NLD - Kachin State Youth Working Committee Friendly Cup

NLD - Kachin State Youth Working Committee Friendly Cup

Share

Information Channel for NLD - Kachin State Youth Working Committee Friendly Cup that will start on 2

Photos from NLD - Kachin State Youth Working Committee Friendly Cup's post 16/05/2021

ကချင်ပြည်နယ်အား/ကာဦးစီးဌာနမှာပြည်နယ်ခံအထက်အရာရှိဦးစီးမှူးတွေမရှိတော့ပဲ​​ပြည်နယ်ခြားဦးစီးအရာရှိတွေအပိုင်စီးထားပြီးကချင်ပြည်နယ်သူ/သားတွေကိုပမာမခန့်ပျော်ပွဲရွင်ပွဲလာရောက်ကျင်းပနေခြင်းဟာကချင်ပြည်နယ်အတွက်ရာဇဝင်မှာသမိုင်းရိုင်းတစ်ခုအဖြစ်မှတ်တမ်းတင်အပ်ပါသည်။

Photos from NLD - Kachin State Youth Working Committee Friendly Cup's post 22/03/2021

၂၂၂၂၂အရေးတော်ပုံ တစ်လပြည့်
၂၂၂၂အရေးတော်ပုံ (၂၂.၃.၂၀၂၁)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လူထုပင်မသပိတ်စစ်ကြောင်း အောင်မြင်စွာပြီးစီး

သွေးမအေးသောမြစ်ကြီးနားလူငယ်များ စစ်အာဏာရှင်ကျဆုံရေးအတွက် ➡️ နံနက်ပိုင်းတွင် စံပြရပ်ကွက်၌ ပျောက်ကျား သပိတ်ပြုလုပ်ကာ
➡️နေ့လည်တွင် စီတာပူရပ်ကွက်အတွင်း ရပ်ကွက်သပိတ်အောင်မြင်စွာပြီးမြောက်ပြီး🔥 လူစုခွဲချိန်တွင် ❗စစ်ခွေးများ လိုက်ကာ ရဲဘော်တချို့ပိတ်မိခံနေရသည်။

*ဖမ်းခံရသူစာရင်းမသိရှိရသေးပါ။

*အရေးတော်ပုံအောင်ရမည်။


#ငါတို့ကျောင်းသား_ငါတို့ပြန်ပေး။

KSCM

20/03/2021

တိုင်းနဲ့ပြည်နယ် ၁၄ ခု - နေဝင်းရဲ့ ဖက်ဒရယ်အတု

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေထဲမှာ ဖက်ဒရယ်အဆန်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ပါတယ်။ (သို့ပေမယ့် သူသည်လည်း လုံလုံလောက်လောက်စစ်မှန်တဲ့ ဖက်ဒရယ်မဖြစ်ခဲ့လို့ ပြည်တွင်းစစ်ကြီးပေါ်ပေါက်လာခဲ့ရပါတယ်။ အနူတောမှာလူချောဖြစ်သလို မြန်မာနိုင်ငံကြုံခဲ့ရတဲ့ သူ့ထက်ဆိုးတဲ့ ဖွဲ့စည်းပုံများကြားမှာ သူက ဖက်ဒရယ်အဆန်ဆုံးဖြစ်နေခြင်းသာဖြစ်ပါတယ်။) အဲ့တုန်းက နိုင်ငံတော်အလံမှာ ကြယ် ၅ လုံးပါဝင်ပြီး ကြယ်တစ်လုံးစီက ရှမ်း၊ ချင်း၊ ကချင်၊ ဗမာပြည်မနဲ့ ကရင်နီပြည်နယ်ကို အသီးသီးကိုယ်စားပြုကြပါတယ်။ ဒီလူမျိုးငါးမျိုး၊ ပြည်နယ်ငါးခုက တန်းတူညီမျှစွာနဲ့ ပြည်ထောင်စုကိုတည်ဆောက်ခဲ့တယ်ဆိုတဲ့သဘောပါပဲ။ ဒါကို နေဝင်းအာဏာသိမ်းပြီးနောက် ရေးဆွဲခဲ့တဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နေဝင်းက တိုင်း ၇ ခု၊ ပြည်နယ် ၇ခု လို့ ခွဲလိုက်ပြီး ကြယ် ၁၄ လုံးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ခုဆိုတာ အာဏာရှင် နေဝင်းစခဲ့တဲ့ ဇာတ်လမ်းပဲဲဖြစ်ပါတယ်။ နေဝင်းဟာ ဗမာလူမျိုးကြီးဝါဒကို ကြယ်၁၄လုံးနဲ့ စနစ်တကျသံမှိုနှက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖက်ဒရယ်တပ်မတော်ရဲ့ လိုဂိုတစ်ခု (အတည်ပြုထားတဲ့ လိုဂို မဟုတ်ပါ၊ artist တစ်ယောက်က သူ့စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ လိုဂိုဖြစ်တယ်လို့သိရပါတယ်) အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ကြယ် ၁၄ လုံးကိစ္စကို အငြင်းပွားခဲ့ကြပါတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ တောင်းဆိုနေသူ အတော်များများက ဘာကြောင့် တိုင်းနှင့် ပြည်နယ် ၁၄ ခုကို ငြင်းဆိုနေကြပါသလဲ။

