက်သော သင်တန်းသားများအနေဖြင့် သင်တန်းကြေ၏ 𝟓% 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး
𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 နှင့် 𝗛𝗮𝗿𝗱𝘄𝗮𝗿𝗲 ဘာသာရပ်နှစ်ခုလုံးအတွက် 𝟗𝟓𝟎𝟎𝟎𝟎 𝗞𝘀 သာ ကျသင့်မည်ဖြစ်ပါတယ်

🔥အထူးအခွင့်အရေးအနေဖြင့် ပထမဆုံး အပ်နှံသည့် သင်တန်းသား ၅ ဦးအတွက် သင်တန်းကြေး 5 % 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 ထပ်မံပေးအပ်ထားပါသည်
🔥𝗨𝗻𝗶𝗳𝗼𝗿𝗺 ကြေး ၊ စာရွက်စာတမ်းကြေးများ ထပ်မံသွင်းစရာ
လုံးဝမလိုအပ်ပါ

🚺သင်တန်းသူဖြစ်ပါက မည်သည့် Class ကိုတက်ရောက်သည်ဖြစ်ဖြစ် သင်တန်းကြေး၏ 𝟭𝟬% ကို 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 အနေဖြင့် ခံစားခွင့်ရရှိမည်ဖြစ်ပါသည်
(နည်းပညာနှင့်ပတ်သက်သည့်ကဏ္ဍများတွင် မိန်းကလေးများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုပေါ်ထွန်းလာစေရန်ရည်ရွယ်ပါသည်)

🔥အထူးအာမခံချက်အနေဖြင့် . . .

မိုဘိုင်းဖုန်းပြုပြင်ခြင်းပညာရပ်နှင့်ပတ်သက်၍
တက်ရောက်သူဘက်မှ စိတ်ပါ၀င်စားမှုသာရှိပါစေ
ကျွမ်းကျင်စွာတတ်မြောက်စေရန်အတွက်
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
အာမခံချက် အပြည့်အဝပေးပါသည်

အတန်းပညာကန့်သတ်ထားခြင်းမရှိပဲ 𝗠𝗼𝗯𝗶𝗹𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲 ပညာရပ်ကိုစိတ်ပါ၀င်စားပြီး မိမိ၏အဖိုးတန်လှသောအချိန်များကို
အကျိုးရှိရှိအသုံးချလိုသည့်လူငယ်များကို
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
အစဉ်အမြဲကြိုဆိုလျှက်ရှိပါသည်

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (http://m.me/mobiletechmyanmar) နှင့်
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳 နဲ့ 𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲 သို့ဆက်သွယ်၍
အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်

🔖သင်တန်းကျောင်းတည်နေရာ

𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵
မိုဘိုင်းဖုန်းအထူးပြုပြင်နည်း သင်တန်းကျောင်း
အားကာတိုက်တန်း C4 ၊ သခင်နက်ဖေလမ်း ၊ ဧရာရပ်ကွက် ၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ် ။

𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳 ၊ 𝟬𝟵 𝟵𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲 ၊ 𝟬𝟵 𝟵𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲

#ဖုန်းပြုပြင်နည်းသင်တန်း

❝𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 လအတွက် မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း တန်းခွဲသစ်ထပ်မံဖွင့်လှစ်ခြင်း ❞𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်ဖုန်းပြုပြင်နည်း...
26/08/2026

❝𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 လအတွက်
မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
တန်းခွဲသစ်ထပ်မံဖွင့်လှစ်ခြင်း ❞

𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်ဖုန်းပြုပြင်နည်းသင်တန်းကျောင်းမှ
မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း
သင်တန်း အပတ်စဉ်-𝟱𝟬ကို
လာမယ့် 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 လ 𝟳ရက်နေ့မှာ
စတင်ဖွင့်လှစ်ပေးတော့မှာဖြစ်သည့်အတွက်
တက်ရောက်လိုသူများအနေဖြင့်
သင်တန်းကျောင်းဖုန်းနံပါတ်များဖြစ်သည့်
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳 , 𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱𝟭𝟲 သို့
ဆက်သွယ်၍ဖြစ်စေ 𝙋𝙖𝙜𝙚 𝙈𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 မှတစ်ဆင့်ဖြစ်စေ
ကြိုတင်စာရင်းသွင်း အပ်နှံထားနိုင်ပြီဖြစ်ပါတယ် 💥
...................................................................................

