Ibet789 Myanmar

Ibet789 Myanmar

Share

Ibet789 Myanmar Services ဆက်သွယ်ရန်
09 757 757 057

30/04/2024




ောင်း
ြန်မာမောင်း

07/10/2023

■ ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

SPORTS

လူတန် - စပါး (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၆:၀၀ နာရီ)

လူတန်က ပရီးမီးယားလိဂ်အသင်းတွေနဲ့ ယှဉ်ရင် ခြေစွမ်း၊ လူအင်အား၊ ငွေကြေးအင်အား အစစအရာရာချို့တဲ့ပါတယ်။ ပြောရရင် တန်းမမီဘူး။ စိတ်ဓာတ်နဲ့ ကစားရတဲ့ အသင်းဖြစ်တဲ့အတွက် လူတန်ရဲ့ နိုင်ပွဲဆိုတာ ရှားလိမ့်မယ်။ အရမ်းခြေတွေ့၊ ကံတွေ့မှ နိုင်ပွဲမျှော်လို့ရမယ်။ ပုံမှန်အားဖြင့်တော့ စပါးက လူတန် ယှဉ်ကစားနိုင်တဲ့အဆင့်မဟုတ်သလို လက်ရှိ Form လည်း ကွာပါတယ်။ စပါးပဲ အနိုင်ရလိမ့်မယ်။

ဘန်လေ - ချယ်လ်ဆီး (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

ဘန်လေက နောက်ဆုံးတော့ နိုင်ပွဲရသွားခဲ့ပြီ။ လူတန်တောင်းအသင်းရဲ့ကွင်းမှာ ဒီရာသီအတွက် ပထမဆုံး (၃)မှတ်ပြည့်ကို ရခဲ့တယ်။ အခု အိမ်ကွင်းမှာ ဆက်ကစားရမယ်။ ချယ်လ်ဆီးကလည်း နိုင်ပွဲတစ်ပွဲရဖို့ လူတန်ကို နိုင်ပြီးကတည်းက စောင့်ခဲ့ရပြီး ဒီတစ်ပတ်မှ ဖူလ်ဟမ်ကွင်းမှာ ပြန်နိုင်ခဲ့ခြင်းဖြစ်တယ်။ အခုလည်း ဘန်လေကွင်းမှာ ဆက်ကစားရမယ်။ ဖူလ်ဟမ်ကို ကစားခဲ့တဲ့ခြေအရဆိုရင်တော့ ဘန်လေကို ချယ်လ်ဆီးနိုင်မှာပါ။

အဲဗာတန် - ဘုန်းမောက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်က ဘရန့်ဖို့ဒ်လို အသင်းကို အနိုင်ကစားပြီးချိန်မှာ လူတန်ကိုတော့ ရှုံးခဲ့ပြန်တယ်။ အဲဗာတန်ကို ကြည့်ရတာ ရာသီကုန်မှာ တန်းဆင်းရမယ့် အသင်းတစ်သင်းလိုပဲ။ ဘုန်းမောက်ကလည်း ရလဒ်တွေဆိုးနေတဲ့အသင်းပါ။ ဒါပေမဲ့ အဲဗာတန်ထက်စာရင် ဘုန်း မောက်က ခြေစွမ်းပိုကောင်းတယ်။ အဲဗာတန်ကွင်းဖြစ်နေလို့ အားသာတာမှန်ပေမဲ့ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။

ဖူလ်ဟမ် - ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

ဖူလ်ဟမ်က နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေထဲမှာ လူတန်တစ်သင်းတည်းကို နိုင်ခဲ့တယ်။
တကယ်တော့ လူတန်က အသင်းတော်တော်များများ နိုင်တဲ့အသင်းဖြစ်နေပြီး ဖူလ်ဟမ်ရဲ့ လက်ရှိခြေစွမ်းဟာ စိတ်မချရတဲ့၊ အားရစရာမကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်။
ရှက်ဖီးယူနိုက်တက်ကလည်း အခြေအနေတော်တော်ဆိုးနေတဲ့အသင်းဖြစ်လို့ ဖူလ်ဟမ် ဒီပွဲတော့ အခွင့်အရေးရှိပါတယ်။