တိုင်းနဲ့ပြည်နယ် ၁၄ ခု ထားမယ်ဆိုရင် အဓိကပြဿနာကတော့ ဖက်ဒရယ်စနစ်မှာ အရေးပါလှတဲ့ အထက်လွှတ်တော်မှာ ဗမာလူများစုကပဲကြီးစိုးနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကြယ် ၁၄ လုံးဟာ ဗမာလူမျိုးကြီးဝါဒကို စနစ်တကျနဲ့ အုပ်ချုပ်မှု ယန္တရားထဲသွတ်သွင်းခြင်းဖြစ်တယ်လို့ ဆိုရတာပဲဖြစ်ပါတယ်။ ပိုမြင်သာအောင် ဖက်ဒရယ်စနစ်မှာ အထက်လွှတ်တော်ရဲ့ အခန်းကဏ္ဍကို အကျဥ်းချုပ်ပြောပါမယ်။

ဖက်ဒရယ်နိုင်ငံတွေမှာ လွှတ်တော်နှစ်ရပ်ထားလေ့ရှိကြပါတယ်။ အဲလွှတ်တော်နှစ်ရပ်ထဲက တစ်ရပ်ဖြစ်တဲ့ Second Chamber ကို အထက်လွှတ်တော်၊ ဆီးနိတ်တို့အပြင် လူမျိုးစုလွှတ်တော်၊ အမျိုးသားလွှတ်တော် လို့လည်း ခေါ် ကြပါတယ်။ ဒီအထက်လွှတ်တော်ဟာ ပြည်နယ်တွေရဲ့အရေးတွေ၊ လူမျိုးစုတွေရဲ့အရေးတွေကို အဓိကကိုင်တွယ်ရပြီး ဖက်ဒရယ်စနစ်ကို ပီပြင်ဖို့ထိန်းကျောင်းပေးရန် ရည်ရွယ်ပါတယ်။ လူမျိုးကြီးတွေ၊ ပြည်နယ်ကြီးတွေက လူဦးရေနည်းတဲ့လူမျိုးတွေ၊ အင်အားနည်းတဲ့ပြည်နယ်တွေကို အနိုင်ကျင့်တာမျိုးမဖြစ်ဘဲ ဖက်ဒရယ်ပြည်ထောင်စုထဲမှာရှိတဲ့ ပြည်နယ်တိုင်းရဲ့ တန်းတူဖြစ်မှုကို ထိန်းညှိပေးဖို့ဆိုတဲ့အကြောင်းရင်းနဲ့လည်း အထက်လွှတ်တော်က ဖက်ဒရယ်စနစ်မှာ အရေးပါနေတာဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တွေရဲ့ တန်းတူဖြစ်မှုကို ဖော်ဆောင်နိုင်ဖို့အတွက် ပြည်နယ်နေလူဦးရေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ပြည်နယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပြည်နယ်တစ်ခုစီက တူညီတဲ့အမတ်အရေအတွက်ကိုသာ အထက်လွှတ်တော်ကို စေလွှတ်ရပါတယ်။ အထက်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာ (Power)ဟာ လူဦးရေအရ အချိုးကျစေလွှတ်တဲ့ First Chamber (အောက်လွှတ်တော်၊ ပြည်သူ့လွှတ်တော်) နဲ့ တူညီရပါတယ်။ ဒါဟာ ဖက်ဒရယ်နိုင်ငံတစ်ခုမှာ အထက်လွှတ်တော်ကို ဖွဲ့စည်းတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့် အလွန်တရာအခြေခံကျတဲ့ အချက်တွေ ဖြစ်ပါတယ်။