သင်ကြားမှုပိုင်းဆိုင်ရာမှာ ပိုမိုထိရောက်မှုရှိစေရန်ရည်ရွယ်၍ အပတ်စဉ်-𝟰𝟵မှစ၍ သင်တန်းသားဦးရေ 25ဦး အထိသာလက်ခံသင်ကြားပေးနေတာဘဲဖြစ်ပါတယ်📢
...................................................................................

လူငယ်တစ်ယောက်အတွက် အသင့်တော်ဆုံး
ရွေးချယ်စရာအသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်တဲ့
မိုဘိုင်းဖုန်းပြုပြင်ခြင်းပညာရပ်ကို
ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့အထိ
လေ့လာသင်ကြားလိုတယ်ဆိုရင်တော့
လက်တွေ့အတတ်သင် သင်တန်းကျောင်းဖြစ်ပြီးတော့
ကချင်ပြည်နယ်ရဲ့
ပထမအကောင်းဆုံးသင်တန်းကျောင်းတစ်ကျောင်းအနေနဲ့
အခိုင်အမာရပ်တည်နေတဲ့
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ က
သင့်အတွက်ရွေးချယ်စရာ နံပါတ် ၁ ပါပဲ ✅
...................................................................................

❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ ကို
ဝါရင့် ꜱᴇʀᴠɪᴄᴇ ᴛᴇᴄʜɴɪᴄɪᴀɴ များကိုယ်တိုင်ဦးစီး၍
𝟐𝟎𝟏𝟓 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး
လက်ရှိအချိန်ထိ လက်ငန်းခွင်အတွင်းဝင်ရောက်နေသည့်
ꜱᴇʀᴠɪᴄᴇ ᴛᴇᴄʜɴɪᴄɪᴀɴ ဦးရေ 2000 ဝန်းကျင်ခန့်ကို
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်
...................................................................................

🔥သင်တန်းတက်ရောက်ပြီး ဘယ်လိုအခွင့်အရေးတွေရနိုင်လဲ ?...................................................................................

☑️ အတတ်သင်စနစ်နဲ့သင်ကြားပေးနေတဲ့ သင်တန်းကျောင်းဖြစ်တဲ့အတွက်
မိမိတက်ရောက်ထားသော Course အတွက် ကျောင်းသားများဘက်မှ လိုအပ်ချက်များရှိနေပါက တစ်နှစ်အတွင်း
ထပ်မံဖွင့်လှစ်မည့် အတန်းသစ်များတွင်အခမဲ့ ပြန်လည်တက်ရောက်နိုင်ခြင်း
☑️ နည်းပညာသစ်များအား စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးနေသော မိုဘိုင်းလောက၏ အတွေ့အကြုံရင့် ဆရာများကိုယ်တိုင် ကြပ်မတ်၍ သင်ကြားပေးမည်ဖြစ်သောကြောင့် မိုဘိုင်းဖုန်းနှင့်သက်ဆိုင်သည့်
နည်းပညာသစ်များကို စဉ်ဆက်မပြတ်လေ့လာခွင့်ရနိုင်ခြင်း
☑️ လုပ်ငန်းခွင်နှင့်တွဲထားသည့် သင်တန်းဖြစ်သည့်အတွက်
လုပ်ငန်းခွင်အတွင်းတွေ့ကြုံရမည့် အခက်အခဲများကိုပါ
ရင်ဆိုင်ဖြေရှင်းနိုင်ရန် သင်ကြားပေးသွားမည်ဖြစ်သည့်အတွက်
သင်တန်းကာလအတွင်း လုပ်ငန်းခွင်အတွေ့အကြုံကိုပါ လေ့လာနိုင်ခြင်း
☑️ သင်တန်းပြီးဆုံးသွားလျှင်လည်း လိုအပ်သည့် Data များနှင့်
မိုဘိုင်းနှင့်ပတ်သက်သည့် နည်းပညာပိုင်းများကို
𝒁𝒐𝒐𝒎 𝑪𝒍𝒂𝒔𝒔 မွန်းမံသင်တန်းကနေ အခမဲ့လေ့လာနိုင်ခွင့်ရရှိခြင်း
☑️ ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ ᴍᴏʙɪʟᴇ ᴛᴇᴄʜ ꜱᴇʀᴠɪᴄᴇ ᴛᴇᴀᴍ တွင် 𝙎𝙚𝙧𝙫𝙞𝙘𝙚 𝙏𝙚𝙘𝙝𝙣𝙞𝙘𝙞𝙖𝙣 အဖြစ် ပြန်လည်အလုပ်လုပ်ကိုင်နိုင်မည့် အခွင့်အရေးရရှိခြင်း
☑️ သင်တန်းကြေးတစ်ကြိမ်ပေးသွင်းထားရုံဖြင့် တစ်နှစ်အတွင်းအချိန်မရွေး သင်တန်းကြေးအခမဲ့ဖြင့်ပြန်လည်တက်ရောက်နိုင်ခြင်း