မန်ယူ - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၈:၃၀ နာရီ)

မန်ယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲမှာ (၃)ပွဲရှုံးခဲ့ တယ်။
အိမ်ကွင်းနောက်ဆုံးနှစ်ပွဲမှာ ဘရိုက်တန်နဲ့ ပဲလေ့စ်တို့ကို ရှုံးခဲ့တယ်။
ချန်ပီယံလိဂ်မှာ ဂါလာတာစာရေးကို ရှုံးထားကိုပါ ထည့်တွက်ရင် အိမ်ကွင်း (၃) ပွဲဆက် ရှုံးထားတာကို တွေ့ရတယ်။
ဘရန့်ဖို့ဒ်က မန်ယူခံစစ်ကို ဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကစားပုံရှိတယ်။
ဒါပေမဲဲ့ ဒီရာသီမှာ နည်းနည်းတော့ အားနည်းနေတယ်။
မန်ယူ ကပ်နိုင်မယ်ထင်တယ်။

ခရစ္စတယ်ပဲလေ့စ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၇ ရက် ည ၁၁:၀၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်ကို အနိုင်ရခဲ့တယ်။
ပဲလေ့စ်က လူသာစုံရင် ကြောက်စရာကောင်းတဲ့ အသင်းမျိုးဖြစ်ပြီး အစ်ဇေး ပါလာတဲ့ ကွင်းလယ်က အရမ်းအားကောင်းလာတယ်။
နော်တင်ဟမ်က အားကောင်းတဲ့အသင်းတစ်သင်းဖြစ်ပြီး၊ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း အားကောင်းတယ်။
ပဲလေ့စ်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာမယ်။
နော်တင်ဟမ်ကို ကြိုက်တယ်။

07/10/2023

၂၀၀၉-၁၀ ဘောလုံးရာသီမှာ အင်တာက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်သွားပြီ။
ဘာကာ-အာဆင်နယ်ပွဲမှာ နိုင်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ။
သူတို့ပွဲက ပထမအကျော့မှာ ၂-၂ ဖြစ်ခဲ့တယ်၊ ဒုတိယအကျေ့ာကစားချိန်မှာ ကျနော့် အစ်ကို ဂါဘရီရယ်ရဲ့ အမှားကနေ အာဆင်နယ်က ၁-၀ နဲ့ ဦးဆောင်ထားတယ်။

ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ မက်ဆီက ဂါဘရီရယ်ကို "ဂါဘီ၊ စိတ်အေးအေးထား၊ ငါ ဟက်ထရစ်သွင်းမယ်" ဆိုပြီး သွားပြောခဲ့တယ်။
မက်ဆီက ဘာကာအတွက် ဟက်ထရစ်သွင်းခဲ့ပြီး ၃-၁ ဖြစ်သွားတယ်၊ ဒါပေမယ့် ပွဲကို သူတို့က တိုက်စစ်ဆင်ကစားတုန်းပဲ။

ဂါဘရီရယ်က မက်ဆီကို "လီယို၊ လုပ်စမ်းပါ၊ လေးလုံးမြောက်ဂိုးကို မင်းသွင်းပြီး ပွဲကို အဆုံးသတ်လိုက်ပါ" ဆိုပြီး ပြောခဲ့တယ်။
မက်ဆီကလည်း သူ့ကို "မင်းက နောက်တဂိုးလိုချင်တာလား။
အိုကေ"ဆိုပြီး ပြန်ပြောခဲ့ပါတယ်။
ပြီးတော့ သူ တဂိုးထပ်သွင်းခဲ့ပါတယ်။