နေဝင်းရဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံကို တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ်နဲ့ ဖွဲ့စည်းခဲ့ခြင်းဟာ အပေါ်ယံအားဖြင့်ကြည့်မယ်ဆိုရင် ဗမာလူမျိုးဟာ လူများစုဖြစ်တဲ့အတွက် ဗမာလူမျိုးတွေ အများစုနေတဲ့ နေရာတွေကို တိုင်း ၇ တိုင်းအဖြစ်သတ်မှတ်ထားတယ်လို့ ထင်ချင်စရာပါပဲ။ သို့ပေမယ့် ဖက်ဒရယ်ရှုထောင့်က ကြည့်မယ်ဆိုရင် တိုင်း ၇ တိုင်းရှိနေခြင်းဟာ အမျိုးသားလွှတ်တော်ဖြစ်တဲ့ အထက်လွှတ်တော်မှာ တိုင်းရင်းသားတန်းတူအခွင့်အရေးမရအောင် ကန့်သတ်ထားတဲ့ အချက်တွေထဲက တစ်ခုဖြစ်နေပါတယ်။ (ဒီနေရာမှာ ဒီမိုကရေစီသဘောတရားဖြစ်တဲ့ လူများရာကိုဦးစားပေးမှုနဲ့ ဖက်ဒရယ်စနစ်ရဲ့ လူမျိုးစုတွေ၊ပြည်နယ်တွေ တန်းတူမှုဟာ ထပ်တူမကျကြောင်း၊ ဒီမိုကရေစီရတာနဲ့ ဖက်ဒရယ်ရမှာမဟုတ်ကြောင်း မြင်သာပြန်ပါတယ်။) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နေဝင်းစခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၁၄ခုကိုပဲ နိုင်ငံဖွဲ့စည်းပုံအဖြစ် ပြန်ယူလာပြန်ပါတယ်။ ရွှေရည်စိမ် ဒီမိုကရေစီ တစ်ဝက်နဲ့ ဖက်ဒရယ်တစ်စိတ်ကို ပါးပါးလေးရောစပ်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေ အရ တိုင်းနှင့်ပြည်နယ်တစ်ခုချင်းစီက လွှတ်တော်အမတ် ၁၂ ယောက်နဲ့ တပ်ကိုယ်စားလှယ် ၅၆ ယောက်ပေါင်းပြီး အထက်လွှတ်တော်ကို ဖွဲ့စည်းပါတယ်။ (ဒီနေရာမှာ လူမျိုးရေးကို အခြေခံဆွေးနွေးလိုတာဖြစ်တဲ့အတွက် တပ်ကိစ္စကို ချန်လှပ်ထားပါမယ်။) တိုင်းနှင့်ပြည်နယ် တစ်ခုချင်းစီက ၁၂ ယောက်စီစေလွှတ်တယ်ဆိုတာက အပေါ်ယံအားဖြင့် သဘာဝကျသလိုရှိပေမယ့် လူမျိုးရေးရှုထောင့်ကကြည့်မယ်ဆိုရင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေက ကိုယ်စားလှယ် ၁၂ ယောက်စီစေလွှတ်ခွင့်ရနေတဲ့အချိန်မှာ ဗမာက ၈၄ ယောက်စေလွှတ်ခွင့်ရတယ်ဆိုတဲ့ သဘောဖြစ်နေပြီး အထက်လွှတ်တော်မှာ ဗမာလူမျိုးကြီးစိုးနေတာကို မြင်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားတန်းတူညီမျှရေးကို ရှေးရှုတဲ့ ဖက်ဒရယ်မှာ နယ်မြေဒေသအရ လူမျိုးတစ်မျိုးက အထက်လွှတ်တော်မှာ ကြီးစိုးနေခြင်းက အလွန်တရာဖက်ဒရယ်မဆန်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ အများစုက တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ်၊ ကြယ် ၁၄ လုံးကိစ္စကို ပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ်။

FCDCC က ရေးဆွဲတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ကြည့်မယ်ဆိုရင်တော့ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ မြန်မာတို့ကို အမျိုးသားပြည်နယ်တွေအဖြစ်သတ်မှတ်ထားပြီး တနင်္သာရီ နဲ့ ဧရာဝတီတို့ကို အမျိုးသားများပြည်နယ်အဖြစ် ဖွဲ့စည်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် ထပ်မံအသစ်ဖွဲ့စည်းလိုသောပြည်နယ်များဆိုပြီး ဖော်ပြထားတာလည်းတွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်ဖို့အတွက် ထည့်သွင်းစဉ်းစားရမယ့်အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