🔥 သင်တန်းကျောင်းကနေ ဘယ်လိုဝန်ဆောင်မှုတွေပေးသလဲ ?...................................................................................

✅ စက်ပြင်ပစ္စည်းများကို ကျောင်းသားတစ်ဦးလျှင်တစ်စုံစီ အချိန်ပြည့်အသုံးပြုနိုင်ခြင်း
✅ သင်ကြားမှုပိုင်း ပိုမိုအဆင်ပြေစေရန်အတွက် သင်ကြားပေးမည့် 𝗧𝗿𝗮𝗶𝗻𝗲𝗿 အပြင် 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗧𝗿𝗮𝗶𝗻𝗲𝗿 တစ်ဦး 𝗦𝘁𝗮𝗻𝗱 𝗕𝘆 ရှိနေခြင်း
✅ သင်တန်းပြီးဆုံးသွားသော်လည်း အသစ်အသစ်သော 𝗠𝗼𝗯𝗶𝗹𝗲 နှင့်ပတ်သက်သည့် နည်းပညာများ ၊ 𝗘𝗿𝗿𝗼𝗿 များကို 𝗢𝗻𝗹𝗶𝗻𝗲 ပေါ်မှတစ်ဆင့် အမြဲတမ်းလေ့လာသွားနိုင်ရန် စီစဉ်ပေးထားခြင်း
✅ အသစ်အသစ်သောနည်းပညာများအတွက် 𝗨𝗽𝗴𝗿𝗮𝗱𝗲 ပြုလုပ်ပေးမည့်
ရက်တိုမွန်းမံသင်တန်းများကိုလည်း အခမဲ့ လာရောက်သင်ကြားနိုင်ခြင်း

🔥 ဘယ်လိုစနစ်နဲ့ သင်ကြားပေးမှာလဲ ?...................................................................................

🔸𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 အခြေခံပိုင်းနှင့် 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗻𝗶𝗰 အခြေခံပိုင်းမှစတင်၍ သင်ကြားပေးခြင်း
🔸 စာတွေ့ပိုင်းနှင့် လက်တွေ့ပိုင်းကို အခြေခံမှ အဆင့်မြင့်အထိ အချိုးကျကျပေါင်းစပ်၍ သင်ကြားပေးခြင်း
🔸 မိုဘိုင်းဖုန်း 𝗲𝗿𝗿𝗼𝗿 များကိုပြုပြင်ရန် စဉ်းစားတွေးခေါ်ပုံများနှင့် ပြုပြင်နည်းများကို နည်းစနစ်မှန်ကန်စွာ ပြုပြင်တတ်စေရန်နှင့်
လက်တွေ့နယ်ပယ်တွင် အသုံးချတတ်စေရန် လက်တွေ့ပြသ၍ သင်ကြားပေးခြင်း
🔸 သင်ထောက်ကူပစ္စည်းအစုံအလင် ၊ စက်ပစ္စည်းအစုံအလင်ဖြင့် နားလည်တတ်ကျွမ်းသည်အထိ သင်ကြားပေးခြင်း
🔸 သင်တန်းသားတစ်ဦးချင်းစီအလိုက် စာတွေ့ ပိုင်းသင်ကြားပေးသည့်ဆရာ လက်တွေ့ပိုင်းသင်ကြားပေးသည့် ဆရာများမှ အနီးကပ်ကြပ်မတ်၍သင်ကြားပေးခြင်း
🔸 မိမိ၏နားလည်တတ်ကျွမ်းမှုအခြေအနေကိုသိရှိနိုင်ရန် ပုံမှန်စာမေးပွဲများဖြေဆိုရခြင်း