- ဒီယေဂိုမီလီတို

07/10/2023

"ငါ့အသင်းကို မက်ဆီ ရောက်လာပြီးနောက် ပထမဆုံးလေ့ကျင့်ခန်းဆင်းတာကို ငါ သွားကြည့်ခဲ့တယ်။
အဲဒီနောက် ၅ ပတ်ဆက်တိုက် သူ လေ့ကျင့်တာကို ငါ ကြည့်တော့တာပဲ။
မနက် ၇ နာရီဆိုရင် ငါ လေ့ကျင့်ကွင်းကို ရောက်နေပြီ၊ သူ လေ့ကျင့်တာကို ကြည့်တော့တာပဲ။
ငါ့အသက်က ၄၈ နှစ်ရှိနေပြီလေကွာ။
သူဘာတွေလုပ်နေတာလဲဆိုတာကိုပဲ ကြည့်ရတော့မှာပေါ့၊ ပြီးတော့ ဘာတွေ သူ ပြင်ဆင်နေလဲပေါ့။
ငါ ကစားသမားဘ၀မှာ သူနဲ့ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီကတည်းက သူက မယုံနိုင်စရာကောင်းတဲ့သူ ဖြစ်နေပြီ"

- ဘက်ခမ်း (နဗီးလ်နဲ့ ဆွေးနွေးခန်းမှာ ပြောဆိုခဲ့မှု)

07/10/2023

အက်ဘာနဲ့ပွဲမှာ အယ်လ်နာဆာရဲ့ ၁၀ပွဲဆက်တိုက် အနိုင်ရတဲ့စံချိန် ရပ်တန့်သွားခဲ့ပါပြီ။
၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ၂ဂိုးပြန်ပေးခဲ့ရပြီး သရေကျခဲ့တာပါ။
ရော်နယ်ဒိုလည်း ဂိုးပေါက်ပျောက်ခဲ့ပြီး သူတို့ရဲ့ ဖြုန်းတီးမှုတွေသာ မရှိခဲ့ရင် ဒီပွဲကို နိုင်ကိုနိုင်သင့်တဲ့ပွဲဖြစ်ခဲ့တာပါ။

၂-၁ ဖြစ်နေချိန်မှာကို အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် တဲလက်စ်၊ မာနေးနဲ့ တယ်လစ္စကာတို့ ဖြုန်းခဲ့တာတွေ မနည်းပါဘူး။
ရော်နယ်ဒိုကတော့ အခွင့်အရေးပါ မရသလောက် ဖြစ်ခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။
နာကျင်အချိန်ပိုမှာ သူတို့ ချေပဂိုးပေးခဲ့ရပြီး နှစ်မှတ်နစ်နာခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ လိဂ်ပွဲ ၆ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ပါ ရပ်တန့်သွားခဲ့တာပါ။

07/10/2023

ပြင်သစ်တတိယတန်းကလပ် USA ရဲ့ ဂိုးသမား အန်သိုနီဘူဗီဟာ မိနစ် ၉၀ မှာ သူ့အသင်း ပင်နယ်တီပေးရတာကို ကာကွယ်နိုင်ခဲ့ပါတယ်။
penenka ကန်ချက်ကို သူက ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ သူ့အသင်းက ၁-၀ နဲ့ အရေးနိမ့်နေချိန်ပါ။
ပင်နယ်တီကာကွယ်ခဲ့ပြီးနောက်မှာတော့ သူဟာ အသင်းအတွက် ချေပဂိုးကိုလည်း တက်သွင်းပေးခဲ့ပါတယ်။

သူ့ အသင်း အလွတ်တည်ကန်ဘောရချိန်မှာ သူက ရှေ့ထိလိုက်သွားခဲ့ပြီး အသင်းဖော်ကန်တင်ပေးတာကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။
ပင်နယ်တီကာကွယ်ပြီး သိပ်မကြာခင်မှာပဲ အသင်းအဖိုးတန်တမှတ်ရအောင် ချေပဂိုးပါ ယူပေးသွားခဲ့တာပါ။
မယုံနိုင်စရာပါပဲ။