တိုင်းပြည်တစ်ပြည်ပြန်လည်တည်ဆောက်ခြင်းဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး အချိန်ယူရပါတယ်။ ‘မြေပုံရှိပြီးသားကို ဖျက်မလို့လား’ဆိုတဲ့ ပြန်လည်တည်ဆောက်ခြင်းကို ကြောက်ရွံ့သံပါတဲ့ ယူဆချက်တွေကို ပြန်လည်တည်ဆောက်ခြင်းကာလမှာ ဖျောက်ထားသင့်ပါတယ်။ ပြည်သူတွေဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး နေဝင်းဂျင်းတွေကြားမှာ ရှင်သန်ခဲ့ကြတယ်။ အခုချိန်မှာ တိုင်းပြည်ပြန်လည်တည်ထောင်ဖို့ ကြိုးစားကြတဲ့အခါ နေဝင်းဂျင်းတွေကို ဖယ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီရေးကိုပဲဖြောင့်ဖြောင့်တန်းတန်းကြီး ရှေးရှုဖို့လိုပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ အရွယ်တူကြယ်ဖြူ ၁၄ လုံးဆိုတာတွေဟာ ဖက်ဒရယ်မလိုလားတဲ့ ဗမာလူမျိုးကြီးဝါဒီ နေဝင်းက စနစ်တကျ သံမှိုနှက်ပြီး ထည့်ခဲ့တဲ့ ဂျင်းအကြီးစားသာဖြစ်ပါတယ်။ နေဝင်းဂျင်းထည့်မှန်းသိလျက်နဲ့ ပျော်ပျော်ကြီး ဂျင်းထပ်စားနေဦးမယ်ဆိုရင်တော့ ဖက်ဒရယ်ဟာ ရွှေပြည်တော်မျှော်တိုင်းဝေးနေဦးမှာပါပဲ။ ဖက်ဒရယ် ရွှေပြည်တော်မျှော်တိုင်းဝေးမနေရတော့ဖို့ နေဝင်းဂျင်းတွေကို ပျော်ပျော်ကြီးစားသုံးမနေကြဖို့ လိုပါတယ်။

ရေးသူ- YUOPS
ရန်ကုန်တက္ကသိုလ်အခြေစိုက် Yangon University Open Political Society မှ ကူးယူဖော်‌ပြသည်။

Source Link- https://m.facebook.com/story.php?story_fbid=2709316302693057&id=1479117382379628

20/03/2021

လက်ရှိက သပိတ်ရပ်နေတာ မဟုတ်ပါဘူး။ ဒါကြောင့်တအား စိတ်ပူစရာမလိုပါဘူး။

မေးကြည့်တဲ့သူတိုင်းက မအလ အောက်မှာဖြစ်လာမယ့် အခင်းအကျင်းကို သေမှာထက် ကြောက်ပါတယ်။

ဒီကြားထဲမှာ သပိတ်ထဲပါသူကော မပါသူကော အားလုံး စတင်လုပ်ဆောင်နိုင်မယ့်ဟာရှိပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လမ်းမှာ၊ ဆိုင်မှာတွေ့ရင် ပြုံးပြ နှုတ်ဆက်တာအပြင် လက်သုံးချောင်းထောင်ပြီး နှုတ်ဆက်တာကို "တော်လှန်ရေးယဉ်ကျေးမှု" အနေနဲ့ လုပ်ရအောင်လို့ နှိုးဆော်ချင်ပါတယ်။

#ပြန်ဖြန့်ပေးပါ

Photos from NLD - Kachin State Youth Working Committee Friendly Cup's post 20/03/2021

စစ်တပ်နဲ့ ရဲက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့ပြောနေတဲ့အထဲမှာ စစ်ရာဇတ်မှုတို့ လူမျိုးတုန်းသတ်ဖြတ်မှုတို့ လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ပြစ်မှုတို့ အမျိုးမျိုးအမည်တပ်ပြောနေကြပါတယ်.. ဥပဒေအရဘဲပြောပြော၊ မီဒီယာမှာဘဲပြောပြော ဘာပြစ်မှုမြောက်ဆိုတာကို နားလည်ပြီး ခိုင်ခိုင်မာမာပြောနိုင်ဖို့ လိုပါတယ်။