⏱ သင်တန်းချိန်တွေက ?
တစ်ပတ်ကို ၅ ရက် တစ်ရက်ကို ၆ နာရီကြာသင်ကြားရမှာဖြစ်ပြီး
အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိဖြစ်ပါတယ်
မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ တစ်ချိန် ၊
နေ့လည် ၁ နာရီမှ ညနေ ၄ နာရိအထိ တစ်ချိန်ဖြစ်ပြီး
အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း သင်တန်းနားရက်ဖြစ်ပါတယ်
သင်တန်းကာလအနေနဲ့ကတော့ ၂ လ ကြာမြင့်မှာဖြစ်ပါတယ်

💰 သင်တန်းကြေးကရော ?
𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚 ဘာသာရပ် - 𝟰𝟬𝟬𝟬𝟬𝟬𝙆𝙨
𝙃𝙖𝙧𝙙𝙬𝙖𝙧𝙚 ဘာသာရပ် - 𝟲𝟬𝟬𝟬𝟬𝟬𝙆𝙨
𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚 နှင့် 𝙃𝙖𝙧𝙙𝙬𝙖𝙧𝙚 တွဲတက်သော သင်တန်းသားများအနေဖြင့်
သင်တန်းကြေ၏ 𝟓% 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး
𝙎𝙤𝙛𝙩𝙬𝙖𝙧𝙚 နှင့် 𝗛𝗮𝗿𝗱𝘄𝗮𝗿𝗲 ဘာသာရပ်နှစ်ခုလုံးအတွက်
𝟵𝟱𝟬𝟬𝟬𝟬 𝗞𝘀 သာ ကျသင့်မည်ဖြစ်ပါတယ်

🔥အထူးအခွင့်အရေးအနေဖြင့် ပထမဆုံး အပ်နှံသည့် သင်တန်းသား ၅ ဦးအတွက် သင်တန်းကြေး 5 % 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 ထပ်မံပေးအပ်ထားပါသည်
🔥𝗨𝗻𝗶𝗳𝗼𝗿𝗺 ကြေး ၊ စာရွက်စာတမ်းကြေးများ ထပ်မံသွင်းစရာ
လုံးဝမလိုအပ်ပါ

🚺သင်တန်းသူဖြစ်ပါက မည်သည့် Class ကိုတက်ရောက်သည်ဖြစ်ဖြစ် သင်တန်းကြေး၏ 𝟭𝟬% ကို 𝘿𝙞𝙨𝙘𝙤𝙪𝙣𝙩 အနေဖြင့် ခံစားခွင့်ရရှိမည်ဖြစ်ပါသည်
(နည်းပညာနှင့်ပတ်သက်သည့်ကဏ္ဍများတွင် မိန်းကလေးများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုပေါ်ထွန်းလာစေရန်ရည်ရွယ်ပါသည်)

🔥အထူးအာမခံချက်အနေဖြင့် . . .
မိုဘိုင်းဖုန်းပြုပြင်ခြင်းပညာရပ်နှင့်ပတ်သက်၍
တက်ရောက်သူဘက်မှ စိတ်ပါ၀င်စားမှုသာရှိပါစေ
ကျွမ်းကျင်စွာတတ်မြောက်စေရန်အတွက်
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
အာမခံချက် အပြည့်အဝပေးပါသည်

အတန်းပညာကန့်သတ်ထားခြင်းမရှိပဲ 𝗠𝗼𝗯𝗶𝗹𝗲 𝗦𝗲𝗿𝘃𝗶𝗰𝗲 ပညာရပ်ကိုစိတ်ပါ၀င်စားပြီး မိမိ၏အဖိုးတန်လှသောအချိန်များကို
အကျိုးရှိရှိအသုံးချလိုသည့်လူငယ်များကို
❝ 𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵 - မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကျောင်း ❞ မှ
အစဉ်အမြဲကြိုဆိုလျှက်ရှိပါသည်

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းသိရှိလိုပါက
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (http://m.me/mobiletechmyanmar) နှင့်
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳 နဲ့ 𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲 သို့ဆက်သွယ်၍
အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါသည်

🔖သင်တန်းတည်နေရာ

𝗠𝗼𝗯𝗶𝗹𝗲 𝗧𝗲𝗰𝗵
မိုဘိုင်းဖုန်းအထူးပြုပြင်နည်း သင်တန်းကျောင်း
အားကာတိုက်တန်းC4၊သခင်နက်ဖေလမ်း၊
ဧရာရပ်ကွက် ၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ် ။
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳 ၊ 𝟬𝟵 𝟵𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟳
𝟬𝟵 𝟰𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲 ၊ 𝟬𝟵 𝟵𝟱𝟬 𝟱𝟱𝟱𝟱 𝟭𝟲