07/10/2023

လီဗာပူးလ်အသင်းနဲ့စပါးအသင်းတို့ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးစ် အတွက် လီဗာပူးလ်အသင်းအနေနဲ့ အယူခံဝင်ခဲ့ပါ တယ်။ ကာတစ်ဂျုံးစ် က ပွဲချိန် ၂၆ မိနစ်မှာ အငြင်းပွားဖွယ်ရာ ထုတ်ပယ်ခံခဲ့ရတာပါ။

စပါး ကွင်းလယ်လူ ဘစ်ဆူးမားနဲ့ ရင်ဆိုင်အတွေ့မှာ ကာ တစ်ဂျုံးစ် ကစားပုံကြမ်းတမ်းတယ်ဆိုပြီး ကွင်း လယ်ဒိုင် ဆီမွန်ဟူးပါး က အဝါကတ်ပြသခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ VAR Team က ဖြစ်ရပ်ကို ပြန်ကြည့် ခိုင်းပြီး ဆီမွန်ဟူးပါး က အနီကတ် ပြောင်းလဲ ကာ ပြသခဲ့တာပါ။
လီဗာပူးလ်အသင်းအနေနဲ့ အယူခံမ အောင်မြင်ခဲ့ပါက ကာတစ်ဂျုံးစ် က သုံးပွဲ ပယ်ခံရ မှာ ဖြစ်ပါတယ်။

06/10/2023

- ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ ထိပ်ဆုံး
- ယူရိုပါလိဂ်အုပ်စုတွင်းမှာ ထိပ်ဆုံး
- ပြိုင်ပွဲစုံရှုံးပွဲမရှိသေး
- ၃၄ ဂိုး သွင်းယူ
- ၇ ဂိုးသာ ပေးထားရ

ဇာဘီအလွန်ဆိုရဲ့ လေဗာကူဆင်က ကြောက်စရာအရမ်းကောင်းနေပါတယ်။

06/10/2023

"ကျွန်တော့်ကိုလည်း တရုတ်ကလပ်တွေနဲ့ဆော်ဒီအသင်းတွေက ကမ်းလှမ်းခဲ့တာပဲလေ။
ဒါပေမဲ့ဒီနေရာမှာ ခင်ဗျားဘာလုပ်ချင်လဲ? ခင်ဗျားဘာတွေဆွတ်ခူးချင်သေးလဲဆိုတဲ့အပေါ်မှာပဲမူတည်တယ်။ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ။
တချို့ကစားသမားတွေက မြင့်မားတဲ့အဆင့်တစ်ခုမှာကစားရင်း ကစားသမားဘဝကိုအဆုံးသတ်ဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ခင်ဗျားကစားသမားဘဝရဲ့အဆုံးစွန်ပဲလေ။

ခင်ဗျားအနေနဲ့ လုပ်ယူလို့မရတဲ့မွေးရာပါပါရမီကိုကောင်းကောင်းသိထားဖို့လိုအပ်ပါတယ်။
ပိုက်ဆံဘယ်လောက်ရှာနိုင်တာမျိုးမဟုတ်ပါဘူး။
ခင်ဗျားလေ့ကျင့်ရေးကွင်းမှာ ဘာတွေလုပ်နေလဲ။
ဘာအတွက်အသိမှတ်ပြုခံရတာလဲဆိုတာက ကျွန်တော်တို့ရဲ့အရည်အသွေးပါ။
ဒါကိုပဲ အမှတ်ရနေဖို့လိုအပ်တာပါ။

