19/03/2026
ဘာစီလိုနာက နယူးကာဆယ်ကို 7-2 နဲ့အနိူင်ယူခဲ့တဲ့ ပွဲမှာခြေစွမ်းပြသွားတဲ့ ရာဖင်ညာကို ဘရူနိုက Social media မှာချီးကျူးစကားဆိုထားတာပါ။
ဒီပွဲမှာ ရာဖင်ညာ ဟာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးပေးခဲ့ရုံတင်မကဘဲ ပင်နယ်တီတစ်လုံးပါ ရအောင် စွမ်းဆောင်ပေးခဲ့တာကြောင့် ပွဲအပြီးမှာ Rating 9.7 အထိရရှိခဲ့ပါတယ်။
ဘရူနိုနဲ့ ရာဖင်ညာတို့ဟာ စပို့တင်းလစ္စဘွန်း အသင်းမှာ ကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်တာကြောင့် အခုလို ချီးကျူးစကားဆိုခဲ့တာ ဖြစ်ပါတယ်။
OS-sport
17/03/2026
ချဲလ်ဆီးနဲ့ ဒုတိယအကျော့ ပွဲစဉ်အပေါ် အိုစမန် ဒမ်ဘီလီက
“ကျွန်တော်တို့ရဲ့ စိတ်ကတော့ ရှင်းပါတယ် ပွဲစဉ်တိုင်းကို အနိုင်ရဖို့ပဲ ကျွန်တော်တို့ လိုလားပါတယ်။”
“အောင်ပွဲကို အရယူနိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။”
OS-sport
16/03/2026
ရွိုင်းကိန်း “ကာရစ်ကို အမြဲတမ်း နည်းပြအဖြစ် ခန့်သင့်
လားဆိုရင် -မခန့်သင့်ပါဘူး”
“ယူနိုက်တက်ရဲ့ နည်းပြရာထူးအတွက် ဒီထက် အများကြီး ပိုကောင်းတဲ့ ရွေးချယ်စရာတွေ အပြင်မှာ ရှိနေသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။”
ယာယီနည်းပြဖြစ်တဲ့ ကာရစ်ကလည်း သူ့လက်ထက်မှာ လိုအပ်တဲ့ ရမှတ်တွေကို ရယူပေးထားပြီး အတတ်နိူင်ဆုံး အသင်းကို ထမ်းတင်ပေးနေတာပါ ဒါပေမယ့် ရွိုင်းကိန်းကတော့ သူ့ကို အမြဲတမ်း နည်းပြရာထူးနဲ့ မထိုက်တန်ဘူးလို့ ယူဆနေပုံပါပဲ ။
လာမယ့်ရာသီမှာ ယူနိုက်တက်ရဲ့ နည်းပြက ဘယ်သူဖြစ်လာမယ်ထင်လဲ…..
OS-sport
09/03/2026
ရလဒ်တွေ တောက်လျောက်ကောင်းနေတဲ့
ချန်နယ်မို့ လိုအပ်တဲ့ ရွှေညီကိုတွေ အတွက်
ဝင် Join ထားနိူင်ပါတယ်ဗျ..
https://t.me/tipsternay99
04/03/2026
မလိုအပ်ပဲ စောစောစီးစီး အဝါကဒ်တွေ
ရကုန်တော့ လူစားလဲချိန်မတန်ပဲ လဲရတယ်၊ ယိုရိုဆို မြင်ကိုမမြင်ချင်တော့တာ 🙂
04/03/2026
ဆော်ဒီကလပ်များဟာ လာမည့်နွေရာသီမှာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာနိုင်ပါတယ် 💰
ဒါကို ဘရူနို ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်တာပါ…
ဘရူနို တစ်ယောက် ယူနိူက်တက်အသင်းကနေ ထွက်ခွါသွားတော့မှာလား…
OS-sport
03/03/2026
ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ စံချိန်များ
🥇 ဂိုးဖန်တီးမှု အများဆုံး
🥇 မိနစ်၉၀ အတွင်း ဂိုးဖန်တီးမှု အများဆုံး
🥇 ပွဲစဉ်တလျောက် ဂိုးဖန်တီးမှု အများဆုံး
🥇 အခွင့်အရေး ဖန်တီးပေးနိုင်မှု အများဆုံး
🥇 မိနစ်၉၀အတွင်း အခွင့်အရေး ဖန်တီးမှု အများဆုံး
🥇 ပွဲစဉ်တလျောက်အခွင့်အရေး ဖန်တီးမှု အများဆုံး
🥇 ဂိုးရရှိနိူင်မဲ့ အခွင့်အရေးကြီးများ ဖန်တီးမှု အများဆုံး
🥇 ပွဲစဉ်တလျောက် ဂိုးရရှိနိူင်မဲ့ အခွင့်အရေးကြီးများ ဖန်တီးမှု အများဆုံး
ဘရူနိုကတော့ ယူနိုက်တက်ရဲ့ထောက်တိုင် တစ်ခုဖြစ်တဲ့ ပါရမီရှင်တစ်ဦးပါပဲ…❤️
OS-sport
01/03/2026