#ဖုန်းပြုပြင်နည်းသင်တန်း

iPhone Battery Health % မမြန်မြန်ကျအောင် ဘယ်လိုသုံးသင့်လဲ?iPhone အသစ်ဝယ်ထားပြီး Battery Health ကိုကြည့်လိုက်တဲ့အခါ 100% ...
19/08/2026

iPhone Battery Health % မမြန်မြန်ကျအောင် ဘယ်လိုသုံးသင့်လဲ?

iPhone အသစ်ဝယ်ထားပြီး Battery Health ကိုကြည့်လိုက်တဲ့အခါ 100% ဖြစ်နေတာမြင်ရရင် တော်တော်များများက ဝမ်းသာကြပါတယ်။ ဒါပေမယ့် လအနည်းငယ်ကြာပြီး 99%၊ 98%၊ 95% ဆိုပြီး တဖြည်းဖြည်းကျလာတဲ့အခါ “Battery Health ဘာလို့ကျတာလဲ၊ ဘယ်လိုသုံးရင် မကျအောင်လုပ်လို့ရမလဲ?” ဆိုပြီး စိတ်ပူလာကြပါတယ်။

တကယ်တော့ Battery Health % ကျတာကို လုံးဝရပ်ထားလို့မရပါဘူး။ iPhone မှာသုံးထားတဲ့ Lithium-ion battery ဆိုတာ အသုံးပြုလာတာနဲ့အမျှ ဓာတုဗေဒအရ သက်တမ်းကျဆင်းသွားတာ ပုံမှန်ပါပဲ။ ဒါပေမယ့် မလိုအပ်ဘဲ မြန်မြန်ကျသွားတာကိုတော့ ကာကွယ်နိုင်ပါတယ်။

• အရေးကြီးဆုံးအချက်တွေကတော့

Battery Health ကျတာမှာ အပူချိန်မြင့်တာက အရေးကြီးတဲ့အချက်တစ်ခုပါ။
အထူးသဖြင့် Charging + Heavy Usage ကို တစ်ချိန်တည်းလုပ်တာကို တတ်နိုင်သလောက်ရှောင်ပါ။

Battery ကို 0% အထိ အမြဲသုံးပြီးမှ အားသွင်းတာ မလိုပါဘူး။
လက်ရှိ iPhone ရဲ့ Lithium-ion battery အတွက်တော့ 0% အထိ မကြာခဏသုံးပြီးမှ အားသွင်းတာထက် အားနည်းလာရင် ပြန်အားသွင်းပေးတာ ပိုသင့်တော်ပါတယ်။
Battery 20%၊ 30% လောက်ရောက်ပြီဆိုရင် အားသွင်းလို့ရပါတယ်။

Charger Limit ရှိရင် အသုံးချပါ​။
iPhone မော်ဒယ်နဲ့ iOS version ပေါ်မူတည်ပြီး Charger Limit သတ်မှတ်နိုင်တဲ့ Feature ရှိပါတယ်။
80%၊ 85%၊ 90% စသဖြင့် သတ်မှတ်ထားနိုင်ပါတယ်။

Optimized Battery Charging ကို ON ထားပါ
iPhone ရဲ့ Optimized Battery Charging က သင်ပုံမှန်အားသွင်းတဲ့အချိန်ကို လေ့လာပြီး Battery ကို 100% အထိ အမြဲတမ်းချက်ချင်းမသွင်းဘဲ လိုအပ်တဲ့အချိန်နီးမှ ပြည့်အောင်လုပ်ပေးတဲ့ Feature ဖြစ်ပါတယ်။ဒါကြောင့် Optimized Battery Charging ကို ပိတ်ထားစရာမလိုဘဲ ON ထားတာကောင်းပါတယ်။

အားသွင်းနေတုန်း Game မဆော့တာကောင်းပါတယ်
ဒါက တော်တော်အရေးကြီးပါတယ်။
Game ဆော့တဲ့အချိန်မှာ CPU/GPU အလုပ်များပြီး ဖုန်းအပူတက်နိုင်ပါတယ်။ အဲ့ဒီအချိန်မှာ တစ်ပြိုင်တည်း Charging လုပ်နေမယ်ဆိုရင် ဖုန်းအပူပိုတက်နိုင်ပါတယ်။