အခုကာလက တဖက်နဲ့တဖက် စစ်မက်သဖွယ်တိုက်ခိုက်နေတာမဟုတ်တဲ့အတွက် စစ်ပွဲနဲ့ လက်နက်ကိုင်ပ၎ိပက္ခမဟုတ်တဲ့အတွက် စစ်ရာဇဝတ်မှု (War Crime) လို့ သတ်မှတ်လို့မရဘူး။

သတ်ဖြတ် ဖမ်းဆီး နှိပ်စက်နေတဲ့အရာကလဲ လူမျိုးတမျိုး၊ ဘာသာဝင်တခုခုကို ဦးတည်လုပ်ဆောင်နေတာမဟုတ်တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) လဲ မဟုတ်ပြန်ပြဘူး။

ဒါပေမဲ့ လူအများအပြားကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့အတွက်ကြောင့် လူသားမျိုးနွယ်တခုလုံးအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု (Crime Against Humanity) မြောက်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးပညာရှင်တွေကလဲ ဒီအချက်နဲ့ ထောက်ပြပြောဆိုနေကြပါတယ်။

ဒီနိုင်ငံတကာ ရာဇဝတ်မှု (၃) မျိုးစလုံးက ICC မှာ စွဲဆိုနိုင်တဲ့အမှုမျိုးဖြစ်သလို R2P အတွက် စဥ်းစားရာမှာ ထည့်သွးစဥ်းစားတဲ့ အချက်တွေလဲ ဖြစ်ပါတယ်။ ကိုးကားမှု မှန်ဖို့တော့ လိုပါတယ်။

လေ့လာနိုင်အောင် ဒီသုံးမျိုးရဲ့ ခြားနားချက်တွေနဲ့ ကျူးလွန်မှုအမျိုးအစားတွေကို အောက်မှာ ဖော်ပြထားပါတယ်။

အောင်မျိုးမင်း

Photos from NLD - Kachin State Youth Working Committee Friendly Cup's post 19/03/2021

ရုတ်တရက်ကြည့်ရင် ဂုတ်ခွစီးနေသလိုနဲ့
လမ်းပေါ်မှာ ပြည်သူတစ်ယောက်ကို ရက်ရက်စက်စက် လည်ပင်းညှစ်ပြီးသတ်သွားတာ ...
မြောက်ဥက္ကလာမှာပါ

#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်




Photos from NLD - Kachin State Youth Working Committee Friendly Cup's post 06/08/2019

အမျိုးသာူဒီမိုကရေစီအဖွဲ့ချူပ်၊ကချင်ပြည်နယ်လူငယ်အဖွဲ့မှဦးဆောင်ကျင်းပပြုလုပ်သည့်ဘော်လုံးပြိုင်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အလှူ ငွေ(30)သိန်းပေးအပ်လှူ ဒါန်းပေးပါသော်ဦးခင်မောင်မြင့်(ခ)ဦး
ချိုအားအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
***ဂုဏ်ပြုမှတ်တမ်းလွှာကိုယ်စားယူပေး
သော်ဦးမောင်လေးအားလည်းကျေးဇူး
တင်ရှိပါသည်။

Photos from NLD - Kachin State Youth Working Committee Friendly Cup's post 02/08/2019

OLD STAR အသင်း....

Photos from NLD - Kachin State Youth Working Committee Friendly Cup's post 29/07/2019

-ထီးအမိုး ငှားရမ်းပေးပါသော Tecno ကိုလည်း အထူးကျေးဇူးတင်ပါသည်။

29/07/2019

ဘောလုံးလောက တိုးတက်ရေးအတွက် ယနေ့ ထိ ဝါသနာ၊ စေတနာ ၊အနစ်နာ ခံ၍ အချိန်ပေးကူညီအားထည့် ကူညီဆောင်ရွက်ပေးခဲ့သည့် OLD STAR အဖွဲ့ မှ လူကြီးများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြအပ်ပါသည်။

29/07/2019

-NLD (kachin State) Youth Cup ဖြစ်မြောက်ရေးစတင် အကောင်အထည်ဖော်စဉ် အချိန်မှစပြီး ပြိုင်ပွဲကျင်းပပြီးစီးသည့် အချိန်အထိ လိုအပ်ချက်များကို နေ့ စဉ် ပါဝင်ကူညီပေးခဲ့သည့် ကိုမျိုးလတ်အေး ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

Want your business to be the top-listed Gym/sports Facility in Myitkyina?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Myitkyina