ဒါကြောင့်ပဲ တစ်ချို့ကစားသမားတွေက မြင့်မားတဲ့အဆင့်တွေမှာကစားရင်း သူတို့ရဲ့နေဝင်ချိန်ကိုအဆုံးသတ်ကြတယ်။
ဘာမဟုတ်တဲ့အသင်းသေးလေးမှာ ကိုယ့်ကစားသမားဘဝကိုအဆုံးသတ်လို့မရဘူးလေ။
ဒါပေမဲ့တစ်ချို့လူတွေကျတော့ ပိုက်ဆံအများကြီးရဖို့အတွက်နဲ့ပဲ ကိုယ့်ကစားသမားဘဝကို ဘာမှမဟုတ်တဲ့အသင်းသေးသေးလေးတွေမှာပဲ အဆုံးသတ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့မှာပိုက်ဆံလုံလုံလောက်လောက်မရှိကြလို့ပါ။"

~ဇလာတန် အီဗရာဟီမိုဗစ်

06/10/2023

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ရိုမဲယိုးကတော့ ဘိုကာဂျူနီယာကို ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပါပြီ။
သူက စပါယ်ရှယ်လက်စွမ်းပြနေခဲ့တာပါ။
ကိုပါလီဘာတေးဒိုးစ်ဆိုတာက တောင်အမေရိက ချန်ပီယံလိဂ်ပါပဲ။

၁၆ သင်းအဆင့် - နေစီယွန်နယ်နဲ့ပွဲမှာ ပင်နယ်တီ ၂ လုံး ကာကွယ်ပေးခဲ့ပါတယ်။
ကွာတားဖိုင်နယ် - အာဂျင်တီးနားကလပ် ရေးဆင်းနဲ့ပွဲမှာ ပင်နယ်တီ ၂လုံး ကာကွယ်ပေးခဲ့ပါတယ်။
ဆီမီးဖိုင်နယ်- ဘရာဇီးလ်ကလပ် ပါးမီးယက်စ်နဲ့ပွဲမှာ ပင်နယ်တီ ၂ လုံး ကာကွယ်ပေးခဲ့ပါတယ်။

အိုနာနာလက်စွမ်းမပြလို့ ယူနိုက်တက်ပရိသတ်တွေ စိတ်ပျက်နေချိန်မှာ ရိုမဲယိုက လွမ်းစရာတွေ ဖြစ်အောင်လုပ်ပြနေပါတယ်။

06/10/2023

ဂျိမ်းစ်ဝါ့ဒ်ပရောက်စ်ဟာ ဒီရာသီမှာ ဝက်စ်ဟမ်းအတွက် သွင်းဂိုးပါဝင်ပတ်သက်မှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားပြီး ဖြစ်ပါတယ်။

ကယ်ဗင်ဖိလစ်ကတော့ မန်စီးတီးအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၆ ပွဲတည်းသာ ဝင်ကစားပေးထားရပြီး ပွဲအများစုက လူစားဝင်ကစားခဲ့ရတာပါ။

ဒါကြောင့်လည်း ဆောက်ဂိတ်က အင်္ဂလန်လူစာရင်းမှာ ကယ်ဗင်ဖိလစ်ကို ရွေးချယ်သွားခဲ့ပြီး ဝါ့ဒ်ပရောက်စ်ကို ချန်လှပ်ထားခဲ့ပါတယ်။ 😅😅😅

06/10/2023

ဒေးဗစ်မိုယက်စ်ဟာ ဝက်စ်ဟမ်းကို ဥရောပပွဲ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒီစံချိန်ကို အင်္ဂလန်ကလပ်တွေထဲမှာ ဝက်စ်ဟမ်းက ပထမဆုံးရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ညကလည်း ဘွန်ဒက်လီဂါမှာ အလယ်အလတ်မကတဲ့ ဖရိုင်းဘတ်ကို အဝေးကွင်းမှာ သူတို့က အနိုင်ကစားပြီး ခြေစွမ်းပြခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Naypyidaw?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon
Naypyidaw
11241