Charger ကောင်းကောင်းသုံးပါ 🔌
Charger မှာ Watt များတာတစ်ခုတည်းနဲ့ “Battery ပိုမြန်မြန်ပျက်မယ်” လို့ တိုက်ရိုက်မပြောနိုင်ပါဘူး။ iPhone က လက်ခံနိုင်တဲ့ Power ကို စီမံခန့်ခွဲပေးပါတယ်။
ဒါပေမယ့် အရည်အသွေးမသေချာတဲ့ Charger၊ Cable တွေ သုံးတာထက် Apple သို့မဟုတ် ယုံကြည်ရတဲ့ Standard/Certified Accessories တွေသုံးတာ ပိုစိတ်ချရပါတယ်။

Phone Knowledge တွေကိုစဥ်ဆက်မပြတ် တင်ပေးသွားမှာမို့ Page ကို Follow ထားဖို့မမေ့နဲ့နော်🤗

📱 ဖုန်းပြင်မယ်ဆိုရင် စျေးသက်သာရုံနဲ့ မပြီးသေးပါဘူးနော်…ပစ္စည်းအရည်အသွေးကောင်းဖို့နဲ့ အာမခံစိတ်ချရဖို့လည်း အရေးကြီးပါတယ်ရ...
10/08/2026

📱 ဖုန်းပြင်မယ်ဆိုရင် စျေးသက်သာရုံနဲ့ မပြီးသေးပါဘူးနော်…
ပစ္စည်းအရည်အသွေးကောင်းဖို့နဲ့ အာမခံစိတ်ချရဖို့လည်း အရေးကြီးပါတယ်ရှင့်။

Mobile Tech မှာတော့ ဖုန်းမှန်လဲလဲ၊ Battery လဲလဲ 💯
သင့်တင့်တဲ့ စျေးနှုန်းနဲ့ အရည်အသွေးကောင်းတဲ့ Spare Parts တွေကို ရွေးချယ်ပေးပြီး ကျွမ်းကျင်တဲ့ Technician တွေနဲ့ သေချာပြုပြင်ပေးနေပါတယ်ရှင့်...🤗

အရေးကြီးဆုံးကတော့ ပြင်ပြီးသွားတာနဲ့ ပြီးပြီဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ
Customer တွေအနေနဲ့ စိတ်အေးချမ်းစွာ အသုံးပြုနိုင်ဖို့ အာမခံ ၆ လ ပေးထားပါတယ်ရှင်... 🛠️✨

📌 ဖုန်းမှန်ကွဲလို့ လဲချင်တာပဲဖြစ်ဖြစ်
📌 Battery အားမခံတော့လို့ လဲချင်တာပဲဖြစ်ဖြစ်
📌 ဖုန်းအသုံးပြုရတာ အဆင်မပြေတော့လို့ စစ်ဆေးပြုပြင်ချင်တာပဲဖြစ်ဖြစ်

စျေးနှုန်းသက်သာပြီး အာမခံပါရှိတဲ့ Service ကိုရှာနေတယ်ဆိုရင်
Mobile Tech ကို ယုံယုံကြည်ကြည် အပ်နှံနိုင်ပါတယ်ရှင်...❤️

“စျေးနှုန်းသက်သာ + အရည်အသွေးကောင်း + အာမခံ ၆ လ”
ဒါကတော့ Mobile Tech ရဲ့ Customer တွေအပေါ်ထားတဲ့ ဝန်ဆောင်မှုပါ။ 🤝📱

Skill တွေလေ့လာရင်းTeamwork တည်ဆောက်မယ်၊Friendship တွေတိုးမယ်၊အမှတ်တရတွေ ဖန်တီးမယ်။ဒီတစ်ခါတော့ စာသင်ခန်းထဲကနေ ခဏထွက်ပြီးS...
08/08/2026

Skill တွေလေ့လာရင်း
Teamwork တည်ဆောက်မယ်၊
Friendship တွေတိုးမယ်၊
အမှတ်တရတွေ ဖန်တီးမယ်။

ဒီတစ်ခါတော့ စာသင်ခန်းထဲကနေ ခဏထွက်ပြီး
Sport Activity နဲ့အတူ Energy အပြည့်နဲ့ ကစားနေကြတဲ့ သင်တန်းသားများရဲ့ Activity ပုံရိပ်တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်ရှင့်⚽....