"ဒီနေ့ပွဲစဉ်မတိုင်ခင်မှာ Benjamin Šeško ဟာ United အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာပါ။
ဒီနေ့ည Palace နဲ့ပွဲမှာတော့ ကာရစ်က Šeško ကို ပွဲထွက် လူစာရင်းမှာ ထည့်သွင်းပြီး အခွင့်အရေး ပေးခဲ့ရာမှာ သူက အနိူင်သုံးမှတ် ဖြစ်စေမဲ့ ဂိုးကို ထပ်မံ သွင်းယူပြီး သက်သေ ပြသွားနိုင်ခဲ့ပြန်ပါတယ် 💪"
OS-sport
26/02/2026
ပရိတ်သတ်တွေရဲ့ အချစ်တော် အန်ဒရေ အိုနာနာ ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမား နေရာကိုပြန်လည်ရယူနိုင်ဖို့အတွက် တိုက်ပွဲဝင်သွားချင်နေပြီး၊ သူ့အနေနဲ့ အခွင့်အရေး ပြန်ရလိမ့်မယ်လို့ ယုံကြည်နေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။
OS-sport
26/02/2026
ကိုဘီမိုင်နူးနဲ့ ပက်သက်ပြီး ကာရစ်က—
"ကျနော် Kobbie ကို သိခဲ့တာ ကြာပါပြီ။ ကျနော် နည်းပြ လိုင်စင်အတွက် စတင်ပြင်ဆင်နေတဲ့ အချိန် သူ့ရဲ့အသက် ၁၃/၁၄ နှစ်သားလောက် ကတည်းက သူနဲ့အတူ စပြီးအလုပ် လုပ်ခဲ့တာပါ။
Kobbie အနေနဲ့ ဒီလောက် ငယ်ရွယ်တဲ့ အသက်အရွယ်မှာ အခုလိုမျိုး စွမ်းဆောင်နိုင်တာဟာ တကယ်ကို မယုံကြည်
နိုင်စရာပါပဲ။
ကျနော်တို့က သူအသက် ဘယ်လောက်အထိ ငယ်သေးတယ်ဆိုတာကို မေ့နေတတ်ကြတယ် ကျနော်ကတော့ သူဘာတွေ လုပ်ပြနိုင်တယ်ဆိုတာနဲ့ သူကစားတာကို ကြည့်ပြီး သဘောကျတဲ့ ပရိသတ်တစ်ယောက်ပါ။
ဒါကြောင့် သူ့ကို ပွဲထွက်ကစားစေဖို့ ဆုံးဖြတ်ချက်က ကျနော့် အတွက် သိပ်မခက်ခဲ စေခဲ့ပါဘူး။
သူ့မှာ ပိုကောင်းလာအောင် ပြင်ဆင်ရမယ့်အချက်တွေ၊ တိုးတက်အောင် လုပ်ရမယ့်အချက်တွေ ရှိပါသေးတယ်ဒါပေမဲ့ ကျွန်တော်တို့ အဲဒါတွေကို အခုထိ အလောတကြီး မလုပ်သေးပါဘူး။
ဘာလို့လဲဆိုတော့ သူ့ကို လွတ်လွတ်လပ်လပ် ကစားခွင့်ပေးထားပြီး ဘောလုံးကစားရတဲ့ သူ့ရဲ့ အရှိန်အဟုန်နဲ့ သူ့ရဲ့ပုံစံကို ပြန်ရှာတွေ့ဖို့ပဲ လုပ်ဆောင်ပေးနေတာပါ။
သူ့ကို လမ်းညွှန်ချက်တွေ အများကြီး မပေးမိဖို့ ကျနော် တော်တော်လေး သတိထားပါတယ် နေရာယူပုံနဲ့ တခြား အသေးအဖွဲ အချက်အလက်လေး အနည်းငယ်လောက်ပဲ
ပြောဖြစ်ပါတယ် ဒါပေမဲ့ သူ့ရဲ့ ပင်ကိုယ် အရည်အချင်းကိုတော့ ကျနော်ယုံကြည်ပါတယ်။
သူဟာ ထူးချွန်တဲ့ ဘောလုံးသမား တစ်ဦးဖြစ်သလို၊ ကြီးမားတဲ့ ပါရမီကိုလည်း ပိုင်ဆိုင်ထားသူ တစ်ယောက်
ပါ။”
OS-sport
24/02/2026
အဲဗာတန်အသင်းရဲ့ ထောင့်ကန်ဘောကစားပုံဟာ Royal Rumble လို လုံးထွေးသ-တ်ပု-တ်ပွဲကြီးနဲ့ တူနေကြောင်း
ကိုဘီ မိန်နူး ကနှိုင်းယှဉ်ပြီး နောက်ပြောင်ထားပါတယ်…😆
OS-sport
23/02/2026
ကတ်စ်မဲရိုးဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားအပြီးမှာ သူ့ရဲ့အနာဂတ်အတွက် ရွေးချယ်စရာလမ်းစတွေကို ရှာဖွေဖို့ ဖလော်ရီဒါသို့ ရောက်ရှိနေခဲ့ပါတယ်။
ဒါ့အပြင် အင်တာမိုင်ယာမီ အသင်းကလည်း သူ့ကို စိတ်ဝင် စားနေပါတယ်။ ဘတ်စကွက် အနားယူသွားပြီး နောက်ပိုင်း သူတို့ရဲ့ ခေါ်ယူလိုသူစာရင်းမှာ ကတ်စ်မဲရိုးက ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။
OS-sport