🌕 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယတွင် 🙏မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားတော်ကို အောက်မေ့ဆင်ခြင်ရင်း ကုသိုလ်ကောင်းမှုများ တ...
29/07/2026

🌕 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယတွင် 🙏

မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားတော်ကို အောက်မေ့ဆင်ခြင်ရင်း ကုသိုလ်ကောင်းမှုများ တိုးပွားစေပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကာ အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။

မိတ်ဟောင်း မိတ်သစ် Customer များနှင့် မိသားစုဝင်များအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးတက်အောင်မြင်ကာ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ Mobile Tech မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🙏 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) တွင် ရွှင်လန်းချမ်းမြေ့ကြပါစေ။ 🌼

#ဝါဆိုလပြည့်

🔧 Phone Repair Tools အသစ်များ ရောက်ရှိထားပါတယ်ခင်ဗျ...ဖုန်းပြုပြင်တဲ့အလုပ်ကို ပိုမိုမြန်ဆန်၊ တိကျပြီး Professional ဆန်ဆန...
18/07/2026

🔧 Phone Repair Tools အသစ်များ ရောက်ရှိထားပါတယ်ခင်ဗျ...
ဖုန်းပြုပြင်တဲ့အလုပ်ကို ပိုမိုမြန်ဆန်၊ တိကျပြီး Professional ဆန်ဆန် လုပ်ဆောင်နိုင်ဖို့အတွက် Phone Repair Tools မျိုးစုံ အစုံအလင် ရောက်ရှိထားပါတယ်ခင်ဗျ။
အရည်အသွေးကောင်းတဲ့ Tool တစ်ခုက အလုပ်ရဲ့အရည်အသွေးကို တိုးတက်စေသလို အချိန်ကုန်သက်သာစေပြီး ပြုပြင်မှုတိုင်းကို ပိုမိုယုံကြည်စိတ်ချရစေပါတယ်။

💥 နယ်ဝေး Customer များကိုလဲ ဂိတ်တင်ပေးပါတယ်ခင်ဗျ။
❗ မြို့တွင်း Delivery Service တော့ခေတ္တရပ်နားထားပါတယ်ခင်ဗျ...🙁

📱 iPhone 13 Backglass ကွဲသွားလို့ လဲချင်နေပြီလား?နောက်ကျောမှန်ကွဲတာ၊ အက်ရာများတာ၊ အလှပျက်နေတာတွေကြောင့် စိတ်မပူပါနဲ့။✨ i...
11/07/2026

📱 iPhone 13 Backglass ကွဲသွားလို့ လဲချင်နေပြီလား?

နောက်ကျောမှန်ကွဲတာ၊ အက်ရာများတာ၊ အလှပျက်နေတာတွေကြောင့် စိတ်မပူပါနဲ့။

✨ iPhone 13 Backglass
အရည်အသွေးကောင်းသော Backglass ဖြင့်လဲလှယ်ပေးခြင်း
သေသပ်သန့်ရှင်းစွာ လဲလှယ်ပေးခြင်း
ဖုန်းအလှကို အသစ်လို ပြန်လည်ရရှိစေခြင်း

🎁 အထူးအာမခံ (၁) လ ပါဝင်ပါတယ်ခင်ဗျာ...
📌 Backglass လဲလှယ်ပြီး (၁) လအတွင်း မတော်တဆ ထပ်မံကွဲသွားပါက Backglass ကို (၁) ကြိမ် (၁) ချပ် အခမဲ့ ပြန်လည်လဲလှယ်ပေးပါမည်။

အသေးစိတ်မေးမြန်းရန် Page Chat Box မှာ လာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျ...🤗

Address

Branch 1/Arrkar Building (C4) , Ayar , Branch 2/Construction Apartment (E9, E10) , Ayar
Myitkyina

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 18:30
Thursday 08:30 - 18:30
Friday 08:30 - 18:30
Saturday 08:30 - 18:30
Sunday 08:30 - 18:30

Telephone

+959450555517

Alerts

Be the first to know and let us send you an email when Mobile Tech - Mobile Phone Professional Service & Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobile Tech - Mobile Phone Professional Service & Training Centre:

Shortcuts

Share